Latest Post
Showing posts with label မျက်မှောက်ထားဝယ်. Show all posts
Showing posts with label မျက်မှောက်ထားဝယ်. Show all posts

ထားဝယ်မြို့၊ဆန်းချီ အ-မ-က ရပ်ကွက်လုံးကျွတ် မြတ်ဆရာ ပူဇော်ပွဲ(၁၉၆၃ မှ ယနေ့ ထိ) ရုပ်-သံ

Written By လွင့်မောင်မောင် on Tuesday, April 9, 2013 | 9:46 AM

ထားဝယ်မြို့၊ဆန်းချီ အ-မ-က 
ရပ်ကွက်လုံးကျွတ် မြတ်ဆရာ ပူဇော်ပွဲ










အခမ်းအနားအစီအစဉ်( ၁ ) ကာလများစွာကင်းကွာခဲ့သောကျောင်းကလေး၏ခေါင်းလောင်းသံအားပြန်လည်ခံစားခြင်း


အခမ်းအနားအစီအစဉ်( ၂ )ကန်တော့ကြမည့်ကျောင်းသား/သူများနေရာယူခြင်း။



အခမ်းအနားအစီအစဉ်( ၃ )အသက်၇၀နှစ် နှင့်အထက်ဆရာ ၊ဆရာမကြီးများနေရာယူခြင်း

အခမ်းအနားအစီအစဉ်( ၄ )မြတ်ဆရာဂုဏ်ပြုတေးဖြင့် အခမ်းအနားကိုဖွင့်လှစ်
ဆန်းချီရပ်ကွက်သူ ဒေါ်သန်းညွန့် ဂုဏ်ပြုတေးဖြင့် ဂါရ၀ပြုပါသည်။

အခမ်းအနားအစီအစဉ်( ၅ ) မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် “မောင်အေးမင်း” မှ နှုတ်ခွန်းဆက်ဂါရ၀ စကားပြောကြားခြင်း။
ဤသို့ပြောကြားရာတွင် ဆရာတစ်ယောက်၏အရည်အချင်းများဖြစ်သော ၀ါသနာ၊စေတနာ၊အနစ်နာ ဆိုသော “နာသုံးနာ” မှ အနစ်နာခံခြင်းကို အဓိကထား၍ပြောကြားသွားပါသည်။ ဆရာတို့သည် မိမိတပည့်များအပေါ်တတ်စေချင်သောဆန္ဒလောဘ၊တော်စေချင်လွန်းသောဆန္ဒလောဘ၊
လိမ်မာစေချင်လွန်းသောဆန္ဒလောဘ၊နှင့် သွန်သင်ဆုံးမသည်ကိုမလိုက်နာလျှင်ဖြစ်ပေါ်လာသောဒေါသ တို့ကြောင့် ရုတ်တရက်သေဆုံးမည်ဆိုလျှင် ....ဒေါသနှင့်သေလျှင်“ငရဲ” ၊ လောဘနှင့်သေလျှင်“ပြိတ္တာ” ကလွဲ၍ တခြားလားရာသည်မရှိ။ထို့ ကြောင့်ဆရာဆိုသည်မှာ သံသရာတစ်ခုလုံး“နစ်” သည်အထိ “အနာခံ” တတ်သောပုဂ္ဂိုလ်များ” ဟု မှတ်ယူရမှာဖြစ်ကြောင်းပြောကြားသွားသည်။



ဆရာမကြီးဒေါ်လှရွှေမှ ရင်ထဲပီတိစကားနှင့် ဆုံးမသြ၀ါဒပေးခြင်း
 
ဆရာမကြီးဒေါ်ခင်ကြူ မှ ရင်ထဲပီတိစကားနှင့် ဆုံးမသြ၀ါဒပေးခြင်း
ကျောင်းသား ဟောင်း ဦးတင့်ဆွေ မှ ရင်ထဲပီတိစကားနှင့်ကျေးဇူးတင်စကားပြောကြားခြင်း
ကျောင်းသူ ဟောင်း ဒေါက်တာခင်မျိုးဆင့် မှ ရင်ထဲပီတိစကားနှင့်ကျေးဇူးတင်စကားပြောကြားခြင်း


မြတ်ဆရာပူဇော်ပွဲ အောင်မြင်ခြင်းအထိမ်းမှတ် အောင်ခရေပင်စိုက်ပျိုးခြင်း

အောင်ခရေပင်ကို မြတ်ဆရာပူဇော်ပွဲကော်မတီအဖွဲ့ဝင် ဦးဇော်မောင်မှ စိုက်ပျိုးပေး၍
ဆန်းချီ အ-မ-က ပထမဆုံး ကျောင်းအုပ်ကြီးဦးအုန်းလွင်မှ ရွှေရည် ကိုလည်းကောင်း၊
ယခုကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်ယု နှင့် မြတ်ဆရာပူဇော်ပွဲကော်မတီအဖွဲ့ဝင် ဦးဖေခင် တို့မှ ငွေရည် များသွန်းလောင်းကြပါသည်။


ကျောင်းသားဟောင်းများမှ မိမိတို့ချစ်ခင်လေးမြတ်ပြုရသော မိမိဆရာများအားသီးသန့်ကန်တော့ကြ၍ အခမ်းအနားကိုရုတ်သိမ်းသည်။

ဆန်းချီအ-မ-က အငြိမ်းစားဆရာမကြီးများနှင့် တာဝန်ထမ်းဆောင်ဆဲဆရာမများ
ဆန်းချီ အ-မ-က တွင်တာဝန်ထမ်းဆောင်ဆဲ ဆရာမများ



နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်းပထမဆုံး ရွှေတောင်စားစေတီ ထီးတော်တင်လှူမည်

Written By လွင့်မောင်မောင် on Monday, March 11, 2013 | 5:33 AM

ရွှေတောင်စားစေတီ ထီးတော်တင်လှူခြင်းသည် နှစ်ပေါင်း၁၀၀ ကျော်ကာလအတွင်း
 မြန်မာအစိုးရလက်ထက်အဆက်ဆက်ပထမဆုံး တင်လှူခြင်းဖြစ်သည်။

ရွှေတောင်စားစေတီတော်၊ထားဝယ်မြို့

ဖိုးဇော်(ထားဝယ်)   ၁၁ မတ် ၂၀၁၃
       တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၏ကျက်သရေဆောင်“ရွှေတောင်စားစေတီတော်”၏
 ရွှေထီးတော်တင်မဟာမင်္ဂလာ အခမ်းအနားကိုလာမည့် မတ်လ(၁၃)ရက်နေ့ နံနက်တွင် ခမ်းနားသိုက်မြိုက်စွာဆင်ယင်ကျင်းပတော့မည်ဖြစ်သည်။

သမိုင်းမှတ်တမ်းများအရ ရွှေတောင်စားစေတီတော်ကို သက္ကရာဇ် ၁၁၂၄ ခုနှစ်တွင် မင်းရှင်ဇော် ကတည်ထားခဲ့ခြင်းဖြစ်သည်။မင်းရှင် ဇော်၏ ဖခင်ဖြစ်သူ ပန်းပဲဆရာကြီးဦးရွှေခေါင်သည် မြို့စားဦးနဲလှ လက်ထက်က ရွှေတောင်အရပ်မှရွှေတောင်ကိုစားရသူဖြစ်သ ဖြင့် မင်းရှင်ဇော် မင်းပြုသောအခါ ရွှေတောင်စား အဆက်ဖြစ်သည်ကိုအစွဲပြု၍ ရွှေတောင်စားမင်းဟု ခေါ်တွင်ခဲ့သည်။

ထိုကြောင့် မင်းရှင်ဇော်၏ ကောင်းမှုဖြစ်သောစေတီတော်ကို ရွှေတောင်စားစေတီ ဟု ခေါ်ဝေါ်ခဲ့ကြောင်းသိရသည်။

ထိုကာလတွင်ပထမဆုံးအကြိမ် ထီးတော်တင်လှူခြင်းဖြစ်ပြီး၊ဒုတိယအကြိမ်ထီးတော်ကို (၁၃၆)နှစ်အကြာ တွင် ဗြိတိသျှအစိုးရလက်ထက် သက္ကရာဇ် ၁၂၆၂ ခုနှစ်၊ကဆုန်လပြည့်နေ့တွင် တင်လှူပူဇော်ခဲ့သည်။

ဒုတိယအကြိမ် ထီတော်တင်ပြီး (၁၁)နှစ်အကြာသက္ကရာဇ် ၁၂၇၃ ခုနှစ်တွင်လေပြင်းဒဏ်ကြောင့် ထီးတော်ပျက်စီးခဲ့ရာ ဗြိတိသျှအစိုးရလက်ထက် သက္ကရာဇ် ၁၂၇၃ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၄)ရက်နေ့တွင် တတိယအကြိမ် ထီးတော်ကို တင်လှူခဲ့ကြောင်းသိရသည်။

ယခု သက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း(၂)ရက်နေ့တွင် တင်လှူမည့်ထီးတော်သည် ရွှေတောင်စားစေတီတော်၏ စတုတ္ထမြောက် ထီးတော်ဖြစ်သည်။
ထို့ကြောင့် သမိုင်းမှတ်တမ်းများကိုလေ့လာလျှင် ရွှေတောင်စားစေတီ ၏နှစ်ပေါင်း (၂၅၀) ကာလအတွင်း စတင်တည်သည့်အချိန်ကလွဲ၍မြန်မာအစိုးရလက်ထက်အဆက်ဆက်တွင်ပထမဆုံး
အကြိမ်တင်လှူပူဇော်နိုင်သည့်ရွှေထီးတော်ဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည်။

ထို့အပြင်ဦးဆောင်တင်လှူမည့်ပုဂ္ဂိုလ်မှာလည်း နိုင်ငံတော်တွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်အဆင့်မြင့်တာဝန်ထမ်းဆောင်နေသူ ထားဝယ်ဒေသသားတစ်ဦးဖြစ်နေခြင်းကလည်း ထူးခြားမှုတစ်ရပ်ဖြစ်ကြောင်းတွေ့ရသည်။

ဖိုးဇော်(ထားဝယ်)
၁၁ မတ် ၂၀၁၃

ထားဝယ်ရေမြေတောတောင်(၁)

Written By လွင့်မောင်မောင် on Thursday, October 25, 2012 | 9:24 AM

.ဖိုးဇော်(ထားဝယ်)စုစည်းတင်ပြသည်။
        ထားဝယ်ဒေသသည်သဘာဝကလက်ဆောင်အဖြစ်ပေးထားသောရေမြေတောတောင်
ရှုခင်းများဖြင့်လှပသည့်ဒေသတစ်ခုဖြစ်သည်။
ပင်လယ်၊မြစ်၊ချောင်း၊ဒီရေတောများ၊တောတောင်များနှင့်စိတ်ကြည်နူးဖွယ်ကောင်းလှသည်။
မိမိ၏မိတ်ဆွေဆရာဇော် ခရီးသွားရင်းရိုက်ကူးဖြစ်ခဲ့သည့်ဓာတ်ပုံတွေကိုမြင်ရသောအခါ
အဖိုးမဖြတ်နိုင်သောထားဝယ်၏ရေမြေတောတောင်ရှုခင်းတွေကိုအံ့သြနှစ်သက်ဖွယ်တွေ့လာရသည်။
တောမိုးတောင်ပေါ်မှမောင်းမကန်ဘက်သို့မြင်ကွင်း(ဓာတ်ပုံ-ဆရာဇော်)
ယနေ့ကာလ..ထားဝယ်ဒေသသည်သဘာဝပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုးတိုးတက်မှုတို့
လွန်ဆွဲနေသည့်အချိန်ကာလလည်းဖြစ်ပေရာ..
တစ်စုံတစ်ခုကိုစိုးရိမ်စိတ်ဖြင့်ထားဝယ်ရေမြေတောတောင်ကို
အချိန်မီမှတ်တမ်းတင်လိုက်ခြင်းလည်းဖြစ်ပါသည်။
ဘ၀ါကမ်းခြေကျေးရွာနှင့် ဖိုးခေါင်းတောင်(နဘုဘယ်ဒေသ)
ကျောက်သေတ္တာတောင်မှ ဟိန္ဒားပြင်သို့မြင်ကွင်း
စမ်းလှမ်းကမ်းခြေနေ၀င်ချိန်
ကျောက်သေတ္တာမှနွားလဘို့သို့.....မြင်ကွင်း
စမ်းလှမ်းကမ်းခြေရွာ...
ဝေဒီရွာထိပ်မှ....လက်ခတ်တောင်သို့ မြင်ကွင်း
ဝေဒီဆိပ်မှာ.
ကျောက်သေတ္တာတောင်(ဘ၀ပင်သတ္တုတွင်းအနီး)မှနွားလဘို့တောင်သို့မြင်ကွင်း
ဝေဒီအနောက်မြို့ရိုး
စီးဆင်းရစ်လေဦး ထားဝယ်မြစ်ရေ.........(ရေဖြူအနီး)
ဝဲမကိုက်ဒီရေတော(ညောပြင်အနီး)
ဝဲမကိုက်ဒီရေတော(ညောပြင်အနီး)
စီးဆင်းရစ်လေဦး ထားဝယ်မြစ်ရေ.........(ကင်းကျေးရွာအနီး)

ကဏန်းတောင်ပေါ်မှထားဝယ်မြစ်ဘက်သို့မြင်ကွင်း

(ဓာတ်ပုံများကူညီပေးသောဆရာဇော်ကိုကျေးဇူးပါ....)
 လေးစားစွာ......ဖိုးဇော်(ထားဝယ်) ၃.၉.၂၀၁၂

ထားဝယ်ရေမြေတောတောင်မှ ပန်းအလှများ.........ဖိုးဇော်(ထားဝယ်)

Written By လွင့်မောင်မောင် on Wednesday, October 24, 2012 | 9:47 AM



ဖ္လာပန်း


ပုဏ္ဏရိတ် အ၀ါ

           စက္ကူပန်း


မြစ်ပ္လဲပန်း

ဓာတ်ပုံ-ဆရာဇော်



ဓာတ်ပုံ-ဆရာဇော်

wd (ဖိုးဇော်)

Written By လွင့်မောင်မောင် on Monday, October 22, 2012 | 12:54 PM

  ဖိုးဇော် တင်ဆက်သည်
   on Thursday, August 16, 2012 at 4:30pm ·
အမိမြန်မာနိုင်ငံ၏နေရာဒေသအနှံ့အလှတရားကိုယ်စီရှိကြသည်ချည်းဖြစ်သည်။
ထိုအလှတရားများကိုခံစားရန်အတွက် သော်လည်းကောင်း၊စီးပွားရှာရန်အတွက်သော်လည်းကောင်း…
ရည်ရွယ်ချက်အမျိုးမျိုးနှင့်ခရီးသွားနေကြသည်။မြန်မာ နိုင်ငံတောင်ဘက်ပိုင်းမိမိတို့ ထာဝယ်ဒေသတွင်လည်းသဘာဝပတ်ဝန်းကျင်အလှတွေ၊သယံဇာတအလှတွေရှိသော် ငြား အကြောင်းကြောင်းကြောင့်ပွင့်လင်းမြင်သာမှုမရှိခဲ့။ယခုတော့အခင်းအကျင်းအသစ်တွေကြောင့်ဝင်လာမစဲ၊
တသဲ သဲဖြစ်ဖို့သာရှိသည်။
စီးပွားရေးကြောင့်ပင်ဖြစ်စေ၊သဘာဝပတ်ဝန်းကျင်အလှကြောင့်ပင်ဖြစ်စေ…ခရီးသွားဧည့်သည်တွေ
လာခဲ့လျှင်ထိုခရီးသည်တွေအတွက်မိမိတို့ထားဝယ်ဒေသသည် အဆင်သင့်ဖြစ်ပြီလား။ဧည့်ချည်းမျှော်နေလို့တော့ မရ။ထိုဧည့်သည်တွေအတွက်ဘာတွေပြင်ဆင်ထားပြီးပြီလဲဆိုသည်ကိုသတင်းထုတ်ပြန်နိုင်ရန်လည်း
လိုအပ်သည်။

ထိုလိုအပ်ချက်ကိုတစ်ထောင့်တစ်နေရာမှဖြည့်ဆည်းလိုသည့်ဆန္ဒကြောင့်
ထားဝယ်ဒေသရီးသွားလုပ်ငန်းနှင့်ပတ်သက် ပြီးစောင့်ကြည့်လေ့လာနေသူ
ထားဝယ်တက္ကသိုလ်၊ပထ၀ီဝင်ဌာနမှဆရာဒေါက်တာကျော်နိုင်အားမေးမြန်းဖြစ်ခဲ့ပါသည်။

(ဒေါက်တာကျော်နိုင်သည်“Geopraghical Assessment On the Potential Ecotourism Sites in Dawei District, Tanintharyi Region”ကျမ်းဖြင့်ယခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှပါရဂူဘွဲ့ရထားသူဖြစ်ပါသည်။)

မေး - ကဲ.ဆရာရေ…ထားဝယ်ခရီးသွားလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကျမ်းပြုထားတာသိပါတယ်…
ဒီတော့ဆရာ.. ထားဝယ်ဒေသရဲ့လက်ရှိခရီးသွားလုပ်ငန်းအနေအထားလေးကိုသုံးသပ်ပေးပါလား။

ဖြေ - အများကြီးကိုတိုးတက်ပြောင်းလဲလာတယ်လို့ပြောရမှာပေါ့ဗျာ..။အရင်တုန်းကဒီကိုလာရောက်လည်ပတ်သူ
 တော်တော်နည်းတယ်။၂၀၁၀-၁၁ မှာနိုင်ငံခြားသားအရေအတွက် ၅၈၁၄ ဦးကနေ ၂၀၁၁-၁၂ မှာတော့ နိုင်ငံခြားသား ၁၀၄၅၉ ဦးလာခဲ့တယ်။တိုးတက်လာတယ်ပေါ့။ပြည်တွင်းခရီးသွားလည်းသိသိသာသာတိုးတက် လာတာတွေ့ရပါတယ်။

မေး - ဘာကြောင့်တိုးတက်လာတာလဲ..ဆရာ။

ဖြေ - ၂၀၀၉-၂၀၁၀ နောက်ပိုင်းခရီးသွားတွေပိုလာကြတာကထားဝယ်ရေနက်ဆိပ်ကမ်းကြောင့်လည်းပါတယ်။ပြည် ` တွင်းခရီးသွားတွေကတော့တစ်ခြားနေရာတွေသူတို့သွားလည်နေရတာထပ်နေပြီ။ဒါကြောင့်နေရာအသစ်ဖြစ် တဲ့ထားဝယ်ကိုရွေးချယ်လာတာ..။နောက်တစ်ချက်ကဒေသတွင်းတည်ငြိမ်အေးချမ်းလာတာကြောင့်လည်းပါ တယ်။

မေး - ထားဝယ်ဒေသခရီးသွားလုပ်ငန်းတိုးတက်ဖို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုတွေကဘာတွေဖြစ်မလဲ။

ဖြေ - ခရီးသွားလုပ်ငန်းတိုးတက်ဖို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုကတော့Infrastructureနဲ့ Services ကောင်းကောင်း ရှိဖို့လိုတယ်။ထားဝယ်ဒေသအနေနဲ့ဒီကဏ္ဍတွေကအများကြီးလိုသေးတယ်။အဓိကကတော့လမ်းပန်းဆက် သွယ်ရေးနဲ့ခရီးစဉ်လုံခြုံမှုရှိရေး၊အဆင့်မီဟိုတယ်အခန်းအရေအတွက်၊လွယ်ကူမြန်ဆန်တဲ့ဗီဇာစနစ်၊မဖြစ်မနေ ဆက်ဆံရမယ့်ဌာနတွေရဲ့လုပ်ထုံးလုပ်နည်းနဲ့စီမံခန့်ခွဲမှုပုံစံ၊စားသောက်ဆိုင်တွေ..၊လမ်းခရီးမှာသန့်ရှင်းသပ်ရပ် စနစ်ကျတဲ့သန့်စင်ခန်း..ဒါတွေလိုအပ်တယ်။အချို့ဧည့်တွေကအရည်အသွေးမြင့်မားတာကို
အဓိကထားပေမယ့် လက်ခံနိုင်လောက်တဲ့အနေအထားရှိတဲ့စားသောက်ဆိုင်တွေ..လိုအပ်ပါတယ်။
ပြန်ချုပ်ရင်တော့အခြေခံအ  ဆောက်အဦဖြစ်တဲ့လမ်းပန်းဆက်သွယ်ရေးနဲ့ဝန်ဆောင်မှုပေါ့။

မေး - အစိုးရအနေနဲ့ဒါတွေကျော်လွှားနိုင်မယ်လို့ယူဆသလား။

ဖြေ - ကျော်လွှားနိုင်မှာပါ။အရင်ကအရိပ်မည်းကြီးကြောင့်မတိုးတက်ခဲ့ဘူး။
ခု..နိုင်ငံတော်အစိုးရလက်ထက်တင်းကျပ် တဲ့ဥပဒေတွေ၊စည်းမျဉ်းစည်းကမ်းတွေ၊မူဝါဒတွေမရှိတော့ဘူး။ဒေသတွင်းမှာလည်းငြိမ်းချမ်းရေးရလာတယ်။ ခုလို internet,social networks,websites တွေကတစ်ဆင့်ထားဝယ်ဒေသမှာရှိတဲ့မပျက်စီးသေးတဲ့ သဘာဝအလှအပတွေကိုခုထက်ပိုသိအောင်ဆောင်ရွက်ရမယ်။ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက်လည်းမီဒီယာ
 တွေ၊public realations တွေ၊ကြော်ငြာတွေ၊လက်ကမ်းစာစောင်တွေကတစ်ဆင့်ဖြန့်ဝေတာတွေ
လုပ်ရင်ပိုတိုး တက်လာမယ်။နောက်ထားဝယ်မှာလည်းမကြာခင်အဆင့်မီဟိုတယ်တွေပေါ်လာမှာပဲ။
ခုတောင်ဆောက်နေ ကြတာတော်တော်ပြီးနေပြီ။ဟိုတယ်ခရီးကလည်း
ဒီလာပြီးသင်တန်းတွေပို့ချထားတာရှိတယ်လေ…။
အပြင်နဲ့ထိတွေ့ဆက်ဆံမှုများလာရင်တော့လည်းဌာနဆိုင်ရာတွေအနေနဲ့သူတို့တာဝန်ပိုင်းတွေကို
သဘောပေါက်လာ မှာပါ။

မေး - ဘယ်လိုအစီအမံတွေရှိသင့်သလဲဆရာ။အစိုးရပိုင်းကရော၊ပုဂ္ဂလိကပိုင်းကရောပေါ့….။

ဖြေ - ခရီးသွားဧည့်သည်တွေပိုရောက်လာဖို့ခရီးစဉ်အသစ်တွေ..ဖော်ထုတ်ရမယ်။ဟိုတယ်ဇုန်တွေ
တိုးချဲ့တည်ဆောက် ရမယ်။လမ်းပန်းဆက်သွယ်ရေးအဆင်ပြေအောင်ဆောင်ရွက်ရမယ်။ခရီးသွားလုပ်ငန်းနဲ့
ပတ်သက်ပြီးသင်တန်း ဖွင့်တာတို့လုပ်ရမယ်။အစိုးရရဲ့အားပေးကူညီမှုနဲ့စီးပွားရေးလုပ်ငန်းရှင်တွေ၊
ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေ…။ဒေသခံတွေနဲ့NGOအဖွဲ့အစည်းတွေ အားလုံးပူးပေါင်းဆောင်ရွက်ရင်တိုးတက်လာပါလိမ့်မယ်။

` မေး - ထားဝယ်ဒေသခရီးသွားလုပ်ငန်းအတွက်အခြေခံအဆောက်အဦတွေပြည့်စုံပြီလားဆရာ။ ဖြေ - infrastructure အနေနဲ့…ပွင့်ပွင့်လင်းလင်းပြောရရင်လုံးဝမပြည့်စုံသေးပါဘူး။၂၀၁၁-၁၂ ခရီးသည်အရေ အတွက်နဲ့တောင်အခက်အခဲရှိခဲ့တယ်။ခရီးသည်အ၀င်များလာပြီဆိုရင်လုံလောက်တဲ့ဝန်ဆောင်မှုပေးနိုင်မယ် မဟုတ်ဘူး။ထားဝယ်မှာ..လက်ရှိအနေအထားအရ..ဟိုတယ်(၃)လုံးနဲ့တည်းခိုခန်း(၂၆)ခုရှိတယ်။ဟိုတယ် အခန်းအရေအတွက်ဆိုရင်(၆၁)ခန်းပဲရှိသေးတယ်။အဓိကကတော့ infrastructure တွေပဲ။လမ်းပန်းဆက် သွယ်ရေးကောင်းဖို့လိုမယ်။ဟိုတယ်တွေလုံလုံလောက်လောက်ရှိရမယ်။နောက်ထပ်အရေးကြီးတာက
ခရီးစဉ် ဒေသရဲ့လြုံခုံရေးပါပဲ။

မေး -လက်ရှိသွားလာနေတဲ့နေရာတွေအပြင်ဘာတွေတိုးချဲ့နိုင်မလဲ ဆရာ။

ဖြေ - ထားဝယ်မှာခရီးစဉ်တိုးချဲ့စရာတွေအများကြီးပဲ။ဘုရားဖူး၊အပန်းဖြေခြင်းအပြင်
သဘာဝအခြေခံခရီးသွားလုပ်ငန်း (Ecotourism Sites)နေရာတွေအများကြီးရှိပါတယ်။

မေး - Ecotourism နဲ့အခြားခရီးသွားလုပ်ငန်းကဘာတွေကွာခြားမှုရှိသလဲ။Ecotourism ရဲ့အားသာချက်၊အားနည်း ချက်ကဘာလဲ။

ဖြေ - tourism industry ဆိုတာကသဘာဝဒေသတွေကိုသွားရောက်လေ့လာကြည့်ရှုရုံဖြစ်ပြီးတော့Ecotourism ကသဘာဝဒေသတွေကိုလေ့လာရုံမကတော့ဘဲဒေသခံတွေရဲ့ပတ်ဝန်းကျင်၊အသက်ရှင်သန်ရန်ရပ်တည်မှု ယဉ်ကျေးမှုဓလေ့ထုံးစံများကိုလေ့လာတာ..။လောကသဘောအရတော့ဗျာ..တစ်ဖက်မှာတိုးတက်မယ်.. တစ်ဖက်မှာဆုတ်ယုတ်တတ်တာပဲဗျ။
အရှိန်နဲ့တိုးတက်နေတဲ့Econtourism ကြောင့်Impacts တွေဖြစ်လာနိုင် တယ်။ကောင်းကျိုးအနေနဲ့တော့သဘာဝရေမြေတောတောင်ကိုထိန်းသိမ်းတဲ့အလေ့အထကိုရမယ်။
ရိုးရာယဉ် ကျေးမှုနဲ့စာပေကိုထိန်းသိမ်းတတ်လာမယ်။
။နိုင်ငံတော်အတွက်နိုင်ငံခြားဝင်ငွေရရုံမကဘဲဒေသတွင်းပြည်သူ တွေအတွက်
အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်ပေါက်လာမယ်။ဒါတွေကတော့အကျိုးတွေပေါ့။
ဆိုးကျိုး ကတော့…သဘာဝသစ်တောထိန်းသိမ်းမှုကိုပျက်စီးစေနိုင်တယ်။
စွန့်ပစ်ပစ္စည်းတွေကြောင့်သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တယ်
။ဒေသခံပြည်သူတွေရဲ့အမူအကျင့်ပြောင်းနိုင်တယ်။
အတုခိုးမှားတာမျိုးပေါ့။
 နိုင်ငံခြားသားဧည့်သည်တွေဆီက၀င်ငွေရလို့ဒေသခံကျောင်းသားအရွယ်ကလေးတွေ
…ကျောင်းပညာရေး မှာအားလျော့လာနိုင်တယ်။ဒါတွေကဆိုးကျိုးတွေ…။အားနည်းချက်ပေါ့ဗျာ။

မေး - ထားဝယ်မှာပင်လယ်ကမ်းခြေအနေနဲ့ဘာတွေရှိမလဲ..ဆရာ။

ဖြေ - အများအားဖြင့်ခရီးသွားတွေကမောင်းမကန်၊မျှော်ရစ်ကမ်းခြေတွေလောက်ပဲသွားတာများတယ်။ဒီကမ်းခြေတွေ ထက်သဘာဝပတ်ဝန်းကျင်အရရော..၊ရေအရည်အသွေး၊ကမ်းခြေအနေအထားကောင်းတာတွေအများကြီးရှိ ပါတယ်။ထားဝယ်ဒေသမှာသဘာဝအတိုင်းလှပနေသေးတဲ့ကမ်းခြေပေါင်း(၃၀)ကျော်ရှိတယ်။ဥပမာ…စမ်းလှမ်း ကမ်းခြေ၊မြင်းခွာအော်ကမ်းခြေ၊ကတွဲ၊ကျောက်ခမောက်ကမ်းခြေ၊မယင်းကြီးကမ်းခြေ..စသဖြင့်ပေါ့ဗျာ…။

မေး - တခြားလေ့လာဖို့ကောင်းတဲ့နေရာတွေညွှန်းပါဦးဆရာ။ဆရာ..နေရာတော်တော်များများသွားထားတယ်ဆိုတာ သိလို့ပါ။

ဖြေ - ဟုတ်ကဲ့။တခြားလေ့လာဖို့ကောင်းတဲ့နေရာတွေအများကြီးပဲ။
ထားဝယ်ဒေသဟာပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်လို့ခရီးသွားလုပ်ငန်းအကွက်အကွင်းတွေ
ဖော်ထုတ်သင့်တယ်။သဘာဝအခြေခံခရီးသွားလုပ်ငန်းလုပ်ကိုင် နိုင်တဲ့နေရာတွေက…
.နွားလဘို့တောင်(၁၅၄၁.၉၈ မီတာ)၊ကျောက်သေတ္တာတောင်(၁၀၈၀.၅၂ မီတာ)၊
စပါး တောင်(၄၄၉.၅၈ မီတာ)၊ဖိုးခေါင်းတောင်(၁၀၃၈.၇၆ မီတာ)
၊တောမိုးတောင်(၄၇၅.၁၈ မီတာ)တို့ပဲ။
သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ်သတ်မှတ်ထားတာက(၂)နေရာ။ဧရိယာ၄၉.၁၈စတုရန်းကီလိုမီတာရှိတဲ့ “မော့စကော့ကျွန်း”ဘေးမဲ့တောရယ်…၊တနင်္သာရီသဘာဝသစ်တောကြိုးဝိုင်းဘေးမဲ့တောရယ်..နှစ်နေရာ။ ကျန်းမာရေးအတွက်အနားယူအပန်းဖြေနိုင်တဲ့နေရာ..spa (ရေပူစမ်းတွေပေါ့လေ..)က မောင်းမကန်ရေပူစမ်း ပဲရေပူစမ်း၊၀ဇွမ်းချောင်းရေပူစမ်း၊သရက်ငုတ်ရေပူစမ်း တို့ပါ။နောက်…မိုးရာသီမှာတော့ waterfall တွေပေါ့..။ ၀ဇွမ်းချောင်းရေတံခွန်၊သင်္ကန်းတုံးရေတံခွန်၊ပခပ်ရေတံခွန်၊ဆင်ကိုးရပ်ရေတံခွန်၊သရက်ချောင်းရေတံခွန်
၊၀င်းဝ ရေတံခွန်၊သိမ်ကုန်းရေတံခွန်တို့ရှိပါတယ်။အသစ်တွေဖော်ချင်ရင်တော့…
ထားဝယ်မြစ်အတွင်းမှာအပျော်စီးလှေ လေးတွေနဲ့ဒီရေတောတွေရဲ့ဂေဟစနစ်ကိုလေ့လာနိုင်ပါသေးတယ်။

မေး - ကျွန်တော်တို့နိုင်ငံမှာဆရာရယ်…ဒီလိုနေရာတွေအများကြီးရှိတာပဲ။ဘာလို့ထားဝယ်ကိုခရီးသွားတွေစိတ်ဝင် စားမှာလဲ။

ဖြေ - ဒီမှာကအများနဲ့မတူတဲ့ထူးခြားချက်တွေရှိပါတယ်။ထားဝယ်ဒေသဟာရာသီဥတုအနေနဲ့ပျမ်းမျှအပူချိန် ၂၇ ဒီဂရီ စင်တီဂရိတ်၊ပျမ်းမျှမိုးရေချိန် ၅၀၀၀ မီလီမီတာကျော်ရပြီးအလွန်ထူးခြားတဲ့ပထ၀ီအနေအထားရှိပါတယ်။ ထားဝယ်ရဲ့အရှေ့ဘက်မှာ ၅၀၅၉ ပေလောက်မြင့်တဲ့နွားလဘို့တောင်ဟာဆယ့်နှစ်လရာသီစလုံးနှင်းတွေရှိ တယ်။ဖုံးနေတယ်။ဧပြီလမှာတောင်အလွန်အေးတာ။နွားလဘို့တောင်ရဲ့ပတ်ဝန်းကျင်မှာသမပိုင်းရာသီဥတုရရှိ တဲ့ဒေသမှာ..ပေါက်ရောက်တဲံ ထင်းရှုးတောတွေ၊ဆားငန်သီးပင်တွေထူးထူးခြားခြားပေါက်နေတယ်။ မြင်းခွာအော်လိုကမ်းခြေမျိုးမှာ
တခြားကမ်းခြေတွေနဲ့မတူဘဲရေအနက် ၄ ပေအထိကိုယ့်ခြေဖမိုးကိုမြင်နိုင်တယ် ရေတော်တော်ကြည်တယ်ဗျ။ရေပူစမ်းဆိုရင်
အင်းလေးခေါင်တိုင်ရေပူစမ်းကအပူချိန် ၉၄ ဒီဂရီဖာရင်ဟိုက်ထက် အများကြီးပိုပူပြီးသဘာဝအလျောက်အပူချိန် ၂၁၂ ဒီဂရီဖာရင်ဟိုက်ကနေ၂၁၉ ဒီဂရီဖာရင်ဟိုက်ရှိတဲ့
ပဲရေပူ စမ်း၊ချောင်းသာကမ်းခြေ ၁.၃ မိုင်ထက်ရှည်တဲ့မောင်းမကန် က ၃.၇ မိုင်အရှည်ကမ်းခြေ..
ဒါတွေကထူးခြား ချက်တွေ…ခရီးသွားတွေစိတ်ဝင်စားမှာပါ။

မေး - ဒီလိုသဘာဝအလှတွေပြည့်နေတဲ့နေရာမှာ …ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်မှုအပေါ် ဆရာ့အမြင်ပေါ့..။ဆရာဘယ်လိုသုံးသပ်မလဲ။

ဖြေ - တစ်ဖက်ကကြည့်ရင်တော့…စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့လူနေမှုဘ၀မြှင့်တင်ရေးအတွက်လုပ်ဆောင်ရင်းနဲ့ တစ်ဖက်ကလည်းသဘာဝပတ်ဝန်းကျင်ကိုညစ်နွမ်းစေနိုင်တဲ့အတွက်တိုးတက်မှုနဲ့သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကိုဒွန်တွဲပြီးအစဉ်အမြဲလုပ်ဆောင်သွားဖို့သတိပြုသင့်ပါတယ်။စက်မှုနည်းပညာဖွံ့ဖြိုးမှုနဲ့အတူသဘာဝ ပတ်ဝန်းကျင်အရည်အသွေးပျက်စီးပြီးကျဆင်းလာနိုင်တာမို့ထိန်းသိမ်းဆောင်ရွက်ဖို့တော်တော်လိုပါတယ်။
စွန့် ပစ်ပစ္စည်းကိစ္စ၊ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့်ကျန်းမာရေးမထိခိုက်ဖို့၊
စက်ရုံတွေစတင်တည်ဆောက်ချိန် ကစပြီးနိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ချက်တွေ၊
သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ထိန်းချုပ်ရေးစီမံချက်တွေ အတိုင်းလိုက်နာဖို့လိုပါတယ်။ဒါတွေစနစ်တကျမလုပ်ဘူးဆိုရင်တော့
ထားဝယ်ရေနက်ဆိပ်ကမ်းရဲ့တောင်ဘက် ရှိတဲ့ကမ်းခြေတွေရဲ့ဂေဟစနစ်ကိုထိခိုက်လာနိုင်ပါတယ်။
သက်ဆိုင်ရာနယ်ပယ်community ရဲ့အကျိုးစီးပွား မပျက်စေဖို့ဘောင်တို့၊မူဝါဒတို့နဲ့စနစ်တကျထိန်းသိန်းရန်လိုပါတယ်။
ဒါ…ကျွန်တော့်အမြင်ပေါ့နော်။

မေး - ခရီးသွားလုပ်ငန်းတိုးတက်အောင်လုပ်ရာမှာ sex tourism လိုမျိုးမဖြစ်အောင်မူဝါဒချမှတ်သူတွေအနေနဲ့ဘယ်လို အစီအမံတွေရှိသင့်လဲ။

ဖြေ - ခရီးသွားလုပ်ငန်းနဲ့စီးပွားဖြစ်ထွန်းတဲ့နိုင်ငံတွေရှိသလိုပဲဒီလိုတိုးတက်ခြင်းကြောင့်
သဘာဝပျက်စီးတာလည်းရှိတာ ပဲ။အမျိုးသားယဉ်ကျေးမှုပျောက်ကွယ်လုဖြစ်မယ်၊လူမှုရောဂါတွေဖြစ်ပေါ်ခံစားမယ်၊
အမှုအခင်းပေါများပြီး စာရိတ္တယိုယွင်းမယ်၊ခုနပြောတဲ့sex tourism ကိစ္စ၊မူးယစ်ဆေးဝါးကိစ္စ၊လက်နက်ပုန်းကိစ္စ၊လောင်းကစားဝိုင်း ကိစ္စ၊(Girls,Ganja,Guns,Gambling)ပေါ့…။
သယ်ဆောင်ကူးစက်ခြင်းမဖြစ်အောင်တင်းတင်းကျပ်ကျပ်ထိန်း သိမ်းဖို့လိုမယ်။ရာဇ၀တ်မှုဖြစ်တတ်တဲ့နေရာတွေကိုမသွားနိုင်အောင်ကန့်သတ်ထိန်းချုပ်ခြင်းတွေ၊မူဝါဒတွေကို အခါအားလျော်စွာပြုပြင်တာမျိုးလုပ်နိုင်ရမယ်။နောက်…ဒေသတွင်းမှာဆင်းရဲမွဲတေမှုလျော့ပါးနေရမယ်။
 ပြီးတော့..ပညာတတ်မြောက်မှုမြင့်မားနေရမယ်။အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဖွံ့ဖြိုးနေရမယ်။

မေး - ဒီတော့..ဆရာရယ်..။ထားဝယ်ဒေသရဲ့ခရီးသွားလုပ်ငန်းရှေ့အလားအလာပေါ့လေ….သုံးသပ်ပေးပါလား။

ဖြေ - ထားဝယ်ဒေသဟာအခြားဒေသတွေနဲ့နှိုင်းယှဉ်ရင်ခရီးသွားလုပ်ငန်းလွတ်လပ်စွာခွင့်ပြုထားတဲ့ဒေသမဟုတ်လို့ တိုးချဲ့ခွင့်ရမယ်ဆိုရင်..နေရာတွေအများကြီးပါ။
ဒီမှာတောတောင်ရေမြေသဘာဝအတိုင်းရှိနေသေးတယ်။မြစ်၊ ချောင်းတွေလည်းဒီအတိုင်းပဲ။
လမ်းပန်းဆက်သွယ်ရေးသာဒီ့ထက်ပိုကောင်းရင်…နိုင်ငံခြားသားခရီးသည်တွေ
 တော်တော်စိတ်ဝင်စားမယ့်နေရာ။
ယဉ်ကျေးမှုအနုလက်ရာတွေလေ့လာနိုင်တဲ့နေရာတွေလည်းရှိသေးတယ်။ ခရီးသွားလုပ်ငန်းသာတိုးတက်လာမယ်ဆိုရင်..ဆက်စပ်နေတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေပါ
တိုးတက်လာ နိုင်ပါတယ်။ခရိးသည်တွေများရင်DirectSuppliers တွေဖြစ်တဲ့ဟိုတယ်တွေ၊
စားသောက်ဆိုင်တွေ၊  လေကြောင်းလမ်း၊ကားလမ်းတွေကောင်းလာနိုင်မှာပေါ့။
ခုဆို…ထားဝယ်မှာဟိုတယ်တွေတိုးချဲ့ဆောက်နေတာ မျက်မြင်ပဲလေ..။
နောက် Indirect Suppliersတွေဖြစ်တဲ့ဟိုတယ်သို့ပစ္စည်းတင်သွင်းသူတွေ..၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းတွေ၊
အခွင့်အလမ်းရမယ့်အပြင် local peopleလို့ခေါ်တဲ့ခရီးစဉ်နေပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးရှိလာမယ်။ဒေသတွင်းအကျိုးဖြစ်ထွန်းလာမှာပါ။

ကျေးဇူးပါဆရာ…။

ဖိုးဇော်(ထားဝယ်)တွေ့မေးသည်။ ၁၁.၇.၂၀၁၂

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger