Latest Post
Showing posts with label အစာလည္းေဆး. Show all posts
Showing posts with label အစာလည္းေဆး. Show all posts

ငါးစားသုံးမှုများခြင်းက အသက်ရှည်စေနိုင်

Written By Live100 on Thursday, February 11, 2016 | 6:52 AM



Unicode
အသက်ကြီး သူတွေမှာ ငါးနဲ့ ပင်လယ်စာများများ စားသူတွေဟာ အဲ့ဒီအစားအစာတွေကို အစားနည်း သူတွေထက် အသက်ပိုရှည်နိုင်တယ်လို့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။ ငါးမှ ရ ရှိတဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ် အဆင့် မြင့်မားစွာ ရရှိသူတွေဟာ အိုမီဂါ-၃ အ ဆင့် နည်းစွာ ရရှိသူတွေထက် အကြောင်း ကြောင်းကြောင့် သေဆုံးနိုင်ခြေ ၂၇ ရာ ခိုင်နှုန်းနဲ့ နှလုံးရောဂါကြောင့် သေဆုံး နိုင်ခြေ ၃၅ ရာခိုင်နှုန်း လျော့နည်းတယ် လို့ တွေ့ရှိထားပါတယ်။

အမေရိကန်မှ သုတေသီတွေက အသက် ၆၅ နှစ်ကျော် သူတွေကို ၁၆ နှစ်ကြာ လေ့လာမှုပြုလုပ် ခဲ့ပါတယ်။ ဆယ်လ်မွန်၊ တူနာ၊ ငါးသေတ္တာ၊ ငါးသလောက်နဲ့ ငါးကွမ်းရှပ်လို မျိုးငါးတွေမှာပါဝင်တတ်တဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ်တွေ သွေးထဲမှာ မြင့်မားစွာ ရှိသူတွေဟာ သွေးထဲမှာ အဆင့်နည်းစွာ ရှိသူတွေထက် ပျမ်းမျှအားဖြင့် ၂ ဒသမ ၂နှစ် အသက်ပိုရှည် တယ်လို့ ဆိုပါတယ်။

အိုမီဂါ- ၃ ထဲမှာပါဝင်တဲ့ DHA ဟာ နှလုံးသွေးကြောရောဂါကြောင့် သေဆုံး နိုင်ခြေ နည်းပါးတာနဲ့ သိသိသာသာ ဆက်စပ်မှုရှိပြီး EPA ဟာ နှလုံးတိုက်ခိုက် ခံရတာကြောင့် သေဆုံးနိုင်ခြေ နည်းပါး တာနဲ့ ဆက်စပ်မှုရှိကာ DPA မှာမူ လေ ဖြတ်တာကြောင့် သေဆုံးနိုင်ခြေနည်းပါး တာနဲ့ သိသိသာသာ ဆက်စပ်မှုရှိတယ် လို့ သုတေသီတွေက ဆိုပါတယ်။ 


Zawgyi
အသက္ႀကီး သူေတြမွာ ငါးနဲ႔ ပင္လယ္စာမ်ားမ်ား စားသူေတြဟာ အဲ့ဒီအစားအစာေတြကို အစားနည္း သူေတြထက္ အသက္ပိုရွည္ႏုိင္တယ္လုိ႔ ေလ့လာမႈအရ ေတြ႕ရွိခဲ့ပါတယ္။ ငါးမွ ရ ရွိတဲ့ အုိမီဂါ-၃ ဖက္တီးအက္စစ္ အဆင့္ ျမင့္မားစြာ ရရွိသူေတြဟာ အုိမီဂါ-၃ အ ဆင့္ နည္းစြာ ရရွိသူေတြထက္ အေၾကာင္း ေၾကာင္းေၾကာင့္ ေသဆံုးႏုိင္ေျခ ၂၇ ရာ ခုိင္ႏႈန္းနဲ႔ ႏွလံုးေရာဂါေၾကာင့္ ေသဆံုး ႏုိင္ေျခ ၃၅ ရာခုိင္ႏႈန္း ေလ်ာ့နည္းတယ္ လို႔ ေတြ႕ရွိထားပါတယ္။

အေမရိကန္မွ သုေတသီေတြက အသက္ ၆၅ ႏွစ္ေက်ာ္ သူေတြကို ၁၆ ႏွစ္ၾကာ ေလ့လာမႈျပဳလုပ္ ခဲ့ပါတယ္။ ဆယ္လ္မြန္၊ တူနာ၊ ငါးေသတၱာ၊ ငါးသေလာက္နဲ႔ ငါးကြမ္း႐ွပ္လုိ မ်ဳိးငါးေတြမွာပါဝင္တတ္တဲ့ အုိမီဂါ-၃ ဖက္တီးအက္စစ္ေတြ ေသြးထဲမွာ ျမင့္မားစြာ ရွိသူေတြဟာ ေသြးထဲမွာ အဆင့္နည္းစြာ ရွိသူေတြထက္ ပ်မ္းမွ်အားျဖင့္ ၂ ဒသမ ၂ႏွစ္ အသက္ပိုရွည္ တယ္လုိ႔ ဆုိပါတယ္။

အုိမီဂါ- ၃ ထဲမွာပါဝင္တဲ့ DHA ဟာ ႏွလံုးေသြးေၾကာေရာဂါေၾကာင့္ ေသဆံုး ႏုိင္ေျခ နည္းပါးတာနဲ႔ သိသိသာသာ ဆက္စပ္မႈရွိၿပီး EPA ဟာ ႏွလံုးတုိက္ခုိက္ ခံရတာေၾကာင့္ ေသဆံုးႏုိင္ေျခ နည္းပါး တာနဲ႔ ဆက္စပ္မႈရွိကာ DPA မွာမူ ေလ ျဖတ္တာေၾကာင့္ ေသဆံုးႏုိင္ေျခနည္းပါး တာနဲ႔ သိသိသာသာ ဆက္စပ္မႈရွိတယ္ လုိ႔ သုေတသီေတြက ဆုိပါတယ္။ 


( Paing A K )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com


Ref : Goodhealth

ကော်ဖီကို ပုံမှန်သောက်သုံးသူတွေဟာ ရုတ်တရက် ချက်ချင်း သေဆုံး နိုင်ချေနည်း

Written By Live100 on Thursday, December 31, 2015 | 8:37 AM


Unicode
သင်ဟာ နှစ်သစ်ကူးကာလမှာ ကော်ဖီသောက်ခြင်းကို စွန့်လွှတ်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဒီအတွေးကို ပြန်လည်သုံးသပ်ဖို့လိုပါလိမ့်မယ်။ ကျွမ်းကျင်သူ တွေ ရဲ့ ပြောကြားချက်အရ လူအများစု အတွက် ကော်ဖီကို ရှောင်ကြဉ်ဖို့ မလိုအပ်ပါဘူး။

သြစတြေးလျနိုင်ငံ Dietitians အဖွဲ့အစည်းမှာ ရှိတဲ့ ပရော်ဖက်ဆာ Clare Collins က ပြောပြခဲ့တာကတော့ ကော်ဖီ ပုံမှန် သောက်သုံးသူတွေဟာ အသည်းကင်ဆာ ဖြစ်စေဖို့ နဲ့ မမျှော်လင့်ပဲ ချက်ချင်းသေဆုံးသွားခြင်းမျိုးဖြစ်စေဖို့ အခွင့်အလမ်း အရမ်းနည်းတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သကြားဓါတ်တွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ အင်ဆူလင်ဆိုတဲ့ဟော်မုန်းတစ်မျိုးကို လုံလောက်စွာမထုတ်လုပ်နိုင်ခြင်း (သို့) ထုတ်လုပ်ထားတဲ့ အင်ဆူလင်များဟာ ကောင်းစွာအလုပ်မလုပ်တော့တဲ့ အခါမျိုးမှာ ဖြစ်ပေါ်လေ့ရှိတဲ့ အမျိုးအစား ၂ ဆီးချို ၊ သွေးချို ရောဂါတို့ဖြစ်စေဖို့လည်း အခွင့်အလမ်းနည်းစေပါတယ်။

ထို သုတေသန က တဆင့် ထပ်မံ သိရှိခဲ့ရတာကတော့ ကော်ဖီမှာအဓိက ပါဝင်နေတဲ့ ကဖိန်းဓါတ်ဟာ ဦးနှောက်ကိုလည်း ပါကင်ဆန်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရာမှာ ကူညီပေးနိုင်တယ်လို့လည်းသိရပါတယ်။

ဒါပေမယ့်လည်း တစ်ဖက်မှာတော့ ကော်ဖီဟာ လူနည်းစုအတွက် အန္တာရာယ်ရှိနေပါသေးတယ်။ ဘယ်လိုလူနည်းစုလည်းဆိုရင်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ကဖိန်း ၂၀၀ မီလီဂရမ်ခန့်ပါဝင်တဲ့ အသင့်ဖျော်ကော်ဖီတစ်ခွင် ခန့်လျှင်ပင် ကိုယ်ဝန်ဆောင်ခြင်းကို ထိခိုက်နိုင်ချေရှိသလို ကော်ဖီဟာ နှလုံးခုန်နှုန်းမြန်ဆန်နေသူ တွေနဲ့ သွေးဖိအားမြင့်မားနေသူတွေအတွက် မသင့်တော်နိုင်ပါဘူး။

ဒါ့အပြင် ကလေးငယ်တွေအနေနဲ့လည်း ကဖိန်းဓါတ်ကို အစာချေဖျက်နိုင်စွမ်း မရှိတာကြောင့် ကလေးငယ်တွေဟာ ဆယ်ကျော်သက် အရွယ်မရောက်ခင်မှာတော့ ကော်ဖီသောက်ခြင်းကို မစတင်သင့်ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)


Zawgyi
သင္ဟာ ႏွစ္သစ္ကူးကာလမွာ ေကာ္ဖီေသာက္ျခင္းကို စြန္႔လႊတ္ဖို႔ စဥ္းစားထားတယ္ဆိုရင္ေတာ့ ဒီအေတြးကို ျပန္လည္သံုးသပ္ဖို႔လိုပါလိမ့္မယ္။ ကၽြမ္းက်င္သူ ေတြ ရဲ ႔ ေျပာၾကားခ်က္အရ လူအမ်ားစု အတြက္ ေကာ္ဖီကို ေရွာင္ၾကဥ္ဖို႔ မလိုအပ္ပါဘူး။

ၾသစေၾတးလ်ႏိုင္ငံ Dietitians အဖြဲ႔အစည္းမွာ ရွိတဲ့ ပေရာ္ဖက္ဆာ Clare Collins က ေျပာျပခဲ့တာကေတာ့ ေကာ္ဖီ ပံုမွန္ ေသာက္သံုးသူေတြဟာ အသည္းကင္ဆာ ျဖစ္ေစဖို႔ နဲ႔ မေမွ်ာ္လင့္ပဲ ခ်က္ခ်င္းေသဆံုးသြားျခင္းမ်ိဳးျဖစ္ေစဖို႔ အခြင့္အလမ္း အရမ္းနည္းတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ခႏၶာကိုယ္အတြင္းမွာရွိတဲ့ သၾကားဓါတ္ေတြကို စြမ္းအင္အျဖစ္ေျပာင္းလဲေပးႏိုင္တဲ့ အင္ဆူလင္ဆိုတဲ့ေဟာ္မုန္းတစ္မ်ိဳးကို လံုေလာက္စြာမထုတ္လုပ္ႏိုင္ျခင္း (သို႔) ထုတ္လုပ္ထားတဲ့ အင္ဆူလင္မ်ားဟာ ေကာင္းစြာအလုပ္မလုပ္ေတာ့တဲ့ အခါမ်ိဳးမွာ ျဖစ္ေပၚေလ့ရွိတဲ့ အမ်ိဳးအစား ၂ ဆီးခ်ိဳ ၊ ေသြးခ်ိဳ ေရာဂါတို႔ျဖစ္ေစဖို႔လည္း အခြင့္အလမ္းနည္းေစပါတယ္။

ထို သုေတသန က တဆင့္ ထပ္မံ သိရွိခဲ့ရတာကေတာ့ ေကာ္ဖီမွာအဓိက ပါ၀င္ေနတဲ့ ကဖိန္းဓါတ္ဟာ ဦးေႏွာက္ကိုလည္း ပါကင္ဆန္ေရာဂါျဖစ္ပြားျခင္းမွ ကာကြယ္ရာမွာ ကူညီေပးႏိုင္တယ္လို႔လည္းသိရပါတယ္။

ဒါေပမယ့္လည္း တစ္ဖက္မွာေတာ့ ေကာ္ဖီဟာ လူနည္းစုအတြက္ အႏာၱရာယ္ရွိေနပါေသးတယ္။ ဘယ္လိုလူနည္းစုလည္းဆိုရင္ေတာ့ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြအေနနဲ႔ ကဖိန္း ၂၀၀ မီလီဂရမ္ခန္႔ပါ၀င္တဲ့ အသင့္ေဖ်ာ္ေကာ္ဖီတစ္ခြင္ ခန္႔လွ်င္ပင္ ကိုယ္၀န္ေဆာင္ျခင္းကို ထိခိုက္ႏိုင္ေခ်ရွိသလို ေကာ္ဖီဟာ ႏွလံုးခုန္ႏႈန္းျမန္ဆန္ေနသူ ေတြနဲ႔ ေသြးဖိအားျမင့္မားေနသူေတြအတြက္ မသင့္ေတာ္ႏိုင္ပါဘူး။

ဒါ့အျပင္ ကေလးငယ္ေတြအေနနဲ႔လည္း ကဖိန္းဓါတ္ကို အစာေခ်ဖ်က္ႏိုင္စြမ္း မရွိတာေၾကာင့္ ကေလးငယ္ေတြဟာ ဆယ္ေက်ာ္သက္ အရြယ္မေရာက္ခင္မွာေတာ့ ေကာ္ဖီေသာက္ျခင္းကို မစတင္သင့္ဘူးလို႔ ကၽြမ္းက်င္သူေတြက သတိေပးထားပါတယ္။

( Mario )

#သစ္ထူးလြင္(က်န္းမာေရး)

တစ်နေ့ကို သစ်တော်သီး တစ်လုံး စားခြင်းဟာ ကိုယ်အလေးချိန် လျော့ကျစေနိုင်

Written By လြင္႕ေမာင္ေမာင္ on Monday, December 14, 2015 | 7:13 AM





Unicode
နှစ်ပေါင်းများစွာ လူတွေလက်ခံလာတဲ့ စကားက တစ်နေ့ကို ပန်းသီးတစ်လုံးစားခြင်းဟာ ဆရာဝန်မလိုအပ်စေဘူးဆိုတာပါ။ အခုတော့ သုတေသီ တွေရှာဖွေတွေ့ရှိခဲ့ပြန်တာကတော့ တစ်နေ့ကို သစ်တော်သီး တစ်လုံးစားခြင်းဟာ ကိုယ်အလေးချိန်တွေ လျော့ကျစေနိုင်တယ်ဆိုတာပါပဲ။

လေ့လာမှုအသစ်တစ်ခုဟာ သစ်တော်သီးတွေနဲ့ ကိုယ်အလေးချိန်လျော့ကျမှု အကြားက ပတ်သက်ဆက်နွယ်နေမှုကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

သစ်တော်သီးတွေ ပုံမှန်စားသုံးလေ့ရှိသူတွေဟာ အဝလွန်ရောဂါဖြစ်ဖို့ ၃၅ ရာခိုင်နှုန်း အခွင့်အလမ်းနည်းစေတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် လေ့လာမှုက ထပ်မံတွေ့ရှိလာခဲ့တာက သစ်တော်သီးစားသုံးခြင်းဟာ အကောင်းဆုံး ဝိတ်ချနည်းတစ်ခုဖြစ်တယ်ဆိုတာပါ။

သစ်တော်သီးတွေဟာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တဲ့အပြင် ဖိုက်ဘာ တွေရရှိဖို့လည်း အကောင်းဆုံး အရင်းအမြစ်တွေဖြစ်နေပါတယ်။ သာမန်အရွယ်အစား သစ်တော်သီးတစ်လုံးဟာ နေ့စဉ်လိုအပ်တယ်ဆိုတဲ့ ဖိုက်ဘာ ၂၄ ရာခိုင်နှုန်း ပါဝင်ပြီးတော့ ကယ်လိုရီအားဖြင့် ၁၀၀ သာ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သစ်တော်သီးဟာ အဆီ ၊ ကိုလက်စထရော နဲ့ ဆိုဒီယမ်တို့ ကင်းစင်ပြီး ပိုတက်ဆီယမ်လည်း ၁၉၀ မီလီဂရမ်သာ ပါဝင်နေတာဖြစ်ပါတယ်။

လူစီယားနား ပြည်နယ် တက္ကသိုလ် မှာရှိတဲ့ သုတေသီတွေဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း စုဆောင်းခဲ့တဲ့ အချက်အလက်တွေကို လေ့လာမှု အတွက် အသုံးပြုခဲ့ပါတယ်။ သုတေသီတွေဟာ အမျိုးသားရေးအားဖြင့် ကိုယ်စားပြုနိုင်တဲ့ နမူနာတွေကို ရယူပြီး သစ်တော်သီးစားသုံးခြင်းနဲ့ အာဟာရ ဖြည့်တင်းမှု ၊ အာဟာရ လုံလောက်မှု ၊ ကိုယ်အလေးချိန်လျော့ကျစေမှု နဲ့ နှလုံးသွေကြောဆိုင်ရာ ပြဿနာ ဖြစ်နိုင်မှုတွေကို စူးစမ်းလေ့လာခဲ့ကြတာဖြစ်ပါတယ်။

"သစ်တော်သီးတွေနဲ့ ကိုယ်အလေးချိန်လျော့ကျစေခြင်းရဲ့ ပတ်သက်နေမှုဟာအရမ်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်မတို့ ယုံကြည်ထားကတော့ ဖိုက်ဘာ မှီဝဲမှုဟာ လေ့လာမှုမှာတွေ့ခဲ့ရတဲ့ ကိုယ်အလေးချိန်လျော့ကျစေမှုကို ဖြစ်ပေါ်စေခဲ့တာပါ။သစ်တော်သီးစားသုံးခြင်းနဲ့ မစားသုံးခြင်းကြားက စွမ်းအင် မှီဝဲမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေမှာတော့ ကွဲပြာခြားနားမှု မရှိခဲ့ပါဘူး။" လို့ ထိုလေ့လာမှု ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Carol O'Neil ကဆိုပါတယ်။

ထို လေ့လာမှုကိုတော့ Nutrition and Food Science ဆိုတဲ့ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

Zawgyi
ႏွစ္ေပါင္းမ်ားစြာ လူေတြလက္ခံလာတဲ့ စကားက တစ္ေန႔ကို ပန္းသီးတစ္လံုးစားျခင္းဟာ ဆရာ၀န္မလိုအပ္ေစဘူးဆိုတာပါ။ အခုေတာ့ သုေတသီ ေတြရွာေဖြေတြ႕ရွိခဲ့ျပန္တာကေတာ့ တစ္ေန႔ကို သစ္ေတာ္သီး တစ္လံုးစားျခင္းဟာ ကိုယ္အေလးခ်ိန္ေတြ ေလ်ာ့က်ေစႏိုင္တယ္ဆိုတာပါပဲ။

ေလ့လာမႈအသစ္တစ္ခုဟာ သစ္ေတာ္သီးေတြနဲ႔ ကိုယ္အေလးခ်ိန္ေလ်ာ့က်မႈ အၾကားက ပတ္သက္ဆက္ႏြယ္ေနမႈကို ရွာေဖြေတြ႕ရွိခဲ့တာပဲျဖစ္ပါတယ္။

သစ္ေတာ္သီးေတြ ပံုမွန္စားသံုးေလ့ရွိသူေတြဟာ အ၀လြန္ေရာဂါျဖစ္ဖို႔ ၃၅ ရာခိုင္ႏႈန္း အခြင့္အလမ္းနည္းေစတယ္ဆိုတာကို သိပၸံပညာရွင္ေတြက ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။ ဒါ့အျပင္ ေလ့လာမႈက ထပ္မံေတြ႕ရွိလာခဲ့တာက သစ္ေတာ္သီးစားသံုးျခင္းဟာ အေကာင္းဆံုး ၀ိတ္ခ်နည္းတစ္ခုျဖစ္တယ္ဆိုတာပါ။

သစ္ေတာ္သီးေတြဟာ ဗီတာမင္ စီ ၾကြယ္၀စြာပါ၀င္တဲ့အျပင္ ဖိုက္ဘာ ေတြရရွိဖို႔လည္း အေကာင္းဆံုး အရင္းအျမစ္ေတြျဖစ္ေနပါတယ္။ သာမန္အရြယ္အစား သစ္ေတာ္သီးတစ္လံုးဟာ ေန႔စဥ္လိုအပ္တယ္ဆိုတဲ့ ဖိုက္ဘာ ၂၄ ရာခိုင္ႏႈန္း ပါ၀င္ၿပီးေတာ့ ကယ္လိုရီအားျဖင့္ ၁၀၀ သာ ပါ၀င္ေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သစ္ေတာ္သီးဟာ အဆီ ၊ ကိုလက္စထေရာ နဲ႔ ဆိုဒီယမ္တို႔ ကင္းစင္ၿပီး ပိုတက္ဆီယမ္လည္း ၁၉၀ မီလီဂရမ္သာ ပါ၀င္ေနတာျဖစ္ပါတယ္။

လူစီယားနား ျပည္နယ္ တကၠသိုလ္ မွာရွိတဲ့ သုေတသီေတြဟာ ၂၀၀၁ ခုႏွစ္ကေန ၂၀၁၀ ခုႏွစ္အတြင္း စုေဆာင္းခဲ့တဲ့ အခ်က္အလက္ေတြကို ေလ့လာမႈ အတြက္ အသံုးျပဳခဲ့ပါတယ္။ သုေတသီေတြဟာ အမ်ိဳးသားေရးအားျဖင့္ ကိုယ္စားျပဳႏိုင္တဲ့ နမူနာေတြကို ရယူၿပီး သစ္ေတာ္သီးစားသံုးျခင္းနဲ႔ အာဟာရ ျဖည့္တင္းမႈ ၊ အာဟာရ လံုေလာက္မႈ ၊ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစမႈ နဲ႔ ႏွလံုးေသြေၾကာဆိုင္ရာ ျပႆနာ ျဖစ္ႏိုင္မႈေတြကို စူးစမ္းေလ့လာခဲ့ၾကတာျဖစ္ပါတယ္။

"သစ္ေတာ္သီးေတြနဲ႔ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစျခင္းရဲ႕ ပတ္သက္ေနမႈဟာအရမ္း စိတ္၀င္စားဖို႔ေကာင္းပါတယ္။ ကၽြန္မတို႔ ယံုၾကည္ထားကေတာ့ ဖိုက္ဘာ မွီ၀ဲမႈဟာ ေလ့လာမႈမွာေတြ႕ခဲ့ရတဲ့ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစမႈကို ျဖစ္ေပၚေစခဲ့တာပါ။သစ္ေတာ္သီးစားသံုးျခင္းနဲ႔ မစားသံုးျခင္းၾကားက စြမ္းအင္ မွီ၀ဲမႈနဲ႔ ရုပ္ပိုင္းဆိုင္ရာ လႈပ္ရွားမႈေတြမွာေတာ့ ကြဲျပာျခားနားမႈ မရွိခဲ့ပါဘူး။" လို႔ ထိုေလ့လာမႈ ကို ဦးေဆာင္ခဲ့တဲ့ ေဒါက္တာ Carol O'Neil ကဆိုပါတယ္။

ထို ေလ့လာမႈကိုေတာ့ Nutrition and Food Science ဆိုတဲ့ မဂၢဇင္းမွာ ပံုႏွိပ္ေဖာ္ျပခဲ့ပါတယ္။

( Mario )

ဒူးနာ၊ ခါးနာေပ်က္ကင္းေစမည့္ သဘာ၀ေဆးနည္း

Written By လြင္႕ေမာင္ေမာင္ on Saturday, April 18, 2015 | 8:21 AM

 
မိတ္ေဆြတစ္ဦးမွ ေပးပို့လာတဲ့ ေဆးနည္းေလးကို က်န္းမာေရးသတင္းမ်ားမွ အမ်ားသိေအာင္ ျပန္လည္မွ်ေ၀ေပး လိုက္ပါတယ္။
က်ေနာ္ အားကစားလုပ္ရင္း ခါးနာတဲ့ ဒဏ္ရာကို ရခဲ့ပါတယ္။ လိမ္းေဆးမ်ိဳးစံုလိမ္းၾကည့္ခဲ့တယ္။ အႏိွပ္သည္မ်ားနဲ့လည္း ကုသခဲ့ပါတယ္။ မေပ်က္ေသးလို့ အဘၾကီးတစ္ေယာက္က သူသိထားတဲ့ ေဆးနည္းကို စမ္းၾကည့္ဖို့ ေျပာလာတာနဲ့ စမ္းၾကည့္လိုက္တာ တကယ္လက္ေတြ ့ေပ်ာက္ကင္းခဲ့ပါတယ္။
သူငယ္ခ်င္းတစ္ေယာက္ကလည္း ဒူးနာလို့ ဒီေဆးနည္းကို စမ္းၾကည့္လိုက္တာ တကယ္ေပ်ာက္သြားလို့ ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။ ဒါ့ေၾကာင့္ ဒီေဆးနည္းေလးကို က်န္းမာေရးသတင္းမ်ားကေန အမ်ားသိေအာင္ မွ်ေ၀ေပးေစခ်င္ပါတယ္။
ေဆးနည္းကေတာ့-
၁။ သေဘၤာသီးအစိမ္းတစ္လံုးကို ထိပ္ပိုင္းေနရာမွ ၾကက္ဥတစ္လံုးစာခန့္ ပိုင္းျဖတ္လိုက္ပါ။ အတြင္းမွ အေစ့မ်ားကိုလည္း မထုတ္ပဲ ထားပါ။
၂။ ၾကက္ဥကို အလံုးလိုက္ ထည့္လိုက္ပါ။ (သဘာ၀ၾကက္ဥ၊ ေတာၾကက္ဥ ဆိုလွ်င္ ပိုေကာင္းပါသည္)
၃။ ပိုင္းျဖတ္ထားသည့္ အပိုင္းျဖင့္ ျပန္အုပ္လိုက္ပါ။ သူ့အေစးႏွင့္သူ ျပန္ကပ္ပါသည္။ ပိုျပီး စိတ္ခ်ခ်င္လွ်င္ ရြံ ့ေစးမ်ားျဖင့္ အုပ္ေပးထားႏုိင္ပါသည္။
၄။ ၄င္းသေဘၤာသီးကို မီးဖိုထဲမွာ မီးဖုတ္ေပးပါ။ ေပ်ာ့အိျပီး အတြင္းမွ ၾကက္ဥ က်က္သြားသည့္အထိ ဖုတ္ပါ။
၅။ ျပီးလွ်င္ အခြံကို ခြါခ်လိုက္ျပီး အတြင္းမွ ၾကက္ဥကို စားရမွာျဖစ္ပါတယ္။ သေဘၤာသီးကိုေတာ့ စားစရာမလိုပါ။
တစ္ပတ္ကို (၁)ၾကိမ္နဲ့ (၃)ပတ္ခန့္ စားေပးပါက ဒူးနာ၊ ခါးနာမ်ား သက္သာေပ်ာက္ကင္းသြားပါလိမ့္မယ္။
အစာလည္းေဆး၊ ေဆးလည္းအစာဆိုသလို လက္ေတြ့ေပ်က္ကင္းႏိုင္သည့္ သဘာ၀ကုထံုး ေဆးနည္းေလးမို ့ ျပန္လည္မွ်ေ၀ေပးလိုက္ရပါတယ္။

ေစာႏြဲ ့ေနဆိုင္(ပူတာအို)
က်န္းမာေရးသတင္းမ်ား
မူရင္းလင့္ - www.facebook.com/pages/က်န္းမာေရးသတင္းမ်ား/231741783686751

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လြင္႔ေမာင္ေမာင္(ထား၀ယ္) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger