Latest Post
Showing posts with label နွယ်မြက်သစ်ပင်ဆေးဘက်ဝင်. Show all posts
Showing posts with label နွယ်မြက်သစ်ပင်ဆေးဘက်ဝင်. Show all posts
ပျဉ်းတော်သိမ်ရွက် (Curry Leaf)
Written By U AYE MINN on Wednesday, August 11, 2021 | 8:12 AM
ပျဉ်းတော်သိမ်ရွက် (Curry Leaf)
ပျဉ်းတော်သိမ်ရွက်ဟာ အိန္ဒိယဟင်းလျာတွေမှာ မပါမဖြစ်ထည့်သွင်းချက်ပြုတ်လေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။ အသားဟင်းတွေ၊ ပဲဟင်းနဲ့ သတ်သတ်လွတ်ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိပါတယ်။
ပျဉ်းတော်သိမ်ရွက်က နုစဉ်မှာ စိမ်းဖန့်ဖန့်အရောင်ရျိပြီး ရင့်လာတဲ့အချိန်မှာ အစိမ်းရောင်ရင့်ရင့်အဖြစ်ပြောင်းလဲလာပါတယ်။ အရွက်နုလေးတွေကို အတို့အမြှုပ်အဖြစ်စားသုံးလေ့ရှိပြီး အရွက်ရင့်တွေကိုတော့ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုပါတယ်။ အပင်ရဲ့ အမြင့်က ၃ မီတာ ကနေ ၄ မီတာလောက်အထိရှိပါတယ်။ အရသားစူးရှပြီး အနံ့ပြင်းပါတယ်။ ပျဉ်းတော်သိမ်းရွက်က အူသိမ်ရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်စေပြီး ကင်ဆာကိုလည်းတိုက်ဖျက်ပေးပါတယ်။
ပျဉ်းတော်သိမ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
ကျောက်ကပ်ကျန်းမာရေးကောင်းမွန်စေခြင်း
ပျဉ်းတော်သိမ်ရွက်ကကျောက်ကပ်ပြဿနာတွေကိုဘေးထွက်ဆိုးကျိုးမရှိဘဲဖြေရှင်းပေးပါတယ်။ မိသားစုမှာကျောက်ကပ်ရောဂါ ရာဇဝင်ရှိသူတွေအနေနဲ့ကျောက်ကပ်ရောဂါမဖြစ်အာင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပျဉ်းတော်သိမ်ရွက်ကိုစားသုံးပေးသင့်ပါတယ်။ကျောက်ကပ်ရောဂါကင်းဝေးစေဖို့နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက်ကိုထည့်သွင်းစားသုံးပေးသင့်ပါတယ်။
သည်းခြေရည်ကို ထိန်းညှိပေးခြင်း
ပျဉ်းတော်သိမ်ရွက်ရဲ့ ကျန်းမာရေးကိုအကျိုးပြုတဲ့နောက်အချက်တစ်ချက်ကတော့ အစာမကြေတာ၊ ဆီးချိုနဲ့အခြားအစာအိမ်ပြဿနာတွေ လိုမျိုးဝေဒနာတွေကိုလျော့ပါးသက်သာစေတာဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရဲ့ အရွက် တင်မက အခြားအစိတ်အပိုင်းတွေကလည်းဆေးဖက်ဝင်ပါတယ်။ မအီမသာဖြစ်ပြီးအော့အန်တာတွေကိုလည်း ပျဉ်းတော်သိမ်ရွက်က သက်သာစေပါတယ်။
ကိုယ်ဝန်ဆောင်စဉ်ကြုံတွေ့ရတဲ့ပြဿနာတွေကို သက်သာစေခြင်း
ကိုယ်ဝန်ဆောင်ကာလမှာ မအီမသာဖြစ်မှုတွေကို ခံစားရနိုင်ပါတယ်။Morning sick ကိုယ်ဝန်ဆောင်ချိန်မနက်ခင်းပျို့အန်ခြင်း
၊အော့အန်ခြင်းတွေလိုမျိုး မအီမသာဖြစ်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် အော့အန်တာဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်ကိုရေနွေးထဲထည့်ပြီးသောက်သုံးပေးမယ်ဆိုရင်ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့မအီမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။
ဝမ်းလျှောတာကိုသက်သာစေခြင်း
ပျဉ်းတော်သိမ်က ဝမ်းလျှောတာကို သက်သာစေတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ ဝမ်းလျှောတာကို သက်သာစေနိုင်တဲ့carbazole alkaloids ပါဝင်ပါတယ်။
အစာကြေစေခြင်း
အစာမကြေတာကြောင့် မအီမသာဖြစ်တာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ပျဉ်းတော်သိမ်ရွက်ကို သံပုရာရည်၊ သကြားတို့နဲ့ဖျော်စပ်ပြီးသောက်သုံးမယ်ဆိုရင် အစာမကြေတာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။
အမြင်အာရုံကောင်းမွန်စေခြင်း
နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက်ကိုထည့်သွင်းစားသုံးမယ်ဆိုရင် အမြင်အာရုံကိုကောင်းမွန်စေမှာဖြစ်ပါတယ်။ မျက်စိရေတိမ်မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။
ဆံသားကျန်းမာစေခြင်း
ပျဉ်းတော်သိမ်ရွက်က ဆံပင်ကိုနက်မှောင်သန်စွမ်းစေပြီး ဆံသားကို ကျန်းမာသန်စွမ်းစေပါတယ်။ အုန်းဆီနဲ့ရောပြီးလူးပေးနိုင်ပါတယ်။ ပျဉ်းတော်သိမ်က အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
ကိုလက်စထရောကျဆင်းစေခြင်း
ခန္ဓါကိုယ်အတွက် အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ထိန်းချုပ်ဖို့အခက်တွေ့နပါသလား။ ပျဉ်းတော်သိမ်းရွက်စားသုံးပေးခြင်းက ကိုယ်တွင်းက မလိုအပ်တဲ့ ကိုလက်စထရောတွေကို ထိန်းချုပ်ပေးပြီး အဆီပို ကင်းတဲ့ ခန္ဓါကိုယ်ကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။
ဘေးထွက်ဆိုးကျိုးတွေကို ထိန်းချုပ်ပေးနိုင်ခြင်း
ပျဉ်းတော်သိမ်းရွက်က (chemotherapy) ဓါတုကုထုံးနဲ့၊ (radiation therapy) တို့ကြောင့်ဖြစ်ပေါ်ခံစားရတဲ့ ဆိုးကျိုးတွေကို လျော့နည်းအောင်အထောက်အကူပြုပါတယ်။
ဆီးချို (diabetes) ကိုထိန်းညှိပေးခြင်း
ပျဉ်းတော်သိမ်ရွက်က ဆီးချိုဝေဒနာသည်တွေအတွက်အထူးသင့်တော်တဲ့ဆေးဖက်ဝင်အရွက်တစ်မျိုးဖြစ်ပါတယ်။ ဆီးချိုသမားတွေစားသုံးပေးဖို့သင့်တော်ပါတယ်။သွေးတွင်းအချိုဓါတ်ကို ထိန်းညှိပေးပါတယ်။ မနက်စာစားတဲ့အခါ ပျဉ်းတော်သိမ်းရွက်အမှုန့်ကို ထည့်သွင်းစားသုံးပေးတာကကောင်းမွန်တဲ့ရလဒ်ဖြစ်စေမှာပါ။
အစာအိမ်အူလမ်းကြောင်းတွေကို ကာကွယ်ပေးခြင်း
ပျဉ်းတော်သိမ်ရွက်မှာ ဓါတိုးဆန့်ကျင်ပစ္စည်းတွေနဲ့alkaloidတွေပါဝင်နေပါတယ်။ အစာအိမ်အူလမ်းကြောင်းတွေကိုကောင်းမွန်စေပြီး အစာချေစနစ်ကိုတိုးတက်ကောင်းမွန်စေပါတယ်။
ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေမကူးစက်အောင်ကာကွယ်ပေးနိုင်ခြင်း
ပျဉ်းတော်သိမ်ရွက်မှာ ဘက်တီးရီးယားတွေနဲ့မှိုပိုးတွေကိုသေစေနိုင်တဲ့ ထိရောက်တဲ့အာနိသင်ရှိပါတယ်။ ပျဉ်းတော်သိမ်ရွက်အဆီကို ပဋိဇီဝဆေးတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။
အသည်းကို ကျန်းမာစေခြင်း
အသည်းက အစာချေစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာကြောင့် အသည်းကျန်းမာဖို့ကအရေးကြီးပါတယ်။ အသည်းကိုfree radicalတွေကြောင့်ထိခိုက်ပျက်စီးမှုတွေနဲ့ ကူးစက်ရောဂါပိုးတွေကြောင့်ထိခိုက်ပျက်စီးမှုတွေကနေ ကာကွယ်ဖို့ကလည်း အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပါ။ ပျဉ်းတော်သိမ်မှာannins နဲ့carbazole alkaloidတွေပါဝင်နေတာကြောင့် အသည်းမပျက်စီးအောင်ကာကွယ်ပေးပါတယ်။ အသည်းရောင်အသားဝါရောဂါ၊ အသည်းရွတ်နာတို့လိုမျိုး အသည်းရောဂါတွေမဖြစ်အောင်လည်းကာကွယ်ရာမှာလည်း အထောက်အကူပြုပါတယ်။
အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း
ပျဉ်းတော်သိမ်ရွက်က အရေပြားထိန်းသိမ်းရာမှာလည်း အထောက်အကူပြုပါတယ်။ ပျဉ်းတော်သိမ်း အရွက်ကိုကြိတ်ထားတဲ့အနှစ်ကို အပူလောင်နာ၊ပြတ်ရှဒဏ်ရာ၊ အရေပြားပေါ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အင်းဆက်ပိုးမွှားတွေကိုက်တဲ့ ဒဏ်ရာတွေပေါ်မှာ အသုံးပြုပေးမယ်ဆိုရင် အနာကျက်မြန်မြန်ကျက်စေမှာဖြစ်သလို အနာကိုပိုးမဝင်အောင်လည်းအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
အထက်ပါအချက်လေးတွေကိုဖတ်ရှုပြီး ပျဉ်တော်သိမ်ကို လိုအပ်သလို အသုံးပြုနိုင်ပါတယ်။
Hello ဆရာဝန် မှကူးယူဖော်ပြသည်။
ယောင်္ကျားများအားအင်အတွက်သဘာဝဆေးနည်း
Written By Live100 on Wednesday, December 16, 2015 | 7:48 PM
Unicode
အိမ်ထောင်မှုသုခပြည့်စုံဝစေနိုင်ရန်အတွက် ယောင်္ကျားအားဆေးနှင့်ပတ်သက်၍ သဘာဝဆေးနည်းကို
သိချင်သူများ အလွန်များပြားနေတာကို တွေ့ရပါတယ်။ ကျန်းမာရေးသတင်းများ၏
Message သို့လည်း မကြာခဏ ဆေးနည်းမျှဝေပေးရန် တောင်းဆိုလာကြတယ်။
သဘာဝဆေးနည်းကို ခပ်စောစောကတည်းက တွေ့ရှိထားပေမယ့် ကောင်းကျိုးဆိုးကျိုးတို့ကို
စုံသထက်စုံအောင် လေ့လာနေရသည့်အတွက် ချက်ချင်း မတင်ပေးနိုင်ခဲ့ပဲ အနည်းငယ်ကြာသွားပါတယ်။
ယောင်္ကျားအားအတွက် သဘာဝဆေးနည်းကို ဖော်စပ်ရန် လိုအပ်ချက်များမှာ-
၁။ ခွေးလှေးယားသီးနက်၏ အစေ့ ၃၀ စေ့
၂။ နွားနို့ ၂၅ ကျပ်သား
၃။ ထောပတ်အနည်းငယ်
၄။ သဘာ၀ ပျားရည်စစ်စစ် ၂၅ ကျပ်သား
၅။ သကြား၂၀ ကျပ်သား
(ပုံနှင့်တကွလည်း ဖော်ပြပေးထားပါသည်)
ဆေးဖော်စပ်နည်း
ခွေးလှေးယားသီးကို နွားနို့ထဲ ထည့်၍ ပြုတ်လိုက်ပါ။ ပွတက်လာသော ခွေးလှေးယားသီး၏ အဆံများကို ထောပတ်ဖြင့် နှယ်ပြီး လှော်လိုက်ပါ။
ပြီးလျှင် ၎င်းအဆံများကို ပျားရည်၊ သကြားတို့နှင့် ပုလင်းတစ်လုံးထဲတွင် အဖုံးလုံအောင်ပိတ်၍ စိမ်ထား(နှပ်ထား)လိုက်ပါ။
တစ်ပတ်ခန့် စိမ်ထားပြီးလျှင် ၎င်းဆေးကို လက်ဖက်စားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း နေ့စဉ်သုံးဆောင်နိုင်ပါသည်။
*******************
ယောင်္ကျားအသက်
အပြင်ဘက်၊
ဆိုချက်စကား.
အလေးထားကာ၊
လူကားမသေ၊
ပန်းမသေရ၊
အာဂယောင်္ကျား၊
ဟစ်ကြုံးဝါးလျှက်၊
ယောင်္ကျားမှန်လျှင်၊
အားသန်စေရမည်။
*********************
ကျန်းမာရေးရှုထောင့်အမြင်ဖြင့် စေတနာထားကာ မျှဝေပေးခြင်း ဖြစ်ပါသည်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးနည်းများ၊ နေဇင်ဟိန်း၊ ထွန်းတောက်ကြယ်
ကျန်းမာရေးသတင်းများ
Zawgyi
၂။ နွားနို့ ၂၅ ကျပ်သား
၃။ ထောပတ်အနည်းငယ်
၅။ သကြား၂၀ ကျပ်သား
ဆေးဖော်စပ်နည်း
ပြီးလျှင် ၄င်းအဆံများကို ပျားရည်၊ သကြားတို့နှင့် ပုလင်းတစ်လုံးထဲတွင် အဖုံးလုံအောင်ပိတ်၍ စိမ်ထား(နှပ်ထား)လိုက်ပါ။
တစ်ပတ်ခန့် စိမ်ထားပြီးလျှင် ၄င်းဆေးကို လက်ဖက်စားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း နေ့စဉ်သုံးဆောင်နိုင်ပါသည်။
*******************
ယောင်္ကျားအသက်
အပြင်ဘက်၊
ဆိုချက်စကား.
အလေးထားကာ၊
လူကားမသေ၊
ပန်းမသေရ၊
အာဂယောင်္ကျား၊
ဟစ်ကြုံးဝါးလျှက်၊
ယောင်္ကျားမှန်လျှင်၊
အားသန်စေရမည်။
*********************
ကျန်းမာရေးသတင်းများ
တစ်ပတ်အတွင်းဒိုင်ယာရီ
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger