Home » » အင်္ဂဝိဇ္ဇာဗေဒင်ပညာ(အပိုင်း ၁ )
အင်္ဂဝိဇ္ဇာဗေဒင်ပညာ(အပိုင်း ၁ )
Written By လွင့်မောင်မောင် on Thursday, October 6, 2011 | 12:10 AM
       အင်္ဂဝိဇ္ဇာဗေဒင်ပညာ   
အင်္ဂ၀ိဇ္ဇာ ကျမ်းရင်းလင်္ကာကြီး (ဆရာတော်ကြီး ခင်ကြီးဖျော်)
(၁) အင်္ဂ၀ိဇ္ဇာ နည်းကျယ်စွာကို၊သေချာမှတ်စွဲ ကောက်ယူခွဲသော်….
(၂) အိုင်ထဲမြရွှေငွေ ၊ ကြံပါလူ့အသွေ ၊ ဆင်ရန်သူနဲ့ဝေး ၊လေသဲကျွန်းဆောင်မြူး
ပျော်ကြူးဧလှည့်နိုင် သာလှိုင်ဆင်ကြလန်း ၊နန်းအောင်ရွှေမြို့သာ ။
(၃) လိုရာဂြိုဟ်ရင်းကပ် ၊ဓာတ်မှန်ကိုထုတ် ၊ မိတ်လည်းအုပ် ၊ဓာတ်ထုတ်မိတ်ကိုစီး၊မိတ်ကြီးဓာတ်ကိုမံ။
(၄) ငါးတန်မဆွ၊တိုင်မူလနှင့်၊သိရသက်သေ၊ထင်လေနိမိတ်၊ဟိတ် ၊လက္ခဏာ၊စဉ်ကာထားမှ။
(၅) သူရဇ္ဇနှင့် သောကြ ထက်အောက် ၊ခယားဇောက် ၊ကောက်ဘိဆပွတ်ကြံ မှတ်ရန်နည်းတ၀။
(၆) သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီဆယ့်နှစ်ဝ သင်္ချာယူ၍ဆ။
(၇) အောင်လံတေဇ၊သကျမှီအုံး ၊နန္ဒိသေနထုံး။
(၈) ၀ိကလျာ၊၀ိဇ္ဖာနေယျ၊အညမည၊ခါနိစ္စ၊ ထိကြဓာတ်ပစ္စည်း။
(၉) အညမညံ ၊မဆက်ဆံ၊ပိတ္တံဝိဧက။
(၁၀) သူ့ကိုနိုင်လို ဆကိုခို လိုရာဆေးဖေါ်သုံး။
(၁၁) ထန်းအုန်းဂျုတ်ဇီး၊ ၀ါမုံသီး၊ ဆေးကြီးသန္နိဌာ၊နိုင်ရာဓာတ်နှင့်သတ်။
(၁၂) တောင်သူအမှတ် လုပ်ရပ်ကိန်းချူ ၊ဓာတ်တူ နံတူ ၊ဆေးကိုယူ။
(၁၃) ကက်ကင်းသေရှင်သူ၊ ထက်အောက်ပြန်လှန်ကူ၊နံတူသတ်ကအသေရ။
(၁၄) နံလွဲကြမူ အရှင်ယူ ဟောသူမှီခိုရုံ။
(၁၅) ဂဠုန်ပုန်းခိုက်၊ပုတ်သင်မိုက်၊ကိုက်လေ ၂ ပါးသေ။
(၁၆) ခြင်္သေံ့ဟောက်ဟန် ဆင်ဝှေ့ပြန် ရုပ်နာမ်နှစ်ပါး ကံကတ္တားခြား၍ ထက်အောက်သာ။
(၁၇) ကတ္တားရှိရာ ကံမလာနှင့် နာမ်မှာထက်ပေ ရုပ်လယ်နေ၊မဇ္စျေကံဟုမှတ် ကတ္တားအောက်ဂြိုဟ်
       မြဲမှတ်ဆို။
(၁၈) မိတ်လိုပြန်ရာ ၊ဥသာစိန်ပန်း၊ ဒန်းလှကိုရှာ ။
(၁၉) ခိုက်ရန်မှာကား ဓမ္မသောက အင်းဝရာဇာ မယှဉ်ရာတည်း။
(၂၀) ဓာတ်လာသဘော အန္တောဂဗ္ဘေ စရေ၀ံသေ။
(၂၁) ဦးဝေစံကူး ၊ ရေဗူးတောသူ၊ ရန်မူလည်းဆို၊ ဦးညိုခေမာ၊ သုတဝေရီ၊ရန်မှီမြဲရှောင်။
(၂၂) အောင်ပကုလား၊ ဆွေသားနောင်ရင်း၊ မိတ်သွင်းပြီးခါ၊ဆောင်သင့်ရာ၏။
(၂၃) ဆောင်ရာသင့်လျှင်၊သံယောဇဉ်ကိုမယှဉ်စေရာ။
(၂၄) မီးမှာကားမြေ၊ ရေနှင့်လေ၊ မိတ်ဆွေမစပ်၊ပိဋိကတ်။
(၂၅) မီးဓာတ်နှင့်လေ၊မြေနှင့်ရေ၊မိတ်ဆွေတော်ကြ၊သဟာယ။
(၂၆) လမ်းပြစဉ်သာ၊ရှောင်ကြဉ်ခွာ၊ဝေးစွာသူရဇ္ဇ။
(၂၇) သစ်ဆိမ့်ပန်းရ၊သူရဇ္ဇ၊နေထကောင်းကြွယ်ရန်။
(၂၈) ဝေးသူပင်ပြန်ရ၊နီးလွယ်အောင်ကြံဆ။
(၂၉) မင်းကုသကိုဆောင်မှကောင်းလင့်ရာ၊စေတိယကိုရှောင်မှ ကြောင်းသင့်စွာ။
(၃၀) အောက်မှာနင်းကြမ်း၊ထက်ဆောင်ပန်း၊ တခန်းယူမှီးကြ။
(၃၁) က-င ငါးမှာ၊စန္ဒြာ၊သီလာမြေဓာတ်ဖို၊ရှမ်းအငန်ဟုဆို။
(၃၃) စ-ည ဘောမ ၊ပဉ္စာစ၊လေမြေဓာတ်ဖိုရ၊တလိုင်း အခါးပ။
(၃၄) ဋ-န သောရီ ၊ဤဆယ်လီ၊မီးတောက်ဓာတ်မ၊ကုလားအချဉ်ရ။
(၃၅) ယ-ရ နှစ်ခု၊ရာဟုလေမုန်တိုင်း၊အရိုင်းဓာတ်မ၊ယိုးဒယားအဖန်ရ။
(၃၆) လ-၀ နှစ်ဦး ၊ဗုဒ္ဓဟူးဓာတ်ဖို၊ရေသီတာဟုဆို၊မျိုးကိုကတူး၊ရောနှောပူး။
(၃၇) သုံးဦး သ- ဟ- ဠ၊သောကြာရေငန်ပ၊ဓာတ်မသက်ကသည်း ကြိုက်လည်းချိုသာ။
(၃၈) အ-အာ သရ ရှစ်ဌာန၊သူရဇ္ဇ နေ့စွဲ၊ မီးခဲဓာတ်ဖို၊ဂျွန်းအစပ်ဟုဆို။
(၃၉) ဟောလိုကြပြန်၊ ဆေးပေးရန်၊လုပ်ရပ်အကြံ၊သိဒ္ဓိနှံ၊စစ်ထိုးခိုက်ရန်၊ရှုံးနိုင်တန်၊ယတြာရုပ်နာမ်
        ကျိန်းခြေပြန်၊အင်းမူစီမံ၊ဂြိုဟ်လင့်ကြံ၍၊ဂဏန်းမှန်ပြ၊ကောက်ယူဆလော့။
(၄၀) အညမညံ စိတ်ဝေဖန် ၀ိဇ္ဇာမယံ ဇော်ဂျီပျံ ရသေ့ရှင်မွန် လောကီဈာန် ခေမာအမတံ ပြည်နိဗ္ဗာန်
       ရောက်လိမ့်ဧကန် မဂ်အလွန်ဖိုလ်မွန်ရလွယ်ကြိုး တိုး၍သာကြံကြစေလေကုန်။ ။
( ကျမ်းရင်းလင်္ကာကြီးပြီး၏)
ရှင်းလင်းချက်
အမှတ်(၁၈) ၊(၂၀) ၊(၂၂) နှင့် (၃) တို့ ကိုအရကျက်လိုက်ပါ။ဤအချက်များမှ အမှတ်(၂)ဖြစ်လာတာပါ။
ဥပမာ။ ။အမှတ်(၃)မှ……
လိုရာဂြိုဟ်ရင်းကပ်……..လိုရာဂြိုဟ်ရင်း သည် ၁နွေ ဆိုပါစို့ ။ (အိုင်)
ဓာတ်မှန်ကိုထုတ်……….၁နွေ ၏ ဓာတ်သည် 0နေ ဖြစ်သည် ။ (ထဲ) အန္တော
မိတ်လည်းအုပ်…………. ၁နွေ ၏ မိတ်သည် ၅တေး ဖြစ်သည်။ (မြ) အောင်ပ
ဓာတ်ထုတ်မိတ်ကိုစီး……0နေ ၏ မိတ်သည် ၄ဟူး ဖြစ်သည် ။ (ရွှေ) တော်ရင်း
မိတ်ကြီးဓာတ်ကိုမံ……….၅တေး ၏ ဓာတ်သည် ၂လာ ဖြစ်သည် ။ (ငွေ) ဂဗ္ဘေ
လိုရာဂြိုဟ်ရင်းကပ်……..လိုရာဂြိုဟ်ရင်း သည် ၂လာ ဆိုပါစို့ ။ (ကြံ)
ဓာတ်မှန်ကိုထုတ်……….၂လာ ၏ ဓာတ်သည် ၅တေး ဖြစ်သည် ။ (ပါ) ဂဗ္ဘေ
မိတ်လည်းအုပ်…………. ၂လာ ၏ မိတ်သည် ၄ဟူး ဖြစ်သည်။ (လူ့) ကုလား
ဓာတ်ထုတ်မိတ်ကိုစီး……၅တေး ၏ မိတ်သည် ၁နွေ ဖြစ်သည် ။ (အ) အောင်ပ
မိတ်ကြီးဓာတ်ကိုမံ……….၄ဟူး ၏ ဓာတ်သည် ၆ကြာ ဖြစ်သည် ။ (သွေ) ၀ံသေ
ထိုနည်းတူစွာ……ဆင်(၃ဂါ) ၊ရန်(၄ဟူး) ၊သူ(၆ကြာ) ၊နဲ့(0နေ) ၊ဝေး (၄ဟူး) ။……စသည်ဖြင့် ကြံဆယူပါ။
အင်္ဂ၀ိဇ္ဇာတိုင်များ နှင့်ပတ်သက်၍ အမှတ်(၅)နှင့်(၆)ကို နားလည်ရမည်။
အမှတ်(၅)မှ သူရဇ္ဖ နှင့် သောကြထက်အောက် ခရားဇောက် ဆိုသည်မှာ ……..
ဆပွတ်လင်္ကာဖြစ်သော………..
သူရဇ္ဇ(၁နွေ) ၊ သောကြ (၆ကြာ ) ၊ ဗုဒ္ဓ (၄ဟူး) ၊ စနြေ္ဒာ (၂လာ) ၊ သောရီ (၀နေ) ၊ ဂုရု (၅တေး) ၊ ဘောမ(၃ဂါ)ကိုဆိုလိုပါသည်။
အထက်ပါလင်္ကကာကို ကရွတ်ကင်းလျှောက် ကျက်မှတ်ပါ။
အောက်ပါအတိုင်းလည်းအလွယ်မှတ်နိုင်သည်။
တ ပည့် စာ အံ သီ လ ခံ၊ ( ၀နေ ၅တေး ၃ဂါ ၁နွေ ၆ကြာ ၄ဟူး ၂လာ )
ခရားဇောက် ဆိုသည်မှာ အလယ်မှအစပြု၍ အပေါ်တစ်လုံး အောက်တစ်လုံးချရသောတိုင်
ကိုဆိုလိုသည်။
   ၅ ပည့်
ဂုရု
၂ ခံ
စနြေ္ဒာ
၆ သီ
သောကြ
အစ     ၁ အံ
သူရဇ္ဖ
၎ လ
ဗုဒ္ဓ
ဝ တ
သောရီ
၃ စာ
ဘောမ
 ဤနည်းဖြင့် တိုင်(၇)တိုင်သည် အောက်ပါအတိုင်းဖြစ်လာသည်။
 ၁နွေတိုင်
 ၂လာတိုင်
 ၃ဂါတိုင်
 ၅တေးတိုင်
 ၆ကြာတိုင်
ဝနေတိုင်
 ၅
 ၆
 ဝ
 ၂
 ၃
 ၎
 ၂
 ၃
 ၅
 ဝ
 ၁
 ၆
 ဝ
 ၁
 ၂
 ၃
 ၎
 ၅
 ၁
  ၂
  ၃
 ၎
  ၅
  ၆
  ဝ
 ၎
 ၅
 ၆
 ဝ
 ၁
 ၂
 ၃
 ဝ
 ၁
 ၂
 ၃
 ၎
 ၅
 ၆
 ၃
 ၎
 ၅
 ၆
 ဝ
 ၁
 ၂
တိုင်ထူတတ်ပြီဆိုရင်.. လင်္ကာအမှတ်(၂) နှင့် (၄) ကို ပြန်ကောက်မယ်။
အမှတ်(၂) မှ   အိုင်  ထဲ  မြ  ရွှေ  ငွေ……………….နန်း အောင် ရွှေ မြို့ သာ
တို့သည် အမှတ်(၄)မှ ငါးတန်မဆွတိုင်မူလနှင့်………..စဉ်ကာထားမှ။နှင့်အောက်ပါအတိုင်းဆက်စပ်နေပြန်သည်။
  ၅
  ၎
  ၂
  ၁
  ၆
  ၂
  ၁
  ၆
  ၅
  ၃
  ၆
  ၅
  ၃
  ၂
  ဝ
  ၁ အိုင်
  ၀  ထဲ
  ၅  မြ
  ၄ ရွှေ
  ၂ ငွေ
  ၎
  ၃
  ၁
  ဝ
  ၅
  ဝ
  ၆
  ၎
  ၃
  ၁
  ၃
  ၂
  ဝ
  ၆
  ၎
  (မူလ)       (သက်သေ)              (နိမိတ်)          (ဟေတု)            (လက္ခဏာ)
    ၆
  ၂
  ၁
  ၅
  ၃
    ၃
  ၆
  ၅
  ၂
  ဝ
    ဝ
  ၃
  ၂
  ၆
  ၎
   ၂ ကြံ
  ၅ ပါ
  ၄  လူ့
  ၁ အ
  ၆ သွေ
   ၅
  ၁
  ဝ
  ၎
  ၂
   ၁
  ၎
  ၃
  ဝ
  ၅
   ၎
  ဝ
  ၆
  ၃
  ၁
(မူလ)       (သက်သေ)              (နိမိတ်)          (ဟေတု)            (လက္ခဏာ)
   ဝ
  ၁
  ၃
  ၎
  ၁
   ၎
  ၅
  ဝ
  ၁
  ၅
   ၁
  ၂
  ၎
  ၅
  ၂
   ၃ ဆင်
  ၄ ရန်
  ၆  သူ
  ၀ နဲ့
  ၄ ဝေး
   ၆
  ဝ
  ၂
  ၃
  ဝ
   ၂
  ၃
  ၅
  ၆
  ၃
   ၅
  ၆
  ၁
  ၂
  ၆
(မူလ)       (သက်သေ)              (နိမိတ်)          (ဟေတု)            (လက္ခဏာ)
  ၁
  ၃
    ၆
   ဝ
  ၂
  ၅
  ဝ
    ၃
   ၎
  ၆
  ၂
  ၎
    ဝ
   ၁
  ၃
  ၄ လေ
  ၆  သဲ
   ၂ ကျွန်း
   ၃ ဆောင်
  ၅ မြူး
  ဝ
  ၂
   ၅
   ၆
  ၁
  ၃
  ၅
   ၁
   ၂
  ၎
  ၆
  ၁
   ၎
   ၅
  ဝ
(မူလ)       (သက်သေ)              (နိမိတ်)          (ဟေတု)            (လက္ခဏာ)
  ၂
    ၆
  ၅
  ၁
  ၎
  ၆
    ၃
  ၂
  ၅
  ၁
  ၃
    ဝ
  ၆
  ၂
  ၅
  ၅ ပျော်
   ၂ ကြူး
  ၁ ဧ
  ၄ လှည့်
  ၀ နိုင်
  ၁
   ၅
  ၎
  ဝ
  ၃
  ၎
   ၁
  ဝ
  ၃
  ၆
  ဝ
   ၎
  ၃
  ၆
  ၂
(မူလ)       (သက်သေ)           (နိမိတ်)        (ဟေတု)      (လက္ခဏာ)
  ၃
  ၁
   ဝ
    ၆
  ၁
  ဝ
  ၅
   ၎
    ၃
  ၅
  ၎
  ၂
   ၁
    ဝ
  ၂
  ၆  သာ
  ၄ လှိုင်
  ၃ ဆင်
   ၂ ကြ
  ၄ လန်း
  ၂
  ဝ
   ၆
   ၅
  ဝ
  ၅
  ၃
   ၂
   ၁
  ၃
  ၁
  ၆
   ၅
   ၎
  ၆
(မူလ)       (သက်သေ)           (နိမိတ်)        (ဟေတု)      (လက္ခဏာ)
 ၎
  ၅
  ၁
  ၂
  ၃
  ၁
  ၂
  ၅
  ၆
  ဝ
  ၅
  ၆
  ၂
  ၃
  ၎
  ၀ နန်း
  ၁ အောင်
  ၄ ရွှေ
  ၅ မြို့
  ၆  သာ
  ၃
  ၎
  ဝ
  ၁
  ၂
  ၆
  ဝ
  ၃
  ၎
  ၅
  ၂
  ၃
  ၆
  ဝ
  ၁
(မူလ)       (သက်သေ)              (နိမိတ်)          (ဟေတု)            (လက္ခဏာ)
ဤသို့ဆိုလျှင် ကျမ်းရင်းလင်္ကာအမှတ်(၁)၊(၂)၊(၃)၊(၄)၊(၅) တို့ကို နားလည်သဘောပေါက်ကြမည်ထင်ပါသည်။
                     နေ့  ၊  အချိန် ၊ အခါ  ၊ အယူအဆများ
   နေ့  ။        ။ နေ့ တွင် တနင်္ဂနွေ၊တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ၊စနေ   
                   ဟူ၍(၇)နေ့သာရှိသည်။ ရာဟုနေ့ဟူ၍မရှိပါ။
 အချိန် ။      ။ ကျမ်းရင်းလင်္ကာအမှတ်(၆)၏အဆိုအရ   သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ
                    ရာသီဆယ့်နှစ်ဝ သင်္ချာယူ၍ဆ။ ဆိုသည့်အတိုင်း နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ
                     နေ့(၁၂)နာရီကို တစ်ချိန်လျှင် ၁ နာရီ ၃၀ မိနစ် စီထား၍ ရှစ်ချိန်ပိုင်းခြားမည်။
                        ထိုနည်းအတူ ည(၁၂)နာရီကိုလည်း ၈ ချိန် ပိုင်းခြားမည်။
အခါ ။           ။ သူရဇ္ဖက စ၍စဉ်စီ ဆိုသည့်အတိုင်း သူရဇ္ဇ ၊သောကြ ၊ဗုဒ္ဓ ၊ စနြေ္ဒာ၊ သောရီ ၊ဂုရု၊ဘောမ
                        သူရဇ္ဇ အစီအစဉ်ကို နေ့ ၊ အချိန် ၊ကိုလိုက်၍ အောက်ပါအတိုင်း သတ်မှတ်ပါမည်။
အချိန်
၆း၀၀
၇း၃၀
၇း၃၀
၉း၀၀
၉း၀၀
၁၀း၃၀
၁၀း၃၀
၁၂း၀၀
၁၂း၀၀
၁၃း၃၀
၁၃း၃၀
၁၅း၀၀
၁၅း၀၀
၁၆း၃၀
  ၁၆း၃၀ 
   ၁၈း၀၀
အခါ
ပခါ
ဒုခါ
တခါ
စတုခါ
ပဉ္စခါ
ဆဌခါ
သတ္တခါ
   အဌခါ
တနင်္ဂနွေ
   ၎
  ၂
    ၃
      ၁
တနင်္လာ
  ၅
  ၃
   ၎
     ၂
အင်္ဂါ
  ၆
  ၎
 ဝ
   ၅
     ၃
ဗုဒ္ဓဟူး
  ဝ
  ၅
   ၆
     ၎
ကြာသပတေး     
   ၅
   ၁
  ၆
   ဝ
    ၅
သောကြာ
  ၂
  ဝ
   ၁
    ၆
စနေ
   ၃
 ၁
   ၎
     ဝ
            (တ ပည့် စာ အံ သီ လ ခံ ) လင်္ကာ ဖြင့်လည်း မှတ်သားနိုင်ပါသည်။
                                ဇယားရှင်းလင်းချက်
တနင်္ဂနွေနေ့    နံနက် ၆ နာရီ မှ ၇ နာရီ ၃၀ မိနစ် အထိ                ပထမခါ   သူရဇ္ဇ  ၁နွေအခါ   (အံ)
               နံနက် ၁၀ နာရီ ၃၀မိနစ် မှ မွန်းတည့်၁၂ နာရီ အထိ    စတုတ္ထခါ   စနြေ္ဒာ ၂ လာအခါ (ခံ)
                     မွန်းလွဲ ၃ နာရီ မှ ၄ နာရီ ၃၀ မိနစ်အထိ              သတ္တမခါ ဘောမ ၃ ဂါ အခါ  (စာ)
                               စသည်ဖြင့် ကျန်နေ့များတွင်လည်း ဤသို့ယူဆပါ။
            အခါတစ်ခု (၉၀ မိနစ်)ကို  အခါ ခွဲ(၅)ပိုင်း ခွဲခြင်း   
             ဤနည်းသည် ဆရာကြီးဦးကြည် မှရသော နည်းဖြစ်သည်။
(၉၀မိနစ်)စီ ပိုင်းထားသော အခါတစ်ခုစီကို (၁၈ မိနစ်)စီထား၍ အခါခွဲ (၅)ပိုင်း ထပ်မံပိုင်းမည်။
           တနင်္ဂနွေ(သူရဇ္ဇ) အခါ ၏ အခါခွဲ(၅)ပိုင်း
   ၁နွေ(သူရဇ္ဇ)အခါ၏ပထမ၁၈မိနစ်ကို၁နွေအခါခွဲမှစ၍၂လာ၊ ၃ဂါ၊ ၄ဟူး၊ ၅တေး ဟူ၍
             အစဉ်လိုက်အောက်ပါအတိုင်းခွဲသည်။
(ပ-၁၈မိနစ်)
 (ဒု-၁၈မိနစ်)
 တ၁၈မိနစ်)
 (စတု-၁၈မိနစ်)
 (ပဉ္စ၁၈မိနစ်)
၁နွေ(သူရဇ္ဇ)အခါ
၁ နွေ
၂လာ
၃ဂါ
၎ဟူး
 ၅တေး
ထိုနည်းတူစွာ
၂လာ( စနြေ္ဒာ)အခါကို       ၂လာ၊ ၃ဂါ ၊ ၄ဟူး ၊၅တေး ၊ ၆ကြာ
၃ဂါ( ဘောမ)အခါကို         ၃ဂါ ၊ ၄ဟူး ၊ ၅တေး ၊ ၆ကြာ၊၀နေ
၎ဟူး(ဗုဒ္ဓ) အခါကို            ၄ဟူး ၊ ၅တေး ၊ ၆ကြာ၊၀နေ၊ ၁နွေ
၅တေး(ဂုရု)အခါကို           ၅တေး ၊ ၆ကြာ၊၀နေ၊ ၁နွေ ၊၂လာ
၆ကြာ (သောကြ)အခါကို    ၆ကြာ ၊၀နေ၊ ၁နွေ ၊ ၂လာ ၊ ၃ဂါ
ဝနေ(သောရီ)အခါကို       ၀နေ၊ ၁နွေ ၊ ၂လာ ၊ ၃ဂါ ၊    ၄ဟူး 
ဟူ၍ အခါခွဲတစ်ခုကို၁၈မိနစ်စီပိုင်းဖြတ်မည်။
အင်္ဂဝိဇ္ဇာဗေဒင်ပညာဖြင့်တွက်ချက်၍ ဟောပြောမည်ဆိုလျှင် အဓိကကျဆုံးမှာ အခါပိုင်းခြင်းပင်ဖြစ်သည်။အခါမှားလျှင် မှန်ကန်သောအဖြေကိုမည်သို့မျှမရနိုင်။
ထိုကြောင့်လည်း အချိန် အခါပိုင်းခြင်းကို အခြေခံမှအစ ကျမ်းရင်းလင်္ကာကို
အာစရိယမူများနှင့်ပေါင်းစပ်၍ တင်ပြပေးပြီးဖြစ်ပါသည်။
ကျွန်ုပ်သည် အင်္ဂ၀ိဇ္ဇာကျမ်းအမျိုးမျိုးကို လက်လှမ်းမီသလောက် ဖတ်ရှု လေ့လာ မှတ်သားတွေးဆခဲ့ရသည်မှာ အချိန်များစွာပေးဆပ်ခဲ့ရ၏။
လက်ထပ်သင်ဆရာမရှိသောကြောင့် စိတ်ပျက်ကာ အင်္ဂ၀ိဇ္ဇာပညာကိုနှစ်များစွာ
ပစ်ထားပြီးကာမှ၊၁၉၉၉-၁၉၉၀ ခုနှစ်တွင် ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား)၏ အင်္ဂ၀ိဇ္ဇာအဟောပညာသင်ခန်းစာ များကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှပြန်လည်လေ့လာခွင့်ရ၏။ သို့သော် အထဗ္ဗဏဗေဒင်(မဟာကာလဗေဒင်)ပညာကိုအသုံးပြုမည်ဆိုလျှင်အခါတစ်ခုသည်
၁၈မိနစ်ထက်ပိုမိုအသေးစိပ်ရန်လိုအပ်မည်ဟု ကျွန်ုပ်စိတ်ထဲ၌ အလိုလိုသိနေသလိုဖြစ်မိ၏ ။
အဘယ်ကြောင့်ဆိုသော်ဤအချိန်ကကျွန်ုပ်သည်ဆန္ဒဂဏန်း၁မှ၂၄၉အထိတွင်နှစ်သက်ရာ
ဂဏန်းတစ်လုံးကို တောင်းဆို၍ နက္ခတ်ခွဲပေါင်း၂၄၉ ခုမှ ရာသီခွင်ချ၍တွက်ရသော ဆရာကြီးKP၏ဟူးရားနက္ခတ္တဗေဒကို သင်ကြားတတ်မြောက်ပြီးဖြစ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဆရာတော် ခင်ကြီးဖျော်၏ ကျမ်းရင်းလင်္ကာကိုပြန်လည်ဖတ်ရှု၍ နက်ရှိုင်းစွာ
တွေးခေါ်ကြည့်မိသည်။
“သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီဆယ့်နှစ်ဝ သင်္ချာယူ၍ဆ။”
နေ့၁၂နာရီကို အခါတစ်ခုအတွက် ၁နာရီ၃၀မိနစ်(၉၀မိနစ်) စီ ညီမျှပိုင်းလျှင် ၈ ခါရ၏ ။
ဤအထိ“သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ” ဆိုသည်နှင့် ကိုက်ညီနေသော်လည်း ………..
“ရှစ်လီဂြိုဟ်ပေါင်းပြ” ဟုဆိုရာတွင်မူ အခါခွဲတစ်ခုကို ၁၈မိနစ် စီဖြင့်  အခါတစ်ခု(၉၀မိနစ်)ကို
အခါခွဲ ၅ ခုသာပိုင်းနိုင်သဖြင့်   ငါးလီသာပေါင်းနိုင်သေး၏ ။ရှစ်လီပြည့်ရန် သုံးလီ လိုနေ၏။
လိုနေသည်ဟုသိပင်သိညား နည်းလမ်းကိုရှာမရနိုင်ခဲ့ ။ထို့ကြောင့် ထွက်သမျှလက်လှမ်းမီသမျှ အင်္ဂဝိဇ္ဇာကျမ်းများ ဆောင်းပါးများတွင်ရှာဖွေကြည့်၏ ။မရခဲ့ပါ။ဤသို့လမ်းစပျောက်နေချိန်…….
တစ်ချိန်က အမှတ်မထားကျော်၍ဖတ်သွားသော“ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား)”
၏ အင်္ဂဝိဇ္ဇာအဟောပညာသင်ခန်းစာဆောင်းပါးတစ်ခုမှ “တိုင်ပြေးကလေးများ”ကို စိတ်ဝင်တစား
အာရုံစူးစိုက်လေ့လာရင်းမှတ်သားနေရင်းမှ…အိပ်ပျော်သလိုဖြစ်သွား၏။သို့သော်နားထဲတွင်မူ
ကျွန်ုပ်နှင့်ရင်းနှီးသောအသံတစ်သံကိုကြားနေရသည် ။အသံရှင်ကိုတော့မမြင်ရ ။ ဆရာအရှင်၏အသံမှန်းသိ၏။ အိမ်မက် မက်သလိုခံစားနေရသည် ။ဆရာအရှင်ပြောခဲ့သည်က
“သုံးလီများ အဆန်းလုပ် လုပ် ၆မိနစ် စီပေါ့ ။ ဆပွတ်နဲ့ဘဲ့ယူ”  တဲ့ ။နောက်ပြောသွားသေးသည်
“ငါတို့မသိတာ ဘာမှမရှိဘူးကွ ” တဲ့ ။ ပညာတစ်ခုပေးတိုင်း ဤသို့ပြောနေကျ ။
ခဏလေးသာကြာလိုက်တဲ့ အချိန်ပါ ။ ကျွန်ုပ် ပြန်နိုးလာ၏။ “တစ်ရေးနိုးသော်အကြံပေါ်”
ဆိုသည့်အတိုင်း  တိမ်မြုပ်နေသော တန်ဘိုးကြီးလှသည့်မြန်မာတို့၏ အင်္ဂဝိဇ္ဇာ ပညာရပ်၏
၆မိနစ်ကို အခါတစ်ခုပိုင်းသောပညာခန်းကို ကျွန်ုပ်သင်ယူတတ်မြောက်ခဲ့၏ ။
ချက်ချင်းပင်  ပဉ္စဂုဏံ အဟံဝန္ဒာမိ ။ အာစရိယဂုဏံ အဟံဝန္ဒာမိ။ ဟုအသံထွက်အောင်ရွတ်၍
လက်ဆယ်ဖြာထိပ်မှာမိုးလျှက် အနန္တငါးပါးကိုရှစ်ခိုးဖြစ်လိုက်ပါသည်။
                                                                                      ဆရာမင်း 
Share this article :
Post a Comment
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger