Latest Post

ဘီပိုး ၊ စီပိုးကြောင့်သာမက ငှက်ဖျားကြောင့်ပါ အသည်းကြီးရောဂါဖြစ်နိုင်

Written By လွင့်မောင်မောင် on Saturday, October 19, 2013 | 8:47 PM



အ သည်းကြီးရောဂါသည် ဘီပိုး၊ စီပိုး နာတာရှည်ရောဂါကြောင့်သာ မက ငှက်ဖျားကြောင့်ပါ ဖြစ်ပွား နိုင်သည်ဟု ရန်ကုန်အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံမှ တွဲဖက် ပါမောက္ခ ဒေါက်တာဇော်သန်း ထွန်း က ပြောသည်။

ငှက်ဖျားရောဂါကြောင့် ဘေ လုံးကြီးလာပြီး အသည်းပါကြီး လာနိုင်ကြောင်း သိရသည်။''အသည်းရောဂါဖြစ်ရတဲ့ အကြောင်းရင်းက အများကြီးပဲ။ အရက်ကြောင့်၊ အသည်းရောင် အသားဝါဘီပိုးနဲ့ စီပိုးကြောင့်ပေါ့။ လူတော်တော်များများ မသိကြ တာက ငှက်ဖျားဖြစ်တာကြာလာ လို့ ဘေလုံးကြီးလာပြီး အသည်း ကြီးလာတာကိုပဲ။ ဒါတွေက ဆရာ တို့ တိုင်းပြည်မှာ တော်တော်များများတွေ့ရတယ်''ဟု ဒေါက်တာ ဇော်သန်းထွန်းက ထပ်မံပြောသည်။

ယင်းသို့ အသည်းရောဂါ ဝေဒနာခံစားနေရသောလူနာ အများစုတွင် အမျိုးသမီးများထက် အမျိုးသားများက ပိုမိုများပြား လျက်ရှိကြောင်း၊ တချို့သော နာ တာရှည်ရောဂါများကြောင့် အ သည်းကြီးနိုင်သည့်အပြင် အသည်း ထဲရှိ သံဓာတ်များခြင်း၊ ရေ ကော် ပါးဓာတ်များကြောင့်လည်း ဖြစ် နိုင်ခြေရှိကြောင်း၊ တချို့သောကင် ဆာရောဂါဆဲလ်များ အသည်း တွင်ပျံ့နှံ့နိုင်သည့်အခါတွင်လည်း အသည်းကြီးခြင်းများဖြစ်နိုင်သည် ဟု ယင်းကဆက်လက်ပြောသည်။

''အစာအိမ်ကင်ဆာ၊ အူမ ကြီးကင်ဆာဆဲလ်တွေ အသည်း ကို ပျံ့နှံ့လာ တာကြောင့်လဲအသည်းကြီးနိုင်တယ်။ဒီထက်ပိုပြီး ဖြစ် နိုင်ခြေက သွေးရော ဂါဖြစ်တဲ့ နီးဖိုးမားပြွန်ရှည်ကျိတ်ကြောင့် လည်း အသည်းကြီးတာတို့ ဖြစ် တတ်တယ်။ ဒါတွေကတော့ ရှား ပါတယ်။ အသည်းကြီးတယ်ဆိုပြီး လူနာတော်တော် ကြောက်ကြ တဲ့ရောဂါပေါ့''ဟုဆိုသည်။

အဆိုပါရောဂါကို ကာကွယ် သည့်အနေဖြင့် အရက်သောက် စားမှုကိုရှောင်ကြဉ်သင့်ကာ ဆေး ထိုးအပ်ကိုသုံးလျှင် တစ်ခါသုံးအပ် ကို သုံးစွဲသင့်ကြောင်း၊ ဘီပိုးကာ ကွယ်ဆေးကို ထိုးထားသင့်ကြောင်း နှင့် အသည်းကြီးရောဂါဝေဒနာ ရှင်များမှာ အသက်အားဖြင့် ၃၀ နှင့် ၅၀ အထက်ဝန်းကျင်များတွင် ပိုမိုအတွေ့များတတ်ကြောင်း သိ ရသည်။

ဇင်မျိုးထက် - Yangon Media Group

ဝ လိုသူ ပိန်ချင်သူ ဗိုက်ခေါက်ထူ ဗိုက်ပူများ အတွက် ...... ( ကျားမ မရွေး သုံးဆောင်ပေး )

Written By လွင့်မောင်မောင် on Wednesday, October 16, 2013 | 8:39 PM

 
ပိန်နေသူများ ၀စေသည် ..

ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ
ဝမ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။

အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊

ဝနေသူကို ပိန်စေသည် .....

ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း ..
ရောက်လေရာတွင် သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက် ........

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

( ဖေါ်စပ်နည်း )

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ...

အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

( အသုံးပြုနည်း )

ညအိပ်ယာဝင်ခါနီးတိုင်း......

ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်...

တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်ခင်ဗျာ

Mg Mandalay
သဘာဝရဲ့အားအင်

ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲနေကြတဲ့ "KROKODIL"


အောက်တိုဘာ ၁၅ ရက် ၂၀၁၃

ကမ္ဘာ့ကြောက်မက်ဖွယ် အကောင်းဆုံး မူးယစ်ဆေးပါ။ flesh-eating drug လို့တောင် တင်စား ခေါ်နေကြပြီး တားဆီးဖို့ အသည်းအသန် ကြိုးစား နေကြပါတယ်။ ဘိန်းဖြူဆိုတဲ့ မူးယစ်ဆေးဟာ အရင်လို လွယ်လွယ် ရောင်းဝယ်လို့ မရတာကြောင့် တခြားဆေးဝါး တွေကို အစားထိုး အသုံးချ လာပါတယ်။ 


အခု အခါလည်း US မှာတဖြည်းဖြည်း သုံးစွဲမှု ကြီးမားလာပြီး အန္တရာယ် အဆင့်ရှိတဲ့ ဆေးတစ်မျိုး အကြောင်းကို ဖော်ပြသွား မှာပါ။ အရင်က မူးယစ်ဆေး ဆိုတာ ဘိန်းဖြူ တစ်မျိုး တည်းလို့ သိကြတာပါ။ ဆေးပြား တွေလို ပုံစံမျိုး နဲ့ကော၊ အမှုန့်နဲ့ကော သုံးစွဲကြ သလို ဆေးလိပ်လို ဟာ မျိုး မှာလည်း ထည့်လိပ် ပြီးတော့ ရှုကြတာတွေ ရှိပါတယ်။ တချို့ကတော့ ဆေးထိုးအပ်နဲ့ ကိုယ်ထဲ ထိုးသွင်း ကြပါတယ်။ တရား ဥပဒေနဲ့ ငြိစွန်းပြီး နိုင်ငံတကာက အစွမ်းကုန် တိုက်ဖျက်လာ တာကြောင့် ပေါ်ပေါ်တင်တင် ထုတ်လုပ် ရောင်းဝယ်ဖို့ ခက်လာ ပါတယ်။ 

ဒီလိုနဲ့ ဘိန်းဖြူ လိုမျိုးလည်း ဇယားမရှုပ်၊ တရားဝင်လည်း ၀ယ်လို့ရတဲ့၊ အာနိသင်လည်း တူတူနီးပါး ရတဲ့ဟာမျိုး တွေကို အစားထိုး လာကြ ပါတယ်။ ဥပမာ ဆိုရရင် ကော်ရှုကြ တာမျိုးပါ။ နောက်တစ်မျိုး ကတော့ လူကို မူးစေတဲ့ အာနိသင် ရှိတဲ့ တရားဝင်ဆေး တွေပါ။ ဆေးဆိုင်လို ဟာမျိုး မှာတောင် ၀ယ်လို့ရလို့ အန္တရာယ် ကြီးပါတယ်။ အကျဉ်းချုပ် ရရင် လူတွေဟာ မူးယစ်ဆေးကို နည်းလမ်း အမျိုးမျိုးနဲ့ သုံးစွဲကြတယ် ဆိုတာပါပဲ။ ယခုအခါ မှာလည်း ကိုယ်ထဲကို ဆေးထိုးအပ်နဲ့ ထိုးသွင်းပြီး သုံးစွဲတဲ့ "Krokodil" ဆိုတဲ့ မူးယစ်ဆေး တစ်မျိုး ပေါ်လာ ပါတယ်။ မူရင်း ထင် ရှားတဲ့ Russia ကလာတဲ့ ဒီမူးယစ်ဆေးဟာ ရုရှားလို မိကျောင်းလို့ အဓိပ္ပါယ် ရပါတယ်။ 

US က Chicago ဆင်ဖြေဖုံး ရပ်ကွက် တွေမှာ ၈ဒေါ် လာ လောက်နဲ့ ၀ယ်လို့ရပြီး ၂၅ ကနေ ၃၀ဒေါ်လာ အထိ ပေးရတဲ့ ဘိန်းဖြူနဲ့ စာရင် အများကြီး ဈေးသက်သာ တာကြောင့် လူကြိုက်များ ပါတယ်။ ချောင်းဆိုး ပျောက်ဆေး Codeine ဆေးပြား၊ Iodine နဲ့တခြားသော ပေါပေါရတဲ့ အရည် တချို့ကနေ လွယ်လွယ် ပြုလုပ်ထား တဲ့ဒီ Krokodil ဆေးဟာ Morphine လိုမျိုး အစွမ်း ရှိပါတယ်။ ဒါပေမယ့် ဘယ်မူးယစ်ဆေး မဆို ကောင်းကျိုး မပေးပါဘူး။

 အဲဒီဆေးဟာ အ သားတွေကို ပုပ်ပြဲစေ သလို အသား တွေကို အစိမ်းရောင် သဲ့သဲ့ တဖြည်းဖြည်း ပြောင်းစေ ပါတယ်။ အဆိုးဆုံး ကတော့ အသားတွေ ပုပ်ပြဲလာ တာကြောင့် အရေပြား အောက်က အရိုးတွေ၊ ကြွက်သားတွေ အတိုင်းသား မြင်ရပြီး ပြင်ပရောဂါ တွေပါ
 ကူးစက်လာ တာပါပဲ။

 flesh-eating drug လို့တင်စား ခေါ်ဝေါ် နေကြပါတယ် အခုဆိုရင် Krokodile ပျော်စံရာ Chicago ကဆရာဝန် တွေဟာ ဆေးရဲ့ ဘေးဥပါဒ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကို အသည်းအသန် ကုသနေ ရတဲ့ ဘ၀ ရောက်နေ ပါတယ်။ ကံဆိုးလို့ သွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပါပဲ။ Arizona နဲ့ Utah ပြည်နယ် တွေကိုလဲ အဲဒီဆေးတွေ ပျံ့နှံ့ နေပါပြီ။ မီဒီယာ တွေရော၊ အစိုးရ ကပါ သတိပြု မိလာ တာကြောင့် မကြာခင်မှာ ထိရောက်တဲ့ စစ်ဆင်ရေး တွေနဲ့ ဖြေရှင်း သွားဖို့ ကိုတော့ မျှော်လင့် ရပါဦးမယ်။ 

ဘိန်းဖြူမှ မဟုတ်ပါဘူး။ မူးယစ် စေတဲ့ ဆေးမှန်သမျှ အားလုံး ဝေးဝေးက ရှောင်သင့် ပါတယ်။
 ရှောင်ကြဉ်ရုံ တင်မကပဲ သူတစ်ပါးတွေ ရောင်းဝယ်တာ၊ သုံးစွဲတာတွေ တွေ့ရှိမိရင် သက်ဆိုင်ရာကို အမြန် သတိပေး သင့်ပါတယ်။ ဒါမှ ကျွန်တော်တို့ ကမ္ဘာကြီးဟာ မူးယစ်ဆေး ကင်းစင်တဲ့ သာယာတဲ့ လောကကြီး တစ်ခု ဖြစ်လာ မှာပါလို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ရ ပါတယ် ခင်ဗျာ။

အလင်းရှင်(မြန်မာပြည်သား ဖေ့ဘုတ်စာမျက်နှာ)

အသည်းအဆီဖုံးရောဂါ

မြန်မာနိုင်ငံဟာ အသည်းအဆီဖုံးရောဂါ အဖြစ်များတဲ့ နိုင်ငံတွေထဲမှာ ပါရှိနေပြီး၊ ဒီရောဂါကြောင့် တခြားအန္တရာယ်ကြီးတဲ့ အသည်းရောင်၊ အသည်းကင်ဆာနဲ့ အသည်းခြောက်တာတွေ ဆက်ဖြစ်နိုင်တာကို မကြာခင်နှစ်တွေထဲမှာ တွေ့ရှိထားတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုနေကြပါတယ်။

အသည်းအဆီဖုံးရောဂါကို ထိရောက်အောင် ကာကွယ်နိုင်ရန် အဆီလျှော့စားဖို့၊ အရည်အသွေး မကောင်းတဲ့ အုန်းဆီပါတာတွေကို သတိထားစစ်ဆေးဖို့နဲ့၊ ပြန်ကြော်ဆီတွေ မစားသုံးဖို့ နဲ့ အစိုးရ၊ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ ပြည်သူလူထု အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီုးပါတယ်။

အသည်းအဆီဖုံးရောဂါ ဖြစ်လာခဲ့ရင် အများစုမှာ ရောဂါလက္ခဏာ သိသိသာသာ ပြလေ့မရှိဘဲ နောက်ဆက်တွဲ အသည်းရောဂါကြီးတွေဖြစ်မှ သိရလေ့ရှိတာမို့၊ ကိုယ်အလေးချိန် ပုံမှန်ထက် များနေသူတွေမှာ အသည်းအဆီဖုံးတာရှိမရှိ ကြိုတင်သိရှိနိုင်ဖို့ ဆေးစစ်သင့်ပါတယ်။ အသည်းအဆီဖုံးရောဂါရှိခဲ့လျှင်လည်း ကုသရာမှာ ဆေးတွေထက်စာရင် အဆီလျှော့စားတာနဲ့ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာအပါအဝင် အဆီလျှော့ချနိုင်ဖို့ စားပုံနေပုံပြောင်းတာက ပိုထိရောက်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းဖို့ အသည်းအထူးကု အငြိမ်းစား ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း နဲ့ ကိုဝင်းမင်း ဆွေးနွေးတင်ပြထားပါတယ်။

နားဆင်ရန်
http://burmese.voanews.com/audio/audio/335647.html

( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
 

သွားဖုံးသွေးယို၊ နှာခေါင်း သွေးလျှံခြင်းများ ဖြစ်ခဲ့လျှင် လုပ်ဆောင်ရမည့် အချက်များ

သွားဖုံးသွေးယိုခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းဟာ ယေဘုယျအားဖြင့် တူသယောင် ရှိပေမဲ့ တစ်ခုနဲ့တစ်ခု အကြောင်း သက်ဆိုင်မှု ရှိပါတယ်။

ထိခိုက်ဒဏ်ရာရလျှင် နှစ်ခုလုံး ယှဉ်ပြီး တွေ့နိုင်တယ်။ တချို့က သွားတိုက်တာ ကြမ်းလို့ သွေးယိုတယ်။ တချို့က သွားရောဂါကြောင့် သွေးယိုတယ်။

နှာခေါင်း သွေးလျှံတာ ကလေးတွေမှာ ပိုဖြစ်တတ်တယ်။ နေပူထဲ မျောက်ရှုံးအောင် ဆော့တော့ အတွင်း အပူချိန်တက်ပြီး၊ အပူရှပ်တဲ့ လက္ခဏာ အဖြစ် နှာခေါင်း သွေးလျှံတာ တွေ့ရတယ်။

ပုံမှန်အားဖြင့် သွားဖုံး သွေးယိုခြင်းကို ခြောက်လမှာ တစ်ကြိမ်လောက် သွားဆရာဝန်နဲ့ စစ်ဆေးသင့်တယ်။ သွားခြေမှာ ကျောက်ဖြစ်ခြင်းနဲ့ သွားဖုံးရောင်ခြင်းကြောင့် ဖြစ်နိုင်တယ်။ သွားဖုံးများကြားမှာ သွားချိုးငြိတွယ် နေပါက သွားဖုံးရောင်ခြင်းဖြစ်ပြီး သွား ကျွတ်ထွက်သွားနိုင်တယ်။ ကလေးငယ်များ သွားလဲချိန်မှာ အရေး မကြီးပေမဲ့ လူကြီးသွားဘဝ ရောက်လာရင် ဗက်တီးရီးယားကြောင့်၊ သွားပိုးကြောင့် သွားဖုံးရောင်ပြီး သွားယိုင်နဲ့ လာကာ သွားခိုင်မာမှု လျော့စေတယ်။ တချို့ကတော့ နှပ်ညှစ်ရင် နှာခေါင်းသွေး ယိုနိုင်သလို၊ သွားဖုံးသွေး ယိုတတ်တယ်။

နာတာရှည် သွားဖုံးရောဂါဟာ ဗက်တီးရီးယားကြောင့် ဖြစ်ပြီး အချို ကြိုက်တတ်တယ်။ ကာဗိုဟိုက်ဒရိတ်ကို မွမ်းမံပြင်ဆင်ထားတဲ့ ဘီစကွတ်၊ ကိတ်မုန့်၊ မုန့်အချိုတွေကို အလွန်အမင်း မစားသင့်ပါဘူး။ အစားအစာနဲ့ သောက်ရေမှာ ဖလူရွိုက် မပါရင်လည်း မဖြစ်သလို များလို့လည်း မဖြစ်ဘူး။ အပင်ရဲ့ ဓာတ်မြေသြဇာက ဘေးထွက်ပစ္စည်း အနေနဲ့ သဘာဝမြေသြဇာ ထွက်ရှိတာမှာ ဖလူရွိုက်ပါတယ်။ ဖလူရွိုက်ဟာ သွားများ အပေါက်ဖြစ်ခြင်းကို လျော့စေတယ်။ သောက်သုံးရေထဲပါရင် အဆိပ်အတောက် ဖြစ်နိုင်တယ်။ ဒါကြောင့် သွားပေါက်ခါစ ကလေးငယ်တွေ သွားတိုက်ရင် စနစ်တကျ တိုက်သင့်တယ်။ လက်လွတ်စပယ် လူကြီး သွားတိုက်တံနဲ့ အတင်းထိုးနှံခြင်း၊ တိုက်ခြင်း မလုပ်ရ။ နေ့စဉ် သန့်စင်တဲ့ ရေခြောက်ခွက်သောက်ပါ။ နွယ်ချိုဝါးရင် သွားနဲ့သွားဖုံး သန့်ရှင်း စင်ကြယ်စေပြီး ခံတွင်းမှာ မလိုလားတဲ့ ဗက်တီးရီးယားများ ပေါက်ပွား စေခြင်းကို ဟန့်တားပေးတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
၊ ဆန်လုံးညို၊ အသီးအနှံများမှာ ပန်းသီး၊ ကတွတ်သီး၊ သဖန်းသီးနဲ့ ချယ်ရီသီးကဲ့သို့ အသီးအနှံမှာ ဗီတာမင်စီ ကြွယ်ဝတယ်။ ယင်းတို့ဟာ ကျန်းမာတဲ့ သွားဖုံးနဲ့ သွားများ ဖြစ်စေရန် အထောက်အပံ့ ဖြစ်စေတယ်။ ဗီတာမင်စီဟာ သွေးခဲ ဓာတ်ပစ္စည်း ၁၂ မျိုး ထွက်ရှိလာဖို့ လှုံ့ဆော်နိုင်တာမို့ နှာခေါင်းသွေးလျှံ ရောဂါမှာလည်း အဓိက သောက်သုံးသင့်တဲ့ အာဟာရ ဖြစ်ပါတယ်။

ဆောင်သင့်တဲ့ အရာများမှာ ထမင်းစားပြီးတိုင်း အသီးအနှံ တစ်မျိုး စားပေးပါ။ ပန်းသီး အကောင်းဆုံး ဖြစ်တယ်။ အသီးအနှံစားခြင်းဖြင့် တံတွေးထုတ်မှု များလာပြီး အယ်လကာလိုင်း ဖြစ်လို့ ဗက်တီးရီးယား များကြောင့်ဖြစ်တဲ့ အက်စစ်ဓာတ်ကို ချေဖျက်ပေးတယ်။ အက်စစ်ဓာတ်ဟာ သွားပိုးစားခြင်းကို ဖြစ်စေတယ်။ ဆိုဒီယမ်လာနိုင်းဆာဖိုက် ပါရှိတဲ့ သွားတိုက်ဆေးဟာ ပါးစောင် အမြှေးကို ပါးလွှာစေပြီး သွားဖုံးတစ်သျှူးများ ထိခိုက်မှု ဖြစ်စေတယ်။ ကယ်လ်ဆီယမ်အောက်ဆိုဒ် ဆေးလုံးကို သွားတိုက်ဆေးပေါ် ညှစ်ချ သွားဖုံးကို တိုက်စေခြင်းဖြင့် သွားဖုံး ခိုင်မာစေတယ်။ ဗီတာမင်စီပါတဲ့ ဆေးဝါးတချို့မှာ သကြားအုပ်ထားပါက ဝါးစားတဲ့ အခါ ကြွေလွှာထိခိုက်စေပြီး သွားဖုံးကျန်းမာရေးကို အဟန့်အတား ဖြစ်စေတယ်။ အရည်အသွေး ကောင်းမွန်တဲ့ အီလက်ထရွန်နစ် သွားပွတ်တံ သုံးပါ။ နေ့စဉ် ခံတွင်းကျန်းမာရေး အတွက် သွားကြားညှပ် ကြိုးနဲ့ သဘာဝ လက်ဖက်စိမ်း ခံတွင်းသန့်ဆေးရည် အသုံးပြုပေးရမယ်။ နေ့စဉ် လက်ဖက်စိမ်း အဆီနဲ့ လေးညှင်းဆီ တစ်စက်စီကို ရေနွေးနွေးမှာထည့်ပြီး အာလုတ်ကျင်းသင့်တယ်။ အချို့ ခံတွင်းသန့်ရှင်း ဆေးရည်များ သုံးနိုင်တယ်။ ရှားစောင်းလက်ပပ်ပါတဲ့ သဘာဝ သွားတိုက်ဆေး၊ တမာသွားတိုက်ဆေးများ သုံးနိုင်တယ်။ သွားဆရာဝန်နဲ့ ပြပါ။ နှာခေါင်းသွေးလျှံသူများ နှာခေါင်းမညှစ်ရ။ နား နှာခေါင်း လည်ချောင်း အထူးကုနဲ့ ပြသင့်ပါက ပြရမယ်။ ။

ဒေါက်တာ လွင်သန့် (ဆေး-၂)

မြ၀တီ

မြင်းခွာရွက်အစွမ်း

Written By လွင့်မောင်မောင် on Monday, October 14, 2013 | 11:59 PM

မြင်းခွာရွက်ဟာ စားစရာ လဲဟုတ်၊ ဆေးလဲ ဟုတ်တယ် ဆိုတာ မြန်မာတွေ သာမကာ တခြား လူမျိုးတွေ ကပါ မှတ်ယူ ကြတယ်။ Sanskrit သင်္သက ရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။
မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။

1.အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။

2.အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။

3.ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။

4.အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။

5.အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။

6.အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ဝမ်းသက်၍ သလိပ်ကိုလည်း ပျောက်၏။

7.အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။

8.အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။

9.ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်-ကိုက်ခဲခြင်း၊ ဆီး၌ သွေးပါခြင်းတို့ ပျောက်၏။

10.အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။ အရွက်စိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်း စေ၏။

အရှေ့တိုင်း ဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်တပိုင်း ပြောနိုင်တာက ရောဂါပိုးတွေကို နိုင်တယ်၊ အနာကိုနိုင်တယ်၊ သွေး-အာရုံကြော ကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။

ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ် အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ဝက်ရူးပြန်၊ Nervous debility အာရုံကြော မကောင်းတာ၊ Dyspepsia အစာမကျေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ဝမ်းကိုက်၊ Eczema နှင်းခူနာ၊ ရောဂါတွေ အတွက် ပေးပါသတဲ့။

သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေ ပါတယ်လို့ အကြံပြု ချင်ပါတယ်။

Good Health


လေ့ကျင့်ခန်း လုပ်ဖြစ်အောင် ဘယ်လိုအချိန်ဇယားဆွဲမလဲ

ဓာတ်ပုံ- သစ်ထူးလွင်

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာဟာ ကိုယ်အလေးချိန်ကျစေတဲ့ အာနိသင်တစ်ခုတည်း ပေးနိုင်တာမဟုတ်ပါဘူး။ သွေးပေါင်ပုံ မှန်ထိန်းထားနိုင်ခြင်း၊ အဆစ်ရောင် ရောဂါသက်သာခြင်း၊ နာကျင်မှုခံနိုင်ရည်အားတိုးတက်ခြင်း၊ သက်လုံ ကောင်းစေခြင်း စသည့်အကျိုးများ ဖြစ်ထွန်းစေပါတယ်။

မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါ
မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်တာဟာ အောင်မြင်မှုပိုရစေပါတယ်။ လမ်းပေါ်မှာ အနှောင့်အယှက်ကင်းတာ၊ အလုပ်ကိစ္စတွေ မရှုပ်သေးတဲ့ အချိန်မှာ လေ့ကျင့်ခန်းလုပ်တာဟာ ပိုထိရောက်ပါတယ်။

မှတ်တမ်းတင်ပါ
အမှုမဲ့အမှတ်မဲ့နေတဲ့အခါ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ဖြစ်တယ်၊ မလုပ်ဖြစ်လည်း တစ်ရက်နှစ်ရက်ပေါ့လို့ ထင်ရပေမယ့် သေချာမှတ်တမ်း တင်ထားမယ်ဆိုလျှင် မလုပ်ဖြစ်တဲ့ ရက်တွေ အတော်များတာ တွေ့ရပါလိမ့်မယ်။

နှစ်သက်ရာလေ့ကျင့်ခန်းလုပ်ပါ
မနှစ်သက်တဲ့ လေ့ကျင့်ခန်း၊ ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေလုပ်ရလျှင် စိတ်အားထက်သန်မှု ကျဆင်းတတ်ပါတယ်။ ပြေးရတာနှစ်သက်လျှင်ပြေးပါ။ စက်ဘီးစီးတာနှစ်သက်လျှင် စက်ဘီးစီးပါ။
အကူအညီရယူပါ
ငွေကြေးလည်းတတ်နိုင်မည်ဆိုလျှင် လေ့ကျင့်ခန်းဆရာတစ်ယောက် ငှားလိုက်ပါ။ ကိုယ်လေ့ကျင့်ခန်းလုပ်ဖို့ လူတစ်ယောက်လာစောင့်နေရ တာ၊ လေ့ကျင့်ခန်းလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ လခပေးနေရတာတွေကြောင့် အလေးထားပြီး လေ့ကျင့်ခန်းလုပ်ဖြစ်စေပါတယ်။

ဇော်ကို
Source:health-central

Health Updates Journal

အသက်ရှည်စေဖို့ လက်ဖက်စိမ်းရည် တစ်ခွက်သောက်ကြစို့

 
နေ့စဉ် လက်ဖက်စိမ်းရည်တစ်ခွက် ပုံမှန်သောက်သုံးခြင်းဟာ အသက်ရှည်ရှည် နေနိုင်စေမယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ လက်ဖက်စိမ်းရည်ကရတဲ့ ဓာတ်ပေါင်းတွေဟာ ရောဂါများကို ကာကွယ်ပေးနိုင်ပြီး ကယ်လိုရီနည်းပါးတာကြောင့် ပဲဖြစ်ပါတယ်။
ဗြိတိသျှနေ့စဉ်စား အာဟာရဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်အရ လက်ဖက်စိမ်းရည်ဟာ သဘာဝအတိုင်းအရည်ဓာတ်ဖြည့်တဲ့ အာဟာရတစ်မျိုးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းအကြွယ်ဝဆုံး အာဟာရတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။ လက်ဖက်ရည်ရဲ့ ကျန်းမာရေး အကျိုးပြုအာနိသင်ကို အထူးပြုလေ့လာနေတဲ့ Dr.Tim Bond က flavonoids ပါဝင်မှုဟာ လက်ဖက်ရည်ကို နာမကျန်းမှုတွေကနေ ကာကွယ်ပေးစေနိုင်တဲ့ သောက်စရာ ဖြစ်လာစေခဲ့ကြောင်း ပြောကြားထားပါတယ်။
လက်ဖက်ရည်ဆိုရာမှာ လက်ဖက်စိမ်းရည်ဟာ ကိုယ်ခန္ဓာရဲ့ ဇီဝ ဖြစ်ပျက်မှု ဖြစ်စဉ်များကို မြှင့်တင်ပေးနိုင်ပြီး အဆီဓာတ်ကို အူကနေ စုပ်ယူခြင်းကို တားဆီးပေးပါတယ်။ ဒါ့အပြင် ဖလူအိုရိုက် ပါဝင်တဲ့အတွက်လည်း လက်ဖက်စိမ်းရည်သောက်ရင် သွားဖုံးရေစီးကမ်းပြိုလိုက်ခြင်းကို ကာကွယ်ပေးပြီး အရိုးတွေကို သန်မာစေပါတယ်။ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပြီး ဆီးကျိတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာကိုလည်း ဖြစ်ပွားမှုနှုန်းလျော့ကျစေပါတယ်။

သက်ကို
ref;ANI
Health Updates Journal

ကိုယ်ဝန်ဆောင်စဉ်ရှောင်ရမည့် အစားအစာများ

 
(၁) မကျိုချက်ထားသော နွားနို့ဖြင့်ပြုလုပ်သည့် ဒိန်ချဉ်၊ ဒိန်ခဲ
မကျိုချက်ထားသည့် နွားနို့တွင် E.coli နှင့် Listeria ရောဂါပိုးများ ပါဝင်နိုင်သည်။ ကျိုချက်ထားသော နွားနို့နှင့်နို့ထွက်ပစ္စည်းများကိုသာ စားသုံးပါ။
(၂) ဆူရှီ
ဂျပန်အစားအစာ ဆူရှီလိပ်တွင် ပါဝင်သော ငါးအချို့မှာ အစိမ်းသက်သက်ဖြစ်စေ၊ မကျက်တကျက်ဖြစ်စေ ထည့်သွင်းထားသည့်အစာများဖြစ် ကြသည်။ အသားစိမ်း၊ ငါးစိမ်းများတွင် ကိုယ်ဝန်ကိုထိခိုက်စေသည့် ဘက်တီးရီးယားနှင့် ကပ်ပါးပိုးများပါဝင်နိုင်သည်ဖြစ်ရာ ကျက်အောင်ချက်ပြီးမှ စားသင့်သည်။
(၃) ပင်လယ်စာ
ခရု၊ ကမာ၊ ဂုံး၊ ကင်းမွန်တို့တွင် vibrio ရောဂါပိုးပါဝင်တတ်ပြီး ကျက်အောင်မချက်ပါက အကြီးအကျယ် ၀မ်းပျက်စေသည်။
(၄) ပင်လယ်ငါး
ငါးမန်း၊ မက်ကရယ်ငါး၊ ဆာမွန် ငါး၊ ပုစွန်ဆိတ်တို့တွင် မာကျူရီပါဝင်နိုင်သောကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် ပင်လယ်ငါးရှောင်သင့်သည်။
(၅) လက်ညှစ်ဖျော်ရည်
လက်ညှစ်ဖျော်ရည်များသည် လတ်ဆတ်ပြီး ဓါတုပစ္စည်းပါဝင်မှုနည်းပါးသော်လည်း E.coli ပိုး ပါဝင်နိုင်သည့်အတွက် ကိုယ်ဝန်ဆောင် ချိန် သောက်သုံးရန်မသင့်တော်ပေ။

ဇော်ကို
Source:foodsafety.gov
Health Updates Journal

ဗိုက်ခေါက်ထူဗိုက်ပူ သူများအတွက်

Written By လွင့်မောင်မောင် on Sunday, October 13, 2013 | 3:40 AM

 
ဗိုက်ခေါက်ထူဗိုက်ပူပြီး အဆီ များနေသူတွေအတွက်လက်တွေ့(၇ )ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်

ဆေးနည်းကအလွန်လွယ်ပြီးအကုန်အကျလည်းအလွန်သက်သာပါတယ်
အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ ပါဝင်တဲ့ ပစ္စည်းတွေကတော့သံပုရာသီး၊အုံးဆီ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ ရောစပ်ပြီး လိမ်းပေးရမှာပါ။

ဖေါ်စပ်နည်း...
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီးအကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ ထို့နောက်လိမ်းဆေးတစ်မျိုးမျိုး ( ဂဠုန်ရာဇာ,မိဂသီ,ရှမ်းရိုးမ,လင်ဇီး) ကိုတစ်ခါလိမ်းစာအနေတော်ထည့်ပြီး မွှေပေးပါ...

အသုံးပြုနည်း...
ညအိပ်ယာဝင်ခါနီးတိုင်း ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါကခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာဗိုက်ချပ်လာသည်ကို... လက်တွေ့ တွေ့မြင် ခံစားရမှာပါ(ညစာကို ပုံမှန်ထက လျှော့စားပေးရင်ပိုပြီးသိသိသာသာ ဗိုက်ချပ်စေပါတယ်)တစ်ပါတ်အတွင်းသိသိသာသာအဆီနှင့်အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်...


posted by နှင်းဆီဖူးလေးများ-Love BUDS

ဓာတ်မတည့်မှုဖြစ်စေပြီး ပန်းနာရင်ကျပ်ထစေသော အရာများ

 
ချောင်းဆိုးတာ၊အသက်ရှုကျပ်တာနဲ့ချွဲထတာ စတာတွေကိုမကြာခဏခံစား
နေရပါသလား။ဒီဝေဒနာတွေကဓာတ်မတည့်မှုနဲ့ပန်းနာရင်ကျပ်ရောဂါထတာ
ရဲ့အဖြစ်များတဲ့လက္ခဏာတွေဖြစ်ပါတယ်။ဓာတ်မတည့်မှုနဲ့ပန်းနာရင်ကျပ်
ရောဂါလက္ခဏာတွေကိုရှောင်လွဲဖို့အေက်ပါအရာတွေကိုရှောင်ရှားဖို့လိုပါ
တယ်။

ပိုးဟပ်နှင့် အခြားအိမ်ရှိအင်းဆက်များ

အသန့်ရှင်းဆုံးအိမ်တွေမှာတောင်ပိုးဟပ်၊ယင်ကောင်၊မှတ် စတဲ့ အကောင်
တွေရှိတတ်ပါတယ်။ဒီအင်းဆက်ပိုးတွေကထွက်တဲ့ချေးတွေက အသက်ရှူ
လမ်းကြောင်းအပေါ်မကောင်းတဲ့သက်ရောက်မှုဖြစ်စေပြီး ဓာတ်မတည့်မှု
ဖြစ်တတ်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--ကြမ်းခင်းနဲ့ဘုံပိုက်ခေါင်းတွေကိုသန့်ရှင်းစင်ကြယ်
အောင်ထားပြီးအိမ်ထဲကိုအင်းဆက်ပိုးတွေမ၀င်ရောက်အောင်ကာကွယ်ပါ။အံ
ဆွဲ၊ဘီဒိုနဲ့အခြားမည်းမှောင်တဲ့အခန်းထောင့်လိုနေရာမျိုးမှာအင်းဆက်တွေ
ကပ်ညှိနေနိုင်တဲ့အတွက်မကြာခဏသန့်ရှင်းရေးပြုလုပ်ပြီးအင်းစက်ချေးတွေ
ကိုဖုန်စုပ်စက်နဲ့ဖယ်ရှားသန့်စင်ပါ။

ဖုန်မှုန်မွှားများ

မဖိတ်ခေါ်ပဲဝင်လာတဲ့အင်းဆက်ပိုးတွေကသေးငယ်လွန်းတာကြောင့်
အသက်ရှူလမ်းကြောင်းပြသနာကိုဖြစ်စေနိုင်ပါတယ်။ဖုန်မှုန်မွှားတွေကအရေပြား
ဆဲလ်တွေကိုစားပြီးသူတို့ရဲ့မစင်နဲ့ခန္တာကိုယ်အစိတ်ပိုင်းတစ်ချို့ကိုချန်ထား
ခဲ့ပါတယ်။အဲဒီအရာတွေနဲ့ထိတွေ့ရှူရှိက်မိတဲ့အခါဓာတ်မတည့်မှုဖြစ်စေပြီး
ပန်းနာရင်ကျပ်လက္ခဏာတွေဖြစ်ပေါ်လာတတ်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--ခန်းစီး၊လိုက်ကာ၊ကြမ်းခင်း၊အိမ်တွင်းပရိဘောဂ
ပစ္စည်းတွေကိုဖုန်သုတ်ပါ။အိပ်ရာခင်းကိုတစ်ပတ်တစ်ခါလျှော်ပါ။ခေါင်းအုံးနဲ့
မွေ့ရာတွေကိုအမြဲဖုန်းအုပ်ထားပါ။

အချို့အစာများ

မြေပဲနဲ့ပုဇွန်လိုအခွံမာငါးတွေဟာဓာတ်မတည့်မှုကိုဖြစ်စေနိုင်သလိုပန်းနာ
ရင်ကျပ်ရောဂါထစေနိုင်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--သင့်ကိုဓာတ်မတည့်မှုဖြစ်စေတဲ့အစာတွေကိုရေး
မှတ်ထားပြီးရှောင်ပါ။

မှိုပိုးများ

သင့်အိမ်တွင်းမှာစိုထိုင်းတဲ့နေရာဟာသင့်ကိုဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့နေရာပါ။
ရေချိးခန်း၊အ၀တ်လျှော်တဲ့နေရာနဲ့ မြေအောက်ခန်းတို့ဟာဓာတ်မတည့်မှု
ဖြစ်စေပြီးပန်းနာရင်ကျပ်ရောဂါကိုပိုဆိုးစေနိုင်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--နှာခေါင်းစည်းတပ်ပြီးမှိုနဲ့ရေညှိတွေကိုဖယ်ရှားသန့်စင်ပါ။
အိမ်တွင်းစိုစွတ်
တဲ့နေရာတွေကိုခြောက်သွေ့အောင်ထားပါ။

တိရစ္ဆာန်အညစ်အကြေးများ

အိမ်မွေးတိရစ္ဆန်အမွေးအမျှင်တွေက အ၀တ်အစားနဲ့ပရဘောဂတွေမှာကပ်
ငြိပြီးဓာတ်မတည့်မှုကိုဖြစ်စေနိုင်ပါတယ်။အိမ်မွေးတိရစ္ဆာန်အညစ်အကြေး
တွေကအလွန်သေးငယ်ပြီးရှုသွင်းမိတဲ့အခါ အသက်ရှူလမ်းကြောင်းစနစ်ကို
ထိခိုက်စေနိုင်ပါတယ်။
ဘယ်လိုရှောင်ရှားရမလဲ--ခွေး၊ကြောင်စတဲ့အိမ်မွေးတိရစ္ဆာန်တွေမွေးမြူချင်
ရင်သန့်ရှင်းရေးကိုစနစ်တကျလုပ်ဆောင်ပါ။ဒါမှမဟုတ်သူတို့ကိုသီးခြားနေ
ရာထားပေးပါ။

ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
By- Good Health

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ


(၁) မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

(၂) ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။


(၃) ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

(၄) အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။

myawadynews

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger