Home » » လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာပညာ (အပိုင်း ၁)

လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာပညာ (အပိုင်း ၁)

Written By U AYE MINN on Tuesday, July 13, 2021 | 8:53 AM

 

                              အင်္ဂဝိဇ္ဇာဗေဒင်ပညာ  

   အင်္ဂဝိဇ္ဇာ ကျမ်းရင်းလင်္ကာကြီး (ဆရာတော်ကြီး ခင်ကြီးဖျော်)

(၁) အင်္ဂဝိဇ္ဇာ နည်းကျယ်စွာကို၊သေချာမှတ်စွဲ ကောက်ယူခွဲသော်….

(၂) အိုင်ထဲမြရွှေငွေ ၊ ကြံပါလူ့အသွေ ၊ ဆင်ရန်သူနဲ့ဝေး ၊လေသဲကျွန်းဆောင်မြူး

ပျော်ကြူးဧလှည့်နိုင် သာလှိုင်ဆင်ကြလန်း ၊နန်းအောင်ရွှေမြို့သာ ။

(၃) လိုရာဂြိုဟ်ရင်းကပ် ၊ဓာတ်မှန်ကိုထုတ် ၊ မိတ်လည်းအုပ် ၊ဓာတ်ထုတ်မိတ်ကိုစီး၊မိတ်ကြီးဓာတ်ကိုမံ။

(၄) ငါးတန်မဆွ၊တိုင်မူလနှင့်၊သိရသက်သေ၊ထင်လေနိမိတ်၊ဟိတ် ၊လက္ခဏာ၊စဉ်ကာထားမှ။

(၅) သူရဇ္ဇနှင့် သောကြ ထက်အောက် ၊ခယားဇောက် ၊ကောက်ဘိဆပွတ်ကြံ မှတ်ရန်နည်းတဝ။

(၆) သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီဆယ့်နှစ်၀ သင်္ချာယူ၍ဆ။

(၇) အောင်လံတေဇ၊သကျမှီအုံး ၊နန္ဒိသေနထုံး။

(၈) ဝိကလျာ၊ဝိဇ္ဇာနေယျ၊အညမည၊ခါနိစ္စ၊ ထိကြဓာတ်ပစ္စည်း။

(၉) အညမညံ ၊မဆက်ဆံ၊ပိတ္တံဝိဧက။

(၁၀) သူ့ကိုနိုင်လို ဆကိုခို လိုရာဆေးဖေါ်သုံး။

(၁၁) ထန်းအုန်းဂျုတ်ဇီး၊ ဝါမုံသီး၊ ဆေးကြီးသန္နိဌာ၊နိုင်ရာဓာတ်နှင့်သတ်။

(၁၂) တောင်သူအမှတ် လုပ်ရပ်ကိန်းချူ ၊ဓာတ်တူ နံတူ ၊ဆေးကိုယူ။

(၁၃) ကက်ကင်းသေရှင်သူ၊ ထက်အောက်ပြန်လှန်ကူ၊နံတူသတ်ကအသေရ။

(၁၄) နံလွဲကြမူ အရှင်ယူ ဟောသူမှီခိုရုံ။

(၁၅) ဂဠုန်ပုန်းခိုက်၊ပုတ်သင်မိုက်၊ကိုက်လေ ၂ ပါးသေ။

(၁၆) ခြင်္သေံ့ဟောက်ဟန် ဆင်ဝှေ့ပြန် ရုပ်နာမ်နှစ်ပါး ကံကတ္တားခြား၍ ထက်အောက်သာ။

(၁၇) ကတ္တားရှိရာ ကံမလာနှင့် နာမ်မှာထက်ပေ ရုပ်လယ်နေ၊မဇ္ဈေကံဟုမှတ် ကတ္တားအောက်ဂြိုဟ်

       မြဲမှတ်ဆို။

(၁၈) မိတ်လိုပြန်ရာ ၊ဥသာစိန်ပန်း၊ ဒန်းလှကိုရှာ ။

(၁၉) ခိုက်ရန်မှာကား ဓမ္မသောက အင်းဝရာဇာ မယှဉ်ရာတည်း။

(၂၀) ဓာတ်လာသဘော အန္တောဂဗ္ဘေ စရေဝံသေ။

(၂၁) ဦးဝေစံကူး ၊ ရေဗူးတောသူ၊ ရန်မူလည်းဆို၊ ဦးညိုခေမာ၊ သုတဝေရီ၊ရန်မှီမြဲရှောင်။

(၂၂) အောင်ပကုလား၊ ဆွေသားနောင်ရင်း၊ မိတ်သွင်းပြီးခါ၊ဆောင်သင့်ရာ၏။

(၂၃) ဆောင်ရာသင့်လျှင်၊သံယောဇဉ်ကိုမယှဉ်စေရာ။

(၂၄) မီးမှာကားမြေ၊ ရေနှင့်လေ၊ မိတ်ဆွေမစပ်၊ပိဋိကတ်။

(၂၅) မီးဓာတ်နှင့်လေ၊မြေနှင့်ရေ၊မိတ်ဆွေတော်ကြ၊သဟာယ။

(၂၆) လမ်းပြစဉ်သာ၊ရှောင်ကြဉ်ခွာ၊ဝေးစွာသူရဇ္ဇ။

(၂၇) သစ်ဆိမ့်ပန်းရ၊သူရဇ္ဇ၊ေနေထကောင်းကြွယ်ရန်။

(၂၈) ဝေးသူပင်ပြန်ရ၊နီးလွယ်အောင်ကြံဆ။

(၂၉) မင်းကုသကိုဆောင်မှကောင်းလင့်ရာ၊စေတိယကိုရှောင်မှ ကြောင်းသင့်စွာ။

(၃၀) အောက်မှာနင်းကြမ်း၊ထက်ဆောင်ပန်း၊ တခန်းယူမှီးကြ။

(၃၁) က-င ငါးမှာ၊စန္ဒြာ၊သီလာမြေဓာတ်ဖို၊ရှမ်းအငန်ဟုဆို။

(၃၃) စ-ည ဘောမ ၊ပဉ္စာစ၊လေမြေဓာတ်ဖိုရ၊တလိုင်း အခါးပ။

(၃၄) ဋ-န သောရီ ၊ဤဆယ်လီ၊မီးတောက်ဓာတ်မ၊ကုလားအချဉ်ရ။

(၃၅) ယ-ရ နှစ်ခု၊ရာဟုလေမုန်တိုင်း၊အရိုင်းဓာတ်မ၊ယိုးဒယားအဖန်ရ။

(၃၆) လ-၀ နှစ်ဦး ၊ဗုဒ္ဓဟူးဓာတ်ဖို၊ရေသီတာဟုဆို၊မျိုးကိုကတူး၊ရောနှောပူး။

(၃၇) သုံးဦး သ- ဟ- ဠ၊သောကြာရေငန်ပ၊ဓာတ်မသက်ကသည်း ကြိုက်လည်းချိုသာ။

(၃၈) အ-အာ သရ ရှစ်ဌာန၊သူရဇ္ဇ နေ့စွဲ၊ မီးခဲဓာတ်ဖို၊ဂျွန်းအစပ်ဟုဆို။

(၃၉) ဟောလိုကြပြန်၊ ဆေးပေးရန်၊လုပ်ရပ်အကြံ၊သိဒ္ဓိနှံ၊စစ်ထိုးခိုက်ရန်၊ရှုံးနိုင်တန်၊ယတြာရုပ်နာမ်

        ကျိန်းခြေပြန်၊အင်းမူစီမံ၊ဂြိုဟ်လင့်ကြံ၍၊ဂဏန်းမှန်ပြ၊ကောက်ယူဆလော့။

(၄၀) အညမညံ စိတ်ဝေဖန် ဝိဇ္ဇာမယံ ဇော်ဂျီပျံ ရသေ့ရှင်မွန် လောကီဈာန် ခေမာအမတံ ပြည်နိဗ္ဗာန်

       ရောက်လိမ့်ဧကန် မဂ်အလွန်ဖိုလ်မွန်ရလွယ်ကြိုး တိုး၍သာကြံကြစေလေကုန်။ ။

                                                   ( ကျမ်းရင်းလင်္ကာကြီးပြီး၏)

ရှင်းလင်းချက်

အမှတ်(၁၈) ၊(၂၀) ၊(၂၂) နှင့် (၃) တို့ ကိုအရကျက်လိုက်ပါ။ဤအချက်များမှ အမှတ်(၂)ဖြစ်လာတာပါ။

ဥပမာ။ ။အမှတ်(၃)မှ……

လိုရာဂြိုဟ်ရင်းကပ်……..လိုရာဂြိုဟ်ရင်း သည် ၁နွေ ဆိုပါစို့ ။ (အိုင်)

ဓာတ်မှန်ကိုထုတ်……….၁နွေ ၏ ဓာတ်သည် ၀နေ ဖြစ်သည် ။ (ထဲ) အန္တော

မိတ်လည်းအုပ်…………. ၁နွေ ၏ မိတ်သည် ၅တေး ဖြစ်သည်။ (မြ) အောင်ပ

ဓာတ်ထုတ်မိတ်ကိုစီး……0နေ ၏ မိတ်သည် ၄ဟူး ဖြစ်သည် ။ (ရွှေ) တော်ရင်း

မိတ်ကြီးဓာတ်ကိုမံ……….၅တေး ၏ ဓာတ်သည် ၂လာ ဖြစ်သည် ။ (ငွေ) ဂဗ္ဘေ


လိုရာဂြိုဟ်ရင်းကပ်……..လိုရာဂြိုဟ်ရင်း သည် ၂လာ ဆိုပါစို့ ။ (ကြံ)

ဓာတ်မှန်ကိုထုတ်……….၂လာ ၏ ဓာတ်သည် ၅တေး ဖြစ်သည် ။ (ပါ) ဂဗ္ဘေ

မိတ်လည်းအုပ်…………. ၂လာ ၏ မိတ်သည် ၄ဟူး ဖြစ်သည်။ (လူ့) ကုလား

ဓာတ်ထုတ်မိတ်ကိုစီး……၅တေး ၏ မိတ်သည် ၁နွေ ဖြစ်သည် ။ (အ) အောင်ပ

မိတ်ကြီးဓာတ်ကိုမံ……….၄ဟူး ၏ ဓာတ်သည် ၆ကြာ ဖြစ်သည် ။ (သွေ) ဝံသေ

ထိုနည်းတူစွာ……ဆင်(၃ဂါ) ၊ရန်(၄ဟူး) ၊သူ(၆ကြာ) ၊နဲ့(၀ နေ) ၊ဝေး (၄ဟူး) ။

……စသည်ဖြင့် ကြံဆယူပါ။



အင်္ဂဝိဇ္ဇာတိုင်များ နှင့်ပတ်သက်၍ အမှတ်(၅)နှင့်(၆)ကို နားလည်ရမည်။

အမှတ်(၅)မှ သူရဇ္ဖ နှင့် သောကြထက်အောက် ခရားဇောက် ဆိုသည်မှာ ……..

ဆပွတ်လင်္ကာဖြစ်သော……….

.သူရဇ္ဇ(၁နွေ) ၊ သောကြ (၆ကြာ ) ၊ ဗုဒ္ဓ (၄ဟူး) ၊ စန္ဒြော (၂လာ) ၊ သောရီ (ဝနေ) ၊ ဂုရု (၅တေး) ၊ ဘောမ(၃ဂါ)ကိုဆိုလိုပါသည်။

အထက်ပါလင်္ကကာကို ကရွတ်ကင်းလျှောက် ကျက်မှတ်ပါ။

အောက်ပါအတိုင်းလည်းအလွယ်မှတ်နိုင်သည်။

                     တ ပည့် စာ အံ သီ လ ခံ၊ ( ဝနေ ၅တေး ၃ဂါ ၁နွေ ၆ကြာ ၄ဟူး ၂လာ )

ခရားဇောက် ဆိုသည်မှာ အလယ်မှအစပြု၍ အပေါ်တစ်လုံး အောက်တစ်လုံးချရသောတိုင် ကိုဆိုလိုသည်။

ဥပမာ။   ။     ဤနည်းဖြင့် တိုင်(၇)တိုင်သည် အောက်ပါအတိုင်းဖြစ်လာသည်။


 တိုင်ထူတတ်ပြီဆိုရင်.. လင်္ကာအမှတ်(၂) နှင့် (၄) ကို ပြန်ကောက်မယ်။
အမှတ်(၂) မှ   အိုင်  ထဲ  မြ  ရွှေ  ငွေ………………...............နန်း အောင် ရွှေ မြို့ သာ။

တို့သည် အမှတ်(၄)မှ ငါးတန်မဆွတိုင်မူလနှင့်………......စဉ်ကာထားမှ။နှင့်အောက်ပါအတိုင်းဆက်စပ်နေပြန်သည်။






                                                                                 တနင်္ဂနွေအခါ
                                                                      တနင်္လာအခါ
                                                                        အင်္ဂါအခါ
ဗုဒ္ဓဟူးအခါ
ကြာသပတေးအခါ
သောကြာအခါ
စနေအခါ

ဤသို့ဆိုလျှင် ကျမ်းရင်းလင်္ကာအမှတ်(၁)၊(၂)၊(၃)၊(၄)၊(၅) တို့ကို နားလည်သဘောပေါက

 နေ့  ၊  အချိန် ၊ အခါ  ၊ အယူအဆများ

နေ့  ။        ။ နေ့ တွင် တနင်္ဂနွေ၊တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ၊စနေဟူ၍(၇)နေ့သာရှိသည်။ ရာဟုနေ့ဟူ၍မရှိပါ။

 အချိန် ။      ။ ကျမ်းရင်းလင်္ကာအမှတ်(၆)၏အဆိုအရ   သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ

                     ရာသီဆယ့်နှစ်၀ သင်္ချာယူ၍ဆ။ ဆိုသည့်အတိုင်း နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ

                    နေ့(၁၂)နာရီကို တစ်ချိန်လျှင် ၁ နာရီ ၃၀ မိနစ် စီထား၍ ရှစ်ချိန်ပိုင်းခြားမည်။

                    ထိုနည်းအတူ ည(၁၂)နာရီကိုလည်း ၈ ချိန် ပိုင်းခြားမည်။

အခါ ။           ။ သူရဇ္ဖက စ၍စဉ်စီ ဆိုသည့်အတိုင်း သူရဇ္ဇ ၊သောကြ ၊ဗုဒ္ဓ ၊ စန္ဒြော၊ သောရီ ၊ဂုရု၊ဘောမ

                         သူရဇ္ဇ အစီအစဉ်ကို နေ့ ၊ အချိန် ၊ကိုလိုက်၍ အောက်ပါအတိုင်း သတ်မှတ်ပါမည်။ 











            (တ ပည့် စာ အံ သီ လ ခံ ) လင်္ကာ ဖြင့်လည်း မှတ်သားနိုင်ပါသည်။

  ဇယားရှင်းလင်းချက်

  တနင်္ဂနွေနေ့    နံနက် ၆ နာရီ မှ ၇ နာရီ ၃၀ မိနစ် အထိ                ပထမခါ   သူရဇ္ဇ  ၁နွေအခါ   (အံ)

  နံနက် ၁၀ နာရီ ၃၀မိနစ် မှ မွန်းတည့်၁၂ နာရီ အထိ                      စတုတ္ထခါ   စန္ဒြော ၂ လာအခါ (ခံ)

  မွန်းလွဲ ၃ နာရီ မှ ၄ နာရီ ၃၀ မိနစ်အထိ                                        သတ္တမခါ ဘောမ ၃ ဂါ အခါ  (စာ)

 စသည်ဖြင့် ကျန်နေ့များတွင်လည်း ဤသို့ယူဆပါ။

               အခါတစ်ခု (၉၀ မိနစ်)ကို  အခါ ခွဲ(၅)ပိုင်း ခွဲခြင်း  

  (ဤနည်းသည် ဆရာကြီးဦးကြည် မှရသော နည်းဖြစ်သည်။)

(၉၀မိနစ်)စီ ပိုင်းထားသော အခါတစ်ခုစီကို (၁၈ မိနစ်)စီထား၍ အခါခွဲ (၅)ပိုင်း ထပ်မံပိုင်းမည်။

တနင်္ဂနွေ(သူရဇ္ဇ) အခါ ၏ အခါခွဲ(၅)ပိုင်း

၁နွေ(သူရဇ္ဇ)အခါ၏ပထမ၁၈မိနစ်ကို၁နွေအခါခွဲမှစ၍၂လာ၊ ၃ဂါ၊ ၄ဟူး၊ ၅တေး ဟူ၍

အစဉ်လိုက်အောက်ပါအတိုင်းခွဲသည်။


ထိုနည်းတူစွာ

၂လာ( စန္ဒြော)အခါကို       ၂လာ၊ ၃ဂါ ၊ ၄ဟူး ၊၅တေး ၊ ၆ကြာ

၃ဂါ( ဘောမ)အခါကို         ၃ဂါ ၊ ၄ဟူး ၊ ၅တေး ၊ ၆ကြာ၊ဝနေ

၄ဟူး(ဗုဒ္ဓ) အခါကို            ၄ဟူး ၊ ၅တေး ၊ ၆ကြာ၊ဝနေ၊ ၁နွေ

၅တေး(ဂုရု)အခါကို           ၅တေး ၊ ၆ကြာ၊ဝနေ၊ ၁နွေ ၊၂လာ

၆ကြာ (သောကြ)အခါကို    ၆ကြာ ၊ဝနေ၊ ၁နွေ ၊ ၂လာ ၊ ၃ဂါ

ဝနေ(သောရီ)အခါကို       ဝနေ၊ ၁နွေ ၊ ၂လာ ၊ ၃ဂါ ၊    ၄ဟူး

ဟူ၍ အခါ ခွဲတစ်ခုကို၁၈မိနစ်စီပိုင်းဖြတ်မည်။

အင်္ဂဝိဇ္ဇာဗေဒင်ပညာဖြင့်တွက်ချက်၍ ဟောပြောမည်ဆိုလျှင် အဓိကကျဆုံးမှာ အခါပိုင်းခြင်းပင်ဖြစ်သည်။အခါမှားလျှင် မှန်ကန်သောအဖြေကိုမည်သို့မျှမရနိုင်။ ထိုကြောင့်လည်း အချိန် အခါပိုင်းခြင်းကို အခြေခံမှအစ ကျမ်းရင်းလင်္ကာကိုအာစရိယမူများနှင့်ပေါင်းစပ်၍ တင်ပြပေးပါသည်။

ဆက်ရန်။ (လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာပညာ (အပိုင်း ၂)တွင်ဆက်လက်ဖတ်ရှုပေးပါရန်

မေတ္တာဖြင့်- ဆရာမင်း (14-7-2021 ;11:00AM)



Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger