Latest Post

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ

Written By လွင့်မောင်မောင် on Saturday, February 21, 2015 | 8:29 PM

ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့

အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ
အရက်ကို အားဖြည့်အချိုရည်များနှင့် ရော၍ သောက်သုံးခြင်းသည် အရက်ချည်းသက်သက် သောက်ခြင်းထက် အန္တရာယ် ပိုကြီးမားကြောင်း သုတေသီများက သတိပေးလိုက်သည်။ ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့သည်။ အရက်ကို အားဖြည့်အချိုရည်နှင့် ရောစပ်သောက်သုံးခြင်းသည် အဘက်ဘက်မှ ဆိုးကျိုးသက်ရောက်နိုင်ပြီး အရက်စွဲလမ်းမှု ဖြစ်ပေါ်အောင်

 ပိုမို လှုံ့ဆော်ပေးကြောင်းလည်း သိရှိရသည်။

အားဖြည့်အချိုရည်၏ အာနိသင်ကြောင့် နိုးကြားနေသည့်အခါ အရက်ကို ပိုမို၍ များများစားစား သောက်ဖြစ်သွားပြီး ရိုင်းစိုင်းသော အပြုအမူမျိုး ကျူးလွန်မိရန် ဖြစ်နိုင်ခြေလည်း ပိုများလာလေ့ရှိကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့သည်။ Jager Bombသည် လူငယ်များအကြား ရေပန်းစားသည့် ယမကာတစ်မျိုး ဖြစ်သော်လည်း လက်တွေ့တွင်မူ ရှောင်ကြဉ်သင့်သော အတွဲအဖက်မျိုးဟု မစ်ချီဂန်တက္ကသိုလ်၊ လူမှုရေး သုတေသန ဌာနမှ ဒေါက်တာ မီဂန်ပက်ထရစ်က မှတ်ချက်ပြုခဲ့သည်။

"ကောလိပ်ကျောင်းသားလေးတွေ အရက်ပိုစွဲလာတဲ့ အကြောင်းရင်းဟာ အားဖြည့်အချိုရည်တွေနဲ့ ရောစပ်ပြီး သောက်ကြလို့ ဆိုတာကို ကျွန်မတို့ တွေ့ရှိလာခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အဲဒီလို ရောစပ်တာဟာ အရက်သီးသန့် သောက်တာထက် အဆိပ်အတောက် ပိုများပါတယ်"ဟု ဒေါက်တာမီဂန်က ဆိုသည်။ ပင်ဆယ်လ်ဗေးနီးယား အစိုးရ တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျနီဖာမက်စ်သည် အဆိုပါ လေ့လာမှုတွင် ဒေါက်တာမီဂန်နှင့် ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်သည်။

လူငယ်ကျောင်းသား (၆၅၂)ဦးကို အခြေခံ လေ့လာခဲ့သော သုတေသန ရလဒ်နှင့် စပ်လျဉ်းပြီး ဒေါက်တာဂျနီဖာက "ဒီလိုအရောအစပ်ဟာ အဆိပ်အတောက် ဖြစ်နိုင်ခြေ ပိုများတဲ့အပြင် အရက်များများ သောက်ဖြစ်အောင်လည်း လှုံ့ဆော်တတ်ပါတယ်။ အားဖြည့်အချိုရည်ရဲ့ အာနိသင်ကြောင့် နိုးကြားနေတဲ့အခါ အရက်ကို ပိုပြီး သောက်လေ့ရှိလာတယ်လေ။ အရက်အဝင်များတဲ့အခါ လူမှုရေး နယ်ပယ်မှာ လက်ခံဖို့ခက်တဲ့ အပြုအမူမျိုးတွေ ပိုလုပ်ဖြစ်လာတယ်"ဟု ရှင်းပြခဲ့သည်။ မကြာသေးမီကလည်း ဂျာမနီနိုင်ငံမှ သုတေသီ တစ်စုသည် အားဖြည့်အချိုရည်များ သောက်သုံးခြင်းကြောင့် နှလုံးခုန်နှုန်းကို နှေးကွေးသွားအောင်

 ပြောင်းလဲသက်ရောက်စေကြောင်း ဖော်ထုတ် တွေ့ရှိထားခဲ့သည်။

Planet Myanmar Network

မိတ်ကပ်ဖျက်ဖို့ဘာကြောင့် အရေးကြီးတာလဲ


ညမအိပ်ခင် လိမ်းထားတဲ့မိတ်ကပ်တွေကို စင်ကြယ်အောင်ဆေးပြီးမှ အိပ်စက်တာဟာ အလှအပ ဂရုပြုသူတိုင်းအတွက် အခြေခံကျတဲ့အချက်ဆိုတာ နားလည်ကြမှာပါ။ အိမ်ပြန်နောက်ကျတဲ့ ညတွေမှာ ဒေါက်ဖိနပ်ကို ကန်ထုတ်လိုက်ပြီး အိပ်ရာပေါ် တန်းပစ်လှဲလိုက်ချင်ကြသူ ချည်းပါပဲ။

မိတ်ကပ်ဖျက်ခြင်းဟာ ဘာကြောင့်အရေးပါသလဲဆိုတာ အနည်းငယ် ရှင်းပြပါရစေ။ ပုံမှန်အားဖြင့် အလွန်စွဲမြဲစေတဲ့ ရေစိုခံ မျက်တောင်ကော့ဆေးတွေဟာ မျက်လုံးမှာ တစ်ညလုံးရှိနေတဲ့ အခါ အမြင်အာရုံနဲ့ပတ်သက်ပြီး ပိုးမွှားဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ပိုးမွှားတွေဟာ လိုင်နာရဲ့ gel အရည်မျိုးထဲမှာ ပိုမိုလျှင်မြန်စွာ ၀င်ရောက်နိုင်ပါတယ်။

အသက်အရွယ်ရလာတဲ့ သူတွေအဖို့ ပိုပြီးတောင် သတိထားသင့်ပါတယ်။ မိတ်ကပ်လိမ်းပြီး တစ်ညတာလုံး မိတ်ကပ်နဲ့အတူ အိပ်စက်လိုက်တဲ့အခါ ချွေးပေါက်ပိတ်ပြီး အသားအရေကို ပုပ်သိုးသွားစေပါတယ်။

- မျက်နှာသစ် ပုဝါတွေဟာ တကယ်အသုံးဝင်ရဲ့လား?

ညအချိန်မတော် ပြန်လာတတ်သူ မိန်းမပျင်းလေးများအတွက် ဒီမိတ်ကပ်ဖျက် ပုဝါလေးတွေဟာ အကျိုးကျေးဇူးထူး တစ်ခုလို့ထင်နိုင်ပါတယ်။ စသုံးလိုက်ချိန်မှာ ပါးလေးတွေနီရဲသွားတဲ့အတွက် သိပ်နှစ်သက်စရာကောင်းတာပဲလို့ ထင်နိုင်ပါတယ်။ တကယ့်အမှန်တရားအစစ်ကတော့ နှင်းဆီသွေးရောင်ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။

အလွတ်တန်းမိတ်ကပ်ပညာရှင် Larry Yeoက “ရေနဲ့ကောင်းစွာဆေးကြောခြင်း မရှိဘဲနဲ့တော့ အညစ်အကြေးတွေဟာ အလွှာပါးလေးတစ်လွှာစာလောက်တော့ ကျန်ခဲ့မှာပါပဲ။” လို့ ဆိုပါတယ်။ ဆိုတော့ ဒီပုဝါမျိုးဟာ လုံးဝကိုအသုံးမ၀င်တော့ဘူးလား။

- သန့်စင်ပုဝါများအား မှန်ကန်စွာအသုံးပြုနည်း

တကယ်လို့များ မျက်နှာသန့်စင်ပုဝါကို အသုံးပြုမယ်ဆိုရင် နူးညံ့တဲ့ မျက်လုံးနားတစ်ဝိုက်နဲ့ နှုတ်ခမ်းသားတို့ကို ရှောင်ရှားပြီး သုတ်ပါ။ ပြီးတာနဲ့ ချက်ချင်း ရေနွေးနွေးလေးနဲ့ သစ်လိုက်ပါ။

တလက်လက် တောက်ပနေတဲ့ အိုင်းရှဲဒိုးမျိုး ဆိုးထားမိတယ်ဆိုရင်တော့ သာမန် မိတ်ကပ်ဖျက်ပုဝါထက် တစ်ဆင့်ပိုကောင်းပြီး ပိုထိရောက်တဲ့ Shu Uemura’s Ultime8 Sublime Beauty Cleansing Oil (ဒါမှမဟုတ်) Shiseido’s Ultimate Cleansing Oil တို့ကို ကြားခံအဖြစ်သုံးပေးပါ။

သုံးနည်းကတော့ ဖျက်ဆေးရည်ဆွတ်ထားတဲ့ မိတ်ကပ်ဖျက်ပုဝါကို ဖျက်လိုတဲ့ မျက်လုံး ဧရိယာနားတစ်ဝိုက်မှာ ၅-၁၀ စက္ကန့်လောက် ဖိထားပေးပါ။ ပြီးတာနဲ့ တစ်ချက်တည်း ဆွဲသုတ်ပြီး ဖယ်လိုက်ပါ။ ကျန်ခဲ့တဲ့အပိုင်းအစလေးတွေကိုတော့ တခြားပုဝါနဲ့ စင်ကြယ်သည်အထိ ထပ်ခါထပ်ပွတ်ပေးလိုက်ပါ။

ဒီလောက်ဆိုရင်တော့ မှန်ကန်တဲ့ မိတ်ကပ်ဖျက်နည်းနဲ့ မိတ်ကပ်ဖျက်ပုဝါ အသုံးပြုနည်းကို ရရှိနိုင်ပြီလို့ မျှော်လင့်ပါတယ်။

Ref:herworldplus
Trend Myanmar

စာမေးပွဲကာလ ကျန်းမာ နေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာ အာဟာရ

Written By လွင့်မောင်မောင် on Thursday, February 19, 2015 | 7:06 PM


စာမေးပွဲ ကာလ ကျန်းမာ နေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာ အာဟာရ အခုဆိုရင် ကျောင်းသား၊ ကျောင်းသူ အများစုအတွက် အတန်းတင် စာမေးပွဲ ဖြေဆိုဖို့ နီးကပ်လာပါပြီ။

စာမေးပွဲမှာ ကောင်းကောင်း ဖြေဆိုနိုင်ဖို့ဆိုရင် သင် ခန်းစာတွေကို ကြေညက်အောင် လေ့လာထားဖို့ လိုသလို ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ကျန်းမာဖို့ ရာအတွက် အာဟာရ ပြည့်ဝနေသင့်ပါတယ်။ စာမေး ပွဲကာလ တစ်လျှောက်လုံးရော သင်ခန်းစာတွေကို အပြင်းအထန် မှတ်သားနေ သူတွေအနေနဲ့ပါ ကျန်းမာနေစေဖို့ စားသင့်၊ ရှောင်သင့်တဲ့ အစား အသောက်တွေကို ရေးသားလိုက် ရပါတယ်။

ဥအမျိုးမျိုး ဘာကြောင့် စားသင့်တာလဲ

ဘဲဥ၊ ကြက်ဥစားရင် စာမေးပွဲမှာ သုညပဲ ရလိမ့်မယ် ဆိုပြီး စနောက်ကာ ဥအမျိုးမျိုးကို တချို့က ရှောင်လေ့ ရှိပါတယ်။ တကယ်တော့ ဥအမျိုးမျိုးမှာ မရှိ မဖြစ် ဖော့စ်ဖိုလစ်ပစ်၊ ကိုလင်း၊ သံဓာတ်နဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်တို့ ပါဝင်တာကြောင့် ဦးနှောက်အတွက် အကောင်းဆုံး အစာဖြစ်ကာ စာမေးပွဲကာ လအတွင်း စားသင့်ပါတယ်။

ဗီတာမင်စီပါသော အစားအစာ ဘာကြောင့် စားသင့်တာလဲ

ဗီတာမင် စီပါတဲ့ အစာကို တစ်နေ့ နှစ်ကြိမ်-သုံးကြိမ် စားတာကြောင့် ကိုယ်ခံ စွမ်းအားကို မြင့်တက် စေပြီး ခန္ဓာကိုယ် ကနေ သံဓာတ် စုပ်ယူမှုကို အားကောင်း စေကာ ဦးနှောက်ဆီသို့ အောက်ဆီဂျင် ရောက်ရှိမှု များစေပါတယ်။ ဒါကြောင့် ဉာဏ်ရွှင်လန်းစေဖို့ ချဉ်တဲ့အသီးတွေ၊ ခရမ်းချဉ်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်း ရွက်တွေ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှည့်၊ မာလကာ သီးနဲ့ ကညွတ်တို့လို ဗီတာမင်စီ ပါတဲ့ အစာတွေကို စားပေးသင့်ပါတယ်။

ငါး ဘာကြောင့် စားသင့်တာလဲ

တစ်ပတ်မှာ အနည်းဆုံး ငါးသုံးကြိမ် စားပေးပါ။ ဆာဒင်းနဲ့ ဆယ်လ်မွန်တို့လို အဆီများတဲ့ ငါးတွေမှာ မှတ်ဥာဏ် အားကောင်းစေတဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်များစွာ ပါဝင်ပါတယ်။

ထောပတ်သီး ဘာကြောင့် စားသင့်တာလဲ

ထောပတ်သီး၊ အခွံမာတဲ့ အစေ့အ ဆန် လက်တစ်ဆုပ်စာနဲ့ သံလွင်ဆီတို့ ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ဖြစ်တာကြောင့် ဦးနှောက်ကို ကျန်းမာစေ ပါတယ်။

ဟင်းသီးဟင်းရွက်များ ဘာကြောင့် စားသင့်တာလဲ

ဗီတာမင်အေနဲ့ ဘီတာကယ်ရိုတင်း အများအပြား ပါဝင်တဲ့ လိမ္မော်ရောင်နဲ့ အဝါရောင်ရင့် ဟင်းသီး ဟင်းရွက်တွေက ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းမွန်စေ သလို မျက်စိ အမြင်အာရုံကို ကောင်းမွန် စေတာကြောင့် သင်ခန်းစာတွေကို ဖတ် ရှုလေ့လာနေရသူတွေ စားသင့်ပါတယ်။

အမျှင်ပါသော ကောက်နှံစာ ဘာကြောင့် စားသင့်တာလဲ

အခွံချွတ် မထားတဲ့ ကောက်နှံစာမှာ အမျှင်ဓာတ် အများအပြား ပါဝင်တာကြောင့် အူလှုပ်ရှား မှုကို ကောင်းစေကာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ် စေပါတယ်။ စိတ်ဖိစီးမှု တွန်းလှန် ပေးနိုင်တဲ့ ဗီတာမင်ဘီလည်း များစွာ ပါဝင်တာကြောင့် စိတ်တည်ငြိမ် စေပြီး အရာရာကို ရှင်းရှင်း လင်းလင်း၊ ကြည်ကြည် လင်လင် တွေးခေါ် နိုင်စေပါတယ်။ ဗီတာမင်ဘီက သင်ခန်းစာ တွေကို လေ့လာမှတ်သားနေ ချိန်အတွင်း စွမ်းအင် တိုးစေပါတယ်။ ဗီတာမင် ဘီများစွာ ပါဝင်တဲ့ ပဲအမျိုးမျိုးမှာ ပရိုတင်း ဓာတ်လည်း ပါဝင်တာကြောင့် အသားများများ မစားဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဓိက စားသင့်ပါတယ်။

ဒိန်ချဉ် ဘာကြောင့် စားသင့်တာလဲ

ဒိန်ချဉ် အလွတ်ကို စားတာက အစာ ကြေညက်စေပြီး အူထဲမှာ အကျိုးပြု ဘက်တီး ရီးယားကို တိုးစေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အတွက် သင့်တော်ပါတယ်။

အချိုရည်နှင့် သကြားပါသော ဖျော်ရည်များ ဘာကြောင့် ရှောင်သင့်တာလဲ

သွေးတွင်း သကြားဓာတ်ကို မြင့်တက် စေနိုင်တဲ့ အချိုရည်နဲ့ သကြားပါတဲ့ အရည်တွေက အာရုံ စူးစိုက်နိုင်ဖို့ ခက်ခဲ တတ်ပါတယ်။ ဒါကြောင့် အချိုစားချင် စိတ်ပြင်းပြနေရင် အစာစားပြီး အနည်းငယ်ပဲ သောက်ပါ။ ဒါဆိုရင် စားတဲ့ အစာနဲ့ ရောပြီး အစာကြေ နှုန်းနှေးကာ သွေးကြော ထဲ ရောက်ရှိနှုန်း လျော့နည်း သွား နိုင်ပါတယ်။

ကော်ဖီပြင်းပြင်း ဘာကြောင့် ရှောင်သင့်တာလဲ

တစ်နေ့တာ အတွင်း ကော်ဖီ အနည်းငယ် သောက်တာနဲ့ အိပ်ရာ မဝင်ခင် အချိန် လေးနာရီ အတွင်း ကော်ဖီ မသောက်ဘဲ နေတာက အဆင်ပြေပေမယ့် ကော်ဖီပြင်းပြင်း ကိုတော့ မသောက်မိဖို့ လိုပါတယ်။ အကြောင်းကတော့ ကဖင်းဓာတ်က ဦးနှောက်ကို တက်ကြွလွန် အောင် လှုံ့ဆော် ပေးနိုင်ပြီး အိပ်မပျော် ဖြစ်စေလို့ပါ။ တစ်နေ့တာ လေ့လာသင် ယူခဲ့သမျှ မှတ်မိ နေစေဖို့ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့ လိုပါတယ်။

ဆီကြော်ထားသော အမြန်စာများ ဘာကြောင့် ရှောင်သင့်တာလဲ

ဆီကြော်ထားတဲ့ အမြန်စာ ထဲမှာပါတဲ့ ထရန့်စ်ဖတ်စ် တွေက ဦးနှောက်ထဲမှာ လိုအပ်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ကို အစားပြန်မထိုးနိုင်တဲ့အပြင် စိတ်ဓာတ် ကျတာလို စိတ်ဝေဒနာကို ဖြစ်စေ နိုင်ပါတယ်။ အဆီများတဲ့ အစာတွေမှာ ကယ်လိုရီ ပါဝင်မှု လွန်ကဲပြီး အာဟာရ ဓာတ်နည်း တာကြောင့် တစ်နေ့လုံး ပင်ပန်းနေ နိုင်ပါတယ်။ အဲဒီအခါ ကိုယ်တွင်းရှိ အောက်ဆီဂျင် တွေကို ဦးနှောက်က အာရုံ စူးစိုက်နိုင်ဖို့ မသုံး နိုင်တော့ဘဲ အစာချေ ဖျက်ဖို့ အတွက် သုံးနေရတာကြောင့် လေ့လာ သင်ယူ နိုင်စွမ်း လျော့ကျ တတ်ပါတယ်။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

မြ၀တီ

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger