Home » , » နက္ခတ္တဗေဒ မှတ်စုများ(၁) ယုဂ် များ (YOGAS )

နက္ခတ္တဗေဒ မှတ်စုများ(၁) ယုဂ် များ (YOGAS )

Written By လွင့်မောင်မောင် on Sunday, July 28, 2013 | 9:48 AM

 
  ယုဂ် များ (YOGAS )                                 
    
 ဂြိုဟ်တို့၏ ရပ်တည်ခြင်း ၊ ပူးခြင်း ၊ မြင်ခြင်း ၊ သမ္ဗန္ဓပြု ခြင်း တို့ကိုအကြောင်းပြု၍ “ ယုဂ် ”
 ဖြစ်ပေါ်လာသည် ။
  ရာဇယုဂ်များ
     ရာဇယုဂ် ရသော ဇာတာရှင်သည် ကာလ ၊ဒေသ အကြောင်းကိစ္စအားလျှော်စွာ  ထင်ပေါ်ကျော်ကြားခြင်း ၊ လူအများ၏ကြည်ညို လေးစားခြင်း ၊ ပူဇော်ခံရခြင်း ၊ စည်းစိမ် သုခနှင့်ပြည့်စုံခြင်း ၊ ကိုယ် စိတ် နှစ်ပါး ချမ်းသာခြင်း ၊ အခြွေ အရံ များခြင်း ၊ မိတ်ဆွေ အပေါင်းအသင်းတို့၏ အကျိုးကိုဆောင်ရွက်ခြင်း၊ ၊ မိတ်ဆွေ အပေါင်းအသင်းတို့၏ ချီးမြှင့် မြှောက်စားမှုကို ခံယူရခြင်း စိတ်သဘောထားပြည့်ဝခြင်း ၊ ခွင့်လွှတ်ခြင်း ၊ သည်းခံခြင်း ၊ ပညာဉာဏ်အမြော်အမြင်ရှိခြင်း ၊ မည်သည့်ပညာရပ်မဆို လွယ်ကူစွာတတ်မြောက်ခြင်း၊ ရန်သူအပေါင်းကိုနိုင်ခြင်း ၊ ခေါင်းဆောင်ဖြစ်ရခြင်း ၊ အမျိုး၌ထင်ပေါ်ခြင်း ၊
 စသည့်အကျိုးများခံစားရလေသည် ။


                                     ဗြို့ ဟဇ်ဇာတက ကျမ်းပြု ဝရဟမိဟိရ ၏အလိုရ ရာဇယုဂ်များ

၁။    မွေးဖွားချိန်တွင် ဂြိုဟ် (၂)လုံး သို့မဟုတ် (၃) လုံးသည် မိမိဥစ် အိမ် ၊ သို့မဟုတ်

      ကသစ်အိမ်တွင်ရပ်တည်ကြပြီး တပြိုင်တည်းမှာပင်  ြ၈ိုဟ်တစ်လုံးနှင့်တစ်လုံး တြိကောဏ  

      အနေအထားရှိလျှင် မင်းမျိုး ဖြစ်ပါက မင်းဖြစ်လိမ့်မည် ။
၂ ။   မွေးဖွားချိန်တွင် ဂြိုဟ်-၅လုံးနှင့်အထက်သည်  မိမိဥစ် အိမ် ၊ သို့မဟုတ် ကသစ်အိမ်တွင်ရပ်တည်ကြပြီး 

   တပြိုင်တည်းမှာပင်ြ၈ိုဟ်တစ်လုံးနှင့်တစ်လုံး တြိကောဏ အနေအထားရှိလျှင် မင်းမျိုးမဟုတ်သူပင်  

   မင်းဖြစ်လိမ့်မည် ။ ဂြိုဟ် ၅-လုံးထက်နည်းလျှင် ပစ္စည်းဥစ္စာ ချမ်းသာမည် ။ မင်းကားဖြစ်မည်မဟုတ်ပေ ။

၃။  မွေးဖွားချိန်တွင် +တနင်္ဂနွေဂြိုဟ်သည် လဂ် စန်းနှင့်အတူ မိဿရာသီတွင်ရပ်တည်၍ အင်္ဂ ါဂြိုဟ်သည်

     ဥစ်အိမ် တွင်လည်းကောင်း ၊ စနေဂြိုဟ်သည် ကုံရာသီတွင်လည်းကောင်း ၊ ကြာသပတေးဂြိုဟ်သည်

     ဓနုရာသီတွင်လည်းကောင်း ရပ်တည်ကြလျှင် မင်းသားသည် မင်းဖြစ်လိမ့်မည် ။
၄။  မွေးဖွားချိန်တွင် သောကြာဂြိုဟ်သည် ၄-တန့်ဘာဝ မိမိပိုင်အိမ်တွင်လည်းကောင်း ၊ တနင်္လာဂြိုဟ်သည်

   ၉-တန့်ဘာဝ ၊ကျန်ဂြိုဟ်များသည်  ၁တန့် ၊၃ တန့် ၊၁၁တန့်ဘာဝများတွင်လည်းကောင်းရပ်တည်ကြလျှင်  

   ဇာတာရှင်သည် မင်းဖြစ်လိမ့်မည်။
၅ ။  မွေးဖွားချိန်တွင် အားရှိသော သောမဂြိုဟ်တစ်လုံးသည် လဂ်တွင်ရပ်တည်၍

     အခြားသောမဂြိုဟ်တစ်လုံးသည် ၄-တန့်ဘာဝတွင်ရပ်တည်ပြီး ကျန်ဂြိုဟ်များသည် ၂တန့် ၊ ၃တန့် ၊

   ၆တန့် ၊ ၉တန့် ၊ ၁၀တန့် ၊ ၁၁တန့် ဘာဝတွင်ရပ်တည်ကြလျှင် မင်းမျိုးဖြစ်ကမင်းဖြစ်လိမ့်မည် ။

၆ ။  မွေးဖွားချိန်တွင် စန်း သည် လဂ်နှင့်အတူ ပြိဿရာသီတွင်ရပ်တည်၍ စနေဂြိုဟ်သည် ၆တန့်ဘာဝတွင် 

      လည်းကောင်း အခြားဂြိုဟ်များသည် ၁၁တန့်ဘာဝတွင်လည်းကောင်း ရပ်တည်ကြလျှင်  

     ဇာတာရှင်သည်   မင်းဖြစ်လိမ့်မည် ။

၇။  မွေးဖွားချိန်တွင် ကြာသပတေးဂြိုဟ်သည် ၄တန့်ဘာဝတွင်လည်းကောင်း တနင်္ဂနွေဂြိုဟ်နှင့် 

   တနင်္လာဂြိုဟ်တို့သည် ၁၀တန့် ဘာဝ ၊ စနေဂြိုဟ်သည် ၁တန့်ဘာဝ တွင်လည်းကောင်း   

အခြားဂြိုဟ်များသည် ၁၁တန့်ဘာဝတွင်လည်းကောင်းရပ်တည်ကြလျှင်  ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။

 ၈။ မွေးဖွားချိန်တွင် တနင်္လာဂြိုဟ်သည် ၁၀တန့် ၊ စနေဂြိုဟ်သည် ၁၁တန့် ၊
    ကြာသပတေးဂြိုဟ်သည် ၁တန့် ၊ အင်္ဂ ါ နှင့် ဗုဒ္ဓဟူးဂြိုဟ်
   တို့သည် ၂ တန့် ၊ တနင်္ဂနွေနှင့် သောကြာဂြိုဟ်တို့သည် ၄တန့်ဘာဝ များတွင် ရပ်တည်ကြလျှင်  
   ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။

၉။  မွေးဖွားချိန်တွင် အင်္ဂ ါဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် ၁တန့် ၊ တနင်္လာဂြိုဟ်သည် ၄ တန့် ၊

    ကြာသပတေးဂြိုဟ်သည် ၇တန့် ၊သောကြာဂြိုဟ်သည် ၉တန့် ၊ တနင်္ဂနွေဂြိုဟ်သည် ၁၀တန့် ၊ 

    ဗုဒ္ဓဟူးဂြိုဟ်သည် ၁၁တန့် ဘာဝများတွင်ရပ်တည်ကြလျှင် ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
                  
                        (ဗြို့ဟဇ်ဇာတက ကျမ်း မှ ကောက်နှုတ်ထားပါသည် )
   
Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger