Latest Post
Showing posts with label အထွေထွေ ဗဟုသုတ. Show all posts
Showing posts with label အထွေထွေ ဗဟုသုတ. Show all posts
အကြောတက် ခြင်းနှင့် ကန်စွန်းရွက်
Written By လွင့်မောင်မောင် on Tuesday, February 3, 2015 | 6:35 PM
မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။
ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာများ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။
ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက်
လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျ ပန်းလိန်ရွက်ကို ရေးနွေးနှင့် ဖျောပါ။ ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည် ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက် ရောဂါ၊ သွေးဝမ်း ကိုက်ရောဂါ၊ အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ် သွေးပုပ် ကျန်သော ရောဂါ၊ မီးယပ် သွေးမမှန်သော ရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြား ရောဂါများ၊ အသံဝင် အသံပျက် ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသရာ၌ အသုံးဝင် စေပါသည်။
ကျန်းမာရေး
မကြာခဏ ကန်စွန်းရွက်ကို စားသုံး ပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင် ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊ ဝမ်းတွင်း ရောဂါကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါ တစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီး ကာကွယ် စေနိုင်ပါသည်။ ထိုကဲ့သို့ အသုံးဝင်သော ကန်စွန်းရွက်နှင့် တိုင်းရင်းဆေး ခေါင်းစဉ်ဖြင့် စာဖတ် ပရိသတ်များ ထံသို့ ရေးသား တင်ပြ လိုက်ရပါသည်။
Health Digest
အင်ဒိုနီးရှားမှ လူသေပြုစုပွဲ
Written By လွင့်မောင်မောင် on Sunday, January 25, 2015 | 10:22 AM
အင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ (Ma' Nene festival) ကျင်းပနေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ (Ma' Nene festival) ကျင်းပနေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။
ယင်းပွဲသည် သေဆုံးသွားပြီဖြစ်သော မိမိဆွေးမျိုးသားချင်းများကို ပြန်လည်တူးဖော်ပြီး အဝတ်အစား သစ်များ ဝတ်ပေးခြင်း၊ အစားအသောက်များ ပူဇော်ပသပေးခြင်းတို့ကို ပြုလုပ်သောပွဲဖြစ်သည်။
ထိုကဲ့သို့  ပွဲကို သုံးနှစ်တစ်ကြိမ်ကျင်းပပြီး အလောင်းပြန်တူးဖော်ခွင့်ရရှိကြသည်။ အလောင်းပြန်တူးဖော်ခွင့် ရသော မိသားစုများမှ ၎င်းတို့ မိဘ၊ ဘိုးဘွား၊ သားသမီး၊ ဇနီးခင်ပွန်း အစရှိသဖြင့် ဆွေမျိုးရင်းချာတို့ အလောင်း ကို သန့်စင်ပေးပြီး အဝတ်အစားသစ်များဝတ်ပေးသည်။ အစားအသောက်များ ပူဇော်ပေးပြီး မြေနေရာသို့ ပြန်လည် မြှုပ်နှံပေးသည်။
ယင်းကဲ့သို့ ပွဲတော် Ma' Nene festival သည် အင်ဒိုနီးရှားတို့၏ ကမ္ဘာကျော် ရိုးရာပွဲ တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။
---
Ref:renews.cn
Ref:renews.cn  http://innewsmyanmar.blogspot.com/2012/08/blog-post_30.html —
မြန်မာနိုင်ငံနှင့်တိုင်းရင်းသား ၁၃၅ မျိုး
Written By လွင့်မောင်မောင် on Sunday, December 29, 2013 | 2:07 AM
တိုင်းရင်းသား ၁၃၅ မျိုးရှိတယ်ဆိုဒါ မှန်သလားမှားသလား လေ့လါနိုင်ဖို့ အတွက် ဒီမှတ်တမ်းစာစုကို တင်ဆက်ပေးလိုက်ပါတယ်။ အထူးသဖြင့် သမိုင်းလေ့လာလိုသူ လူငယ် မျိုးဆက် များ ဖတ်ရှု လေ့လာ သင့်ပါတယ်။ မူရင်းစာတမ်း ပြုစုသူ ဦးတိုးတိုး NDF နှင့်အဖိုးတန် စာစုတွေကို အမြဲပေးပို့ လာတဲ့ ဖူးကီးဒိုအား အထူးကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါသည်။
Written By Ka Shee(http://burmesekarenhistory.blogspot.com/2013/02/blog-post_27.html) မှ ကူးယူဖော်ပြသည်
135_Races_in_Burma_by_SPDC
အငှားကိုယ်ဝန်ဆောင်ခြင်းလုပ်ငန်း
Written By လွင့်မောင်မောင် on Tuesday, October 1, 2013 | 7:22 PM
အိန္ဒိယမှာ ဖြစ်ထွန်းနေတဲ့ စီးပွားရေးလုပ်ငန်းတခုကတော့ အငှားဗိုက်အကျိုးဆောင်လုပ်ငန်းပါ။
ကမ္ဘာအရပ်ရပ်က ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲရှိသူ၊ ကလေးမရနိုင်သူအများအပြားဟာ အိန္ဒိယက ဒီလုပ်ငန်းကို ချိတ်ဆက် ကလေးယူနေကြပါတယ်။
သူတို့ကိုယ်တိုင် ကိုယ်ဝန်မဆောင်ဘူး ဆိုတော့ သူတို့ရဲ့ ကိုယ်စား အိန္ဒိယမှာ ရှိတဲ့ အမျိုးသမီးတချို့ကို ကိုယ်ဝန်ဆောင်စေခြင်းပါပဲ။
မွေးလာတာ ရက်ပိုင်းပဲ ရှိသေးတဲ့ သမီးလေး Gabriella
မိဘများက  Rekha Patel, 42 နဲ့ Daniele Fabbricatore, 39တို့ ဖြစ်ပါတယ်။
 (Photo: Reuters)
အလုပ်အပ်သူများထဲမှာ လိင်တူစုံတွဲများလည်း ပါတာပေါ့။
လိင်တူတယ်ဆိုမှတော့ ကလေးရဖို့က ဒီနည်းပဲ ရှိပါတော့မယ်။
အခု အိန္ဒိယမှာ နည်းနည်းလေး ဆူညံလာတာက ... ဒီလုပ်ငန်းက ဆင်းရဲတဲ့ အိန္ဒိယအမျိုးသမီးတွေကို  အမြတ်ထုတ်သလို ဖြစ်နေတယ် ဆိုပြီး ငြင်းခုံလာကြတာပါပဲ။
ပြည်ပကနေ ကလေးမွေးလိုသူတွေ အိန္ဒိယကို လာပြီး အငှားဗိုက်ရှာဖွေရ ခက်ခဲစေမယ့် ဥပဒေမျိုး ပြဋ္ဌာန်းရေးလည်း ပါဝင်တာပေါ့။
ဘုံဘေမှာ အခြေစိုက်တဲ့  Surrogacy India ဆိုတဲ့ အကျိုးဆောင်လုပ်ငန်းက အငှားဗိုက်နဲ့ ကလေး ၂၉၅ ယောက် မွေးအောင် ဆောင်ရွက်ပေးခဲ့ပြီးပြီ၊
အများစုက ပြည်ပက လာအပ်တဲ့ဖောက်သည်တွေ ဖြစ်တယ်လို့ ဆိုတယ်။ ၄၀ ရာနှုန်းက လိင်တူစုံမက်မိဘတွေဖြစ်ပါသတဲ့။ ဒါက ၆ နှစ်အတွင်း သူတို့လုပ်ငန်းရဲ့ ကိန်းဂဏန်းတွေပါ။
အဲဒီအကျိုးဆောင်လုပ်ငန်းက Dr. Sudhir Ajja ရဲ့ တွက်ချက်မှုကတော့ ပြည်ထဲရေးဌာနကအကြံပြုထားတဲ့အတိုင်း ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်လာရင်
ဒီလုပ်ငန်းကို သေချာပေါက် ထိခိုက်ပါလိမ့်မယ်၊ ပြည်ပက အလုပ်လာအပ်နှုန်းလည်း ကျသွားပါမယ် တဲ့။
အိန္ဒိယမှာ ဒီလုပ်ငန်း အစပြုနေတာ ၁၁ နှစ် ရှိပါပြီ။
အမျိုးသမီးတွေကို အခကြေးငွေပေးပြီး အငှား ကိုယ်ဝန်ဆောင်ခြင်းကို ခွင့်ပြုထားတာ နိုင်ငံ နည်းနည်းလေးပဲ တွေ့ရမှာပါ။
အိန္ဒိယ၊ ဂျော်ဂျီယာ၊ ရုရှ၊ ထိုင်း၊ ယူကရိန်း၊ အမေရိကန်တို့ပါပဲ။ အမေရိကန်ဆိုပေမယ့် တနိုင်ငံလုံးမဟုတ် - ပြည်နယ်တချို့မှာ ခွင့်ပြုပါတယ် တဲ့။
ခွင့်ပြုတဲ့နိုင်ငံနည်းပါးတယ် ဆိုတဲ့ အချက်အပြင် တခြားအကြောင်းအရာတွေလည်း အိန္ဒိယမှာ ရှိနေပါတယ်။
နည်းပညာအတွက်ကုန်ကျစရိတ်နည်းပါး၊ ကျွမ်းကျင်တဲ့ဆရာဝန်တွေရှိ၊ စာရွက်စာတမ်းကိစ္စလိုမျိုး ကြိုးနီစနစ် နည်းပါး၊  ဗိုက်အငှားလိုက်မယ့်အမျိုးသမီးပေါများ ဆိုတဲ့
အချက်တွေကြောင့် အိန္ဒိယကို ဒီလုပ်ငန်းအတွက် နှစ်သက်နေကြတာပါ။
အိန္ဒိယမှာ ဒီလုပ်ငန်းအကျိုးဆောင်ပေးတဲ့ဆေးဘက်ဆိုင်ရာဌာနပေါင်း ၃,ဝဝဝ ရှိမယ်၊ ဒီလုပ်ငန်းကနေ ၀င်ငွေ ဒေါ်လာ သန်း ၄၀၀ ထက်မနည်း ရှိနေပြီ လို့ မနှစ်တုန်းဆီက ထွက်လာတဲ့ လေ့လာချက်တခုက ဆိုပါတယ်။
ကုလသမဂ္ဂ ပါဝင်တဲ့  လေ့လာချက်ဖြစ်ပါတယ်။
ဗြိတိန်၊ အမေရိကန်၊  သြစတေးလျ၊ ဂျပန် စတဲ့ စတဲ့ တိုင်းပြည်တွေက ဒီလုပ်ငန်းအတွက် အိန္ဒိယသွားကြပါတယ်။ အိန္ဒိယမှာ နာမည်အရဆုံးကတော့  Gujarat ပြည်နယ် Anand  မြို့မှာရှိတဲ့ Akanksha  ဖြစ်ပါလိမ့်မယ်။
အငှားကိုယ်ဝန်ကို တကြိမ်မက ဆောင်ပေးတဲ့အမျိုးသမီးတွေလည်း ရှိမှာပဲ။ ၀င်ငွေကလည်း မက်လောက်စရာ ဖြစ်နေတယ် မဟုတ်လား။
ဘယ်လောက်ရသလဲဆို ... အထက်မှာ ရေးခဲ့တဲ့ Anand  မြို့လေးမှာ ဆိုရင် အိမ်တလုံးတောင် ၀ယ်နိုင် ဆိုပဲ။
အိမ်ဝယ်နိုင်တဲ့ငွေပမာဏရရှိဖို့ အမျိုးသမီးတချို့ အငှားကိုယ်ဝန်ဆောင်နေကြတယ်ဆိုပါစို့။
လတ်တလော ဥပဒေထဲမှာတော့ ဒီလိုကိုယ်ဝန်ဆောင်ဖို့ဆိုရင် အသက် ၂၁ နဲ့ ၃၅ အတွင်း ရှိမှ ဖြစ်မယ်၊
ကိုယ်ဝန်ဆောင်ပေးသူကို ကျန်းမာရေးအာမခံချက်  ရှိအောင် လုပ်ပေးရမယ်၊ ဟိုစုံတွဲနဲ့ သူနဲ့ကြား စာချုပ်ချုပ်ရမယ် စသဖြင့် သတ်မှတ်ထားပါတယ် တဲ့။
ဒါကတော့ India Seeks to Regulate Its Booming ‘Rent-a-Womb’ Industry ဆိုတဲ့ သတင်းကို ဖတ်ကြည့်ပြီး ပြန်ပြောပြတာပါ။ ဧရာဝတီသတင်းဌာနရဲ့ အွန်လိုင်း http://www.irrawaddy.org/archives/44962 မှာ ဒီမနက် တက်လာတဲ့သတင်းဆောင်းပါးပါ။ အကျိုးဆောင်လုပ်ငန်းတွေဟာ  အကျိုးဆောင်မွေးမိခင်တွေက ဗိုက်ထဲက သူ့ကလေး မဟုတ်တဲ့ ကလေးကို မေ့ထားဖို့၊ ကိုယ့်ရင်သွေးမဟုတ် - ကိုယ်နဲ့မဆိုင် - အလုပ်သဘောအရ တော်စပ်တဲ့ကလေးလို့ပဲ သဘောထားဖို့ သင်ပေးမယ် ထင်ပါရဲ့။ ဒါမှ နောက်ဆက်တွဲပြဿနာ နည်းမယ်၊ နှစ်သိမ့်ဆွေးနွေးပညာပေးတာမျိုးတွေ လုပ်ရမှာ နည်းပါလိမ့်မယ်။
အင်း ... "သူ့ကလေး မဟုတ်" ဆိုတဲ့စကားလုံးကိုသုံးရတာတော့ အားနာပါရဲ့။
မွေးလာတဲ့ကလေးမှာ မိဘ ၃ ဦး ရှိနိုင်ပါတယ်။
 ကိုယ်ဝန်ဆောင်မိခင်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဘယ်လောက်အထိ ရမယ် မသိပါ။ အနည်းနဲ့အများ ရကြပါလိမ့်မယ်။
 ဟိုမိဘနှစ်ပါးကရော ကလေးအပေါ် သားသမီးအရင်းလို ချစ်နိုင်ကြမလား။ အင်း .... ချစ်ကြမယ် ထင်ပါရဲ့။
ကလေးကရော .. ဘာထိခိုက်မှု ရှိမလဲ။
ကလေးဆိုတာ ဗိုက်ထဲမှာ ရှိတုန်းကတည်းက မိခင်နဲ့ ရုပ်ပိုင်းရော စိတ်ပိုင်းပါအဆက်အသွယ်ရှိတယ်လို့ ကြားဖူးပါတယ်။
ကိုယ်ဝန်ဆောင်မိခင်က ဗိုက်ထဲကဒီကလေးကို မွေးပြီးပြီးချင်း ခွဲခွာ ရတော့မယ် ဆိုတာ သိထားတော့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သူ့ဗိုက်ကို ဗိုက်ထဲက ပိစိလေးကို ဘယ်လို သဘောထားမလဲ။
အဲဒီသဘောထားတွေကြောင့် ကလေးမှာ ဘယ်လို သက်ရောက်မှု ရှိမလဲ။ အင်း... တွေးကြည့်ရင် စိတ်မောစရာ စိတ်ဝင်စားစရာကောင်းလှပါတယ်။
Coober Pedy Underground City (Opal capital of the world) မြေအောက်မြကျောက်ရွဲ မြို့တော်
Written By လွင့်မောင်မောင် on Sunday, September 1, 2013 | 11:24 AM
Coober Pedy City သည် တောင်ပိုင်းသြစတြေလျတိုက်၏မြောက်ပိုင်းဒေသမှ မြို့တစ်မြို့ဖြစ်သည်။ Adelaide  မြို့၏မြောက်ဘက် ၈၄၆ ကီလိုမီတာအကွာတွင်တည်ရှိသည်။
1915 ခုနှစ် January  လ တွင် Jim Hutchison ၊၁၄နှစ်အရွယ်သူ၏သားWilliam ၊  PJ Winch ၊
 နှင့် M McKenzie တို့သည် ထိုဒေသတွင် ရွှေ ရှာခဲ့ကြသည်။ ရွှေကိုမတွေ့။
 သူတို့သည် ဤနေရာတွင်စခန်းချလျက်ဆက်လက်ရွှေရှာခဲ့ကြသည်။
၁၉၁၅ ခု ဖေဖော်ဝါရီလ ၁ရက်နေ့တွင် သောက်ရေအတွက် မြေတူးရာမှ သားငယ်William သည် မြကျောက်ရွဲ (Opal) ကျောက်အပိုင်းအစများကိုတွေ့ရှိခဲ့သည်။
၁၉၂၀ ခုနှစ်ရောက်မှ “Coober Pedy” ဟုအမည်ပေးခဲ့သည်။
Coober Pedy ဆိုသောဝေါဟာရမှာ “လူဖြူများ၏ဂူ(white man's hole) ”ဟုအဓိပ္ပာယ်ရသော ရှေးဟောင်းသြစတြေလျတိုက်လူမျိုးများ၏ဝေါဟာရ “kupa-piti” မှ ဆင်းသက်လာသည်။
၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ ၁၆၉၅ယောက်(ဒေသခံသြစတြေလျတိုင်းရင်းသား ၂၇၅ ဦးအပါအ၀င် ၊ကျား၉၅၃ယောက် နှင့် မ ၇၄၂ယောက်) ရှိသည်။
Coober Pedy မိုင်းများမှ ကမ္ဘာတွင်အရည်သွေးအကောင်းဆုံးသော “မြကျောက်ရွဲ(Opal)”များထွက်ရှိသည်။
Coober Pedy တွင် Opal မိုင်းပေါင်း (၇၀)ကျော်ရှိ၍ ကမ္ဘာပေါ်တွင် ကျယ်ဝန်းဆုံးသော Opal မိုင်းဧရိယာဖြစ်သည်။
ဤကျောက်မိုင်း၏ ထူးခြားချက်မှာ ကျောက်တူး၍ ဖြစ်ပေါ်လာသော မိုင်းတွင်း နှင့် ဂူများကို ပြန်လည်မွန်းမံ ခြယ်သ ပြင်ဆင်ကာ အခန်းများဖွဲ့၍
 အိမ်၊ဟော်တယ်၊ဘုရားကျောင်း၊စားသောက်ဆိုင် ၊ကုန်ပစ္စည်းအရောင်းဆိုင် များ ပြုလုပ်ထားခြင်းပင်ဖြစ်သည်။
မြေအောက်တွင် လမ်းမကြီးများလည်း ဖောက်လုပ်ထားသည်။
ယနေ့အချိန်တွင် နိုင်ငံခြားခရီးသွားဧည့်သည်များ စိတ်ဝင်စားဆုံး နေရာ လည်းဖြစ်ပေရာ စီးပွားရေးမှာလည်း အလွန်ကောင်းမွန်သော မြေအောက်မြို့တော်လေးတစ်မြို့ဖြစ်ပေတော့သည်။
တစ်ပတ်အတွင်းဒိုင်ယာရီ
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger