Latest Post

သင့်ရဲ့ ဆီးအရောင်က ပြောပြနေတဲ့ သင့်ရဲ့ ကျန်းမာရေးအကြောင်း

Written By Live100 on Monday, February 22, 2016 | 7:21 AM




လူတွေရဲ့ ကျန်းမာရေးလက္ခဏာတွေဟာ နည်းအမျိုးမျိုးနဲ့ ပြသလျက်ရှိနေပါတယ်။ သင့်ရဲ့ ခန္ဒာကိုယ်ကနေထွက်ရှိတဲ့ အညစ်အကြေးတစ်မျိုးဖြစ်တဲ့ ဆီးဟာဆိုရင်လည်း ကျန်းမာရေးအခြေအနေတွေကို ရောင်ပြန်ဟပ်ပြသလျက်ရှိနေတယ်လို့ သိရပါတယ်။ urinecolors.com ကနေ သုတေသနပြုလုပ်ထားမှုအရ ဆီးအရောင်ဆယ်မျိုးရဲ့ တစ်မျိုးစီကနေ ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေတွေကို လေ့လာကြည့်ရအောင်။

၁. အကြည်ရောင်

သင့်ရဲ့ ဆီးဟာ အရောင်မပါရှိဘဲ အရောင်ကြည်လေးဖြစ်နေရင်တော့ သင့်ရဲ့ ကျန်းမာရေးဟာ ကောင်းမွန်တယ်လို့ အဓိပ္ပာယ်ရပါသတဲ့။ သင့်ရဲ့ ဆီးက ကြည်လင်လေလေ ကျန်းမာရေးက ပိုကောင်းနေလေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီအခြေအနေဟာဆိုရင်တော့ ရေများများသောက်မှသာဖြစ်လေ့ရှိပေမယ့်လည်း ရေမသောက်ဘဲ အကြည်ရောင်ပေါက်နေရင်တော့ ဆီးချိုရောဂါရဲ့ လက္ခဏာဖြစ်တယ်လို့လည်း သိရပါတယ်။

၂. အဝါဖျော့ဖျော့အရောင်

ဆီး အဝါဖျော့ဖျော့အရောင်ဟာဆိုရင်တော့ သင့်ရဲ့ ခန္ဒာကိုယ်မှာ ရေဓာတ်အလုံအလောက်ရှိတယ်ဆိုတာကို ဖော်ပြပြီး အညစ်အကြေးသိပ်ပြီး စွန့်ထုတ်ဖို့ မရှိဘူးဆိုတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။

၃. အဝါရောင်တောက်တောက်

အဝါရောင်တောက်တောက်ဆီးအရောင်ဟာဆိုရင်တော့ သင့်ကိုယ်မှာ ဗီတာမင် B တွေ များပြားနေတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။

၄. အဝါရောင်ညစ်ညစ်

ဒါကတော့ သင်ရေသိပ်မသောက်ဖြစ်တာကို ပြသနေတာပါ။ သင့်ရဲ့ ကိုယ်မှာ ရေဓာတ်အလုံအလောက်မရှိတဲ့အခါမှာ ကိုယ်ထဲက အညစ်အကြေးတွေကို ရေနည်းနည်းနဲ့သာ သန့်စင်ပေးနိုင်တာကြောင့် အရောင်ကလည်း ပိုညစ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုဆိုရင်တော့ သင်ရေများများသောက်သင့်နေပါပြီ။

၅. အညိုရောင်

ဆီးအညိုရောင်ကတော့ ကျန်းမာရေးအတွက် သိပ်မကောင်းဘဲနဲ့ ဆီးထဲမှာ သွေးအနည်းငယ်ပါဝင်ချင်တဲ့ လက္ခဏာဖြစ်ပါတယ်။ အသည်းနဲ့ ကျောက်ကပ်ရောဂါတစ်မျိုးမျိုးဖြစ်နေတဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်သလို အညစ်အကြေးစွန့် အဖွဲ့အစည်းမှာ ပြဿနာတစ်ခုခုဖြစ်နေတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဆီးအညိုရောင်ပေါက်တာဟာဆိုရင်တော့ သင့်ရဲ့ ကြွက်သားတွေကို အလွန်အကျွံ အလုပ်လုပ်ခိုင်းလို့ အရောင်ပြောင်းတာလည်း ဖြစ်နိုင်ပြီး ကြွက်သားတွေ အလွန်အကျွံ အလုပ်လုပ်ချိန်မှာ ထွက်လာတဲ့ မိုင်ယိုဂလိုဘင်ဓာတ်ဟာ ဆီးကို အညိုရောင်ပြောင်းပေးနိုင်လို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
၆. အစိမ်းရောင်
သင့်ဆီးအရောင်ဟာ အစိမ်းရောင်ပေါက်နေရင်တော့ ဒါဟာ ဘီယာအသောက်လွန်တာမျိုး ဒါမှမဟုတ်ရင်တော့ အစားအစာထဲမှာ ပါဝင်တဲ့ ဆိုးဆေးတစ်မျိုးမျိုးနဲ့ ဓာတ်မတည့်မှုတွေကြောင့် ဖြစ်ပေါ်လာရတာဖြစ်တယ်လို့ သိရပါတယ်။ ဆီးအစိမ်းရောင်ဖြစ်ပေါ်ရတာဟာဆိုရင်တော့ သည်းခြေရည်တစ်ခုခု အမှားအယွင်းရှိတာ ဒါမှမဟုတ်ရင် ဝမ်းလျှောချင်လို့ လက္ခဏာပြတာဖြစ်တယ်လို့လည်း သိရပါတယ်။

၇. အပြာရောင်

ဆီးအပြာရောင်ဖြစ်နေလို့တော့ စိုးရိမ်စရာမရှိပါဘူး။ ဒါဟာဆိုရင်တော့ အစားအစာတွေနဲ့ ဆေးဝါးတွေမှာ ပါဝင်တဲ့ ဆိုးဆေးတွေကြောင့် အဖြစ်များလေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။ သင်စားလိုက်တဲ့ အရာရာတစ်ခုခုကြောင့်သာ ဆီးက အပြာရောင်ဖြစ်လေ့ရှိတာဖြစ်တယ်လို့လည်း သိရပါတယ်။

၈. လိမ္မော်ရောင်

ဆီးအရောင်က အခုလို လိမ္မော်ရောင်ဖြစ်နေပြီဆိုရင်တော့ ရေဓာတ်က သင့်ခန္ဒာကိုယ်မှာ တစ်အားကို လိုအပ်နေတဲ့ အခြေအနေဖြစ်နေပါပြီ။ တစ်ခါတစ်လေ အစားအစာအကူအပြောင်းမှာလည်း ဒီလို အရောင်ဖြစ်နေတတ်ပြီး ရက်ဆက်ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက် တိုင်ပင်တာက ကောင်းမွန်မှာပါ။

၉. ပန်းရောင် သို့မဟုတ် အနီရောင်

ဒါဟာ သင့်ရဲ့ အနီရောင်မုန်လာဥအစားများလို့လည်း ဖြစ်နိုင်သလို ဆီးထဲမှာ သွေးပါတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးထဲမှာ သွေးပါတာဟာ ဆီးလမ်းကြောင်းမှာ ကျောက်တည်နေတဲ့ ပြဿနာရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပြီး နာကျင်မှုနဲ့ မအီမသာဖြစ်မှုတွေနဲ့လည်း တွဲပြီး ဖြစ်ပွားနိုင်ပါတယ်။
ကျောက်ကပ်နဲ့ ဆီးအိမ်ကင်ဆာကလည်း ဆီးထဲသွေးပါမှုကို ဖြစ်ပွားစေနိုင်ပါတယ်။

၁၀. အနက်ရောင်
ဆေးမည်းမည်းတွေ အသောက်များလို့ အခုလိုအနက်ရောက် ပေါက်တာဖြစ်နိုင်ပြီး ကျန်းမာရေးအခြေအနေတစ်ခုခုရဲ့ ပြင်းထန်တဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

နုပျိုလှပတဲ့ အသားအရည်ပိုင်ရှင်ဖြစ်စေဖို့ နည်းလမ်းအသွယ်သွယ်



ဆဲလ်အသေများ ခွာချခြင်း

ပိုပြီးနုပျိုငယ်ရွယ်တဲ့ အသားအရည်ကိုပိုင်ဆိုင်ဖို့ ပထမဆုံးလုပ်ရမှာကတော့ ဆဲလ်အသေတွေကို ခွာချပစ်ဖို့ပါပဲ။ မျက်နာပေါ်က ဆဲအသေတွေနဲ့ နေလောင်ဒဏ်ကြောင့် အသားအရည်ပျက်စီးမှုတွေကို အရင်ဆုံး ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။ Alpha-hydroxyl ပါဝင်တဲ့ မျက်နှာသစ်ဆေးတွေက အသားအရည်အသစ်ဖြစ်စေဖို့ အကောင်းဆုံးပါပဲ။

မျက်နှာကို တင်းရင်းစေမယ့် ပေါင်းတင်မျက်နှာဖုံးများ

တင်းရင်းစေတဲ့ မျက်နှာပေါင်းတင်းဆေးတွေဟာ အရေးအကြောင်းတွေကို လျော့နည်းစေပြီး ပိုမိုနုပျိုတဲ့အသွင်ကို ရရှိစေမှာဖြစ်ပါတယ်။ မျက်နှာပေါင်းတင်ပြီးခါစမှာ မိတ်ကပ်အလှပြင်ပစ္စည်းတွေ အသုံးပြုမယ်ဆိုရင် အချိန်ကြာကြာ ပိုမိုလှပနေမှာကို တွေ့ရမှာဖြစ်ပါတယ်။

ရေဓါတ်ထိန်းသိမ်းခြင်း

မိမိအသားအရည်ကို နေ့စဉ်နေ့တိုင်း ရေဓါတ်ဖြည့်တင်းပေးဖို့ မမေ့ပါနဲ့။ နှစ်ပေါင်းများစွာ ဖြတ်သန်းလာပြီးတဲ့နောက်မှာ မိမိရဲ့အသားအရည်မှာ အဆီဓါတ်တွေ တဖြည်းဖြည်းလျော့နည်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် အသားအရည်မှာ လိုအပ်တဲ့စိုပြေမှုကို ထိန်းသိမ်းထားနိုင်ဖို့က အရေးကြီးပါတယ်။

နေလောင်ခြင်းတွေ မဖြစ်စေဖို့ ရှောင်ကြဉ်ခြင်း

နေရောင်ခြည်တွေကို မိမိအရေပြားနဲ့ တိုက်ရိုက်ထိတွေ့စေခြင်းကို ရှောင်ကြဉ်ဖို့လိုပါတယ်။ မနက် ၁၀ နာရီကနေ ၄ နာရီကြား အပြင်ထွက်ဖို့ ရှိတယ်ဆိုရင် နေလောင်ဒဏ်ကာကွယ်တဲ့ လိုးရှင်းတစ်ခုခု လိမ်းဖို့ လိုပါတယ်။ ပြီးရင်လည်း ၂နာရီကြား သို့ ၃ နာရီကြား တစ်ကြိမ်ဆီ ပုံမှန်လေး ပြန်လိမ်းပေးဖို့လည်း မမေ့ပါနဲ့။

မိတ်ကပ်အရည်ပုံစံ သုံးစွဲခြင်း

အသက်ကြီးလာတာနဲ့အမျှ အသားအရည်တွေဟာလည်း တဖြည်းဖြည်း ပျက်စီးလာပါတယ်။ ဒါကြောင့် အမှုှုန့်ပုံစံမိတ်ကပ်ဖောင်ဒေးရှင်းတွေက အရည်ပုံစံမိတ်ကပ်ဖောင်ဒေးရှင်းတွေနဲ့ အသက်ကြီးတဲ့သွင်ပြင်ကို ဖြစ်ပေါ်စေတဲ့အတွက် မိတ်ကပ်အရည်ပုံစံကို သုံးစွဲသင့်ပါတယ်။

နှုတ်ခမ်းနီ

အရောင်ရင့််တဲ့ နှုတ်ခမ်းနီတွေကို အသုံးပြုပါ။ ဒါက မိမိကို ပိုမိုနုပျိုစမတ်ကျ စေမှာဖြစ်ပြီး ငယ်ရွယ်တဲ့မျက်နှာသွင်ပြင်ကို ရရှိစေနိုင်ပါတယ်။

( Michelle)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: proladiestips

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger