Latest Post
Showing posts with label VIDEO. Show all posts
Showing posts with label VIDEO. Show all posts

ပို့ချချက်(၄) အပိုင်း(၁) ရှင်းလင်းချက်

Written By U AYE MINN on Wednesday, July 28, 2021 | 1:42 AM

ကျွန်ုပ်၏ ၂၀၁၂ ခရီးသွား ဗွီဒီယိုမှတ်တမ်း(ထားဝယ်မှရွှေလီ)

Written By လွင့်မောင်မောင် on Wednesday, November 6, 2013 | 12:51 AM

၁၀-၄-၂၀၁၂ နေ့ ခရီး စတင်ထွက်ပါသည်။



နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မှာ


ခရီးသွားမှတ်တမ်း(တရုတ်ပြည်) 1


 ရွှေလီ(Ruli) မှာ


ထားဝယ်မြို့၊ဆန်းချီ အ-မ-က ရပ်ကွက်လုံးကျွတ် မြတ်ဆရာ ပူဇော်ပွဲ(၁၉၆၃ မှ ယနေ့ ထိ) ရုပ်-သံ

Written By လွင့်မောင်မောင် on Tuesday, April 9, 2013 | 9:46 AM

ထားဝယ်မြို့၊ဆန်းချီ အ-မ-က 
ရပ်ကွက်လုံးကျွတ် မြတ်ဆရာ ပူဇော်ပွဲ










အခမ်းအနားအစီအစဉ်( ၁ ) ကာလများစွာကင်းကွာခဲ့သောကျောင်းကလေး၏ခေါင်းလောင်းသံအားပြန်လည်ခံစားခြင်း


အခမ်းအနားအစီအစဉ်( ၂ )ကန်တော့ကြမည့်ကျောင်းသား/သူများနေရာယူခြင်း။



အခမ်းအနားအစီအစဉ်( ၃ )အသက်၇၀နှစ် နှင့်အထက်ဆရာ ၊ဆရာမကြီးများနေရာယူခြင်း

အခမ်းအနားအစီအစဉ်( ၄ )မြတ်ဆရာဂုဏ်ပြုတေးဖြင့် အခမ်းအနားကိုဖွင့်လှစ်
ဆန်းချီရပ်ကွက်သူ ဒေါ်သန်းညွန့် ဂုဏ်ပြုတေးဖြင့် ဂါရ၀ပြုပါသည်။

အခမ်းအနားအစီအစဉ်( ၅ ) မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် “မောင်အေးမင်း” မှ နှုတ်ခွန်းဆက်ဂါရ၀ စကားပြောကြားခြင်း။
ဤသို့ပြောကြားရာတွင် ဆရာတစ်ယောက်၏အရည်အချင်းများဖြစ်သော ၀ါသနာ၊စေတနာ၊အနစ်နာ ဆိုသော “နာသုံးနာ” မှ အနစ်နာခံခြင်းကို အဓိကထား၍ပြောကြားသွားပါသည်။ ဆရာတို့သည် မိမိတပည့်များအပေါ်တတ်စေချင်သောဆန္ဒလောဘ၊တော်စေချင်လွန်းသောဆန္ဒလောဘ၊
လိမ်မာစေချင်လွန်းသောဆန္ဒလောဘ၊နှင့် သွန်သင်ဆုံးမသည်ကိုမလိုက်နာလျှင်ဖြစ်ပေါ်လာသောဒေါသ တို့ကြောင့် ရုတ်တရက်သေဆုံးမည်ဆိုလျှင် ....ဒေါသနှင့်သေလျှင်“ငရဲ” ၊ လောဘနှင့်သေလျှင်“ပြိတ္တာ” ကလွဲ၍ တခြားလားရာသည်မရှိ။ထို့ ကြောင့်ဆရာဆိုသည်မှာ သံသရာတစ်ခုလုံး“နစ်” သည်အထိ “အနာခံ” တတ်သောပုဂ္ဂိုလ်များ” ဟု မှတ်ယူရမှာဖြစ်ကြောင်းပြောကြားသွားသည်။



ဆရာမကြီးဒေါ်လှရွှေမှ ရင်ထဲပီတိစကားနှင့် ဆုံးမသြ၀ါဒပေးခြင်း
 
ဆရာမကြီးဒေါ်ခင်ကြူ မှ ရင်ထဲပီတိစကားနှင့် ဆုံးမသြ၀ါဒပေးခြင်း
ကျောင်းသား ဟောင်း ဦးတင့်ဆွေ မှ ရင်ထဲပီတိစကားနှင့်ကျေးဇူးတင်စကားပြောကြားခြင်း
ကျောင်းသူ ဟောင်း ဒေါက်တာခင်မျိုးဆင့် မှ ရင်ထဲပီတိစကားနှင့်ကျေးဇူးတင်စကားပြောကြားခြင်း


မြတ်ဆရာပူဇော်ပွဲ အောင်မြင်ခြင်းအထိမ်းမှတ် အောင်ခရေပင်စိုက်ပျိုးခြင်း

အောင်ခရေပင်ကို မြတ်ဆရာပူဇော်ပွဲကော်မတီအဖွဲ့ဝင် ဦးဇော်မောင်မှ စိုက်ပျိုးပေး၍
ဆန်းချီ အ-မ-က ပထမဆုံး ကျောင်းအုပ်ကြီးဦးအုန်းလွင်မှ ရွှေရည် ကိုလည်းကောင်း၊
ယခုကျောင်းအုပ်ဆရာမကြီးဒေါ်တင်တင်ယု နှင့် မြတ်ဆရာပူဇော်ပွဲကော်မတီအဖွဲ့ဝင် ဦးဖေခင် တို့မှ ငွေရည် များသွန်းလောင်းကြပါသည်။


ကျောင်းသားဟောင်းများမှ မိမိတို့ချစ်ခင်လေးမြတ်ပြုရသော မိမိဆရာများအားသီးသန့်ကန်တော့ကြ၍ အခမ်းအနားကိုရုတ်သိမ်းသည်။

ဆန်းချီအ-မ-က အငြိမ်းစားဆရာမကြီးများနှင့် တာဝန်ထမ်းဆောင်ဆဲဆရာမများ
ဆန်းချီ အ-မ-က တွင်တာဝန်ထမ်းဆောင်ဆဲ ဆရာမများ



အမေစု ရဲ့အိမ်ပြန်လမ်း(၂)

Written By လွင့်မောင်မောင် on Friday, October 5, 2012 | 11:43 AM



RFA

အမေစု ရဲ့ အိမ်ပြန်လမ်းမှာ




အခက်အခဲဆုံးကာလကိုကျော်ဖြက်ရတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော စက်တင်ဘာလ ၁၆ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ ၁၇ ရက်ကြာ အမေရိကန် ပြည်ထောင်စုကို သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား လေကြောင်းလိုင်းနဲ့ အောက်တိုဘာလ ၄ ရက်နေ့ ည ၉း ၄၅ နာရီမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ လာရာမှာ ထောင်ပေါင်း များစွားသော ပြည်သူတွေ NLD ပါတီဝင်တွေ နိုင်ငံရေး အင်အားစုတွေနဲ အနုပညာရှင် တွေက ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ကြိုဆိုကြသူတွေဟာ ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာတင်မကပဲ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ရှေ့မှာပါ လာရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို လာရောက်ကြိုဆိုကြတဲ့ ပြည်သူ တွေကို ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့နေအိမ်ရှေ့မှာပဲ ညီညီညွတ်ညွတ်နဲ့ အလုပ်တွေ ဆက်လုပ်ဖို့လို ကြောင်း နဲ့ ဒီအချိန်ဒီကာလဟာ အခက်အခဲဆုံးကာလဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Mr Bean - Back to school



Mr Bean at the Hospital


Mr Bean - Department Store



Mr Bean's Wedding


တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger