Home » » လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာဗေဒင်ပညာ (အပိုင်း ၂ )

လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာဗေဒင်ပညာ (အပိုင်း ၂ )

Written By U AYE MINN on Wednesday, July 14, 2021 | 1:19 AM



လက်တွေ့အသုံးချအင်္ဂဝိဇ္ဇာဗေဒင်ပညာ(အပိုင်း၂)

       င်္ဂဝိဇ္ဇာဗေဒင်ပညာဖြင့်တွက်ချက်၍ ဟောပြောမည်ဆိုလျှင် အဓိကကျဆုံးမှာ အခါပိုင်းခြင်းပင်ဖြစ်သည်။အခါမှားလျှင် မှန်ကန်သောအဖြေကိုမည်သို့မျှမရနိုင်။ ထိုကြောင့်လည်း အချိန် အခါပိုင်းခြင်းကို အခြေခံမှအစ ကျမ်းရင်းလင်္ကာကိုအာစရိယမူများနှင့်ပေါင်းစပ်၍ တင်ပြပေးပြီးဖြစ်ပါသည်။

ကျွန်ုပ် သည် အင်္ဂဝိဇ္ဇာကျမ်းအမျိုးမျိုးကို လက်လှမ်းမီသလောက် ဖတ်ရှု လေ့လာ မှတ်သားတွေးဆခဲ့ရသည်မှာ အချိန်များစွာပေးဆပ်ခဲ့ရ၏။ လက်ထပ်သင်ဆရာမရှိသောကြောင့် စိတ်ပျက်ကာ အင်္ဂဝိဇ္ဇာပညာကိုနှစ်များစွာ

ပစ်ထားပြီးကာမှ၊၁၉၈၉-၁၉၉၀ ခုနှစ်တွင် ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား) အင်္ဂဝိဇ္ဇာအဟော

ပညာသင်ခန်းစာ များကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှပြန်လည်လေ့လာခွင့်ရ၏။

သို့သော် အထဗ္ဗဏဗေဒင်(မဟာကာလဗေဒင်)ပညာကိုအသုံးပြုမည်ဆိုလျှင်အခါတစ်ခုသည် ၁၈မိနစ်ထက်ပိုမိုအသေးစိပ် ရန်လိုအပ်မည်ဟု ကျွန်ုပ်စိတ်ထဲ၌ အလိုလိုသိနေသလိုဖြစ်မိ၏

အဘယ်ကြောင့်ဆိုသော်ဤအချိန်က ကျွန်ုပ် သည်ဆန္ဒဂဏန်း ၁ မှ၂၄၉အထိတွင်နှစ်သက်ရာ

ဂဏန်းတစ်လုံးကို တောင်းဆို၍ နက္ခတ်ခွဲပေါင်း၂၄၉ ခုမှ ရာသီခွင်ချ၍တွက်ရသော 

ဆရာကြီးKP၏ဟူးရားနက္ခတ္တဗေဒကို သင်ကြားတတ်မြောက်ပြီးဖြစ်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် ဆရာတော် ခင်ကြီးဖျော်၏ ကျမ်းရင်းလင်္ကာကိုပြန်လည်ဖတ်ရှု၍ နက်ရှိုင်းစွာ

တွေးခေါ်ကြည့်မိသည်။

“သူရဇ္ဇက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီဆယ့်နှစ်၀ သင်္ချာယူ၍ဆ။

နေ့၁၂နာရီကို အခါတစ်ခုအတွက် ၁နာရီ၃၀မိနစ်(၉၀မိနစ်) စီ ညီမျှပိုင်းလျှင် ခါရ၏

ဤအထိ“သူရဇ္ဇက စ၍စဉ်စီ ရှစ်ခါညီဆိုသည်နှင့် ကိုက်ညီနေသော်လည်း ………..

ရှစ်လီဂြိုဟ်ပေါင်းပြဟုဆိုရာတွင်မူ အခါခွဲတစ်ခုကို ၁၈မိနစ် စီဖြင့်  အခါတစ်ခု(၉၀မိနစ်)ကို

အခါခွဲ ခုသာပိုင်းနိုင်သဖြင့်   ငါးလီသာပေါင်းနိုင်သေး၏ ။ရှစ်လီပြည့်ရန် သုံးလီ လိုနေ၏။

လိုနေသည်ဟုသိပင်သိညား နည်းလမ်းကိုရှာမရနိုင်ခဲ့ ။ထို့ကြောင့် ထွက်သမျှလက်လှမ်းမီသမျှ အင်္ဂဝိဇ္ဇာကျမ်း

များ ဆောင်းပါးများတွင်ရှာဖွေကြည့်၏ ။မရခဲ့ပါ။ဤသို့လမ်းစပျောက်နေချိန်…….

၁၉၉၇ခု ၏ မိုးတွင်းကြီီး (အတိအကျ ပြောရလျှင် မြန်မာ

သက္ကရာဇ် ၁၃၅၉ခု ဝါဆိုလဆန်း ၁၃ရက် 

ကြာသပတေးနေ့(17-7-1997) ညဉ့်သန်းကောင်၁၂နာရီ

အချိန် )တ ချိန်က အမှတ်မထားကျော်၍ဖတ်သွား

သောဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား)”


အင်္ဂဝိဇ္ဇာအဟောပညာသင်ခန်းစာဆောင်းပါးတစ်ခုမှ 

တိုင်ပြေးကလေးများကို စိတ်ဝင်တစား

အာရုံစူးစိုက်လေ့လာရင်းမှတ်သားနေရင်းမှအိပ်ပျော်

သလိုဖြစ်သွား၏။

သို့သော်နားထဲတွင်မူကျွန်ုပ်နှင့်ရင်းနှီးသောအသံတစ်သံကို

ကြားနေရသည် ။အသံရှင်ကိုတော့မမြင်ရ ။ 

ဆရာအရှင်၏အသံမှန်းသိ၏။ 

အိမ်မက် မက်သလိုခံစားနေရသည် ။အရင်းအဖျားမရှိပဲ ဆရာအရှင်ပြောခဲ့သည်က

သုံးလီများ အဆန်းလုပ် လို့ ၆မိနစ် စီပေါ့ ဆပွတ်နဲ့ဘဲ့ယူ  တဲ့ ။နောက်ပြောသွားသေးသည်

ငါတို့မသိတာ ဘာမှမရှိဘူးကွတဲ့ ပညာတစ်ခုပေးတိုင်း ဤသို့ပြောနေကျ

ခဏလေးသာကြာလိုက်တဲ့ အချိန်ပါ ကျွန်ုပ် ပြန်နိုးလာ၏။

တစ်ရေးနိုးသော်အကြံပေါ်” ဆိုသည့်အတိုင်း  တိမ်မြုပ်နေသော တန်ဘိုးကြီးလှသည့်မြန်မာတို့၏ 

အင်္ဂဝိဇ္ဇာ ပညာရပ်၏ ၆မိနစ်ကို အခါတစ်ခုပိုင်းသောပညာခန်းကို ကျွန်ုပ်သင်ယူတတ်မြောက်ခဲ့၏ ။

ချက်ချင်းပင်   ပဉ္စဂုဏံ အဟံဝန္ဒာမိ အာစရိယဂုဏံ အဟံဝန္ဒာမိ။ ဟုအသံထွက်အောင်ရွတ်၍

လက်ဆယ်ဖြာထိပ်မှာမိုးလျှက် အနန္တငါးပါး နှင့် ဆရာအရှင်ကို ကိုရှစ်ခိုးဖြစ်လိုက်ပါသည်။

                                                                                                    ဆရာမင်း( ၁၄-၇-၂၀၂၁ ; 15:00PM)

ဆက်လက် ‌ ဖော်ပြပါမည်။

လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာဗေဒင်ပညာ (အပိုင်း 1 )

လက် တွေ့အသုံးချ အင်္ဂဝိဇ္ဇာဗေဒင်ပညာ (အပိုင်း၃)

Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger