Latest Post
Showing posts with label နက္ခတ္တဗေဒ. Show all posts

9:31 PM
(၁) ယေဘုယျအားဖြင့်လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော ဂြိုဟ်များ
ရာသီဇာတာ၌ တစ်ရာသီတည်းတွင်အတူတကွရှိကြလျှင် ယင်းတို့ကို ပူးသည်ဟု ဆိုနိုင်ပါသည်။
(၂) အတိအကျ ဆိုရလျှင် လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော
ဂြိုဟ်များတစ်ရာသီတည်းတွင်အတူတကွရှိကြ၍ ၄င်းတို့၏ အံသာခြားနားချက်မှာ ၈ အံသာ
(တချို့ဆရာများက ၁၀ အံသာ ) အတွင်းရှိမှ ၄င်းတို့ကို ပူးသည်ခေါ်သည်။
(၃) လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော ဂြိုဟ်များသည်ရာသီဇာတာ၊နဝင်းဇာတာနှစ်ခုစလုံးတွင် တစ်ရာသီတည်း၌ အတူတကွရှိကြ
လျှင် ပူးပေါင်းမှု အားကောင်းဆုံးဖြစ်သည် ။
ဂြိုဟ်မြင်
ဤနေရာတွင် မြင်မှုအားနည်းသော ၁ပါဒ် ၊ ၂ပါဒ် ၊ ၃ပါဒ် အမြင်များကို ချန်လှပ်၍ မြင်မှုအားကောင်းသော ရာနှုန်းပြည့် ၄ ပါဒ် အမြင်ကိုသာ ဖော်ပြပါမည် ။
တနင်္ဂနွေ မှ စနေ ဂြိုဟ် အထိ ဂြိုဟ်(၇)လုံးသည် ၁၂ရာသီစက်ဝန်းကို လက်ဝဲရစ် လှည့်ပတ်ကြသည်။ ထို့ကြောင့်ဂြိုဟ်အမြင် တန့်ကိုရေတွက်လျှင် ၄င်းတို့ရပ်တည်သောရာသီအိမ်မှစတင်၍ လက်ဝဲရစ်အတိုင်း ၁တန့် ၊ ၂တန့် စသည်ဖြင့် ရေတွက်ရပါမည် ။
(က) တနင်္ဂနွေ မှ စနေ အထိ ဂြိုဟ် (၇)လုံးသည် မိမိရပ်တည်သည့်ရာသီမှ (၇)တန့်ဘာဝ(သမသတ်ရာသီ) ကိုလည်းကောင်း၊ ၄င်းရာသီ၌ ရပ်တည်သော ဂြိုဟ်များနှင့် လဂ်ကိုသော်လည်းကောင်း (၄) ပါဒ်ပြည့် အမြင်ဖြင့် မြင်ကြလေသည် ။
(ခ) အင်္ဂါဂြိုဟ်သည် (၄)တန့်ဘာဝ နှင့် (၈)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏ ။
(ဂ) ကြာသပတေးဂြိုဟ်သည် (၅)တန့်ဘာဝ နှင့် (၉)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏။
(ဃ) စနေဂြိုဟ်သည် (၃)တန့်ဘာဝ နှင့် (၁၀)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏။
ဂြိုဟ်တို့၏ အမြင်ကင်းသော ဘာဝတို့ မှာ ၁တန့် ၊ ၂ တန့် ၊ ၆ တန့် ၊ ၁၁ တန့် နှင့် ၁၂ တန့် တို့ဖြစ်ပါသည် ဂြိုဟ်အမြင်များကို မှတ်မိလွယ်စေရန် အောက်ပါဇယား ကို ကြည့်ပါ ။
(င) ရာဟု ဂြိုဟ်သည် ၁၂ရာသီစက်ဝန်းကို လက်ယာရစ် လှည့်ပတ်သည်။
ထို့ကြောင့် ရာဟုဂြိုဟ်၏ဂြိုဟ်အမြင် တန့်ကိုရေတွက်လျှင်
၎င်းရပ်တည်သောရာသီအိမ်မှစတင်၍ လက်ယာရစ်အတိုင်း ၁တန့် ၊ ၂တန့်
စသည်ဖြင့် ရေတွက်ရပါမည် ။
ရာဟုဂြိုဟ်သည် ၅တန့် ၊ ၇တန့် ၊ ၉တန့် ၊ ၁၂တန့် ဘာဝတို့ကိုလည်းကောင်း ၊
၎င်းဘာဝတို့တွင်ရပ်တည်သော လဂ်နှင့်တကွ ဂြိုဟ်တို့ ကိုလည်းကောင်း (၄)ပါဒ်မြင်၏ ။
ဂြိုဟ်ပူးထက် ဂြိုဟ်မြင်က ပို၍ အားကောင်းပါသည်။
(၁)နာရီ ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
ဂြိုဟ်သမ္ဗန္ဓ(ဂြိုဟ်အချင်းချင်းဆက်သွယ်မှု)
ဂြိုဟ်သမ္ဗန္ဓ (၄)မျိုးရှိသည် ။
(၁) ဂြိုဟ်၂လုံးသည် ရာသီအိမ်ချင်းဖလှယ်၍ ရပ်တည်ကြလျှင် ၄င်းဂြိုဟ် ၂ လုံးတို့ ပထမသမ္ဗန္ဓပြုကြသည် ။ (ပုံ တွင်ရှု)
တနင်္ဂနွေသည် ကြာပတေးပိုင်မိန်ရာသီတွင်ရပ်တည် ၍ ကြာသပတေးသည် တနင်္ဂနွေပိုင် သိဟ်ရာသီတွင်ရပ်တည်နေသည်။
ထို့ကြောင့် တနင်္ဂနွေနှင့် ကြာသပတေး တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
-တနလာင်္သည် အင်္ဂါပိုင်မိဿရာသီတွင်ရပ်တညိ၍ အင်္ဂါသည် တနင်္လာပိုင် ကရကဋ်ရာသီတွင်ရပ်တည်နေသည်။
ထို့ကြောင့် တနင်္လာ နှင့် အင်္ဂါ တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
-ထိုနည်းတူစွာ ဗုဒ္ဓဟူးနှင့် စနေ တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
(၂) ဂြိုဟ်နှစ်လုံးတို့သည် တစ်လုံးကိုတစ်လုံး အပြန်အလှန်၎ပါဒ်အပြည့်မြင်ကြလျှင်
၎င်းဂြိုဟ်၂လုံးသည်သည် ဒုတိယသမ္ဗန္ဓပြုကြသည် ။
(ပုံ တွင်ရှု)
-တနင်္လာ နှင့် သောကြာ တို့သည်အချင်းချင်း သမသတ်(၇တန့်)အမြင်ဖြင့် အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
--အင်္ဂါသည် စနေကို ၄တန့် ဖြင့်လည်းကောင်း ၊ စနေသည် အင်္ဂါကို ၁၀တန့်ဖြင့် လည်းကောင်း အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
--ကြာသပတေး သည် ရာဟုကို ၉တန့် ဖြင့်လည်းကောင်း ၊ ရာဟုသည် ကြာသပတေးကို ၅တန့်ဖြင့် လည်းကောင်း အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
(၃)ဂြိုဟ်တစ်လုံးသည်မိမိရပ်တည်သော အိမ်ရှင်ဂြိုဟ်ကိုမြင်၍ ၄င်းအိမ်ရှင်ဂြိုဟ်သည်
မိမိရာသီ၌ရပ်တည်သော ဂြိုဟ်ကိုမမြင်လျှင် ၄င်းဂြိုဟ်၂လုံးသည် တတိယသမ္ဗန္ဓ ပြုသည် ။
(ပုံ တွင်ရှု)
- ကြာသပတေး က တနင်္ဂနွေကို မြင်၍ တနင်္ဂနွေက သြပတေးကိုမမြင်ပါ ။
ထို့ကြောင့် ကြာသပတေး နှင့် တနင်္ဂနွေ တတိယသမ္ဗန္ဓ ပြုသည် ။
- စနေ က တနင်္လာကိုမြင်၍ တနင်္လာက စနေကိုမမြင်ပါ ။
ထို့ကြောင့် စနေ နှင့် တနင်္လာ တတိယသမ္ဗန္ဓ ပြုသည် ။
(၄) ဂြိုဟ်၂လုံးသည် တစ်ရာသီတည်း၌ အတူရှိကြလျှင် ၄င်းတို့သည်စတုတ္ထသမ္ဗန္ဓပြုကြသည်။
နက္ခတ္တဗေဒအခြေခံ ( ၂ )
Written By လွင့်မောင်မောင် on Wednesday, July 24, 2013 | 9:31 PM

နက္ခတ္တဗေဒအခြေခံ ( ၂ )
ဂြိုဟ်ပူး ၊ ဂြိုဟ်မြင် နှင့် ဂြိုဟ်သမ္ဗန္ဓ
ဂြိုဟ်ပူး (၁) ယေဘုယျအားဖြင့်လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော ဂြိုဟ်များ
ရာသီဇာတာ၌ တစ်ရာသီတည်းတွင်အတူတကွရှိကြလျှင် ယင်းတို့ကို ပူးသည်ဟု ဆိုနိုင်ပါသည်။
(၂) အတိအကျ ဆိုရလျှင် လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော
ဂြိုဟ်များတစ်ရာသီတည်းတွင်အတူတကွရှိကြ၍ ၄င်းတို့၏ အံသာခြားနားချက်မှာ ၈ အံသာ
(တချို့ဆရာများက ၁၀ အံသာ ) အတွင်းရှိမှ ၄င်းတို့ကို ပူးသည်ခေါ်သည်။
( မည်သို့ဆိုစေဂြိုဟ်တို့သည်တစ်လုံးနှင့်တစ်လုံးအံသာနီးလေပေူးပေါင်းမှုအားကောင်းလေလေဖြစ်သည်။)
(၃) လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော ဂြိုဟ်များသည်ရာသီဇာတာ၊နဝင်းဇာတာနှစ်ခုစလုံးတွင် တစ်ရာသီတည်း၌ အတူတကွရှိကြ
လျှင် ပူးပေါင်းမှု အားကောင်းဆုံးဖြစ်သည် ။
ဂြိုဟ်မြင်
ဤနေရာတွင် မြင်မှုအားနည်းသော ၁ပါဒ် ၊ ၂ပါဒ် ၊ ၃ပါဒ် အမြင်များကို ချန်လှပ်၍ မြင်မှုအားကောင်းသော ရာနှုန်းပြည့် ၄ ပါဒ် အမြင်ကိုသာ ဖော်ပြပါမည် ။
တနင်္ဂနွေ မှ စနေ ဂြိုဟ် အထိ ဂြိုဟ်(၇)လုံးသည် ၁၂ရာသီစက်ဝန်းကို လက်ဝဲရစ် လှည့်ပတ်ကြသည်။ ထို့ကြောင့်ဂြိုဟ်အမြင် တန့်ကိုရေတွက်လျှင် ၄င်းတို့ရပ်တည်သောရာသီအိမ်မှစတင်၍ လက်ဝဲရစ်အတိုင်း ၁တန့် ၊ ၂တန့် စသည်ဖြင့် ရေတွက်ရပါမည် ။
(က) တနင်္ဂနွေ မှ စနေ အထိ ဂြိုဟ် (၇)လုံးသည် မိမိရပ်တည်သည့်ရာသီမှ (၇)တန့်ဘာဝ(သမသတ်ရာသီ) ကိုလည်းကောင်း၊ ၄င်းရာသီ၌ ရပ်တည်သော ဂြိုဟ်များနှင့် လဂ်ကိုသော်လည်းကောင်း (၄) ပါဒ်ပြည့် အမြင်ဖြင့် မြင်ကြလေသည် ။
(ခ) အင်္ဂါဂြိုဟ်သည် (၄)တန့်ဘာဝ နှင့် (၈)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏ ။
(ဂ) ကြာသပတေးဂြိုဟ်သည် (၅)တန့်ဘာဝ နှင့် (၉)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏။
(ဃ) စနေဂြိုဟ်သည် (၃)တန့်ဘာဝ နှင့် (၁၀)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏။
ဂြိုဟ်တို့၏ အမြင်ကင်းသော ဘာဝတို့ မှာ ၁တန့် ၊ ၂ တန့် ၊ ၆ တန့် ၊ ၁၁ တန့် နှင့် ၁၂ တန့် တို့ဖြစ်ပါသည် ဂြိုဟ်အမြင်များကို မှတ်မိလွယ်စေရန် အောက်ပါဇယား ကို ကြည့်ပါ ။
(င) ရာဟု ဂြိုဟ်သည် ၁၂ရာသီစက်ဝန်းကို လက်ယာရစ် လှည့်ပတ်သည်။
ထို့ကြောင့် ရာဟုဂြိုဟ်၏ဂြိုဟ်အမြင် တန့်ကိုရေတွက်လျှင်
၎င်းရပ်တည်သောရာသီအိမ်မှစတင်၍ လက်ယာရစ်အတိုင်း ၁တန့် ၊ ၂တန့်
စသည်ဖြင့် ရေတွက်ရပါမည် ။
ရာဟုဂြိုဟ်သည် ၅တန့် ၊ ၇တန့် ၊ ၉တန့် ၊ ၁၂တန့် ဘာဝတို့ကိုလည်းကောင်း ၊
၎င်းဘာဝတို့တွင်ရပ်တည်သော လဂ်နှင့်တကွ ဂြိုဟ်တို့ ကိုလည်းကောင်း (၄)ပါဒ်မြင်၏ ။
ဂြိုဟ်ပူးထက် ဂြိုဟ်မြင်က ပို၍ အားကောင်းပါသည်။
(၁)နာရီ ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
နက္ခတ္တဗေဒအခြေခံ ( ၃ )
ဂြိုဟ်သမ္ဗန္ဓ(ဂြိုဟ်အချင်းချင်းဆက်သွယ်မှု)
ဂြိုဟ်သမ္ဗန္ဓ (၄)မျိုးရှိသည် ။
(၁) ဂြိုဟ်၂လုံးသည် ရာသီအိမ်ချင်းဖလှယ်၍ ရပ်တည်ကြလျှင် ၄င်းဂြိုဟ် ၂ လုံးတို့ ပထမသမ္ဗန္ဓပြုကြသည် ။ (ပုံ တွင်ရှု)
တနင်္ဂနွေသည် ကြာပတေးပိုင်မိန်ရာသီတွင်ရပ်တည် ၍ ကြာသပတေးသည် တနင်္ဂနွေပိုင် သိဟ်ရာသီတွင်ရပ်တည်နေသည်။
ထို့ကြောင့် တနင်္ဂနွေနှင့် ကြာသပတေး တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
-တနလာင်္သည် အင်္ဂါပိုင်မိဿရာသီတွင်ရပ်တညိ၍ အင်္ဂါသည် တနင်္လာပိုင် ကရကဋ်ရာသီတွင်ရပ်တည်နေသည်။
ထို့ကြောင့် တနင်္လာ နှင့် အင်္ဂါ တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
-ထိုနည်းတူစွာ ဗုဒ္ဓဟူးနှင့် စနေ တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
(၂) ဂြိုဟ်နှစ်လုံးတို့သည် တစ်လုံးကိုတစ်လုံး အပြန်အလှန်၎ပါဒ်အပြည့်မြင်ကြလျှင်
၎င်းဂြိုဟ်၂လုံးသည်သည် ဒုတိယသမ္ဗန္ဓပြုကြသည် ။
(ပုံ တွင်ရှု)
-တနင်္လာ နှင့် သောကြာ တို့သည်အချင်းချင်း သမသတ်(၇တန့်)အမြင်ဖြင့် အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
--အင်္ဂါသည် စနေကို ၄တန့် ဖြင့်လည်းကောင်း ၊ စနေသည် အင်္ဂါကို ၁၀တန့်ဖြင့် လည်းကောင်း အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
--ကြာသပတေး သည် ရာဟုကို ၉တန့် ဖြင့်လည်းကောင်း ၊ ရာဟုသည် ကြာသပတေးကို ၅တန့်ဖြင့် လည်းကောင်း အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
မိမိရာသီ၌ရပ်တည်သော ဂြိုဟ်ကိုမမြင်လျှင် ၄င်းဂြိုဟ်၂လုံးသည် တတိယသမ္ဗန္ဓ ပြုသည် ။
(ပုံ တွင်ရှု)
- ကြာသပတေး က တနင်္ဂနွေကို မြင်၍ တနင်္ဂနွေက သြပတေးကိုမမြင်ပါ ။
ထို့ကြောင့် ကြာသပတေး နှင့် တနင်္ဂနွေ တတိယသမ္ဗန္ဓ ပြုသည် ။
- စနေ က တနင်္လာကိုမြင်၍ တနင်္လာက စနေကိုမမြင်ပါ ။
ထို့ကြောင့် စနေ နှင့် တနင်္လာ တတိယသမ္ဗန္ဓ ပြုသည် ။
(၄) ဂြိုဟ်၂လုံးသည် တစ်ရာသီတည်း၌ အတူရှိကြလျှင် ၄င်းတို့သည်စတုတ္ထသမ္ဗန္ဓပြုကြသည်။
Labels:
နက္ခတ္တဗေဒ
6:51 AM
နက္ခတ္တဗေဒအခြေခံ (၁) ဆရာမင်း မှတ်စု
(၁၀)နာရီ အတွင်းဇာတာတစ်စောင်ကို ဖတ်တတ်ရမည်
နက္ခတ္တဗေဒ တွင်
(၁) တွက်ချက်မှု(ဂဏိတ)နှင့်
(၂) ဟောပြောမှု (ဖလိတ) ဟူ၍ နှစ်ပိုင်းရှိသည်။
ကျွန်ုပ်အနေဖြင့် ၊ ဗေဒင်ဆောင်းပါးများကိုဗဟုသုတအနေဖြင့် လေ့လာလိုသော ဗေဒင်ဝါသနာရှင်များအတွက်
ကိုသာရည်ရွယ်၍ ဤနက္ခတ္တဗေဒအခြေခံကို ဖော်ပြမည် ဖြစ်ပါသဖြင့် တွက်ချက်မှုပညာ (ဂဏိတဗေဒ)ကိုချန်လှပ်၍
ဟောပြောမှုပညာ(ဖလိတဗေဒ) ၏ အခြေခံများကိုသာရေးသားဖော်ပြပေးပါမည် ။
အထူးသဖြင့် ကျွန်ုပ်ဖော်ပြနေသော “ကုန်းဘောင်မင်းဆက်ဇာတာတော်များ” ကို အချိန်တိုအတွင်း
လွယ်ကူစွာလေ့လာနိုင်ရန် ရည်ရွယ်ပါသည်။
*******************************************************************
ဤနေစကြာဝဠာတွင် Ecliptic ခေါ် နေ(sun)သွားရာ တစ်နှစ်ပတ် စက်ဝန်းလမ်းကြောင်းကို နောက်ခံကြယ်တာယာ
အစုအဝေး(နက္ခတ်)များအားအမှတ်အသားပြု၍ ၊ ၁၂ ပိုင်းညီညာစွာပိုင်းထားသည် ။
ကျွန်ုပ်တို့ ကမ္ဘာ ကို အလယ်ဗဟိုထားသောဤ စက်ဝန်းသည် ၃၆၀ံ (၃၆၀ အံသာ) ရှိ သောကြောင့် ၊ ၁၂ ပိုင်းညီညာစွာ
ပိုင်းသောအခါ ၊တစ်ပိုင်းကို ၃၀ံ (၃၀ အံသာ) စီရှိသော အပိုင်း ၁၂ ပိုင်း ရရှိသည်။
၎င်း ၃၀ံ ရှိသော အပိုင်းတစ်ခုကို တစ်ရာသီ ဟုသတ်မှတ်သည် ။ ထို့ ကြောင့် ၃၆၀ံ အတွက် ၁၂ ရာသီ စက်ဖြစ်ပေါ်လာသည် ။
ပုံ - ၁ -
ရာသီအမည် ရာသီသင်္ချာသင်္ကေတ
မိဿ ဝ
ပြိဿ ၁
မေထုန် ၂
ကရကဋ် ၃
သိဟ် ၎
ကန် ၅
တူ ၆
ၿဗိစ ၦာ ၇
ဓနု ၈
မကာရ ၉
ကုမ် ၁၀
မိန် ၁၁
ဂြိုဟ်အမည် သင်္ချာသင်္ကေတ
တနင်္ဂနွေ (နေ) = ၁
တနင်္လာ (စန်း) = ၂
အင်္ဂါ = ၃
ဗုဒ္ဓဟူး = ၎
ကြာသပတေး = ၅
သောကြာ = ၆
စနေ = ဝ
ရာဟု = ၈ (အရိပ်ဂြိုဟ်)
ကိတ် = ၉
ကသစ်ဂြိုဟ်(ရာသီသခင်ဂြိုဟ်(သို့) အိမ်ရှင်ဂြိုဟ် )
မိဿရာသီမှစတင်၍ “စ ၊ သာ ၊ ရွှေ ၊ ကူ ၊ အင်း ၊ ဝ ၊ သူ ၊ ဆန် ၊ ဖြူ ၊ တ ၊ တင်း ၊ ပေး ” ဟု အလွယ်မှတ်သားနိုင်သည်။
ပုံ - ၂

လဂ်
ဇာတာခွင်တစ်ခုကိုကြည့်လျှင် “လ” ဟူသောအက္ခရာကို တွေ့မည်ဖြစ်သည် ။
“လ” သည် “လဂ်” ၏အတိုကောက်ဖြစ်သည် ။ လဂ် သည် ပေါ်ပေါက်ခြင်း ၊ စတင်ခြင်း ဟုအဓိပ္ပာယ်ရသော သက္ကဋစကားလုံး “လဂ္ဂဏ” ကိုအတိုကောက်ရေးထားခြင်းဖြစ်သည်။
ဗေဒင်ပညာတွင် “ဘဝစတင်ခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်သည် ။
မွေးဖွားချိန်အပေါ်မူတည်၍ တွက်ထားသော လဂ်ကို ဇနမလဂ် (တနည်း) ဥဒယလဂ် (တနည်း) မူလလဂ် ဟုခေါ်သည်။
အတန့်
လဂ် တည်သောရာသီမှ စတင်၍ ၁ တန့် ၊ ၂တန့် ၊ ၃တန့်……………………၊၁၂တန့် စည်ဖြင့် လက်ဝဲရစ် (anticlockwise)
အတိုင်းရေတွက်သည်။
ပုံ - ၃ -

ဘာဝ
ဤအတန့်များကို ပင် ဘာဝဟုအောက်ပါအတိုင်းအမည်သတ်မှတ်ထားပါသည်။
၁တန့်ဘာဝ = တနုဘာဝ ( ကျန်းမာရေး ၊ကိုယ်ခန္ဓာ၊ကိုယ်ရေးကိုယ်တာ၊အလုပ်ကိုင်၊သြဇာအာဏာ)
၂တန့်ဘာဝ = ကဋုမ္ဗဘာဝ ( အလုပ်အကိုင် ၊ စီးပွားဥစ္စာ ၊ အိမ်ထောင်ရေး၊စကားအပြောအဆို)
၃တန့်ဘာဝ = သဟဇဘာဝ (ညီအကိုမောင်နှမ ၊ ဆွေမျိုး ၊ရဲစွမ်းသတ္တိ)
၎တန့်ဘာဝ = ဗန္ဓုဘာဝ (မိခင် ၊ မိတ်ဆွေ ၊ အကြံအစည် ၊ အသည်း နှလုံး ၊
ပညာရေး၊နေအိမ်နှင့်မရွေှ့ပြောင်းနိုင်သောအရာ)
၅တန့်ဘာဝ = ပုတြဘာဝ (သားသမီး ၊ ပညာရေး ၊ ဘုန်းတန်ခိုး ၊ ပစ္စုပ္ပန်ဘဝကံပါရမီ )
၆တန့်ဘာဝ = အရိဘာဝ (ရန်သူ ၊အနှောက်အယှက်ခိုက်ရန်ဒေါသ၊အနာရောဂါ၊မိခင်ဘက်မှဦးလေး၊ ဒေါ်လေး )
၇တန့်ဘာဝ = ပထနီဘာဝ (လက်တပ်ခြင်း၊ အိမ်ထောင်ရေး ၊ အိမ်ထောင်ဖက်၏ကံကြမ္မာ ၊ သုခ)
၈တန့်ဘာဝ = မရဏဘာဝ (ဖျားနာခြင်း ၊ ရောဂါဝေဒနာခံစားရခြင်း ၊သေဆုံးခြင်း ၊နိုင်ငံခြားခရီး )
၉တန့်ဘာဝ = သုဘဘာဝ (ဖခင် ၊ဘာသာရေး ၊ အကျင့်စာရိတ္တ ၊ အတိတ်ကံပါရမီ ၊ဆရာ)
၁၀တန့်ဘာဝ = ကမ္မဘာဝ (အလုပ်အကိုင် ၊ အကြံအစည် ၊ ခရီးယာယီ ၊ မင်း အစိုးရနှင့်ပတ်သက်သောကိစ္စ ၊
နိုင်ငံရေးသြဇာအာဏာ၊ထင်ပေါ်ကျော်ကြားမှု)
၁၁ တန့်ဘာဝ = လာဘဘာဝ (လာဘ်ရွှင်ခြင်း ၊ လူချစ်လူခင်ပေါများခြင်း )
၁၂တန့်ဘာဝ = ဗျာယဘာဝ ( ပျက်စီးခြင်း ၊ ရောဂါခံစားရခြင်း ၊ စိတ်ဆင်းရဲမှုခံစားရခြင်း၊နိုင်ငံခြားခရီး )
(လောလောဆယ် ၁တန့်ဘာဝ ၊ ၂တန့်ဘာဝ၊ ၃တန့်ဘာဝ စသည့် ကိန်း များဖြင့်မှတ် လျှင်ရပါပြီ)
ဘာဝသခင်ဂြိုဟ်
ဘာဝသခင်ဂြိုဟ် ဆိုသည်မှာ ၁တန့် ၊ ၂တန့် ………၁၂တန့် ကျသော ရာသီ၏ ရာသီသခင်ဂြိုဟ်ပင်ဖြစ်သည် ။

ဥပမာ ၁ ။ ။ လဂ် တည်သောရာသီသည် ကရကဋ်ရာသီ ဖြစ်ပါက
၁ တန့်ဘာဝသခင်ဂြိုဟ် = တနင်္လာ (၂) (ကူ) ကရကဋ်
၂ တန့်ဘာဝသခင်ဂြိုဟ် = တနင်္ဂနွေ (၁) (အင်း) သိဟ်
၃တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄) ( ဝ ) ကန်
၎ တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆) ( သူ ) တူ
၅ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃) ( ဆန် ) ဗြိစ္ဆာ
၆ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅) (ဖြူ) ဓနု
၇တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀) ( တ ) မကာရ
၈တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀) ( တင်း) ကုမ်
၉ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅) ( ပေး ) မိန်
၁၀ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃) (စ) မိဿ
၁၁ တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆) (သာ) ပြိဿ
၁၂ တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄) (ရွှေ) မေထုန်
ဥပမာ ၂ ။ ။ လဂ် တည်သောရာသီသည် သိဟ်ရာသီ ဖြစ်ပါက
၁တန့်ဘာဝသခင်ဂြိုဟ် = တနင်္ဂနွေ (၁) (အင်း) သိဟ်
၂တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄) ( ဝ ) ကန်
၃တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆) ( သူ ) တူ
၎ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃) ( ဆန် ) ဗြိစ္ဆာ
၅ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅) (ဖြူ) ဓနု
၆ တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀) ( တ ) မကာရ
၇ တန့်ဘာဝသခင်ဂြိုဟ် = စနေ (၀) ( တင်း) ကုမ်
၈ တန့်ဘာဝသခင်ဂြိုဟ် = ကြာသပတေး (၅) ( ပေး ) မိန်
၉ တန့်ဘာဝသခင်ဂြိုဟ် = အင်္ဂါ (၃) (စ) မိဿ
၁၀ တန့်ဘာဝသခင်ဂြိုဟ် = သောကြာ (၆) (သာ) ပြိဿ
၁၁ တန့်ဘာဝသခင်ဂြိုဟ် = ဗုဒ္ဓဟူး(၄) (ရွှေ) မေထုန်
၁၂ တန့်ဘာဝသခင်ဂြိုဟ် = တနင်္လာ (၂) (ကူ) ကရကဋ်
၄၅ မိနစ်ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
===============================================
ဥစ် နှင့် နိစ်
ြ၈ိုဟ်များနှင့် ၄င်းတို့၏ ဥစ်ရာသီများ၏
ဟု အလွယ် မှတ်နိုင်သည်။
ြ၈ိုဟ်များနှင့် ၄င်းတို့၏ နိစ်ရာသီများ
ဥစ်၏ဆန့်ကျင်ဘက်သည် နိစ် ဖြစ်သည် ။
ြ၈ိုဟ်များနှင့် ၄င်းတို့၏ နိစ်ရာသီများ
တနင်္ဂနွေ ၏ နိစ်ရာသီ မှာ တူ ၊ တနင်္လာ ၏ နိစ်ရာသီ မှာ ဗြိစ္ဆာ
အင်္ဂါ ၏ နိစ်ရာသီမှာ ကရကဋ် ၊ ဗုဒ္ဓဟူး ၏ နိစ်ရာသီ မှာ မိန်
ကြာသပတေး ၏ နိစ်ရာသီ မှာ မကာရ ၊ သောကြာ ၏ နိစ်ရာသီ မှာ ကန်
စနေ ၏ နိစ်ရာသီ မှာ မိဿ ၊ ရာဟု ၏ နိစ်ရာသီ မှာ ဓနု နှင့်
ကိတ် ၏ နိစ်ရာသီ မှာ မေထုန် ရာသီ အသီးသီး ဖြစ်ကြပါသည် ။
(ပုံတွင်ရှု )
ကသစ် ၊ဥစ် နှင့် နိစ် ဂြိုဟ်များသည် ပုံသေဖြစ်ပါသည်။
အလွတ်မရသေးလျှင် ရာသီစက်နှင့်တိုက်ကြည့်ပါ ။
ဥပစ္စည်းအိမ်(ဥပစယ အိမ်)
လဂ် မှ ၃ တန့် ၊ ၆ တန့် ၊ ၁၀ တန့် ၊၁၁ တန့် ဘာဝ တို့ကို ဥပစ္စည်းအိမ်ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို ဥပစ္စည်းအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
ကိန်းအိမ်
လဂ်မှ ၁ တန့် ၊ ၄တန့် ၊ ၇ တန့် ၊ ၁၀ တန့် ဘာဝ များကို ကိန်းအိမ်ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို
ကိန်းအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
(မိမိဖာသာရာသီပုံဆွဲ လဂ်တပ်၍ ကိန်းအိမ်များသတ်မှတ်ကြည့်ပါ ။)
၎င်းဘာဝ (၄)ခုသည် စတုရန်းပုံဖြစ်နေပါလိမ့်မည် ။
တြိကောဏအိမ်
လဂ်မှ ၁ တန့် ၊ ၅ တန့် ၊ ၉တန့် ဘာဝ များကို တြိကောဏအိမ် ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို
တြိကောဏအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
(မိမိဖာသာရာသီပုံဆွဲ လဂ်တပ်၍ တြိကောဏအိမ်များသတ်မှတ်ကြည့်ပါ ။)
၎င်းဘာဝ (၃)ခုသည် တြိဂံပုံ ဖြစ်နေပါလိမ့်မည် ။
ဥပစ္စည်းအိမ်ရှင်၊ ကိန်းအိမ်ရှင် ၊ တြိကောဏအိမ်ရှင် ဂြိုဟ်များသည် လဂ်တည်သောရာသီအလိုက်ပြောင်းလဲနေမည်ဖြစ်သည် ။

ဆက်လက်ဖော်ပြပါမည်။
နက္ခတ္တဗေဒအခြေခံ (၁)
Written By လွင့်မောင်မောင် on Friday, June 7, 2013 | 6:51 AM

![]() |
| မိဿ ရာသီမှ နာရီလက်တံပြောင်းပြန်(anticlockwise) ဦးတည်ဘက်အတိုင်းရေတွက်ပါသည်။ မိန်ရာသီနှင့်မိဿရာသီအစပ်သည် ၀ံ ဖြစ်သည်။ |

တနင်္ဂနွေ ၏ ဥစ်ရာသီ မှာ မိဿ ၊
တနင်္လာ ၏ ဥစ်ရာသီ မှာ ပြိဿ
အင်္ဂါ ၏ ဥစ်ရာသီ မှာ မကာရ ၊
အင်္ဂါ ၏ ဥစ်ရာသီ မှာ မကာရ ၊
ဗုဒ္ဓဟူး ၏ ဥစ်ရာသီ မှာ ကန်
ကြာသပတေး ၏ ဥစ်ရာသီ မှာ ကရကဋ် ၊
ကြာသပတေး ၏ ဥစ်ရာသီ မှာ ကရကဋ် ၊
သောကြာ ၏ ဥစ်ရာသီ မှာ မိန်
စနေ ၏ ဥစ်ရာသီ မှာ တူ ၊
စနေ ၏ ဥစ်ရာသီ မှာ တူ ၊
ရာဟု ၏ ဥစ်ရာသီ မှာ မေထုန် နှင့်
ကိတ် ၏ ဥစ်ရာသီ မှာ ဓနု ရာသီ သီးသီး ဖြစ်ကြပါသည် ။(ပုံတွင်ရှု )
(ကောင်း ၊ အောင် ၊သာ ၊ ဘယ် ၊ ညာ ၊ လက် ၊နှင့် ၊ ရေး )ကိတ် ၏ ဥစ်ရာသီ မှာ ဓနု ရာသီ သီးသီး ဖြစ်ကြပါသည် ။(ပုံတွင်ရှု )
ဟု အလွယ် မှတ်နိုင်သည်။
ြ၈ိုဟ်များနှင့် ၄င်းတို့၏ နိစ်ရာသီများ
ဥစ်၏ဆန့်ကျင်ဘက်သည် နိစ် ဖြစ်သည် ။
ြ၈ိုဟ်များနှင့် ၄င်းတို့၏ နိစ်ရာသီများ
တနင်္ဂနွေ ၏ နိစ်ရာသီ မှာ တူ ၊ တနင်္လာ ၏ နိစ်ရာသီ မှာ ဗြိစ္ဆာ
အင်္ဂါ ၏ နိစ်ရာသီမှာ ကရကဋ် ၊ ဗုဒ္ဓဟူး ၏ နိစ်ရာသီ မှာ မိန်
ကြာသပတေး ၏ နိစ်ရာသီ မှာ မကာရ ၊ သောကြာ ၏ နိစ်ရာသီ မှာ ကန်
စနေ ၏ နိစ်ရာသီ မှာ မိဿ ၊ ရာဟု ၏ နိစ်ရာသီ မှာ ဓနု နှင့်
ကိတ် ၏ နိစ်ရာသီ မှာ မေထုန် ရာသီ အသီးသီး ဖြစ်ကြပါသည် ။
(ပုံတွင်ရှု )
ကသစ် ၊ဥစ် နှင့် နိစ် ဂြိုဟ်များသည် ပုံသေဖြစ်ပါသည်။
အလွတ်မရသေးလျှင် ရာသီစက်နှင့်တိုက်ကြည့်ပါ ။
ဥပစ္စည်းအိမ်(ဥပစယ အိမ်)
လဂ် မှ ၃ တန့် ၊ ၆ တန့် ၊ ၁၀ တန့် ၊၁၁ တန့် ဘာဝ တို့ကို ဥပစ္စည်းအိမ်ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို ဥပစ္စည်းအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
ကိန်းအိမ်
လဂ်မှ ၁ တန့် ၊ ၄တန့် ၊ ၇ တန့် ၊ ၁၀ တန့် ဘာဝ များကို ကိန်းအိမ်ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို
ကိန်းအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
(မိမိဖာသာရာသီပုံဆွဲ လဂ်တပ်၍ ကိန်းအိမ်များသတ်မှတ်ကြည့်ပါ ။)
၎င်းဘာဝ (၄)ခုသည် စတုရန်းပုံဖြစ်နေပါလိမ့်မည် ။
တြိကောဏအိမ်
လဂ်မှ ၁ တန့် ၊ ၅ တန့် ၊ ၉တန့် ဘာဝ များကို တြိကောဏအိမ် ဟုခေါ်၍ ၄င်းဘာဝ၏အိမ်ရှင်ြ၈ိုဟ်များကို
တြိကောဏအိမ်ရှင်ဂြိုဟ်ဟုခေါ်သည် ။
(မိမိဖာသာရာသီပုံဆွဲ လဂ်တပ်၍ တြိကောဏအိမ်များသတ်မှတ်ကြည့်ပါ ။)
၎င်းဘာဝ (၃)ခုသည် တြိဂံပုံ ဖြစ်နေပါလိမ့်မည် ။
ဥပစ္စည်းအိမ်ရှင်၊ ကိန်းအိမ်ရှင် ၊ တြိကောဏအိမ်ရှင် ဂြိုဟ်များသည် လဂ်တည်သောရာသီအလိုက်ပြောင်းလဲနေမည်ဖြစ်သည် ။
၄၅ မိနစ်ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
ဆက်လက်ဖော်ပြပါမည်။
Labels:
နက္ခတ္တဗေဒ
7:42 PM
တြိစက္ကဇာတာကို(၁၀ )မိနစ်အတွင်းတွက်နိုင်ပြီ
နက္ခတ္တဗေဒကိုဝါသနာပါသူတိုင်း Jagannatha Hora Software ဖြင့်
တြိစက္ကဇာတာကို(၁၀)မိနစ်အတွင်းတွက်နိုင်ပြီ။
- Jagannatha Hora Software .Version 7.64 ကို
http://www.vedicastrologer.org/jh/#download
မှာ Download လုပ် ပါ ။
Updateကိုပါ Down ပါ။
- ပြီး ရင် ကွန်ပျူတာတွင် Install လုပ်ပါ။ (လုပ်ဆောင်ရန်အလွန်လွယ်ပါသည်။)
- ပရိုဂရမ်ကို ဖွင့်ပါ ။
- Edit-> Birthdata ကိုclickပါ။

-အောက်ပါ အတိုင်း- မွေးနေ. မွေးချိန်- နှင့် မွေးဖွားရာ ဒေသ ကိုပေးသွင်းရန်-
Dialog Box ပေါ်လာပါမည်။

- မိမိ၏ Birthdate : Barthtime :City name (မွေးဖွားရာချက်မြှုပ်မြို့ ) တို့ကိုဖြည့်သွင်း ။
မိမိ၏မြို့ မရှိလျှင် အနီးဆုံးမြို့ ကိုယူပါ ။
- Calendar used တွင် Gregorian ကိုရွေး ။
- Barthtime ၏နောက်ဆုံးကွက်တွင် 0-24hrs ကိုရွေး။
-Gender: တွင် male သို့မဟုတ် female ကို ရွေး ။
-နိုင်ငံအတွက် ->USAတွင်မွေဖွားသူများအတွက် All the state in USA မှာရွေးပါ ။
-ကျန်နိုင်ငံများအတွက် All the countries (Except USA ) မှာရွေး ။
- Rest of the World ကို click လိုက်ရင်.. ဟော..!!
အောက်ဘက်က အကွက်တွေ အလိုလျှောက်ဖြည့်ပြီးသားဖြစ်နေပါလိမ့်မယ် ။
ကဲ.OK ကို နှိပ် ချလိုက်တော့ ။ ရာသီဇာတာ ၊ နဝင်းဇာတာ နှင့်အတူ အသင့်တွက်ပြီးသားData များစွာ
ကိုအောက်ပါအတိုင်းတွေ့ရမယ် ။
ဒါပေမဲ့ ဇာတာပုံစံက အသုံးပြုနေကျပုံစံ မဟုတ် ပါ။မြန်မာတို့အသုံးများသော
အိန္ဒိယ-အေ့ ရှတိုင်းပုံစံသို့ပြောင်းရမည်။
ဇာတာပုံစံကို ဒီလိုပြောင်းမယ်။
- Preference --> Related to Display --> Chart Style and Language ကို အဆင့်ဆင့်နှိပ်ပါ။
ပေါ်လာတဲ့- Language & Chart Style- Dialog Box ရဲ့ Choose the chart Style မှာ
East Indian frame ကို ရွေး ။ ကျန်တဲ့အကွက်တွေမှာ English ကိုရွေး။ OK နှိပ် ။
ဒီလိုပေါ်လာမယ်။

လာဟီရိ ဂြိုဟ်သွား ပြက္ခဒိန်မှ အာယာန အံသာ ကို အသုံးပြု တွက်ချက် စေရန် အတွက်
Preferences --> Related to Calculation --> Ayanamsa အတိုင်းအဆင့်ဆင့် နှိပ်ပါ။
ပုံမှာကြည့်ပါ ။

-Select Ayanamsa- Dialog Box ပေါ်လာတဲ့အခါ Lahiri (Chitrapaksha) ကိုရွေးပါ ။

- ဆက်၍- ရာဟုနှင့် ကိတ်တို့ကို တွက်ချက်ရန်-
Preferences --> Related to Calculation --> Planet Calculation Options အတိုင်းအဆင့်ဆင့် နှိပ်ပါ။

Planet Calculation Options - Dialog Box ကျလာတဲ့အခါ....
အတိအကျ နေရာ (True Position)၊( True Node) ဖြင့် တွက်စေရန် ရွေးပေးထား လိုက်ပါ။

လုပ်ဆောင်ချက် အားလုံးပြီးပါပြီ။
အသင့်တွက်ပြီး ၊ ရာသီ(Rasi) ၊ နဝင်း (Navamsa) ၊ ဘာဝ(House) နှင့်တကွ
ဒသာ(Dasa) ၊ ယုဂ် (Yogas ) ၊ ဂြိုဟ်စီး ဂြိုဟ်မြင် (Transits) ....စသည်Data
များစွာကိုစုံလင်စွာအောက်ပါအတိုင်းတွေ့ရမည်။
တြိစက္ကဇာတာကိုJagannatha Hora Software ဖြင့် (၁၀ )မိနစ်အတွင်းတွက်နိုင်ပြီ
Written By လွင့်မောင်မောင် on Sunday, December 23, 2012 | 7:42 PM

File -> Print Preview အတိုင်းဖွင့်ကြည့်ပါ ။ စာမျက်နှာ(၁၁) မျက်နှာရပါမည် ။
ရော ... Print လိုက်တော့ ။
ဤဇာတာပါ အတိုချုပ်စကားလုံးများ၏အဓိပ္ပာယ်များ
As=Ascendent=Lagna=လဂ္ဂဏ=လဂ် (မြန်မာဇာတာတွင် “ လ ” ဟုရေးသည်)
Su=Sun =တနင်္ဂနွေဂြိုဟ် (မြန်မာဇာတာတွင် “ ၁ ” ဟုရေးသည်)
Mo=Moon=တနင်္လဂြိုဟ်(မြန်မာဇာတာတွင် “ ၂ ” ဟုရေးသည်)
Ma=Mars=အင်္ဂါဂြိုဟ် (မြန်မာဇာတာတွင် “ ၃ ” ဟုရေးသည်)
Me=Mercury=ဗုဒ္ဓဟူးဂြိုဟ်(မြန်မာဇာတာတွင် “ ၄ ” ဟုရေးသည်)
Ju=Jupiter=ကြာသပတေးဂြိုဟ်(မြန်မာဇာတာတွင် “ ၅ ” ဟုရေးသည်)
Ve=Venus=သောကြာဂြိုဟ်(မြန်မာဇာတာတွင် “ ၆ ” ဟုရေးသည်)
Sa=Satum=စနေဂြိုဟ်(မြန်မာဇာတာတွင် “ ၀ ” ဟုရေးသည်)
Ra=Rahu=ရာဟုဂြိုဟ်(မြန်မာဇာတာတွင် “ ၈ ” ဟုရေးသည်)
Ke=Ketu=ကိတ်ဂြိုဟ်(မြန်မာဇာတာတွင် “ ၉ ” ဟုရေးသည်)
ဝါသနာရှင်တို့ ဒီလောက်ဆို အဆင်ပြေကြမယ်ထင်ပါရဲ့။
အားလုံးအဆင်ပြေကြပါစေ ။
ကဲ ကွန်ပျူတာဖြင့်ဇာတာဖွဲ့ပေးသည်။ ဟုအိမ်ရှေ့မှာ ဆိုင်းဘုတ်ချိတ်လိုက်တော့ ။ ။ရော ... Print လိုက်တော့ ။
ဤဇာတာပါ အတိုချုပ်စကားလုံးများ၏အဓိပ္ပာယ်များ
As=Ascendent=Lagna=လဂ္ဂဏ=လဂ် (မြန်မာဇာတာတွင် “ လ ” ဟုရေးသည်)
Su=Sun =တနင်္ဂနွေဂြိုဟ် (မြန်မာဇာတာတွင် “ ၁ ” ဟုရေးသည်)
Mo=Moon=တနင်္လဂြိုဟ်(မြန်မာဇာတာတွင် “ ၂ ” ဟုရေးသည်)
Ma=Mars=အင်္ဂါဂြိုဟ် (မြန်မာဇာတာတွင် “ ၃ ” ဟုရေးသည်)
Me=Mercury=ဗုဒ္ဓဟူးဂြိုဟ်(မြန်မာဇာတာတွင် “ ၄ ” ဟုရေးသည်)
Ju=Jupiter=ကြာသပတေးဂြိုဟ်(မြန်မာဇာတာတွင် “ ၅ ” ဟုရေးသည်)
Ve=Venus=သောကြာဂြိုဟ်(မြန်မာဇာတာတွင် “ ၆ ” ဟုရေးသည်)
Sa=Satum=စနေဂြိုဟ်(မြန်မာဇာတာတွင် “ ၀ ” ဟုရေးသည်)
Ra=Rahu=ရာဟုဂြိုဟ်(မြန်မာဇာတာတွင် “ ၈ ” ဟုရေးသည်)
Ke=Ketu=ကိတ်ဂြိုဟ်(မြန်မာဇာတာတွင် “ ၉ ” ဟုရေးသည်)
ဝါသနာရှင်တို့ ဒီလောက်ဆို အဆင်ပြေကြမယ်ထင်ပါရဲ့။
အားလုံးအဆင်ပြေကြပါစေ ။
အညွန့်ကိုချိုးလျှင်အခက်လက်ဝေစည်တတ်သော
သံယောဇဉ်ချစ်ခြင်းများစွာဖြင့်
လွင့်မောင်မောင်(ထားဝယ်)
၁၈-၁-၂၀၁၁
သံယောဇဉ်ချစ်ခြင်းများစွာဖြင့်
လွင့်မောင်မောင်(ထားဝယ်)
၁၈-၁-၂၀၁၁
Labels:
နက္ခတ္တဗေဒ
တစ်ပတ်အတွင်းဒိုင်ယာရီ
-
▼
2022
(1)
- ▼ 12/04 - 12/11 (1)
-
►
2021
(6)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (1)
- ► 07/25 - 08/01 (1)
- ► 07/11 - 07/18 (3)
-
►
2016
(8)
- ► 05/08 - 05/15 (1)
- ► 03/27 - 04/03 (1)
- ► 03/13 - 03/20 (2)
- ► 02/21 - 02/28 (2)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
-
►
2015
(32)
- ► 12/27 - 01/03 (1)
- ► 12/13 - 12/20 (4)
- ► 11/22 - 11/29 (2)
- ► 07/19 - 07/26 (1)
- ► 04/19 - 04/26 (3)
- ► 04/12 - 04/19 (2)
- ► 04/05 - 04/12 (2)
- ► 03/08 - 03/15 (3)
- ► 03/01 - 03/08 (1)
- ► 02/22 - 03/01 (3)
- ► 02/15 - 02/22 (3)
- ► 02/01 - 02/08 (4)
- ► 01/25 - 02/01 (3)
-
►
2014
(10)
- ► 09/21 - 09/28 (1)
- ► 07/13 - 07/20 (1)
- ► 05/25 - 06/01 (1)
- ► 04/13 - 04/20 (2)
- ► 03/30 - 04/06 (1)
- ► 02/16 - 02/23 (2)
- ► 02/09 - 02/16 (2)
-
►
2013
(70)
- ► 12/29 - 01/05 (1)
- ► 11/17 - 11/24 (1)
- ► 11/03 - 11/10 (3)
- ► 10/27 - 11/03 (5)
- ► 10/20 - 10/27 (5)
- ► 10/13 - 10/20 (12)
- ► 10/06 - 10/13 (9)
- ► 09/29 - 10/06 (10)
- ► 09/22 - 09/29 (5)
- ► 09/15 - 09/22 (5)
- ► 09/08 - 09/15 (1)
- ► 09/01 - 09/08 (1)
- ► 07/28 - 08/04 (3)
- ► 07/21 - 07/28 (1)
- ► 06/16 - 06/23 (1)
- ► 06/02 - 06/09 (4)
- ► 05/26 - 06/02 (1)
- ► 04/07 - 04/14 (1)
- ► 03/10 - 03/17 (1)
-
►
2012
(43)
- ► 12/23 - 12/30 (1)
- ► 11/04 - 11/11 (5)
- ► 10/28 - 11/04 (1)
- ► 10/21 - 10/28 (3)
- ► 10/07 - 10/14 (2)
- ► 09/30 - 10/07 (11)
- ► 09/09 - 09/16 (1)
- ► 07/29 - 08/05 (2)
- ► 07/22 - 07/29 (2)
- ► 07/15 - 07/22 (4)
- ► 07/08 - 07/15 (3)
- ► 07/01 - 07/08 (2)
- ► 06/24 - 07/01 (1)
- ► 06/17 - 06/24 (1)
- ► 06/03 - 06/10 (1)
- ► 05/27 - 06/03 (1)
- ► 04/15 - 04/22 (2)
-
►
2011
(3)
- ► 10/02 - 10/09 (3)
-
►
2010
(1)
- ► 06/20 - 06/27 (1)