Latest Post
Showing posts with label ဗေဒင်ပညာ. Show all posts
Showing posts with label ဗေဒင်ပညာ. Show all posts

အင်္ဂဝိဇ္ဇာဗေဒင်ပညာ အပိုင်း(၄)

Written By U AYE MINN on Thursday, August 19, 2021 | 2:27 AM



ပို့ချချက်(၁) ဂြိုဟ်ပရိယာယ်များ

++++++++++++++++++++
အားလုံးမင်္ဂလာရှိကြပါစေ ကြောင်းနှုတ်ခွန်းဆက်ပါသည်။
မင်္ဂလာပါ။
အင်္ဂဝိဇ္ဇာ ပညာ မှ အရေးကြီးဆုံး ဂြိုဟ်တို့၏ပရိယာယ်များ ကို ပို့ချ ပေးလိုက်ပါတယ်။
++++++++++
တနင်္ဂ‌နွေဂြိုဟ်၏ ပရိယာယ်များ
--------------------------------
သူရဇ်ဇ ။ သူရဇ္ဇ
၁ ဂဏန်း၊ အရှေ့မြောက်အရပ်၊ ၊ဂြိုဟ်သက် (၆)နှစ်။
တေဇာဓာတ်(မီးခဲ)၊ဓာတ်ဖို၊၊အစပ်အရသာ၊
အနီရောင်ပစ္စည်းများ
အ၊ ဥ၊ ဦ  ဦး စ သော အက္ခရာများနှင့် စ ‌သောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ။
ဖခင်၊ဖခင်ကဲ့သို့သောသူ၊မင်း၊ဥက္ကဋ္ဌ၊အကြီးအကဲ၊၊
ဦးခေါင်း၊ နှလုံး ၊ အကြော ၊
အိုးအိမ်၊‌ လှေကားနှင့်ဆိုင်သော၊
မို့မောက်သောကုန်းမြေ၊တောင်ပို့၊အနုပညာသည်များစုဝေးရာနေရာ။
အလုပ်အကိုင်
ပါပဂြိုဟ်။

တနင်္လာဂြိုဟ်၏ ပရိယာယ်များ
-------------------------------
- စန္ဒြော
၂ ဂဏန်း၊အရှေ့အရပ်၊ဂြိုလ်သက် (၁၅)နှစ်၊
 ပထဝီဓာတ်(‌ ‌မြေမာ၊ကျောက်မြေ)၊ဓာတ်ဖို၊အငန်၊
အဖြူရောင်၊ပုလဲ
က၊ခ၊ဂ၊ဃ၊င အက္ခရာများနှင့်စ သောအမည်များနှင့် 
သက်ရှိသက်မဲ့အရာများ။
မိခင်၊မိခင်ကဲ့သို့သောအမျိုးသမီး၊အကြီးအကဲ၏ဇနီး၊
အစာအိမ်၊ရင်ဘတ်၊အဆုတ်၊
အကြံအစည်၊အကြွား၊၊အဝတ်အစားသစ်၊
မင်္ဂလာ၊‌ ခြေနှစ်ချောင်း၊ခရီးတို။
သန့်ရှင်းညီညာသောမြေ ၊ သစ်ပင်များစွာရှိသောအရပ်၊
သောမဂြိုဟ်။
+++++++++++++++++++
အင်္ဂါဂြိုဟ် ၏ ပရိယာယ်များ
--------------------------
- ဘောမ
၃ ဂဏန်း ၊ အရှေ့တောင်အရပ်၊ ဂြိုလ်သက် (၈)နှစ်၊
ဝါယောဓာတ်(လေညှင်း)၊ဓာတ်ဖို၊အခါး၊
အဖြူ နီရော(မီးကျည်) ရောင်၊သန္တာ
စ၊ဆ၊ဇ၊ဈ၊ည စ ‌‌သောအက္ခရာများနှင့်စ ‌‌သောအမည် များနှင့် သက်ရှိသက်မဲ့အရာများ၊
လင်ယောက်ျား၊အောက်လူ၊ကျေးကျွန်၊စစ်သူကြီး၊
မျက်စိ၊သားအိမ်၊ကျောက်ကပ်၊မျက်နှာ၊အရေပြား၊ချင်ဆီ၊ခွန်အား၊
အစုပ်အပြဲ၊စုန်း၊စက်ပစ္စည်းများ၊
မီးလောင်ထားသောမြေ၊မီးနှင့်အနီးဆုံးလုပ်ကိုင်ဆောင်ရွက် ရသောနေရာများ။
ပါပဂြိုဟ်။
++++++++++++++++++
ဗုဒ္ဓဟူးဂြိုဟ် ၏  ပရိယာယ်များ
-------------------------------
ဗုဒ္ဓ
၄ ဂဏန်း၊ တောင်အရပ် ၊ ဂြိုဟ်သက် (၁၇)နှစ်၊
အာပေါဓာတ်(ရေကြည်)၊ ဓာတ်ဖို၊ အချို ၊ 
အစိမ်းရောင် ၊ မြကျောက်၊
ယ၊လ ၊၀ ၊   စသောအက္ခရာများနှင့် စ သောအမည်များနှင့် သက်ရှိသက်မဲ့အရာများ၊
သားငယ်၊သမီးငယ်၊ ညီအကိုမောင်နှမ၊ ရွယ်တူတန်းတူ၊လုပ်‌ဖော် ကိုင်ဖက်၊ အိမ်ရှေ့မင်း၊
ရင်၊ဝမ်း။
ရေဝပ်သောမြေ၊ချိုင့်၊ရေကန်၊လူအများစုဝေးရာအရပ်၊
ယားယံခြင်း၊လျို့ဝှက်ခြင်း၊လှည့်ဖြားခြင်း၊ယောင်လည်လည်ဖြစ်ခြင်း၊
သောမဂြိုဟ်
+++++++++++++++++++
ကြာသပတေးဂြိုဟ် ၏  ပရိယာယ်များ
---------------------
ဂုရု
၅ ဂဏန်း၊အနောက်အရပ်၊ ဂြိုလ်သက် (၁၉)နှစ်၊
ပထဝီဓာတ်(မြေပျော့ ၊ရွှံ့မြေ )၊ ဓာတ်မ၊အဆိမ့် အရသာ၊ အဝါရောင်၊အရောင်ဖျော့များ၊ဥဿဖရား။
ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ ၊  စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
ပညာရှင်များ၊ မုဆိုးမ ၊ ဘုန်းကြီး ၊ ဆရာ ၊ အုပ်ချုပ်ရေးဆိုင်ရာ တိုင်ပင်ခံအဖွဲ့၊
အသည်း၊နံရိုး၊သွေးကြော ၊ အူ။
ဘုရားကျောင်းဆောင်၊ဘုရားမြေ ၊ ဘုန်းကြီးကျောင်း၊နတ်စင်၊ဂိုထောင်၊စပါးကျီ၊ကိုယ်ပိုင်ငွေ။
သောမဂြိုဟ်
+++++++++++++
သောကြာဂြိုဟ်  ၏  ပရိယာယ်များ
-------------------------
သောကြ
 ၆ ဂဏန်း၊ မြောက်အရပ် ၊  ဂြိုလ်သက် ( ၂၁ )နှစ်၊
အာပေါဓာတ်(ရေနောက်)၊ဓာတ်မ၊ အချို ၊ အဖြူပျောက်၊ပုလဲပေါက်အရောင်၊စိန်။
သ ၊ ဟ ၊  စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
ဇနီး မယား၊ စေ့စပ်ထားသူ၊သားချင်းဆွေမျိုး ၊ သူတော်ကောင်း ၊သူခိုး၊ကုန်သည်။
သွား၊သွေး၊သွေးကြော၊ကုပ်၊လည်ပင်း။
ယောက်ျားသုတ်သွေး၊မိန်းမဓမ္မတာ၊ ရမက်တဏှာ၊သီလပျက်ခြင်း၊စကား၊ခရီးရှည်။
အိမ်ခန်းဝ၊ပြည့်တန်ဆာအိမ်၊ ကာမဂုဏ်ကိုအားပေးလှုံ့ဆော်ရာနေရာအခန်းများ၊
ခရီးအသွားအလာများသောနေရာများ၊လှုပ်ရှားမှုများသောနေရာများ၊လမ်းလေးခွမြေ။
သောမဂြိုဟ်။
++++++++++++++++
စနေဂြိုဟ်  ၏  ပရိယာယ်များ
-------------------------------
သောရီ
၀ ဂဏန်း နှင့် ၇ ဂဏန်း၊ အနောက်တောင်အရပ်၊ 
 ဂြိုလ်သက် (၁၀)နှစ်၊
တေဇောဓာတ်(မီးတောက်) ၊ ဓာတ်မ ၊ အချဉ် ၊ အနက်ရောင်၊ နီလာကျောက်။
တ ၊ ထ ၊ ဒ ၊ ဓ ၊ န ၊ ဋ ၊ဌ ၊ဍ ၊ဏ   စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
အိမ်စေများ ၊ အောက်လူများ ၊ အစေခံ၊ရုံးအကူ ၊ လခစားအလုပ်သမား ။
စိတ်၊ဝမ်းဘက်ပိုင်းအရိုး၊လိင်အင်္ဂါ၊
 အောက်တန်းကျသောအတတ်ပညာ(အောက်လမ်း)၊နတ်ပိုင်းဆိုင်ရာ ၊ အမှုအခင်း၊
အညစ်အကြေးများရှိရာအရပ်၊မှိုက်ပုံ၊ မြောင်းမြေ၊ကုန်းစောင်းမြေ၊ပြိုခါနီးအိမ်၊
စပ်ထားသောအဝတ်အထည်။
ပါပဂြိုဟ်။

ရာဟုဂြိုဟ် ၏  ပရိယာယ်များ
---------------------
၈ ဂဏန်း ၊အနောက်မြောက်အရပ်၊  ဂြိုလ်သက် (၁၂)နှစ်။
ဝါယောဓာတ် (မုန်တိုင်း)၊ဓာတ်မ ၊အဖန်၊
နီပျောက်ကြား၊
ရ ၊ ဠ စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
ရင်ဘတ်
လူသတ်သမား၊တိရစ္ဆာန်သတ်သူများ၊အနာကြီးရောဂါသည်၊ လူလိမ်၊သူတောင်းစား၊အယောင်ဆောင်များ။
အနိဌနှင့်ဆိုင်သောနေရာများ၊သူသာန်မြေ၊အဆောက်ဦးပျက်၊ရင်ခွဲရုံ၊ရေခဲတိုက်၊
၊ဆွေးမြေ့နေသောအဝတ်အထည်။
ပါပဂြိုဟ်။
@ သောမဂြိုဟ် = ဂြိုဟ် ကောင်း
 @ ပါပ ဂြိုဟ်   = ဂြိုလ် ဆိုး
===========================

နက္ခတ္တဗေဒ မှတ်စုများ(၁) ယုဂ် များ (YOGAS )

Written By လွင့်မောင်မောင် on Sunday, July 28, 2013 | 9:48 AM

 
  ယုဂ် များ (YOGAS )                                 
    
 ဂြိုဟ်တို့၏ ရပ်တည်ခြင်း ၊ ပူးခြင်း ၊ မြင်ခြင်း ၊ သမ္ဗန္ဓပြု ခြင်း တို့ကိုအကြောင်းပြု၍ “ ယုဂ် ”
 ဖြစ်ပေါ်လာသည် ။
  ရာဇယုဂ်များ
     ရာဇယုဂ် ရသော ဇာတာရှင်သည် ကာလ ၊ဒေသ အကြောင်းကိစ္စအားလျှော်စွာ  ထင်ပေါ်ကျော်ကြားခြင်း ၊ လူအများ၏ကြည်ညို လေးစားခြင်း ၊ ပူဇော်ခံရခြင်း ၊ စည်းစိမ် သုခနှင့်ပြည့်စုံခြင်း ၊ ကိုယ် စိတ် နှစ်ပါး ချမ်းသာခြင်း ၊ အခြွေ အရံ များခြင်း ၊ မိတ်ဆွေ အပေါင်းအသင်းတို့၏ အကျိုးကိုဆောင်ရွက်ခြင်း၊ ၊ မိတ်ဆွေ အပေါင်းအသင်းတို့၏ ချီးမြှင့် မြှောက်စားမှုကို ခံယူရခြင်း စိတ်သဘောထားပြည့်ဝခြင်း ၊ ခွင့်လွှတ်ခြင်း ၊ သည်းခံခြင်း ၊ ပညာဉာဏ်အမြော်အမြင်ရှိခြင်း ၊ မည်သည့်ပညာရပ်မဆို လွယ်ကူစွာတတ်မြောက်ခြင်း၊ ရန်သူအပေါင်းကိုနိုင်ခြင်း ၊ ခေါင်းဆောင်ဖြစ်ရခြင်း ၊ အမျိုး၌ထင်ပေါ်ခြင်း ၊
 စသည့်အကျိုးများခံစားရလေသည် ။


                                     ဗြို့ ဟဇ်ဇာတက ကျမ်းပြု ဝရဟမိဟိရ ၏အလိုရ ရာဇယုဂ်များ

၁။    မွေးဖွားချိန်တွင် ဂြိုဟ် (၂)လုံး သို့မဟုတ် (၃) လုံးသည် မိမိဥစ် အိမ် ၊ သို့မဟုတ်

      ကသစ်အိမ်တွင်ရပ်တည်ကြပြီး တပြိုင်တည်းမှာပင်  ြ၈ိုဟ်တစ်လုံးနှင့်တစ်လုံး တြိကောဏ  

      အနေအထားရှိလျှင် မင်းမျိုး ဖြစ်ပါက မင်းဖြစ်လိမ့်မည် ။
၂ ။   မွေးဖွားချိန်တွင် ဂြိုဟ်-၅လုံးနှင့်အထက်သည်  မိမိဥစ် အိမ် ၊ သို့မဟုတ် ကသစ်အိမ်တွင်ရပ်တည်ကြပြီး 

   တပြိုင်တည်းမှာပင်ြ၈ိုဟ်တစ်လုံးနှင့်တစ်လုံး တြိကောဏ အနေအထားရှိလျှင် မင်းမျိုးမဟုတ်သူပင်  

   မင်းဖြစ်လိမ့်မည် ။ ဂြိုဟ် ၅-လုံးထက်နည်းလျှင် ပစ္စည်းဥစ္စာ ချမ်းသာမည် ။ မင်းကားဖြစ်မည်မဟုတ်ပေ ။

၃။  မွေးဖွားချိန်တွင် +တနင်္ဂနွေဂြိုဟ်သည် လဂ် စန်းနှင့်အတူ မိဿရာသီတွင်ရပ်တည်၍ အင်္ဂ ါဂြိုဟ်သည်

     ဥစ်အိမ် တွင်လည်းကောင်း ၊ စနေဂြိုဟ်သည် ကုံရာသီတွင်လည်းကောင်း ၊ ကြာသပတေးဂြိုဟ်သည်

     ဓနုရာသီတွင်လည်းကောင်း ရပ်တည်ကြလျှင် မင်းသားသည် မင်းဖြစ်လိမ့်မည် ။
၄။  မွေးဖွားချိန်တွင် သောကြာဂြိုဟ်သည် ၄-တန့်ဘာဝ မိမိပိုင်အိမ်တွင်လည်းကောင်း ၊ တနင်္လာဂြိုဟ်သည်

   ၉-တန့်ဘာဝ ၊ကျန်ဂြိုဟ်များသည်  ၁တန့် ၊၃ တန့် ၊၁၁တန့်ဘာဝများတွင်လည်းကောင်းရပ်တည်ကြလျှင်  

   ဇာတာရှင်သည် မင်းဖြစ်လိမ့်မည်။
၅ ။  မွေးဖွားချိန်တွင် အားရှိသော သောမဂြိုဟ်တစ်လုံးသည် လဂ်တွင်ရပ်တည်၍

     အခြားသောမဂြိုဟ်တစ်လုံးသည် ၄-တန့်ဘာဝတွင်ရပ်တည်ပြီး ကျန်ဂြိုဟ်များသည် ၂တန့် ၊ ၃တန့် ၊

   ၆တန့် ၊ ၉တန့် ၊ ၁၀တန့် ၊ ၁၁တန့် ဘာဝတွင်ရပ်တည်ကြလျှင် မင်းမျိုးဖြစ်ကမင်းဖြစ်လိမ့်မည် ။

၆ ။  မွေးဖွားချိန်တွင် စန်း သည် လဂ်နှင့်အတူ ပြိဿရာသီတွင်ရပ်တည်၍ စနေဂြိုဟ်သည် ၆တန့်ဘာဝတွင် 

      လည်းကောင်း အခြားဂြိုဟ်များသည် ၁၁တန့်ဘာဝတွင်လည်းကောင်း ရပ်တည်ကြလျှင်  

     ဇာတာရှင်သည်   မင်းဖြစ်လိမ့်မည် ။

၇။  မွေးဖွားချိန်တွင် ကြာသပတေးဂြိုဟ်သည် ၄တန့်ဘာဝတွင်လည်းကောင်း တနင်္ဂနွေဂြိုဟ်နှင့် 

   တနင်္လာဂြိုဟ်တို့သည် ၁၀တန့် ဘာဝ ၊ စနေဂြိုဟ်သည် ၁တန့်ဘာဝ တွင်လည်းကောင်း   

အခြားဂြိုဟ်များသည် ၁၁တန့်ဘာဝတွင်လည်းကောင်းရပ်တည်ကြလျှင်  ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။

 ၈။ မွေးဖွားချိန်တွင် တနင်္လာဂြိုဟ်သည် ၁၀တန့် ၊ စနေဂြိုဟ်သည် ၁၁တန့် ၊
    ကြာသပတေးဂြိုဟ်သည် ၁တန့် ၊ အင်္ဂ ါ နှင့် ဗုဒ္ဓဟူးဂြိုဟ်
   တို့သည် ၂ တန့် ၊ တနင်္ဂနွေနှင့် သောကြာဂြိုဟ်တို့သည် ၄တန့်ဘာဝ များတွင် ရပ်တည်ကြလျှင်  
   ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။

၉။  မွေးဖွားချိန်တွင် အင်္ဂ ါဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် ၁တန့် ၊ တနင်္လာဂြိုဟ်သည် ၄ တန့် ၊

    ကြာသပတေးဂြိုဟ်သည် ၇တန့် ၊သောကြာဂြိုဟ်သည် ၉တန့် ၊ တနင်္ဂနွေဂြိုဟ်သည် ၁၀တန့် ၊ 

    ဗုဒ္ဓဟူးဂြိုဟ်သည် ၁၁တန့် ဘာဝများတွင်ရပ်တည်ကြလျှင် ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
                  
                        (ဗြို့ဟဇ်ဇာတက ကျမ်း မှ ကောက်နှုတ်ထားပါသည် )
   

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger