Latest Post
Showing posts with label အင်္ဂဝိဇ္ဇာဗေဒင်ပညာ. Show all posts
Showing posts with label အင်္ဂဝိဇ္ဇာဗေဒင်ပညာ. Show all posts

အင်္ဂဝိဇ္ဇာဗေဒင်ပညာ အပိုင်း(၄)

Written By U AYE MINN on Thursday, August 19, 2021 | 2:27 AM



ပို့ချချက်(၁) ဂြိုဟ်ပရိယာယ်များ

++++++++++++++++++++
အားလုံးမင်္ဂလာရှိကြပါစေ ကြောင်းနှုတ်ခွန်းဆက်ပါသည်။
မင်္ဂလာပါ။
အင်္ဂဝိဇ္ဇာ ပညာ မှ အရေးကြီးဆုံး ဂြိုဟ်တို့၏ပရိယာယ်များ ကို ပို့ချ ပေးလိုက်ပါတယ်။
++++++++++
တနင်္ဂ‌နွေဂြိုဟ်၏ ပရိယာယ်များ
--------------------------------
သူရဇ်ဇ ။ သူရဇ္ဇ
၁ ဂဏန်း၊ အရှေ့မြောက်အရပ်၊ ၊ဂြိုဟ်သက် (၆)နှစ်။
တေဇာဓာတ်(မီးခဲ)၊ဓာတ်ဖို၊၊အစပ်အရသာ၊
အနီရောင်ပစ္စည်းများ
အ၊ ဥ၊ ဦ  ဦး စ သော အက္ခရာများနှင့် စ ‌သောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ။
ဖခင်၊ဖခင်ကဲ့သို့သောသူ၊မင်း၊ဥက္ကဋ္ဌ၊အကြီးအကဲ၊၊
ဦးခေါင်း၊ နှလုံး ၊ အကြော ၊
အိုးအိမ်၊‌ လှေကားနှင့်ဆိုင်သော၊
မို့မောက်သောကုန်းမြေ၊တောင်ပို့၊အနုပညာသည်များစုဝေးရာနေရာ။
အလုပ်အကိုင်
ပါပဂြိုဟ်။

တနင်္လာဂြိုဟ်၏ ပရိယာယ်များ
-------------------------------
- စန္ဒြော
၂ ဂဏန်း၊အရှေ့အရပ်၊ဂြိုလ်သက် (၁၅)နှစ်၊
 ပထဝီဓာတ်(‌ ‌မြေမာ၊ကျောက်မြေ)၊ဓာတ်ဖို၊အငန်၊
အဖြူရောင်၊ပုလဲ
က၊ခ၊ဂ၊ဃ၊င အက္ခရာများနှင့်စ သောအမည်များနှင့် 
သက်ရှိသက်မဲ့အရာများ။
မိခင်၊မိခင်ကဲ့သို့သောအမျိုးသမီး၊အကြီးအကဲ၏ဇနီး၊
အစာအိမ်၊ရင်ဘတ်၊အဆုတ်၊
အကြံအစည်၊အကြွား၊၊အဝတ်အစားသစ်၊
မင်္ဂလာ၊‌ ခြေနှစ်ချောင်း၊ခရီးတို။
သန့်ရှင်းညီညာသောမြေ ၊ သစ်ပင်များစွာရှိသောအရပ်၊
သောမဂြိုဟ်။
+++++++++++++++++++
အင်္ဂါဂြိုဟ် ၏ ပရိယာယ်များ
--------------------------
- ဘောမ
၃ ဂဏန်း ၊ အရှေ့တောင်အရပ်၊ ဂြိုလ်သက် (၈)နှစ်၊
ဝါယောဓာတ်(လေညှင်း)၊ဓာတ်ဖို၊အခါး၊
အဖြူ နီရော(မီးကျည်) ရောင်၊သန္တာ
စ၊ဆ၊ဇ၊ဈ၊ည စ ‌‌သောအက္ခရာများနှင့်စ ‌‌သောအမည် များနှင့် သက်ရှိသက်မဲ့အရာများ၊
လင်ယောက်ျား၊အောက်လူ၊ကျေးကျွန်၊စစ်သူကြီး၊
မျက်စိ၊သားအိမ်၊ကျောက်ကပ်၊မျက်နှာ၊အရေပြား၊ချင်ဆီ၊ခွန်အား၊
အစုပ်အပြဲ၊စုန်း၊စက်ပစ္စည်းများ၊
မီးလောင်ထားသောမြေ၊မီးနှင့်အနီးဆုံးလုပ်ကိုင်ဆောင်ရွက် ရသောနေရာများ။
ပါပဂြိုဟ်။
++++++++++++++++++
ဗုဒ္ဓဟူးဂြိုဟ် ၏  ပရိယာယ်များ
-------------------------------
ဗုဒ္ဓ
၄ ဂဏန်း၊ တောင်အရပ် ၊ ဂြိုဟ်သက် (၁၇)နှစ်၊
အာပေါဓာတ်(ရေကြည်)၊ ဓာတ်ဖို၊ အချို ၊ 
အစိမ်းရောင် ၊ မြကျောက်၊
ယ၊လ ၊၀ ၊   စသောအက္ခရာများနှင့် စ သောအမည်များနှင့် သက်ရှိသက်မဲ့အရာများ၊
သားငယ်၊သမီးငယ်၊ ညီအကိုမောင်နှမ၊ ရွယ်တူတန်းတူ၊လုပ်‌ဖော် ကိုင်ဖက်၊ အိမ်ရှေ့မင်း၊
ရင်၊ဝမ်း။
ရေဝပ်သောမြေ၊ချိုင့်၊ရေကန်၊လူအများစုဝေးရာအရပ်၊
ယားယံခြင်း၊လျို့ဝှက်ခြင်း၊လှည့်ဖြားခြင်း၊ယောင်လည်လည်ဖြစ်ခြင်း၊
သောမဂြိုဟ်
+++++++++++++++++++
ကြာသပတေးဂြိုဟ် ၏  ပရိယာယ်များ
---------------------
ဂုရု
၅ ဂဏန်း၊အနောက်အရပ်၊ ဂြိုလ်သက် (၁၉)နှစ်၊
ပထဝီဓာတ်(မြေပျော့ ၊ရွှံ့မြေ )၊ ဓာတ်မ၊အဆိမ့် အရသာ၊ အဝါရောင်၊အရောင်ဖျော့များ၊ဥဿဖရား။
ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ ၊  စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
ပညာရှင်များ၊ မုဆိုးမ ၊ ဘုန်းကြီး ၊ ဆရာ ၊ အုပ်ချုပ်ရေးဆိုင်ရာ တိုင်ပင်ခံအဖွဲ့၊
အသည်း၊နံရိုး၊သွေးကြော ၊ အူ။
ဘုရားကျောင်းဆောင်၊ဘုရားမြေ ၊ ဘုန်းကြီးကျောင်း၊နတ်စင်၊ဂိုထောင်၊စပါးကျီ၊ကိုယ်ပိုင်ငွေ။
သောမဂြိုဟ်
+++++++++++++
သောကြာဂြိုဟ်  ၏  ပရိယာယ်များ
-------------------------
သောကြ
 ၆ ဂဏန်း၊ မြောက်အရပ် ၊  ဂြိုလ်သက် ( ၂၁ )နှစ်၊
အာပေါဓာတ်(ရေနောက်)၊ဓာတ်မ၊ အချို ၊ အဖြူပျောက်၊ပုလဲပေါက်အရောင်၊စိန်။
သ ၊ ဟ ၊  စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
ဇနီး မယား၊ စေ့စပ်ထားသူ၊သားချင်းဆွေမျိုး ၊ သူတော်ကောင်း ၊သူခိုး၊ကုန်သည်။
သွား၊သွေး၊သွေးကြော၊ကုပ်၊လည်ပင်း။
ယောက်ျားသုတ်သွေး၊မိန်းမဓမ္မတာ၊ ရမက်တဏှာ၊သီလပျက်ခြင်း၊စကား၊ခရီးရှည်။
အိမ်ခန်းဝ၊ပြည့်တန်ဆာအိမ်၊ ကာမဂုဏ်ကိုအားပေးလှုံ့ဆော်ရာနေရာအခန်းများ၊
ခရီးအသွားအလာများသောနေရာများ၊လှုပ်ရှားမှုများသောနေရာများ၊လမ်းလေးခွမြေ။
သောမဂြိုဟ်။
++++++++++++++++
စနေဂြိုဟ်  ၏  ပရိယာယ်များ
-------------------------------
သောရီ
၀ ဂဏန်း နှင့် ၇ ဂဏန်း၊ အနောက်တောင်အရပ်၊ 
 ဂြိုလ်သက် (၁၀)နှစ်၊
တေဇောဓာတ်(မီးတောက်) ၊ ဓာတ်မ ၊ အချဉ် ၊ အနက်ရောင်၊ နီလာကျောက်။
တ ၊ ထ ၊ ဒ ၊ ဓ ၊ န ၊ ဋ ၊ဌ ၊ဍ ၊ဏ   စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
အိမ်စေများ ၊ အောက်လူများ ၊ အစေခံ၊ရုံးအကူ ၊ လခစားအလုပ်သမား ။
စိတ်၊ဝမ်းဘက်ပိုင်းအရိုး၊လိင်အင်္ဂါ၊
 အောက်တန်းကျသောအတတ်ပညာ(အောက်လမ်း)၊နတ်ပိုင်းဆိုင်ရာ ၊ အမှုအခင်း၊
အညစ်အကြေးများရှိရာအရပ်၊မှိုက်ပုံ၊ မြောင်းမြေ၊ကုန်းစောင်းမြေ၊ပြိုခါနီးအိမ်၊
စပ်ထားသောအဝတ်အထည်။
ပါပဂြိုဟ်။

ရာဟုဂြိုဟ် ၏  ပရိယာယ်များ
---------------------
၈ ဂဏန်း ၊အနောက်မြောက်အရပ်၊  ဂြိုလ်သက် (၁၂)နှစ်။
ဝါယောဓာတ် (မုန်တိုင်း)၊ဓာတ်မ ၊အဖန်၊
နီပျောက်ကြား၊
ရ ၊ ဠ စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
ရင်ဘတ်
လူသတ်သမား၊တိရစ္ဆာန်သတ်သူများ၊အနာကြီးရောဂါသည်၊ လူလိမ်၊သူတောင်းစား၊အယောင်ဆောင်များ။
အနိဌနှင့်ဆိုင်သောနေရာများ၊သူသာန်မြေ၊အဆောက်ဦးပျက်၊ရင်ခွဲရုံ၊ရေခဲတိုက်၊
၊ဆွေးမြေ့နေသောအဝတ်အထည်။
ပါပဂြိုဟ်။
@ သောမဂြိုဟ် = ဂြိုဟ် ကောင်း
 @ ပါပ ဂြိုဟ်   = ဂြိုလ် ဆိုး
===========================

ဗြဟ္မိဒ္ဓိကျမ်း (၂)

Written By လွင့်မောင်မောင် on Saturday, April 21, 2012 | 12:51 AM



       (၁) တနင်္ဂနွေတိုင်   
                         
                   
      တိုင်ဦးအဟုတ် ၊ အလင်းထုတ်အံ့ ၊ နှမ်းစုပ်ငှက်ငယ် ၊ ဖားဝယ်မျိုစား ၊ ဖားကားမြွေချီ ၊ မြွေနီဒေါင်းပေါက် ၊ အောက် ကတ္တားဂြိုဟ် ၊ အခိုက်ဆိုမှ ၊ ထက်ကိုသောကြ ၊ စန္ဒရာ ဂုရု ၊
နိုင်ကြောင်းရှု၍ ၊ နံဟုမှတ်လေ ။ မဇ္စျေ ရုပ်ကံ ၊နံမှာသက်သက် ၊ အစာဆက်လည်း ၊မပျက်
၇-တန် ၊ ကတ္တားမှန်မူ ၊ ပျက်ရန်ချင်းချင်း ၊သွင်းလေအစာ ၊ သင့်ရာကိုဆက် ၊ တစ်ချက်ဓာတ်နံ၊
တူခဲ့ ပြန်သော် ၊ ဆိုရန်မရှိ ၊ လွတ်လွယ်ဘိ၏ ။ဝိပရိတ ၊ ဖြစ်ကြထွေလာ၊ သို့အရာကို ၊သောကြာသီချင်း၊
ကျူးညှင်းသံသာ ၊ စန္ဒရာ တစ်ကြောင်း ၊ ကြေးသံညောင်းလျှက် ၊၄င်းဂုရု ၊မြွေဟုခေါ်ရာ ၊အောက်ဂြိုဟ်မှာ
လျှင် ၊ မပါရှင်းရှင်း ၊ ဆေးနံကင်းမှ ၊ နေခင်းမြို့ရွာ ၊ယတြာစစ်ချီ ၊ စွဲမှီကပ်ခို ၊ဆောင်လိုသမှု ၊အစုစုကို ၊
ကြည့်ရှုဆင်ခြင် ၊ ထက်ခွင်သုံးရပ် ၊ နံမစပ်နှင့် ၊ ကျမ်းမြတ်၌ဝယ် ၊ မလိုဖယ်သည်။           ။
 တို့ဝယ်ဉာဏ်ရှိ မဆုံးတည်း ။

                          အဓိပ္ပာယ်သံပေါက် လင်္ကာ
ဂဠုန်မင်းထံ ခြင်္သေ့ပြန် ၊ဆဒ္ဒန်ဝင်လာရောက် ။
ဂဠုန်မသွေ ပျက်ပြားကျေ ၊သေလေအပြီးရောက် ။
ရေနတ်နဂါး ဝင်လာငြား ၊ ငှက်ကားဂဠုန် ချမ်းသာတုံ ၊
ရန်မှုန် ပယ်လွင့်ပျောက် ။
ပူး ကျား ကြွက်မှာ ကောင်းကျိုးရှာ ၊ အစာသင့်ရာထောက် ။
အပဓာတ်မှာ ၊ ဉာဏ်နှင့်သာ ၊လျော်ရာနံကိုကောက် ။
လုပ်ရတ်မှာမူ ၊ ကတ္တားယူ ၊ နံတူဆေးနှင့်ပေါက် ။
ပြိုပျက်ကွဲကျေ ၊ ရုပ်ကံသေ ၊ ကြံလေပြီးစီးရောက် ။
ခြင်္သေ့ နဂါး ၊ ဆင်ထင်ရှား ၊ဆောင်ငြားမှုများစွာ ။
ကြွက် ကျား ပူး ကို ၊ရှောင်စေလို ၊ချင့်ကိုလွတ်အောင်ခွာ ။
ဆိတ်သာ လင်းပင် ၊ နေရပ်ခွင် ၊ အလျဉ်မမီရာ ။
သာစည် ပင်းယ ၊ သူရဇ္ဇ နေထ လွန်ချမ်းသာ ။
ညောင်စောက် ရွာလှ ၊ နံဧက ၊ ရှောင်ကြဝေးဝေးခွါ ။
စောလှ လှေဆန် ၊ ရှေ့နောက်ပြန် ၊ သင့်နံ မြို့ပြည်ရွာ ။
နေမှာချေက ၊ သူရဇ္ဇ သောကမီးပမာ ။
ဥသြ မြည်သံ ၊ အချိန်မှန် ၊ ဧကန်မသွားရာ ။
မရှောင်ချေက ၊ ဘေးဒဏ်ရ ၊ ဖြစ်ထမလွဲရာ ။
ဆင်နှင့် နဂါး ၊ ခြင်္သေ့ အား ၊ ရှောင်ငြားချင့်အခါ ။
ဂဠုန်သေရာ ၊ ဆေးသုံးဖြာ ၊ မှန်စွာရအောင်ရှာ ။
ဦးစ ရွှေလျှံ ၊အချိန်မှန် ၊ မြန်မြန်ပျက်စီးရာ ။
တြိ  စတု ၊ အင်းနှစ်ခု ၊ ရာဟု ဝဲခြေမှာ ။
ပဉ္စာ နှင့် ဆ ၊ အင်းနှစ်ဝ ၊ ခံထ ဆံရေသာ ။
ဤသို့နည်းတူ ၊ ယတြာမူ ၊ဝေးသူပြန်လေရာ။
အင်းမူသေးသေး ၊ ဉာဏ်နှင့်တွေး ၊ ဓာတ်ဆေးချိန်အခါ ။
အပဓာတ်မှာ ၊ နံကိုရှာ ၊ ကြံခါလွတ်ချမ်းသာ ။
နှိပ်နှင်းကလူ ၊ နိုင်လိုမူ ၊ ယူလေချင့်နံသာ ။
ဂဠုန် ပူးခိုက် ၊ ဖုတ်တမြှိုက် ၊ ပုတ်သင်ကိုက်သည် ၊
ဂဠုန်ဝေ သေလေအရှင်းသာ ။
ပူးမှာဆင်ဖက် ၊ ကြွက်မှာခြင်္သေ့ ၊
 လွန်သရွေ့ ဓာတ်ငွေ့ ကျေရန် ဤသို့ကြံ ၊ ရှင်ပြန်ဂဠုန်မှာ ။
ဆင်နှင့်နဂါး ခြင်္သေ့အား လိုက်ငြားအမှန်သာ ။
မပျက်ဧကန် ၊ နိဇီဝံ ၊ အမှန်သေလေခါ ။
ရှုံး နိုင်နှစ်တန် ၊ သိလိုပြန် ၊ နံကိုပေါင်းစပ်ရန် ။
သတ်နှင့်စားဖြို ၊ အကြွင်းဂြိုဟ် ၊ထိုထိုမှတ်အပ်စွာ ။
အခါတိုင်တွင် ၊ ထက်ဂြိုဟ်ရှင် ၊ အလျင်နိုင်ဖို့ရာ ။
ထက်ဂြိုဟ်သုံးရပ် ၊ အောက်သုံးရပ် ၊ နေလတ်ချင်းတို့သာ ။
ပဉ္စပွတ်မူ အနိုင်ယူ ၊ နံတူသရေခါ ။
မိတ်ဂြိုဟ် ရန်ဂြိုဟ် ၊ ဥစ္စာဂြိုဟ် ၊ နံကိုအရရှာ ။
ဥဒါသိန်မူ ၊ အသင့်ယူ တိုင်ထူဟောသောခါ ။
အထက်ဣဋ္ဌာ ၊အောက်နိဋ္ဌာ ၊နှစ်ဖြာဂြိုဟ်ဖြစ်လာ ။
တြိ နှင့် ဆ ၊ နဝင်္ဂ ၊ အရသင်္ချာ ဆုံးဖြတ်ပါ ။
အောင်ရာ ရက် ဒိဝါ ၊ နေရပ်ညွှန်းဆို ၊ သိပြန်လို ၊ထိုထိုနေ့အခါ ။
အင်္ဂဝိဇ္ဇာ ၊ နည်းကျယ်စွာ ၊ ကမ္ဘာကျမ်းအလာ ။

ဗြဟ္မိဒ္ဓိကျမ်း ( အပိုင်း ၁ )


                                         (ကျောင်းဆရာကြီးဦးဘိုးသာ)
(၁) အင်္ဂဝိဇ္ဇာ ၊ နည်းခြင်းရာကို ၊ သေချာစွဲညှိ ၊ ကောက်ယူဘိမူ ၊ ရဝိပထဝီ ၊နှမ်ပြီစုပ်ငှက် ၊
    အစပ်ထွက်၏ ။ ဗျ ဂ္ဃစန္ဒရာ၊ဓာတ်မှာရေငန် ၊ တတန်ဘောမ ၊ မောရဥဒေါင်း ၊ ၄င်းအခါး
    မီးဓာတ်ပွားတည့် ။ ဖားကားဗုဒ္ဓါ ၊ ရသာအချဉ် ၊ ဝါယောတွင်၏ ။ ငါးလျှင် ဂုရု ၊ သည်းခြေ
   ရှု၍ ၊ စားမှုအချို ၊ ခြောက်ကို လုဒ္ဒက ၊ ပုတိကဟု ၊ ရသာဆိမ့်ပေ ၊ စနေ ဥရင်္ဂ ၊ အာကာသဟု ၊
   ရသအဖန် ၊ ခုနှစ်တန်ကို ၊ ဝေဖန်ခြားကွက် ၊ “အသက်တည်ထား၊ သတ်နှင့်စားမှ ”၊ ကြွင်းငြား
   မှန်လှ ၊ သူရဇ္ဇ နှင့် ၊ သောကြဗုဒ္ဓ ၊တိုင်ဇောက်ချ၍ ၊ ကုသဆေးဝါး ၊ ဓာတ်သွားအစာ ၊
   ပေးရာတဝ ၊ “ကာလချိန်စစ် ၊ တိုင်သနစ် ကား” ၊ ဖြစ်ဖြစ်သမျှ ၊ ပျောက်ရှဥစ္စာ ၊ ရရာသမှု ၊
   ဆေးကုယတြာ ၊ အခါစစ်ပြိုင် ၊ ရှုံးနိုင်တဝ ၊ တိုင်မူလဟု ၊ နာမထင်ရှား ၊ စွမ်းအပြားကား ၊
   ရုပ်ထားနံနှိပ် ၊ သိဒ္ဓိပြီးရန် ၊ လုပ်ရတ် ဉာဏ်လည်း ၊ ကြံလေတစ်ချက် ၊ ဖြစ်ပျက်စေကြောင်း ၊
   အင်းကောင်း အင်းညစ် ၊ ဖွေသနစ်၍ ၊ ရပ်ပြစ်မူလ ၊ရှစ်ဌာနကို ၊ဝေငှသိစေ ၊ကိုးထွေဓာတ်မ
   ပထမအမျိုး ၊အခိုးပြန်တက် ၊ဂဠုန်ငှက်ဟု ၊ကျမ်းထွက်စကား ၊ သိသော အားဖြင့် ၊ပေါင်းငြား
   ဖက်စပ် ၊ ကြွေကျနတ်ဟု ၊ကျမ်းမြတ်ဝိဇ္ဇာ၊အကျဉ်းမှာသည် ။      ။
   ကျမ်းကား နက်ကျယ် ဝန်းဝန်းတည်း ။
  (၂) ကျမ်း၌ရှိသော ထိုစကားကို ၊ ဓာတ်သွားဓာတ်ပြန် ၊ကြံလော့မဖောက် ၊ ခရားဇောက်မူ ၊
      အုန်းပေါင်းကြင်သူ ၊ချစ်သူစံတန်း ၊စံထွန်းလှဦး ၊ လူးအောင်မြတ်ကြံ၊ ပြန်ချင်သာစွ ၊
      သူဇာတံလှ ၊ ထွားလှဧမွတ် ၊မချွတ်ဆောင်ပန်း ၊ထက်တခန်း ၊ ပန်းဟိုက်မော၍သေ။
      ကံပင်ခန္ဓာကြွေ ၊ အောင်လံတေဇ ၊ ကျမှီအုံးလှ ၊ဇသကျမှီ ၊ လံတေဇသက် ၊မှီအုံးလံတေ ၊
   သက်ကျမှီအုံး ၊ တေဇသက်ကျ ၊ ဒိသာပါမောက္ခ ၊ ဆရာရသေ့လှ ၊ သည်တွင်ပေါ်လာက
   ခန္ဓာမကြွေကျ ၊ ဂဠုန် စောင်းလျား ၊ ကျားကား လက်ပံ ၊ သီဟံ ဖက်မှန်း ၊ ဆင်သန်းသဒွတ်၊
   ကြွက်လွှတ်ထဲအုံ ၊ ပူးတုံအင်ကြင်း ၊ နဂါးမင်းခူဇံ ၊ အိပ်နေထိုင်ကြံကြ ၊ ဝေးသူပင်ပြန်ရ ၊
   နည်းလွယ်အောင်ကြံဆ ၊ မင်းကုသ ရှောင်ကြမှ လျော်စွာ ၊ စေတီယ ဆောင်ကြမှ ကြောင်းသင့်စွာ၊
    အောက်မှာနင်းကြမ်း ၊ထက်ဆောင်ပန်း ၊တခန်းယူသည့်နည်း ။
   အညမည၊ခါနိစ္စ ထည့်ကြဓာတ်ပစ္စည်း။အညမညံ ၊မဆက်ဆံ ၊ မိတ္တံအပီယ ။ ဗဟိဒ္ဓိအပထင်မှတ်
   အဇ္ဈတ္တိက အတွင်းမျှ၍ ရူပသဒ္ဒံ ဖောက်ပြန်နှော ၊ ပယောဂနှင့် ၊ ယောဂယှဉ်ဘိ ၊ ဝိဘဇ္ဇန ၊ဝိတဂ္ဂဟု
   ဝိစာရအား ၊ ထွေထွေငြား ၊ ဉာဏ်ကားထိုးထွင်းကြည့် ။ရဝိဒိပ္ပာ ၊ ဝိကလျာ ၊ ဝိဗ္ဗာနေယျ၊
   သည်တွင်ပြ ကြံကြလူကဝိ ။ လင်းပင်စေသာ ရှောင်ကြခွာ ၊ ဝေးစွာသူရဇ္ဇ ၊ သစ်ဆိမ့်ပင်းယ ၊
   သူရဇ္ဇ ၊နေထကောင်းကြွယ်ရာ ။ ၄င်းနည်းပင် ကျန်လူတွင် ဆင်ခြင်သိလေပါ။
                          ( ကျမ်း၏ ပရိကံ နှစ်ပုဒ် ဤတွင်ပြီး၏)
  

အင်္ဂဝိဇ္ဇာဗေဒင်ပညာ(အပိုင်း ၃ )

Written By လွင့်မောင်မောင် on Thursday, October 6, 2011 | 12:54 AM

အင်္ဂဝိဇ္ဇာဗေဒင်ပညာတွင် အချိန်ပေါ်လိုက်၍ အခါပိုင်း ခြင်းကိုကျွမ်းကျင်ပိုင်နိုင်မှ မှန်ကန်သော 

အဖြေကိုထုတ်နိုင်မည်ဖြစ်ရာ လေ့လာလိုသူများ အလွယ်တကူ အသုံးပြုနိုင်စေရန်
 

နံနက် ၆နာရီ မှ ညနေ ၆နာရီအထိ ၆မိနစ် တစ်ခါ ဘုတ္တိခါ ပိုင်းထားသော ဘုတ္တိခါပေါင်း ၁၂၀ အတွက် 

အခါပိုင်းဇယားကိုတင်ပေးလိုက်ပါတယ်။

အင်္ဂဝိဇ္ဇာဗေဒင်ပညာ(အပိုင်း ၂ )


ဗုဒံ္ဓသရဏံ ဂစ္ဆာမိ                    ဓမ္မံသရဏံ ဂစ္ဆာမိ                      သံဃံသရဏံ ဂစ္ဆာမိ 
                                          အရဟံ သိဒ္ဓိ
                  “  ပဉ္စဂုဏံ အဟံဝန္ဒာမိ ။ အာစရိယဂုဏံ အဟံဝန္ဒာမိ

ဝေါဟာရ အသုံးအနှုန်းများ
(၉၀)မိနစ် အခါ တစ်ခုကို …………….မူလအခါ
(၁၈)မိနစ် အခါတစ်ခုကို ………………အခါခွဲ
(၆)မိနစ် အခါတစ်ခုကို ………………..ဘုတ္တိအခါခွဲ     ဟူ၍ခေါ်ဝေါ်အသုံးပြုမည်။


 သုံးလီများ အဆန်းလုပ် လုပ် ၆မိနစ် စီပေါ့ ။ ဆပွတ်နဲ့ဘဲ့ယူ  ဟုဆိုသဖြင့် ကျွန်ုပ်သည်ဤသို့
အဓိပ္ပာယ်ဖော်ကြည့်လိုက်သည်။

အင်္ဂဝိဇ္ဇာဗေဒင်ပညာ(အပိုင်း ၁ )



       အင်္ဂဝိဇ္ဇာဗေဒင်ပညာ   

အင်္ဂ၀ိဇ္ဇာ ကျမ်းရင်းလင်္ကာကြီး (ဆရာတော်ကြီး ခင်ကြီးဖျော်)

(၁) အင်္ဂ၀ိဇ္ဇာ နည်းကျယ်စွာကို၊သေချာမှတ်စွဲ ကောက်ယူခွဲသော်….
(၂) အိုင်ထဲမြရွှေငွေ ၊ ကြံပါလူ့အသွေ ၊ ဆင်ရန်သူနဲ့ဝေး ၊လေသဲကျွန်းဆောင်မြူး
ပျော်ကြူးဧလှည့်နိုင် သာလှိုင်ဆင်ကြလန်း ၊နန်းအောင်ရွှေမြို့သာ ။
(၃) လိုရာဂြိုဟ်ရင်းကပ် ၊ဓာတ်မှန်ကိုထုတ် ၊ မိတ်လည်းအုပ် ၊ဓာတ်ထုတ်မိတ်ကိုစီး၊မိတ်ကြီးဓာတ်ကိုမံ။
(၄) ငါးတန်မဆွ၊တိုင်မူလနှင့်၊သိရသက်သေ၊ထင်လေနိမိတ်၊ဟိတ် ၊လက္ခဏာ၊စဉ်ကာထားမှ။

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger