Latest Post

ထားဝယ်ရေမြေတောတောင်(၁)

Written By လွင့်မောင်မောင် on Thursday, October 25, 2012 | 9:24 AM

.ဖိုးဇော်(ထားဝယ်)စုစည်းတင်ပြသည်။
        ထားဝယ်ဒေသသည်သဘာဝကလက်ဆောင်အဖြစ်ပေးထားသောရေမြေတောတောင်
ရှုခင်းများဖြင့်လှပသည့်ဒေသတစ်ခုဖြစ်သည်။
ပင်လယ်၊မြစ်၊ချောင်း၊ဒီရေတောများ၊တောတောင်များနှင့်စိတ်ကြည်နူးဖွယ်ကောင်းလှသည်။
မိမိ၏မိတ်ဆွေဆရာဇော် ခရီးသွားရင်းရိုက်ကူးဖြစ်ခဲ့သည့်ဓာတ်ပုံတွေကိုမြင်ရသောအခါ
အဖိုးမဖြတ်နိုင်သောထားဝယ်၏ရေမြေတောတောင်ရှုခင်းတွေကိုအံ့သြနှစ်သက်ဖွယ်တွေ့လာရသည်။
တောမိုးတောင်ပေါ်မှမောင်းမကန်ဘက်သို့မြင်ကွင်း(ဓာတ်ပုံ-ဆရာဇော်)
ယနေ့ကာလ..ထားဝယ်ဒေသသည်သဘာဝပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုးတိုးတက်မှုတို့
လွန်ဆွဲနေသည့်အချိန်ကာလလည်းဖြစ်ပေရာ..
တစ်စုံတစ်ခုကိုစိုးရိမ်စိတ်ဖြင့်ထားဝယ်ရေမြေတောတောင်ကို
အချိန်မီမှတ်တမ်းတင်လိုက်ခြင်းလည်းဖြစ်ပါသည်။
ဘ၀ါကမ်းခြေကျေးရွာနှင့် ဖိုးခေါင်းတောင်(နဘုဘယ်ဒေသ)
ကျောက်သေတ္တာတောင်မှ ဟိန္ဒားပြင်သို့မြင်ကွင်း
စမ်းလှမ်းကမ်းခြေနေ၀င်ချိန်
ကျောက်သေတ္တာမှနွားလဘို့သို့.....မြင်ကွင်း
စမ်းလှမ်းကမ်းခြေရွာ...
ဝေဒီရွာထိပ်မှ....လက်ခတ်တောင်သို့ မြင်ကွင်း
ဝေဒီဆိပ်မှာ.
ကျောက်သေတ္တာတောင်(ဘ၀ပင်သတ္တုတွင်းအနီး)မှနွားလဘို့တောင်သို့မြင်ကွင်း
ဝေဒီအနောက်မြို့ရိုး
စီးဆင်းရစ်လေဦး ထားဝယ်မြစ်ရေ.........(ရေဖြူအနီး)
ဝဲမကိုက်ဒီရေတော(ညောပြင်အနီး)
ဝဲမကိုက်ဒီရေတော(ညောပြင်အနီး)
စီးဆင်းရစ်လေဦး ထားဝယ်မြစ်ရေ.........(ကင်းကျေးရွာအနီး)

ကဏန်းတောင်ပေါ်မှထားဝယ်မြစ်ဘက်သို့မြင်ကွင်း

(ဓာတ်ပုံများကူညီပေးသောဆရာဇော်ကိုကျေးဇူးပါ....)
 လေးစားစွာ......ဖိုးဇော်(ထားဝယ်) ၃.၉.၂၀၁၂

ထားဝယ်ရေမြေတောတောင်မှ ပန်းအလှများ.........ဖိုးဇော်(ထားဝယ်)

Written By လွင့်မောင်မောင် on Wednesday, October 24, 2012 | 9:47 AM



ဖ္လာပန်း


ပုဏ္ဏရိတ် အ၀ါ

           စက္ကူပန်း


မြစ်ပ္လဲပန်း

ဓာတ်ပုံ-ဆရာဇော်



ဓာတ်ပုံ-ဆရာဇော်

wd (ဖိုးဇော်)

Written By လွင့်မောင်မောင် on Monday, October 22, 2012 | 12:54 PM

  ဖိုးဇော် တင်ဆက်သည်
   on Thursday, August 16, 2012 at 4:30pm ·
အမိမြန်မာနိုင်ငံ၏နေရာဒေသအနှံ့အလှတရားကိုယ်စီရှိကြသည်ချည်းဖြစ်သည်။
ထိုအလှတရားများကိုခံစားရန်အတွက် သော်လည်းကောင်း၊စီးပွားရှာရန်အတွက်သော်လည်းကောင်း…
ရည်ရွယ်ချက်အမျိုးမျိုးနှင့်ခရီးသွားနေကြသည်။မြန်မာ နိုင်ငံတောင်ဘက်ပိုင်းမိမိတို့ ထာဝယ်ဒေသတွင်လည်းသဘာဝပတ်ဝန်းကျင်အလှတွေ၊သယံဇာတအလှတွေရှိသော် ငြား အကြောင်းကြောင်းကြောင့်ပွင့်လင်းမြင်သာမှုမရှိခဲ့။ယခုတော့အခင်းအကျင်းအသစ်တွေကြောင့်ဝင်လာမစဲ၊
တသဲ သဲဖြစ်ဖို့သာရှိသည်။
စီးပွားရေးကြောင့်ပင်ဖြစ်စေ၊သဘာဝပတ်ဝန်းကျင်အလှကြောင့်ပင်ဖြစ်စေ…ခရီးသွားဧည့်သည်တွေ
လာခဲ့လျှင်ထိုခရီးသည်တွေအတွက်မိမိတို့ထားဝယ်ဒေသသည် အဆင်သင့်ဖြစ်ပြီလား။ဧည့်ချည်းမျှော်နေလို့တော့ မရ။ထိုဧည့်သည်တွေအတွက်ဘာတွေပြင်ဆင်ထားပြီးပြီလဲဆိုသည်ကိုသတင်းထုတ်ပြန်နိုင်ရန်လည်း
လိုအပ်သည်။

ထိုလိုအပ်ချက်ကိုတစ်ထောင့်တစ်နေရာမှဖြည့်ဆည်းလိုသည့်ဆန္ဒကြောင့်
ထားဝယ်ဒေသရီးသွားလုပ်ငန်းနှင့်ပတ်သက် ပြီးစောင့်ကြည့်လေ့လာနေသူ
ထားဝယ်တက္ကသိုလ်၊ပထ၀ီဝင်ဌာနမှဆရာဒေါက်တာကျော်နိုင်အားမေးမြန်းဖြစ်ခဲ့ပါသည်။

(ဒေါက်တာကျော်နိုင်သည်“Geopraghical Assessment On the Potential Ecotourism Sites in Dawei District, Tanintharyi Region”ကျမ်းဖြင့်ယခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှပါရဂူဘွဲ့ရထားသူဖြစ်ပါသည်။)

မေး - ကဲ.ဆရာရေ…ထားဝယ်ခရီးသွားလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကျမ်းပြုထားတာသိပါတယ်…
ဒီတော့ဆရာ.. ထားဝယ်ဒေသရဲ့လက်ရှိခရီးသွားလုပ်ငန်းအနေအထားလေးကိုသုံးသပ်ပေးပါလား။

ဖြေ - အများကြီးကိုတိုးတက်ပြောင်းလဲလာတယ်လို့ပြောရမှာပေါ့ဗျာ..။အရင်တုန်းကဒီကိုလာရောက်လည်ပတ်သူ
 တော်တော်နည်းတယ်။၂၀၁၀-၁၁ မှာနိုင်ငံခြားသားအရေအတွက် ၅၈၁၄ ဦးကနေ ၂၀၁၁-၁၂ မှာတော့ နိုင်ငံခြားသား ၁၀၄၅၉ ဦးလာခဲ့တယ်။တိုးတက်လာတယ်ပေါ့။ပြည်တွင်းခရီးသွားလည်းသိသိသာသာတိုးတက် လာတာတွေ့ရပါတယ်။

မေး - ဘာကြောင့်တိုးတက်လာတာလဲ..ဆရာ။

ဖြေ - ၂၀၀၉-၂၀၁၀ နောက်ပိုင်းခရီးသွားတွေပိုလာကြတာကထားဝယ်ရေနက်ဆိပ်ကမ်းကြောင့်လည်းပါတယ်။ပြည် ` တွင်းခရီးသွားတွေကတော့တစ်ခြားနေရာတွေသူတို့သွားလည်နေရတာထပ်နေပြီ။ဒါကြောင့်နေရာအသစ်ဖြစ် တဲ့ထားဝယ်ကိုရွေးချယ်လာတာ..။နောက်တစ်ချက်ကဒေသတွင်းတည်ငြိမ်အေးချမ်းလာတာကြောင့်လည်းပါ တယ်။

မေး - ထားဝယ်ဒေသခရီးသွားလုပ်ငန်းတိုးတက်ဖို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုတွေကဘာတွေဖြစ်မလဲ။

ဖြေ - ခရီးသွားလုပ်ငန်းတိုးတက်ဖို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုကတော့Infrastructureနဲ့ Services ကောင်းကောင်း ရှိဖို့လိုတယ်။ထားဝယ်ဒေသအနေနဲ့ဒီကဏ္ဍတွေကအများကြီးလိုသေးတယ်။အဓိကကတော့လမ်းပန်းဆက် သွယ်ရေးနဲ့ခရီးစဉ်လုံခြုံမှုရှိရေး၊အဆင့်မီဟိုတယ်အခန်းအရေအတွက်၊လွယ်ကူမြန်ဆန်တဲ့ဗီဇာစနစ်၊မဖြစ်မနေ ဆက်ဆံရမယ့်ဌာနတွေရဲ့လုပ်ထုံးလုပ်နည်းနဲ့စီမံခန့်ခွဲမှုပုံစံ၊စားသောက်ဆိုင်တွေ..၊လမ်းခရီးမှာသန့်ရှင်းသပ်ရပ် စနစ်ကျတဲ့သန့်စင်ခန်း..ဒါတွေလိုအပ်တယ်။အချို့ဧည့်တွေကအရည်အသွေးမြင့်မားတာကို
အဓိကထားပေမယ့် လက်ခံနိုင်လောက်တဲ့အနေအထားရှိတဲ့စားသောက်ဆိုင်တွေ..လိုအပ်ပါတယ်။
ပြန်ချုပ်ရင်တော့အခြေခံအ  ဆောက်အဦဖြစ်တဲ့လမ်းပန်းဆက်သွယ်ရေးနဲ့ဝန်ဆောင်မှုပေါ့။

မေး - အစိုးရအနေနဲ့ဒါတွေကျော်လွှားနိုင်မယ်လို့ယူဆသလား။

ဖြေ - ကျော်လွှားနိုင်မှာပါ။အရင်ကအရိပ်မည်းကြီးကြောင့်မတိုးတက်ခဲ့ဘူး။
ခု..နိုင်ငံတော်အစိုးရလက်ထက်တင်းကျပ် တဲ့ဥပဒေတွေ၊စည်းမျဉ်းစည်းကမ်းတွေ၊မူဝါဒတွေမရှိတော့ဘူး။ဒေသတွင်းမှာလည်းငြိမ်းချမ်းရေးရလာတယ်။ ခုလို internet,social networks,websites တွေကတစ်ဆင့်ထားဝယ်ဒေသမှာရှိတဲ့မပျက်စီးသေးတဲ့ သဘာဝအလှအပတွေကိုခုထက်ပိုသိအောင်ဆောင်ရွက်ရမယ်။ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက်လည်းမီဒီယာ
 တွေ၊public realations တွေ၊ကြော်ငြာတွေ၊လက်ကမ်းစာစောင်တွေကတစ်ဆင့်ဖြန့်ဝေတာတွေ
လုပ်ရင်ပိုတိုး တက်လာမယ်။နောက်ထားဝယ်မှာလည်းမကြာခင်အဆင့်မီဟိုတယ်တွေပေါ်လာမှာပဲ။
ခုတောင်ဆောက်နေ ကြတာတော်တော်ပြီးနေပြီ။ဟိုတယ်ခရီးကလည်း
ဒီလာပြီးသင်တန်းတွေပို့ချထားတာရှိတယ်လေ…။
အပြင်နဲ့ထိတွေ့ဆက်ဆံမှုများလာရင်တော့လည်းဌာနဆိုင်ရာတွေအနေနဲ့သူတို့တာဝန်ပိုင်းတွေကို
သဘောပေါက်လာ မှာပါ။

မေး - ဘယ်လိုအစီအမံတွေရှိသင့်သလဲဆရာ။အစိုးရပိုင်းကရော၊ပုဂ္ဂလိကပိုင်းကရောပေါ့….။

ဖြေ - ခရီးသွားဧည့်သည်တွေပိုရောက်လာဖို့ခရီးစဉ်အသစ်တွေ..ဖော်ထုတ်ရမယ်။ဟိုတယ်ဇုန်တွေ
တိုးချဲ့တည်ဆောက် ရမယ်။လမ်းပန်းဆက်သွယ်ရေးအဆင်ပြေအောင်ဆောင်ရွက်ရမယ်။ခရီးသွားလုပ်ငန်းနဲ့
ပတ်သက်ပြီးသင်တန်း ဖွင့်တာတို့လုပ်ရမယ်။အစိုးရရဲ့အားပေးကူညီမှုနဲ့စီးပွားရေးလုပ်ငန်းရှင်တွေ၊
ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေ…။ဒေသခံတွေနဲ့NGOအဖွဲ့အစည်းတွေ အားလုံးပူးပေါင်းဆောင်ရွက်ရင်တိုးတက်လာပါလိမ့်မယ်။

` မေး - ထားဝယ်ဒေသခရီးသွားလုပ်ငန်းအတွက်အခြေခံအဆောက်အဦတွေပြည့်စုံပြီလားဆရာ။ ဖြေ - infrastructure အနေနဲ့…ပွင့်ပွင့်လင်းလင်းပြောရရင်လုံးဝမပြည့်စုံသေးပါဘူး။၂၀၁၁-၁၂ ခရီးသည်အရေ အတွက်နဲ့တောင်အခက်အခဲရှိခဲ့တယ်။ခရီးသည်အ၀င်များလာပြီဆိုရင်လုံလောက်တဲ့ဝန်ဆောင်မှုပေးနိုင်မယ် မဟုတ်ဘူး။ထားဝယ်မှာ..လက်ရှိအနေအထားအရ..ဟိုတယ်(၃)လုံးနဲ့တည်းခိုခန်း(၂၆)ခုရှိတယ်။ဟိုတယ် အခန်းအရေအတွက်ဆိုရင်(၆၁)ခန်းပဲရှိသေးတယ်။အဓိကကတော့ infrastructure တွေပဲ။လမ်းပန်းဆက် သွယ်ရေးကောင်းဖို့လိုမယ်။ဟိုတယ်တွေလုံလုံလောက်လောက်ရှိရမယ်။နောက်ထပ်အရေးကြီးတာက
ခရီးစဉ် ဒေသရဲ့လြုံခုံရေးပါပဲ။

မေး -လက်ရှိသွားလာနေတဲ့နေရာတွေအပြင်ဘာတွေတိုးချဲ့နိုင်မလဲ ဆရာ။

ဖြေ - ထားဝယ်မှာခရီးစဉ်တိုးချဲ့စရာတွေအများကြီးပဲ။ဘုရားဖူး၊အပန်းဖြေခြင်းအပြင်
သဘာဝအခြေခံခရီးသွားလုပ်ငန်း (Ecotourism Sites)နေရာတွေအများကြီးရှိပါတယ်။

မေး - Ecotourism နဲ့အခြားခရီးသွားလုပ်ငန်းကဘာတွေကွာခြားမှုရှိသလဲ။Ecotourism ရဲ့အားသာချက်၊အားနည်း ချက်ကဘာလဲ။

ဖြေ - tourism industry ဆိုတာကသဘာဝဒေသတွေကိုသွားရောက်လေ့လာကြည့်ရှုရုံဖြစ်ပြီးတော့Ecotourism ကသဘာဝဒေသတွေကိုလေ့လာရုံမကတော့ဘဲဒေသခံတွေရဲ့ပတ်ဝန်းကျင်၊အသက်ရှင်သန်ရန်ရပ်တည်မှု ယဉ်ကျေးမှုဓလေ့ထုံးစံများကိုလေ့လာတာ..။လောကသဘောအရတော့ဗျာ..တစ်ဖက်မှာတိုးတက်မယ်.. တစ်ဖက်မှာဆုတ်ယုတ်တတ်တာပဲဗျ။
အရှိန်နဲ့တိုးတက်နေတဲ့Econtourism ကြောင့်Impacts တွေဖြစ်လာနိုင် တယ်။ကောင်းကျိုးအနေနဲ့တော့သဘာဝရေမြေတောတောင်ကိုထိန်းသိမ်းတဲ့အလေ့အထကိုရမယ်။
ရိုးရာယဉ် ကျေးမှုနဲ့စာပေကိုထိန်းသိမ်းတတ်လာမယ်။
။နိုင်ငံတော်အတွက်နိုင်ငံခြားဝင်ငွေရရုံမကဘဲဒေသတွင်းပြည်သူ တွေအတွက်
အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်ပေါက်လာမယ်။ဒါတွေကတော့အကျိုးတွေပေါ့။
ဆိုးကျိုး ကတော့…သဘာဝသစ်တောထိန်းသိမ်းမှုကိုပျက်စီးစေနိုင်တယ်။
စွန့်ပစ်ပစ္စည်းတွေကြောင့်သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တယ်
။ဒေသခံပြည်သူတွေရဲ့အမူအကျင့်ပြောင်းနိုင်တယ်။
အတုခိုးမှားတာမျိုးပေါ့။
 နိုင်ငံခြားသားဧည့်သည်တွေဆီက၀င်ငွေရလို့ဒေသခံကျောင်းသားအရွယ်ကလေးတွေ
…ကျောင်းပညာရေး မှာအားလျော့လာနိုင်တယ်။ဒါတွေကဆိုးကျိုးတွေ…။အားနည်းချက်ပေါ့ဗျာ။

မေး - ထားဝယ်မှာပင်လယ်ကမ်းခြေအနေနဲ့ဘာတွေရှိမလဲ..ဆရာ။

ဖြေ - အများအားဖြင့်ခရီးသွားတွေကမောင်းမကန်၊မျှော်ရစ်ကမ်းခြေတွေလောက်ပဲသွားတာများတယ်။ဒီကမ်းခြေတွေ ထက်သဘာဝပတ်ဝန်းကျင်အရရော..၊ရေအရည်အသွေး၊ကမ်းခြေအနေအထားကောင်းတာတွေအများကြီးရှိ ပါတယ်။ထားဝယ်ဒေသမှာသဘာဝအတိုင်းလှပနေသေးတဲ့ကမ်းခြေပေါင်း(၃၀)ကျော်ရှိတယ်။ဥပမာ…စမ်းလှမ်း ကမ်းခြေ၊မြင်းခွာအော်ကမ်းခြေ၊ကတွဲ၊ကျောက်ခမောက်ကမ်းခြေ၊မယင်းကြီးကမ်းခြေ..စသဖြင့်ပေါ့ဗျာ…။

မေး - တခြားလေ့လာဖို့ကောင်းတဲ့နေရာတွေညွှန်းပါဦးဆရာ။ဆရာ..နေရာတော်တော်များများသွားထားတယ်ဆိုတာ သိလို့ပါ။

ဖြေ - ဟုတ်ကဲ့။တခြားလေ့လာဖို့ကောင်းတဲ့နေရာတွေအများကြီးပဲ။
ထားဝယ်ဒေသဟာပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်လို့ခရီးသွားလုပ်ငန်းအကွက်အကွင်းတွေ
ဖော်ထုတ်သင့်တယ်။သဘာဝအခြေခံခရီးသွားလုပ်ငန်းလုပ်ကိုင် နိုင်တဲ့နေရာတွေက…
.နွားလဘို့တောင်(၁၅၄၁.၉၈ မီတာ)၊ကျောက်သေတ္တာတောင်(၁၀၈၀.၅၂ မီတာ)၊
စပါး တောင်(၄၄၉.၅၈ မီတာ)၊ဖိုးခေါင်းတောင်(၁၀၃၈.၇၆ မီတာ)
၊တောမိုးတောင်(၄၇၅.၁၈ မီတာ)တို့ပဲ။
သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ်သတ်မှတ်ထားတာက(၂)နေရာ။ဧရိယာ၄၉.၁၈စတုရန်းကီလိုမီတာရှိတဲ့ “မော့စကော့ကျွန်း”ဘေးမဲ့တောရယ်…၊တနင်္သာရီသဘာဝသစ်တောကြိုးဝိုင်းဘေးမဲ့တောရယ်..နှစ်နေရာ။ ကျန်းမာရေးအတွက်အနားယူအပန်းဖြေနိုင်တဲ့နေရာ..spa (ရေပူစမ်းတွေပေါ့လေ..)က မောင်းမကန်ရေပူစမ်း ပဲရေပူစမ်း၊၀ဇွမ်းချောင်းရေပူစမ်း၊သရက်ငုတ်ရေပူစမ်း တို့ပါ။နောက်…မိုးရာသီမှာတော့ waterfall တွေပေါ့..။ ၀ဇွမ်းချောင်းရေတံခွန်၊သင်္ကန်းတုံးရေတံခွန်၊ပခပ်ရေတံခွန်၊ဆင်ကိုးရပ်ရေတံခွန်၊သရက်ချောင်းရေတံခွန်
၊၀င်းဝ ရေတံခွန်၊သိမ်ကုန်းရေတံခွန်တို့ရှိပါတယ်။အသစ်တွေဖော်ချင်ရင်တော့…
ထားဝယ်မြစ်အတွင်းမှာအပျော်စီးလှေ လေးတွေနဲ့ဒီရေတောတွေရဲ့ဂေဟစနစ်ကိုလေ့လာနိုင်ပါသေးတယ်။

မေး - ကျွန်တော်တို့နိုင်ငံမှာဆရာရယ်…ဒီလိုနေရာတွေအများကြီးရှိတာပဲ။ဘာလို့ထားဝယ်ကိုခရီးသွားတွေစိတ်ဝင် စားမှာလဲ။

ဖြေ - ဒီမှာကအများနဲ့မတူတဲ့ထူးခြားချက်တွေရှိပါတယ်။ထားဝယ်ဒေသဟာရာသီဥတုအနေနဲ့ပျမ်းမျှအပူချိန် ၂၇ ဒီဂရီ စင်တီဂရိတ်၊ပျမ်းမျှမိုးရေချိန် ၅၀၀၀ မီလီမီတာကျော်ရပြီးအလွန်ထူးခြားတဲ့ပထ၀ီအနေအထားရှိပါတယ်။ ထားဝယ်ရဲ့အရှေ့ဘက်မှာ ၅၀၅၉ ပေလောက်မြင့်တဲ့နွားလဘို့တောင်ဟာဆယ့်နှစ်လရာသီစလုံးနှင်းတွေရှိ တယ်။ဖုံးနေတယ်။ဧပြီလမှာတောင်အလွန်အေးတာ။နွားလဘို့တောင်ရဲ့ပတ်ဝန်းကျင်မှာသမပိုင်းရာသီဥတုရရှိ တဲ့ဒေသမှာ..ပေါက်ရောက်တဲံ ထင်းရှုးတောတွေ၊ဆားငန်သီးပင်တွေထူးထူးခြားခြားပေါက်နေတယ်။ မြင်းခွာအော်လိုကမ်းခြေမျိုးမှာ
တခြားကမ်းခြေတွေနဲ့မတူဘဲရေအနက် ၄ ပေအထိကိုယ့်ခြေဖမိုးကိုမြင်နိုင်တယ် ရေတော်တော်ကြည်တယ်ဗျ။ရေပူစမ်းဆိုရင်
အင်းလေးခေါင်တိုင်ရေပူစမ်းကအပူချိန် ၉၄ ဒီဂရီဖာရင်ဟိုက်ထက် အများကြီးပိုပူပြီးသဘာဝအလျောက်အပူချိန် ၂၁၂ ဒီဂရီဖာရင်ဟိုက်ကနေ၂၁၉ ဒီဂရီဖာရင်ဟိုက်ရှိတဲ့
ပဲရေပူ စမ်း၊ချောင်းသာကမ်းခြေ ၁.၃ မိုင်ထက်ရှည်တဲ့မောင်းမကန် က ၃.၇ မိုင်အရှည်ကမ်းခြေ..
ဒါတွေကထူးခြား ချက်တွေ…ခရီးသွားတွေစိတ်ဝင်စားမှာပါ။

မေး - ဒီလိုသဘာဝအလှတွေပြည့်နေတဲ့နေရာမှာ …ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်မှုအပေါ် ဆရာ့အမြင်ပေါ့..။ဆရာဘယ်လိုသုံးသပ်မလဲ။

ဖြေ - တစ်ဖက်ကကြည့်ရင်တော့…စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့လူနေမှုဘ၀မြှင့်တင်ရေးအတွက်လုပ်ဆောင်ရင်းနဲ့ တစ်ဖက်ကလည်းသဘာဝပတ်ဝန်းကျင်ကိုညစ်နွမ်းစေနိုင်တဲ့အတွက်တိုးတက်မှုနဲ့သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကိုဒွန်တွဲပြီးအစဉ်အမြဲလုပ်ဆောင်သွားဖို့သတိပြုသင့်ပါတယ်။စက်မှုနည်းပညာဖွံ့ဖြိုးမှုနဲ့အတူသဘာဝ ပတ်ဝန်းကျင်အရည်အသွေးပျက်စီးပြီးကျဆင်းလာနိုင်တာမို့ထိန်းသိမ်းဆောင်ရွက်ဖို့တော်တော်လိုပါတယ်။
စွန့် ပစ်ပစ္စည်းကိစ္စ၊ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့်ကျန်းမာရေးမထိခိုက်ဖို့၊
စက်ရုံတွေစတင်တည်ဆောက်ချိန် ကစပြီးနိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ချက်တွေ၊
သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ထိန်းချုပ်ရေးစီမံချက်တွေ အတိုင်းလိုက်နာဖို့လိုပါတယ်။ဒါတွေစနစ်တကျမလုပ်ဘူးဆိုရင်တော့
ထားဝယ်ရေနက်ဆိပ်ကမ်းရဲ့တောင်ဘက် ရှိတဲ့ကမ်းခြေတွေရဲ့ဂေဟစနစ်ကိုထိခိုက်လာနိုင်ပါတယ်။
သက်ဆိုင်ရာနယ်ပယ်community ရဲ့အကျိုးစီးပွား မပျက်စေဖို့ဘောင်တို့၊မူဝါဒတို့နဲ့စနစ်တကျထိန်းသိန်းရန်လိုပါတယ်။
ဒါ…ကျွန်တော့်အမြင်ပေါ့နော်။

မေး - ခရီးသွားလုပ်ငန်းတိုးတက်အောင်လုပ်ရာမှာ sex tourism လိုမျိုးမဖြစ်အောင်မူဝါဒချမှတ်သူတွေအနေနဲ့ဘယ်လို အစီအမံတွေရှိသင့်လဲ။

ဖြေ - ခရီးသွားလုပ်ငန်းနဲ့စီးပွားဖြစ်ထွန်းတဲ့နိုင်ငံတွေရှိသလိုပဲဒီလိုတိုးတက်ခြင်းကြောင့်
သဘာဝပျက်စီးတာလည်းရှိတာ ပဲ။အမျိုးသားယဉ်ကျေးမှုပျောက်ကွယ်လုဖြစ်မယ်၊လူမှုရောဂါတွေဖြစ်ပေါ်ခံစားမယ်၊
အမှုအခင်းပေါများပြီး စာရိတ္တယိုယွင်းမယ်၊ခုနပြောတဲ့sex tourism ကိစ္စ၊မူးယစ်ဆေးဝါးကိစ္စ၊လက်နက်ပုန်းကိစ္စ၊လောင်းကစားဝိုင်း ကိစ္စ၊(Girls,Ganja,Guns,Gambling)ပေါ့…။
သယ်ဆောင်ကူးစက်ခြင်းမဖြစ်အောင်တင်းတင်းကျပ်ကျပ်ထိန်း သိမ်းဖို့လိုမယ်။ရာဇ၀တ်မှုဖြစ်တတ်တဲ့နေရာတွေကိုမသွားနိုင်အောင်ကန့်သတ်ထိန်းချုပ်ခြင်းတွေ၊မူဝါဒတွေကို အခါအားလျော်စွာပြုပြင်တာမျိုးလုပ်နိုင်ရမယ်။နောက်…ဒေသတွင်းမှာဆင်းရဲမွဲတေမှုလျော့ပါးနေရမယ်။
 ပြီးတော့..ပညာတတ်မြောက်မှုမြင့်မားနေရမယ်။အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဖွံ့ဖြိုးနေရမယ်။

မေး - ဒီတော့..ဆရာရယ်..။ထားဝယ်ဒေသရဲ့ခရီးသွားလုပ်ငန်းရှေ့အလားအလာပေါ့လေ….သုံးသပ်ပေးပါလား။

ဖြေ - ထားဝယ်ဒေသဟာအခြားဒေသတွေနဲ့နှိုင်းယှဉ်ရင်ခရီးသွားလုပ်ငန်းလွတ်လပ်စွာခွင့်ပြုထားတဲ့ဒေသမဟုတ်လို့ တိုးချဲ့ခွင့်ရမယ်ဆိုရင်..နေရာတွေအများကြီးပါ။
ဒီမှာတောတောင်ရေမြေသဘာဝအတိုင်းရှိနေသေးတယ်။မြစ်၊ ချောင်းတွေလည်းဒီအတိုင်းပဲ။
လမ်းပန်းဆက်သွယ်ရေးသာဒီ့ထက်ပိုကောင်းရင်…နိုင်ငံခြားသားခရီးသည်တွေ
 တော်တော်စိတ်ဝင်စားမယ့်နေရာ။
ယဉ်ကျေးမှုအနုလက်ရာတွေလေ့လာနိုင်တဲ့နေရာတွေလည်းရှိသေးတယ်။ ခရီးသွားလုပ်ငန်းသာတိုးတက်လာမယ်ဆိုရင်..ဆက်စပ်နေတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေပါ
တိုးတက်လာ နိုင်ပါတယ်။ခရိးသည်တွေများရင်DirectSuppliers တွေဖြစ်တဲ့ဟိုတယ်တွေ၊
စားသောက်ဆိုင်တွေ၊  လေကြောင်းလမ်း၊ကားလမ်းတွေကောင်းလာနိုင်မှာပေါ့။
ခုဆို…ထားဝယ်မှာဟိုတယ်တွေတိုးချဲ့ဆောက်နေတာ မျက်မြင်ပဲလေ..။
နောက် Indirect Suppliersတွေဖြစ်တဲ့ဟိုတယ်သို့ပစ္စည်းတင်သွင်းသူတွေ..၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းတွေ၊
အခွင့်အလမ်းရမယ့်အပြင် local peopleလို့ခေါ်တဲ့ခရီးစဉ်နေပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးရှိလာမယ်။ဒေသတွင်းအကျိုးဖြစ်ထွန်းလာမှာပါ။

ကျေးဇူးပါဆရာ…။

ဖိုးဇော်(ထားဝယ်)တွေ့မေးသည်။ ၁၁.၇.၂၀၁၂

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger