Latest Post

အင်္ဂဝိဇ္ဇာဗေဒင်ပညာ အပိုင်း(၄)

Written By U AYE MINN on Thursday, August 19, 2021 | 2:27 AM



ပို့ချချက်(၁) ဂြိုဟ်ပရိယာယ်များ

++++++++++++++++++++
အားလုံးမင်္ဂလာရှိကြပါစေ ကြောင်းနှုတ်ခွန်းဆက်ပါသည်။
မင်္ဂလာပါ။
အင်္ဂဝိဇ္ဇာ ပညာ မှ အရေးကြီးဆုံး ဂြိုဟ်တို့၏ပရိယာယ်များ ကို ပို့ချ ပေးလိုက်ပါတယ်။
++++++++++
တနင်္ဂ‌နွေဂြိုဟ်၏ ပရိယာယ်များ
--------------------------------
သူရဇ်ဇ ။ သူရဇ္ဇ
၁ ဂဏန်း၊ အရှေ့မြောက်အရပ်၊ ၊ဂြိုဟ်သက် (၆)နှစ်။
တေဇာဓာတ်(မီးခဲ)၊ဓာတ်ဖို၊၊အစပ်အရသာ၊
အနီရောင်ပစ္စည်းများ
အ၊ ဥ၊ ဦ  ဦး စ သော အက္ခရာများနှင့် စ ‌သောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ။
ဖခင်၊ဖခင်ကဲ့သို့သောသူ၊မင်း၊ဥက္ကဋ္ဌ၊အကြီးအကဲ၊၊
ဦးခေါင်း၊ နှလုံး ၊ အကြော ၊
အိုးအိမ်၊‌ လှေကားနှင့်ဆိုင်သော၊
မို့မောက်သောကုန်းမြေ၊တောင်ပို့၊အနုပညာသည်များစုဝေးရာနေရာ။
အလုပ်အကိုင်
ပါပဂြိုဟ်။

တနင်္လာဂြိုဟ်၏ ပရိယာယ်များ
-------------------------------
- စန္ဒြော
၂ ဂဏန်း၊အရှေ့အရပ်၊ဂြိုလ်သက် (၁၅)နှစ်၊
 ပထဝီဓာတ်(‌ ‌မြေမာ၊ကျောက်မြေ)၊ဓာတ်ဖို၊အငန်၊
အဖြူရောင်၊ပုလဲ
က၊ခ၊ဂ၊ဃ၊င အက္ခရာများနှင့်စ သောအမည်များနှင့် 
သက်ရှိသက်မဲ့အရာများ။
မိခင်၊မိခင်ကဲ့သို့သောအမျိုးသမီး၊အကြီးအကဲ၏ဇနီး၊
အစာအိမ်၊ရင်ဘတ်၊အဆုတ်၊
အကြံအစည်၊အကြွား၊၊အဝတ်အစားသစ်၊
မင်္ဂလာ၊‌ ခြေနှစ်ချောင်း၊ခရီးတို။
သန့်ရှင်းညီညာသောမြေ ၊ သစ်ပင်များစွာရှိသောအရပ်၊
သောမဂြိုဟ်။
+++++++++++++++++++
အင်္ဂါဂြိုဟ် ၏ ပရိယာယ်များ
--------------------------
- ဘောမ
၃ ဂဏန်း ၊ အရှေ့တောင်အရပ်၊ ဂြိုလ်သက် (၈)နှစ်၊
ဝါယောဓာတ်(လေညှင်း)၊ဓာတ်ဖို၊အခါး၊
အဖြူ နီရော(မီးကျည်) ရောင်၊သန္တာ
စ၊ဆ၊ဇ၊ဈ၊ည စ ‌‌သောအက္ခရာများနှင့်စ ‌‌သောအမည် များနှင့် သက်ရှိသက်မဲ့အရာများ၊
လင်ယောက်ျား၊အောက်လူ၊ကျေးကျွန်၊စစ်သူကြီး၊
မျက်စိ၊သားအိမ်၊ကျောက်ကပ်၊မျက်နှာ၊အရေပြား၊ချင်ဆီ၊ခွန်အား၊
အစုပ်အပြဲ၊စုန်း၊စက်ပစ္စည်းများ၊
မီးလောင်ထားသောမြေ၊မီးနှင့်အနီးဆုံးလုပ်ကိုင်ဆောင်ရွက် ရသောနေရာများ။
ပါပဂြိုဟ်။
++++++++++++++++++
ဗုဒ္ဓဟူးဂြိုဟ် ၏  ပရိယာယ်များ
-------------------------------
ဗုဒ္ဓ
၄ ဂဏန်း၊ တောင်အရပ် ၊ ဂြိုဟ်သက် (၁၇)နှစ်၊
အာပေါဓာတ်(ရေကြည်)၊ ဓာတ်ဖို၊ အချို ၊ 
အစိမ်းရောင် ၊ မြကျောက်၊
ယ၊လ ၊၀ ၊   စသောအက္ခရာများနှင့် စ သောအမည်များနှင့် သက်ရှိသက်မဲ့အရာများ၊
သားငယ်၊သမီးငယ်၊ ညီအကိုမောင်နှမ၊ ရွယ်တူတန်းတူ၊လုပ်‌ဖော် ကိုင်ဖက်၊ အိမ်ရှေ့မင်း၊
ရင်၊ဝမ်း။
ရေဝပ်သောမြေ၊ချိုင့်၊ရေကန်၊လူအများစုဝေးရာအရပ်၊
ယားယံခြင်း၊လျို့ဝှက်ခြင်း၊လှည့်ဖြားခြင်း၊ယောင်လည်လည်ဖြစ်ခြင်း၊
သောမဂြိုဟ်
+++++++++++++++++++
ကြာသပတေးဂြိုဟ် ၏  ပရိယာယ်များ
---------------------
ဂုရု
၅ ဂဏန်း၊အနောက်အရပ်၊ ဂြိုလ်သက် (၁၉)နှစ်၊
ပထဝီဓာတ်(မြေပျော့ ၊ရွှံ့မြေ )၊ ဓာတ်မ၊အဆိမ့် အရသာ၊ အဝါရောင်၊အရောင်ဖျော့များ၊ဥဿဖရား။
ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ ၊  စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
ပညာရှင်များ၊ မုဆိုးမ ၊ ဘုန်းကြီး ၊ ဆရာ ၊ အုပ်ချုပ်ရေးဆိုင်ရာ တိုင်ပင်ခံအဖွဲ့၊
အသည်း၊နံရိုး၊သွေးကြော ၊ အူ။
ဘုရားကျောင်းဆောင်၊ဘုရားမြေ ၊ ဘုန်းကြီးကျောင်း၊နတ်စင်၊ဂိုထောင်၊စပါးကျီ၊ကိုယ်ပိုင်ငွေ။
သောမဂြိုဟ်
+++++++++++++
သောကြာဂြိုဟ်  ၏  ပရိယာယ်များ
-------------------------
သောကြ
 ၆ ဂဏန်း၊ မြောက်အရပ် ၊  ဂြိုလ်သက် ( ၂၁ )နှစ်၊
အာပေါဓာတ်(ရေနောက်)၊ဓာတ်မ၊ အချို ၊ အဖြူပျောက်၊ပုလဲပေါက်အရောင်၊စိန်။
သ ၊ ဟ ၊  စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
ဇနီး မယား၊ စေ့စပ်ထားသူ၊သားချင်းဆွေမျိုး ၊ သူတော်ကောင်း ၊သူခိုး၊ကုန်သည်။
သွား၊သွေး၊သွေးကြော၊ကုပ်၊လည်ပင်း။
ယောက်ျားသုတ်သွေး၊မိန်းမဓမ္မတာ၊ ရမက်တဏှာ၊သီလပျက်ခြင်း၊စကား၊ခရီးရှည်။
အိမ်ခန်းဝ၊ပြည့်တန်ဆာအိမ်၊ ကာမဂုဏ်ကိုအားပေးလှုံ့ဆော်ရာနေရာအခန်းများ၊
ခရီးအသွားအလာများသောနေရာများ၊လှုပ်ရှားမှုများသောနေရာများ၊လမ်းလေးခွမြေ။
သောမဂြိုဟ်။
++++++++++++++++
စနေဂြိုဟ်  ၏  ပရိယာယ်များ
-------------------------------
သောရီ
၀ ဂဏန်း နှင့် ၇ ဂဏန်း၊ အနောက်တောင်အရပ်၊ 
 ဂြိုလ်သက် (၁၀)နှစ်၊
တေဇောဓာတ်(မီးတောက်) ၊ ဓာတ်မ ၊ အချဉ် ၊ အနက်ရောင်၊ နီလာကျောက်။
တ ၊ ထ ၊ ဒ ၊ ဓ ၊ န ၊ ဋ ၊ဌ ၊ဍ ၊ဏ   စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
အိမ်စေများ ၊ အောက်လူများ ၊ အစေခံ၊ရုံးအကူ ၊ လခစားအလုပ်သမား ။
စိတ်၊ဝမ်းဘက်ပိုင်းအရိုး၊လိင်အင်္ဂါ၊
 အောက်တန်းကျသောအတတ်ပညာ(အောက်လမ်း)၊နတ်ပိုင်းဆိုင်ရာ ၊ အမှုအခင်း၊
အညစ်အကြေးများရှိရာအရပ်၊မှိုက်ပုံ၊ မြောင်းမြေ၊ကုန်းစောင်းမြေ၊ပြိုခါနီးအိမ်၊
စပ်ထားသောအဝတ်အထည်။
ပါပဂြိုဟ်။

ရာဟုဂြိုဟ် ၏  ပရိယာယ်များ
---------------------
၈ ဂဏန်း ၊အနောက်မြောက်အရပ်၊  ဂြိုလ်သက် (၁၂)နှစ်။
ဝါယောဓာတ် (မုန်တိုင်း)၊ဓာတ်မ ၊အဖန်၊
နီပျောက်ကြား၊
ရ ၊ ဠ စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
ရင်ဘတ်
လူသတ်သမား၊တိရစ္ဆာန်သတ်သူများ၊အနာကြီးရောဂါသည်၊ လူလိမ်၊သူတောင်းစား၊အယောင်ဆောင်များ။
အနိဌနှင့်ဆိုင်သောနေရာများ၊သူသာန်မြေ၊အဆောက်ဦးပျက်၊ရင်ခွဲရုံ၊ရေခဲတိုက်၊
၊ဆွေးမြေ့နေသောအဝတ်အထည်။
ပါပဂြိုဟ်။
@ သောမဂြိုဟ် = ဂြိုဟ် ကောင်း
 @ ပါပ ဂြိုဟ်   = ဂြိုလ် ဆိုး
===========================

ပျဉ်းတော်သိမ်ရွက် (Curry Leaf)

Written By U AYE MINN on Wednesday, August 11, 2021 | 8:12 AM

ပျဉ်းတော်သိမ်ရွက် (Curry Leaf)

ပျဉ်းတော်သိမ်ရွက်ဟာ အိန္ဒိယဟင်းလျာတွေမှာ မပါမဖြစ်ထည့်သွင်းချက်ပြုတ်လေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။ အသားဟင်းတွေ၊ ပဲဟင်းနဲ့ သတ်သတ်လွတ်ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိပါတယ်။

ပျဉ်းတော်သိမ်ရွက်က နုစဉ်မှာ စိမ်းဖန့်ဖန့်အရောင်ရျိပြီး ရင့်လာတဲ့အချိန်မှာ အစိမ်းရောင်ရင့်ရင့်အဖြစ်ပြောင်းလဲလာပါတယ်။ အရွက်နုလေးတွေကို အတို့အမြှုပ်အဖြစ်စားသုံးလေ့ရှိပြီး အရွက်ရင့်တွေကိုတော့ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုပါတယ်။ အပင်ရဲ့ အမြင့်က ၃ မီတာ ကနေ ၄ မီတာလောက်အထိရှိပါတယ်။ အရသားစူးရှပြီး အနံ့ပြင်းပါတယ်။ ပျဉ်းတော်သိမ်းရွက်က အူသိမ်ရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်စေပြီး ကင်ဆာကိုလည်းတိုက်ဖျက်ပေးပါတယ်။

ပျဉ်းတော်သိမ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ကျောက်ကပ်ကျန်းမာရေးကောင်းမွန်စေခြင်း

ပျဉ်းတော်သိမ်ရွက်ကကျောက်ကပ်ပြဿနာတွေကိုဘေးထွက်ဆိုးကျိုးမရှိဘဲဖြေရှင်းပေးပါတယ်။ မိသားစုမှာကျောက်ကပ်ရောဂါ ရာဇဝင်ရှိသူတွေအနေနဲ့ကျောက်ကပ်ရောဂါမဖြစ်အာင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပျဉ်းတော်သိမ်ရွက်ကိုစားသုံးပေးသင့်ပါတယ်။ကျောက်ကပ်ရောဂါကင်းဝေးစေဖို့နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက်ကိုထည့်သွင်းစားသုံးပေးသင့်ပါတယ်။

သည်းခြေရည်ကို ထိန်းညှိပေးခြင်း

ပျဉ်းတော်သိမ်ရွက်ရဲ့ ကျန်းမာရေးကိုအကျိုးပြုတဲ့နောက်အချက်တစ်ချက်ကတော့ အစာမကြေတာ၊ ဆီးချိုနဲ့အခြားအစာအိမ်ပြဿနာတွေ လိုမျိုးဝေဒနာတွေကိုလျော့ပါးသက်သာစေတာဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရဲ့ အရွက် တင်မက အခြားအစိတ်အပိုင်းတွေကလည်းဆေးဖက်ဝင်ပါတယ်။ မအီမသာဖြစ်ပြီးအော့အန်တာတွေကိုလည်း ပျဉ်းတော်သိမ်ရွက်က သက်သာစေပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကြုံတွေ့ရတဲ့ပြဿနာတွေကို သက်သာစေခြင်း

ကိုယ်ဝန်ဆောင်ကာလမှာ မအီမသာဖြစ်မှုတွေကို ခံစားရနိုင်ပါတယ်။Morning sick ကိုယ်ဝန်ဆောင်ချိန်မနက်ခင်းပျို့အန်ခြင်း

၊အော့အန်ခြင်းတွေလိုမျိုး မအီမသာဖြစ်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် အော့အန်တာဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်ကိုရေနွေးထဲထည့်ပြီးသောက်သုံးပေးမယ်ဆိုရင်ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့မအီမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။

ဝမ်းလျှောတာကိုသက်သာစေခြင်း

ပျဉ်းတော်သိမ်က ဝမ်းလျှောတာကို သက်သာစေတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ ဝမ်းလျှောတာကို သက်သာစေနိုင်တဲ့carbazole alkaloids ပါဝင်ပါတယ်။

အစာကြေစေခြင်း

အစာမကြေတာကြောင့် မအီမသာဖြစ်တာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ပျဉ်းတော်သိမ်ရွက်ကို သံပုရာရည်၊ သကြားတို့နဲ့ဖျော်စပ်ပြီးသောက်သုံးမယ်ဆိုရင် အစာမကြေတာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။

အမြင်အာရုံကောင်းမွန်စေခြင်း

နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက်ကိုထည့်သွင်းစားသုံးမယ်ဆိုရင် အမြင်အာရုံကိုကောင်းမွန်စေမှာဖြစ်ပါတယ်။ မျက်စိရေတိမ်မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။

ဆံသားကျန်းမာစေခြင်း

ပျဉ်းတော်သိမ်ရွက်က ဆံပင်ကိုနက်မှောင်သန်စွမ်းစေပြီး ဆံသားကို ကျန်းမာသန်စွမ်းစေပါတယ်။ အုန်းဆီနဲ့ရောပြီးလူးပေးနိုင်ပါတယ်။ ပျဉ်းတော်သိမ်က အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ကိုလက်စထရောကျဆင်းစေခြင်း

ခန္ဓါကိုယ်အတွက် အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ထိန်းချုပ်ဖို့အခက်တွေ့နပါသလား။ ပျဉ်းတော်သိမ်းရွက်စားသုံးပေးခြင်းက ကိုယ်တွင်းက မလိုအပ်တဲ့ ကိုလက်စထရောတွေကို ထိန်းချုပ်ပေးပြီး အဆီပို ကင်းတဲ့ ခန္ဓါကိုယ်ကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးတွေကို ထိန်းချုပ်ပေးနိုင်ခြင်း

ပျဉ်းတော်သိမ်းရွက်က (chemotherapy) ဓါတုကုထုံးနဲ့၊ (radiation therapy) တို့ကြောင့်ဖြစ်ပေါ်ခံစားရတဲ့ ဆိုးကျိုးတွေကို လျော့နည်းအောင်အထောက်အကူပြုပါတယ်။

ဆီးချို (diabetes) ကိုထိန်းညှိပေးခြင်း

ပျဉ်းတော်သိမ်ရွက်က ဆီးချိုဝေဒနာသည်တွေအတွက်အထူးသင့်တော်တဲ့ဆေးဖက်ဝင်အရွက်တစ်မျိုးဖြစ်ပါတယ်။ ဆီးချိုသမားတွေစားသုံးပေးဖို့သင့်တော်ပါတယ်။သွေးတွင်းအချိုဓါတ်ကို ထိန်းညှိပေးပါတယ်။ မနက်စာစားတဲ့အခါ ပျဉ်းတော်သိမ်းရွက်အမှုန့်ကို ထည့်သွင်းစားသုံးပေးတာကကောင်းမွန်တဲ့ရလဒ်ဖြစ်စေမှာပါ။

အစာအိမ်အူလမ်းကြောင်းတွေကို ကာကွယ်ပေးခြင်း

ပျဉ်းတော်သိမ်ရွက်မှာ ဓါတိုးဆန့်ကျင်ပစ္စည်းတွေနဲ့alkaloidတွေပါဝင်နေပါတယ်။ အစာအိမ်အူလမ်းကြောင်းတွေကိုကောင်းမွန်စေပြီး အစာချေစနစ်ကိုတိုးတက်ကောင်းမွန်စေပါတယ်။

ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေမကူးစက်အောင်ကာကွယ်ပေးနိုင်ခြင်း

ပျဉ်းတော်သိမ်ရွက်မှာ ဘက်တီးရီးယားတွေနဲ့မှိုပိုးတွေကိုသေစေနိုင်တဲ့ ထိရောက်တဲ့အာနိသင်ရှိပါတယ်။ ပျဉ်းတော်သိမ်ရွက်အဆီကို ပဋိဇီဝဆေးတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။

အသည်းကို ကျန်းမာစေခြင်း

အသည်းက အစာချေစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာကြောင့် အသည်းကျန်းမာဖို့ကအရေးကြီးပါတယ်။ အသည်းကိုfree radicalတွေကြောင့်ထိခိုက်ပျက်စီးမှုတွေနဲ့ ကူးစက်ရောဂါပိုးတွေကြောင့်ထိခိုက်ပျက်စီးမှုတွေကနေ ကာကွယ်ဖို့ကလည်း အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပါ။ ပျဉ်းတော်သိမ်မှာannins နဲ့carbazole alkaloidတွေပါဝင်နေတာကြောင့် အသည်းမပျက်စီးအောင်ကာကွယ်ပေးပါတယ်။ အသည်းရောင်အသားဝါရောဂါ၊ အသည်းရွတ်နာတို့လိုမျိုး အသည်းရောဂါတွေမဖြစ်အောင်လည်းကာကွယ်ရာမှာလည်း အထောက်အကူပြုပါတယ်။

အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း

ပျဉ်းတော်သိမ်ရွက်က အရေပြားထိန်းသိမ်းရာမှာလည်း အထောက်အကူပြုပါတယ်။ ပျဉ်းတော်သိမ်း အရွက်ကိုကြိတ်ထားတဲ့အနှစ်ကို အပူလောင်နာ၊ပြတ်ရှဒဏ်ရာ၊ အရေပြားပေါ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အင်းဆက်ပိုးမွှားတွေကိုက်တဲ့ ဒဏ်ရာတွေပေါ်မှာ အသုံးပြုပေးမယ်ဆိုရင် အနာကျက်မြန်မြန်ကျက်စေမှာဖြစ်သလို အနာကိုပိုးမဝင်အောင်လည်းအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

အထက်ပါအချက်လေးတွေကိုဖတ်ရှုပြီး ပျဉ်တော်သိမ်ကို လိုအပ်သလို အသုံးပြုနိုင်ပါတယ်။

Hello ဆရာဝန် မှကူးယူဖော်ပြသည်။

ပို့ချချက်(၄) အပိုင်း(၁) ရှင်းလင်းချက်

Written By U AYE MINN on Wednesday, July 28, 2021 | 1:42 AM

လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာဗေဒင်ပညာ (အပိုင်း ၃ )

Written By U AYE MINN on Thursday, July 15, 2021 | 7:28 AM

 


ဗုဒ္ဓံသရဏံ ဂစ္ဆာမိ            ဓမ္မံသရဏံ ဂစ္ဆာမိ             သံဃံသရဏံ ဂစ္ဆာမိ 

                                          အရဟံ သိဒ္ဓိ

                  “  ပဉ္စဂုဏံ အဟံဝန္ဒာမိ ။ အာစရိယဂုဏံ အဟံဝန္ဒာမိ”


ဝေါဟာရ အသုံးအနှုန်းများ

(၉၀)မိနစ် အခါ တစ်ခုကို …………….မူလအခါ

(၁၈)မိနစ် အခါတစ်ခုကို ………………အခါခွဲ

(၆)မိနစ် အခါတစ်ခုကို ………………..ဘုတ္တိအခါခွဲ     ဟူ၍ခေါ်ဝေါ်အသုံးပြုမည်။

 “သုံးလီများ အဆန်းလုပ်လို့ ၆မိနစ် စီပေါ့ ။ ဆပွတ်နဲ့ဘဲ့ယူ”  ဟုဆိုသဖြင့်ကျွန်ုပ်သည် 

ဤသို့ အဓိပ္ပာယ်ဖော်ကြည့်လိုက်သည်။


ဤမျှလောက်ဆိုလျှင် အခြေခံရှိသူတို့ သဘောပေါက်ပေရော့မည်။အခြေခံမရှိသူများအတွက်မူဘာမျှ

မသိဖြစ်နေပေလိမ့်မည်။

                                        ကျမ်းရင်းလင်္ကာနှင့်ပြန်လည်ညှိခြင်း

၉၀မိနစ် မူလအခါတစ်ခုကို ၆မိနစ်ဘုတ္တိအခါခွဲများ ပိုင်းခြားလျှင် ဘုတ္တိအခါခွဲပေါင်း(၁၅) ခါရ၏။

မူလအခါပေါင်း(၈)ခါအတွက်  ဘုတ္တိအခါခွဲပေါင်း(၁၂၀) ရပါသည်။

(၁၂ x ၆၀ မိနစ် )/ ၆မိနစ်= ၁၂၀ )

ဤတွင် ဆရာတော်ခင်ကြီးဖျော်၏ မူလကျမ်းရင်းလင်္ကာနှင့် ကိုက်ညီပေတော့သည် ။

ကိုက်ညီပုံ

“သူရဇ္ဇကစ၍စဉ်စီ ရှစ်ခါညီ”  ဟုဆိုသဖြင့် (၉၀)မိနစ်စီအညီအမျှ ရှစ်ခါ ပိုင်းပြီးဖြစ်သည်။

“ရှစ်လီဂြိုလ်ပေါင်းပြ” ဟုဆိုရာတွင်လည်း မူလအခါတစ်ခုကို အခါခွဲ(၅)ခုနှင့် ဘုတ္တိအခါခွဲ(၃)ခု

စုစုပေါင်း ဂြိုလ်အခါ(၈)ခု ပေါင်းထည့်ပြီးဖြစ်သည်။

“ရှစ်လီ” ဆိုသည့်သဘောတရားအတိုင်း မူလအခါ(၈)ခုစလုံးသို့ ပေါင်းထည့်ရမည်ဟုအဓိပ္ပာယ်

ရသဖြင့်  မူလအခါ ရှစ်ခု အတွက် ဘုတ္တိအခါခွဲပေါင်း(၁၂၀) ရလေသည်။

ထိုအခါမှ “ရာသီဆယ့်နှစ်ဝ သင်္ချာယူ၍ဆ” ဆိုသည်မှာလည်းဤသို့ကိုက်ညီနေပြန်ပါတော့သည်။

အထဗ္ဗဏဗေဒင်(မဟာကာလဗေဒင်) တွက်ရာတွင် မိဿ ပြိဿ စသော ရာသီ၁၂ခွင် ချ၍ တွက်

ချက်ရမည်ဟူလို ။

ထို့အပြင် “ဆယ့်နှစ် ကို သင်္ချာဂဏန်းချရေးလိုက်လျှင် “ ၁၂ ” ဟုရ၏ ။

ကဲ ..ကြည့် ။နားလည်ရန်ခက်ခဲသော ပဟေဠိစာသားများကိုလည်းအဖြေထုတ်ပြီးဖြစ်၍

ကိုက်ညီမှုရှိသည်ကို အံ့သြစွာမြင်တွေ့ရလေသည်။

ထိုထက်အံ့သြဘွယ်ကောင်းသည်မှာ အချိန်တစ်ချိန်မှတစ်ချိန်ကူးပြောင်းသောအခါ

ပြောင်းလဲသော အခါ များမှာ ဆပွတ်ဂြိုလ်အစီအစဉ်အတိုင်း ကွက်တိ ဖြစ်နေသည်ကို

တွေ့ရှိရပေသည်။

သီအိုရီမရှိသောလက်တွေ့သည်“အကန်း”နှင့်တူ၍ လက်တွေ့မရှိသော သီအိုရီ သည်လည်း“အကျိုး”နှင့်တူပေ၏။ ထို့ကြောင့် ဤပညာခန်းကိုရရှိသည့် ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ လက်တွေ့သုတေသနအကြိမ်ကြိမ်(အကြိမ်တစ်ရာထက်မနည်း) ပြုလုပ် ခဲ့ပါသည်။ အချိန်များစွာပေးဆပ်ခဲ့ရ၏ ။အလွန်မှန်ကန်တိကျသောအဖြေများရရှိသဖြင့် ပညာအစစ်အမှန်ကိုရရှိလေခြင်းဟု များစွာဝမ်းမြောက်ပီတိဖြစ်ရပါတော့သည် ။

ထို့နောက်  ကျွန်ုပ်၏ လုပ်ငန်းဆောင်ရွက်မှု မှန်သမျှမှာ ဆရာအရှင်ပေးခဲ့သော ပညာကိုအသုံးပြုလျက် လုပ်ဆောင်ခဲ့ပေသည်။( ဗေဒင်ဟော၍ အသက်မွေးသည်မဟုတ်)

  (၂၀၀၂ခု သြဂုတ်လ) မှစ၍ ကျွန်ုပ်၏ စီးပွားရေး လူမှုရေး နှင့် ဘာသာရေးဆိုင်ရာကျင့်ကြံ

အားထုတ်မှုများ စသည်တို့သည် အဘက်ဘက်မှပြည့်စုံကာ တိုးတက်ကောင်းမွန်ခဲ့ပါသည်။

မတော်လောဘမပါသော အရာခပ်သိမ်း လိုတရ ပြည့်စုံခဲ့ပါသည်။

ဆရာအရှင်၏ကျေးဇူးအလွန်ကြီးမားပေစွ။


  ရှေးပညာရှိတို့သည် “ဉာဏ်တူလျှင်ယူစတမ်း” “သိသူဖော်စား မသိသူကျော်သွား” နည်းများ

ဖြင့်သာပညာရပ်များကိုမှတ်တမ်းတင်ထားခဲ့ကြသည်။(မသူတော်များထံသို့ ပညာများရောက်ရှိ

သွားမည်ကို စိုးရိမ်ခဲ့ကြဟန်ရှိသည်။)

၆မိနစ်လျှင် အခါတစ်ခုခွဲသောနည်းသည်လည်း ကျွန်ုပ်ထက်အလျင် သို့မဟုတ် နောက်ကျ

မှရရှိသူများ ရှိကိုရှိမည်ဖြစ်သည် ။သို့သော် ဤပညာခန်းကို ယနေ့အထိ ဖော်ပြသူ တစ်ယောက်

မျှမရှိသေးပါ။ ကျွန်ုပ်ကိုယ်တိုင်သည်ပင်လျှင် နှစ်အတန်ကြာ သိုဝှက်ထားခဲ့၏ ။

           သို့သော်  မြန်မာ့အင်္ဂဝိဇ္ဇာပညာရပ်သည် အလွန်တိကျ မှန်ကန် ထယ်ဝါသော

ပညာရပ်တစ်ခုအဖြစ် အခိုင်အမာရှိကြောင်းသက်သေတစ်ခုအဖြစ်အတည်ပြုနိုင်ကြရန် ရည်သန်

၍ ဟင်းစားသာမကကွန်ချက်များကိုပါ ပေးဝေလိုက်ရပါတော့သည်။

ဤပညာပေးဆောင်းပါးနှင့်ပတ်သက်၍ နောက်အရေးကြီးသည့်တစ်ချက်ရှိသေးသည်။

အကြောင်းအရာတစ်ခုကို ယုတ္တိတန်သည် မတန်သည်ကို သိပ္ပံနည်းကျ ဝေဖန်ညှိနှိုင်း၍ ဆုံးဖြတ်

ပြုကြသော ယနေ့ခေတ် လူကြီး လူငယ်အားလုံးသို့ ကျွန်ုပ်ပေးချင်သော Message က

သိပ္ပံပညာကမဖြေရှင်းနိုင်သော လိုက်မမီသေးသောအချက်များစွာအနက်

“ကျွန်ုပ်၏ဆရာအရှင်က ကျွန်ုပ်အားအသံဖြင့် ပညာရပ်တစ်ခုကိုသင်ကြားပေးခဲ့သည် ” ဆိုသော

အချက်ကလေးတစ်ချက်ဖြစ်ပါကြောင်း…..။

              ဤတွင် အင်္ဂဝိဇ္ဇာပညာ၏ အချိန်  ၊အခါ ပိုင်းခြင်း သင်ခန်းစာ  ပြီးဆုံးပါပြီ ။

ဘုတ္တိ အခါခွဲ(၁၂၀) အတွက်အသင့်အသုံးပြု နိုင်ရန်ဆက်လက်ဖော်ပြပေးပါမည်။

          

                                                                                                                 မေတ္တာဖြင့် -  ဆရာမင်

လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာဗေဒင်ပညာ (အပိုင်း ၂ )

Written By U AYE MINN on Wednesday, July 14, 2021 | 1:19 AM



လက်တွေ့အသုံးချအင်္ဂဝိဇ္ဇာဗေဒင်ပညာ(အပိုင်း၂)

       င်္ဂဝိဇ္ဇာဗေဒင်ပညာဖြင့်တွက်ချက်၍ ဟောပြောမည်ဆိုလျှင် အဓိကကျဆုံးမှာ အခါပိုင်းခြင်းပင်ဖြစ်သည်။အခါမှားလျှင် မှန်ကန်သောအဖြေကိုမည်သို့မျှမရနိုင်။ ထိုကြောင့်လည်း အချိန် အခါပိုင်းခြင်းကို အခြေခံမှအစ ကျမ်းရင်းလင်္ကာကိုအာစရိယမူများနှင့်ပေါင်းစပ်၍ တင်ပြပေးပြီးဖြစ်ပါသည်။

ကျွန်ုပ် သည် အင်္ဂဝိဇ္ဇာကျမ်းအမျိုးမျိုးကို လက်လှမ်းမီသလောက် ဖတ်ရှု လေ့လာ မှတ်သားတွေးဆခဲ့ရသည်မှာ အချိန်များစွာပေးဆပ်ခဲ့ရ၏။ လက်ထပ်သင်ဆရာမရှိသောကြောင့် စိတ်ပျက်ကာ အင်္ဂဝိဇ္ဇာပညာကိုနှစ်များစွာ

ပစ်ထားပြီးကာမှ၊၁၉၈၉-၁၉၉၀ ခုနှစ်တွင် ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား) အင်္ဂဝိဇ္ဇာအဟော

ပညာသင်ခန်းစာ များကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှပြန်လည်လေ့လာခွင့်ရ၏။

သို့သော် အထဗ္ဗဏဗေဒင်(မဟာကာလဗေဒင်)ပညာကိုအသုံးပြုမည်ဆိုလျှင်အခါတစ်ခုသည် ၁၈မိနစ်ထက်ပိုမိုအသေးစိပ် ရန်လိုအပ်မည်ဟု ကျွန်ုပ်စိတ်ထဲ၌ အလိုလိုသိနေသလိုဖြစ်မိ၏

အဘယ်ကြောင့်ဆိုသော်ဤအချိန်က ကျွန်ုပ် သည်ဆန္ဒဂဏန်း ၁ မှ၂၄၉အထိတွင်နှစ်သက်ရာ

ဂဏန်းတစ်လုံးကို တောင်းဆို၍ နက္ခတ်ခွဲပေါင်း၂၄၉ ခုမှ ရာသီခွင်ချ၍တွက်ရသော 

ဆရာကြီးKP၏ဟူးရားနက္ခတ္တဗေဒကို သင်ကြားတတ်မြောက်ပြီးဖြစ်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် ဆရာတော် ခင်ကြီးဖျော်၏ ကျမ်းရင်းလင်္ကာကိုပြန်လည်ဖတ်ရှု၍ နက်ရှိုင်းစွာ

တွေးခေါ်ကြည့်မိသည်။

“သူရဇ္ဇက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီဆယ့်နှစ်၀ သင်္ချာယူ၍ဆ။

နေ့၁၂နာရီကို အခါတစ်ခုအတွက် ၁နာရီ၃၀မိနစ်(၉၀မိနစ်) စီ ညီမျှပိုင်းလျှင် ခါရ၏

ဤအထိ“သူရဇ္ဇက စ၍စဉ်စီ ရှစ်ခါညီဆိုသည်နှင့် ကိုက်ညီနေသော်လည်း ………..

ရှစ်လီဂြိုဟ်ပေါင်းပြဟုဆိုရာတွင်မူ အခါခွဲတစ်ခုကို ၁၈မိနစ် စီဖြင့်  အခါတစ်ခု(၉၀မိနစ်)ကို

အခါခွဲ ခုသာပိုင်းနိုင်သဖြင့်   ငါးလီသာပေါင်းနိုင်သေး၏ ။ရှစ်လီပြည့်ရန် သုံးလီ လိုနေ၏။

လိုနေသည်ဟုသိပင်သိညား နည်းလမ်းကိုရှာမရနိုင်ခဲ့ ။ထို့ကြောင့် ထွက်သမျှလက်လှမ်းမီသမျှ အင်္ဂဝိဇ္ဇာကျမ်း

များ ဆောင်းပါးများတွင်ရှာဖွေကြည့်၏ ။မရခဲ့ပါ။ဤသို့လမ်းစပျောက်နေချိန်…….

၁၉၉၇ခု ၏ မိုးတွင်းကြီီး (အတိအကျ ပြောရလျှင် မြန်မာ

သက္ကရာဇ် ၁၃၅၉ခု ဝါဆိုလဆန်း ၁၃ရက် 

ကြာသပတေးနေ့(17-7-1997) ညဉ့်သန်းကောင်၁၂နာရီ

အချိန် )တ ချိန်က အမှတ်မထားကျော်၍ဖတ်သွား

သောဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား)”


အင်္ဂဝိဇ္ဇာအဟောပညာသင်ခန်းစာဆောင်းပါးတစ်ခုမှ 

တိုင်ပြေးကလေးများကို စိတ်ဝင်တစား

အာရုံစူးစိုက်လေ့လာရင်းမှတ်သားနေရင်းမှအိပ်ပျော်

သလိုဖြစ်သွား၏။

သို့သော်နားထဲတွင်မူကျွန်ုပ်နှင့်ရင်းနှီးသောအသံတစ်သံကို

ကြားနေရသည် ။အသံရှင်ကိုတော့မမြင်ရ ။ 

ဆရာအရှင်၏အသံမှန်းသိ၏။ 

အိမ်မက် မက်သလိုခံစားနေရသည် ။အရင်းအဖျားမရှိပဲ ဆရာအရှင်ပြောခဲ့သည်က

သုံးလီများ အဆန်းလုပ် လို့ ၆မိနစ် စီပေါ့ ဆပွတ်နဲ့ဘဲ့ယူ  တဲ့ ။နောက်ပြောသွားသေးသည်

ငါတို့မသိတာ ဘာမှမရှိဘူးကွတဲ့ ပညာတစ်ခုပေးတိုင်း ဤသို့ပြောနေကျ

ခဏလေးသာကြာလိုက်တဲ့ အချိန်ပါ ကျွန်ုပ် ပြန်နိုးလာ၏။

တစ်ရေးနိုးသော်အကြံပေါ်” ဆိုသည့်အတိုင်း  တိမ်မြုပ်နေသော တန်ဘိုးကြီးလှသည့်မြန်မာတို့၏ 

အင်္ဂဝိဇ္ဇာ ပညာရပ်၏ ၆မိနစ်ကို အခါတစ်ခုပိုင်းသောပညာခန်းကို ကျွန်ုပ်သင်ယူတတ်မြောက်ခဲ့၏ ။

ချက်ချင်းပင်   ပဉ္စဂုဏံ အဟံဝန္ဒာမိ အာစရိယဂုဏံ အဟံဝန္ဒာမိ။ ဟုအသံထွက်အောင်ရွတ်၍

လက်ဆယ်ဖြာထိပ်မှာမိုးလျှက် အနန္တငါးပါး နှင့် ဆရာအရှင်ကို ကိုရှစ်ခိုးဖြစ်လိုက်ပါသည်။

                                                                                                    ဆရာမင်း( ၁၄-၇-၂၀၂၁ ; 15:00PM)

ဆက်လက် ‌ ဖော်ပြပါမည်။

လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာဗေဒင်ပညာ (အပိုင်း 1 )

လက် တွေ့အသုံးချ အင်္ဂဝိဇ္ဇာဗေဒင်ပညာ (အပိုင်း၃)

လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာပညာ (အပိုင်း ၁)

Written By U AYE MINN on Tuesday, July 13, 2021 | 8:53 AM

 

                              အင်္ဂဝိဇ္ဇာဗေဒင်ပညာ  

   အင်္ဂဝိဇ္ဇာ ကျမ်းရင်းလင်္ကာကြီး (ဆရာတော်ကြီး ခင်ကြီးဖျော်)

() အင်္ဂဝိဇ္ဇာ နည်းကျယ်စွာကို၊သေချာမှတ်စွဲ ကောက်ယူခွဲသော်….

() အိုင်ထဲမြရွှေငွေ ကြံပါလူ့အသွေ ဆင်ရန်သူနဲ့ဝေး ၊လေသဲကျွန်းဆောင်မြူး

ပျော်ကြူးဧလှည့်နိုင် သာလှိုင်ဆင်ကြလန်း ၊နန်းအောင်ရွှေမြို့သာ

() လိုရာဂြိုဟ်ရင်းကပ် ၊ဓာတ်မှန်ကိုထုတ် မိတ်လည်းအုပ် ၊ဓာတ်ထုတ်မိတ်ကိုစီး၊မိတ်ကြီးဓာတ်ကိုမံ။

() ငါးတန်မဆွ၊တိုင်မူလနှင့်၊သိရသက်သေ၊ထင်လေနိမိတ်၊ဟိတ် ၊လက္ခဏာ၊စဉ်ကာထားမှ။

() သူရဇ္ဇနှင့် သောကြ ထက်အောက် ၊ခယားဇောက် ၊ကောက်ဘိဆပွတ်ကြံ မှတ်ရန်နည်းတဝ။

() သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီဆယ့်နှစ်၀ သင်္ချာယူ၍ဆ။

() အောင်လံတေဇ၊သကျမှီအုံး ၊နန္ဒိသေနထုံး။

() ဝိကလျာ၊ဝိဇ္ဇာနေယျ၊အညမည၊ခါနိစ္စ၊ ထိကြဓာတ်ပစ္စည်း။

() အညမညံ ၊မဆက်ဆံ၊ပိတ္တံဝိဧက။

(၁၀) သူ့ကိုနိုင်လို ဆကိုခို လိုရာဆေးဖေါ်သုံး။

(၁၁) ထန်းအုန်းဂျုတ်ဇီး၊ ဝါမုံသီး၊ ဆေးကြီးသန္နိဌာ၊နိုင်ရာဓာတ်နှင့်သတ်။

(၁၂) တောင်သူအမှတ် လုပ်ရပ်ကိန်းချူ ၊ဓာတ်တူ နံတူ ၊ဆေးကိုယူ။

(၁၃) ကက်ကင်းသေရှင်သူ၊ ထက်အောက်ပြန်လှန်ကူ၊နံတူသတ်ကအသေရ။

(၁၄) နံလွဲကြမူ အရှင်ယူ ဟောသူမှီခိုရုံ။

(၁၅) ဂဠုန်ပုန်းခိုက်၊ပုတ်သင်မိုက်၊ကိုက်လေ ပါးသေ။

(၁၆) ခြင်္သေံ့ဟောက်ဟန် ဆင်ဝှေ့ပြန် ရုပ်နာမ်နှစ်ပါး ကံကတ္တားခြား၍ ထက်အောက်သာ။

(၁၇) ကတ္တားရှိရာ ကံမလာနှင့် နာမ်မှာထက်ပေ ရုပ်လယ်နေ၊မဇ္ဈေကံဟုမှတ် ကတ္တားအောက်ဂြိုဟ်

       မြဲမှတ်ဆို။

(၁၈) မိတ်လိုပြန်ရာ ၊ဥသာစိန်ပန်း၊ ဒန်းလှကိုရှာ

(၁၉) ခိုက်ရန်မှာကား ဓမ္မသောက အင်းဝရာဇာ မယှဉ်ရာတည်း။

(၂၀) ဓာတ်လာသဘော အန္တောဂဗ္ဘေ စရေဝံသေ။

(၂၁) ဦးဝေစံကူး ရေဗူးတောသူ၊ ရန်မူလည်းဆို၊ ဦးညိုခေမာ၊ သုတဝေရီ၊ရန်မှီမြဲရှောင်။

(၂၂) အောင်ပကုလား၊ ဆွေသားနောင်ရင်း၊ မိတ်သွင်းပြီးခါ၊ဆောင်သင့်ရာ၏။

(၂၃) ဆောင်ရာသင့်လျှင်၊သံယောဇဉ်ကိုမယှဉ်စေရာ။

(၂၄) မီးမှာကားမြေ၊ ရေနှင့်လေ၊ မိတ်ဆွေမစပ်၊ပိဋိကတ်။

(၂၅) မီးဓာတ်နှင့်လေ၊မြေနှင့်ရေ၊မိတ်ဆွေတော်ကြ၊သဟာယ။

(၂၆) လမ်းပြစဉ်သာ၊ရှောင်ကြဉ်ခွာ၊ဝေးစွာသူရဇ္ဇ။

(၂၇) သစ်ဆိမ့်ပန်းရ၊သူရဇ္ဇ၊ေနေထကောင်းကြွယ်ရန်။

(၂၈) ဝေးသူပင်ပြန်ရ၊နီးလွယ်အောင်ကြံဆ။

(၂၉) မင်းကုသကိုဆောင်မှကောင်းလင့်ရာ၊စေတိယကိုရှောင်မှ ကြောင်းသင့်စွာ။

(၃၀) အောက်မှာနင်းကြမ်း၊ထက်ဆောင်ပန်း၊ တခန်းယူမှီးကြ။

(၃၁) က- ငါးမှာ၊စန္ဒြာ၊သီလာမြေဓာတ်ဖို၊ရှမ်းအငန်ဟုဆို။

(၃၃) - ဘောမ ၊ပဉ္စာစ၊လေမြေဓာတ်ဖိုရ၊တလိုင်း အခါးပ။

(၃၄) - သောရီ ၊ဤဆယ်လီ၊မီးတောက်ဓာတ်မ၊ကုလားအချဉ်ရ။

(၃၅) - နှစ်ခု၊ရာဟုလေမုန်တိုင်း၊အရိုင်းဓာတ်မ၊ယိုးဒယားအဖန်ရ။

(၃၆) - နှစ်ဦး ၊ဗုဒ္ဓဟူးဓာတ်ဖို၊ရေသီတာဟုဆို၊မျိုးကိုကတူး၊ရောနှောပူး။

(၃၇) သုံးဦး - - ဠ၊သောကြာရေငန်ပ၊ဓာတ်မသက်ကသည်း ကြိုက်လည်းချိုသာ။

(၃၈) -အာ သရ ရှစ်ဌာန၊သူရဇ္ဇ နေ့စွဲ၊ မီးခဲဓာတ်ဖို၊ဂျွန်းအစပ်ဟုဆို။

(၃၉) ဟောလိုကြပြန်၊ ဆေးပေးရန်၊လုပ်ရပ်အကြံ၊သိဒ္ဓိနှံ၊စစ်ထိုးခိုက်ရန်၊ရှုံးနိုင်တန်၊ယတြာရုပ်နာမ်

        ကျိန်းခြေပြန်၊အင်းမူစီမံ၊ဂြိုဟ်လင့်ကြံ၍၊ဂဏန်းမှန်ပြ၊ကောက်ယူဆလော့။

(၄၀) အညမညံ စိတ်ဝေဖန် ဝိဇ္ဇာမယံ ဇော်ဂျီပျံ ရသေ့ရှင်မွန် လောကီဈာန် ခေမာအမတံ ပြည်နိဗ္ဗာန်

       ရောက်လိမ့်ဧကန် မဂ်အလွန်ဖိုလ်မွန်ရလွယ်ကြိုး တိုး၍သာကြံကြစေလေကုန်။

                                                   ( ကျမ်းရင်းလင်္ကာကြီးပြီး၏)

ရှင်းလင်းချက်

အမှတ်(၁၈) (၂၀) (၂၂) နှင့် () တို့ ကိုအရကျက်လိုက်ပါ။ဤအချက်များမှ အမှတ်()ဖြစ်လာတာပါ။

ဥပမာ။ ။အမှတ်()မှ……

လိုရာဂြိုဟ်ရင်းကပ်……..လိုရာဂြိုဟ်ရင်း သည် ၁နွေ ဆိုပါစို့ (အိုင်)

ဓာတ်မှန်ကိုထုတ်……….၁နွေ ဓာတ်သည် ၀နေ ဖြစ်သည် (ထဲ) အန္တော

မိတ်လည်းအုပ်…………. ၁နွေ မိတ်သည် ၅တေး ဖြစ်သည်။ (မြ) အောင်ပ

ဓာတ်ထုတ်မိတ်ကိုစီး……0နေ မိတ်သည် ၄ဟူး ဖြစ်သည် (ရွှေ) တော်ရင်း

မိတ်ကြီးဓာတ်ကိုမံ……….၅တေး ဓာတ်သည် ၂လာ ဖြစ်သည် (ငွေ) ဂဗ္ဘေ


လိုရာဂြိုဟ်ရင်းကပ်……..လိုရာဂြိုဟ်ရင်း သည် ၂လာ ဆိုပါစို့ (ကြံ)

ဓာတ်မှန်ကိုထုတ်……….၂လာ ဓာတ်သည် ၅တေး ဖြစ်သည် (ပါ) ဂဗ္ဘေ

မိတ်လည်းအုပ်…………. ၂လာ မိတ်သည် ၄ဟူး ဖြစ်သည်။ (လူ့) ကုလား

ဓာတ်ထုတ်မိတ်ကိုစီး……၅တေး မိတ်သည် ၁နွေ ဖြစ်သည် () အောင်ပ

မိတ်ကြီးဓာတ်ကိုမံ……….၄ဟူး ဓာတ်သည် ၆ကြာ ဖြစ်သည် (သွေ) ဝံသေ

ထိုနည်းတူစွာ……ဆင်(၃ဂါ) ၊ရန်(၄ဟူး) ၊သူ(၆ကြာ) ၊နဲ့(၀ နေ) ၊ဝေး (၄ဟူး)

……စသည်ဖြင့် ကြံဆယူပါ။



အင်္ဂဝိဇ္ဇာတိုင်များ နှင့်ပတ်သက်၍ အမှတ်()နှင့်()ကို နားလည်ရမည်။

အမှတ်()မှ သူရဇ္ဖ နှင့် သောကြထက်အောက် ခရားဇောက် ဆိုသည်မှာ ……..

ဆပွတ်လင်္ကာဖြစ်သော……….

.သူရဇ္ဇ(၁နွေ) သောကြ (၆ကြာ ) ဗုဒ္ဓ (၄ဟူး) စန္ဒြော (၂လာ) သောရီ (ဝနေ) ဂုရု (၅တေး) ဘောမ(၃ဂါ)ကိုဆိုလိုပါသည်။

အထက်ပါလင်္ကကာကို ကရွတ်ကင်းလျှောက် ကျက်မှတ်ပါ။

အောက်ပါအတိုင်းလည်းအလွယ်မှတ်နိုင်သည်။

                     တ ပည့် စာ အံ သီ ခံ ( ဝနေ ၅တေး ၃ဂါ ၁နွေ ၆ကြာ ၄ဟူး ၂လာ )

ခရားဇောက် ဆိုသည်မှာ အလယ်မှအစပြု၍ အပေါ်တစ်လုံး အောက်တစ်လုံးချရသောတိုင် ကိုဆိုလိုသည်။

ဥပမာ။   ။     ဤနည်းဖြင့် တိုင်()တိုင်သည် အောက်ပါအတိုင်းဖြစ်လာသည်။


 တိုင်ထူတတ်ပြီဆိုရင်.. လင်္ကာအမှတ်() နှင့် () ကို ပြန်ကောက်မယ်။
အမှတ်() မှ   အိုင်  ထဲ  မြ  ရွှေ  ငွေ………………...............နန်း အောင် ရွှေ မြို့ သာ။

တို့သည် အမှတ်()မှ ငါးတန်မဆွတိုင်မူလနှင့်………......စဉ်ကာထားမှ။နှင့်အောက်ပါအတိုင်းဆက်စပ်နေပြန်သည်။






                                                                                 တနင်္ဂနွေအခါ
                                                                      တနင်္လာအခါ
                                                                        အင်္ဂါအခါ
ဗုဒ္ဓဟူးအခါ
ကြာသပတေးအခါ
သောကြာအခါ
စနေအခါ

ဤသို့ဆိုလျှင် ကျမ်းရင်းလင်္ကာအမှတ်()()()()() တို့ကို နားလည်သဘောပေါက

 နေ့    အချိန် အခါ  အယူအဆများ

နေ့          နေ့ တွင် တနင်္ဂနွေ၊တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ၊စနေဟူ၍()နေ့သာရှိသည်။ ရာဟုနေ့ဟူ၍မရှိပါ။

 အချိန်       ကျမ်းရင်းလင်္ကာအမှတ်()၏အဆိုအရ   သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ

                     ရာသီဆယ့်နှစ်၀ သင်္ချာယူ၍ဆ။ ဆိုသည့်အတိုင်း နံနက်()နာရီမှ ညနေ()နာရီအထိ

                    နေ့(၁၂)နာရီကို တစ်ချိန်လျှင် နာရီ ၃၀ မိနစ် စီထား၍ ရှစ်ချိန်ပိုင်းခြားမည်။

                    ထိုနည်းအတူ (၁၂)နာရီကိုလည်း ချိန် ပိုင်းခြားမည်။

အခါ            သူရဇ္ဖက စ၍စဉ်စီ ဆိုသည့်အတိုင်း သူရဇ္ဇ ၊သောကြ ၊ဗုဒ္ဓ စန္ဒြော၊ သောရီ ၊ဂုရု၊ဘောမ

                         သူရဇ္ဇ အစီအစဉ်ကို နေ့ အချိန် ၊ကိုလိုက်၍ အောက်ပါအတိုင်း သတ်မှတ်ပါမည်။ 











            ( ပည့် စာ အံ သီ ခံ ) လင်္ကာ ဖြင့်လည်း မှတ်သားနိုင်ပါသည်။

  ဇယားရှင်းလင်းချက်

  တနင်္ဂနွေနေ့    နံနက် နာရီ မှ နာရီ ၃၀ မိနစ် အထိ                ပထမခါ   သူရဇ္ဇ  ၁နွေအခါ   (အံ)

  နံနက် ၁၀ နာရီ ၃၀မိနစ် မှ မွန်းတည့်၁၂ နာရီ အထိ                      စတုတ္ထခါ   စန္ဒြော လာအခါ (ခံ)

  မွန်းလွဲ နာရီ မှ နာရီ ၃၀ မိနစ်အထိ                                        သတ္တမခါ ဘောမ ဂါ အခါ  (စာ)

 စသည်ဖြင့် ကျန်နေ့များတွင်လည်း ဤသို့ယူဆပါ။

               အခါတစ်ခု (၉၀ မိနစ်)ကို  အခါ ခွဲ()ပိုင်း ခွဲခြင်း  

  (ဤနည်းသည် ဆရာကြီးဦးကြည် မှရသော နည်းဖြစ်သည်။)

(၉၀မိနစ်)စီ ပိုင်းထားသော အခါတစ်ခုစီကို (၁၈ မိနစ်)စီထား၍ အခါခွဲ ()ပိုင်း ထပ်မံပိုင်းမည်။

တနင်္ဂနွေ(သူရဇ္ဇ) အခါ အခါခွဲ()ပိုင်း

၁နွေ(သူရဇ္ဇ)အခါ၏ပထမ၁၈မိနစ်ကို၁နွေအခါခွဲမှစ၍၂လာ၊ ၃ဂါ၊ ၄ဟူး၊ ၅တေး ဟူ၍

အစဉ်လိုက်အောက်ပါအတိုင်းခွဲသည်။


ထိုနည်းတူစွာ

၂လာ( စန္ဒြော)အခါကို       ၂လာ၊ ၃ဂါ ၄ဟူး ၊၅တေး ၆ကြာ

၃ဂါ( ဘောမ)အခါကို         ၃ဂါ ၄ဟူး ၅တေး ၆ကြာ၊ဝနေ

၄ဟူး(ဗုဒ္ဓ) အခါကို            ၄ဟူး ၅တေး ၆ကြာ၊ဝနေ၊ ၁နွေ

၅တေး(ဂုရု)အခါကို           ၅တေး ၆ကြာ၊ဝနေ၊ ၁နွေ ၊၂လာ

၆ကြာ (သောကြ)အခါကို    ၆ကြာ ၊ဝနေ၊ ၁နွေ ၂လာ ၃ဂါ

ဝနေ(သောရီ)အခါကို       ဝနေ၊ ၁နွေ ၂လာ ၃ဂါ     ၄ဟူး

ဟူ၍ အခါ ခွဲတစ်ခုကို၁၈မိနစ်စီပိုင်းဖြတ်မည်။

အင်္ဂဝိဇ္ဇာဗေဒင်ပညာဖြင့်တွက်ချက်၍ ဟောပြောမည်ဆိုလျှင် အဓိကကျဆုံးမှာ အခါပိုင်းခြင်းပင်ဖြစ်သည်။အခါမှားလျှင် မှန်ကန်သောအဖြေကိုမည်သို့မျှမရနိုင်။ ထိုကြောင့်လည်း အချိန် အခါပိုင်းခြင်းကို အခြေခံမှအစ ကျမ်းရင်းလင်္ကာကိုအာစရိယမူများနှင့်ပေါင်းစပ်၍ တင်ပြပေးပါသည်။

ဆက်ရန်။ (လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာပညာ (အပိုင်း ၂)တွင်ဆက်လက်ဖတ်ရှုပေးပါရန်

မေတ္တာဖြင့်- ဆရာမင်း (14-7-2021 ;11:00AM)



တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger