ပို့ချချက်(၁) ဂြိုဟ်ပရိယာယ်များ++++++++++++++++++++အားလုံးမင်္ဂလာရှိကြပါစေ ကြောင်းနှုတ်ခွန်းဆက်ပါသည်။မင်္ဂလာပါ။အင်္ဂဝိဇ္ဇာ ပညာ မှ အရေးကြီးဆုံး ဂြိုဟ်တို့၏ပရိယာယ်များ ကို ပို့ချ ပေးလိုက်ပါတယ်။++++++++ ...

Read more »

ပျဉ်းတော်သိမ်ရွက် (Curry Leaf)ပျဉ်းတော်သိမ်ရွက်ဟာ အိန္ဒိယဟင်းလျာတွေမှာ မပါမဖြစ်ထည့်သွင်းချက်ပြုတ်လေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။ အသားဟင်းတွေ၊ ပဲဟင်းနဲ့ သတ်သတ်လွတ်ဟင်းလျာတွေထဲမှာ ထည့် ...

Read more »

 ဗုဒ္ဓံသရဏံ ဂစ္ဆာမိ            ဓမ္မံသရဏံ ဂစ္ဆာမိ             သံဃံသရဏံ ဂစ္ဆာမိ             &nbs ...

Read more »

လက်တွေ့အသုံးချအင်္ဂဝိဇ္ဇာဗေဒင်ပညာ(အပိုင်း၂)        အင်္ဂဝိဇ္ဇာဗေဒင်ပညာဖြင့်တွက်ချက်၍ ဟောပြောမည်ဆိုလျှင် အဓိကကျဆုံးမှာ အခါပိုင်းခြင်းပင်ဖြစ်သည်။အခါမှားလျှင် မှန်ကန်သောအဖြေကိုမည်သို ...

Read more »

                               အင်္ဂဝိဇ္ဇာဗေဒင်ပညာ      အင်္ဂဝိဇ္ဇာ ကျမ်းရင်းလင်္ကာကြီး (ဆရာတော်က ...

Read more »

ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော်မုန်းပမာဏနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ဗီတာမင်ဘီ ခို့ျတဲ့မှု ...

Read more »
Latest Post

ကော်ဖီကို ပုံမှန်သောက်သုံးသူတွေဟာ ရုတ်တရက် ချက်ချင်း သေဆုံး နိုင်ချေနည်း

Written By Live100 on Thursday, December 31, 2015 | 8:37 AM


Unicode
သင်ဟာ နှစ်သစ်ကူးကာလမှာ ကော်ဖီသောက်ခြင်းကို စွန့်လွှတ်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဒီအတွေးကို ပြန်လည်သုံးသပ်ဖို့လိုပါလိမ့်မယ်။ ကျွမ်းကျင်သူ တွေ ရဲ့ ပြောကြားချက်အရ လူအများစု အတွက် ကော်ဖီကို ရှောင်ကြဉ်ဖို့ မလိုအပ်ပါဘူး။

သြစတြေးလျနိုင်ငံ Dietitians အဖွဲ့အစည်းမှာ ရှိတဲ့ ပရော်ဖက်ဆာ Clare Collins က ပြောပြခဲ့တာကတော့ ကော်ဖီ ပုံမှန် သောက်သုံးသူတွေဟာ အသည်းကင်ဆာ ဖြစ်စေဖို့ နဲ့ မမျှော်လင့်ပဲ ချက်ချင်းသေဆုံးသွားခြင်းမျိုးဖြစ်စေဖို့ အခွင့်အလမ်း အရမ်းနည်းတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သကြားဓါတ်တွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ အင်ဆူလင်ဆိုတဲ့ဟော်မုန်းတစ်မျိုးကို လုံလောက်စွာမထုတ်လုပ်နိုင်ခြင်း (သို့) ထုတ်လုပ်ထားတဲ့ အင်ဆူလင်များဟာ ကောင်းစွာအလုပ်မလုပ်တော့တဲ့ အခါမျိုးမှာ ဖြစ်ပေါ်လေ့ရှိတဲ့ အမျိုးအစား ၂ ဆီးချို ၊ သွေးချို ရောဂါတို့ဖြစ်စေဖို့လည်း အခွင့်အလမ်းနည်းစေပါတယ်။

ထို သုတေသန က တဆင့် ထပ်မံ သိရှိခဲ့ရတာကတော့ ကော်ဖီမှာအဓိက ပါဝင်နေတဲ့ ကဖိန်းဓါတ်ဟာ ဦးနှောက်ကိုလည်း ပါကင်ဆန်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရာမှာ ကူညီပေးနိုင်တယ်လို့လည်းသိရပါတယ်။

ဒါပေမယ့်လည်း တစ်ဖက်မှာတော့ ကော်ဖီဟာ လူနည်းစုအတွက် အန္တာရာယ်ရှိနေပါသေးတယ်။ ဘယ်လိုလူနည်းစုလည်းဆိုရင်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ကဖိန်း ၂၀၀ မီလီဂရမ်ခန့်ပါဝင်တဲ့ အသင့်ဖျော်ကော်ဖီတစ်ခွင် ခန့်လျှင်ပင် ကိုယ်ဝန်ဆောင်ခြင်းကို ထိခိုက်နိုင်ချေရှိသလို ကော်ဖီဟာ နှလုံးခုန်နှုန်းမြန်ဆန်နေသူ တွေနဲ့ သွေးဖိအားမြင့်မားနေသူတွေအတွက် မသင့်တော်နိုင်ပါဘူး။

ဒါ့အပြင် ကလေးငယ်တွေအနေနဲ့လည်း ကဖိန်းဓါတ်ကို အစာချေဖျက်နိုင်စွမ်း မရှိတာကြောင့် ကလေးငယ်တွေဟာ ဆယ်ကျော်သက် အရွယ်မရောက်ခင်မှာတော့ ကော်ဖီသောက်ခြင်းကို မစတင်သင့်ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)


Zawgyi
သင္ဟာ ႏွစ္သစ္ကူးကာလမွာ ေကာ္ဖီေသာက္ျခင္းကို စြန္႔လႊတ္ဖို႔ စဥ္းစားထားတယ္ဆိုရင္ေတာ့ ဒီအေတြးကို ျပန္လည္သံုးသပ္ဖို႔လိုပါလိမ့္မယ္။ ကၽြမ္းက်င္သူ ေတြ ရဲ ႔ ေျပာၾကားခ်က္အရ လူအမ်ားစု အတြက္ ေကာ္ဖီကို ေရွာင္ၾကဥ္ဖို႔ မလိုအပ္ပါဘူး။

ၾသစေၾတးလ်ႏိုင္ငံ Dietitians အဖြဲ႔အစည္းမွာ ရွိတဲ့ ပေရာ္ဖက္ဆာ Clare Collins က ေျပာျပခဲ့တာကေတာ့ ေကာ္ဖီ ပံုမွန္ ေသာက္သံုးသူေတြဟာ အသည္းကင္ဆာ ျဖစ္ေစဖို႔ နဲ႔ မေမွ်ာ္လင့္ပဲ ခ်က္ခ်င္းေသဆံုးသြားျခင္းမ်ိဳးျဖစ္ေစဖို႔ အခြင့္အလမ္း အရမ္းနည္းတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ခႏၶာကိုယ္အတြင္းမွာရွိတဲ့ သၾကားဓါတ္ေတြကို စြမ္းအင္အျဖစ္ေျပာင္းလဲေပးႏိုင္တဲ့ အင္ဆူလင္ဆိုတဲ့ေဟာ္မုန္းတစ္မ်ိဳးကို လံုေလာက္စြာမထုတ္လုပ္ႏိုင္ျခင္း (သို႔) ထုတ္လုပ္ထားတဲ့ အင္ဆူလင္မ်ားဟာ ေကာင္းစြာအလုပ္မလုပ္ေတာ့တဲ့ အခါမ်ိဳးမွာ ျဖစ္ေပၚေလ့ရွိတဲ့ အမ်ိဳးအစား ၂ ဆီးခ်ိဳ ၊ ေသြးခ်ိဳ ေရာဂါတို႔ျဖစ္ေစဖို႔လည္း အခြင့္အလမ္းနည္းေစပါတယ္။

ထို သုေတသန က တဆင့္ ထပ္မံ သိရွိခဲ့ရတာကေတာ့ ေကာ္ဖီမွာအဓိက ပါ၀င္ေနတဲ့ ကဖိန္းဓါတ္ဟာ ဦးေႏွာက္ကိုလည္း ပါကင္ဆန္ေရာဂါျဖစ္ပြားျခင္းမွ ကာကြယ္ရာမွာ ကူညီေပးႏိုင္တယ္လို႔လည္းသိရပါတယ္။

ဒါေပမယ့္လည္း တစ္ဖက္မွာေတာ့ ေကာ္ဖီဟာ လူနည္းစုအတြက္ အႏာၱရာယ္ရွိေနပါေသးတယ္။ ဘယ္လိုလူနည္းစုလည္းဆိုရင္ေတာ့ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးေတြအေနနဲ႔ ကဖိန္း ၂၀၀ မီလီဂရမ္ခန္႔ပါ၀င္တဲ့ အသင့္ေဖ်ာ္ေကာ္ဖီတစ္ခြင္ ခန္႔လွ်င္ပင္ ကိုယ္၀န္ေဆာင္ျခင္းကို ထိခိုက္ႏိုင္ေခ်ရွိသလို ေကာ္ဖီဟာ ႏွလံုးခုန္ႏႈန္းျမန္ဆန္ေနသူ ေတြနဲ႔ ေသြးဖိအားျမင့္မားေနသူေတြအတြက္ မသင့္ေတာ္ႏိုင္ပါဘူး။

ဒါ့အျပင္ ကေလးငယ္ေတြအေနနဲ႔လည္း ကဖိန္းဓါတ္ကို အစာေခ်ဖ်က္ႏိုင္စြမ္း မရွိတာေၾကာင့္ ကေလးငယ္ေတြဟာ ဆယ္ေက်ာ္သက္ အရြယ္မေရာက္ခင္မွာေတာ့ ေကာ္ဖီေသာက္ျခင္းကို မစတင္သင့္ဘူးလို႔ ကၽြမ္းက်င္သူေတြက သတိေပးထားပါတယ္။

( Mario )

#သစ္ထူးလြင္(က်န္းမာေရး)
1234567 Next

တစ်ပတ်အတွင်းဒိုင်ယာရီ

အင်္ဂဝိဇ္ဇာဗေဒင်ပညာ

 
Support : Copyright © 2011. လြင္႔ေမာင္ေမာင္(ထား၀ယ္) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger