Latest Post

ထားဝယ်မြို့လယ် ယနေ့ရှာပုံတော် (တောင်ထားဝယ်ဗိုလ်)

Written By လွင့်မောင်မောင် on Saturday, September 21, 2013 | 11:06 AM

ဈေးတောင်ဘက်လမ်း၊ဆောက်လုပ်ရေးရုံးဝင်း။-ဓာတ်ပုံ-Win Bo

(18-9-2023)
ယခုတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းသည် တစ်ချိန်က ဘုရားကုန်းဟု ထားဝယ်ရာဇဝင်အရသော်လည်းကောင်း၊ ရှေးလူကြီးများပြောကြားချက်အရသော်လည်းကောင်း မှတ်သားဖူးပါသည်။
 ၎င်းအဝင်း၏တောင်ဘက် ဆောက်လုပ်ရေးရုံး၏အရှေ့ဘက်မြေကွက်လပ်တွင် ဝန်ထမ်းအိမ်ယာဆောက်လုပ်ရန်
မြေများတူးနေသည်ကို ကျနော်သတိထားမိနေသည်မှာ ၁၀ ရက်ခန့်ရှိလေပြီဖြစ်သည်။ ရှာပုံတော်ခရီးသွားနေခြင်းကြောင့်လည်းကောင်း၊
ဌာနဆိုင်ရာနေရာဖြစ်နေခြင်းကြောင့်လည်းကောင်း လေ့လာ၍မဖြစ်ခဲ့ပေ။ ယနေ့ နေ့လည်ပိုင်းက ကိုGet Boyysရောက်လာသောကြောင့် နှစ်ယောက်သား သွားစပ်စုခဲ့ကြသည်။
အဆောက်အဦအသစ်ဆောက်လုပ်မှုတွင် သက်ဆိုင်ရာ တာဝန်မှူးထံတွင် အကျိုးအကြောင်းပြော၍လေ့လာခွင့်တောင်းခဲ့သည်။
အုတ်မြစ်ချရန်တူးထုတ်ထားသောမြေများနှင့်ရောပုံထားသောအုတ်များကိုလေ့လာကြည့်သောအခါ အရွယ်အစားသုံးလေးမျိုးလောက်တွေ့ရသည်။
၎င်းတို့ထဲတွင် အထု ၃ လက်မ၊ အလျှား၁၅လက်မ၊ အနံ၉လက်မအုတ်ချပ်ကြီးများတွင် ဗြဟ္မီအက္ခရာအမှတ်အသား (ဌ၊ ထ၊ ဗ၊ ရ)တို့ကိုတွေ့ရသည်။
ထို့နောက် အထု ၄လက်မ၊ အလျှား၁၂လက်မ၊ အနံ ၆.၅လက်မရှိသောအုတ်ချပ်များတွင်လည်း လက်ရေးစင်းများကိုတွေ့ရသည်။
ကျန်သောအုတ်ချပ်ကြီးများမှာ စာမတွေ့ရပေ။ ယင်းနေရာသည် (၁၁၁၆) သာယာဝတီနန်းတော်မတည်ခင်ကတည်းက ထားဝယ်သူ/သားများ ရှိနေပြီး
 ယင်းကုန်းပေါ်တွင် ဘုရားများ အဆင့်ဆင့်တည်ထားကိုးကွယ်ခဲ့ရာ တစ်ခေတ်တစ်ခါသို့ရောက်သော် ပြန်လည်တိမ်မြုပ်ခဲ့သည်ဟုတွေးယူစရာရှိပေသည်။
ဓာတ်ပုံ-Win Bo


ဓာတ်ပုံ-Win Bo


 ယခုတူးထုတ်ထားသောမြေကျဉ်းထဲမှ အုတ်တန်းများသူ့အလိုလိုရှိနေသေးသည်ကိုတွေ့ရပေမည်။

 အချို့မှာ ၃ပေခန့်၊ အချို့မှာ ၅ပေခန့်အနက်မှာ အုတ်တန်းကြီးများရှိနေသည်ကိုတွေ့ရသည်။ အပေါ်ယံကြည့်လျှင် မြေကုန်းဟုထင်နေကြသော်လည်း
မြေသားတစ်ပေ၊ နှစ်ပေခန့်တူးချလိုက်လျှင်ရှေးအုတ်ချပ်များ အစအနထွက်နေသည်မှာ စိတ်ဝင်စားစရာပင်မဟုတ်ပါလော။ ကျနော်တို့လေ့လာခြင်းသည်
 စာပေရှုထောင့်မှ ရာဇဝင်ပြန်ဖော်ပေးသော သုတေသနဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျတူးဖော်ခြင်းမဟုတ်ဘဲ အဆောက်အဦဆောက်ရန်တူးဖော်နေသော၊
 တူးဖော်ထားသောနေရာများမှ ထွက်ရှိလာသောအုတ်ချပ်အကျိုးအပဲ့များကိုသာလျှင် လေ့လာရခြင်းပင်ဖြစ်သည်။ ယင်းနေရာသည်ဌာနဆိုင်ရာ
နေရာဖြစ်နေသောကြောင့် အဆောက်အဦတစ်ခါပြန်လည်တည်ဆောက်မှုမျိုးနှင့်ကြုံကြိုက်မှ
လေ့လာခွင့်တစ်ကြိမ်ရရှိမည့်နေရာလည်းဖြစ်သောကြောင့် သွားရောက်လေ့လာခြင်းဖြစ်သည်။

 တောင်ထားဝယ်ဗိုလ်

ရှင်မုတ္ထီးသို့ ရှာပုံတော်ခရီး (တောင်ထားဝယ်ဗိုလ်)

Written By လွင့်မောင်မောင် on Friday, September 20, 2013 | 5:49 AM















(14-9-2013) ယနေ့ရှာပုံတော်ခရီးအနေအဖြင့် ရှင်မုတ္ထီးအနီးအနားတဝိုက်သွားလေ့လာခဲ့ပါသည်။ ရှင်မုတ္ထီးတွင် လေ့လာစရာများလွန်းသောကြောင့် တစ်နေ့ခရီးပင်မလောက်ပေ။ ရှင်မုတ္ထီးဘုရားသမိုင်း၊ နပ်စာရီတောင်(ကျွဲခရမ်းတောင်)သမိုင်း၊ ဂျောဘုရားသမိုင်း၊ ရွှေဂူတောင်ဘုရားသမိုင်း၊ နန်းတော်ရာဟောင်း၊ အရူးပျောက်ဘုရားသမိုင်း၊ ဘုရားပုပုရွှေဆင်းတုသမိုင်း စသော သမိုင်းများစွာကိုလေ့လာရပေမည်။ယင်းဘုရားသမိုင်းများနှင့်ဆိုင်သည့်နေရာများကိုသွားရောက်လေ့
လာခြင်းပင်ဖြစ်သည်။ ရှင်မုတ္ထီးဘုရား တာဝန်ခံ ဂေါပကလူကြီးများ၊ အရူးပျောက်ဘုရားဂေါပကလူကြီးများ၊ ရှင်မုတ္ထီးကျောင်းကြီးဆရာတော်ဘုရား၊ ရှင်မုတ္ထီးတိုက်ကျောင်းဆရာတော်၊ ရှင်မုတ္ထီးကျေးရွာ အုပ်ချုပ်ရေးမှူး၊သက်ဆိုင်ရာရပ်မိရပ်ဖများနှင့် တွေ့ဆုံခြင်းများ၊ လေ့လာခွင့်တောင်းခံခြင်းများပြုလုပ်ခဲ့သည်။
 လေ့လာရာတွင် ထုံးစံအတိုင်း လမ်းခင်းထားသောနေရာ၊ ပန်းခြံဝိုင်းများ၊ အုတ်အဟောင်းပုံများလေ့လာရပါသည်။ လေ့လာတွေ့ရှိမှုသည်များစွာတွေရှိသောကြောင့် ဆိုင်ရာဆိုင်ရာဆရာတော်များ၊ ဂေါပကလူကြီးများ၊ အုပ်ချုပ်ရေးမှူးတို့ကို ဆက်လက်ထိန်းသိမ်းပေးရန်အသိပေးခဲ့ပါသည်။ မည်သည့် အမှတ်အသားက မည်သည်ကိုဆိုလိုကြောင်းရှင်းပြပေးခဲ့ပြီး ကျနော့လက်ထဲတွင်ကိုင်ဆောင်ထားသော အက္ခရာပြောင်းလဲပုံမိတ္တူကိုပါ ပေးခဲ့ပါသည်။ ရှင်မုတ္ထီးတစ်ဝိုက်တွင် ဗြဟ္မီအက္ခရာနှင့် ပျူအက္ခရာပါအုတ်ချပ်များသည် တစ်ချပ်တစ်လေမဟုတ်ပေ။ တောင်ပေါင်းများစွာဖြစ်သည်။ သို့ဖြစ်၍ ကျနော်တို့လေ့လာတွေရှိချက်များဖြစ်သောအုပ်များသည် မည်သည့်နေရာတွင် မည်သည့်အက္ခရာတွေ့ရကြောင်း တစ်ခါတည်းပြောပြခဲ့ပါသည်။ ရှင်မုတ္ထီးလေ့လာမှုသည် မိုးအေးအေးလေးနှင့် တစ်နေကုန်ဆုံးသွားသော်လည်း လေ့လာမှုက မပြီးချေ။ ဆက်လက်သွားရောက်လေ့လာရပါဦးမည်။ ကြိုးစားပါဦးမည်။ -----------
 
ယနေ့ရှင်မုတ္ထီးမှရရှိသော ဗြဟ္မီ/ပျူအက္ခရာပါအုတ်ချပ်များပုံ




















 
 တောင်ထားဝယ်ဗိုလ်
 
***************************************************************
 

မှီအုံးတောင် သို့ရှာပုံတော်ခရီး

Written By လွင့်မောင်မောင် on Thursday, September 19, 2013 | 6:11 AM


မှီအုံးတောင်ဘုရား ၊ ဓာတ်ပုံ - Win Bo (Facebook)

ဓာတ်ပုံ - Win Bo (Facebook)
ယနေ့ရှာပုံတော်ခရီးအနေအဖြင့် ထားဝယ်မြို့မြောက်ဘက်(၈)မိုင်ခန့်ကွာသော ထားဝယ်ရေး ကားလမ်းအရှေ့ဘက်ရှိ မှီအုံးတောင်ဘုရားသို့သွားခဲ့သည်။

“ထားဝယ်ရာဇဝင်တော်ကြီးအရ မြတ်စွာဘုရား၏ ဗျာဒိတ်တော်အတိုင်း နရုတိမင်းမြတ်သည် ဇင်းမယ်ဘုရင်၊ ယိုးဒယားဘုရင်၊ ယွန်းဘုရင်တို့နှင် မင်းလေးပါးစုပေါင်းပြီး သက္ကရာဇ် ၆၇ခုနှစ်တွင် ဣသိန္ဒြတောင်(မှီအုံးတောင်)၌ စေတီတော်ကို စတင်တည်တော်မူသည်။”

၎င်းစေတီတော်သည် သက္ကရဇ် ၆၉ခုနှစ်၊ တန်ခူးလဆန်း(၁၀)ရက်၊ နေ့၌ ပြီးစီးအောင်မြင်တော်မူလေသည်။ ဟူ၍ ဖော်ပြထားသည်။

“နောင်ရာဇဝင်များတွင်- မှီအုံးတောင်ဟုခေါ်ရခြင်းမှာ ဒေါင်းဖမ်းရန်ထွက်လာသော မုဆိုးငနွားသည် ဒေါင်းမရ၍ အကျွတ်တရားရကာ
ဂေါဝိန္ဒရသေ့အမည်ဖြင့် ရသေ့ပြုသွားကြောင်း၊ ထို့နောက် ရှင်တောင့်ပုံစေတီတော်ကိုတည်ခဲ့ကြောင်း
 နောင်အခါ တရားအားထုတ်ရန် ဣသိန္ဒြတောင်သို့လာခဲ့ကြောင်း၊ ယင်းတရားအားထုတ်သောတောင်သည် မှီအုံးတောင်တွင်ခဲ့ကြောင်း ဖော်ပြထားသည်။ ”


မှီအုံးတောင်တွင်လေ့လာကြည့်သောအခါ ပြန်လည်ပြုပြင်ထားခြင်းကြောင့် စာပါသောအုတ်တစ်လုံးတစ်လေတောင်ရှာမတွေ့ပေ။
ကျနော်တို့လေ့လာသောနေရာများမှာ ထုံးစံအတိုင်း လမ်းခင်းထားသောနေရာများ၊ ပန်းပင်ခြေရင်းများ၊ စေတီအနီးအနားအုတ်ဟောင်းများသာလျှင်ဖြစ်ပေသည်။
 နောင်ပြန်လည်ပြုပြင်မှုမျိုးနှင့် တိုက်ဆိုင်မှ ရပေမည်။ မှီအုံးတောင်တွင် အနှစ်(၃၀)ကျော်ကတည်းက သတင်းသုံးနေသော ဆရာတော်ကိုယ်တိုင် လိုက်လံပြသပေးခဲ့သော ကျောက်ကူပေါ်တွင် ရသေ့၏ ကျောက်ကုလားထိုင်၊ ရှင်ဇောရှင်ခံ ကစားရာနေရာ၊
အိပ်မက်အရ ပြန်လည်တည်ထားသောစေတီငယ်များကိုသာ ဖူးမြော်ရင်း၊ မှတ်တမ်းယူရင်းသာပြန်လာခဲ့ရသည်။

ဆက်လက်ရှာဖွေလေ့လာသုတေသနပြုပါဦးမည်။

တောင်ထားဝယ်ဗိုလ်

အရက်ကို ခွန်အားဖြည့်အချိုရည်နှင့် ရောစပ်ပြီး သောက်ခြင်းက ထင်ထားသည်ထက် ပို၍အန္တရာယ်ကြီး

Written By လွင့်မောင်မောင် on Monday, September 16, 2013 | 2:30 AM


ပို၍သောက်ကောင်းစေရန် အရက်ကို ခွန်အားဖြည့်အချိုရည် များနှင့် ရောစပ်သောက်ခြင်းက လောလောဆယ် သုတေသနက ပြောကြားထားသည်များထက် ပို ၍အန္တရာယ်ကြီးကြောင်း ကျော် ကြားသည့် စိတ်ပညာရှင်တစ်ဦး က အခိုင်အမာပြောကြားလိုက် သည်။

လွန်စွာလူကြိုက်များသည့် Red Bull ကဲ့သို့ အချိုရည်များ နှင့် ဗော့ဒ်ကာအရက်အား ရော၍ အားရပါးရ မော့သောက်နေသူ များကို အစစ်အမှန်ထင်ဟပ်ခြင်း မရှိသော ဓာတ်ခွဲခန်း လေ့လာမှု များက လွဲမှားစွာနှစ်သိမ့်ခြင်းဖြစ် နိုင်ကြောင်း ပါမောက္ခ ပီတာမီလာ က ပြောကြားခဲ့သည်။

ဒီအရက်ကို ခွန်အားဖြည့် အချိုရည်နှင့် ရောစပ်သောက် ခြင်းက အချိန်ကြာကြာ သောက် မိခြင်းအပြင် မူးယစ်မှုအဆင့်ပမာ ဏများစွာ မြင့်မားစေသည့်အ တွက် အန္တရာယ်မြင့်မားလာခြင်း မှာ စိုးရိမ်နေရပြီဟု ၄င်းကပြော ကြားခဲ့သည်။ အမေရိကန်နှင့် ဥ ရောပမှ ကောလိပ်ကျောင်းသား လေးဦးလျှင် သုံးဦးခန့်မှာ ယင်းကဲ့ သို့ ရောစပ်သောက်သုံးနေကြောင်း စစ်တမ်းများက ပြသလျက်ရှိသည်။ သို့သော်လည်း ခွန်အားဖြည့်အ ချိုရည်များ၏ အခန်းကဏ္ဍမှာ သု တေသနပြုလုပ်ဆဲသာဖြစ်ပြီး အ ချိုရည်တစ်မျိုးနှင့် အရက်ပမာဏ နည်းပါးစွာ ရောစပ်ခြင်း အာနိသင် များကို လေ့လာမှု အများအပြား ပြုလုပ်ထားပြီဟု ဩစတြေးလျ နိုင်ငံ Deakin University  မှ တွဲ ဖက်စိတ်ပညာပါမောက္ခမီလာက ပြောကြားခဲ့သည်။

အန္တရာယ်ကို မစိုးရိမ်သင့် ကြောင်း သုတေသီတခိျု့က သုံး သပ်ခဲ့သော်လည်း ၄င်းတို့ထဲမှ သု တေသီအများအပြားကို Red Bull  ထုတ်လုပ်သူများက ငွေကြေးအ ထောက်အပံ့ ပေးထားသည်ဟု ယင်းကပြောသည်။

Yangon Media Group

ထားဝယ်မြေမှ ပျူသက်သေ(``ရ´´ကောက်ပြောင်းလဲပုံ)

Written By လွင့်မောင်မောင် on Sunday, September 15, 2013 | 9:04 AM


မြန်မာစာပေကို လေ့လာလိုက်စားသူတို့အတွက် ရကောက်ပြောင်းလည်းပုံကို အကျဉ်းတင်ပြလိုက်ပါသည်။
ကျနော်တို့ငယ်စဉ်ကတည်းက မြန်မာအက္ခရာပြောင်းလဲပုံကို သင်ကြားခွင့်ရရှိခဲ့သော်လည်း ဆရာကြီးဦးသာမြတ်ကြိုးစားအားထုတ်ခဲ့သောပုံဖော်အက္ခရာများကိုသာ လေ့လာသင်ကြားခွင့်ရရှိခဲ့ပါသည်။
 ယနေ့ တက္ကသိုလ်ဝင်တန်းပြဋ္ဌာန်းချက်စာအုပ်တွင်လည်း အရုပ်ပြပုံများဖြင့်သာ သင်ကြားနေပါပေသည်။
 မည်သို့မည်ပုံ ပြောင်းလဲကြောင်းကို လက်တွေကျကျသင်ကြားခွင့်မရရှိခဲ့ပါ။ ထို့ကြောင့် ကျောင်းသား/သူများအနေဖြင့် ယနေ့ကျက်၊ နောက်တစ်နေ့ပြန်မေ့ဖြစ်ခဲ့ရသည်မဟုတ်ပါလော။
 စိတ်မျက်စိ၊ စိတ်အာရုံတွင်သာ မှန်းဆပြီးသင်ယူခဲ့ရသည်မှာ ယနေ့မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။

ထားဝယ်ဒေသတွင် ထားဝယ်လူမျိုးများသည် ရှေးနှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက
 နေထိုင်ခဲ့သည်ဟု တစ်ခေတ် တစ်ခါက လက်ခံခဲ့သော်လည်း
ယနေ့ဘာ့အတွက်ကြောင် လက်မခံခဲ့သနည်း။ 

ထိုကဲ့သို့ ထားဝယ်ဒေသတွင်နေထိုင်သော ထားဝယ်တိုင်းရင်းသားများမရှိပါက
အဘယ့်တွက်ကြောင့် ရှေးနှစ်ပေါင်း တစ်ထောင်ကျော်က ပျူလူမျိုးများ စာပေစတင်ရေးသားခဲ့သော ဗြဟ္မီအက္ခရာနှင့် ပျူအက္ခရာများ
 ထားဝယ်ဒေသတွင် အဘယ်တွက်ကြောင့် ရှိနေရသနည်း။ ယင်းမေးခွန်းနှစ်ခုသည် အဖြေပင်ဖြစ်ပါသည်။

ထားဝယ်ဒေသတွင် ထားဝယ်လူမျိုးများသည် ရှေးနှစ်ပေါင်း တစ်ထောင်ကျော်ကတည်းကနေထိုင်ကြပြီး ဗြဟ္မီအက္ခရာနှင့် ပျူအက္ခရာတို့ကို
တွင်တွင်ကြယ်ကြယ် သုံးစွဲနေခဲ့ပြီဖြစ်သည်။ ယင်းလူမျိုးတို့သုံးစွဲခဲ့သော အက္ခရာများက ယနေ့မြန်မာစာပေကိုများစွာ အထောက်အကူပြုပေလိမ့်မည်မှာအမှန်ပင်ဖြစ်သည်။

ထားဝယ်လူမျိုးကို သာမန်လူမျိုးစုတစ်ခုထဲသို့ တည့်သွင်းပါက လူမျိုးစုကို အထင်သေးရာ၊ တန်ဖိုးမထားရာရောက်ပေလိမ့်မည်။
 နိုင်ငံတော်က အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနစ်များ၊ အမျိုးသားရေး လက္ခဏာရပ်များမပပြောက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးဟူသည့်
 လူမှုရေးဦးတည်ချက်များကို အမှန်တကယ် တန်ဖိုးထားပါက ထားဝယ်လူနည်းစုကိုလည်း တသီးတခြား လူမျိုးစုတစ်ရပ်အနေဖြင့် ထိန်းသိမ်းတန်ဖိုးထားသင့်ပြီတင်သည်။
 ထားဝယ်ဒေသတွင် ထာဝယ်လူမျိုးတို့သည် မိမိတို့တတ်အပ်သော ဗြဟ္မီစာ၊ ပျူစာပေများဖြင့် အမှတ်အသားပြုခဲ့သည်မှာ ယခု သက်သေခိုင်ခိုင်မာမာပြသထားပြီးဖြစ်သည်။
အထက်ပြန်မာပြည်တစ်ခွင်လုံးရှာဖွေခဲ့သော်လည်း တစ်စုတစ်ဝေးတည်းမရှိနိုင်သော ဗြဟ္မီအက္ခရာ၊ ပျူအက္ခရာတို့သည် ယနေ့ထားဝယ်ဒေသတွင် တောင်ပုံယာပုံ တွေနေရပြီဖြစ်သည်။
 ထိုကဲ့သို့ သမိုင်းတစ်ခေတ်ရဲ့အမွေအနစ်များရှိသောထားဝယ်ဒေသကို တိုင်းတစ်ပါးသားတို့ကလည်း စီးပွားရေးဈေးကွက်အရသော်လည်းကောင်း၊
 ရှေးဟောင်းယဉ်ကျေးမှုအမွေအနစ်များကိုစုံမက်မော၍သော်လည်းကောင်း မျက်စိကျနေကြသည်မှာလည်း ယခုမျက်မြင်ဖြစ်သည်။
 နိုင်ငံတော်၏ စီးပွားရေးအရ ထားဝယ်ဒေသ၌အချို့နေရာများတွင် စီးပွားရေးအဆောက်အဦများ လာရောက် အရင်းအနှီုးမြှုပ်နှံခဲ့သော်လည်း
 ထားဝယ်လူမျိုးများနှင့် ၎င်းတို့၏ ယဉ်ကျေးမှုနယ်မြေများကို ကမ္ဘာတည်သရွေ့ ထိန်းသိမ်းထားသင့်ပြီထင်သည်။



















အထက်ပါဖေါ်ပြထားသော (ရ)အက္ခရာတစ်လုံးတည်းသာလျှင်မဟုတ်ဘဲ အခြား အက္ခရာများသည်လည်း အမျိုးအစားစုံလင်အောင် ယခုမတွေရှိခဲ့ရသေးသော်လည်း
အက္ခရာတစ်ခု၌ နှစ်မျိုး၊ သုံးမျိုးလောက်ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။
 ကျန်ရှိနေသေးသော အက္ခရာများကို ဆက်လက်သုတေသနပြုလုပ်အားထုတ်ကြိုးစားပါဦးမည်။

                                                                    တောင်ထားဝယ်ဗိုလ်
                                                                         (7-9-2013)

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger