Latest Post
နက္ခတ္တဗေဒအခြေခံ ( ၂ )
Written By လွင့်မောင်မောင် on Wednesday, July 24, 2013 | 9:31 PM
နက္ခတ္တဗေဒအခြေခံ ( ၂ )
 ဂြိုဟ်ပူး ၊ ဂြိုဟ်မြင် နှင့် ဂြိုဟ်သမ္ဗန္ဓ  
         ဂြိုဟ်ပူး 
(၁) ယေဘုယျအားဖြင့်လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော ဂြိုဟ်များ
     ရာသီဇာတာ၌ တစ်ရာသီတည်းတွင်အတူတကွရှိကြလျှင် ယင်းတို့ကို ပူးသည်ဟု ဆိုနိုင်ပါသည်။
 (၂) အတိအကျ ဆိုရလျှင် လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော
     ဂြိုဟ်များတစ်ရာသီတည်းတွင်အတူတကွရှိကြ၍ ၄င်းတို့၏ အံသာခြားနားချက်မှာ ၈ အံသာ
     (တချို့ဆရာများက ၁၀ အံသာ ) အတွင်းရှိမှ ၄င်းတို့ကို ပူးသည်ခေါ်သည်။
( မည်သို့ဆိုစေဂြိုဟ်တို့သည်တစ်လုံးနှင့်တစ်လုံးအံသာနီးလေပေူးပေါင်းမှုအားကောင်းလေလေဖြစ်သည်။)
(၃) လဂ်အပါအဝင် ဂြိုဟ်နှစ်လုံးသို့မဟုတ် နှစ်လုံးထက်ပိုသော      ဂြိုဟ်များသည်ရာသီဇာတာ၊နဝင်းဇာတာနှစ်ခုစလုံးတွင် တစ်ရာသီတည်း၌ အတူတကွရှိကြ
  လျှင် ပူးပေါင်းမှု အားကောင်းဆုံးဖြစ်သည် ။
   ဂြိုဟ်မြင်
 ဤနေရာတွင် မြင်မှုအားနည်းသော ၁ပါဒ် ၊ ၂ပါဒ် ၊ ၃ပါဒ် အမြင်များကို ချန်လှပ်၍ မြင်မှုအားကောင်းသော ရာနှုန်းပြည့် ၄ ပါဒ် အမြင်ကိုသာ ဖော်ပြပါမည် ။
တနင်္ဂနွေ မှ စနေ ဂြိုဟ် အထိ ဂြိုဟ်(၇)လုံးသည် ၁၂ရာသီစက်ဝန်းကို လက်ဝဲရစ် လှည့်ပတ်ကြသည်။  ထို့ကြောင့်ဂြိုဟ်အမြင် တန့်ကိုရေတွက်လျှင် ၄င်းတို့ရပ်တည်သောရာသီအိမ်မှစတင်၍ လက်ဝဲရစ်အတိုင်း ၁တန့် ၊ ၂တန့် စသည်ဖြင့် ရေတွက်ရပါမည် ။
(က) တနင်္ဂနွေ မှ စနေ အထိ ဂြိုဟ် (၇)လုံးသည် မိမိရပ်တည်သည့်ရာသီမှ (၇)တန့်ဘာဝ(သမသတ်ရာသီ) ကိုလည်းကောင်း၊ ၄င်းရာသီ၌ ရပ်တည်သော ဂြိုဟ်များနှင့် လဂ်ကိုသော်လည်းကောင်း (၄) ပါဒ်ပြည့် အမြင်ဖြင့် မြင်ကြလေသည် ။
 (ခ) အင်္ဂါဂြိုဟ်သည် (၄)တန့်ဘာဝ နှင့် (၈)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏ ။
(ဂ) ကြာသပတေးဂြိုဟ်သည် (၅)တန့်ဘာဝ နှင့် (၉)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏။
 (ဃ) စနေဂြိုဟ်သည် (၃)တန့်ဘာဝ နှင့် (၁၀)တန့်ဘာဝ တို့ကိုလည်းကောင်း ၊ ၄င်းဘာဝ၌ ရပ်တည်သော လဂ် နှင့် ဂြိုဟ်များကိုလည်းကောင်း (၄)ပါဒ် အမြင်ဖြင့် အထူးမြင်၏။
 ဂြိုဟ်တို့၏ အမြင်ကင်းသော ဘာဝတို့ မှာ ၁တန့် ၊ ၂ တန့် ၊ ၆ တန့် ၊ ၁၁ တန့် နှင့် ၁၂ တန့် တို့ဖြစ်ပါသည် ဂြိုဟ်အမြင်များကို မှတ်မိလွယ်စေရန် အောက်ပါဇယား ကို ကြည့်ပါ ။
(င) ရာဟု ဂြိုဟ်သည် ၁၂ရာသီစက်ဝန်းကို  လက်ယာရစ် လှည့်ပတ်သည်။
     ထို့ကြောင့် ရာဟုဂြိုဟ်၏ဂြိုဟ်အမြင်  တန့်ကိုရေတွက်လျှင်
       စသည်ဖြင့် ရေတွက်ရပါမည် ။
   ရာဟုဂြိုဟ်သည် ၅တန့် ၊ ၇တန့် ၊ ၉တန့် ၊ ၁၂တန့် ဘာဝတို့ကိုလည်းကောင်း ၊
                       ဂြိုဟ်ပူးထက် ဂြိုဟ်မြင်က ပို၍ အားကောင်းပါသည်။
                      (၁)နာရီ ခန့် အချိန်ပေး၍ လေ့ကျင့်လိုက်ပါ ။
                                   နက္ခတ္တဗေဒအခြေခံ ( ၃ )
                            ဂြိုဟ်သမ္ဗန္ဓ(ဂြိုဟ်အချင်းချင်းဆက်သွယ်မှု)
   ဂြိုဟ်သမ္ဗန္ဓ (၄)မျိုးရှိသည် ။
(၁) ဂြိုဟ်၂လုံးသည် ရာသီအိမ်ချင်းဖလှယ်၍ ရပ်တည်ကြလျှင် ၄င်းဂြိုဟ် ၂ လုံးတို့ ပထမသမ္ဗန္ဓပြုကြသည် ။  (ပုံ တွင်ရှု)
တနင်္ဂနွေသည် ကြာပတေးပိုင်မိန်ရာသီတွင်ရပ်တည် ၍ ကြာသပတေးသည် တနင်္ဂနွေပိုင် သိဟ်ရာသီတွင်ရပ်တည်နေသည်။
ထို့ကြောင့် တနင်္ဂနွေနှင့် ကြာသပတေး တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
-တနလာင်္သည် အင်္ဂါပိုင်မိဿရာသီတွင်ရပ်တညိ၍ အင်္ဂါသည် တနင်္လာပိုင် ကရကဋ်ရာသီတွင်ရပ်တည်နေသည်။
ထို့ကြောင့် တနင်္လာ နှင့် အင်္ဂါ တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
-ထိုနည်းတူစွာ ဗုဒ္ဓဟူးနှင့် စနေ တို့သည် ပထမသမ္ဗန္ဓပြုကြသည် ။
(၂) ဂြိုဟ်နှစ်လုံးတို့သည် တစ်လုံးကိုတစ်လုံး အပြန်အလှန်၎ပါဒ်အပြည့်မြင်ကြလျှင်  
                        (ပုံ တွင်ရှု)
-တနင်္လာ နှင့် သောကြာ တို့သည်အချင်းချင်း သမသတ်(၇တန့်)အမြင်ဖြင့် အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
--အင်္ဂါသည် စနေကို ၄တန့် ဖြင့်လည်းကောင်း ၊ စနေသည် အင်္ဂါကို ၁၀တန့်ဖြင့် လည်းကောင်း အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
--ကြာသပတေး သည် ရာဟုကို ၉တန့် ဖြင့်လည်းကောင်း ၊ ရာဟုသည် ကြာသပတေးကို ၅တန့်ဖြင့် လည်းကောင်း အပြန်အလှန်မြင်ကြ၍ ၄င်းတို့သည် ဒုတိယသမ္ဗန္ဓပြုကြသည်။
(၃)ဂြိုဟ်တစ်လုံးသည်မိမိရပ်တည်သော အိမ်ရှင်ဂြိုဟ်ကိုမြင်၍ ၄င်းအိမ်ရှင်ဂြိုဟ်သည်   
 မိမိရာသီ၌ရပ်တည်သော ဂြိုဟ်ကိုမမြင်လျှင် ၄င်းဂြိုဟ်၂လုံးသည် တတိယသမ္ဗန္ဓ ပြုသည် ။
 (ပုံ တွင်ရှု)
 - ကြာသပတေး က တနင်္ဂနွေကို မြင်၍ တနင်္ဂနွေက သြပတေးကိုမမြင်ပါ ။
       ထို့ကြောင့် ကြာသပတေး နှင့် တနင်္ဂနွေ တတိယသမ္ဗန္ဓ ပြုသည် ။
     - စနေ က တနင်္လာကိုမြင်၍ တနင်္လာက စနေကိုမမြင်ပါ ။
       ထို့ကြောင့် စနေ နှင့် တနင်္လာ တတိယသမ္ဗန္ဓ ပြုသည် ။
(၄) ဂြိုဟ်၂လုံးသည် တစ်ရာသီတည်း၌ အတူရှိကြလျှင် ၄င်းတို့သည်စတုတ္ထသမ္ဗန္ဓပြုကြသည်။
                        ဖော်ပြပါအခြေခံသဘောတရားများကိုကြေညက်အောင်လေ့ကျင့်ပါ ။
                                                   ၁နာရီ အချိန်ယူပါ။
ပြီးလျှင် နက္ခတ္တဗေဒအခြေခံ ( ၁ )၊(၂) ၊(၃) ကိုအစအဆုံး ထပ်မံလေ့ကျင့်ပါ ။
                                         အချိန် ၁နာရီ ၃၀မိနစ်ခန့် ယူပါ ။
 ယခုစုစုပေါင်းအချိန် (၄)နာရီအတွင်း ဇာတာတစ်စောင်ကိုကြည့်လိုက်သည်နှင့် လဂ်၊စန်း ၊ ဂြိုဟ်တို့၏ ရပ်တည်သောရာသီနှင့်  အနေအထား(ကသစ် ၊ ကိန်း ၊ ဥပစ္စည်း ၊တြိကောဏ)
    ဂြိုဟ်ပူး ၊ ဂြိုဟ်မြင် ၊သမ္ဗန္ဓပြုသော ဂြိုဟ်များ ကို သိမြင်နိုင်ပြီဖြစ်ပါသည် ။
တစ်ပတ်အတွင်းဒိုင်ယာရီ
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger