Latest Post

ချိုမြိန်သောသစ္စာ (အပိုင်း ၂) မေဇူး

Written By လွင့်မောင်မောင် on Monday, April 14, 2014 | 5:11 AM

 
ဒုတိယသင်္ကြန်အကြတ်နေ့   ၁၅.၄.၁၂

        ဒီနေ့ မနက် ၉နာရီထဲက သူအိမ်ကိုရောက်နေခဲ့ကာ ဖေဖေ့ပန်းချီကားထဲမှ ပြပွဲတွင်ပြရန်အဆင်ပြေသော ပန်းချီ ကားချပ်တွေ ကို ရွေးထုတ်ကာ တစ်နေရာမှာပုံသည်။ အမေကတော့ ဖေဖေ့လို ပန်းချီဝါသနာပါတာတစ်ခုထဲနဲ့ တင် သူ့ အပေါ် ဆက်ဆံရေး က ချောမွေ့ သွားခဲ့သည်။ ဖေဖေ့ရဲ့ ပြီးလုဆဲဆဲ အဆုံးမသတ်ရသေးသော ပန်းချီကားတစ်ချပ်ကို သူ အဆုံးသတ်ကြည့်ချင်ပါသည်ဟု အမေ့ထံခွင့်တောင်းသည်။ အမေ စိတ်ဆိုးသွားမှာ ဒေါသတကြီးတုံ့ ပြန်လိုက်မှာ သူမ စိုးရိမ်ခဲ့ပေမဲ့ အသာတကြည်ပဲ “ဆွဲကြည့်လေသား” ဆိုသောအသံက သူမကို အံ့သြစေသည်။ သူ့ ကို ခင်မင်တွယ်တာ သွားမိတာမှန်ပေ မဲ့ ဖေဖေ့ပန်းချီကိုဆက်ဆွဲသည်အထိ ပိုင်စိုးပိုင်နင်းနိုင်မှုကို သူမ မကြိုက်။ တကယ်လို့  သူသာ အဆွဲ မတော်ခဲ့ပါလျှင် အဖေ့ပန်းချီကားလေးဆုံးရှုံးသွားရမှာကို သူမ မလိုလားခဲ့။

          ထူးဆန်းစွာပင် ဖေဖေ့ရေးလက်စ ပန်းချီကား ညနေခင်းဆည်းဆာအောက်က တောင်သမာန်အင်းရှုခင်းကို သူ စိတ်ပါဝင်စားစွာ ဆက်ဆွဲခဲ့ပါသည်။ သူမရော အမေပါ သူ့ ဘေးနားမှာ စိတ်လှုပ်ရှားစွာ ရပ်ကြည့်နေခဲ့မိသည်။ ထိုပန်းချီ ကားပြီးသွားချိန်မှာ လူနှစ်ယောက်ပေါင်းစပ်ရေးဆွဲခဲ့သောပန်းချီကားဟု မထင်ရလောက်အောင်ပင် ဖေဖေ့လက်ရာအလား ပြီးဆုံးသွားသည်ကို တွေ့ လိုက်ရသည်။ အမေ့ရဲ့ ၀မ်းသာမျက်ရည်ကို သူမ မြင်ရသည်။ အမေသည် အချိန်တိုအတွင်းမှာ ပင် သူ့ ကို သားတစ်ယောက်ကဲ့သို့  ခင်တွယ်သွားခဲ့လေသည်။ ဒါဆို သူမကရော…………… ။

          သူမတို့ သားအမိနှစ်ယောက်ရဲ့ကမ္ဘာထဲကို သူဝင်လာပုံက မြန်ဆန်သပ်ရပ်လွန်းလှသည်။ ထိုနေ့ ကလည်း ဘယ် မှမသွားပဲ တံတားပေါ်က ဇရပ်လေးမှာတင် သူကပန်းချီဆွဲရင်း သူမက အနားမှာစကားထိုင်ပြောရင်းဖြင့် တစ်ရက်ကုန်ဆုံး သွားပြန်သည်။ ညနေခင်းမှောင်လာတော့ အိမ်ပြန်ရမှာကိုပင်စိုးရိမ်လာမိသည်။ သူ့ ကို ခွဲခွာရမှာစိုးသောကြောင့်ဖြစ်သည်။


သင်္ကြန်အတက်နေ့  ၁၆.၄.၁၂

          “ဒီနေ့  မွေးနေ့ မှာ ညီမလေးဆီက တောင်းဆိုစရာရှိတယ်”

          “ဘာလဲပြောလေ။ လုပ်နိုင်တာဆို လုပ်ပေးပါ့မယ်” လို့ ဆိုတော့

         “ဒီနေ့  ညီမလေးနဲ့ အတူ စက်ဘီးစီးချင်တယ်။ ဦးပိန်တံတားကိုဆုံးအောင်လျှောက်ချင်တယ်” ဟု ကလေးဆန်စွာ ဂျီကျသည်။

           ဒါကြောင့်ပဲ ဒီနေ့ ဆိုင်သွားချိန်မှာတော့ သူနင်းသော စက်ဘီးအနောက်တွင်ကာ သူမထိုင်ကာ လိုက်ပါလာရင်းမှပင် အချိန်တိုအတွင်းမှာ လူတစ်ယောက်ကို သူမဘ၀အတွင်းသို့  ဇွတ်အတင်း ပစ်သွင်းလိုက်သလိုများဖြစ်သွားပြီလား ဟု တွေးနေ မိပြန်သည်။  သူ့ ရဲ့ ဒုတိယဆန္ဒတစ်ခုဖြစ်သော ဦးပိန်တံတားဆုံးအောင် လမ်းလျှောက်ကြချိန်မှာတော့ မျက်ဝန်းညိုညိုအကြည့် စိုစိုတို့ ဖြင့် သူမကိုရင်ခုန်စေသောစကားများ သူပြောကြားခဲ့လေသည်။

          “ညီမလေးကို ကိုယ်ချစ်တယ်”  မသွယ်ဝိုက်သော သူ့ ရဲ့ချစ်စကား။

          “မနက်ဖြန် နှစ်ဆန်းတစ်ရက်နေ့ ကျရင် ကိုယ့်ကို အဖြေပေးနော်” တဲ့

          “တစ်ရွာသားကို ရည်းစားလုပ်ဖို့  ညီမလေး မစဉ်းစားရဲပါဘူး။ ကိုကို မန္တလေးကပြန်သွားတာနဲ့  ညီမလေးတို့  အဆက်အသွယ်ပြတ်သွားကြတော့မှာလေ။ ”

          “အခုခေတ်ကဘာခေတ်မို့ လဲ ညီမလေးရယ်။ ညီမလေးက သာမန်ကျေးတောသူလေးတစ်ယောက်မှမဟုတ်တာ။ တက္ကသိုလ်ကျောင်းသူတစ်ယောက်ပဲ။ ကိုယ်တို့ မှာ ဆက်သွယ်စရာ ဖုန်းတွေအင်တာနက်တွေ ဒီလောက်ပေါနေတဲ့ခေတ် မှာ ရန်ကုန်နဲ့ အမရပူရဆိုတာ နီးနီးလေးပါ။ ညီမလေးစဉ်းစားရမှာက ကိုယ့်ကိုပြန်ချစ်မချစ် မနက်ဖြန်မှာအဖြေပေးဖို့ ပါပဲ။”

          “မြန်လိုက်တာ။ မနက်ဖြန်ဆိုတော့”

         “မမြန်ပါဘူး ညီမလေးရယ်။ အချိန်ဆိုတာထက် ကိုယ်တို့ နှစ်ယောက် တစ်ကယ်ချစ်ဖို့ ပဲလိုတာပါ။ တကယ်လို့  ကိုယ်တို့ နှစ်ယောက် ချစ်သူဖြစ်သွားပြီးရင် စိတ်ချ။ ကိုယ်ရန်ကုန်ပြန်ရောက်တာနဲ့  မေမေ့ကို ပြန်ပြောပြပြီး ညီမလေးကို လာတောင်းခိုင်းမယ်”

          “အယ် ညီမလေးက ကျောင်းတောင်မပြီးသေးတာ။ ပြီးတော့ အမေနဲ့  မောင်လေးတွေကို ကြည့်ရှုစောင့်ရှောက်ရ မယ့်ဝတ္တရား ညီမလေးမှာ ရှိသေးတယ်လေ။”

          “ညီမလေးစိတ်ချအောင် မေမေ့ကို ညီမလေးမေမေဆီခေါ်လာပြီး ကိုကိုတို့ စေ့စပ်ထားမယ်လေ။ ဒါဆိုရင် ကျေနပ်ပြီ လား။ လောလောဆယ် ကိုကို့ ကို ချစ် မချစ် အဖြေပေးဖို့ သာ စဉ်းစားထား။ မင်္ဂလာရှိတဲ့နှစ်သစ်မှာ ညီမလေးရဲ့ ချစ်တယ်ဆိုတဲ့ အဖြေကိုပဲကြားချင်တယ် ဟုတ်ပြီလား။ နောက်ပြီး ဒီညအိမ်ပြန်ရင် ညီမလေးရဲ့ ပန်းချီကားလေးကို ကိုယ်ယူသွားအုံးမယ်။ ပန်းချီ ကားက ပြီးတော့ပြီးနေပြီ။ ဒါပေမဲ့ ပန်းချီကားထဲကညီမလေးရဲ့မျက်လုံးထဲမှာ တစ်ခုခုလိုနေသေးသလို ခံစားရလို့  ညကျရင် ညီမလေးရဲ့မျက်နှာကို စိတ်ကူးထဲပုံဖော်ပြီး ထပ်ဖြည့်ဆွဲလိုက်အုံးမယ်။ မနက်ဖြန်ကျမှ ပြန်ယူလာခဲ့ မယ်နော်။”

          ဒီလိုနဲ့  သူနဲ့ အတူရှိနေခဲ့သော နေ့ ရက်တစ်ရက် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြန်သည်။


နှစ်ဆန်းတစ်ရက်နေ့  ၁၇.၄.၁၂

          ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ ဆိုတော့ အမေက အကြော်ဆိုင်ပိတ်ကာ ဘုန်းကြီးကျောင်းသွားသည်။  သူလာရင်စား ဖို့ ဆိုပြီး မနက်စာစီစဉ်ပေးခဲ့သေးတာမို့  အမေ့ကို အကဲပိုရန်ကောဟု သူမ စမိသေးသည်။

          သူလာမည့်လမ်းကို မျှော်ရင်း သူမ ထိုင်လိုက် ထလိုက်။ ဒီနေ့  သူမလည်းဆိုင်မထွက်။ သူလာလျှင် မန္တလေးကို အတူသွားကာ သူမ မရောက်တာကြာပြီဖြစ်သော ဘုရားကြီးနှင့်မန္တလေးတောင်လိုက်ပို့ ပေးမည်ဟု မေမေ့ထံမှ မနေ့ ထဲ ကခွင့်တောင်းထားသည်။ ဒါကြောင့်ပဲ သူမ ပို၍စိတ်လှုပ်ရှားနေမိသည်။

          နေပူမှာစိုးလို့  မနက် ၈နာရီထဲမှလာခေါ်မည်ဆိုသောသူ နေ့ လည်၁၁နာရီအထိရောက်မလာတော့ သူမ ဘာလုပ် ရမယ်မှန်း မသိ။ လမ်းမှာ ဆိုင်ကယ်များပျက်လို့ လား။  .....လား။  ......လား။  လားပေါင်းများစွာဖြင့် သူမတစ်ယောက်ထဲ ယောက်ယက်ခတ် ပူလောင်နေမိသည်။ သူ့ ကိုရန်ကုန်မှာနေတယ်ဆိုတာနှင့် သူ့ နာမည်ကလွဲရင် သူမ သိတာ ဘာမှမရှိ။ ယုတ်စွအဆုံး သူကိုင်နေသော ဖုန်းနံပါတ်ကိုတောင် သူမ မသိ။
          သင်္ကြန်မှာဖြစ်သောဇာတ်မို့  သင်္ကြန်ပြီးချိန်မှာ ပြီးဆုံးပျောက်ပျက်သွားခဲ့ပြီလား။ ဟင့်အင်း မဖြစ်နိုင်ပါ။ သူ ဒီလို လူစားမျိုး မဟုတ်လောက်ပါ။ ဖေဖေ့အတွက်ပန်းချီပြပွဲကိုလည်း သူ မပြန်ခင် စီစဉ်ပေးခဲ့အုံးမည်လို့ ပြောခဲ့သေးသည်။ သူမထံမှလည်း သူ အဖြေတောင်းရအုံးမည်။ သူနဲ့  သူမမှာ ရှေ့ ဆက်စရာအကြောင်းအရာများစွာရှိပါသေးသည်။ အတွေး များနှင့်ယောက်ယာက်ခတ် ကာ ၀င်လိုက်ထွက်လိုက်နှင့် ဘယ်နှစ်နာရီထိုးမှန်း သူမ မသိ။ ညနေစောင်းလို့ အမေတောင် ဘုန်းကြီးကျောင်းက ပြန်လာခဲ့ပြီ။

          “သမီး မန္တလေးက ပြန်ရောက်လာပြီလား ” မေးပြီးပြီးချင်းမှာပဲ သူမမျက်နှာကအရိပ်အကဲကို အမေ ဖတ်နိုင်သွားခဲ့သည်။

          “ဖိုးသင်္ကြန်မအားတာလည်း ဖြစ်နိုင်တာပဲလေ။ သူ့ မှာ တခြားကိစ္စတွေလည်း ရှိနေနိုင်တာပဲ။”

          ဟင့်အင်း။ မဖြစ်နိုင်ပါ။ သူမဆီက အဖြေတောင်းထားပြီး ဒီနေ့ ပန်းချီကားလေး ပြန်လာပေးမယ်ပြောသွားသော သူ့ မှာ ဒီထက် (တိတိကျကျပြောရလျှင်) သူမထက် ပိုအရေးကြီးသော အခြားအကြောင်းအရာ မရှိနိုင်ပါ။ သူမကို ညာတာ မဟုတ်ဘူးဆို ရင်ပေါ့။ သူ မညာဘူးဟု မသိစိတ်က တင်းခံယုံကြည်သည်။

          “သင်္ကြန်မှာမန္တလေးကိုလာလည်တယ်။ လာလည်တုံးမှာ သူမလို လမ်းဘေးဈေးသည်ကောင်မလေးနဲ့  တွေ့  တယ်။ ချောချောလေး မို့ တွေ့ တော့ ကြိုက်သွားတယ်။ ဒါပေမဲ့အချိန်တန်လို့  အိမ်ပြန်သွားတော့လည်း ဒါဟာသယ်သွားလို့  ရတာ မှမဟုတ်ပဲ။ သင်္ကြန်ဇာတ်လမ်းကို သင်္ကြန်မှာပဲထားခဲ့ပြီး ရန်ကုန်ပြန်သွားတာလည်းဖြစ်နိုင်တာပဲလေ။ ရန်ကုန်လိပ်စာ မပြော နဲ့ ။ မန္တလေးဘယ်နားမှာတည်းလဲဆိုတာတောင် မေးမထားမိခဲ့ဘူး။ မေးရလောက်လည်း သံသယတွေမရှိခဲ့ပါဘူး ကိုကို ရယ်။ ခုတော့………. ”  အတွေးများဖြင့် သူမယောက်ယတ်ခတ်နေဆဲ။

          ဒီလိုနဲ့  မှောင်ရီပျိုးခဲ့ပြီ။ ထုတ်မပြောပေမဲ့ သူမနဲ့ ထပ်တူမကျရင်တောင် သူမလိုပဲ ကိုကို့ ကိုမျှော်နေတဲ့ အမေ လည်း စိတ်ပုတီးလေးဆွဲပြီး အသံတိတ် ဘုရားခန်းထဲဝင်နေခဲ့ပြီ။ သူမမှာသာ ဆိုင်ကယ်သံကြားတိုင်း ထထကြည့်နေမိ သည်။

          ည၇နာရီကျော် ........... သူမစိတ်လျှော့လိုက်ပါပြီ။ ကိုယ့်ကိုကိုယ် အညာခံလိုက်ရပြီဟုလည်း ယူဆလိုက်ပြီ။ စိတ်လျှော့ချလိုက်တာနှင့် မျက်ရည်တို့ က ပိုးပိုးပေါက်ပေါက်ကျလာခဲ့သည်။

          ည၈နာရီ .............. သူမ ခြင်ထောင်ထဲရောက်နေခဲ့ပြီ။ မောင်ငယ်နှစ်ယောက်ရဲ့ ဆူညံစွာငြင်းခုန်သံတွေကို နား ထောင်ရင်း နားထဲမှာဆိုင်ကယ်သံညက်ညက်လေးတစ်ခုကို ကြားလိုက်ရသည်။ မဖြစ်နိုင်မှန်းသိရက်နှင့်တမ်းတမိပြန်ပြီဟု ကိုယ့်ဘာသာ ငြိုငြင် မိသည်။

          “ဒီအိမ်က အေးမတို့ အိမ်ပါလားခင်ဗျာ”

          မမှားနိုင်။ ဒါတော့ မမှားနိုင်တော့။ “ဟုတ်ပါတယ်” ဆိုသောမောင်အငယ်ရဲ့အသံအဆုံး ၀ုန်းကနဲအိမ်ရှေ့ ကို သူမ ရောက်သွား ခဲ့သည်။ အိမ်ရှေ့ မှာမြင်လိုက်ရသောတစ်ယောက်က သူမတို့ ပြသနာဖြစ်တဲ့နေ့ က အတူပါလာသောသူ။ နောက်နေ့ တွေမှာလည်း ကားပေါ်မှာပါလာသော ကိုညီခဆိုသော ကိုကို့ ရဲ့အကိုတစ်ဦး။ သူ့ ကို အတွေ့ မှာ ဘယ်လိုမှ ဟန်မဆောင်နိုင်စွာဖြင့်

          “ကိုကိုရောဟင် အကို ကိုကိုရော” သူမရဲ့ အလုအယက် မေးခွန်းအဆုံးမှာ သူ့ မျက်နှာ ပို၍ မှိုင်းညို့သွားပါသည်။

          “အေးမကို ဖိုးသင်္ကြန်ပေးခိုင်းလိုက်တာ” သူ့ လက်ထဲက ပန်းချီကားကိုလှမ်းအယူ ပန်းချီကားပေါ်မှာ ပေနေသော သွေးစ အချို့ ကို မြင်ရသည်။ ဘုရားရေ ကိုကို ဘာဖြစ်ပြီလဲ။

          “မနေ့ ညနေက ဖိုးသင်္ကြန် တောင်သမာန်ကအပြန်မှာ အေးမပုံ ဒီပန်းချီကားလေးကိုကိုင်င်္ပြီး ကျွန်တော်တို့ ဆီ ရောက် လာခဲ့တယ်။ အဲဒီမှာအေးမကို ဟိုတနေ့ က ဆွဲလားရမ်းလားလုပ်ခဲ့တဲ့ အာကာလည်း ရှိနေခဲ့တယ်။ အာကာက ပန်းချီကား အကြောင်းမေးတော့ ဖိုးသင်္ကြန်က အေးမနဲ့ သူ့ အကြောင်းကို အမှန်အတိုင်းပြောပြလိုက်တယ်။ အာကာက ကျွန်တော့်သူငယ်ချင်း ဆိုတော့ သူ့ အကြောင်းကို ကျွန်တော် ကောင်းကောင်းသိတယ်။ သူက နာမည်ကျော်လူမိုက်။ လက်ရဲဇက်ရဲသမား။  မနက်ဖြန် မနက်ပိုင်း အေးမနဲ့ ချိန်းထားတဲ့အကြောင်းပြောနေတဲ့ ဖိုးသင်္ကြန်ကိုကြည့်ပြီး အာကာမျက်နှာပေါ် ကဖြစ်ပျက်နေတဲ့ အပြောင်းအလဲ ကို ကျွန်တော်မကြိုက်ဘူး။ ဒါကြောင့် မနက်ဖြန်အေးမဆီသွားရင် ကျွန်တော် ပါလိုက်မယ်လို့  ပြောထားခဲ့တယ်။ အာကာ့အကြောင်းကိုတော့ သူ့ ကို မပြောပြလိုက်မိဘူး။ ကျွန်တော်နိုးလာတော့ သူက မရှိတော့ဘူး။ နေပူမှာစိုးလို့ ဆိုပြီး အိမ်ကအစောကြီးထွက်သွားခဲ့ပြီ။

          ဒါကြောင့် သူ့ ကို စိတ်မချတာနဲ့  ကျွန်တော်ချက်ချင်းလိုက်လာတာ။ ထင်တဲ့အတိုင်းပဲ။ အာကာနဲ့ သူ့ သူငယ်ချင်း တွေက မြို့ အထွက်မှာ ဖိုးသင်္ကြန်ကို ပြဿနာရှာပြီး ၀ိုင်းရိုက်ကြတယ်။ အာကာရိုက်လိုက်တဲ့ဒုတ်က ဖိုးသင်္ကြန်ရဲ့နောက်စိ ကို ပြင်းပြင်းထန်ထန် ထိသွားချိန်မှာ ဒီကောင်တွေ ထွက်ပြေးသွားကြတယ်။ ကျွန်တော်ရောက်လာတော့ ထွက်ပြေးသွား တဲ့ အာကာရဲ့ ဆိုင်ကယ်နောက်မြီးကိုပဲမြင်လိုက်ရတယ်။

          ဖိုးသင်္ကြန်ကို ချက်ချင်းဆေးရုံပို့ ဖို့ စီစဉ်ခဲ့တယ်။ သူ့ ဒဏ်ရာက ပြင်းတယ်။ လမ်းမှာလည်း သွေးကအရမ်းထွက်နေ တယ်။ ရောက်တာနဲ့ သွေးတွေသွင်းရတယ်။ ရဲစခန်းမှာလည်း တိုင်ချက်ဖွင့်ထားတယ်။ ခု အာကာနဲ့  သူ့ သူငယ်ချင်းနှစ်ယောက် ကိုဖမ်းလိုက်ပြီ။ ဖိုးသင်္ကြန်ရဲ့အိမ်ကိုလည်း လှမ်းအကြောင်းကြားရ တယ်။ အေးမကိုသတိရပေမဲ့ ဘယ်လိုဆက်သွယ် ရမယ်မှန်း ကျွန်တော် မသိဘူး။

          ဖိုးသင်္ကြန်က သတိရတချက် မရတချက်မို့  အနားကလည်း မခွာရဲဘူး။ သူသတိတစ်ချက်ပြန်အလည်မှာ အေးမရဲ့ အိမ်လိပ်စာပေးပြီး ဒီပန်းချီကားလေးကို သွားပေးဖို့ မှာခဲ့တယ်။ အရိုက်ခံရတုံးကရတဲ့ဒဏ်ရာကသွေးတွေနဲ့  ပန်းချီကား ရဲ့ ထောင့်လေးမှာ အသည်းပုံလေး သူ သတိမလစ်ခင်က ဆွဲထားတယ်တဲ့။ အေးမကိုလည်း သူ အရမ်းချစ်ပါတယ်တဲ့။  ဒါပေမဲ့ .................. ” ပြောရင်းတိမ်ဝင်သွားတဲ့ စကားသံအောက်က ကိုကိုရဲ့ကံကြမ္မာကို သူမ မကြားရဲဘူး။

          “မပြောနဲ့  ................  မပြောပါနဲ့ ”

          သူမရှိတော့ဘူးလို့  သူမကို မပြောလိုက်ပါနဲ့ ။ မပြောကြပါနဲ့ ။ သူရှိနေတယ်။ သူမရင်ထဲမှာ သူအမြဲရှိနေမှာပါ။ ပြီးတော့ သူ ပြန်လာမှာပါ။ တစ်နေ့ နေ့ မှာ သူမဆီကိုရောက်အောင် သူ ပြန်လာမှာပါ။

          သူထပ်ဖြည့်ဖို့ ကျန်သေးတယ်ဆိုပြီးယူသွားတဲ့ပန်းချီကားမှာ သူဖြည့်ခဲ့တာက သူမရဲ့ ဆွေးမြည့်တဲ့မျက်ဝန်းတွေ ဘာကြောင့်ဖြစ်နေခဲ့ရတာလဲ။ သူမသူ့ ကို ကြည့်နေကြချစ်ရည်ရွှန်းလဲ့တဲ့မျက်ဝန်းတောက်တောက်တွေမဟုတ်ပဲ အဆွေး မျက်ဝန်းတွေဘာကြောင့်ဖြစ်နေခဲ့ရတာလဲကိုကိုရယ်။ ကံကြမ္မာကို ကြိုများသိခဲ့လေသလား။

           ပန်းချီကားထောင့်က အသည်းပုံခပ်ရဲရဲလေးကိုကိုင်ကြည့်မိတယ်။ ဘယ်တော့မှ ခြောက်သွေ့ သွားမှာမဟုတ်တဲ့ ကိုကိုရဲ့ နှလုံးသွေးတွေ၊ ကိုကိုရဲ့ မေတ္တာသွေးစက်တွေ ...............

          သူ ပြန်လာမှာပါ။ သူမတို့ ပန်းချီပြပွဲတွေလုပ်ရအုံးမယ်။ သူ့ ကို အဖြေပြန်ပေးရအုံးမယ်။ သူ့ မေမေ့ကို ခေါ်လာပြီး စေ့စပ်ပွဲ လုပ်ရအုံးမယ်။ သူမတို့ နှစ်ယောက်မှာ လုပ်စရာကိစ္စတွေ အများကြီးရှိသေးတာမို့  သူမဆီကို သူ သေချာပေါက် ပြန်လာမှာပါ။
သူပြန်လာမှာပါနော်။

          “အေးမ”

           “သမီး” ကိုညီခနဲ့ မေမေ့ရဲ့အော်သံကို သူမ နောက်ဆုံးကြားလိုက်မိတာများလား။ မသေချာပေ။

                                                xxxxxxxxxxx

နှစ်ဆန်းတစ်ရက်နေ့  ၁၇.၄.၁၃

          အတိတ်ကဒဏ်ရာများကို မမေ့နိုင်လို့  တောင်သမာန်အင်းနှင့် ဦးပိန်တံတားဆိုရင် စကားပင်အစမခံခဲ့သော ညီခ တစ်ယောက် ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ မှာ တိုက်ဆိုင်လွန်းစွာ ဖိုးသင်္ကြန်ကို သတိရစိတ်ဖြင့်ဘယ်လိုမှ မနေနိုင်လွန်းစွာ ဒီကိုရောက်ခဲ့တာဖြစ်သည်။ သူတောင် အတိတ်တစ္ဆေချောက်လှန့် ခံရဆဲဆိုရင် ကာယကံရှင် သူမကရော။ သူမ ဘယ်လို ရှင်သန်နေထိုင်ရပ်တည်နေခဲ့ပါသလဲ။ ပုထုဇဉ်ပီပီ ကိုယ့်ညီကိုမမေ့နိုင်စိတ်ဖြင့် တောင်သမာန်အင်းကိုပါ မေ့ထားခဲ့မိသူက ညီခရယ်သာ။

           ဒီနေ့ မှာတော့ ဒီနေရာမှာ သူမရှိနေမယ်မှန်းသိပါရက်နှင့် ရင်မဆိုင်ရဲစွာ သို့ သော် မတွေ့ ပဲနဲ့ လည်း ပြန်မသွားရက်စွာနှင့် သူလာခဲ့တာဖြစ်သည်။ ခုတော့ တံတားပေါ်မှာ ဘယ်လိုမှပြေးမလွတ်စတမ်း သူမနဲ့ တွေ့ လိုက်ရချိန်မှာ သူ ဘာပြောရမလဲ။ သူမကို နာကျင်စေမည့် အမှန်တရားဆိုသည့် ခါးသက်သက်စကားလုံးများကိုပြောချရမည်လား။ ဒါမှ မဟုတ် သူမကို တဒင်္ဂစိတ်သက်သာစေ မှာဖြစ်ပေမဲ့ တစ်သက်လုံးစာ သူမဘ၀ကိုချုပ်နှောင်ထားသလိုဖြစ်စေမည့် မုသား စကားလုံး ချိုချိုများကို ပြောရမည်လား။

           တကယ်တော့ သူထင်သလို မဟုတ်ခဲ့ပါ။ သူ့ ဆီကို ဦးတည်လာနေသည်ဟုထင်ရသော သူမခြေလှမ်းများကသူ့   ကို ကျော်လွန်ဖြတ်သန်းသွားခဲ့သည်။ သို့ သော် သူမမျက်နှာမှာတော့ အချိုသာဆုံးအပြုံးများနှင့်

          “ကိုကို ဘယ်တွေလျှောက်သွားနေတာလဲဟင်။ ကိုကို့ ကို ညီမလေး စောင့်နေခဲ့တာ။ သူများတွေက ကိုကိုပြန်မလာနိုင်တော့ ဘူးလို့ ပြောပေမဲ့ ညီမလေး မယုံခဲ့ပါဘူး။ တချိန်ချိန်ကျရင် ညီမလေးဆီ ကိုကိုရောက်အောင် ပြန်လာမယ် ဆိုတာ ညီမလေးသိနေ ခဲ့ပါ တယ်ကိုကိုရယ်။ အထူးသဖြင့် ကိုကိုလာမယ်ပြောတဲ့ နှစ်ဆန်းတစ်ရက်နေ့ မှာပေါ့။ ဒီနေ့ မှာ ညီမလေးဆီကို အဖြေတောင်းဖို့  ကိုကိုပြန်လာလိမ့်မယ်လို့  ညီမလေး ယုံကြည်နေခဲ့တယ်။ ညီမလေးလည်း ကိုကို့ ကို အရမ်းချစ်ပါ တယ်နော်။ နောက်ပြီး ဒီတစ်ခါ ကိုကို ပန်းချီဆွဲပေးရင် ညီမလေးကို ပြုံးပြုံး လေးဆွဲပေးနော်။ ဒီပန်းချီကားလေးထဲက လို ဆွေးမြည့်နေတဲ့ အငိုမျက်လုံးနဲ့ ပုံတော့ ညီမလေး မလိုချင်တော့ဘူး။ ရော့  ကိုကို့ ပန်းချီကားကို ကိုကိုပဲပြန်ယူလိုက်တော့”

            တတွတ်တွတ်ကြားနေရသောစကားသံကြောင့် သူ ပတ်ဝန်းကျင်ကို မျက်စိဝေ့ကြည့်မိသည်။ လောလောဆယ် တော့ ဒီဇရပ်ထဲမှာ သူမနှင့်သူ နှစ်ယောက်ထဲသာရှိသည်။ သူမပြောနေသူမှာ သူ မဟုတ်ဘူးဆိုပါလျှင်…………………။ ညီခတစ်ယောက် ကြက်သီးဖြန်းကနဲ ထသွားမိသည်။

            သူမကတော့ တစ်စုံတစ်ယောက်ကို ပန်းချီကားလေးကမ်းပေးကာ စကားတတွတ်တွတ်ပြောနေဆဲ။ ဒါကြောင့်ပဲ ဖြစ်ပျက် ခဲ့သော စိတ်ထိခိုက်စရာအဖြစ်အပျက်များကို လက်မခံချင်သောစိတ်ဖြင့် သူမရဲ့စိတ်တွေဟာ တခါတရံမှာ ပုံမှန် မဟုတ်တော့ဘူး ဆိုသော သူမမေမေနှင့် ပတ်ဝန်းကျင်ကပြောလိုက်သောစကားများကို ညီခလက်မခံချင်ပါပဲ လက်ခံလိုက် ရလေသည်။

          ဒီအဖြစ်အပျက်မှာ အာကာရဲ့ ဘာမဟုတ်တဲ့ တဒင်္ဂမိုက်မဲမှု စိတ်ထွက်ပေါက်အောက်မှာ ပျက်စီးသွားသောဘ၀က ၃ခုတောင်။ အာကာကိုယ်တိုင်လည်း ခုချိန်မှာဥပဒေရဲ့အဆုံးအမကိုခံယူကာ သံတိုင်များကြားတွင် သူ၏နုပျိုသောနေ့ ရက်များကို ပေးဆပ်နေခဲ့ ရပြီ။ ဖိုးသင်္ကြန်ဆိုသော သူ့ ညီလေးကတော့ ဆုံးပါးသွားခဲ့တာ ဒီနေ့ မှာတစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။ ဒီအဖြစ်အပျက်တွေထဲမှာ သနားစရာ အကောင်းဆုံးကတော့ ခုချိန်ထိ ညီငယ်ဖိုးသင်္ကြန်ကို မမေ့နိုင်သေးပဲ မသိစိတ်၏ စွဲလမ်းတမ်းတမှုဖြင့် စိတ်ဝေဒနာရှင်လေးဖြစ်မှန်းမသိ ဖြစ်သွားခဲ့ရရှာသော သူမသာလျှင်ဖြစ်ပါတော့သည်။

မေဇူး

ချိုမြိန်သောသစ္စာ (အပိုင်း ၁)မေဇူး

ချိုမြိန်သောသစ္စာ (အပိုင်း ၁)


       မန္တလေးသားတွေနှင့် တောင်သမာန်အင်း၊ ဦးပိန်တံတားဆိုတာတွေက ခွဲခြား၍မရကောင်းသော အရာတွေသာဖြစ်သည်။ သွားရတာ အလှမ်းမဝေးသလို သာတောင့်သာယာရှိသောနေရာလေးမို့  အားတိုင်းမှာ ဆိုင်ကယ်လေးနှင့် ရွှတ်ဆို ရောက်သွားမြဲ။ ဒီလောက်သွားရလွယ်ပြီး သာသာယာယာ ရှိနေသောနေရာတစ်ခုကို တစ်စုံတစ်ယောက်ကြောင့် သူစွန့် ခွာခဲ့တာ တစ်နှစ်ပင်ရှိခဲ့ပြီ။

          ဒီနေ့ မှာ သူ့ စိတ်တို့ ဘယ်လိုမှနေလို့ ထိုင်လို့ အဆင်မပြေလွန်းတာကြောင့် တောင်သမာန်အင်းသို့  ထွက်လာ ခဲ့မိသည်။ ပတ်ဝန်းကျင်ရှုခင်းများနှင့် တောင်သမာန်အင်းကတော့ ထုံးစံအတိုင်း သာသာယာယာစိုစိုပြေပြေ၊ ညနေခင်း လေပြေနုနုက သူ့ ကို ဆီးကြိုပွေ့ ဖက်နှုတ်ဆက်သည်။

          ဆိုင်ကယ်ကို တံတားအောက်မှာရပ်ခဲ့ပြီး ဖြေးလေးစွာဖြင့် တံတားပေါ်တက်လာခဲ့သည်။ တံတားပေါ်ကသစ်သားချောင်းတွေ ကိုဖြတ်နင်းသွားချိန်မှာ တစ်ချက်တစ်ချက်ထမြည်သောသစ်သားအခင်း၏ ဂျိုးဂျိုးဂျောက်ဂျောက်အသံက တစ်စုံတစ်ယောက်၏ငိုသံ အလား သူ့ နှလုံးသားကို ဆွေးဆွေးမြည့်မြည့် နာကျင်စေသည်။

            တံတားပေါ်ရောက်တော့ တောင်သမာန်ရောက်အမှတ်တရလို့ ပြောနိုင်သော အဝေရာစေ့လေးများနှင့်ပြုလုပ်ထားသော အမှတ်တရပစ္စည်းလေးများ ရောင်းသောဈေးသည်တွေကိုအတွေ့ မှာ ခြေလှမ်းတွေက ဘရိတ်ဆွဲလိုက်သလို တုန့် ကနဲ ဖြစ်သွား သည်။ သူတို့ အနားက ဖြေးလေးစွာလျှောက်သွားရင်း တံတားပေါ်မှာ တွေ့ သမျှ ဈေးသည်များ ဧည့်သည်များ၏ မျက်နှာကို မလွတ် တမ်းလိုက်ကြည့်မိပြန်သည်။ တဖြည်းဖြည်းနှင့် သူ တံတားအလယ်နားကိုရောက်လာခဲ့သည်။ ရှေ့  မှာ ဇရပ်လေးတစ်ခု။ အဲဒီမှာ ခဏထိုင်နားလျှင်ကောင်းမည်။ ခြေလှမ်းတွေက ရှေ့ မဆက်ချင်လောက်အောင် ပင်ပန်းနွမ်းနယ်လွန်းလှသည်။

          ဇရပ်ထဲလှမ်းဝင်မယ်အလုပ်မှာ ပန်းချီဆွဲချင်စရာကောင်းသော မြန်မာဆန်ဆန်မြင်ကွင်းလေးတစ်ခုက သူ့ အာရုံ ထဲကို ၀င်ရောက်လာခဲ့သည်။ ပင်နီရင်ဖုံးလေးနှင့် ယောထမိန်လေးကိုဝတ်ကာ ဆံပင်အရှည်ကြီးကိုကျစ်ဆံမြီးလေး၂ဘက် ခွဲကျစ်ထားပြီး ပါးပြင်မှာ ပါးကွက်ကြားလေးနှင့် ချောမောလှပလွန်းသောမျက်နှာလေးတစ်ခု။ ဟိုးတချိန်ကလည်း ဒီလိုပန်းချီဆွဲချင် စရာကောင်းသောမြင်ကွင်းလေးတစ်ခုကပဲ ဒီဇာတ်လမ်းကို စတင်စေခဲ့တာဖြစ်သည်။ အခုလည်း သူ ကြုံရပြန်ပြီလား။ သူမမျက်နှာ ကို သေချာမြင်တွေ့ မှတ်မိသွားချိန်မှာတော့

          “အာကာရာ မင်းကွာ။ လုပ်ရက်လိုက်တာ” သူ့ နှုတ်မှ မနေနိုင်စွာ အသံထွက် ညည်းညူလိုက်မိသည်။ ထို့ အတူ လှိုက်ကနည်းဖြစ်ပေါ်လာသောဝမ်းနည်းစိတ်တို့ ကို ဘယ်လိုမှမထိန်းနိုင်တာမို့  သူမ မမြင်ခင် သူ ချက်ချင်းနောက်ပြန် ဆုတ်လိုက်သည်။ သို့ သော် သူနောက်ကျသွားခဲ့လေပြီ။ သူမ သူ့ ကို မြင်တွေ့ သွားခဲ့ပြီ။ လင်းလက်တောက်ပသွားသော သူမမျက်ဝန်းများက သူ့ ကိုမှတ်မိတယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမရှိ။

          သူမလက်ထဲတွင် သူမရဲ့ပုံတူပန်းချီကားလေးကိုကိုင်ကာ သူ့ အနားကို သူမရောက်ရှိလာခဲ့ပါသည်။ သူမ ဘာတွေ မေးလို့  သူ ဘာပြန်ဖြေရမှာလဲ။ ဖြစ်နိုင်ရင် သူမအရှေ့ မှ အခိုးအငွေ့ အဖြစ်နှင့်သာ သူ ပျောက်ကွယ်သွားချင်မိပါသည်။

                                                xxxxxxxxxxx

သင်္ကြန်အကြိုနေ့  ၁၂.၄.၁၂


          ဦးပိန်တံတားမှာဈေးရောင်းရတာ သင်္ကြန်ရက်တွေမှာ စိတ်ပျက်စရာအကောင်းဆုံးဟု သူမထင်သည်။ သင်္ကြန် ရက်များတွင် လာကြသောသူအများစုမှာ မူးနေတတ်သောကြောင့်ပင်။ ပုံမှန်နေ့ ရက်များတွင် သူမတို့ လို လမ်းဘေးဈေး သည်လေးတွေက ညနေပိုင်းမှသာ ဈေးရောင်းကြပေမဲ့ ဒီလိုသင်္ကြန်ရက်တွေမှာ လူစည်ကားတတ်တာမို့ မနက်ထဲကပင် ဈေးရောင်းထွက်ကြသည်။

           ဆိုင်ခန်းငှားခမတတ်နိုင်သော သူမတို့ တွေက တံတားပေါ်မှာ ကြုံသလိုလေးခင်းကာ ရောင်းရတာပင်။ သူမက အဝေရာစေ့လေးများဖြင့်ပြုလုပ်ထားသော သော့တွဲများ၊ ဆွဲကြိုးများ၊ လက်ကိုင်အိတ်လေးများ၊ဆံထိုးများ စသောအမှတ်တရ ပစ္စည်းလေးများကို ဖောက်သည်ယူကာ တဆင့်ပြန်လည်ရောင်းချသောဈေးသည်လေးသာဖြစ်သည်။

           ဖေဖေရှိစဉ်ကတော့ အမေရော အေးမပါ ဈေးမရောင်းခဲ့ရ။ ဦးပိန်တံတားကြီးရှိနေသော ဒီပတ်ဝန်းကျင်မှာမွေးဖွား ကြီးပြင်း လာသောဖေဖေက ၀ါသနာအခံဖြင့်ရေဆေးပန်းချီကားလေးတွေ ဆွဲရောင်းသည်။ ဒီတံတားကြီးကို ဖြတ်လျှောက်လာလျှင် အလယ် နားလေးတွင် ဇရပ်လေးတွေရှိသည်။ ထိုဇရပ်လေးတွေပေါ်မှာ အဖေပန်းချီဆွဲသည်။ ပုံတူပန်းချီ၊ ရှုခင်းပန်းချီစသဖြင့်..........

          ပန်းချီကျောင်းဆင်းမို့  ရေးဆွဲသောလက်ရာများကသပ်ရပ်ကာ ဈေးသက်သက်သာသာနှင့်ရောင်းချသောဖေဖေ့ ပန်းချီ ကားလေးတွေကို နိုင်ငံခြားသားများသာမက ပြည်တွင်းဧည့်သည်တွေလည်းဝယ်ကြသည်။ သူမတို့  မချမ်းသာခဲ့ပေမဲ့ ဆင်းဆင်းရဲရဲ လည်း မနေခဲ့ရ။ ဒီတော့ ဖေဖေ့ဝင်ငွေက မိသားစု ၅ယောက်ဝမ်းစာကို ပြေလည်အောင်ဖြေရှင်းနိုင်သည်ပဲ ပြောရမည်။ သူမ တို့ မောင်နှမ ၃ယောက် ကျောင်းကို အေးဆေးစွာတက်ခွင့်ရခဲ့သည်။

          သို့ သော် သူမဆယ်တန်းဖြေအပြီးမှာ နှလုံးရောဂါဖြင့် ရုတ်တရက် ဖေဖေကွယ်လွန်သွားခဲ့သည်။ ဒီတော့ကျောင်း မပြီးသေးသော မောင်ငယ်နှစ်ယောက်ကိုဦးစားပေးကာ သူမဈေးထွက်ရောင်းဖို့ ဆုံးဖြတ်လိုက်သည်။ အမေကလည်း သူမ တို့ အိမ်ဝိုင်းလေးအတွင်းမှာပင် အကြော်ဆိုင်လေးဖွင့်နေခဲ့ပြီ။ သူမကို အမေကဈေးမရောင်းပဲ ကျောင်းဆက်တက်စေချင် ပေမဲ့ အဝေးသင်တက္ကသိုလ်ပဲတက်ပါရစေဟု အမေ့ကိုအတန်တန်ခွင့်တောင်းရင်း သားအမိနှစ်ယောက်ဘ၀ကို စတင်ရုန်း ကန်ခဲ့သည်။

          ဒီလိုအချိန်မှာ အနယ်နယ်အရပ်ရပ်မှလာသော ခရီးသွားများသာမက မန္တလေးမှဆင်းလာသော ဆိုင်ကယ်များ၊ ကားများက လည်း နေ့ လည်ပိုင်း တောင်သမာန်အင်းမှာ လာ၍အနားယူကြတာများသည်။ ဒီနေ့ တော့ မျက်နှာစိမ်းဧည့် သည်များ အလာနည်း လို့ ထင်သည်။ မနက်ထဲက သူမ ဈေးဦးမပေါက်သေး။ လူတစ်စု သူမဆိုင်လေးရှေ့ က ဖြတ်လျှောက်သွားသည်။

          “အကိုတို့ အိမ်အပြန်လက်ဆောင် ဆွဲကြိုးလေးတွေ သော့တွဲလေးတွေနော်။ ၀ယ်သွားပါအုံး” မေးမိတာမှားသွား ပြီ ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ အနားကအဖြတ်မှာ ထောင်းကနဲထလာသောအရက်နံ့ ကြောင့် သူမ နောက်ဆုတ် လိုက်သည်။ သို့ သော် နောက်ကျသွားခဲ့ပြီ။ အေးစက်ရေစိုနေသော လက်တစ်ဖက်က သူမရဲ့ လက်ကောက်ဝတ်ကို ဆတ်ကနဲ လာရောက်ဆုပ်ကိုင်သည်။

          “အိမ်အပြန်လက်ဆောင်မလိုပါဘူးကွာ။ မင်းဒီပစ္စည်းတွေရောင်းရင် တစ်နေကုန်ဘယ်လောက်မြတ်မှာမို့ လဲ။ ငါ တို့ နဲ့  ဘီယာဆိုင်လိုက်ထိုင်ပြီး ငါတို့ ကို ပြုစုပေး။ မင်းအတွက်ဈေးရောင်းတာထက်များတဲ့ ပိုကိုက်တဲ့ နေ့ တွက် ငါတို့  ရှင်းပေးမယ်။ ဘယ်လိုလဲ။ ကျေနပ်တယ်မို့ လား။လာလိုက်ခဲ့” စော်ကားသောစကားကို ပြောနေသူထံမှ ပြင်းထန်စွာထွက် နေသောအရက် နံ့ နှင့်ယိုင်ထိုးနေသော ခန္ဓာကိုယ်အနေအထားက ထိုသူအမူးလွန်နေပြီဖြစ်ကြောင်း သက်သေပြနေသည်။

          “ရှင် . ကျွန်မလက်ကိုလွှတ်နော်။ ကျွန်မ မိကောင်းဖခင်သားသမီးပါ။ သမ္မာအာဇီဝနဲ့  ကောင်းရောင်းကောင်းဝယ်လုပ် စားနေတာ။ မဟုတ်တာတွေလာမပြောပါနဲ့ ” ရှက်ရွံ့ ခြင်းကြီးစွာဖြင့် သူမအသံကကျယ်လောင်စွာထွက်ပေါ်လာသည်။ ပတ်ဝန်း ကျင်ကိုအကူအညီရလိုရငြား မျက်စိဝေ့ကြည့်မိသည်။

         တံတားပေါ်တွင် နေ့ လည်ခင်းအချိန်မို့  လူရှင်းနေသည်။ သူမအနားမှာ အကြော်စုံတွေဗန်းထဲထည့်ကာ ထိုင်ရောင်းနေတဲ့ အမေအိုကြီးရယ်၊ ဇီးကွက်လိုဒီးဒုတ်လို ငှက်အထူးအဆန်း လေးတွေကို လှောင်အိမ်ထဲမှာထည့်ရောင်းတဲ့ သူမထက်ငယ်တဲ့ငှက် သည်ကောင်မလေးရယ်၊ ခပ်လှမ်းလှမ်းမှာ ၀ယ်သူမရှိလို့ တစ်ယောက်တည်း ငိုက်မြည်းနေတဲ့ ကျောက်စိမ်းရုပ်ထုတွေရောင်းတဲ့ ဦးလေးကြီးရယ် နောက်တော့သူတို့ လူစုရယ်သာရှိ သည်။

          တံတားအောက်မှ လူတွေကလည်း သူတို့ ကိစ္စ သူတို့ အတွေးတွေနဲ့  လွန့် လူးရစ်မူးနေကြသည်။ သူမအတွက် ကူကယ်ရာ မရှိ။ သူမအနားက သူတို့ အုပ်စုကိုကြည့်မိတော့လည်းအားလုံးနီးပါးသည် ထိုသူနည်းတူမူးနေကြသူများသာ။ ဒီအချိန်မှာ အနားမှာ လာရပ်သောတစ်စုံတစ်ယောက်ကြောင့် သူမ အားတက်သွားသည်။ ထိုသူ့ မျက်ဝန်းများက ရီဝေေ၀ မှုန်မှိုင်းမှိုင်းမဟုတ်ပဲ ကြည်ကြည်လင်လင်မို့  သူမ ၀မ်းသာသွားမိသည်။

          “အာကာ မင်းအရမ်းမူးနေပြီ ပြန်ကြစို့ ။ ကိုညီခ အာကာ့ကို အရင်ခေါ်သွားတော့”  သူကပြောပြောဆိုဆိုဖြင့် အာကာ့လက် ထဲမှ သူမလက်ကို အတင်းဆွဲဖြုတ်ပေးခဲ့သည်။ အာကာဆိုသူက သူ့ ကို မကြည်မလင်ပြန်ကြည့်ရင်း ဘာမှတော့မပြောပဲ လှည့်ထွက် သွားတာမို့  ကျေးဇူးတင်စွာဖြင့် သူမ သူ့ ကိုပြုံးပြမိသည်။

          “ဆောရီးနော် ညီမလေး။ သူ့ ကိုယ်စားတောင်းပန်ပါတယ်။ သူ အရမ်းမူးနေလို့ ပါ။ လက်ကနီရဲသွားတာပဲ။ အရမ်း နာသွားလား။ ကိုယ်ဘာလုပ်ပေးရမလဲ”

          “ရပါတယ်။ အကို့ ကိုတောင် ညီမက ကျေးဇူးတင်ရမှာပါ”

          “ကိုယ့်နာမည် ဖိုးသင်္ကြန်ပါ။ ဒါနဲ့  ဒီမှာနေ့ တိုင်းဈေးလာရောင်းတာလား။ ညီမလေးနာမည်ကရော။”

          “ညီမနာမည် အေးမပါ။ အမရပူရမြို့ ထဲကနေ ဒီကိုနေ့ တိုင်း ဈေးလာရောင်းတာပါ”

          ထိုအချိန်မှာပဲ တံတားအောက်ဆီမှ ကားဟွန်းသံကျယ်ကျယ်လောင်လောင်ကြားရကာ သူ့ ကို လှမ်းခေါ်တာမို့ 

          “နောက်နေ့ မှ ထပ်လာခဲ့မယ်နော်။ ဒီမှာပဲရှိမယ်မဟုတ်လား”  ပြောပြောဆိုဆို သူမနားမှအပြေးတပိုင်းနှင့် သူ ထွက်ခွာသွားခဲ့သည်။

          သူမလက်ကိုဆွဲခဲ့သောအာကာက ကားပေါ်မှမကျေမနပ်နှင့် သူမကို ကျောချမ်းစရာကောင်းလောက်အောင် ကြည့်သွား ခဲ့သေးသည်။ သူတို့ ပြန်သွားခဲ့ပေမဲ့ ဒီနေ့  တစ်နေ့ လုံးဈေးရောင်းရတာ နဝေတိမ်တောင်နှင့် အဆင်မပြေလှ။ အသားဖြူဖြူ အရပ်မြင့်မြင့် မျက်ဝန်းညိုညိုနှင့် သူ့ ပုံရိပ်ကသာ သူမကို တနေကုန်စိုးမိုးနေခဲ့သည်။ ဆိုင်သိမ်းပြီးစက်ဘီး လေးနင်းကာ သူမ အိမ်ပြန်လာတော့ ခါတိုင်းလို အမေနှင့်စကားတွေ မကြွယ်မိ။ ခါတိုင်းဆိုဈေးရောင်းသည့်အတွေ့ အကြုံ တွေ အမေ့ကိုပြန်ပြောနေ ကျဖြစ်ပေမဲ့ ဒီနေ့ ပြဿနာဖြစ်တာကိုတော့ အမေစိတ်ပူမှာစိုးလို့  ပြန်မပြောပြချင်တော့ပေ။

          “သင်္ကြန်ရက်မှာအမူးသမားတွေများတယ်။ ဈေးမရောင်းပါနဲ့ သမီးရယ်”လို့  အမေက အစထဲက တားခဲ့သေးသည်။ ခုလိုပြဿနာဖြစ်တာသိသွားရင် အမေနောက်နေ့ တွေမလွှတ်မှာသေချာသည်။


သင်္ကြန်အကျနေ့  ၁၃.၄.၁၂


          “နောက်နေ့ မှထပ်လာခဲ့မယ်” ဆိုသော သူ့ စကားသံကြောင့် သူမ ဒီမနက် ခါတိုင်းထက် ပိုပြီးအလှပြင်နေမိလေသလား။ မနက်ဆိုင်ခင်းပြီးထဲက သူမအကြည့်တွေက တံတားကိုအ၀င်လမ်းမကြီးဆီသို့ ကွက်ကြည့် ကွက်ကြည့်။ ဒီလိုနဲ့  နေ့ ခင်းပိုင်းမှာ လူတွေတစ်စထက်တစ်စ များပြားလာခဲ့သည်။ ကျောင်းက သူငယ်ချင်းတစ်ယောက် ပြောတာကတော့ သင်္ကြန်ဆိုလျှင် ရေပက်ခံ ထွက်သမားများက မနက်ပိုင်း မန္တလေးကျုံးပတ်ပတ်လည်မှာရေကစားကြပြီး  နေ့ လည်ပိုင်း နေပူချိန်မှာ အရိပ်ကောင်းသော တောင်သမာန်အင်းမှာ လာအနားယူတတ်ကြကာ ညနေ  ၃-၄ နာရီလောက်မှ မန္တလေး ဘက်ပြန်ဆင်း ကာ ရေပြန်ကစားတတ်သည်တဲ့။ သူပြောတာလည်း ဖြစ်နိုင်ပါသည်။ ဒီလိုနေ့ လည်ခင်းမျိုးတွင် မယ်ဇယ် ပင်တန်းအောက်က အရိပ်ကောင်းသောဆိုင်ကြီးတွေမှာ ထိုင်စရာမရှိလောက်အောင် လူအပြည့်ခုံအပြည့်နှင့်စည်ကား ဆူညံနေခဲ့သည်။ နေပူချိန် ဆိုတော့ တံတားပေါ်တက်လမ်းလျှောက်သူ နည်းပါး ကျဲပါးလွန်းလှသည်။

          နေ့ ခင်း ၁နာရီလောက်မှာ သူမမှတ်မိနေခဲ့သော အမိုးဖွင့်ဂျစ်ကားလေးပေါ်တွင် သူလိုက်ပါလာလျှက် တံတားအောက် ဘက်ကိုဝင်လာတာ လှမ်းမြင်လိုက်ရသည်။ မနေ့ က သူမနှင့်ပြသနာဖြစ်သောတစ်ယောက်ကို မတွေ့ ရတာမို့  စိတ်အေးသွားမိ သည်။ သူနှင့်အဖော်တစ်စု အပင်တန်းတွေအောက်က ခုံတွေဆီလျှောက်သွားကြတာ သူမမြင်နေရသည်။ ထို့ နောက် ဘီယာ လှမ်းမှာနေသံကြားလိုက်ရတာကြောင့် စိတ်ပျက်စွာ သူမ ကျောခိုင်းလိုက်ပါသည်။ တော်ပါပြီ။ သူမနဲ့  ဘာမှမဆိုင်သောကိစ္စတွေပဲ။

          သူမအကြည့်တွေကို နေပူပူအောက်မှာ ဒေသအခေါ် ငှက်ဆိုသည့် လက်ခတ်လှေလေးပေါ်မှာ ထီးဆောင်းကာ ထိုင်နေသော နိုင်ငံခြားသားနှစ်ယောက်ဆီ ရွှေ့ ပြောင်းလိုက်မိသည်။ ကြည့်ပါအုံး မိန်းမဖြစ်သူက ယောကျာ်းဖြစ်သူ နေမပူအောင် ထီးလေးမိုးပေးရင်း ယောကျာ်းဖြစ်သူကလည်း သဘာဝပတ်ဝန်းကျင်ကိုတဖျတ်ဖျတ်နှင့် ဓာတ်ပုံရိုက်နေရင်း နေပူ တာကိုတောင် သတိမထားမိသလို ပျော်ရွှင်ကြည်နူးနေကြသည်။ သူတို့ ကိုသဘောကျစွာငေးမောနေမိသော သူမကိုယ်ပေါ်သို့  အေးစက်သော အထိအတွေ့ နဲ့ အတူ ရေတို့ ကျလာခဲ့သည်။ မနေ့ ကလို ပြဿနာဖြစ်ပြန်ပြီလားလို့  စိုးရိမ်စွာဖြင့် မော့ကြည့်မိတော့ သူမကိုပြုံးရယ် စွာ ငုံ့ ကြည့်ရင်း ဖလားလေးနှင့်ရေလာလောင်းသောသူက ဖိုးသင်္ကြန်(သို့ မဟုတ်)သူ.... သူမထံမှ စိတ်ဆိုးစကားအစား မျက်စောင်း တစ်စင်းသာ ပျံဝဲလွင့်ခါသွားသည်။

          “သင်္ကြန်တွင်းရေလောင်းတာ စိတ်မဆိုးရဘူးနော်။ အဝေးကနေလှမ်းမြင်ရတဲ့ ညီမလေးရဲ့မြန်မာဆန်ဆန်ပုံစံလေးကိုကြည့် ပြီး ရေလောင်းချင်စိတ်ပေါက်သွားလို့  အောက်ဆိုင်က ရေခွက်ငှားလာပြီး ရေလာလောင်းတာ။ နောက်ပြီး ညီမ လေးပုံစံလေးက တကယ့်ကို ကဗျာဆန်ဆန်လေး လှလိုက်တာ။ ကိုယ်ပန်းချီတောင် ဆွဲချင်သွားတယ်။ ညီမလေးကသာ ခွင့်ပြုမယ်ဆိုရင် ညီမလေးကို ပန်းချီဆွဲခွင့်ရချင်လိုက်တာ။ ဒါပေမဲ့ ကိုယ်ကဧည့်သည်ဆိုတော့ ပန်းချီဆွဲတဲ့ပစ္စည်းတွေ ပါ မလာဘူး။ နောက်ပြီး သင်္ကြန်ရက်ထဲမှာ ဆိုတော့ ပန်းချီပစ္စည်းတွေ ၀ယ်လို့ ရပါ့မလားလည်း မသိဘူး။”

          ပန်းချီအသံကြားတော့ ဖေဖေ့ကို သူမသတိရသွားမိသည်။ အင်း..  အိမ်မှာ ဖေဖေ့ပန်းချီပစ္စည်းလေးတွေရှိသေး သည်။ နောက်ပြီး သူမက ဖေဖေ့ရဲ့ ပန်းချီပညာအမွေကို အနည်းငယ်ရလိုက်တာမို့  မတောက်တခေါက်တော့ ပုံဆွဲတတ် သည်။ စိတ်ကူးပေါက်လျှင် ရောက်တတ်ရာရာလေးတွေကို အားချိန်မှာထိုင်ထိုင်ဆွဲတတ်တာမို့  ခုချိန်ထိ အိမ်မှာ ပန်းချီ ပစ္စည်းတွေ ရှိနေသေးသည်။

          “အိမ်မှာတော့ ဖေဖေရှိတုံးကသုံးတဲ့ပန်းချီပစ္စည်းတွေရှိတယ်။ အိမ်မှာလာကြည့်ပြီး လိုချင်တာယူရင်တော့ရမယ်”   သူပန်းချီဆွဲချင်တယ်ပြောတာကို သူမ မစဉ်းစားပဲလက်ခံလိုက်ရုံသာမကအိမ်ကိုတောင်အလည်ခေါ်လိုက်မိပြီလား။ ဘုရား ဘုရား သူမ ဘာတွေလုပ်မိပါလိမ့်။ အမေသိရင် သူမကို ဘာပြောမလဲ။ အိမ်နီးချင်းတွေနဲ့ ကင်းကင်းရှင်းရှင်းနေရုံသာမက သူငယ်ချင်း အရင်းတွေကိုတောင် တစ်ခါမှအိမ်လည်ခေါ်မလာဖူးသော သမီးဖြစ်သူ၏ပထမဆုံးဧည့်သည်ကို အမေစိတ်ဝင်စားသလို အံ့သြ ပါလိမ့်မည်။ သူမကရော ဘာကြောင့်များ ......... အတွေးတွေနှင့် သူမ ငြိမ်သက်သွားခဲ့သည်။

          “ညီမလေးက ကိုယ့်ကို အိမ်လည်ခေါ်ပြီးမှ စိုးရိမ်သွားတာလား။ စိတ်ချပါ။ ကိုယ်အရက်ရော ဘီယာပါ မသောက် တတ်ပါဘူး။ နောက်ပြီး ကိုယ်က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က တတိယနှစ်ကျောင်းသားပါ။ မန္တလေးကအကိုတွေဆီ ကို သင်္ကြန်အလည်လာတာ။ ညီမလေးကရော ဒီမှာဈေးရောင်းနေတာကြာပြီလား”

          “ညီမနာမည်က အေးမြနန္ဒာပါ။ အမေကတော့ အေးမလို့ ခေါ်တယ်။ ဥပဒေ ဒုတိယနှစ် အဝေးသင်တက်နေပါ တယ်။ ဖေဖေ ကပန်းချီဆရာလေ။ ညီမဆယ်တန်းအောင်ပြီး ဖေဖေဆုံးသွားတော့မှဈေးစရောင်းတာပါ။ အမေက ညီမကို ဈေးမရောင်းစေ ချင်ပေမဲ့ အိမ်စရိတ်ရယ်၊ မောင်လေးတွေရဲ့ကျောင်းစရိတ်ရယ်၊ ညီမရဲ့ အဝေးသင်တက်ရတဲ့ကျောင်းစရိတ် ရယ်ကာမိအောင်လို့  ဒီဦးပိန်တံတားပေါ်မှာညနေပိုင်းတွေဆိုအဝေရာစေ့လေးတွေနဲ့ လုပ်ထားတဲ့အမှတ်တရလက်ဆောင် ပစ္စည်းလေးတွေကို ရောင်းခဲ့ တာ ၂နှစ်ရှိပြီ။ ညီမတို့ အိမ်က အမရပူရမြို့ ထဲကနေ ဦးပိန်တံတားကိုလာတဲ့လမ်းအတိုင်း ၀င်လာရင် ယွန်းပန်းချီဆိုတဲ့ ရက်ကန်း ရုံလေးဘေးက ဒေါ်ညိုအကြော်ဆိုင်ဆို ဘယ်သူ့ ကိုမေးမေးသိတယ်အကို ”

          “ဟုတ်ပြီလေ။ ဒါဆို မနက်ဖြန်ကျရင် အကိုဆိုင်ကယ်နဲ့ ကိုယ့်ဘာသာကိုယ် လာခဲ့မယ်။ သူတို့ နဲ့  သင်္ကြန်မလည် တော့ဘူး။ ညီမလေးတို့ အိမ်ကို အရင်ဝင်လာပြီး ပန်းချီပစ္စည်းလေးတွေ ၀င်ယူမယ်လေ။ ပြီးရင်မနက်ဖြန် ညီမလေးဈေး ရောင်းနေချိန် အကို ပန်းချီလာဆွဲမယ်။ မနက်ဖြန်လည်း ဒီနေ့ လို မြန်မာဆန်ဆန်လေးဝတ်လာနော်"

          “ညီမက ဒီလိုပဲ အမြဲဝတ်တာပါ”

          ရန်ကုန်မှာ သူကျောင်းတက်ရတဲ့အကြောင်းတွေ ပြောပြတော့ သူမကလည်း အမရပူရအကြောင်း၊  မန္တလေး အကြောင်းတွေ ပြောပြဖြစ်သည်။ သူနဲ့ ရောက်တတ်ရာရာစကားများပြောရင်း ခင်မင်မှုတို့  ဖြန့် ကျက်မိခဲ့ပြီ။ ညနေ ၄နာရီ ကျော်လောက်မှာ သူ့ ကိုအောက်ဝိုင်းမှာထိုင်နေသော သူငယ်ချင်းတွေကပြန်ကြဖို့  ဖုန်းဆက်တော့မှ သူထပြန်သွားခဲ့ သည်။ ထိုညက မနက်ဖြန်အတွက် စိတ်လှုပ်ရှားလွန်းစွာ သူမ အိပ်မပျော်ပေ။ ခုမှသိကျွမ်းခွင့်ရသောသူတစ်ယောက်ကို ဒီလောက် မတွယ်တာသင့်ဘူးဟု ဦးနှောက်က တားမြစ်ပေမဲ့ ထိုအသိကို နှလုံးသားက လက်မခံချင်ခဲ့။


သင်္ကြန်အကြတ်နေ့   ၁၄.၄.၁၂

        မနက်နိုးလာတော့ သူမ မြန်မာအကျီလေးတွေထဲက ပင်နီရင်ဖုံးလေးကို ယောထမိန်အညိုလေးနှင့် တွဲဝတ်သည်။ လိမ်းနေကြ အတိုင်း ပါးပြင်မှာသနပ်ခါးပါးကွက်ကြားလေးကို သွားပွတ်တံလေးဆွဲကာ အရှည်လေးကွက်လိုက်သည်။ ရှည်လျားလှတဲ့ သူမရဲ့ ဆံနွယ်အရှည်ကြီးကို ခါတိုင်းလိုကျစ်ဆံမြီးတစ်ချာင်းထဲမကျစ်ပဲ နှစ်ဘက်ခွဲ ကျစ်ချထား သည်။ သူမလာခင် ကိုယ့်ဘာသာ အလှပြင် ရင်း မှန်ထဲမှာမြင်နေရသော ကိုယ့်အရိပ်ကိုကိုယ် ကျေနပ်သွားမိသည်။

          မနက်၁၀နာရီလောက်မှာ အမေ့အကြော်တဲဆီမှ “အေးမရေ  ဧည့်သည်”  ဆိုသောအသံနှင့်အတူ ဆိုင်ကယ်သံ ညက်ညက် တစ်ခုကို ကြားလိုက်ရသည်။ သမီးထံပထမဆုံးလာသောဧည့်သည်ကို အမေကတစ်ချက်မော့ကြည့်ရုံကလွဲပြီး သူမ အနေ ခက်လောက်အောင် အကဲခတ်မနေပါ။ ခေတ်ပညာတတ်သမီးကို အမေက စိတ်ချယုံကြည်ပြီးသားဆိုတာ သူမသိပါသည်။

          သူက အိမ်ထဲမှ ဖေဖေ့လက်ရာပန်းချီကားများကို ရင်သပ်ရှုမော အံ့သြစွာကြည့်နေသည်။ ဖေဖေဆုံးချိန်မှာ ဆွဲလက်စနှင့် ဆွဲပြီး ပန်းချီကားအချပ် ၂၀ကျော်ကျန်ရစ်ခဲ့တာကို သူမရော အမေပါမရောင်းရက်စွာဖြင့် ဒီအတိုင်းထားခဲ့ကြသည်။ သားအမိနှစ်ယောက် ဘယ်လောက်ပဲ ပိုက်ဆံအကျပ်တည်းကြုံကြုံ ထိုပန်းချီကားတွေကိုတော့ဖြင့် ထုတ်မရောင်းခဲ့ပါ။

          သူက ဖေဖေ့လက်ရာများသည် နာမည်ကြီး ပန်းချီပညာရှင်များလို အနုပညာမြောက်တာမို့  ပန်းချီကားတွေကိုစုပြီး မန္တလေး မှာပြပွဲလေးတစ်ခုလုပ်သင့်သည်ဟု အကြံပေးသည်။ သူမကိုယ်တိုင်လည်း ဖေဖေမဆုံးခင်ထဲက ဖြစ်ချင်ခဲ့သော ဆန္ဒမို့  လုပ်ပေးချင် ခဲ့ပါသည်။ သို့ သော် ကိုယ်နှင့်လက်လှမ်းမမှီသော၊ အလှမ်းဝေးသော ဒေသစိမ်းတစ်ခုမို့  မလုပ်ရဲခဲ့ပါ။ အဆက်အသွယ်လည်း မရှိခဲ့ပါ။ သူက သင်္ကြန်ပြီးပြီးချင်း ရန်ကုန်မပြန်သေးပဲ သင်္ကြန်ပိတ်ရက်၁၀ရက်ပြီးမှသာ ပြန်မှာမို့  အချိန်ရသည်။ စုံစမ်းပေးမည်တဲ့။

          နောက်ပြီး သူမ အားချိန်တွေမှာ ရေးဆွဲထားသော ရောက်တတ်ရာရာပန်းချီကားထဲမှအချို့ ကိုလည်း စံမှီသည် ဟုဆို ကာ ပြန်ရွေးထုတ်နေသည်။ ဖေဖေ့ပန်းချီကားတွေနဲ့ အတူတွဲပြမည်တဲ့။ ဖေဖေ့ပန်းချီကားတွေကို မန္တလေးဈေးကွက် မှာရောင်းချလျှင် ပန်းချီကားတစ်ချပ်ကို သိန်းချီရနိုင်တာမို့ ရောင်းရငွေဖြင့် ဖေဖေ့အတွက် ကောင်းမှုကုသိုလ်လုပ်ပေးသင့် သည်တဲ့။ သူပြောတော့လည်းဟုတ်သား။ ဒီပန်းချီကားတွေကို အိမ်ထဲမှာ ဖုန်တက်ခံမည့်အစား ဖေဖေ့နာမည်လည်းလူသိ၊ ပန်းချီချစ်သူများလည်း ပန်းချီကားကောင်းများစုဆောင်းနိုင်ပြီး ဖေဖေ့အတွက်လည်း အလှူလုပ်ပေးနိုင်မည်ဟု သူဆိုတော့ ဘယ်တုံးကမှ ဖေဖေ့ပန်းချီကားတွေကို ရောင်းဖို့ မပြောနှင့် နေရာရွှေ့ ဖို့ ပင် လက်မခံခဲ့သော အမေက ထူးဆန်းစွာခေါင်း ညိတ်သဘောတူတော့ သူ့ ရဲ့ စည်းရုံးနိုင်စွမ်းကို သူမ အံ့သြရပါသည်။

          သူမရဲ့ပုံတူပန်းချီကို သူက အိမ်တွင်ပဲ ခဲကောက်ကြောင်းအကြမ်းခြစ်ယူကာ အသေးစိတ်ကို တံတားပေါ်ရောက်မှ ဆက်ဖြည့်တော့မည်ဆိုကာ ပန်းချီပစ္စည်းတွေယူပြီး သူက ဆိုင်ကယ်နှင့် သူမက စက်ဘီးနှင့် ထွက်လာခဲ့ကြသည်။ ဒီနေ့  တစ်နေ့ လုံး တံတားလေးပေါ်က ဇရပ်လေးထဲမှာ သူ ပန်းချီဆွဲနေခဲ့သည်။ ဧည့်သည်တွေများပေမဲ့ နေ့ လယ်ခင်းမှာ ဈေး ၀ယ်ပါးတာမို့  သူမလည်းဈေးဘန်းလေးကို အကြော်သည်အန်တီကြီးဆီမှာအပ်ရင်း သူ့ အနားမှာ တနေကုန်နီးပါး ရှိနေခဲ့ သည်။ သူက ပန်းချီဆွဲနေရင်း သူမကို လှမ်းစကားပြောတတ်ပြန်သည်။

          “အလုပ်လုပ်နေတာ စကားပြောရင် အာရုံမပျက်ဘူးလား” ဆိုတော့

          “ကိုယ်က သောကြာသားလေ။ စကားများတယ်။ ပြီးတော့ စကားပြောရင်းလည်း အလုပ်လုပ်တတ်တယ်။ ”

          “ဖိုးသင်္ကြန်ဆိုတာ နာမည်အရင်းလား”

          “ကိုယ်ကို့  သင်္ကြန်တွင်းမှာ မွေးတာမို့  ‘သင်္ကြန်ကိုကို’ လို့  နာမည်ပေးခဲ့တာလေ။ မေမေခေါ်တာကတော့ ဖိုးသင်္ကြန်တဲ့”

          “နာမည်ကလည်း သင်္ကြန်ကိုကိုတဲ့လား။ ဘယ်လိုကြီးလည်းမသိဘူး။ ခေါ်ရတာလျှာယားလိုက်တာ။ ဒါနဲ့ မွေးနေ့ က သင်္ကြန် တွင်းဆိုတော့ ဘယ်နေ့ တုံး။”

          “နာမည်က ခေါ်ရခက်ရင် ရှည်နေရင် ကိုကိုလို့ ပဲ ခေါ်လေ ညီမလေးရဲ့။ ကိုယ့်မွေးနေ့ က သင်္ကြန်အတက်နေ့ ။ ဒါပေမဲ့ ၀ါထပ်တော့ ဒီနှစ်က သင်္ကြန်အကြတ်နှစ်ရက်တောင်နော်။ ပျော်စရာချည်း။ တစ်ရက်ပိုလည်ရတယ်”

          “တစ်ရက်ပိုလည်တယ်ပြောရအောင် ကိုကိုက ဘယ်မှလည်း မသွားပဲနဲ့  ”

          “တကယ်တော့ ကိုယ့်အကို ကိုညီခတို့ နဲ့ သင်္ကြန်တတွင်းလုံး လျှောက်လည်မယ်ဆိုပြီး ပြောထားပြီးသား။ ကား လည်းငှားထားပြီး လျှောက်လည်ဖို့ ကားခတွေလည်း ပေးပြီးသား”

           “ဒါဆို ကိုကိုက ဘာလို့ လျှောက်မလည်တာလဲ”

          “ညီမလေးကို တွေ့ သွားလို့ ပေါ့။ ညီမလေးကိုတွေ့ ပြီးနောက်မှာ သင်္ကြန်လျှောက်လည်မဲ့အစား ညီမလေးအနားမှာ ခုလိုလေး လာနေရကို ကိုယ်ပိုသဘောကျသွားလို့ လေ။”

           “အိုး .. ဘာဆိုင်လို့ လဲ ကိုကိုကလဲ” သူမ မျက်နှာတွေ ရှက်ရွံ့ နီမြန်းစွာ။



ဆက်လက်ဖော်ပြပါမည်။(မေဇူး)

ဆီးချိုရောဂါအတွက် ကြက်သံပုရာပေါင်း ဆေးနည်း

Written By လွင့်မောင်မောင် on Friday, April 4, 2014 | 3:43 AM

ဆီးချိုရောဂါသည်တွေအတွက် ကိုယ်တွေ့ကြုံခဲ့ရသူတွေဆီက ဓာတ်စာ ဆေးနည်းကို တဆင့်ပြန်လည် 
ဖောက်သည်ချ လိုက်ပါရစေ။ 




 ဆီးချိုရောဂါရဲ့ လက္ခဏာများ 

ဆီးချိုရောဂါသည်တွေအနေနဲ့ ဆီးချိုတိုင်းတာပြီး ဆီးချိုအမှတ် အရမ်းတက်နေတယ်ဆိုရင် လုပ်ရမယ့် အစားအသောက် ဆေးနည်းတမျိုးပါ။ 

လုပ်နည်းလုပ်ဟန်

ကြက်သား ၁၀ ကျပ်သားကို ဆားနဲ့ နနွင်း နယ်ပြီး ( ကျန်တာ ဘာဆို ဘာမျှ မထည့်ရ) သံပုရာ သီး စစ်စစ် တလုံး( မခွဲမစိပ်ပဲ သဘာဝ အလုံးအတိုင်း ) နဲ့အတူ ရောပြီး ပေါင်းရပါမယ်။ အကယ်၍ ကြက်သား ကို ၂၀ ကျပ် သားဆိုရင် သံပုရာသီးက ၂ လုံး ဖြစ်ပါမယ်။ 

ပေါင်းပြီးသား ကြက်သားနဲ့ ပေါင်းရည်ကို သောက်ခြင်းဖြင့် ဆီးချိုအမှတ် တက်မှုဟာ သိသိသာသာ ကျလာမှာဖြစ်ပါတယ်။ အရသာကတော့ နည်းနည်း ခါးသက်သက်နေပါလိမ့်မယ်။ 

ဒီနေရာမှာ အထူး သတိပြုစရာတခုကတော့ ကြက်သံပုရာပေါင်းရည်ကို သောက်လို့ ဆီးချိုအမှတ်ကျ လာ မှာဖြစ်ပေမယ့် ဆီးချို တိုင်းတာတဲ့ ကိရိယာနဲ့ တိုင်းတာခြင်း သို့မဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ဆီးချို အမှတ် ကျနေပြီဆိုရင် ကြက် သံပုရာ ပေါင်းရည်သောက်တာကို ရပ်ဆိုင်းထားရပါလိမ့်မယ်။ 

အကယ်၍ ဆီးချိုအမှတ်ကျနေပါလျှက် ပုံမှန်ဆီးအနေအထား ရောက်နေပြီး ဆက်သောက်မယ်ဆိုရင် လူ့ ခန္ဓာကိုယ်မှာ သကြားဓာတ်အလွန်ကျဆင်းသွားပြီး အခက်တွေ့ပါလိမ့်မယ်။ ဒါကို အထူးသတိထားဖို့တော့ လိုပါတယ်။ 

ဆီးချိုရောဂါ ၂ မျိုး ရှိပါတယ်။ တမျိုးက ခန္ဓာကိုယ်ထဲက အင်ဆူလင်ဓာတ် ထုတ်လုပ်မှု မလုပ်နိုင်တော့တာ မျိုး ဖြစ် ပါ တယ်။ ဒါကို အင်္ဂလိပ်လို "insulin-dependent diabetes mellitus" (IDDM) or "juvenile diabetes" လို့ လည်း ခေါ်ဆိုပါတယ်။ 

နောက်တမျိုးကတော့ ခန္ဓကိုယ်ထဲက အင်ဆူလင်ဓာတ်ကို သုံးစွဲမယ့် ဆဲလ် ပျက်စီးတာမျိုးပါ။ သူ့ကိုတော့ non insulin-dependent diabetes mellitus (NIDDM) or "adult-onset diabetes" ခေါ်ပါတယ်။

ဆီးချိုရောဂါ ဆိုတာ တကယ်တော့ သွေးထဲမှာ သကြားဓာတ်လွန်ကဲမှုဖြစ်နေတာကို ခေါ်ဆိုတာပါဘဲ။ ဆီးချိုရောဂါ ခံစားရပြီ ဆိုရင် သွေးထဲမှာ သကြားဓာတ်လွန်ကဲမှုကြောင့် ခကြာခဏဆီးသွားတာ မျိုး
တွေ ဖြစ်ပြီး ရေငတ်ခြင်း၊ မကြာခဏ ဆာ လောင် မွတ်သိပ် တာမျိုးတွေ ဖြစ်တတ်ပါတယ်။ 

ဆီးချိုရောဂါရဲ့ ဆိုးကျိုးတွေကြောင့် နောက်ဆက်တွဲ အနေနဲ့ နှလုံးရောဂါ ဖြစ်နိုင်သလို ကျောက်ကပ်လည်း ပျက်ဆီးနိုင်ပါတယ်။ ဒီအပြင် မျက်လုံးလည်း အမြင်အာရုံပျက်စီးစေတတ်ပါတယ်။ ဒီအပြင် အနာတခု ခန္ဓာ ကိုယ်မှာ ဖြစ်ခဲ့ရင် သွေးထဲမှာ သကြားဓာတ်လွန်ကဲမှုကြောင့် သွေးဖြူဥ အားနည်းပြီး အနာကို အမြန်ကျက်
ပြီး ပျောက်ကင်းစေမှုအားနည်းကာ တော်တော်နဲ့ အနာမကျက်ပဲဖြစ်တတ်ပါသေးတယ်။

ဒါကြောင့် ဆီးချိုရောဂါသည်တွေအတွက် အခု ကြက်သံပုရာပေါင်း ဆေးနည်းကို သုံးဆောင်ခြင်းဖြင့် 
သွေး ထဲက သကြား ဓာတ်လွန်ကဲမှုကို လျော့ကျစေနိုင်မှာဖြစ်ပါတယ်။ 

ကြက်သားနဲ့ သံပုရာသီးကို ပေါင်းလိုက်လို့ ထွက်လာတဲ့ ဓာတ်တမျိုးဟာ သွေးထဲက သကြား ဓာတ် လွန်ကဲနေတာတွေကို လျှော့ချနိုင်စွမ်းရှိပါတယ်။ 

ဆီးချိုရောဂါသည်များ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သက်သာ ပျောက်ကင်းနိုင်ကြပါစေ။ 

အိမ့်သံစဉ် ~ 

ယောမြို့ ကပြန်ခဲ့တယ် ၊ ဆေးဝါးလည်း ကျွန်တော်နားမလည် ..... ( ၃ )

Written By လွင့်မောင်မောင် on Wednesday, February 19, 2014 | 5:06 AM



 လက်ပန်းရွာ အတွဲဘက် ( အ ထ က ) ကျောင်းကြီး

ဒီလိုနေရာမှာ ဒီလိုခန့် ခန့် ညားညား အထက်တန်းကျောင်းကြီးတစ်ဆောင် ရှိနေတာဟာ အနီးနားရှိ ရွာတွေအတွက်တော်တော် ကံကောင်းတာပါပဲ ။

မိုးတွင်းလို အခါမျိုးမှာ ရေကြီး ရေလျှံ လွယ်တဲ့ ချောင်းတွေ မြောင်းတွေ ကိုကျော်ဖြတ်ပြီး ကျောင်းလာတက်ကြတဲ့ နီးနားပတ်ဝန်းကျင်ရွာက ကျောင်းသားလေးတွေ ဟာလည်း ချီးကျူးဖို့ အရမ်းကောင်းတယ် ။ ဒီဒေသက ကလေးလေးတွေ ကျောင်းတက်နေရတဲ့ မြင်ကွင်းကို ရန်ကုန်မြို့ မှာ အလုပ်မရှိအလုပ်ရှာ စာသင်ကျောင်းအထိ လိုက်ပြီး ထမင်းခွံ့ ကျွေးနေတဲ့ မိဘတွေကို ဒီအထိ ခေါ်ပြီး ပြချင်လှတယ်။
 ပြီးတော့ ရေစီးသန်လှတဲ့ ချောင်းတွေ ကိုလှေနဲ့ ဖြတ်ကူနေရတဲ့ ကျောင်းသားကျောင်းသူ ကလေးလေးတွေအတွက် အုပ်ချုပ်သူ လူကြီးမင်းတွေက အမှန်တစ်ကယ်လိုအပ်နေတဲ့ နေရာတွေမှာ ချောင်းကူးတံတားတွေ ဆောက်ပေးနိုင်စေဖို့ ကျတော့် အနေနဲ့ ဆုတောင်းမိပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီဒေသမှာ မိဘ ၊ ဆရာ ၊ ကျောင်းသား တို့ရဲ့ လုံ့လ၀ိရိယ ကောင်းစွာနဲ့ ပညာရေးကို ကျိုပမ်း အားထုတ်မှုတွေကြောင့် အခုဆိုရင် လက်ပန်း တစ်ရွာထည်းမှာ လက်ရှိ ဆယ်တန်း အောင် ၊ ဘွဲရ လူငယ်တို့ အယေက် 50 လောက်ရှိနေကြပါပြီ ။ ဒါပေမယ့် သူတို့ လေးတွေက တတ်ထားတဲ့ ပညာနဲ့ ကိုက်ညီတဲ့ အလုပ်ကိုင်အခွင့်လမ်းတွေ မရရှိကြသေးဘဲ ဖြစ်နေကြပါတယ် ။

အလုပ်တစ်ခုခေါ်တယ်ဆိုရင် ရွာကနေလမ်းစရိတ် ၊ စားစရိတ် နဲ့ အထွေတွစရိတ်တွေ ကုန်ကျခံပြီး အလုပ်လျှောက်ကြပေမယ့် လို့  အလုပ်လစ်လပ်နေရာနဲ့ လျှောက်တဲ့ လူဦးရေ မမျှကြလို့ လားတော့ မသိဘူး အလုပ်ရရှိတဲ့သူတော်တော်ရှားတယ်လို့ သိရပါတယ် ။ ဟိုတလောက မြန်မာ တစ်ပြည်လုံး အုံးအုံးကျက်ကျက် ဆရာ ဆရာမတွေ အဖြစ်လုပ်တွေ ရရှိသွားကြပေမယ့်လို့ ဒီလက်ပန်းရွာက တစ်ယောက်တစ်လေမှ ကို မရှိကြပါဘူးတဲ့ ။ မိဘတွေခမြာ သူတို့သားသမီးတွေရဲ့ ဘ၀ ထွက်ပေါက်ရရှိဖို့ အတွက် စီးပွားရေး အဆင်မပြေကြတဲ့ အထဲက ကြိုးစားပြီး ပညာသင်ပေးကြရှာပေမယ့် ထိုက်တန်တဲ့ အလုပ်လေးတွ မရရှိကြတော့ အခုချိန်မှာတော့ စိတ်ဓာတ်တွေကျနေကြရရှာတယ် ။ အဲတာတွေကိုကြားသိရပြီးနောက်မှာ ကျွန်တော့ ကိုယ်ကျွန်တော် ဒီနယ် တစ်ဝိုက်က လူငယ်လေးတွေကို အလုပ်ကိုင် အခွင့်လမ်းတွေချပေးနိုင်ပြီး အရာရာ ဖန်တီးနိုင်တဲ့ လူတစ်ယောက်ဖြစ်ရင် ဘယ်လောက် ကောင်းလေ့မလဲ လို့ လေကြီးမိုးကြီး အတွေးတွေ ၀င်နေမိပါတယ် ။


 ရွာမှာ အစိုရက အခမဲ့လွှင့်ပေးတဲ့ ရုပ်သံလိုင်းတွေ မမိပါ ။ ဒီတော့ Sky Net လို ဆလောင်းကနေဖမ်းယူရတဲ့ လိုင်းကို ဘဲ စုပြုံကြည့်နေရတယ်လို့သိရပါတယ်  ။ အဲဒီလိုလိုင်းတွေ တတ်ဆင်နိုင်တဲ့ အိမ်က ဘယ်နှစ်အိမ်မှ မရှိတော့ လူတိုင်းစေ့ အပြင်ပလောကနဲ့ အပြည့်ဝ ထိတွေ့ မှု မရသေးဘူးလို့ ပြောရင် လွန်မယ်မထင်ဘူး ။ ဒီလို ချောင်ကျကျ နေရာတွေ မှာ သက်ရှင်ပြီး လူလုပ်နေရတဲ့ သူတွေအတွက် အခမဲ့ ရုပ်သံလိုင်းတွေတောင်မှ မဖြန့် ကျက်နိုင်သေးတာတော့ တော်တော်ကို ဆိုးပါတယ် ။ စိတ်ထဲမှာတော့ တာဝန်ရှိသူတို့ ကို အားမလိုအားမရတွေ ဖြစ်နေမိတယ် ။ ရွာက အစ်ကိုကြီးတစ်ယောက် ပြောစကားမရ ပြောရမယ်ဆိုရင် …. ပခုက္ကူမြို့  ကနေတဆင့် ဖြန့်ဖြူးနေတဲ့ ပဲမျိုးစုံနဲ့ ဒေသထွက်ကုန်တွေဟာ ကျတော်တို့ ယောဒေသက အများဆုံးကျားကန်ပေးထားတာပါဗျာ… တဲ့ ။ ဒါတင်ဘယ်ကမလဲ ကျွန်းသစ်လို ကမ္ဘာ့ဈေးကွက်အထိ တင်ပို့ နိုင်တဲ့ သစ်တွေကလည်း ဒီဒေသကနေထွက်နေတာဘဘဲ မဟုတ်လား ။ ဒါဆိုရင် သူ့ အထိုက်လျှောက်ဒေသထွက်ကုန်တွေ ထုတ်လုပ်ပေးနေတဲ့ ဒီဒေသ ဖွံ့ ဖြိုးမှု အတွက် အခြေခံ လိုအပ်ချက်လေးတွေကို တော့ ဖြည့်ဆည်းပေးသင့် တယ်လို့ ထင်တာပါပဲ ။ ရွာမှာ ကျောင်နေဖူးပြီး စာ  အုပ် စာပေတွေကို ဖတ်ရကောင်းမှန်း သိနေတဲ့ လူငယ် ၊ လူလတ်ပိုင်း အရွယ်တွေကလည်း စာကို အငမ်းမရ ဖတ်ချင်နေကြပေမယ့်လို့ ဘယ်လို စာပေမျိုးက မှ လွယ်လွယ်ကူကူနဲ့ မရနိုင်သေးပါဘူး ။ တချို့ စေတနာရှင်လေးတွေက ပခုက္ကူမြို့ ကနေ သတင်းစာနဲ့ ဂျာနယ်အဟောင်းလေးတွေ စုပြီး ပေးပို့ ကြတာလောက်ဘဲ ဖတ်နေကြရရှာပါတယ် ။ ရွာထဲမှာတော့ စာအုပ်မရှိပဲ ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ စာကြည့်တိုက်လေးတခုတော့ တွေ့ ရပါတယ် ။ အခုအဲ ဒီစာကြည့်တိုက်လေး ပြန်လည် အသက်ရှင်လာဖို့ အတွက် ရွာကလူငယ်လေးတွေ လှုပ်ရှားမှုလေးတွေ လုပ်နေတယ် အသံကြားလို့ ကျတော်လည်း ရန်ကုန်ကနေ ရတတ်သမျှ စာအုပ်စာစောင် တွေ ပို့ပေးဖို့ စီစဉ်ထားပါတယ် ။


ညဘက် ကျောင်းမှာ စာလာကျက်နေကြတဲ့ ကျောင်းသားလေးများ ......

  တကယ်တော့ သူတို့ လေးတွေ ဟာ လူသာ ချောင်ကျတဲ့ နေရာမှာ အကြောင်းကြောင်းကြောင့် ခြေချ နေထိုင်ကြရပေမယ့် အသိမြင် ဗဟုသုတ အားဖြင့် တော့ ပိတ်ဆိုပြီး မနေသင့် ဘူးမဟုတ်လား ။ တချို့ လူတွေက ကမ္ဘာကြီးဟာ ရွာကြီးဖြစ်နေပြီလို့ ကျယ်ကျယ်လောင်လောင်နဲ့ ပြောဆိုနေကြပေမယ့်လည်း  ကျတော်တို့ ဆီမှာတော့  ရွာဟာ ရွာ မြို့ ဟာမြို့ အဖြစ် ကွာဟမှုတွေ ရှိနေပါသေးလားလို့ တွေးနေမိပါတယ် ။ အခုချိန်မှာ ဆက်သွယ် ပြောဆိုစရာ တယ်လီဖုန်းတွေ ရွာမှာ ( လိုင်းမိအောင် အထူးတလည် တပ်ဆင်ပြီး ) သုံးပြုနိုင်ကြလို့ သာတော်တော့တယ် ။ ရွာမှာ ကျမ်းမာရေး စောက်ရှောက်မှု အနေနဲ့ အစိုးရ သားဖွားဆရာမတစ်ယောက်ရှိတယ်လို့ သိရပါတယ် ။ သာမန် အဖြားရောဂါနဲ့ ဆေးရုံ မတက်ရတဲ့ ရောဂါ တွေ ဆိုရင်တော့ ရွာကလက်ခံထားတဲ့ ဆေးဆရာ အမည်ခံတွေ ဆီမှာပဲ ဆေးထိုး ဆေးသောက် နဲ့ ကုသခံကြ ပုံရတယ် ။ ရွာထဲက စီးပွားရေး ပြေလည်ပြီး အသိဥာဏ် ဗဟု သုတရှိတဲ့ အဒေါ်ကြီးတစ်ယောက်က .. တို့ ဆီမှာ ဆရာဝန်တစ်ယောက် တော့ လိုတာပါ့….အခုလက်ရှိမှာတော့ မသေသင့်ဘဲ သေတဲ့ သူနဲ့ ရေတိမ်နစ်တဲ့ သူတွေ တော်တော်များနေပြီ… တဲ့ ။ အဲ လို အပြောမျိုး ကျန်တဲ့ ရွာသားတွေ ပြောသံ သိမ်မကြားရပါဘူး ။ စောစောက အဒေါ်ကြီးပြောသလို မသေသင့် ဘဲ သေသွးကြရတဲ့ လူတွေအတွက် ဗုဒ္ဓဘာသာဝင်တွေ ပီပီ သေနေ့ စေ့လို့ သေတယ် ဆိုတာ နဲ့ လူတွေဟာ သူ့ ကံပါလာသလောက်ပဲ လူ့ ပြည်မှာ နေကြရတယ်လို့ ယူဆ ထားကြတာလားတော့ မသိဘူး ။



                    ဒီနေ့ တစ်နေကုန် ရွာထဲ လျှောက်လည်ပြီးတာနဲ့ မနေ့ က ညဘက်ကြီးယောချောင်းမှာ ကျတော့် ကို ရေသွားချိုးခိုင်းရတာ အားနာလို့ လားတော့ မသိ ညနေ 4 နာရီလောက်မှာ ကျတော့်ကို ယောချောင်းဆီ ခေါ်သွားပြီး ရေချိုးစေပါတယ် ။ အဲလိုမျိုးလင်းလင်းကျင်းကျင်း အချိန်မှာဆိုရင်တော့ ရေချိုးရုံ ဘယ်ကမလဲ အားရအောင် ရေတွေ ဘာတွေတောင် ကူးလိုက်သေးတယ် ။ ဒီလို ချောင်းထဲ ရေမကူးရတာကြာပေါ့ ..။ ကျတော့် အထင် ဒီလက်ပန်းရွာ ရှုခင်းကို ဒီအချိန်မှာ ကြည့်ရတာ အကောင်းဆုံးလို့ ထင်တယ် ။ အနောက်ဘက်က ၀င်ခါနီး နေလုံးကြီးက လက်ပန်းရွာရှိတဲ့ တောင်ကုန်းလေးရယ်  ရွာအ၀င် လက်ပံပင် ကြီးရယ် ပြီးတော့ အဲဒီနားမှာ တောင်နဲ့ မြောက် စီးဆင်းနေတဲ့ ယောချာင်းကြီးကို မီးမောင်ထိုးပေးထားသလိုကို ဖြစ်နေပါတော့ တယ် ။ အဲ ဒီ အချိန်မှာ ဆိုရင် ချောင်းတန်း တစ်လျောက်ရှိ ရွာတွေက ရေချိုးနေသူ ၊ ချိုးဖို့ လာနေသူနဲ့ ရေချိုးပြီး ပြန်သွားသူတွေဟာ စည်ကားလို့ နေတယ် ။ ဒါအပြင် အဲ ဒီ အချိန်ဟာ ချောင်းတစ်လျှောက် ကြက်သွန်ခင်း ၊ ပဲခင်း စိုက်ပျိုးထားတဲ့ သူတွေက စိုက်ခင်းထဲကို ရေတွေ ပက်ကြတဲ့ အချိန်ဖြစ်ပါတယ်  ။


ညနေစောင်း ယောချောင်းကို ရေချိုးဆင်းချိန် .....

    ညစာထမင်းကိုတော့ သူငယ်ချင်းရဲ့ အဘိုးနဲ့ အဖွား အိမ်မှာ အဒေါ်တွေက ချက်ကြွေးတဲ့ ထမင်းကို စားရမယ်တဲ့ ။ စားပွဲ အ၀ိုင်း တစ်ခုထဲ မှာ ဟင်းခွက်တွေ အပြည်ခင်းထားပြီး အိမ်ဦးခန်းမှာ ပြင်ထားပေးတယ် ။ အဲ ဒီအချိန်ကျတော့် သူငယ်ချင်းက ရွာထဲ ခဏ ၀င်သွားတာမို့ ကျတော့် တစ်ယောက်တည်း စားဖို့ အတွက် ပြင်ပေးထားတာ လို့ ပြောပါတယ် ။ ကျတော့် က ..အဲ လိုတော့ မဖြစ်ဘူး ဆိုပြီး အဖိုးနဲ့ အဖွားကိုပါ ကျတော်နဲ့ အတူတူ ၀င်စားဖို့ အတော်လေးကိုတောင်းပန်ရတယ် ။ ဟင်းတွေကတော့ စုံနေတာပါဘဲ ။ လက်ပံခြောက် အချဉ်ရည်ဟင်းက သောက်လို့ ကောင်းပြီး အနံ့ လေးက တစ်မျိုး ဖြစ်နေလို့ သေချာ ကြည့်လိုက်တော့ ဇီးသီးခြောက်လေးတွေ ထည့်ချက်ထားတာကို တွေ့ ရတယ် ။ .ဇီးသီခြောက်လည်း ဟာင်းချက်လို့ ရတာပဲကိုး …။ ကြက်သား ဟင်းကတော့ ငရုပ်သီးစပ်စပ်လေးနဲ့ ချက်ထားတော့ မအီဘဲနဲ့ စားလို့ ကောင်းလှတယ် ။ ကျတော်တို့ ဆီက စီပီ ကြက် အရသာနဲ့ တော့ ကွာပါ့ ။ နောက် ပြီး ဟင်းတစ်မယ်က ချမ်းချဉ်သီးနဲ့ ပျားသားပေါက်လေးတွေကို ရောပြီးချက်ထားတာတဲ့ ။ အဆန်းပါလား … တစ်ခါမှကို မစားဖူးသေးတဲ့ ဟင်းတစ်မျိုးပါပဲ ။ နောက်ပြီး ကျွန်တော်တို့ ရေချိုးသွားတုန်း သူငယ်ချင်းက ငါးဖမ်းတဲ့ သူဆီမှာ လပ်လပ်ဆပ်ဆပ် ၀ယ်လာပြီး အသုပ်လုပ်ထားတဲ့ ငါးသုပ် လည်းပါသေးတယ် ။ အဲဒီညက စားရတဲ့ ညစာကိုတော့ စားနေကျထက် နဲနဲ ပိုပြည့်အောင်ကို စားလိုက်မိပါတယ် ။ မနက်ရောက်တော့  ကျတော့ သူငယ်ချင်းက .. အစ်ကိုကြီးကို ကျတော့် အဘိုးက တော်တော်ကို ခင်မင်ပုံဘဲ ဗျ .. ကျတော်တို့ ကာလသားတွေ ဟင်းချက်စားဖို့ သူမွေးထား တဲ့ ကြက်ကိုတောင်းရင် တစ်ခါမှ မရဘူး ..အခု အစ်ကိုကြီးကို ချက်ကျွေးဖို့ သူမွေးထားတဲ့ ကြက်ကို တစ်ခြားတစ်ယောက်အကူညီနဲ့  သူကိုယ်တိုင်စီမံလိုက်တာဗျ …တဲ့  ..ကဲ ။ ကျတော့်မှာတော့ ကြားရတာ အားနာသလိုလို ၊ စိတ်ညစ်သလိုလို ၊ ရည်ချင်သလိုလိုနဲ့ စိတ်ထဲမှာ ခံစားရတာ ဘယ်လိုကြီးမှန်းကိုသိဘူး ။ အဘ ကိုတော့ စိတ်ထဲ ကနေပြီး အမြန်ဦးချကန်တော့လိုက်ရပါတယ် ။


ညနေစောင်းရေချိုးဆင်းချိန် ယောချောင်းမြင်ကွင်း .....

   ထမင်းစားပြီးလို့ ခဏ အကြာမှာ သူတို့ ရွာဓလေ့ ထမဲနဲ ထိုးပါတယ် ။ ညဘက် ကျတော်ကို အကြောင်းပြုပြီး အိမ်ကို လာလည်တဲ့ ဧည်သည်တွေ နဲ့ ကျတော့် ကိုကျွေးရအောင်တဲ့ ။ ထမဲနဲ ထိုးတာ ကျတော်တို့ ဘက် မှာလို မိုးဗြဲဒယ် အိုးကြီးထဲ မှာ မီး အပူပေးပြီး ထိုးတာမျိုမဟုတ်ဘူး ။ ကောက်ညှင်းကို အရင်တည်ပြီး ဒန်အိုးအငယ်ကို မီးပူ မပေးဘဲ ယောင်းမငယ် နှစ်လက်နဲ့ ထိုးရင်း ပဲဆီထည့် ၊ မြေပဲထည့် ၊ နှမ်းထည့် .နဲ့ ကောက်ညှင်းတွေ စေထန်းသွားတဲ့ အထိ ထိုးကြတာပါ ။ ထမဲနဲ နဲ့ ရေနွေးကျမ်း ၀ိုင်းဖွဲ့ ပြီးနောက်မှာ ညအိပ်တဲ့ သူငယ်ချင်းရဲ့ အိမ်အသစ်လေးကိုသွားကြပါတယ် ။

                              အိမ်ရောက်မှာတော့ ကျတော်သူငယ်ချင်းရဲ့ ဆွေမျိုးတွေ အကုန်လုံးနဲ့ အနီးနားက လူတွေလည်း အိမ်ကိုလာပြီး စကားတွေ လာပြောကြပါတယ် ။ တချို့ ကလည်း မနက်ဖြန်ပြန်တော့ မယ့် ကျတော့် ကို ယာခင်းထဲ သွားတဲ့ အချိန်နဲ့ လွဲ နေမှာမို့ ကြိုပြီး လာနုတ်ဆက်တာတဲ့ ။ သူငယ်ချင်းနဲ့ ပက်သက်တဲ့ ဆွေမျိုးတွေက တော့ သူတို့ ဆွေမျိုးတွေ နဲ့ တွေ အကြောင်း ၊ သူ့ဒေသ ကိုယ့် ဒေသ ကွဲပြားမှုလေးတွေ ၊ ထူးဆန်းစွာ ထားဝယ်စကားနဲ့ အသံထွက်ရော ပြောဆိုပုံ လေသံ ပါတူနေတာတွေ ပြောဆို ဖလှယ်ကြပါတယ် ။ ရွာခံဖြစ်တဲ့ ကျတော့် သူငယ်ချင်းက သူ့ အဖွား စကားပြောတာ ယောဝဲလို့ တော်ရုံလူ နားမလည်ဘူးတဲ့ .။ အခု ဟိုးအဝေးကြီးဖြစ်တဲ့ ထားဝယ်က လာတဲ့ ကျတော်က အဖွားပြောတာ ကောင်းကောင်းကြီးကိုနားလည်နေတယ် ။ ဘာလို့ လဲ ဆိုတော့ စကားလုံးတော်တော် များများက ထားဝယ် စကားနဲ့ တူနေတာကိုး ။   ဥပမာ … နင် ဆိုရင်  နန် ၊ စာသင်တယ် ဆိုရင် စာသန်တယ် ၊ နင်း တယ် ဆိုရင် နမ်းတယ် ၊ ရည်းစား ဆိုရင် ရဲစား ၊ ရေတွင်း ဆိုရင် ရေဒွမ်း ၊ ထမင်းနဲ့ ဟင်း ဆိုရင် ထမှန်း န ဟမ်း …..စသဖြင့် အဲလိုဟာမျိုးလေးတွေပါ ။  အဘွားက ဒီရွာမှာမွေး ဒီရွာမှာကြီးပြီး ရွာကနေ ကနေ အပြင်ဘက်ဒေသ ကို သိပ်မရောက်ဖူးတော့ ယောစကား ယော သံတွေက မပျောက်ဘူးတဲ့ ။ အခုခေတ် နောက်လူတွေ က တခြားဒေသတွေနဲ့ ကူးလူးဆက်နွယ်သွာလာဖူးကြတဲ့အခါ ယောစကား အသံဟာပျောက်သလောက်ဖြစ်လာပြီး ဗမာပြောဟန်တွေပါလာတယ်လို့ သိရပါတယ် ။ အခုယောသား ကျတော့် သူငယ်ချင်းစကားပြောရာမှာလည်း ယောဟန်နဲ့ ပြောမိသွာတဲ့ စကားလုံးလေးတွေ ကို မသိမသာချက်ချင်းပြန်ပြင်ပြီး ပြောနေတာကို သတိထားမိပါတယ် ။ လူတွေကလည်း အခက်သားမို့လား .။  အဲလို မူလဒေသ လေသံတွေ နဲ့ စကားပြောကြတဲ့ သူတွေ ကို တောသံပါတယ် .. အညာလေသံကြီး ..စသဖြစ်ပြောဆိုတတ်ကြတော့  အဲလို မျိုးအပြောမခံရလေအောင် ကိုရွေနယ်သားတွေက သူတို့ ပင်ကိုယ် စကားသံတွေ ကို ပြင်ပြောရင်းပြောရင်း နဲ့ မူရင်းစကားသံဟာပျောက်ကုန် တော့တာပဲ ။ ကျန်တော် တို့ ထားဝယ်စကားတွေ လည်း အဲလို ပုံစံမျိုးနဲ့ တော်တော် များများပျောက်ကုန်ပါပြီ ။

သူတို့ ဆီက ထမနဲ့ ထိုးနည်း ......

  ကျတော့် ကိုလာတွေ့ ပြီး စကားလာပြောတဲ့ အသက် 25 နှစ်ကနေ 50 အကြား အစ်ကိုကြီး အစ်မကြီး ၊ အဒေါ်ကြီး တို့ကို ရန်ကုန်မြို့ ကိုရောက်ဖူးလားလို့ မေးတော့ တစ်ယောက်မှ ရောက်ဖူးတယ်လို့ မဖြေဘူး ။ ကျောက်ထုမြို့ နဲ့ တိုက်ရိုက်က်ကားလမ်းပေါက်နေတဲ့ ပခုက္ကူနဲ့ မန္တလေး မြို့ တွေ ကိုတောင်မှ ရောက်ဖူးတဲ့ သူခပ်ရှားရှားပါ ။ အသက် 38 နှစ်အရွယ် အစ်ကို တစ်ယောက်က   ဒီတစ်သက်တော့ ရန်ကုန်မြို့ ကြီးကို ရောက်ဖူးတော့ မှာမဟုတ်တော့ ပါဘူးဗျာ… ဆိုပြီးအားလျှော့တဲ့ လေသံနဲ့ ပြောတာကိုတော့ တော်တော်ကို စိတ်မကောင်းဖြစ်မိပါတယ် ။ ဆိုလိုတာက ရန်ကုန်မြို့ ကြီးကို ရောက်ဖူးမှ လူရာဝင်မယ်လို့ ပြောတာမဟုတ်ပါဘူး ။ သူတို့ သက်တမ်း တစ်လျှောက်မှာ ဒီရွာနဲ့ ဒီပတ်ဝန်းကျင် နေရာတွေ မှာသာ အချိန်ကုန်သွားတာ မျိုးမဟုတ်ဘဲ အပြင်ဘက်လောက ကြီးကိုလည်း တစ်ခါတစ်လေလောက် ထွက်ပြီး လေ့လာ ကြည့်ရှု စေချင်လို့ပါ ။ အသက် ခြောက်ဆယ်နား နီးကပ်နေတဲ့ အဘကြီး အဒေါ်ကြီး အနေနဲ့ လည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတဲ့ အလျှောက် ကိုယ့်နိုင်ငံမှာ ထင်ရှားကျော်ကြားတဲ့ ရွှေတိဂုံ စေတီကြီးလို အထင်ကရဘုရားတွေကို ဖူးခွင့် ရစေချင်တာပါပဲ ။ ရွာမှာက ရှမ်းစတားဂျစ် လို ကားလေး သုံးစီးရှိပြီး ပခုက္ကူနဲ့ အလှည့်ကျ ကုန်ပစ္စည်းနဲ့ လူတွေကို ပို့ ဆောင်ပေးနေတယ်လို့ သိရပါတယ် ။ အသက်ကြီးပိုင်းက လူတွေ ပြောလေ့ရှိတာက     ကားကြားကြာမစီးနိုင်ဘူး .. အဲလိုစီးလို့ ရှိရင် မူးဝေ အော့အန်တော့ တာ ..တဲ့  ။ အဲဒါက motion sickness ဖြစ်တာကိုပြောတယ်လို့ ထင်ရပါတယ်  ။ ဒါကလည်း ခရီးသွားလေ့မရှိတဲ့ သူတွေ ပဲဖြစ်တတ်ကြတာပါ ။ အလေ့အကျင့်ဖြစ်ဖြစ်သွားရင် အဲ ဒါတွေက မဖြစ်တော့ပါဘူး ။  နောက် လူငယ်လေးတွေကို ကမ္ဘာ့နိုင်ငံ အသီးသီးကနေပြီးမှ လာရောက်လည်ပတ်ကြရတဲ့   သူတို့ အရပ်ဒေသနဲ့ သိပ်မဝေးလှတဲ့   ပုဂံရှေးဟောင်းနယ်မြေကို ရောက်ဖူးကြလားလို့ မေးတော့ လည်း ရောက်ဖူးတယ်လို့ပြောတဲ့ သူတော်တော်ရှားပါတယ် ။ ရုပ်စွဆုံး သူတို့ အနားမှာ ကပ်နေတဲ့ ပုံတောင် ပုံညာဒေသအကြောင်းကိုလည်း သူတို့ ရေရေရာရာ မသိကြ ။ ဒါကတော့ တန်းပညာ သင်ဖူးတာအပြင် တခြားအပြင်ပ ဗဟုသုတ ဖြစ်ဖွယ် စာပေတွေကိုပါလေ့လာမှ သိနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်တော့ သိပ်ပြီး အပြစ်တင်လို့ တော့ မဖြစ်ဘူး ။



ညဘက် ကျတော့် ဆီကို စကားလာပြောရင် နုတ်ဆက်ကြသူတွေ .....
                      ဒီဒေသက ဒီရွာတွေနဲ့ ပက်သက်ပြီး အကြောင်းတွေ ပြောနေရရင်တော့ စာတော်တော် ရှည်သွားမှာမို့ ဒီမှာပဲ အဆုံးသပ် လိုက်ပါရစေတော့ ။ အဓိကကတော့ ကျေးရွာနေ လူထုကြီးတစ်ခုလုံး ဘ၀မြှင့်တင်နိုင်ဖို့ ဆိုတာ စီးပွားရေး လူမှုရေး နဲ့ အလုပ်ကိုင်အခွင့်လမ်းတွေပေါ်ပေါက်အောင် သက်ဆိုင်ရာ အစိုးရအဖွဲ့ စည်းတွေက လုပ်ဆောင်ပေးကြရမှာ ဖြစ်သလို ဒေသခံ ပြည်သူလူထုဖက်မှလည်း ရလာတဲ့ အခွင်းရေးကိုလက်မလွပ်စေဘဲ သူတို့ ကိုယ်နှိက်က လက်ရှိဘ၀ကနေ ရုန်းထွက်လိုစိတ်နဲ့ ကြိုးစားရမှာ ဖြစ်တယ်လို့ ကျတော့် အနေနဲ့ မြင်မိပါတယ် ။ ဒါက ကျတော်မြင်တတ်သလောက်မြင်မိတာပါ ။ တကယ်တော့  ဒီလို တစ်ရက် နှစ်ရက် အတွင်း ကျတော်မြင်တွေ့ ကြားသိခဲ့ရတာတွေ ကိုအခြေခံပြီး လည်း မှန်ကန်ဆုံးကောက်ချက်ချမှုကို မရရှိနိုင်ဘူးလို့ ကျတော် ကောင်းကောင်းကြီး သဘောပေါက်ပါတယ် ။

                        မနက်မိုးလင်းတော့ ရွာကနေ ပြန်ရတော့ မှာမို့ ကျောက်ထုကို မနက် 10 နာရီထိုးသွားဖို့ ပြင်ဆင်ရပါတယ် ။ ကျတော်တို့ စုရပ်ဖြစ်တဲ့ သူငယ်ချင်းရဲ့  အဖိုးဖွားအိမ် ကိုကျတော်ရောက်လာတဲ့ အချိန်မှာ ရွာထဲက လူတွေ အလျှိုလျှိုထွက်လာကြပြီး ကျတော့် ကိုလာနုတ်ဆက်ကြပါတယ် ။ အဖွားတို့ မိသားစုကလည်း လာနုတ်ဆက်တဲ့ သူတွေကို ညက ထိုးထားတဲ့ ထမဲနဲ နဲ့ ရေနွေးကျမ်းချကျွေးရတာလဲအမောပါပဲ ။ တချို့ ကလည်း ဒီနှစ်ရက်ထဲ ရွာကိုလာလည်လို့ ဧည့်ဝတ်တောင် ကောင်းကောင်းမပြုလိုက်ရဘူးဆိုပြီး မကြေမနပ်နဲ့ ဆိုပြန်တယ် ။ သူတို့ အလိုရ တစ်ပါတ်လောက်ကိုနေစေချင်ပြီးတော့ ကျွေးမွေးပြုစုပြီးတော့ မှ ရွာအနေနဲ့ ဧည့်ဝတ်ကျေတယ်လို့ ယူဆထားပုံရပါတယ် ။ ကျတော့် ဘက်ကလည်း ဒီလို ပြုစုပုံမျိုးနဲ့ တော့ အားနာလွန်းလို့ နောက်ထပ် တစ်ရက်လောက်တောင်ထပ်ပြီး နေလို့ မကျတော့ပါဘူး ။

ကျွန်တေည်ပြန်ခါနီး လာနုတ်ဆက်ကြသူ တစ်ချို့  .....



                      ဒီလိုနဲ့ ဘဲ မနက် 9 နာရီလောက်မှာ ကျတော့်ကိုလိုက်ပို့ မယ့် ဆိုင်ကယ် နှစ်စီး ရောက်လာတော့ လာရောက်နုတ်ဆက်ကြတဲ့ အစ်မကြီး အဒေါ်ကြီး တွေကို လေးလေးနက်နက် နုတ်ဆက်ပြီး ရွာကနေထွက်ခွာလာခဲ့ ပါတယ် ။
 ရွာအပြင် ကိုရောက်တဲ့ အခါမှာဆိုင်ကယ်ကို ခဏ နားစေပြီး နေရောင်အောက်မှာ ငြိမ်သက်စွာ စီဆင်းနေတဲ့ ယောချောင်းကြီးနဲ့ ကုန်းမြင့် လေးအပေါ်က လက်ပန်းရွာလေးကို ရွာအ၀င်လက်ပံပင်ကြီးနဲ့ အတူ နောက်ဆုံးနှတ်ဆက်တဲ့ အနေနဲ့ မျက်နှာမူပြီး ကြည့်လိုက်ပါသေးတယ်……… ။  



ရွာအပြင် ယောချောင်းနဘေးကနေ လက်ပန်းရွာကို ရွာ အ၀င် လက်ပံပင်ကြီးနဲ့ အတူ နုတ်ဆက်ခဲ့တယ် ။
- နောက်ထပ် ဘယ်တော့ များမှ ရောက်လာအုံးမယ်မှန်းမသိတဲ့ …….. ဒါမှ မဟုတ်
- နောက်ထပ် ရောက်ဖြစ်ချင်မှလည်း ရောက်ဖြစ်တော့ မှာဖြစ်တဲ့ လက်ပန်း ရွာလေးရေ …….နှတ်ဆက်ပါတယ် ခင်ဗျာ …. ။


                          ( ယောနယ်က ပြန်ခဲ့ တဲ့ ရန်နောင်စိုး )

ယောမြို့ ကပြန်ခဲ့တယ် ၊ ဆေးဝါးလည်း ကျွန်တော်နားမလည် ..... ( ၂ )

Written By လွင့်မောင်မောင် on Tuesday, February 18, 2014 | 8:27 AM




           ကျောက်ထုမြို့  ကိုရောက်လို့ ကားပေါ်ကနေ အထုတ်ဆွဲပြီးဆင်းတဲ့ အချိန်မှာ ညနေ ၄ နာရီ မီနစ် ၂၀ ရှိပါပြီ ။ ကျတော် အကွင်းလိုက်ကြီး မြင်ယောင်နေတဲ့ မျက်နှာနဲ့ လာကြိုမယ်သူကို လိုက်ရှာကြည့်တော့ အနီးနားတစ်ဝိုက်မှာ တစ်ယောက်မှ မတွေ့  ။ လမ်းပေါ်မှာ လူဆိုလို့ ကျတော့် တစ်ယောက်တည်း ငေါင်စင်းစင်းကြီးနဲ့ ရယ်ပါ ။ ကျတော့် လာခဲ့ တဲ့  လမ်းတစ်လျှောက် ဖုန်းလိုင်းမိတဲ့ နေရာတိုင်းမှာ  …. အစ်ကိုကြီး ဘယ်နားရောက်နေပြီ လဲ … ကျတော် အခု ကျောက်ထု ကိုသွားဖို့ ရွာကနေထွက်လာနေပြီ ..အေးဆေးသာလိုက်ခဲ့ ကျတော် ကြိုနှင့်မယ် ..ဆိုပြီး အတန်တန် ဖုန်းဆက်ထားတဲ့ သူက အခုကျတော် ကျောက်ထု ရောက်တဲ့ အချိန် သူအရင် ကြိုပြီးရောက်နှင့်မယ်လို့ ပြောခဲ့တဲ့ နေရာကို ရောက်မလာခဲ့ ဘူး  ။ နယ်မြို့ လေးဆိုတော့လည်း မြို့ ခံတွေက တခြားဒေသက သူစိမ်းတစ်ယောက် ရောက်လာရင် ထင်ထင်ရှားရှားနဲ့ လွယ်လွယ်ကူကူနဲ့ သိနေပုံရပါတယ်  ။  အနီးနား ပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်တွေနဲ့ လက်ဖက်ရည်ဆိုင်ထဲ မှာ ထိုင်နေကြတဲ့ သူတွေက ကျတော့်ကို ကုတ်ချောင်းကုတ်ချောင်းနဲ့ စူးစမ်းသလို ကြည့်နေကြပါတယ် ။ အဲဒီချိန်မှာဘဲ ပထမဆုံးအကြိမ် ကျတော့် စိတ်ထဲ အားငယ်စိတ်တွေ ပြေးဝင်လာပါတော့ တယ် ။ ကျတော်က ရန်ကုန်ကနေပြီးတော့သာလာခဲ့တာ အောက်ပြည်ဖြစ်တဲ့  ထားဝယ်ဒေသကသာ ကိုယ့် ရပ်ရွာ ကိုယ့် ဇာတိ မြေအဖြစ် အမြဲတမ်းခံယူထားတော့ အခုလိုဝေးလံလှတဲ့ အရပ်ဒေသ ၊ ကိုယ်နဲ့ သိတဲ့ သူဆိုလို့ တစ်ယောက်တစ်လေ မှမရှိတဲ့ ဒီကျောက်ထု လို မြို့ လေးမှာ ဘယ်ကိုရှေ့ ဆက်သွားပြီး ဘာတွေဆက်လုပ်လို့ လုပ်ရမယ် မှန်း မသိတော့ ။ ပခုက္ကူ မြို့ မှာ လိုတည်းခိုခန်းတွေ ဟိုတယ်တွေ ရှိရင် ဘာအရေးလဲ ။ တကယ်ဆို ဒီဒေသကို မရောက်ဖူးတဲ့ ကျတော်စီးလာတဲ့ ကားမဆိုက်ခင် အချိန်နဲနဲ လေးစောပြီး လာစောင့် နေဖို့ ကောင်းတာ ။ သူ့ မျက်နှာကို တစ်ရွာ မဟုတ်ဘူး   ဒီချင်းတောင်ကြီး တခုလုံးစာမျှ အားကိုးပြီးလာခဲ့ တယ်ဆိုကာမှ  ဒီပုဂ္ဂိုလ် လုပ်ရက်လေခြင်းဆိုပြီးတော့ စိတ်ထဲ မှာတော့ တောင်တွေး မြောက်တွေးနဲ့ အတွေးတွေ ရှုပ်ရှက်ခပ်နေပါတယ် ။ လက်ကလည်း ကျောက်ထုမြို့ ကို ၀င်ပြီ ဆိုကတည်းက သူ့ ဖုန်းကို ခေါ်နေလိုက်တာ Call Logs မှာ ကြိမ်အရေတွက် 20 ကျော်နေပါပြီ ။ ခေါ်တိုင်းလည်း စက်ပိတ်ထားပါတယ် နဲ့ ဆက်သွယ်မှုဧရိယာ ရောက်နေတဲ့ အကြောင်းဘဲ ထပ်ခါထပ်ခါ ပြန်ပြောနေပါတယ် ။

ဆိုင်ကယ်က ရေထဲဆင်း ၊ လူတွေကတံတားပေါ်ကလျှောက် .......
ဆိုင်ကယ်က ရေထဲဆင်း ၊ လူတွေကတံတားပေါ်ကလျှောက် .......


                       ဒီတိုင်းကြီးလမ်းပေါ်မှာ ရပ်နေလို့ကလည်း မဖြစ်တာနဲ့ နီးစပ်ရာ ဈေးဆိုင်လေး တစ်ဆိုင်ရဲ့  အပြင်ခုံတန်းလေးမှာ ဆိုင်ရှင်ကိုအခွင့် တောင်းပြီး ၀င်ထိုင်လိုက်ရပါတယ် ။ စိတ်ထဲ မှာတော့    အို …. သူလာမကြိုလဲ ဘာအရေးလဲ ၊ ကိုယ်ရောက် ရှိနေတဲ့ နေရာဟာ ကိုယ့်နိုင်ငံ ကိုယ့် တိုင်းရင်သား တိုင်းရင်းသူတွေ နေတဲ့ အရပ်ဘဲဥစ္စာ အိပ်စရာ နေရာ မရှိရင်လည်း နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ ၀င်တည်းပြီး ပတ်ဝန်းကျင်ဒေသ ကိုလေ့လာခဲ့ ရုံပေါ့ …… ဆိုတဲ့ အတွေးနဲ့ ကိုယ့် စိတ်ကိုယ် တင်းပြီး မိုးနတ်မင်း သူငယ်ချင်းကြီး ကြွလာနိုးနိုးနဲ့ ထိုင်စောင့် နေခဲ့ပါတယ် ။ အဲဒီလို ထိုင်စောင့် နေတာ အချိန်ဘယ်လောက်ကြာသွားသလဲ တော့ မသိဘူး ။ ဈေးဆိုင်ပိုင်ရှင် အစ်မကြီးက ကျတော့်ကို  စိတ်ချလက်ချ နဲ့ ဘာမှလည်းမပြောမဆိုဘဲ ဆိုင်ကိုထားပြီး အပြင်ထွက်သွားပါတယ် ။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ကျတော် စောင့် မျော်နေတဲ့ ကိုယ်တော်ချောက ဆိုင်ကယ် တစ်စီးနဲ့ အဝေးကနေပြီး ကျတော့ကို သိပ်ပြီး မျက်မှန်း မတန်းမိလို့ အကဲခတ်လာတဲ့ ပုံစံနဲ့ ကျတော့်ဆီ ဦးတည်ပြီး မောင်းဝင်းလာပါတယ် ။ ကျတော်ကလည်း သူရောက် ရောက်ချင်း   … ကျုပ်က မင်းဒပ်က ပြန်ဆင်းလာတဲ့ ကားနဲ့ ပခုက္ကူပြန်လိုက်သွားတော့ မလို့ လုပ်နေတာ…..( အဲလိုပြောလိုက်တဲ့ အချိန်မှာ ကျတော့ မျက်နှာက သုံမှုံနေပုံရပါတယ် ) …ဆိုပြီး ပြောလိုက်တော့   ကပြာကရာနဲ့   ဟာ..အစ်ကိုကြီး အဲ လိုလုပ်လို့ ဘယ်ဖြစ်မလဲ ဗျာ…အစ်ကို လာမှာမို့ လို့ စစရာရာပြင်ဆင်ပြီးသားဗျ ….. ပြီးတော့ ကျနော် ဒီနေရာကို ဆိုင်ကယ်နဲ့ လာပြီး ပတ်ပတ် ကြည့်နေတာ ဆယ်ခါလောက်ပြည့်ရော့ မယ် ..ကျတော့် ဖုန်း call logs ကိုကြည့်အုံး အစ်ကို့ ဖုန်းကို တောက်လျှောက် ခေါ်ထားတာဗျ ….ဆိုပြီး အားနာ စွာနဲ့ ဆိုပါတယ် ။  ဖြစ်ပုံက …. ကျောက်ထုမြို့ ရဲ့  ကုန်းအတက်အဆင်း များတဲ့ နေရာတွေ မှာ ဖုန်းလိုင်း မမိနိုင်တာကို သိထားမိပုံမရဘဲ ကျတော်နဲ့ ချိတ်ဆက်မိဖို့ ဖုန်းကိုဘဲ အားကိုးထားလို့ အဲ ဒီလို လွဲချော်မှုတွေ ဖြစ်ခဲ့ ရတယ်လို့ အဖြေထွက်လာပါတယ် ။

ကျောက်ထု ကနေ ရွာကို သွားတဲ့ လမ်းအကြားက ဖုန်လမ်းလေး..
ကျောက်ထု ကနေ ရွာကို သွားတဲ့ လမ်းအကြားက ဖုန်လမ်းလေး..


                     ကိုင်း ..ဒါဖြင့် ရင်လဲ မိုးကလဲ ချုပ်လာပြီဆိုတော့ ခရီးဆက်ကြစို့  ဆိုပြီး
 6 မိုင်လောက် ဝေးတယ်လို့ သိရတဲ့  လာကြိုသူ ကျတော့် သူငယ်ချင်းရဲ့ ရွာဖြစ်တဲ့ လက်ပန်းရွာ လေးကိုထွက်ခွာဖို့ ပြင်ဆင်ရပါတယ် ။ စောစောက ပြောခဲ့ တဲ့ အတိုင်း ကျောက်ထု မြို့ လေးက တောင်ကုန်းပေါ် တည်ထားခဲ့ တာဆိုတော့ မြို့ နယ်နိမိတ်ကနေ ရွာဘက်ကို စထွက်ပြီဆိုတာနဲ့ တော်တော် ကိုမတ်စောင့် တဲ့ ကျောက်တုံးခင်း လမ်းပေါ်ကနေ ထိုးပြီးဆင်းရပါတယ် ။ အရှေ့ က မောင်းနေတဲ့ သူက ဘယ်လောက် သတိထားပြီးမောင်းနေရသလဲတော့ မသိ နောက်ကနေထိုင်တဲ့ သူတောင်မှ ဆိုင်ကယ်ကို ခုံတန်းက လက်ကိုင်ကို သေခြာမြဲမြံစွာကိုကိုင်ထားလိုက်ရတယ် ။ မြေပြန့် အပေါ် ရောက်လို့ နဲနဲ လေးမောင်းလာပြီးတာနဲ့ ချောင်းလေးတခု ခြားထားတဲ့ ရွာငယ်လေးတစ်ရွာ ကိုတွေ့ ရပါတယ် ။ ရွာနာမည်ကတော့ လေးရွာ ပါတဲ့ ။ ဆိုင်ကယ်တွေကတော့ ချောင်းထဲ က ဖြတ်မောင်းသွားပြီး တစ်လက်မ သံလုံး အရှည်ကြီးတွေနဲ့ ကြိုးတံတားလိုလုပ်ထားပြီး အခင်းပြင်မှာ ၀ါးကပ် ခင်းထားတဲ့ တံထားပေါ်ကနေ ကျတော်က ဖြတ်လျှောက်ရတယ် ။ ကြိုးတံတားဆိုတော့ ယိမ်းထိုးလှုပ်ခါနေတာမို့ တစ်နေ့တာလုံးကားစီလာရတဲ့ ကျတော့် ခေါင်းက ခပ်မူးမူး နဲ့ ချောင်းထဲ ပြုတ်မကျ အောင် အတော်လေးကို သတိထားပြီး လျှောက်ရတယ် ။
                               အဲဒီ လေးရွာ ကျော်လို့ ခရီးစအထွက်မှာ လှည်လမ်း ( လှည်းတွေ ဘဲ အဓိက သွားပုံရတယ် ) သာသာ မြေနီလမ်းလမ်းလေးက ဆက်မောင်းရပြန်တယ် ။ ဖုန်တွေက ခြေဖ၀ါး မြုတ်အောင် ထူနေပေမယ့် ကျတော်တို့ အရှေ့ က သွားနေတဲ့ ဆိုင်ကယ် မရှိတော့ ဖုန်ထတဲ့ ဒဏ်ကိုတော့ မခံရပါဘူး ။ ဒီလောက်ဖုန်ထူနေတာ မိုးတွင်းဆိုတော့ ဗွက်တွေထပြီး သွားရေးလာရေး တော်တော် ကိုခက်ခဲ မှာပဲလို့ စိထဲ မှာတော့ တွေးမိပါတယ် ။ဖောက်ထားတဲ့လမ်းတွေကလည်းအဆင်ပြေဆုံးနေရာတွေကိုမှ ရွေးပြီးဖောက်ထားရတာဖြစ်မယ် ထင်တယ် ။ ဒါတောင်မှ တချို့ တောင်ကုန်းတွေ ဆို မတ်စောက်လွန်းလို့ ဆိုင်ကယ်ကို ဂီယာအကြီးတင်ပြီး အသားကုန် မောင်းပြီးတက်နေတဲ့ အချိန်မှာ နောက်ကနေထိုင်ပြီးလိုက်နေတဲ့ ကျတော်က နောက်ပြန်မလန်ကျသွားအောင် ဆိုင်ကယ်မောင်းသူရဲ့ ပခုံးအသေကိုင်ထားရတယ် ။ တစ်ခါ အဲဒီလို မတ်စောက်တဲ့ ကုန်းကြီး အပေါ်က နေအရှိန်နဲ့ ဆင်းရပြန်တော့ နောက်ကနေ ခွပြီးစီးလိုက်နေတဲ့ ကျတော်က ဆိုင်ကယ် ထိုင်ခုံနောက် ထိုင်ခုံသံကိုင်းကြီးကို မလွတ်တမ်း ကိုင်ဆွဲထားရသေးတာ ။ အဲလိုမျိုးသာ မကိုင်ထားဘူးဆိုရင်တော့ နောက်ကနေ ထိုင်တဲ့ သူက မောင်းသူကိုကျော်ပြီး လက်ကားယား ခြေကားယားနဲ့ ဂျွန်းပြန်ပြီး ဆိုင်ကယ်အရှေ့ မှောက်  ၀ုန်း ..ဆိုပြီး သွားကျလောက်တယ် ။ ဒေသခံ သူငယ်ချင်းက သူ့ တို့ ရွာသွားတဲ့ လမ်းကို ဒီနှစ်မှာ ဘူဒိုဇာ ၀င်ပြီး လမ်းတွေ ချဲ့ ပေးသွားလို့ အခုလို ကောင်းသွားသေးတာ တဲ့   ။ သြ……ဒါဆို အရင်က သူတို့ ရွာကလူတွေဟာ ကျောက်ထုမြို့  လေးနဲ့ ဘယ်လိုများဆက်သွယ် ပြီးသွားလာနေကြပါလိမ့် လို့ စိတ်မသက်မသာနဲ့ တွေးနေမိပါတယ် ။

ကျောက်ထုနဲ့ လက်ပန်းရွာကို မြွေလိမ်မြွေကောက် ယောချောင်းနဲ့ အတူ မြေပုံမှာတော့ ဒီလိုတွေ့ ရတယ် ....
ကျောက်ထုနဲ့ လက်ပန်းရွာကို မြွေလိမ်မြွေကောက် ယောချောင်းနဲ့ အတူ မြေပုံမှာတော့ ဒီလိုတွေ့ ရတယ် ....


                           တိုတိုပြောရရင် ကျောက်ထု ကနေ ကျတော်သွားမယ့် လက်ပန်းရွာကိုရောက်ဖို့ စောစော ကပြောခဲ့ တဲ့ လေးရွာ ကိုကျော်ပြီး နောက်ထပ် မြေက်မကျဉ်း ၊ ပဆုပ် စတဲ့ ရွာတွေကိုဖြတ်ရပါသေးတယ် ။ အဲလိုသွားရာမှာ ကွေ့ ကောက်ပေါများလှတဲ့ ယောချောင်းကြီးကို ( စုစုပေါင်း 3 ခါဖြတ်ရတယ် ) ဖြတ် ၊  ကျောက်ခင်းလမ်း တစ်လှည့် ၊ ဖုန်လမ်းတစ်လှည့် နဲ့ တစ်ကုန်းတက် တစ်ကုန်းဆင်း သွားပြီး နောက်ဆုံးမှာတော့  ကျတော်သွားမယ့် လက်ပန်းရွာ အ၀င်က ယောချောင်းကိုဖြတ်ပြီးဆောက်ထားတဲ့ ယာယီတံတား လေးကို နေ၀င်ခါနီး အချိန်လေးမှာ မြင်နေရပါပြီ ။ အဲဒီယာယီ ချောင်းကူးတံတား အခင်းပြင်က ၀ါးကပ်နဲ့ ခင်းထားတာမို့ လို့ ဆိုင်ကယ်ကို အရင် ဖြတ်ခိုင်းပြီး ကျတော် ကနောက်ကနေ လမ်းလျှောက်ပြီး လိုက်ရပါတယ် ။ တံတားကိုဖြတ်နေတဲ့ အချိန်မှာ ကြည်လင် သန့် ရှင်းနေတဲ့ ယောချောင်းရေ ထဲ မှာ ငါးလေးတွေ ကူးခပ်နေတာကို အတိုင်းသားမြင်နေရတယ် ။ နွေအခါဆိုတော့ ချောင်းရဲ့ လေးပုံ ပုံလို့ တစ်ပုံသာ ရေရှိပြီး ကုန်းပေါ်နေတဲ့ နေရာတွေ မှာတော့ ထုံးစံအတိုင်း ကြက်သွန်ခင်းတွေ ကပြည့်လို့ပါပဲ ။ ယောချောင်း နဘေး ရွာအ၀င်လမ်းလေး နဘေးမှာတော့ လက်ပံပင်ကြီး တစ်ပင်က တစ်ပင်တည်း ထည်းထည်းကြီးရှိနေပြီး ဒီရွာကို လာလည်တဲ့ ကျတော့် ကို ကြိုဆိုနေသလိုလိုပါ ။ အဲဒီလက်ပံပင်ကိုကြည့်ပြီးတော့    xxx  ရွာထိပ်က လက်ပံ ပင်အောက် သူက လက်ပံပွင့်ကောက် အလာ xxx ကျတော်က ရွာကိုသွားမို့  xxx မမျော်လင့် ပါဘဲ တွေ့ ကြပြန်သည် xxxx   ဆိုတဲ့  ကိုမြကြီးရဲ့  ညိုချော သီချင်းလေးကို လည်း ကျတော့် ပါးစပ်ဖြားမှာ အလိုလို ညည်းမိသလို ဖြစ်သွားပါတယ် ။ အဆိုတော် ကိုမြကြီးကတော့ ရွာထိပ်လက်ပံပင်အောက်မှာ ညိုချောနဲ့ တွေ့ သတဲ့ .. ကျတော်လည်း ရွာက ညိုချော လေးတွေ နဲ့ လက်ပံပင်အနားမှာ တွေ့ များ တွေ့ လေမလားလို့ မျက်စိလေး မသိမသာ ရမ်းလိုက်မိသေးတယ် ။ ကျတော်တွေ့ တာကတော့ ညိုချောတွေ မဟုတ်ဘူး ။ ဖြူချောလေးတွေ ပါ ။ ယောချာင်းမှာ ရေချိုးပြီး လို့ပြန်လာကြပုံရပါတယ် ။ သီချင်းရေးဆရာတို့ ၊ စာရေးဆရာတို့ ဖွဲ မယ်ဆိုလည်း ဖွဲစရာဘဲကိုး ။ ကြည့်ပါအုံး ရွာထိပ် မှာ လက်ပံပင်ကြီးနဲ့ ဘယ်လောက်တောင်မှ အနုပညာ ဆန်လိုက်သလဲလို့ ။

လက်ပန်းရွာ အ၀င်က ယောချောင်းကူးတံတာလေး .....
လက်ပန်းရွာ အ၀င်က ယောချောင်းကူးတံတာလေး .....


                   ရွာထဲကိုဝင်တော့ မှောင်ရည်ပျိုးနေပါပြီ ။ ဒီရွာကလည်း ယောချောင်း ကမ်းနဘေးမှာဆိုတော့ မိုးတွင်း ရေကြီးမှုအန္တရာယ်ကို ရှေး လူကြီးတို့ တွေးမိလို့ လားတော့ မသိဘူး တောင်ကုန်းလေးပေါ်မှာပဲ ရွာကိုတည်ထားပါတယ် ။  ရွာအနေထားနဲ့ အိမ်အခြေ နေတို့ ကို ရောက်တာနဲ့ လေ့လာချင်ပေမယ့်လို့ မိုးလည်းတော်တော် ချုပ်နေတာနဲ့ ကျတော်အတွက် နေရာထိုင်ခင်း စီစဉ်ပေးထားတဲ့ သူငယ်ချင်းရဲ့  အိမ်အသစ်စက်စက် လေးဆီကိုသာ ဦးတည်ပြီး လာလိုက်ပါတော့တယ် ။ အိမ်လေးက ရွာနဲ့ စိုက်ခင်းတွေ ရဲ့ အစပ်မှာ ဆောက်ထားတော့ ပတ်ဝန်းကျင်သဘ၀ အလှတွေကိုခံစားပြီး လေကောင်းလေသန့် တွေ တစ်ဝကြီးရှု ရှိုက်ခွင့် ရလိုက်တယ် ။ ကျတော့် သူငယ်ချင်းက သူရှာဖွေစုဆောင်းခဲ့တဲ့ ငွေတွေ နဲ့သူမိသားစု အတွက် အိမ်အသစ်လေးတစ်လုံးဆောက်ထားတာတဲ့  ။ အောက်မှာ အုတ်ခုံခံပြီး အပေါ်ကို အုတ်ဆက်ပြီးစီမှာ ဖြစ်ပေမယ့် လောလောဆယ်မှာတော့ ထရံအပြားတွေ နဲ့ ယာယီ ကာထားပါတယ် ။ အထဲ ကိုဝင်ပြီး ကိုကြည့်လိုက်တော့ အားပါးပါး …. အိမ်ရဲ့ ပတ်ပတ်လည်မှာ အသုံးပြုထားတဲ့ တိုင်တွေက 6 လက်မ ပတ်လည်ကြီးတွေ ။ ကျတော်တို့ ဆီမှာ အိမ်တိုင်တွေ 6 လက်မ ပတ်လည်သုံးပြီး ဆောက်နိုင်တဲ့ သူမရှိသလောာက်ပါပဲ ။ ဘုန်းကြီးကျောင်းကြီးတွေ နဲ့  စာသင်ကျောင်းကြီးတွေ ထည်ထည်ဝါ၀ါ ဆောက်မှသာ အဲဒီ ခြောက်လက်မ ပတ်လည် တိုင်ကြီးတွေကိုသုံးကြတာ ။  ပြီးတော့ ထုတ်တမ်းဆွဲထားတဲ့ နေရာမှာလည်းကြည့်အုံး 4 လက်မ 3 လက်မ သစ်သားချောင်းကြီးတွေ ။ ဒါတောင်မှ အိမ်ပိုင်ရှင်ကျတော့် သူငယ်ချင်းက တံခါးပေါက်တွေနဲ့ ပြူတင်းပေါက်တွေကို ကျွန်းသား ရမှ လုပ်မှာမို့လို့ အခု ဒီအတိုင်းဘဲ ထား ထားသေးတာတဲ့  ။  စိတ်ထဲမှာတော့…… ဒီကလူတွေ ဒီလိုသာမန်အိမ်လေးမှာတောင် အဲလို သစ်ကြီးဝါးကြီးတွေ သုံးပြုပြီးဆောက်နေကြတာ ပိုက်ဆံပေါလွန်းလို့ တော့ ဟုတ်ဟန်မတူးဘူး… ၊  ဒီနေရာ ဒီဒေသတွေမှာ သစ်တွေ မတရားပေါပြီး ဈေးနုန်းချို သာလို့သာ ဖြစ်ရမယ်လို့ တွေးနေမိတယ် ။ ကျတော်တွေးတာ မှန်ပါတယ် ။ နောက်ပိုင်း ကျတော် စုံစမ်းကြည့်တော့ သစ်ဈေးက ကျတော်တို့ ထားဝယ် နယ်ဘက်က သစ်ဈေးထက် 3 ဆကျော်လောက် သက်သာနေပါတယ် ။

ကျွန်တော့ သူငယ်ချင်းရဲ့  ဆောက်လက်စ အိမ်အသစ်စက်စက်လေး ....
ကျွန်တော့ သူငယ်ချင်းရဲ့  ဆောက်လက်စ အိမ်အသစ်စက်စက်လေး ....


                                 အဲဒီအိမ်လေးမှာ အ၀တ်စားလဲ ပြီး ရေချိုးသွားရအောင်ဆိုပြီး ညဘက် ရွာထဲကိုဖြတ်ပြီး လမ်းလျှောက်ရင်း ခေါ်လာပေမယ့် ကျတော့် ကတော့ ဘယ်နားရောက်လို့ ရောက်နေမှန်းမသိဘူး ။ တချို့ အိမ်လေးတွေ တော်တော်များများမှာတော့ ရွာက စီးစက်မောင်းပြီး ပေးထားတဲ့ မီးလေး တစ်ပွင့် နှစ်ပွင့် စီလောက်ထွန်းထားတာတာ့ တွေ့ ရပါတယ် ။ ရေချိုး သွားမယ်ဆိုတော့ ရေတွင်းမှာ သွားပြီးချို့ မလို့ ထင်ပါရဲ့  ဆိုပြီး လိုက်လာခဲ့တာ နောက်မှ သူတို့ တစ်တွေ ကျတော့်ကို ရွာအပြင်က ယောချာင်းဆီကို ခေါ်သွားတယ် ဆိုတာသိလိုက်ရတယ် ။ ဒီယောချာင်းဟာ ဒီရွာကလူတွေ အတွက်တော့ နေ့ စာဉ်နေ့တိုင်း ရေချိုးကြတဲ့ နေရာကြီးတစ်ခုလည်း ဖြစ်ပေတယ် ။ ကျတော့် မှာတော့ ပြာသိုလကွယ် ည 7 နာရီအချိန် မှောင်မှောင်မဲမဲကွင်းပြင်ကြီးထဲ အမာဂျင်စီလိုက် တစ်ခုကိုကိုင်ပြီး ရေချိုးဖို့ ချီတက်လာနေရတာ တစ်မျိုးလေး စိတ်လှုပ်ရှားစရာလည်း ကောင်းနေပြန်တယ် ။ ငယ်ငယ်ကဆို ချောင်းထဲ မှာ ရေကူးရတာ ပျော်မှပျော်ပဲ ။ ဒါပေမယ့် သီးသန့်ကြီး ရေချိုးဖို့ တော့ ရေချောင်းရှိရာကို တစ်ခါမှ မသွားခဲ ဖူးပါဘူး ။  ချောင်းကမ်းနားရောက်လို့ ရေချိုးတော့ မယ်ဟေ့..ဆိုတော့ ကျတော်နဲ့ လိုက်လာတဲ့ အဖော်နှစ်ယောက်က ရေချိုးပြီးသားမို့ မချိုးတော့ ဘူးတဲ့ ။ အဲဒီတော့ ကျတော့် တစ်ယောက်ထဲ မှောင်မှောင်မဲမဲ ကြီးတဲမှာ ရေဆင်းချိုးရတော့ တာပဲ ။ ကုန်းပေါ်က တော့ အမာဂျင်စီ လိုက် လေးနဲ့ သူတို့ ကမီးပြပေးထားပါတယ် ။ ကိုယ်တစ်ပိုင်းမြုတ်နေတဲ့ ချောင်းရေထဲ မှာ ဆပ်ပြာကို ဘယ်ကနေစပြီး တိုက်လို့ တိုက်ရမှန်းမသိဘဲ ဖြစ်နေပုံ                                                                                                           ကို ချောင်းပေါ်ကနေကြည့်နေကြတဲ့ ဟိုနှစ်ယောက်ကတော့ တော်တော်ကိုရည်ချင်နေပုံရတယ် ။
            အဲဒီညက ခရီးပန်းနေတော့  ညစာကို ဘာနဲ့ကျွေးလည်းတော့ မသိဘူး စားလို့ ကောင်းကောင်းနဲ့ ဆွဲလိုက်တာ တော်တော်လေးဗိုက်တင်းသွားတယ် ။ သူတို့ ရွာမှာက ညဘက် 9 နာရီလောက်ထိဘဲ မီးစက်မောင်းပေးတာတဲ့ ။ မီးပိတ်ပြီးပေမယ့် လည်း ကျတော့် ကိုလာနုတ်ဆက်ကြတဲ့ ရွာသားများနဲ့ စကားတွေ ပြောကြပြီး သိပ်မကြာခင်မှာဘဲ အသင့် ပြင်ဆင်ပေးထားတဲ့ အိပ်ရမှာ ထိုးအိပ်လိုက်ပါတော့ တယ် ။ ကျတော့် အတွက်ပြင်အေးထားတဲ့ ခြုံစောင် အထပ်လိုက်ကြီးကို သေခြာကြည့်လိုက်တော့ အကုန်လုံးရှစ်လွှာတိတိ ရှိပါတယ် ။ ဒါတောင်မှ စိမ့်နေအောင်အေးတာမို့ ကွေးလို့သိပ်ပြီးမလုံချင်ဘူး ။ ကျတော်ကတော့ ချမ်းစိမ့်စိမ့်လေးနဲ့ တစ်ချိုးတည်းအိပ်ပျော်သွားလိုက်တာ မနက်မိုးလင်းအထိ တစ်ရေးပဲရတယ် ။ ကျတော်နဲ့ ကပ်ရက် အိပ်နေတဲ့ သူငယ်ချင်းကတော့ ကျတော့် ရဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျပြီး ထွက်ပေါ်လာတဲ့ ဟောက်သံကြောင့် တစ်ရေးမှကို အိပ်လို့ မပျော်ဘူးတဲ့ ။

ကျွန်တော် လာခဲ့တဲ့ လမ်းတစ်လျှောက်နဲ့ ယောနယ်မြေ တစ်စိတ်တစ်ဒေသ ...
ကျွန်တော် လာခဲ့တဲ့ လမ်းတစ်လျှောက်နဲ့ ယောနယ်မြေ တစ်စိတ်တစ်ဒေသ ...


                    ကျတော် အခုရောက်နေတဲ့ ယောဒေသဆိုတာ ယခုလက်ရှိ ခေတ်မှာ ယေဘုရအားဖြင့် ချင်းတောင်နဲ့ ပုံတောင်ပုံညာ ဒေသ ကြားက မြေပြန့် မြေပြန်လွင်ပြင်လေး တွေ ရှိရာ ဒေသတွေ ဖြစ်ပြီး မြောက်ကနေ တောင်ဘက်ကို ဂန့်ဂေါ ၊ ထီးလင်း ၊ ကျောက်ထု ၊ ဆော ၊ လောင်းရှည်   စတဲ့ မြို့ တွေရှိတဲ့ ဒေသတစ်ဝိုက်ကိုခေါ်ဆိုတာ ဖြစ်ပါတယ်တဲ့ ။ အဲ ဒီတောင်နဲ့ မြောက်တန်းနေတဲ့ တောင်ကြားဒေသ ရဲ့  အလယ်နားလောက်မှာ ကျရောက်တဲ့ ထီးလင်းမြို့ ကို ဗဟိုပြုပြီး မြောက်ဘက် ဂန့်ဂေါ ဖက်ခြမ်းကို မြောက်ယော ၊ တောင်ဘက် ကျောက်ထု ၊ ဆော ၊ လောင်းရှည် စတဲ့ မြို့ တွေ ရှိတဲ့ ဖက်ကိုတော့ တောင်ယောဆိုပြီး ခေါ်ကြပါတယ် ။ အရင်က ဒီဒေသ တစ်လျှောက်လုံးကို အတွင်းယော လို့ ခေါ်ပြီး ပြည်မနဲ့ ကာဆီးထားတဲ့ တောင်တန်းကြီးရဲ့  အပြင်ဘက်ပိုင်းကို အပြင်ယောလို့ ခေါ်ကြတယ်တဲ့ ။ အခုချိန်မှာ အပြင်ယောဒေသမှာရှိတဲ့ လူတွေက မြေပြန့်က ဗမာများနဲ့ ရောနှောသွားပြီး ယောလူမျိုးလို့ သိသိသာသာ မရှိတော့ ဘူးလို့ ဆိုပါတယ် ။ အရင်က ရှိခဲ့ ဖူးတဲ့ ယောမြို့ ဆိုတာက တောင်ယောဖက်မှာ ပါပြီး ကျောက်ထုကနေ 3 မိုင်ကျော်ကျော်ခရီးလောက်သွားရင် ရောက်တယ်လို့ သိရပါတယ် ။  အရင်က မြို့ အုပ် အဆင့် စော်ဘွားတွေ နေခဲ့ တဲ့ အဆောက်အဦ အကြွင်းကျန်လောက်သာ ရှိတော့ ပြီး အခုချိန်မှာတော့ ရွာငယ်တစ်ခု အဖြစ်နဲ့ သာတည်ရှိနေတယ်လို့ ဆိုပါတယ် ။ အဲ ဒီနေရာကို သွားရောက်လေ့လာသင့် ပါလျှက်နဲ့ ကျတော်မရောက်ဖြစ်ပါဘူး ။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီဘောဘုရင်ရဲ့ မယ်တော် ၊ မင်းတုန်းမင်းကြီးရဲ့  များလှစွာသော မိဖုရားတွေ ထဲက တစ်ပါးဖြစ်တဲ့ လောင်းရှည်မိဘုရားဆိုတာ ဒီယောနယ်က လောင်းရှည်မြို့ သူဖြစ်ကြောင်း သိရပါတယ် ။ ဒီယောနယ်ဒေသဟာ ဘုရင်တွေ ရှိစဉ်ခေတ်ကာလကတည်းက အထင်ရဖြစ်ခဲ့ တဲ့ နေရာဖြစ်ကြောင်းကို ယောအတွင်းဝန် ဦးဖိုးလှိုင် လိုအထက်တန်းစား ပညာရှိအမတ်က ယောမြို့ စားဖြစ် ခန့်အပ်ခြင်းခံရတာကိုခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ် ။


ယောနယ်ထဲက တောင်သားလူမျိုးများ ...( ယောနယ်သူ ယောနယ်သား အဖွဲ့ ထဲ မှ ကူးယူဖော်ပြပါတယ် )
ယောနယ်ထဲက တောင်သားလူမျိုးများ ...( ယောနယ်သူ ယောနယ်သား အဖွဲ့ ထဲ မှ ကူးယူဖော်ပြပါတယ် )


                  ယောနယ်ထဲ မှာ စိတ်ဝင်စားစရာကောင်းတဲ့ တောင်သားလူမျိုးဆိုတာ ရှိသေးတယ် ။ သူတို့ တစ်တွေက သီးသန့် ရွာတွေ နဲ့ နေကြပြီး တခြားလူမျိုးတွေ နဲ့ ရောရောနှောနှောနေလေ့မရှိဘဲ သီးသန့် ဆန်တယ်လို့ ဆိုပါတယ် ။ သမိုင်းပညာရှင် တစ်ချို့ က အဲဒီ တောင်သားလူမျိုးတို့ ကို ပျူလူမျိုးတို့ လက်ကျန်တွေ အဖြစ်နဲ့ ယူဆထားတယ်လို့ မှတ်သားရဖူးပါတယ် ။ သူတို့ ရဲ့ ဝတ်စားဆင်ရင်မှုကလည်း တစ်မျိုးထူးခြားပါတယ် ။ အမျိုးသမီးတွေ မှာ သမိုင်းအထောက်ထားအရ ပျူလူမျိုးတွေလို ဖြူရောင်ပိတ်အင်္ကျီ ကိုဝတ်ဆင်လေ့ရှိပြီး ရင်စည်းလို တဘက်ပိုင်းကို ရင်ဘက်မှာ စလွယ်သိုင်းပြီး ၀တ်ဆင်လေ့ ရှိတယ်လို့ သိရပါတယ် ။ အမျိုးသမီးများ ၀တ်ဆင်လေ့ရှိတဲ့ ရင်စည်း တဘက်ပိုင်းအရောင်ကိုလိုက်ပြီး   အနီရောင် ၀တ်ဆင်သူကို အိမ်ထောင်မကျသေးတဲ့ အပျို ၊ အနက်ရောင်ဝတ်ဆင်သူကို အိမ်ထောင်ကျပြီးသား မိန်းမ အဖြစ် ခွဲခြား သပ်မှထားတယ်လို့ ဆိုပါတယ် ။ တောင်သားလူမျိုးတွေဟာ အရင်ကတည်းက ဒီဒေသခံတွေ မဟုတ်ကြဘဲ နောက်မှ ၀င်ရောက်လာတဲ့ လူမျိုးတွေသာဖြစ်တယ်တဲ့  ။ 1924 ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ တဲ့  RACES OF BURMA ( မြန်မာပြန် ) ဆိုတဲ့ စာအုပ်မှာ ချင်းတောင်ခြေရင်းဒေသမှာ ထူးခြားတဲ့ တောင်သားလူမျိုးနဲ့ ယောလူမျိုးတို့ ကိုတွေ့ ရကြောင်း ၊ တောင်သားလူမျိုးတို့က ချင်းလူမျိုးများနဲ့ မျိုးစပ်ပေါက်ဖွားလာတယ်လို့ ယူဆရပြီး ယော တို့က ရှမ်းလူမျိုးကနေဆင်းသက်လာတာ ဖြစ်နိုင်ကြောင်း ရေးသားဖော်ပြထားပါတယ် ။ နောက်ပြီး အဲ ဒီစာအုပ်မှာ တောင်သားလူမျိုးနဲ့ ယောတွေက အစဉ်ဆက်ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတယ်လို့ ရေးထားပါတယ် ။


လက်ပန်းရွာနဲ့ ယောဒေသတွေ မှာတွေ့ ရလေ့ရှိတဲ့ ရှေးမြန်မာ အိမ်ပုံစံ နဲ့ အိမ်တစ်အိမ် ....
လက်ပန်းရွာနဲ့ ယောဒေသတွေ မှာတွေ့ ရလေ့ရှိတဲ့ ရှေးမြန်မာ အိမ်ပုံစံ နဲ့ အိမ်တစ်အိမ် ....



မနက်မိုးလင်းလို့ ကိုယ်လက်သန့်စင်ပြီး ရွာထဲကို သူငယ်ချင်းနဲ့ အတူ ပတ်ကြည့်ကြပါတယ် ။ ရွာလေးက အိမ်ခြေ 200 ကျော်လောက်ရှိပါတယ်တဲ့ ။ အနီးနားပတ်ဝန်းကျင်မှာတော့ ဒီရွာက ကြီးဆုံးလို့ ဆိုပါတယ် ။ ဒီရွာမှာ ထူးထူးခြားခြားမြင်ရတာကတော့ အိမ်တွေပါပဲ ။ ရန်ကုန်က တိုင်းရင်းသားကျေးရွာထဲမှာ မြန်မာအိမ်ဆိုပြီးဆောက်ပြထားတဲ့ အိမ်လိုမျိုးတွေ ဒီရွာမှာ အများကြီးတွေ့ ရပါတယ် ။ အားလုံးသိတဲ့ အတိုင်း အိမ်အမြီးပိုင်း လှေကားနားမှာ ၀ရန်တာအကြီးလို ဟာလာဟင်းလင်းကြီးနဲ့ အဆောင်တစ်ဆောင်က ပြီးပြည့်စုံတဲ့ အိမ်တစ်မ်မှာ မပါမဖြစ်ကိုပါ ပါတယ် ။ အဲဒီ အဆောင်မှာ ထမင်းဟင်းတွေ ချက်ကြပြီး မိသာစု ထမင်းဝိုင်းကိုလည်း အဲဒီအဆောင်မှာဘဲ စားကြပုံရပါတယ် ။ ကျတော်တို့ ဘက်က အိမ်နဲ့ မတူတာက မီးဖိုဆောင်နဲ့ ဆေးကြောသန့် စင်တဲ့ နေရာကို အိမ်အနောက်ဖက် မှာထားလေ့မရှိဘဲ ဒီဒေသက အိမ်တွေမှာ စောစောက ပြောတဲ့ အဆောင်မှာ ထားလေ့ ရှိတာပါပဲ ။ နောက်တစ်ခုထူးခြားချက်က အိမ်တိုင်တွေဟာ လေးထောင့် မဟုတ်ဘဲ သစ်ပင်ကို အလုံးလိုက်သေသေချာချာ အခြောသပ်ပြီး သုံးပြုထားကြတာကိုတွေ့ ရပါတယ် ။ အဲဒီလိုအလုံးတိုင်နဲ့ ဆောက်ထားတဲ့ အိမ်က ဒီရွာမှာ 90 ရာခိုင်နုန်းလောက်ရှိပါတယ် ။ အများစုကတော့ အရင်အိမ်ဟောင်းတွေက ကြာရှည်ခံလွန်းလှတဲ့ သစ်သားလုံးတိုင်ကြီးတွေကို နောက် အိမ် အသစ် ဆောက်တဲ့ အခါမှာလည်း ပြန်လည်ထည့်သွင်းအသုံးပြုထားပုံရပါတယ် ။ ဘာဖြစ်လို့အဲဒီလို ပြောရသလဲ ဆိုရင် လက်ရှိ အသုံးပြုထားတဲ့ အိမ်တိုင် တွေ မှာ အရင် အိမ်ဟောင်းကယက်မ တို့ ထုတ်တန်းတို့ ထိုးလျှိုရာ ထွင်းထားတဲ့ အပေါက်ကြီးတွေ တွေ့ နေရလို့ပါပဲ ။ အဲဒါမျိုး အိမ်တိုင်တွေမှာ အပေါက်ဖောက်ပြီး ယက်မလျှိုသွင်းတာတွေက ရှေးခေတ်အိမ်တွေမှာ လုပ်လေ့ ရှိပြီး အိမ်ရိုက်သံ တွင်ကျယ်စွာမသုံးပြုသေးတဲ့ခေတ်က လုပ်လေ့ရှိတဲ့ အလေ့ထ တွေ ဖြစ်တယ် ။ အနီးနားက တချို့ ရွာတွေ မှာ အဲလို မူလရှေး အိမ်မျိုးတွေ ရှိနေကြသေးတယ်လို့ သိရပါတယ်  ။ ကျတော်တို့ ဘက်မှာတော့ ငယ်ငယ်က အပေါက်ကြီးတွေ ပါတဲ့ အိမ်တိုင်ဟောင်းကြီးတွေ ကိုတွေ့ ခဲ့ ရဖူးပေမယ့် အခုတော့ ရှေးဟောင်းပစ္စည်းအဖြစ်နဲ့ ပြစရာတောင်မရှိတော့ ဘူး ။



အရင်အိမ်ဟောင်း ကတည်းက ထွင်းပေါက်ပါတဲ့ အိမ်တိုင်များ ..
အရင်အိမ်ဟောင်း ကတည်းက ထွင်းပေါက်ပါတဲ့ အိမ်တိုင်များ ..


                        ရွာရဲ့ တစ်နေရာ အရောက်မှာ သူငယ်ချင်းဖြစ်သူရဲ့  အဘိုးတော်စပ်သူတို့ အိမ်ကိုဝင်တဲ့ အခါ မှာ ပြောင်းဆံကို ဖွတ်ပြီးမှ ရလာတဲ့ အဆံကို ကောက်ညှင်း ၊ မြေပဲတို့ နဲ့ ရောချက်ထားပြီး ပဲဆီ နိုင်နိုင်လောင်းထားတဲ့ မုန့် တစ်မျိုးကိုရေနွေးကျမ်းနဲ့ ချကြွေးပါတယ် ။ ကျတာ့် အနေနဲ့ကတော့ ပထမဆုံးအကြီမ်စားဖူးတာပါ ။ ထမနဲလိုအီဆိမ့်တဲ့ အရသာရှိပြီး စားလို့ တောာ်တော်ကိုကောင်းပါတယ် ။ အိမ်ရှင် အဒေါ်ကြီးက ဆီအိုးကြီးထဲက မြေပဲဆီတွေကို မှုတ်ကြီးနဲ့ ခပ်ခပ်ပြီး ခဏခဏလောင်းထည့်နေတာကို ကြည့်ပြီး မျက်လုံးပြူးနေတဲ့ ကျတာ့် ကို သူငယ်ချင်းက ဘာမှမပူနဲ့ အစ်ကိုကြီး အဲဒါကိုယ့် ဟာကို ကြိတ်ထားတဲ့ မြေပဲ ဆီ ၊ ဘာဥပါဒ်မှ မပေးဘူးတဲ့ ။ ကျတော်က အဲ ဒီ ဆီကြိတ်တဲ့ ကိစ္စကို စစ်စုတော့ .. မြေပဲဆံ တစ်ပြည် နဲ့ ဆီသွားကြိတ်ရင် ကြိတ်ခက 200 ကျပ်ပေးရပြီး ဆီက 50 သားလောက်ရပါတယ်တဲ့ ။ ပိုင်လိုက်တာ … မြို့ ပေါ်မှာတော့ မြေပဲဆီဆိုပြီးတော့ သာ ၀ယ်နေရတယ် မြေပဲဆီ စစ်မစစ်ကိုတော့ ကျတော်တို့ ဘယ်လိုမှ မသိနိုင်ဘူး ။


ပြောင်းဆန် ၊ ကောက်ညှင်း ၊ ပဲတစ်မျိုးမျိုးကို ရောချက်ထားတာတဲ့ ....
ပြောင်းဆန် ၊ ကောက်ညှင်း ၊ ပဲတစ်မျိုးမျိုးကို ရောချက်ထားတာတဲ့ ....


                      ကျတော်တို့ ရွာကို ပတ်နေတဲ့ အချိန်မှာ ယောချောင်းကနေ စပါးစိုက်လယ်တွေ အတွက် ရေသွယ်မြောင်းတူးဖို့ လုပ်အားပေးခေါ်တဲ့ အသံကို အသံချဲ့ စက်ကြီးနဲ့ ဆော်အောနေတာ ကြားရပါတယ် ။ ဒီရွာမှာ သဘ၀ကပေးတဲ့ ရေတွေ တော်တော်လေးကိုပေါပေါများများရနေတာတွေ့ ရတယ် ။ သာမန်ပြေပြန့် မှာဆိုရင် ဘယ်လောက်မှ မတူးရဘဲ ရေပေါ်တာပဲတဲ့ ။ ခက်တာက ရွာကို ကုန်းပေါ်မှာ ထည်ထားတယ်ဆိုတော့ သောက်ရေနဲ့ သုံးရေကို အများသုံး ဘုံရေထွင်းမှာ ခပ်ကြရပါတယ် ။ ချိုးရေကျတော့ ယောချောင်းကိုပြေးပေါ့ ။ ဒီဒေသမှာ ယောချောင်းကြီးရှိနေတာကလည်း သူတို့ အတွက် သဘ၀က ပေးထားတဲ့ အဖိုးထိုက် အဖိုးတန် လက်ဆောင်တစ်ခုပါပဲ ။ ဒါကြောင့် နီးနားပတ်ဝန်းကျင်ရှိ ရွာ 8 ရွာလောက်ဟာ ယောချောင်းကြီးကိုအမှီပြုပြီးနေကြပါတယလို့ သိရပါတယ် ။ မြေဆီလွာကတော့ ဘယ်လိုအပင်မျိုးဘဲ စိုက်စိုက် ဖြစ်ထွန်းပုံရတယ် ။ ဒီတေတာ့ ရေကလည်းပေါ ၊ မြေဆီလွှာကလည်းကောင်းဆိုတော့ ရွာပတ်ဝန်းကျင် ရှိသမျှ မြေပေးမှာ စပါး ၊ ကြပ်သွန် ၊ ပဲမျိုးစုံနဲ့ နေကြာစိုက်ခင်းကြီးတွေ ကို မြင်နေရပါတယ် ။ ဒါပေမယ့် ကျတော်တို့ အောက်ပြည်မှာလို စိုးပျိုးမြေ ကျယ်ကျယ်ဝန်းဝန်းမရှိတာကတော့ တော်တော်ဆိုးပါတယ် ။ တောင်သူတွေကလည်း ၀မ်းစာလောက်သာစိုက်ပျိုးရတယ်ဆိုတော့ စီးပွားဖြစ်ထွန်းမှုနည်းပါးကြပါတယ် ။ ကျတော့် သူငယ်ချင်းပြောပြချက်အရ ရွာမှာ ရှိတဲ့ လူဦးရေ 25 ရာခိုင်နုန်းသာ လယ်ပိုင်ရှင် ယာပိုင်ရှင်စာရင်းဝင်ပြီး ကျန် 75 ရာခိုင်နုန်းကတော့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးတဲ့ တောင်သူတွေ သာ ဖြစ်ကြပါတယ်တဲ့ ။



သူတို့ရွာမှာ ဆီကို အဲလို အိုးကြီးနဲ့ ထည့်ပြီးစားကြတယ် .. အိမ်တစ်အိမ် ဆို တစ်လ ဆီ ငါးပိဿလောက်ကုန်တယ်တဲ့
သူတို့ရွာမှာ ဆီကို အဲလို အိုးကြီးနဲ့ ထည့်ပြီးစားကြတယ် .. အိမ်တစ်အိမ် ဆို တစ်လ ဆီ ငါးပိဿလောက်ကုန်တယ်တဲ့


                         ရွာကို လျှောက်ပတ်ကြည့်ရင်း ဒီရွာရဲ့ ရေရရှိမှု နဲ့ စကားစပ်မိတော့ ရွာနီးတစ်ဝိုက်မှာ ရေအရင်းမြစ် ဖောဖော သီသီရနိုင်လျှက်သားနဲ့ ကုန်းပေါ်မှာ တည်ထားတဲ့ ရွာဆိုတော့ သောက်ရေနဲ့ ချိုးရေ ကို ရွာအနိပ်ပိုင်းမှာ ရှိတဲ့ ရေတွင်းတွေ ကနေ ပင်ပန်းကြီးစွာ သယ်ယူနေရတယ်လို့သိရတယ် ။ ဒါကြောင့် မို့ ရွာမှာ ရှိတဲ့ တစ်ကျောင်းတည်းသော ဘုန်းကြီးကျောင်းရဲ့  ကျောင်းထိုင်ဆရာတော်က ကြီးမှုးပြီး တစ်ရွာလုံး ကိုရေပေးဝေနိုင်အောင် စီစဉ်နေတယ်ဆိုတဲ့ အကြောင်းသိရပါတယ် .။ ကျတော်ကလည်း ဒီရွာကို အလည်လာတဲ့ အခါ ရည်ရွယ်ချက်သေးသေးလေးတစ်ခုကိုပါ ယူခဲ့တာဆိုတော့ စောစောကပြောတဲ့ ရွာဦးကျောင်းဆရာတော်ဆီကို သွားရောက်ဖူးတွေ့ ခဲ့ ပါတယ် ။ ကျတော့် ရဲ့ ရည်ရွယ်ချက် သေးသေး လေး ဆိုတာက  ကိုယ်ရောက်ရှိခဲ့တဲ့ ရပ်ရွာရဲ့  ဖွံ့ဖြိုးမှု နဲ့ တိုးတက်ရာ တိုးတက်ကြောင်းဆောင်ရွက်ချက်တွေမှာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာတစ်ခုလောက် နဲ့ ပါဝင် အားဖြည့်ကူညီဆောင်ရွက်ဖို့ ပါပဲ ။ ဆရာတော်က အသက်လေးဆယ်ဝန်းကျင်လောက်သာရှိသေးတဲ့ လူငယ်ဘုန်းကြီးတစ်ပါးဖြစ်ပါတယ် ။ ဆယ်တန်းအောင်ပြီးမှ ဘုန်းကြီးဝင်ဝတ်ပြီး ဒီကျောင်းမှာ ကျောင်းထိုင်ဖြစ်နေတာပါ ။ ဆရာတော်က ရွာကိုရေပေးဝေနိုင်ဖို့ အတွက် ရွာရဲ့ အမြင့် ဆုံးကုန်းမြေအပေါ်မှာ တည်ရှိနေတဲ့ ဘုန်းကြီးကျောင်းပေါ်ကို စက်နဲ့ ရေတင်ပြီး အဲဒီကမှ တဆင့် တစ်ရွာထဲက အိမ် 5 ဆောင်လောက်ကိုရေပိုက်နဲ့ ရေတစ်ငုတ်စီကျ ရေပေးဝေဖို့ စီစဉ်ထားတဲ့ အကြောင်း ၊ ရေကိုလည်း သူ့ အချိန်နဲ့ သူဖြန့် ဖြူးပေးဖို့ စီစဉ်ထားကြောင်း ၊ အဲဒီအတွက် ရေကန်တည်ဆောက်ဖို့ နဲ့ ရေပိုက်သွယ်တန်းဖို့ အတွက် ငွေကျပ် သိန်း 50 နဲ့ အထက်ကုန်ကျမယ်လို့ ခန့် မှန်းရတဲ့ အကြောင်း ၊ အဲဒီ အစီအစဉ် ဖြစ်မြောက်ဖို့ အတွက် အစိုးရ အဖွဲ စည်းတွေကိုရော အစိုးရမဟုတ်တဲ့ အဖွဲ့ စည်းတွေကိုရော အကူညီ တောင်းခံထားပေမယ့် အကြောင်းမထူးတော့ ရွာက ကိုယ်ထူကိုယ်ထ လုပ်ဖို့ အတွက် တဖြည်းဖြည်း ပိုက်ဆံစုနေကြတဲ့ အကြောင်း အမိန့်ရှိပါတယ် ။ အဲဒီမှာ စောစောက ပြောခဲ့ တဲ့ ကျတော့် ရဲ့ ရည်ရွယ်ချက်သေးသေးလေးကို အားဖြည့် ကူညီတဲ့ အနေနဲ့ ရွာရေ ရရှိရေးအတွက် လိုအပ်နေတဲ့ ငွေပမာဏ မှာ နဲနဲလေးကာမိစေဖို့ အလှူငွေ ကျပ်တစ်သိန်း ပါဝင်လှူဒါန်းခဲ့ ပါတယ် ။


ရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် .....
ရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် .....


                  ဘုန်းကြီးကျောင်းနဲ့ ကပ်လျှက်မှာတော့ အတက်တန်းကျောင်း တစ်ဆောင်ကိုတွေ့ ရပါတယ် ။ အထက်တန်းကျောင်းဆိုပေမယ့် ကိုးတန်းနဲ့ ဆယ်တန်း ကိုတော့  အတွဲဘက် အနေနဲ့ သာထားရှိသေးတယ်လို့ သိရပါတယ် ။ ဒီကျောင်းမှာ ကျောင်းသား ကျောင်းသူ 350 ခန့်ရှိကြောင်းသိရပြီး ဆယ်တန်းအောင်ချက် တော်တော်ကောင်းတယ်လို့ ဆိုပါတယ် ။ ပြီးခဲ့ တဲ့ နှစ်က ဒီကျောင်းကနေပြီး လေးဘာသာဂုဏ်ထူးရှင် တစ်ယောက် ပေါ်ထွက်ခဲ့ တယ်တဲ့ ။ ကျတော်ရောက်ရှိနေတဲ့ အချိန်မှာ အနီးနာရွာက ဆယ်တန်း ကျောင်းသားတွေကို ကျောင်းအိပ်ကျောင်းစား နဲ့  ဆရာ ဆရာမတွေက အနီးကပ်ကြပ်မတ်သင်ကြားပြီး စခန်းသွင်းလေ့ကျင့် နေတဲ့ အကြောင်းသိရပါတယ် ။ ဒီတော့ တစ်ခါ ကျောင်းက တာဝန်ရှိတဲ့ ဆရာ တစ်ယောက်ယောက်နဲ့ တွေ့ ပေးဖို့ သူငယ်လချင်းကို အပူကပ်ရပြန်တယ် ။ ကျောင်းအုပ်ဆရာကြီးက ခရီးသွားနေတာမို့ မတွေ့ လိုက်ရဘူး ။ ရွာခံ ကျောင်း ဆရာတစ်ယောက်နဲ့ တော့ တွေ့ ခဲ့ ရပါတယ် ။ ရွာခံဆရာ ဦးအောင်ကျော်လင်းက ကျောင်းနဲ့ ပက်သက်ပြီး  ဒီကျောင်းမှာ နီးနားပတ်ဝန်းကျင်ရွာ 7 ရွာက ကျောင်းသူ ကျောင်ကျောင်းသားတွေ လာတက်ကြတဲ့ အကြောင်း ၊ ကျောင်းသားလေးတွေဟာ ပညာကိုလိုချင်လွန်းလို့ မိုးတွင်းမှာဆို ခက်ခက်ခဲခဲ ချောင်းတွေကို လှေတွေနဲ့ ကူးပြီး လာကြရတဲ့ အကြောင်း ၊ ဒီကျောင်းမှာ ရှိတဲ့ ဆရာ ဆရာမတွေကလည်း စေတနာပါပါနဲ့ ကြိုးစားပမ်းစား သင်ကြားပေးကြလို့ သူတို့ နယ်တစ်ဝိုက်မှာ ဒီကျောင်းက ဆယ်တန်းအောင်ချက် Top Ten စားရင်ဝင်လေ့ ရှိကြောင်း ပြောပြပါတယ် ။ ထူဆန်းတာက ကျတော်တို့ ဒေသက ရွာတွေ မှာလို သူငယ်တန်းကစ ကျူရှင်တွေ သင်နေကြတဲ့ ခေတ်မှာ ဒီက ကျောင်းသားတွေ ဟာ ဆယ်တန်း အထိ ကျူရှင် ဆိုတာ ဘာမှန်းကို မသိကြဘဲ ကျောင်းက ဆရာ ၊ ဆရာမ တွေရဲ့ သင်ကြားပြသမှုတစ်ခုတည်းနဲ့ ဆယ်တန်းအောင်ချက်တွေ ကောင်းနေကြတယ်ဆိုတာကိုပါ ။ အောင်ချက်ကောင်းမှာပေါ့ ဆရ ဆရာမတွေက နေ့ ဘက်မှာရော ညဘက်တွေမှာပါ ကျောင်းသားတွေ နဲ့ အတူတူ ကျောင်းမှာ အိပ်ပြီး ကျောင်းသားတွေကို စိတ်ပါလက်ပါနဲ့ လေ့ကျင့် သင်ကြားပေးနေတာကိုး ။ ဆရာ ၊ ဆရာမတွေ မှာ အစိုးရက ပေးတဲ့ လခ အပြင် တခြားအပိုငွေ ရဖို့ မဆိုထားနဲ့ ကျောင်းသားတွေ ညဘက် စားဖို့ သောက်ဖို့ ကြွေးမွေးစရိပ်လေးတောင် အိပ်ထဲက ပြန်ပြီး ပါသွားနိုင်သေးတယ် ။ အခု ညဘက်နဲ့ မနက်စောစော စာကျက်ဖို့ အတွက် မီးစက် မောင်းရတာက တစ်နေ့ ကို ဒီဇယ်ဆီ တစ်ဂါလံ ကုန်ပါတယ်တဲ့ ။ ကျောင်းသားလေးတွေ ညဘက် စာကျက်နေတုန်း အဆာပြေစားဖို့ မုန့် ပဲ သွားရေစာကိုတော့ ကျောင်းသားမိဘတွေ စေတနာပေါက်လို့ လားကြွေးတာတွေတော့ ရှိပုံရပါတယ် ။ ကျတော်လည်း ကျောင်းသားလေးတွေ ညဘက် စာကျက်နေကြတာကို သွားကြည့်ရင်း သူတို့ လေးတွေ ညဘက်စာကျက်အချိန်မှာအဆာပြေ ကော်ဖီနဲ့ မုန့် လိုမျိုး ကြွေးနိုင်ဖို့ နဲ့ တခြားလိုအပ်တဲ့ အသုံးစရိပ်တွေ မှာ နဲနဲ ပါးပါးကာမိစေဖို့ ရွာခံ ကျောင်းဆရာ ဦးအောင်ကျော်လင်း  ကနေတဆင့် အလှူငွေ တစ်သိန်း ထပ်ပြီး လှူခဲ့ ပါတယ် ။


လက်ပန်း ရွာခံ ကျောင်းဆရာ ဦးအောင်ကျော်လင်း
လက်ပန်း ရွာခံ ကျောင်းဆရာ ဦးအောင်ကျော်လင်း


                                 ဒီလိုနေရာမှာ ဒီလိုခန့် ခန့် ညားညား အထက်တန်းကျောင်းကြီးတစ်ဆောင် ရှိနေတာဟာ အနီးနားရှိ ရွာတွေအတွက်တော်တော် ကံကောင်းတာပါပဲ ။ မိုးတွင်းလို အခါမျိုးမှာ ရေကြီး ရေလျှံ လွယ်တဲ့ ချောင်းတွေ မြောင်းတွေ ကိုကျော်ဖြတ်ပြီး ကျောင်းလာတက်ကြတဲ့ နီးနားပတ်ဝန်းကျင်ရွာက ကျောင်းသားလေးတွေ ဟာလည်း ချီးကျူးဖို့ အရမ်းကောင်းတယ် ။ ဒီဒေသက ကလေးလေးတွေ ကျောင်းတက်နေရတဲ့ မြင်ကွင်းကို ရန်ကုန်မြို့ မှာ အလုပ်မရှိအလုပ်ရှာ စာသင်ကျောင်းအထိ လိုက်ပြီး ထမင်းခွံ့ ကျွေးနေတဲ့ မိဘတွေကို ဒီအထိ ခေါ်ပြီး ပြချင်လှတယ် ။ ပြီးတော့ ရေစီးသန်လှတဲ့ ချောင်းတွေ ကိုလှေနဲ့ ဖြတ်ကူနေရတဲ့ ကျောင်းသားကျောင်းသူ ကလေးလေးတွေအတွက် အုပ်ချုပ်သူ လူကြီးမင်းတွေက အမှန်တစ်ကယ်လိုအပ်နေတဲ့ နေရာတွေမှာ ချောင်းကူးတံတားတွေ ဆောက်ပေးနိုင်စေဖို့ ကျတော့် အနေနဲ့ ဆုတောင်းမိပါတယ် ။

                                                     
အပိုင်း  ( ၃ ) မှာဆက်ပြီးဖတ်ရှုပေးကြပါရန် .... ( ရန်နောင်စိုး )February 14, 2014 at 1:40pm

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger