ဘုရားဖူး ၊ ခရီးသွား

၂၀၁၀ ခုနှစ်  


၂၀၁၁ ခုနှစ်



                                     ၂၀၁၂ ခုနှစ် ဘုရားဖူး ၊ခရီးသွားမှတ်တမ်း
ဒီနှစ်မှာတော့ လွင့်မောင်မောင်တို့မိသားစုနဲ့အတူ ရပ်ကွက်ထဲကစိတ်တူ ကိုယ်တူ သူငယ်ချင်းမိသားစုတွေ
ပေါင်းပြီး စုစုပေါင်း၁၄ယောက် စူပါကာစတန်ကားလေးနဲ့ ဘုရားဖူး ၊ဈေးဝယ် ခရီး ထွက်ခဲ့ပါတယ်။
   တရုတ်ပြည်နယ်စပ်မြို့များ(ဂျယ်ဂေါင်၊ရွှေလီ၊၀မ်တိန်)၊ရှမ်းပြည်နယ်မြောက်ပိုင်း(သီပေါ၊လားရှိုး၊မူဆယ်)၊
မန္တလေး ၊အမရပူရ(ဦးပိန်တံတား) ၊ပြင်ဦးလွင် ၊မုံရွာ၊စစ်ကိုင်းမြို့ များသို့ ဘုရားဖူးခရီးအစီအစဉ်ပါ။
ထားဝယ်မှနေပြည်တော်သို့
၁၀-၄-၂၀၁၂ရက် နေ့ ၊နံနက် ၅နာရီ အချိန်တွင် ကျွန်ုပ်နေထိုင်ရာ ထားဝယ်မြို့အိမ်မှ စတင်ထွက်ခွါပါသည်။
ထားဝယ် - ရန်ကုန် ကားလမ်းအတိုင်း တက်လာခဲ့ကြတာပါ။ထားဝယ်-ရေး ကားလမ်းပိုင်းမှာ စက်ယန္တယား
ကြီးများနဲ့ လမ်းချဲ့ပြုပြပင်နေတာ ထူးဆန်းစွာတွေ့မြင်ရပါတယ်။(နှစ်ပေါင်း ၂၀ အတွင်း အခုမှမြင်ဘူးလို့ပါ)
အရင်က၄၇မိုင်ခရီးရှိတဲ့ ကလိန်အောင်မြို့ကို ၃နာရီ ကျော်ကြာတာ အခုတော့ ၂နာရီလောက်ဘဲ့ကြာ
ပါတော့တယ်။ဖုန်တော့ထူသား ။
မွန်းတည့် ၁၂ နာရီ ၁၅မိနစ် မှာ သံဖြူဇရပ်မြို့ ကိုရောက်ရှိပါတယ်။ ဒီမှာ နေ့လည်စာထမင်းစားလိုက်ပါ
တယ်။မွန်းလွဲ ၁နာရီ မှာ ပြန်ထွက်လာကြရာ မော်လမြိုင်မြို့ကို မွန်းလွဲ ၂နာရီ ၃၀မိနစ်မှာရောက်ရှိပါတယ်။
မနားတမ်းခရီးဆက်ခဲ့ ရာ မွန်းလွဲ၎နာရီ မှာ သထုံ  ရောက်တော့ လက်ဘက်ရည်သောက်ကြပါတယ်။
အဲ ဒီလိုနဲ့လာလိုက်ကြတာ ည ရနာရီ ၁၅မိနစ် မှာ ဘုရားကြီး(ပဲခူးတိုင်း) ကိုရောက်ရှိပါတယ်။
   ဒီမှာ ညစာစားကြပြီး တစ်ည အိပ်လိုက်ပါတယ်။
ဗွီဒီယို မှတ်တမ်းမှာရှုစားကြည့်ပါ။








၁၁ - ၄ ၂၀၁၂ ခရီးစဉ်
နံနက်၅နာရီ တွင်ဘုရားကြီးမှ စတင်ထွက်ခွာသည်။ ရန်ကုန်-နေပြည်တော်အဝေးပြေးလမ်းမကြီးအတိုင်း
တက်ခဲ့သည်။ နံနက် ၇နာရီ တွင် ၁၁၅မိုင်တိုင် ဖြူးမြို့နားနေစခန်းသို့ရောက်ရှိ၍ နံနက်စာ စားကြသည်။
မိနစ်၃၀ခန့်စားကြသောက်ကြ၍ ခရီးဆက်ခဲ့ကြသည်။
နံနက် ၉နာရီ အချိန်တွင် နေပြည်တော်(ဒက္ခိဏသီရိမြို့နယ်) မိုင်တိုင်၂၀၀ သို့ရောက်ရှိသည်။
နေပြည်တော်အတွင်း ဥပ္ပါတသန္တိစေတီတော် ကြီးကို ဖူးမျှော်ကြ၍ တိရစ္ဆာန်ဥယျာဉ်သို့လည်းသွားရောက်လည်ပတ်ခဲ့ကြသည်။ပစ်ဂွင်းငှက်ပြခန်းကတော့သဘောအကျဆုံးပါ။



Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger