Latest Post
Showing posts with label အတၳဳပၸတၱိ. Show all posts
Showing posts with label အတၳဳပၸတၱိ. Show all posts
11:57 PM
ကမ္ဘာကျော် စစ်သေနင်္ဂဗျူဟာရှင်ကြီးတွေထဲမှာ တစ်ယောက်အပါဝင်ဖြစ်တဲ့ ဗီယက်နမ်ဗိုလ်ချုပ်ကြီး ဗိုငုယင်ဂီရပ် Vo Nguyen Giap (ဘီဘီစီမြန်မာပိုင်းကတော့ ဗိုငွင်ဇပ် လို့ အသံထွက်ပါတယ်) ဟာ မနေ့ညက ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၁၀၂ နှစ်ရှိပါပြီ။
သူဟာ ဗီယက်နမ်တွေရဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ ပြင်သစ်နယ်ချဲ့တော်လှန်ရေး နဲ့ ဗီယက်နမ်ပေါင်းစည်းရေး စစ်ပွဲတွေမှာ ဗီယက်နမ်ပြည်သူ့တပ်မတော်ကို ဦးဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံရေးခေါင်းဆောင် ဗီယက်နမ်ပြည်သူတွေရဲ့ အချစ်တော် ဦးလေးဟို ခေါ် ဟိုချီမင်းနဲ့ အတွဲညီညီနဲ့ ဆိုရှယ်လစ် သမ္မတ ဗီယက်နမ် နိုင်ငံတော်ကြီးကို ထူထောင်ခဲ့သူပါ။ ခေတ်လက်နက်တွေနဲ့ စနစ်တကျ တပ်စွဲထားတဲ့ ပြင်သစ်တို့ရဲ့ ဒိန်ဗင်ဖူး ခံတပ်ကို ဗီယက်မင်းတွေ အနိုင်ယူသိမ်းပိုက်နိုင်ခဲ့တာဟာ ဗိုလ်ချုပ်ကြီး ဂီရပ်ရဲ့ ပြောင်မြောက်တဲ့ စစ်ရေး အစီအမံကြောင့်ပါပဲ။
ဗီယက်နမ်ဟာ ဂျပန်၊ ပြင်သစ်၊ အမေရိကန်နဲ့ တရုတ် ဆိုတဲ့ ကမ္ဘာ့စစ်အင်အားကြီး စစ်တပ်တွေကို မိမိတို့မြေပေါ်မှာ အနိုင်ယူနိုင်ခဲ့တဲ့ တစ်ခုတည်းသော အာဆီယံနိုင်ငံဖြစ်ပြီး ဒီစစ်ပွဲကြီး ၄ ပွဲစလုံးမှာ ဗီယက်နမ်တွေရဲ့ ပြည်သူ့စစ် စစ်သေနင်္ဂဗျူဟာကို ဦးဆောင်ချမှတ်ခဲ့သူက ဗိုလ်ချုပ်ကြီး ဂီရပ်ပါ။
ထူးခြားတာက ဒီစစ်သေနင်္ဂဗျူဟာရှင်ကြီးဟာ စစ်ပညာကိုစနစ်ကျ လေ့ကျင့်သင်ယူခဲ့တာမျိုး မရှိခဲ့ပဲ နိုင်ငံရေး စီးပွားရေးနဲ့ ဥပဒေပညာရပ်တွေနဲ့ ဘွဲ့ရခဲ့ပြီး စာရေးဆရာ အပျော်တမ်းဂျာနယ်လစ် အလယ်တန်းကျောင်းမှာ သမိုင်းသင်တဲ့ ကျောင်းဆရာတစ်ဦးသာ လုပ်ခဲ့သူဖြစ်ခြင်းပါပဲ။ ကမ္ဘာ့အင်အားကြီး စစ်တပ်ကြီး ၄ ခုကို ယှဉ်ပြိုင်အနိုင်ယူခဲ့တဲ့ ဗီယက်နမ်တွေရဲ့ နာမည်ကျော် ပျောက်ကြားပြည်သူ့စစ် သေနင်္ဂဗျူဟာကို သူဟာ သမိုင်းထဲက နပိုလီယံရဲ့ စစ်ပွဲများအကြောင်းကိုလေ့လာရင်း ဆွန်ဇူးရဲ့ စစ်ရေးအနုပညာကို လေ့လာရင်း အောင်အောင်မြင်မြင် ထုတ်ဖေါ်ခဲ့သူပါ။
စစ်ရေးအမြင်ဆိုတာ စစ်သားမှာမှ ရှိတာမဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးဂီရပ်က သက်သေပြခဲ့ပါတယ်။
Aung Zin Latt (Facebook)
ဗီယက်နမ်ဗိုလ်ချုပ်ကြီး ဗိုငုယင်ဂီရပ် Vo Nguyen Giap
Written By လွင့်မောင်မောင် on Friday, October 4, 2013 | 11:57 PM
![]() |
| ဗီယက်နမ်ဗိုလ်ချုပ်ကြီး ဗိုငုယင်ဂီရပ် Vo Nguyen Giap / PHOTO-Aung Zin Latt |
ကမ္ဘာကျော် စစ်သေနင်္ဂဗျူဟာရှင်ကြီးတွေထဲမှာ တစ်ယောက်အပါဝင်ဖြစ်တဲ့ ဗီယက်နမ်ဗိုလ်ချုပ်ကြီး ဗိုငုယင်ဂီရပ် Vo Nguyen Giap (ဘီဘီစီမြန်မာပိုင်းကတော့ ဗိုငွင်ဇပ် လို့ အသံထွက်ပါတယ်) ဟာ မနေ့ညက ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၁၀၂ နှစ်ရှိပါပြီ။
သူဟာ ဗီယက်နမ်တွေရဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ ပြင်သစ်နယ်ချဲ့တော်လှန်ရေး နဲ့ ဗီယက်နမ်ပေါင်းစည်းရေး စစ်ပွဲတွေမှာ ဗီယက်နမ်ပြည်သူ့တပ်မတော်ကို ဦးဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံရေးခေါင်းဆောင် ဗီယက်နမ်ပြည်သူတွေရဲ့ အချစ်တော် ဦးလေးဟို ခေါ် ဟိုချီမင်းနဲ့ အတွဲညီညီနဲ့ ဆိုရှယ်လစ် သမ္မတ ဗီယက်နမ် နိုင်ငံတော်ကြီးကို ထူထောင်ခဲ့သူပါ။ ခေတ်လက်နက်တွေနဲ့ စနစ်တကျ တပ်စွဲထားတဲ့ ပြင်သစ်တို့ရဲ့ ဒိန်ဗင်ဖူး ခံတပ်ကို ဗီယက်မင်းတွေ အနိုင်ယူသိမ်းပိုက်နိုင်ခဲ့တာဟာ ဗိုလ်ချုပ်ကြီး ဂီရပ်ရဲ့ ပြောင်မြောက်တဲ့ စစ်ရေး အစီအမံကြောင့်ပါပဲ။
ဗီယက်နမ်ဟာ ဂျပန်၊ ပြင်သစ်၊ အမေရိကန်နဲ့ တရုတ် ဆိုတဲ့ ကမ္ဘာ့စစ်အင်အားကြီး စစ်တပ်တွေကို မိမိတို့မြေပေါ်မှာ အနိုင်ယူနိုင်ခဲ့တဲ့ တစ်ခုတည်းသော အာဆီယံနိုင်ငံဖြစ်ပြီး ဒီစစ်ပွဲကြီး ၄ ပွဲစလုံးမှာ ဗီယက်နမ်တွေရဲ့ ပြည်သူ့စစ် စစ်သေနင်္ဂဗျူဟာကို ဦးဆောင်ချမှတ်ခဲ့သူက ဗိုလ်ချုပ်ကြီး ဂီရပ်ပါ။
ထူးခြားတာက ဒီစစ်သေနင်္ဂဗျူဟာရှင်ကြီးဟာ စစ်ပညာကိုစနစ်ကျ လေ့ကျင့်သင်ယူခဲ့တာမျိုး မရှိခဲ့ပဲ နိုင်ငံရေး စီးပွားရေးနဲ့ ဥပဒေပညာရပ်တွေနဲ့ ဘွဲ့ရခဲ့ပြီး စာရေးဆရာ အပျော်တမ်းဂျာနယ်လစ် အလယ်တန်းကျောင်းမှာ သမိုင်းသင်တဲ့ ကျောင်းဆရာတစ်ဦးသာ လုပ်ခဲ့သူဖြစ်ခြင်းပါပဲ။ ကမ္ဘာ့အင်အားကြီး စစ်တပ်ကြီး ၄ ခုကို ယှဉ်ပြိုင်အနိုင်ယူခဲ့တဲ့ ဗီယက်နမ်တွေရဲ့ နာမည်ကျော် ပျောက်ကြားပြည်သူ့စစ် သေနင်္ဂဗျူဟာကို သူဟာ သမိုင်းထဲက နပိုလီယံရဲ့ စစ်ပွဲများအကြောင်းကိုလေ့လာရင်း ဆွန်ဇူးရဲ့ စစ်ရေးအနုပညာကို လေ့လာရင်း အောင်အောင်မြင်မြင် ထုတ်ဖေါ်ခဲ့သူပါ။
စစ်ရေးအမြင်ဆိုတာ စစ်သားမှာမှ ရှိတာမဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးဂီရပ်က သက်သေပြခဲ့ပါတယ်။
Aung Zin Latt (Facebook)
Labels:
အတ္ထုပ္ပတ္တိ
9:57 PM
ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း
Written By လွင့်မောင်မောင် on Tuesday, July 10, 2012 | 9:57 PM
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တြင်ပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။
၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမြည်ဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်
နောရစ် ဝှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှှုများ ပေါ်ပေါက် လာပါသည်။ ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင် စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်
ပါ သည်။ ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၄-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ဝါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခဝဂ် - ၉၃-မှတ်
မဟာဝဂ် - ၉၇-မှတ်
ပါတိကဝဂ် - ၉၇-မှတ်
ပါရာဇိကဏ် - ၈၉-မှတ်
ပါစိတ်ပါဠိတော် - ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် - ၉၂-မှတ်
စူဠဝဂ္ဂပါဠိတော် - ၉၈-မှတ်
ပရိဝါပါဠိတော် - ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ဝတ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။
၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ဝဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။
ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓဝင်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မေဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ဝိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီးဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
(စာရေးသူ သန်းမင်းထွဋ် မင်္ဂလာမောင်မယ် အတွဲ-၁ရ၊ အမှတ်-၂၊ ၂၀၀၅-ခုနှစ်၊ ဖေဖော်ဝါရီလ)
Zawgyi
တစ်ပတ်အတွင်းဒိုင်ယာရီ
-
▼
2022
(1)
- ▼ 12/04 - 12/11 (1)
-
►
2021
(6)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (1)
- ► 07/25 - 08/01 (1)
- ► 07/11 - 07/18 (3)
-
►
2016
(8)
- ► 05/08 - 05/15 (1)
- ► 03/27 - 04/03 (1)
- ► 03/13 - 03/20 (2)
- ► 02/21 - 02/28 (2)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
-
►
2015
(32)
- ► 12/27 - 01/03 (1)
- ► 12/13 - 12/20 (4)
- ► 11/22 - 11/29 (2)
- ► 07/19 - 07/26 (1)
- ► 04/19 - 04/26 (3)
- ► 04/12 - 04/19 (2)
- ► 04/05 - 04/12 (2)
- ► 03/08 - 03/15 (3)
- ► 03/01 - 03/08 (1)
- ► 02/22 - 03/01 (3)
- ► 02/15 - 02/22 (3)
- ► 02/01 - 02/08 (4)
- ► 01/25 - 02/01 (3)
-
►
2014
(10)
- ► 09/21 - 09/28 (1)
- ► 07/13 - 07/20 (1)
- ► 05/25 - 06/01 (1)
- ► 04/13 - 04/20 (2)
- ► 03/30 - 04/06 (1)
- ► 02/16 - 02/23 (2)
- ► 02/09 - 02/16 (2)
-
►
2013
(70)
- ► 12/29 - 01/05 (1)
- ► 11/17 - 11/24 (1)
- ► 11/03 - 11/10 (3)
- ► 10/27 - 11/03 (5)
- ► 10/20 - 10/27 (5)
- ► 10/13 - 10/20 (12)
- ► 10/06 - 10/13 (9)
- ► 09/29 - 10/06 (10)
- ► 09/22 - 09/29 (5)
- ► 09/15 - 09/22 (5)
- ► 09/08 - 09/15 (1)
- ► 09/01 - 09/08 (1)
- ► 07/28 - 08/04 (3)
- ► 07/21 - 07/28 (1)
- ► 06/16 - 06/23 (1)
- ► 06/02 - 06/09 (4)
- ► 05/26 - 06/02 (1)
- ► 04/07 - 04/14 (1)
- ► 03/10 - 03/17 (1)
-
►
2012
(43)
- ► 12/23 - 12/30 (1)
- ► 11/04 - 11/11 (5)
- ► 10/28 - 11/04 (1)
- ► 10/21 - 10/28 (3)
- ► 10/07 - 10/14 (2)
- ► 09/30 - 10/07 (11)
- ► 09/09 - 09/16 (1)
- ► 07/29 - 08/05 (2)
- ► 07/22 - 07/29 (2)
- ► 07/15 - 07/22 (4)
- ► 07/08 - 07/15 (3)
- ► 07/01 - 07/08 (2)
- ► 06/24 - 07/01 (1)
- ► 06/17 - 06/24 (1)
- ► 06/03 - 06/10 (1)
- ► 05/27 - 06/03 (1)
- ► 04/15 - 04/22 (2)
-
►
2011
(3)
- ► 10/02 - 10/09 (3)
-
►
2010
(1)
- ► 06/20 - 06/27 (1)