Latest Post

ဗုဒ္ဓရုပ်ပွားဆင်းတုတော်ပူဇော်ရသည့်အကျိုး

Written By လြင္႕ေမာင္ေမာင္ on Saturday, June 26, 2010 | 8:30 PM



ဗုဒ္ဓရုပ်ပွားဆင်းတုတော်ပူဇော်ရသည့်အကျိုး ဗုဒ္ဓဘာသာအိမ်တိုင်း၌ ဗုဒ္ဓ၏ရုပ်ပွားဆင်းတုများကို ကိုးကွယ်ပူဇော်ကြ၏။ဘုရားကျောင်းဆောင်ကို အိမ်ဦးခန်း စသည့်မြင့်မြတ်သောနေရာတွင်သာနေရာပေးရ၏။အမြင့်အမြတ်နေရာမပေးနိုင်လျှင်မထားသည်ကကောင်းပါသည်။ယုတ်နိမ့်သောနေရာ၌ဘုရားထားလျှင် နေ့စဉ်ငရဲကြီးနေ၏။ဘေးဥပဒ်ကျရာက်တတ်ပါသည်။
 မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်ကို ပူဇော်ရှိခိုးကြသည့်သူများမှာ “သက်တော်ထင်ရှား၊ မြတ်စွာဘုရားပါတကား”ဟု ဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးကြသူများ ဖြစ်ကြသည်။ 
ဤကဲ့သို့ ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင် “သမေ စိတ္တေ သမံဖလံ” ဆိုသည့် ဘုရားဟောပါဠိတော်အရ အကျိုးထူးများရနှိင်ပါသည်။
“စိတ္တေ၊မိမိစိတ်သည်၊သမေ၊သက်တော်ထင်ရှား မြတ်စွာဘုရားနှင့် ရုပ်တုဆင်းတုတော်ကို အညီအမျှ ထားနိုင်သည်ရှိသော်။ သမံ ဖလံ ၊ ဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးတရား အတူတူပင် ရရှိနိုင်ပါသည်။
” မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ကျောင်းဆောင်နှင့် တကွပူဇော်ထားခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူး(၉)မျိုးကိုရနိုင်ပါသည်။ 
(၁) ဘုရားကျောင်းဆောင်ရှိသည့်အတွက် ဘုရားကိုမြင်နေရခြင်း ၊ဘုရားဝေယျာဝစ္စပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့် ကင်းကွာမနေခြင်း။ 
(၂) မြတ်စွာဘုရားကိုဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ယုံကြည်မှုလေးနက်လာခြင်း။ 
(၃) အိမ်တွင်ဘုရားကျောင်းရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှုပြုခြင်းဖြင့် သတိမြဲခြင်း၊ပညာဉာဏ် ထက်မြက်စေခြင်း။ 
(၄) ကုသိုလ်တရားများတိုးပွားခြင်း။ 
(၅) စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားရှေ့သို့သွားပြီး ဘုရားပန်းလဲခြင်း၊မြတ်စွာဘုရားကို အသေအချာကြည့်အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများပပျောက်သွားခြင်း။စိတ်ကြည်နူးမှုချက်ချင်းရရှိခြင်း။ 
(၆) အိမ်တွင်ဘုရားကျောင်းရှိသဖြင့် နာနာဘာ၀ ဝိနာဘာဝများ၏အနှောက်အယှက်များမှကင်းပြီး မကြောက်မရွံ့နေနိုင်ခြင်း။ 
(၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်ခြင်း။ 
(၈) ဘုရားကျောင်းကို သန့်သန့်ရှင်းရှင်းထားလျှင် အိမ့်ကျက်သရေ၊လူ့ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများတက်လာခြင်း။ 
(၉) ဘုရားကျောင်းရှိသဖြင့် မြတ်စွာဘုရားနှင့်အတူ ပေါင်းသင်းရသကဲ့သို့ဖြစ်ပြီး သူတပါး၏ ပူဇော်မှုကိုခံယူရရှိနိုင်ခြင်း။ 
(ဘုရားသည် စင်နှင့်မနေ၊ ထို့ကြောင့်ဘုရားကျောင်းဆောင်ဟုခေါ်ရမည်။ ဘုရားစင်ဟုမသုံးနှုံးရ။) (နတ်သည်စင်နှင့်နေ၏။ထို့ကြောင့် နတ်စင်ဟု သုံးနှုံးရမည်။)
Zawgyi 
ဗုဒၶ႐ုပ္ပြားဆင္းတုေတာ္ပူေဇာ္ရသည္႔အက်ဳိး ဗုဒၶဘာသာအိမ္တိုင္း၌ ဗုဒၶ၏႐ုပ္ပြားဆင္းတုမ်ားကို ကိုးကြယ္ပူေဇာ္ၾက၏။ဘုရားေက်ာင္းေဆာင္ကို အိမ္ဦးခန္း စသည္႔ျမင္႔ျမတ္ေသာေနရာတြင္သာေနရာေပးရ၏။အျမင္႔အျမတ္ေနရာမေပးႏုိင္လွ်င္မထားသည္ကေကာင္းပါသည္။ယုတ္နိမ္႔ေသာေနရာ၌ဘုရားထားလွ်င္ ေန႔စဥ္ငရဲႀကီးေန၏။ေဘးဥပဒ္က်ရာက္တတ္ပါသည္။ ျမတ္စြာဘုရား၏ ႐ုပ္ပြားဆင္းတုေတာ္ကို ပူေဇာ္႐ွိခိုးၾကသည္႔သူမ်ားမွာ “သက္ေတာ္ထင္႐ွား၊ ျမတ္စြာဘုရားပါတကား”ဟု ဂုဏ္ေတာ္ကိုးပါးကို စိတ္ေရာက္ၿပီးၾကသူမ်ား ျဖစ္ၾကသည္။ ဤကဲ႔သို႔ ပူေဇာ္ကိုးကြယ္ၾကမည္ဆိုလွ်င္ “သေမ စိေတၱ သမံဖလံ” ဆိုသည္႔ ဘုရားေဟာပါဠိေတာ္အရ အက်ဳိးထူးမ်ားရႏိွင္ပါသည္။

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လြင္႔ေမာင္ေမာင္(ထား၀ယ္) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger