Latest Post

ြုကက်ဥခွံထဲက ကိတ်မုန့် (Cake in the Egg Shell)

Written By လွင့်မောင်မောင် on Wednesday, October 23, 2013 | 6:33 AM


 

Living Fashion ရဲ့ Food ကဏ္ဍကနေပြီးတော့ အားလပ်ရက်တွေ အိမ်မှာ မုန့်လုပ်စားတတ်တဲ့ ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ကိတ်မုန့်လေး လုပ်စားဖို့

နည်းလမ်းပေးမယ်နော်။ ဒီလ အောက်တိုဘာ ပိတ်ရက်တွေမှာ စမ်းကြည့်ပေါ့။ အဲဒီနည်းလေး ကတော့ ကြက်ဥထဲက ကိတ်မုန့်လုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

ဂျုံမှုန့် မုန့်ဖုတ်ပေါင်ဒါ
မုန့်ဖုတ်ဆော်ဒါ ဆား
သကြား ထောပတ် (Unsalted)
လီမွန်အနှစ် ကြက်ဥအကြီး ၉ လုံး
(ကိုယ်လိုချင်သလောက် သုံးနိုင်ပါတယ်)

၁။ ကြက်ဥထိပ်ကို အပေါက်ကလေးဖြစ်အောင် ဝိုင်ပုလင်းဆို့တွေကို ထုတ်တဲ့ ဝက်အူလှည့်ကို အသုံး ပြုပြီး ဖောက်လိုက်ပါ။ အဲဒီ ဝက်အူလှည့်ကို အလွယ် တကူရှာမတွေ့၊ မရှိရင် ကြက်ဥထိပ်ကို ဇွန်းနဲ့ ခပ် ဆတ်ဆတ်ကလေး အက်ရုံ ခေါက်ပေးလိုက်ပါ။


 

၂။ ဝက်အူလှည့်နဲ့ဖောက်လို့ ပေါက်သွားတဲ့ အပေါက်ကလေး (သို့) ဇွန်းနဲ့ ဖောက်လို့ အက်သွား တဲ့ ကြက်ဥထိပ်ကို အပေါက်လေးနည်းနည်းကျယ်သွား အောင် ဘေးအခွံလေးတွေကို နည်းနည်းလေး ခွာပေး လိုက်ပါ။
၃။ ပေါက်သွားတဲ့ ကြက်ဥထိပ်ကနေ အထဲက ကြက်ဥ အကာနဲ့အနှစ်ကို သွန်ချလိုက်ပါ။ အဲဒီ အနှစ်တွေ အကာတွေကို အလကားဖြစ်သွားပြီဆိုပြီး မစိုးရိမ်လိုက် ပါနဲ့၊
ကိတ်မုန့်လုပ်ရာမှာ ပြန်သုံးပေးလိုက်ရင် ပြီးပြီ ပေါ့။
                               

၎။ ကြက်ဥတွေထဲက အကာနဲ့ အနှစ်တွေအားလုံး သွန်လို့ ကုန်သွားပြီဆိုရင် ကြက်ဥတွေကို နာရီဝက် လောက် ဆားရည်ထဲမှာစိမ်ပြီး ဆေးကြောလိုက်ပါ။ ဒီလို ဆေးရာမှာ
ကြက်ဥ အတွင်းရော အပြင်ကိုပါ စင်အောင် ဆေးပေးရမယ်နော်။ ဆေးပြီးရင် အဝတ် တစ်ခုပေါ်မှာ ကြက်ဥတွေကို မှောက်ပြီး ရေစစ်ထားလိုက် ပါ။ ဒါဆိုရင်တော့ ကြက်ဥအခွံကို ပြင်ဆင်တာ ပြီးသွား ပါပြီ။ ဒီတစ်ခါ ကိတ်မုန့်လုပ်ဖို့ ပြင်ဆင်ကြမယ်။

► ဂျုံမုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆော်ဒါနဲ့ ဆားတွေကို ပန်းကန်လုံး အလတ်စားထဲမှာ ရောနယ်ထားလိုက်ပါ။

► ပန်းကန်လုံးအကြီးထဲမှာ ကြက်ဥနဲ့ သကြားကို အရောင်ဖျော့လာတဲ့အထိ ခေါက်မွှေပေးရပါတယ်။

►ဒီအတိုင်းပဲ ထောပတ်၊ လီမွန်အနှစ် (လီမွန်ယို) ကိုလည်း နယ်ပေးပါ။
ပြီးရင် စောစောက ရောထားတဲ့အမှုန့်တွေနဲ့ ကြက်ဥ၊ ထောပတ်၊ သကြား၊ လီမွန်ယိုတွေကို သမအောင် ရောနယ်ပေးလိုက်ပါ။ လီမွန်ယိုအစား venilla cream ကိုလည်း
သုံးလို့ရပါတယ်။ အားလုံးသမသွားပြီဆိုရင် ခဏလောက် နှပ်ထားလိုက်ပါ။

► Piping bagလို့ခေါ်တဲ့ အိတ်ထဲကို မုန့်နှစ်တွေ ကို ရေစစ်ထားတဲ့ ကြက်ဥတွေထဲ လိုက်ဖြည့်ပေးပါ။

► ဒီလိုဖြည့်တဲ့အခါမှာ ကြက်ဥရဲ့ လေးပုံသုံးပုံ လောက်ပဲ ဖြည့်ပေးရပါမယ်။ လျော့ဖြည့်မိရင် ပြည့်စုံ တဲ့ ကြက်ဥကိတ်လှလှပပလေး မရတော့သလို ပိုဖြည့် မိရင်လည်း မုန့်ဖုတ်နေတဲ့အချိန်မှာ လျှံထွက်ပြီး ကြက်ဥကွဲတတ်ပါတယ်။

►အားလုံးပြင်ဆင်ပြီးရင် oven ထဲမှာ ၃၅ဝ ဒီဂရီ ဖာရင်ဟိုက်နဲ့ ၂၃ မိနစ်လောက် ထည့်ဖုတ်ပေးလိုက်ရင် ရပါပြီ။ပုံကိုကြည့်ရတာတော့ တစ်မျိုးဖြစ်နေမှာပါ။ ရုပ်ဆိုးတယ်မဟုတ်လား။ ဒါပေမဲ့ ကိစ္စမရှိပါဘူး အပြင် ကိုထွက်နေတဲ့ ကိတ်သားတွေကို ဖယ်လိုက်ပြီး ကြက်ဥကို ရေစိုဝတ်နဲ့
သုတ်ပေးလိုက်ပါ။

ကဲ ဒါတွေအားလုံး အချောသတ်ပြီးစီးသွားပြီဆို ရင် ကြက်ဥကိုခွာပြီး အထဲက ကိတ်မုန့်ကို စားလို့ရပါ ပြီ။ သူငယ်ချင်းတွေကို အလုပ်ရှုပ်ခံ စားချင်တဲ့သူတွေ စမ်းကြည့်ပေါ့။
အချိုပွဲ ထူးဆန်းတာလေးအနေနဲ့ သုံးချင်ရင်လည်း ရပါတယ်။ ကလေးတွေကိုလည်း ကျောင်းကို ထည့်ပေးလို့ရတာပေါ့။

MILO(LivingFashion)

Chicken Drumstick Soup with Fried Tofu and Duck Egg..

Written By လွင့်မောင်မောင် on Monday, October 21, 2013 | 9:13 PM


Tuesday, October 22, 2013

ဒီပာင်းကတော့...တရုတ်စတိုင်လ်လို.ပြောလဲရပါတယ်....ချက်ပြုတ်နည်းက
လွယ်ကူပါတယ်....။

ပါဝင်ပစ္စည်းတွေကတော့...

၁။ ကြက်ပေါင်............( ၆) ခု
၂။ တိုပာူးဖြူ(ပဲပြား)...............၂တုံး
၃။ ဘဲဥ......................( ၆) လုံး
၎။ပာင်းခတ်အမွှေးအကြိုင်(ငရုတ်ကောင်းစေ့၊နံနံပင်အမြစ်၊ကြက်
ဖြူ၊ နာနတ်ပွင့်...)

ကြက်ပေါင်ကိုဆီပူပူဖြင့်၅မိနစ်လောက်ကြော်ထားပါ..တိုပာူးဖြူ(ပဲပြား)ကို
လည်းအနည်းငယ်ကြွပ်အောင်..ကြော်ထားပြီး..ဘဲဥကိုတော့ပြုတ်ပြီးအခွံခွါထားပါ...။

ပာင်းခတ်အမွှေးအကြိုင်တွေကို...ခပ်ကြမ်းကြမ်းထောင်းထားပါ..။

ဒယ်အိုးတစ်လုံးမှာ..ဆီအနည်းငယ်ဖြင့်ပာင်းခတ်အမွှေးအကြိုင်တွေကိုဆီ
သတ်ပါ...အနံ.မွှေးလာလျှင်...ကြက်ပေါင်၊ဘဲဥပြုတ်၊ပဲပြားတုံးတွေကိုထည့်
မွှေပေးရပါမယ်..။

ပဲငံပြာရည်အပျစ်(အနောက်၇ည်)ပဲငံပြာရည်အကြည်ရည်
သကြားအနည်းငယ်..ကြက်သားမှုန်.တွေကို..အရာသာအဖြစ်ဖြည့်စွက်ပါ။
နာရီဝက်လောက်ကြာလို.ပာင်းခတ်အမွှေးနံ.များ...စွဲကပ်နေပြီဆိုရင်တော့..
ဇကာတစ်ခုနဲ.ပာင်းခတ်အမွှေးအကြိုင်တွေကို..စစ်ထုတ်ပစ်လိုက်ပါ..။

နံနံပင်လေးအုပ်ပြီး...မွှေးမွှေးချိုချို...ပာင်းရည်တဖြစ်လဲဒီပာင်းချိုလေးကို
ဆူကီဆော့စ်လေးနဲ.တွဲဖက်သုံးဆောင်နိုင်ပါပြီ.....
Myanmar Online News

ခါးပတ်ကျပ်ကျပ် ၀တ်သူများ လည်ချောင်းကင်ဆာ ဖြစ်ပွားနိုင်

 
ခါးပတ်ကို ကျပ်တည်းစွာ ၀တ်ဆင်ခြင်းဟာ လည်ချောင်းကင်ဆာ (throat cancer) ဖြစ်ပွားစေဖို့ အခွင့်အလမ်းများတယ်လို့ သုတေ သနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အ၀လွန်သူတွေမှာ ပိုဖြစ်ပွားနိုင်တယ်လို့လဲ သိရပါတယ်။

ခါးကို ထိန်းချုပ်ထားမှုများခြင်းဟာ အစာအိမ်ကနေ အက်ဆစ်တွေကို အပေါ်ကိုပိုပြီး ဆန်တက်စေနိုင်ပြီး လည်ချောင်းကင်ဆာနဲ့ အစာရေမျို ကင်ဆာတွေကို အဖြစ်များစေနိုင်တယ်လို့ ဂလက်စဂိုမြို့မှ စကော့တလန်လူမျိုး သုတေသီတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာ ယခင်က အဲဒီလို အစာခြေအက်ဆစ်တွေ ပြန်ဆန်တက်မှု ရောဂါရာဇ၀င်မရှိသူ ၂၄ဦးကို လေ့လာခဲ့ပါတယ်။ ထက်ဝက်သောသူတွေဟာ ပုံမှန်ခါးဆိုဒ်ရှိသူများဖြစ်ပြီး ကျန်သူများကတော့ အ၀လွန်သူများဖြစ်ပါတယ်။
ဂလက်စဂိုတက္ကသိုလ်မှ ပါမောက္ခ Dr.Kenneth McColl က “ခါးပတ်ကျပ်ကျပ်ဝတ်ခြင်းဟာ အ၀လွန်သူတွေမှာဆိုရင် အစာအိမ်နဲ့ လည်ချောင်း ကြားမှာဖိအားတွေ ဖြစ်စေပါတယ်။

ဒါဟာအစာခြေအက်ဆစ်တွေပြန်ဆန်တက်ခြင်းနဲ့ကြုံရင် လည်ချောင်းကင်ဆာ နဲ့အစာရေမျိုကင်ဆာတွေဖြစ်ဖို့ risk တော်တော် များစေပါတယ်”လို့ ရှင်းပြထားပါတယ်။

ဒါဟာအစာအိမ်နဲ့မတူဘဲနဲ့ အစာရေမျိုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ အက်ဆစ်ရဲ့ဒဏ်ကို ခံနိုင်ရည် မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့ ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်းတွေကို ခါးပတ်ကျပ်ကျပ် ၀တ်ရင်ခံစားရတာဖြစ်ပြီး အခုလေ့လာမှုကြောင့် အစာရေမျိုကင်ဆာတောင် ဖြစ်နိုင်တယ်ဆိုတာကို သိရှိနိုင်ခဲ့ပါ တယ်။

ဒီလေ့လာမှုကို Journal of Gut မှာ ဖော်ပြထားတာဖြစ်ပါတယ်။
ငြိမ်းအေး
ref;PTI

Health Updates Journal

ထိပ်ပြောင်သူများ အတွက် ကြက်သွန်နီ

 
ဆေးပညာရှင်များ၊သိပ္ပံပညာရှင် များစွာ ရောဂါကာကွယ်ဆေး၊ ကုသ ဆေးမျိုးစုံတီထွင်ဖန်တီးလျက်ရှိကြ သည်။ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင် ခြင်းအတွက် ထိထိရောက်ရောက် ကုသနိုင်မည့်နည်းလမ်းမရှိသေး။
ထူထဲ တောက်ပြောင်သော ဆံကေသာသည် ငယ်ရွယ်ခြင်း၏ ဝိသေသတစ်ခု ဖြစ်သည်။ ဆံပင်ကျွတ် ခြင်းကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ကျ ဝေဒနာတို့ ခံစားရတတ်သည်။

နေထိုင် မှုပုံစံပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်ညစ် ညမ်းမှုနှင့် ကျန်းမာရေး ပြဿနာများ ကြောင့် ဆံပင်ကျွတ်လေ့ရှိသည်။ အံ့အားသင့်ဖွယ် ကောင်းသော အချက်မှာ စီးပွားဖြစ်ရောင်းချနေ သော ဆံပင်ပေါက်ဆေး များတွင် ကြက်သွန်နီ ပါဝင်လေ့ရှိသည်။ ကြက် သွန်နီကို ဆံပင်ပြန်ပေါက် ဆေးတွင် ထည့်သွင်းသည်မှာ ကြောင်တောင် တောင်နိုင်သော်လည်း ဆံပင်ကျွတ် ခြင်း၊ ထိပ်ပြောင်ခြင်းတို့ကိုကုသ ရာတွင် အဓိကဆေးပစ္စည်း အဖြစ် အသုံးပြုလေ့ရှိသည်။

ကြက်သွန်နီတွင် ဆာလဖာဓါတ် ကြွယ်ဝစွာပါဝင်သောကြောင့် ဆံပင် ကျွတ်ခြင်းမှ ကာကွယ်နိုင်သည်။ ဆာလဖာဓါတ်သည် သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြားရောင်ရမ်း နာများ သက်သာစေသည်။ ဆာလဖာ ကြောင့် ကိုလာဂျင်ပရိုတိန်းများထုတ် လုပ်မှုကောင်းစေပြီး ထိုပရိုတိန်းများ ကြောင့် အရေပြားပြေပြစ်ခြင်း၊ ဆံပင် မွေးတောင့်တင်းခြင်းစသည့် အကျိုး ကျေးဇူးများခံစားရသည်။ ထို့ကြောင့်ကြက်သွန်နီသည် ဆံပင်မွေးကိုခိုင်မာ စေသည်။ ဦးရေပြားမှိုစွဲ (ဗောက်ထ) ခြင်းကိုကာကွယ်ပေးသည်။ ပိတ်ဆို့ နေသော မွေးညင်းပေါက်များအား ပွင့်စေသည်။

အီရတ် သုတေသီများ၏ လေ့ လာချက်အရ ထိပ်ပြောင်ဦးရေပြားပေါ် ကြက်သွန်နီ အရည် လိမ်းဆေးထားလျှင် အာနိသင်မဲ့ လိမ်းဆေး လိမ်းသူများထက် ဆံပင်ပေါက်နှုန်း မြန်ဆန်လာသည်ကို တွေ့ ရသည်။
အမေရိကန် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) က ကြက်သွန်နီအား ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ကြောင်း အသိအမှတ်ပြု ထားသည်။

အခြားအသိအမှတ်ပြု ဆေးတစ်မျိုးမှာ minoxidol လိမ်းဆေးဖြစ်သည်။ minoxidol လိမ်း ဆေးသည်လည်း ဦးရေပြားသွေး လည်ပတ်မှု ကောင်းစေ သည်။ ဆံပင်အလွန်အမင်း ကျွတ်နေ သူများအနေနှင့် ကြက်သွန်နီကြိတ် ထားသည့် အရည်လိမ်းပေးသင့် ကြောင်း FDA က မှတ်ချက်ပြုထားသည်။ ကြက်သွန်နီ အရည်ကို မိနစ် (၄ဝ) ခန့်လိမ်းထား၍ ခေါင်းလျှော်ရည်ပျော့ ပျော့နှင့် ဆေးကြောပေးသင့်သည်။

ဇော်ကို
Source: MDI

Good Health

ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်ဖို့ ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေကို စားသုံးပေး


ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်ပေးနိုင်ဖို့ ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေကို စားသုံးပေးသင့်ကြောင်း သုတေသနတစ်ခု မှာ ဖော်ပြထားပါတယ်။ ဒီသုတေသနကို Royal Holloway University, St George’s University, လန်ဒန် တက္ကသိုလ်နဲ့ Kingston University London တို့က ပူးပေါင်းလေ့လာမှု ပြုခဲ့တာဖြစ်ပါတယ်။
ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေမှာ ကျွဲကောသီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီး၊ ကမ္ဗလာသီး၊ ရှောက်သီး၊ လီမွန်သီးတွေလို အချဉ်ကဲတဲ့ အသီးတွေအပြင် ကီဝီသီး၊ စတော်ဘယ်ရီ၊ နဲ့ခရမ်းချဉ်သီးတွေ ပါဝင်ပါတယ်။
ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးတွေမှာပါဝင်တဲ့ naringenin ဟာ ကျောက်ကပ်ရေအိတ်တည်ခြင်းကို ကာကွယ်နိုင်ပြီး PKD2 ဆိုတဲ့ ပရို တင်းကိုတားဆီးပေးနိုင်ပါတယ်။ အဲဒီ PKD2ဟာ ကျောက်ကပ်ရေအိတ်တည်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် Polycystic Kidney့ လို့ခေါ်တဲ့ ကျောက်ကပ်မှာ ရေအိတ်၊ ပြည်တွေနဲ့ ပြည့်နှက်ပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာ ပျက်ယွင်းသွားမယ့် အခြေအနေကို ဗီတာမင်စီကြွယ်ဝတဲ့ အသီးတွေ စားသုံးပေးပြီး ကာကွယ်နိုင်ပါတယ်။

ဒီလေ့လာမှုမှာ ကျောက်ကပ်ရေအိတ်တည်နေတဲ့ ကြွက်တွေကို သုတေသနပြုခဲ့ပြီး naringenin ကို ထိုးသွင်းခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ PKD2 ပမာဏ သိသိသာသာ လျော့ကျလာတာကို တွေ့ရပြီး ကျောက်ကပ်မှာရှိနေတဲ့ ရေအိတ်တွေ လဲလျော့ကျသွားပါတယ်။ ဒါ့အပြင် အသစ်ဖြစ်ပေါ်လာမယ့် ရေအိတ်အခြေအနေကိုလည်း ကာကွယ်နိုင်တယ်လို့သိရပါတယ်။

Kingston University ရဲ့ဆေးဝါးဗေဒဆိုင်ရာ ပါမောက္ခ Dr.Mark Carewuna ringenin ရဲ့အာနိသင်ကို ဆက်လက်လေ့လာနေပြီး ဆေးဝါးအဖြစ် ထွက်ပေါ်လာဖို့ ကြိုးပမ်းနေတယ်လို့ ဆိုထားပါတယ်။
အခုလေ့လာမှုကို British Journal of Pharmacology မှာ ဖော်ပြထားတာဖြစ်ပါတယ်။

သက်ကို
ref: ANI
Health Updates Journal

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger