Latest Post

ကိုယ်အလေးချိန် မကျရခြင်း အကြောင်းရင်းများ

Written By လွင့်မောင်မောင် on Saturday, September 28, 2013 | 7:37 PM

 
ကိုယ်အလေးချိန် မကျရခြင်း အကြောင်းရင်းများ ခန္ဓာကိုယ် အလေးချိန် ကျစေဖို့ ကြိုး စားနေသူတွေ အနေနဲ့ ကိုယ်အလေးချိန် ဘာကြောင့် မကျရသလဲ ဆိုတဲ့ အချက် တွေကို ဖော်ပြပေး လိုက်ပါတယ်။

၁။ ကျန်းမာရေးနှင့် ညီညွတ်တယ် ဆိုပြီး အလွန်အကျွံစားခြင်း

ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတဲ့ အစေ့အဆန်၊ ဟင်းသီးဟင်းရွက်နဲ့ ပရို တင်း ကြွယ်ဝတဲ့ အစားအစာတွေကို လို အပ်တဲ့ ပမာဏထက် ပိုမစားမိစေဖို့ ထိန်း ပေးနိုင်မှ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ စားနည်းပုံစံဖြစ်စေ မှာပါ။ အစေ့အဆန် တွေကို တစ်နေ့တာ အတွက် လက်တစ် ဆုပ်စာသာ စားပေးသင့်ပြီး အစိမ်းရောင် ဟင်းသီးဟင်းရွက် တွေကို အမျိုး စုံလင် အောင် ခွက်တစ်ခွက်စာစား ပေးပါ။ ပရို တင်းကြွယ်ဝတဲ့ ဥနဲ့ အသားတွေဆိုရင် တော့ တစ်နေ့ကို ဥနှစ်လုံးနဲ့ အသား နှစ် အောင်စလောက်သာ စားပေးသင့် ပါတယ်။

၂။ မနက်ခင်းပိုင်း ဘာမှမစားခြင်း

မနက်ခင်းပိုင်း အစာစားတာဟာ အ စာခြေစနစ်ကို ကောင်းမွန် စေတာကြောင့် အစာကိုပိုပြီး ခြေနိုင်စွမ်းလည်း ရှိပါတယ်။ နောက်ပြီး မနက်စာကို ပုံမှန်စားတာ ကြောင့် ခန္ဓာကိုယ်က စွမ်းအင်တွေ ပိုမိုရရှိ စေပါသေးတယ်။ ဒါကြောင့် တစ်နေ့တာ လုပ်ငန်းဆောင် တာတွေကို ပိုမိုလုပ်ကိုင် နိုင်ပြီး မောပန်းတာနဲ့ မူးဝေတာတွေကို သက်သာစေနိုင်ပါတယ်။ မနက်စာကို ပုံ မှန်မစားဘူးဆိုရင်တော့ သင့်တစ်နေ့တာ အတွက် ဇီဝရုပ်ဖြစ်ပျက်မှုတွေ ကျဆင်းပြီး မောပန်းလွယ်တာ၊ သက်သောင့်သက် သာမရှိတာနဲ့ စိတ်အာရုံစုစည်းမရတာမျိုး တွေ ဖြစ်လာကာ ကိုယ်အလေးချိန်လည်း တိုးလာနိုင်ပါသေးတယ်။

၃။ အကြိမ်ပြည့်ဝအောင် မစားခြင်း

သင်ဟာ ဘယ်လောက်ပဲ အစား လျှော့စားနေသူဖြစ်ပါစေ မနက်စာ၊ နေ့ လယ်စာနဲ့ ညစာဆိုပြီး သုံးကြိမ်တော့ အ ပြည့်အဝစားပေးဖို့လိုပါတယ်။ ဒါဟာ သရေစာစားချိန် မပါဝင်ပါဘူး။ အစာကို သုံးကြိမ်အပြည့်အဝစားနေရင်းနဲ့ ဗိုက် ဆာရင် ဆာသလို အဆာပြေစာကို ထည့် ပေါင်းစားရမှာပါ။ မနက်စားကို ပြည့်စုံတဲ့ အာဟာရအဖြစ် များများစားပေးပြီး နေ့ လည်စာကိုလည်း အသားနဲ့ငါးဟင်းရွက် မျှတအောင်စားပေးပါ။ ညစာကိုတော့ အရွက်သုပ်တွေနဲ့ ဟင်းချို၊ စွပ်ပြုတ်လိုအ ရာတွေကို စားပေးပါ။

၎။ ဝ မှာစိုး၍ မအိပ်စက်ခြင်း

အိပ်လွန်တာကြောင့် ဝမယ်ထင်ပြီး အိပ်စက်ချိန်ကို ပုံမှန်မထားတာကြောင့် သင့်ကိုပိုပြီး ဝလာစေပါတယ်။ အိပ်စက် မှုမလုံလောက်တာကြောင့် အစာစားချင် စိတ်ကို ပိုဖြစ်စေပြီး ခန္ဓာကိုယ်က အပြည့် အဝအနားမယူတာကြောင့် လိုအပ်တဲ့ အ ပန်းဖြေမှုကို မရရှိတော့ဘဲ ပင်ပန်းနွမ်း နယ်မှုတွေကို ခံစားနေရတတ်ပါတယ်။ ကိုယ်အလေးချိန်ကျချင်သူတွေအနေနဲ့ ပုံမှန်အိပ်စက်မှုရရှိစေဖို့ လိုပါတယ်။

၅။ ကယ်လိုရီနည်းလွန်းတာကို စားခြင်း

ခန္ဓာကိုယ်အတွက် ကယ်လိုရီက လုံးဝမလိုအပ်တာမျိုး မဟုတ်ပါဘူး။ တစ် နေ့တာအတွက် လိုအပ်တဲ့ ကယ်လိုရီ ပမာဏကိုတော့ မှီဝဲပေးဖို့လိုပါတယ်။ သင်က ဝမှာစိုးတာကြောင့် အဆီနည်း အစားအစာတွေကို ရွေးချယ်တယ်ဆိုပေ မယ့် အရွယ်ရောက်ပြီးသူတွေအတွက် တစ်နေ့ကို ကယ်လိုရီ ၁၂ဝဝ လောက် တော့ မှီဝဲသင့်ပါတယ်။

၆။ လေ့ကျင့်ခန်းကို မတင်းကျပ်ခြင်း

လေ့ကျင့်ခန်းနဲ့ ခန္ဓာကိုယ်အလေး ချိန်ကျအောင် ပြုလုပ်နေသူတွေဟာ သတ်မှတ်ထားတဲ့ လေ့ကျင့်ချိန်ကို အတိ အကျလိုက်နာပြီး ပုံမှန်ပြုလုပ်ပေးကာ သတ်မှန်ရက်နဲ့ လ ပြည့်တဲ့အထိ ဆက် တိုက်လေ့ကျင့်ပေးရမှာပါ။ လေ့ကျင့်ခန်း လုပ်လိုက်၊ မလုပ်လိုက်ပြုလုပ်နေတာ ကြောင့် သင့်ကို ပိုပြီး အလေးချိန်တိုးလာ စေပါတယ်။ ဒါကြောင့် သင့်အတွက် အ ဆင်ပြေစေမယ့် အချိန်တစ်ခုကိုသတ်မှတ် ပြီး လေ့ကျင့်ရေးခန်းမကို မပျက်မကွက် သွားရောက်နိုင်ဖို့ စီမံပါ။

၇။ ရေသောက်နည်းခြင်း

သင်ဟာ ရေသောက်ဖို့ မေ့လျော့နေ တတ်သူလား။ ဒါဆိုရင်တော့ သင်က အစားတွေကို ပိုပြီး စားမိနေစေပါတယ်။ အစာမစားခင် ရေ ဖန်ခွက် တစ်ဝက် လောက်ကို အရင်သောက်ထားလိုက်တာ ကြောင့် အစာအလွန်အကျွံစားမိတာကို ဟန့်တားနိုင်ပါတယ်။ အစာစားချိန်မှာ ရေလုံးဝမသောက်ဘူးဆိုရင်တော့ သင်က အစားတွေကိုပိုစားမိတော့မှာပါ။ ရေမ သောက်ဘူးဆိုရင်တောင် ထမင်းစားချိန် မှာ ဟင်းချိုလို အရည်သောက်တစ်မျိုး ပါဝင်ပါစေ။

၈။ သရေစာများကို ရှောင်ပါ

သင်က အစာလျော့စားနေသူဆို ရင် သင့်ရေခဲသေတåာထဲမှာ သကြားလုံး၊ ရေခဲမုန့်နဲ့ ဆီကြော်စာတွေကို ထည့်မ ထားပါနဲ့။ သစ်သီးတွေကိုသာ ထည့်ထား ပါ။ ညတစ်ရေးနိုးလို့ အစာစားတတ်သူ တွေက တွေ့တဲ့အစာကို အလွယ်တကူ စားမိတတ်တာကြောင့်ပါ။ 

သဲသဲ  (By Good Health)

စဉ်းအိုးသောင်းလောင်း ဗေသောင်းလောင်း(ထားဝယ်ရိုးရာ ကလေးကစားနည်း)

Written By လွင့်မောင်မောင် on Thursday, September 26, 2013 | 9:13 PM


စဉ်းအိုးသောင်းလောင်း ဗေသောင်းလောင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(ကစားနည်း)
စဉ်းအိုးသောင်းလောင်း၊ ဗေသောင်းလောင်း၊
လောင်း--ဇာဂ၊ ရေထဲ က္လ၊
ဘဲငန်းဝန်းဇာဝ။
ဘဲငန်းဂလဲစားမကူ၊ ဖွားရှင်မဂိုလှူ၊
ဖွားရှင်မဂ၊ စိကောက်ကောက်၊
နွန်မဲလပ်သီးဆောက်၊
နွန်ကြာရာဂစိမကွန်း၊ ဒေါက်--တို--ဂီး--န--ထွန်း---။ ။

ယင်းကစားနည်းသည် ထားဝယ်မြို့၌ ယခုအခါ လုံးဝနည်းပါး ပျောက်ကွယ်နေပါပြီ။ ကျနော်တို့တောင် ငယ်စဉ်က သရက်ချောင်း၊ လောင်းလုံး၊ ထားဝယ် သုံးမြို့စလုံးခွပြီးကြီးပြင်းလာသောကြောင့် မှတ်မိနေသည်။ ယင်ကစားနည်းသည် လူနှစ်ယောက်မှ သုံးလေးယောက်ကစားရသည်။ နှစ်ယောက်တည်းလည်းကစားနိုင်ပါသည်။ ကစားရာတွင်-- ဥပမာ လူနှစ်ယောက်တည်းဖြစ်ပါက တစ်ယောက်က လက်နှစ်ဖက်စလုံးကို လက်သီးဆုပ်၍ တစ်ခုခုပေါ်တွင်ထားရသည်။ ကျန်တစ်ယောက်က လက်နှစ်ဖက်စလုံးကို လက်သီးဆုပ်၍ တစ်ဖက်က ပထမလူလက်သီးနှစ်လုံးနှင့်ပေါင်းပြီးထားရသည်။ ကျန်လက်တစ်ဖက်ဖြင့် လက်သီးဆုပ်သုံးလုံးကို ညီညီမျှမျှ၊ မနာတနာထုရသည်။ အထက်ဖေါ်ပြပါ တေးကို အသံတစ်သံလျှင် တစ်ချက်ထုရသည်။ နောက်ဆိုး တစ်သံချင်း၊ တစ်ချက်ချင်းတဖြည်းဖြည်း - “ နွန်--ကြာ--ရာ--ဂ--စိ--မ--ကွန်း-- ဒေါက်----၊ တို----၊ ဂီး------၊ န-----၊ ထွန်း” ဟူ၍ နောက်ဆိုးအချက်၌ အရှိန်ပြင်းပြင်း ထုရသည်။ ထူခံရသောလက်သည် တော်တော်ကံဆိုးသောလက်ပင်ဖြစ်သည်။ ထုခံရသူသည် ငိုရမလိုလို ၇ယ်ရမလိုလိုဖြစ်ပြီး တစ်ချက်တော့အီသွားရှာပေမည်။ မျက်လုံးထဲတွင်လည်း မီးပွင်ါလုမတတ်ခံခဲ့ရပေတော့သည်။ သို့သော်ထိုသူသည် ဇွဲမလျှော “ငါ့အလှည့်တော့ကြည့်ထားဆိုပြီး အံခဲ၍ဆက်ကစားပြန်သည်။ ထူခံထိသောလက်သည် အောက်ချလိုက်ရသည်။ ကျန်သောလက်သီးနှစ်လုံးကိုပငိ တလှည့်စဟီ ထုရပြန်ပါသည်။ ကလေးတို့၏အမူအယာနှင့် လူတို့၏ စရိုက်သဘာဝကို ဤနေရာတွင်ရှာတွေ့နိုင်ပါသည်။ ထုသောသူသည် သူတစ်ပါးကို နာနာကြင်ကြင်ထုသလား၊ သနားညှာတာပြီး ထုသလား၊ မိမိထုရသော အလှည့်တုန်းက သာသာယာယာထုပြီး သူတစ်ပါးအလှည့်ကျတော့ အကြောင်းပြပြီး ထွက်ပြေးတတ်သလားစသော စရိုက်သဘာဝကို ငယ်စဉ်ကလေးဘ၀ကတည်းက သိနိုင်ပေသည်။ သည်းခံတတ်ခြင်း၊ အနစ်နာခံတတ်ခြင်း၊ သနားညှာတာတတ်ခြင်းစသော သူတော်ကောင်းတို့၏ စရိုက်သဘာစများ၊ အနိုင်ယူတတ်ခြင်း၊ အခွင့်အရေးယူတတ်ခြင်း၊ အခွင့်အရေးရတုန်းက အခွင့်ရေး တိုင်းထက်လွန်အောင်ယူတတ်ပြီး၊ မိမိအရေးနိမ့်ကျဆင်းလာပါက တာဝန်မယူတတ်ဘဲရှောင်တိမ်းတတ်သည့် စရိုက်သဘာဝများကို တွေ့ရတတ်ပါသည်။ ထို့ကြောင့် ထားဝယ်ရိုးရာကစားနည်းများကို ကစားခိုင်း၍ လူငယ်တို့၏ စိတ်နေစိတ်ထားကို မှန်ဆနိုင်ကြပါစေ။ ။
(၂၇-၈-၂၀၁၃)
တောင်ထားပယ်ဗိုလ်

ဆေးဖက်ဝင်သောဇီဇ၀ါပန်းဆီ

Written By လွင့်မောင်မောင် on Wednesday, September 25, 2013 | 7:38 PM

 
ဇီဇ၀ါပန်းအဆီသည် အကြော အခြင်များကို ပြေလျော့စေသည်။ သို့ဖြစ်၍ စိတ်ဓာတ်ကျခြင်း၊ စိတ်
မကျန်းမာခြင်းကြောင့်ဖြစ်ပေါ်တတ်သော စိတ်ဖိစီးမှု၊အားအင်ကုန်ခမ်း၍ ၀န်ပိနေခြင်း၊ စိုးရိမ်ကြောင့်ကျမှုများ၊ အာရုံကြောစနစ်များ ချွတ်ယွင်းမှုကို ကုသရာ၌ အသုံးပြုသည်။
ထိုမျှမက အိပ်မပျော်သော ဝေဒနာခံစားနေရသူများကို ကုသ ရာ၌လည်း အကျိုးဖြစ်စေသည်။ အထက်ပါဝေဒနာများ ခံစားနေရ မည်ဆိုပါက မိမိမအိပ်မီ ဇီဇ၀ါပန်း အဆီအစက်အနည်းငယ်ကို ရေချိုး ကန်တွင် ထည့်ပြီး (၁၅-၂၀)မိနစ် ခန္ဓာကိုယ်ကို စိမ်ပေးပါ။
ဤပန်းရနံ့ဆီကို အနာတရ ဖြစ်ပြီး သွေးထွက်သည့်အခါတွင် လိမ်းပေးပါက သွေးကိုတိတ်ပြီး ပိုး သတ်ဆေးအနေနှင့်အသုံးပြုနိုင် သည်။ ယင်းကို ရေနွေးအနည်းငယ် နှင့်ရောပြီး အနာပေါ်ကို လိမ်းပေး ပါက အနာလည်း ကျက်လွယ်သည်။
အကြောလွဲခြင်း ၊ ရောင် ရမ်းခြင်း၊ အကြောဆွဲခြင်းတို့၌လည်း အသုံးပြုနိုင်ပြီး ကြက်သားများ တောင့်တင်းမှုကို ပြေလျော့စေသည်။ အဆစ်များ ရောင်ခြင်း၊ နာကျင်ခြင်း ကိုလည်း လိမ်းပေးနိုင်သည်။ ယင်းကို လိမ်းပေးလျှင်  သွေးလည်ပတ်မှုကို ကောင်းစေသ ဖြင့် တစ်ပတ်လျှင် (၂)ကြိမ် လိမ်းပြီး နှိပ်နယ်ပေးပါက သွေးပုံမှန်လည် ပတ်စီးဆင်းနိုင် သည်။ ခန္ဓာကိုယ်ကို ဒုက္ခပေးတတ် သောအဆိပ်အတောက်များကိုလည်း ပယ်ရှားပေးနိုင်သော အစွမ်းသတ္တိ ရှိသဖြင့် မကြာမကြာ လိမ်းပေးနိုင် ပါက ပို၍ထိရောက်စေသည်။

ဒေါန

Health Updates Journal Vol.2, No.37

အဆစ်အမြစ်ရာင်ရောဂါကို သက်သာစေတဲ့ ပန်းမုန်လာစိမ်း (broccoli)

လေ့လာမှုတစ်ခုအရ ပန်းမုန်လာစိမ်း (broccoli)မှာပါဝင်တဲ့ ဓာတ်ပေါင်းတစ်မျိုးဟာ အဆစ်အမြစ်ရာင်ရောဂါကို သက်သာစေတဲ့ အစွမ်းသတ္တိရှိတယ်လို့ ဖော်ထုတ် နိုင်ခဲ့ပါတယ်။ အဆစ်အမြစ်ရောင် ရောဂါတစ်မျိုးဖြစ်တဲ့ osteoarthri tis, OA ရောဂါဟာ အဆစ်အမြစ်တွေ ရဲ့ အရိုးနု cartilage ပျက်စီးယိုယွင်း ခြင်းကြောင့်  ဖြစ်လာရတာဖြစ်ပြီး အဆစ်အမြစ်နာကျင်ခြင်းနဲ့ လှုပ်ရှား မှုတွေ ခက်ခဲခြင်းတွေကို ကြုံတွေ့ခဲ့ ရတာကို လေ့လာရပါတယ်။ ဒီမှာ အဆစ်အမြစ်ရောင်ရောဂါအတွက် အဆစ်အစားထိုးကုသမှုတွေက ပြဿနာကိုဖြေရှင်းနိုင်ပေမယ့် စရိတ်စက ကလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်နေပါသေးတယ်။
ဒီလေ့လာမှုမှာတော့ ပန်းမုန်လာ စိမ်းမှာပါဝင်တဲ့ sulforaphane ဟာ OA ရောဂါမှာ ဘယ်လို အသုံးဝင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ အဆစ်အမြစ်ရောင်ရောဂါရှင်တွေ ဟာ ရှောင်ရှားရမယ့်အစားအစာ တွေ များပြားတဲ့အထဲက စားသုံးသင့် တဲ့ အစားအစာတစ်ခုတိုးလာတာပဲ ဖြစ်ပါတယ်။ Sulforophone ဟာ အဆစ်ကိုတည်ဆောက်ထားတဲ့ အရိုး နုဖွဲ့စည်းမှုကို ပိုမိုခိုင်မြဲစေပြီး ပျက်စီး ယိုယွင်းမှုနှုန်းကို လျော့ကျစေတယ် လို့ လေ့လာမှုကိုပြုလုပ်ခဲ့တဲ့ National Diet Assocaition က ဖော်ပြထားပါတယ်။
ပန်းမုန်လာစိမ်းဟာ ကယ်လစီ ယမ်၊ ဗီတာမင်အေ၊ စီနဲ့ ဖောလစ် အက်ဆစ်တွေပါဝင်မှုများ တဲ့အတွက် အဆစ်အမြစ်ရောဂါရှင်တွေသာမက လူတိုင်းနေ့စဉ်စားသုံးပေးသင့်ပါတယ်။ အဆစ်အမြစ်ရောင်ရောဂါရှင်တွေ သာမက လူတိုင်းနေ့စဉ် စားသုံးပေး သင့်ပါတယ်။ အဆစ်အမြစ် ရာင် ရောဂါရှင်တွေဟာ အစားအသောက် နဲ့ ကုသမှုတွေအပြင် နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းများနဲ့ကိုယ် အလေးချိန် ထိန်းချုပ်ဖို့လဲလိုအပ်ကြောင်း အခု လေ့လာမှုမှာ ဖော်ပြထားပါတယ်။

ငြိမ်းအေး
ref: Medindia

ဖိုးရှင်ခေ (ထားဝယ်ရိုရာသားချော့တေး)

Written By လွင့်မောင်မောင် on Tuesday, September 24, 2013 | 10:18 PM

Photo- Win Bo


ဖိုးရှင်ခေ (ထားဝယ်ရိုရာသားချော့တေး)

သယ်ခေသယ်ခေ---ဖယ်သူ့ခေ---ဖိုးရှင်ခေ---
ဖိုးရှင်ဟှယ်သွား၊ သစ်တတ်သီး ကွတ်စားသွား---
သစ်တတ်သီးဟှယ်မာ၊ တောထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဟှယ်မာ၊ မီးနရှို့ပစ်လိုက်ပီ---
မီးဟှယ်မာ၊ ရေနဖြန်းသတ်လိုက်ပီ---
ရေဟှယ်မာ၊ ဆင်ဂီးဆင်ငယ်သွတ်ဆွန်သွားပီ---
ဆင်ဟယ်မာ၊ တောထဲတွန်ထဲမာ---
တောဂီးလော်--တောသား---တောသား---တောသား---တောသား--- --- --- ---

လူမျိုးတိုင်း လူမျိုးတိုင်းတွင်ရိုးရာဓလေ့ရှိတတ်ကြစမြဲဖြစ်သည်။
 မြန်မာပြည်တောင်ဘက်စွန်းတွင်နေတိုင်ခဲ့ကြသော ထားဝယ်ဝယ်လူမျိုးသည် ရှေးပဝေသဏီကတည်းက မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ရပ်တည်နေထိုင်လာခဲ့သော လူမျိုးစုတစ်ရပ်ပင်ဖြစ်သည်။
ရှေးမြန်မာနန်းတွင်း(ပဒေသရာဇ်)ခေတ်က ဧချင်းစာပေများတစ်ခန်းတစ်ရပ်ပေါ်ပေါက်ခဲ့ဖူးသည်။ ဧချင်းဆိုသည်မှာ ဘိုးတော်၊ ဘေးတော်၊ ခမည်းတော်တို့၏ ဘုန်းတန်ခိုးတို့ကို နောင်လာနောင်သားများ အတုယူမှတ်သားတတ်စေရန်ရည်ရွယ်၍ ရေးဖွဲ့ခဲ့ကြသော သားတေးတစ်မျိုးပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတိမာန်ကဗျာဟုလည်းခေါ်နိုင်ပါသည်။ ဘုရင့်သားတော်၊ သမီးတော်များ ပုခက်တင်မင်္ဂလာ ဆင်ယင်ကျင်းပပြုလုပ်ရာတွင် သီဆိုရသော သားချော့တေးပင်းဖြစ်သည်။
မိခင်များသည် မိမိတို့၏ သားသမီးများကို ပုခက်အတွင်း၌လည်းကောင်း၊ ကိုယ်ပေါ်တွင်ချီ၍လည်းကောင်း ချော့သိပ်ကြစမြဲဖြစ်သည်။ ရွှေလမှာ---ယုန်ဝပ်လို့---ဆန်ဖွတ်သည့် အဘိုးအို---ဟောကြည်ပါဆို---ဟူသောသီချင်းသည် ကိုယ်ပေါ်တွင်မချီ၍ချော့သိပ်သော သီချင်းပင်မဟုတ်ပါလော။ မောင်လေးရယ်---အိပ်ပါတော့---ရောင်နီလာလှပေါ့---တစ်ကြောနှစ်ကြောတေးကိုသီ---ငှက်ကျားနှုတ်ပလီ---ဟူသောသီချင်းသည် ပုခက်အတွင်း၌ ချော့သိပ်သောတေးကဗျာပင်မဟုတ်ပါလော။
ထားဝယ်လူမျိုးတို့သည်လည်း မိမိတို့၏ ရိုးရာတေးကဗျာများဖြင့် သားသမီးများကို ချော့သိပ်လာခဲ့ကြသော လူမျိုးတစ်ရပ်ပင်ဖြစ်ပါသည်။ အထက်ဖေါ်ပြပါ “ဖိုးရှင်ခေ”တေးကဗျာသည် ထားဝယ်ရိုးရာသားချော့တေးတစ်မျိုးပင်ဖြစ်သည်။
ပုခက်အတွင်း၌ ခြေနှစ်ဖက် တွဲလျှားချ၍ အိပ်နေသောကလေး ပြန်နိုးလာသောအခါ မိခင်ဖြစ်သူက မိမိ၏သား အိပ်ရေးမ၀မှာစိုးသောကြောင့် သားငယ်၏ ခြေနှစ်ဖက်ကိုကိုင်လျှက် သီဆိုချော့သိပ်သောကဗျာပင် မဟုတ်ပါလော။
ယင်းသီချင်းကိုသီဆိုကြည့်ကြပါ။ အဘယ်တော့မှ မဆုံးနိုင်ပါ။ ကလေးအိပ်မပျော်မချင်း ဆက်လက်သီဆိုနေမည်ပင်ဖြစ်သည်။
Photo- Win Bo

ယင်းသီချင်းကိုပင် ထားဝယ်သူ၊ ထားဝယ်သား ကလေးငယ်များက “ဖိုးရှင်ခေ” ကစားနည်ဟူ၍ ကစားခဲ့ကြသေးသည်။ ယင်းကစားနည်းကို ကစားရန် လူသုံးယောက်(သို့)လေးယောက် ကစားနိုင်သည်။ လူမပြည့်ပါက နှစ်ယောက်တည်းလည်း ကစားနိုင်ပါသည်။ ကစားပုံမှာ အချင်းချင်း ကျောချင်းကပ်လျှက် ခြေတစ်ဖက်စီကို အချင်းချင်းချိတ်ပြီး ကျန်သောခြေတစ်ဖက်စီကို မြေပြင်ပေါ်တွင်ရပ်လျှက် နောက်ပြန်အနေအထားဖြင့် လက်ခုပ်လက်ဝါးတီးပြီး သီဆိုကစားရသော ကစားနည်းပင်ဖြစ်သည်။ ကစားရာတွင် မိမိတို့တစ်ဖွဲ့တည်းဖြင့်လည်းကောင်း၊ အဖွဲ့အချင်းချင်းပြိုင်၍လည်းကောင်း ကစားကြပါသည်။ (ကစားပုံကို အလျှင်းသင့်သောအခါ ဖော်ပြပါမည်။)
ထားဝယ်ဒေသတွင် “ဖိုးရှင်ခေ” ဟူသောစကားသည် ဗန်းစကားအနေဖြင့်လည်း သုံးပြုလာခဲ့ကြသည်။ “ဖိုးရှင်ခေ” ဟူသောစကားသည် စကားအပြောများသောသူကိုလည်းကောင်း၊ စကားပြောရာတွင် ဆင်ခြေဆင်လက်များသောသူကိုလည်းကောင်း၊ အလုပ်လပ်ရာတွင် ဆင်ခြေ၊ဆင်လက်များသောသူကိုလည်းကောင်း အခြေအနေအချိန်အခါ၊ အကြောင်းအရာပေါ်မူတည်၍ ပြောဆိုသုံးပြုခဲ့ကြသည်။

သို့ဖြစ်၍ ဘုရားပွဲတော်တွင်ရောင်းချနေသော သစ်တတ်သီး(သစ်ချသီး)ကိုမြင်ရာမှ ရှေးခေတ် ထားဝယ်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဆီသို့ အတွေးအမြင်တမ်းမိလေတော့သည်။

တောင်ထားဝယ်ဗိုလ်(၁၄-၈-၂၀၁၃)
------------------------------------------------------------------------------------------

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger