Latest Post

အသည်းရောဂါများနှင့်ပတ်သက်၍

Written By လွင့်မောင်မောင် on Saturday, October 6, 2012 | 6:31 PM

ပါမောက္ခ ဒေါက်တာစိန်လင်း( ခွဲစိတ်နှင့် ကင်ဆာ ပါရဂူ)

ဆရာ့ အမေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိုယ်တွေ့ ဖြစ်ရပ်လေးကို ပြောချင်ပါတယ်။ အမေက အသက် ၇ဝ နှစ်ထဲမှာပဲ ဒီနှစ် မတ်လ ၂၉ ရက်နေ့ ကပဲ နာတာရှည် အသည်းရောင် အသားဝါ ရောဂါရယ်၊ အသည်းကင်ဆာ ရောဂါရယ်ကြောင့် ဆုံးသွားခဲ့ ပါတယ်။

ဒါကြောင့် အဖြစ်များတဲ့ အသည်းရောင် အသားဝါ ရောဂါကို မပေါ့ဆပါနဲ့လို့ ပြောချင် ပါတယ်။ မြန်မာနိုင်ငံမှာ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ဖြစ်တဲ့လူတွေ တော်တော် များပါတယ်။ သွေးသွင်းတာက ဖြစ်ဖြစ်၊ ခွဲစိတ် ကုသမှု ခံယူတာက ဖြစ်ဖြစ်၊ ဆေးထိုး တာက ဖြစ်ဖြစ်၊ မသန့်ရှင်းတဲ့ ခွဲခန်းသုံး ပစ္စည်းတွေ၊ ဆေးထိုးအပ်တွေ ကနေ တစ်ဆင့် ကူးတာ များပါတယ်။

အမျိုးသားမှာ ပိုးရှိနေရင် အမျိုးသမီးကိုလည်း ကူးနိုင်ပါတယ်။ ဆရာ့ အဖေမှာတော့ ဘီပိုး၊ စီပိုးတွေ မရှိပါဘူး။ အမေကတော့ ဆရာ မှတ်မိသလောက် ဆိုရင် ဆရာတို့ ဆေးကျောင်းသား ဘဝမှာတုန်း ကတည်းက သွားဒုက္ခ ပေးတာကြောင့် သွားဆေးခန်းတွေမှာ သွားပြခဲ့ ရတယ်။ ဆရာတို့ မိသားစုကတော့ အဲဒါကြောင့် လို့ပဲ မြင်ပါတယ်။ ဆရာဝန် မိသားစု ဆိုပေမယ့် အမေ့မှာ စီပိုး ရှိနေတာကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က မှ သိပါတယ်။ အမေက ကျန်းမာရေး ကောင်းနေပြီး အမေ ကိုယ်တိုင်က ဆေးရုံ၊ ဆေးခန်း ကြောက်တော့ မစစ်ဖြစ်ဘူး။ ဆရာဝန် မိသားစု ဆိုပေမယ့် အဲဒီ တစ်ချက်တော့ လွတ်သွားတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက် အမေ အစားအသောက် ပျက်တယ်၊ ကြည့်ရတာလည်း ပုံစံ နည်းနည်း ပြောင်းတာကြောင့် ဆေးရုံကို ခေါ်ပြီး စစ်ဆေး ပါတယ်။ အဲဒီမှာ တွေ့တာက စီပိုး ရှိနေပါတယ်။ အဲဒါနဲ့ သင့်တော်တဲ့ အသည်း အားဆေး ပေးပြီး စီပိုးကို ကုသဖို့ လုပ်ပါတယ်။

သွေးထဲမှာ alpha-feto protein စစ်လိုက်တော့ အရမ်း များနေ ပါတယ်။ လိုအပ်တဲ့ CT Scan ရိုက်ကြည့် လိုက်တော့ အသည်းက ကင်ဆာ စဖြစ် နေပါပြီ။ အသည်းကို ဆေးဖြန်းတာ (TACE-Trans-arterial Chemoemboliz ation) လေးကြိမ်လောက် လုပ်ရ ပါတယ်။ ရောဂါသိပြီး မဆုံးခင် အထိ သုံးနှစ်လောက် အတွင်းမှာ အေးအေးဆေးဆေးတော့ နေသွားရ ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုက ပြည်သူလူထုမှ မဟုတ်ဘူး။ ပြည်သူလူထုကို စောင့်ရှောက် နေတဲ့ ဆရာဝန်တွေ၊ ဆရာဝန်ရဲ့ မိသားစုဝင်တွေ မှာလည်း စောင့်ရှောက်ဖို့ လိုပါတယ်။ ကိုယ်က သူများကိုပဲ ဂရုစိုက် နေပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ် ပါတယ်။ ဒါကြောင့် ရုတ်တရုတ် လေဖြတ်တာတို့၊ နှလုံးသွေးကြော ကျဉ်းတာတို့၊ ရင်ဘတ် အောင့်တာတို့၊ ဆီးချို ဖြစ်တာတို့ ဆရာဝန်ထဲမှာ ကို အဖြစ်များ ကြတယ်။ ဖြစ်ပြီ ဆိုရင်လည်း ပြင်းထန်တာကို တွေ့ရတယ်။

အကြံပေးချင်တာ ကတော့ ဆရာဝန်တွေ ကိုယ်တိုင်လည်း ကျန်းမာရေး စစ်ဆေးပေးကြပါ။ ဘီပိုး၊ စီပိုးနဲ့ ပတ်သက်ပြီးတော့ အခုခေတ်မှာ လူငယ် လူရွယ်တွေလည်း အိမ်ထောင်ဘက် ရွေးမယ် ဆိုရင် မယူခင်မှာ သွေး စစ်ဆေးတာကို အရင် လုပ်သင့် ပါတယ်။ ကိုယ့်အတွက် သာမကဘဲ မွေးလာမယ့် ကလေး အတွက်ပါ ထိခိုက်မှုတွေ ရှိနိုင်တာ ကြောင့်ပါ။ မလိုအပ်ဘဲ ဆေးထိုးတာကို ရှောင်ကြဉ် စေချင် ပါတယ်။ စိတ်ချ ယုံကြည်ရတဲ့ ဆေးရုံ၊ ဆေးခန်းမှာသာ ဆေးထိုး စေချင် ပါတယ်။ ချွန်ထက်တဲ့ ကိရိယာတွေနဲ့ အရေပြားကို ထိုးဖောက်တာ ဆိုရင် သတိထား စေချင် ပါတယ်။ အသည်းရောင် အသားဝါဘီပိုး၊ စီပိုးတွေက ဖြစ်တာ ကြာလာတာနဲ့ အသည်းခြောက်တာ၊ အသည်းကင်ဆာ ဖြစ်တာတွေ ကြုံတွေ့နိုင် ပါတယ်။ ဒါကြောင့် ဆရာ့ အနေနဲ့ ပြောချင်တာ ကတော့ ဒီခေတ်ကြီးက အရမ်း တိုးတက် တာကြောင့် ဘာပဲလုပ်လုပ် သတိနဲ့ ဉာဏ်နဲ့ ဆင်ခြင်ပြီး လုပ်စေချင် တယ်

ပါမောက္ခ ဒေါက်တာစိန်လင်း( ခွဲစိတ်နှင့် ကင်ဆာ ပါရဂူ)

အမေစု ရဲ့အိမ်ပြန်လမ်း(၂)

Written By လွင့်မောင်မောင် on Friday, October 5, 2012 | 11:43 AM



RFA

အမေစု ရဲ့ အိမ်ပြန်လမ်းမှာ




အခက်အခဲဆုံးကာလကိုကျော်ဖြက်ရတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော စက်တင်ဘာလ ၁၆ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ ၁၇ ရက်ကြာ အမေရိကန် ပြည်ထောင်စုကို သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား လေကြောင်းလိုင်းနဲ့ အောက်တိုဘာလ ၄ ရက်နေ့ ည ၉း ၄၅ နာရီမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ လာရာမှာ ထောင်ပေါင်း များစွားသော ပြည်သူတွေ NLD ပါတီဝင်တွေ နိုင်ငံရေး အင်အားစုတွေနဲ အနုပညာရှင် တွေက ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ကြိုဆိုကြသူတွေဟာ ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာတင်မကပဲ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ရှေ့မှာပါ လာရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို လာရောက်ကြိုဆိုကြတဲ့ ပြည်သူ တွေကို ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့နေအိမ်ရှေ့မှာပဲ ညီညီညွတ်ညွတ်နဲ့ အလုပ်တွေ ဆက်လုပ်ဖို့လို ကြောင်း နဲ့ ဒီအချိန်ဒီကာလဟာ အခက်အခဲဆုံးကာလဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Mr Bean - Back to school



Mr Bean at the Hospital


Mr Bean - Department Store



Mr Bean's Wedding


ရှေးဟောင်းသုတေသန နည်းပညာနှင့် ရေအောက်မြို့တော် Atlantis

 
ကောင်းကင်ပြင်တစ်ခုလုံးက မည်းမှောင်လျက်၊ လေပြင်းတွေကလည်း တစ်ဝေါဝေါတိုက်ခတ်နေသည်။ လှိုင်းလုံးကြီးများ၏ အော်မြည်သံကလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။

အခြေတကျယဉ်ကျေးမှု တို့ ရှင်သန်ခဲ့သော၊ အာရှမိုင်းနား (တူရကီ)နှင့် လစ်ဗျားနိုင်ငံနှစ်ခုပေါင်း၏ ဧရိယာထက်ပင်ကျယ်ပြန်ခဲ့သော၊ မြေထဲပင်လယ်နှင့် ထိစပ်ရာနိုင်ငံများအပေါ် ထီးဆောင်းမင်းဖြစ်ခဲ့သော ဤနိုင်ငံတော်သည် ဆိုးရွားပြင်းထန်လှသော သဘာဝဘေးဆိုးကြီး၏အောက်တွင် အလူးအလဲရောက်ရှိ၍နေလေပြီ။ တစ်နေ့နှင့်တစ်ညဟူသောအချိန်သည် မည်သို့မျှမကြာလိုက်။ Atlantis ဟူ၍ သမိုင်းတွင်ကျော်ကြားခဲ့သော နိုင်ငံတော်သည် မိုးထိမြင့်မားလှိုင်းလုံးကြီးများ၏အောက်တွင် စုန်းစုန်းမြုပ်၍ ပျောက်ကွယ်ခဲ့ရလေတော့သည်။ Atlantis နိုင်ငံတော်သည် ဒဏ္ဍာရီအဖြစ်လည်းကောင်း၊ ဂမ္ဘီရပုံပြင်အဖြစ်လည်းကောင်း လူတို့ပါးစပ်ဖျားတွင် ကျန်ရစ်ခဲ့သည်။ ရေအောက်တွင် နစ်မြုပ်ပျောက်ကွယ်သွားခဲ့သော မြို့တော်ကြီးကို တစ်နေ့ပြန်တွေ့လိမ့်နိုးဖြင့် မျှော်လင့်ခဲ့ကြသည်။ ဤသို့ဖြင့် ပါးစပ်ရာဇ၀င်လက်ဆင့်ကမ်းလာခဲ့သော Atlantis သည် ဂရိပညာရှိပလေတို၏ လက်ထက်ရောက်မှသာလျှင် စာပေထက်အက္ခရာတင်သည့်ဘ၀သို့ ရောက်ရှိလာခဲ့သည်။ Atlantis ရာဇ၀င်ကို အီဂျစ်ဘုန်းတော်ကြီးတစ်ပါးက အေသင်မြို့တော်လူကြီး Solon အားပြောပြခဲ့သည်။ အဆိုပါမြို့တော်ကြီး ရေအောက်သို့ရောက်သွားခဲ့သည်မှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်းတစ်သောင်းခန့် (10th milleneum BC) ဟု ဆိုပါ၏။ ထိုအကြောင်းခြင်းရာတို့ကို ပလေတိုက အပြန်အလှန်ဆွေးနွေးခန်းပုံစံဖြင့် ရေးဖွဲ့ခဲ့သော Timaeus နှင့် Critius ဟူသည့်စာစုများတွင် ထည့်သွင်းဖော်ပြခဲ့လေသည်။ မြေငလျင်လှုပ်ရာမှ ပေါ်ပေါက်လာသော ဧရာမလှိုင်းလုံးကြီးများ၏ ၀ါးမြိုမှုအောက်တွင် ပျောက်ကွယ်ခဲ့ရသည့် Atlantis ဘီစီ ၃၄၇ ခုနှစ်တွင် ဂရိဒဿနပညာရှင်ပလေတို ကွယ်လွန်ခဲ့သည်ဖြစ်၍ သူရေးခဲ့သောသမိုင်းသည်ပင်လျှင် နှစ်ပေါင်းနှစ်ထောင်ကျော်ခဲ့ပြီ။ အသေးစိတ်သရုပ်ဖော် ရေးသားခဲ့သော Atlantis သမိုင်းသည် ပုံဝတ္ထုတစ်ပုဒ်ပေလော။ မြို့တော်ကြီး၏တည်နေရာသည် မြေထဲပင်လယ်ဝရှိ ဟာကျူလီထောက်တိုင်များဟုကျော်ကြားသော ကျောက်ကမ်းပါးနံရံ၌ဟူ၍ ခပ်ရေးရေးသိရသည်။ Atlantis မြို့တော်ကြီးဟူသည်မှာ ရှိနိုင်ကောင်း၏ဟုဆိုသော်လည်း သမိုင်းမှတ်တမ်းရေးသူ ပလေတိုကိုယ်တိုင်ပင်လျှင် မပျက်မစီးကျန်ခဲ့သော မှတ်တမ်းမှတ်ရာများကို အခြေပြုပြီး ရေးသားခဲ့သည်မဟုတ်၍ မှန်သည်ဟုလည်း မပြောနိုင်ပြန်ပေ။ အကယ်၍ ရိုးရိုးသာမှန်ခဲ့လျှင် ယင်းမြို့တော်ကြီးသည် ဂျီဘရောလ်တာကျောက်ဆောင်ကြီး (Rdock of Gibraltar) အနီးတ၀ိုက်တွင်သာရှိရမည်ဟု ရှေးဟောင်းသုတေသီပညာရှင်များ သဘောတူညီခဲ့ကြလေသည်။ ဂျီဘရော်လ်တာသီဝရီကိုအခြေပြု၍ Atlantis ရှေးဟောင်းမြို့တော်ကြီးကို ရှာပုံတော်ဖွင့်ခဲ့ကြသူများမှာ ဂျာမန်ရှေးဟောင်းသုတေသနပညာရှင်များ ဖြစ်ကြပါ၏။ သုတေသနလုပ်ငန်းများစတင်ခဲ့သည်ကပင် နှစ်ပေါင်းကိုးဆယ်က ပျောက်ကွယ်သွားခဲ့သော ပိုနီးရှန်းကုန်သွယ်မှုမြို့လေးနှင့် နှီးနွှယ်မှုရှိရမည်ဟု သူတို့ယူဆခဲ့ကြသည်။ အဆိုပါမြို့လေးသည် စပိန်ကမ်းရိုးတန်းတစ်နေရာတွင်ရှိပြီး Tartessus ဟုလူသိများလေသည်။ ပလေတိုနောက်ပိုင်း များစွာနောက်ကျ၍ရေးသားခဲ့သော စာပေတို့တွင် Tartessus ၏တည်နေရာသည် ဗြိတိသျှတို့၏ ကင်းတပ်မြို့ဖြစ်ခဲ့သော ကာဒစ်ဇ် (Cadiz) မြို့၏ မြောက်ဘက်မိုင် (၆၀) ခန့်ဝန်းကျင်တွင်ရှိမည်ဟု သဲလွန်စပေးခဲ့ကြသည်။ ကာဒစ်ဇ်မြို့သည် စပိန်နိုင်ငံတောင်ပိုင်း ကာဒစ်ဇ်ပင်လယ်ကွေ့တွင်ရှိသော ပင်လယ်ဆိပ်ကမ်းမြို့လေးဖြစ်လေသည်။ သူတို့ခန့်မှန်းခဲ့သောနေရာသည် စပိန်နိုင်ငံတောင်ပိုင်းတွင်ရှိပြီး မြေပုံပေါ်တွင် Andalucia အမည်ဖြင့်တွေ့နိုင်သည်။ လွန်ခဲ့သော (၈) နှစ်ကမူ ပညာရှင်နှစ်ယောက်သည် ဂြိုဟ်တုမြေပုံပေါ်ရှိ သားရဲတိရစ္ဆာန်ဘေးမဲ့သစ်တောကြိုးဝိုင်းတစ်ခုကို စစ်ဆေးကြည့်ရှုရင်း သဲလွန်စအထောက်အထားရှာဖွေရန်အတွက် Andalucia အရပ်သို့ ရောက်လာခဲ့သည်။ ကျေးငှက်တိရစ္ဆာန်ဘေးမဲ့တောတစ်ခုလည်း အနီးအနားတွင်ရှိသည့် အဆိုပါသစ်တောကြိုးဝိုင်းသည် Dofia Ana အမျိုးသားဥယျာဉ်အတွင်းတွင် တည်ရှိနေပါ၏။ ဂြိုဟ်တုမြေပုံထဲတွင် ပကတိစက်ဝိုင်းနီးပါး ၀ိုင်းစက်နေသောအရာတစ်ခုကို သူတို့သတိထားကြသည်။ ထိုအရာသည် နွံပြင်၏နက်ရှိုင်းသော နေရာတွင်တည်ရှိနေပြီး ယင်းမှနေ၍ အနီးရှိမြစ်ဆီသို့ လမ်းတစ်ခုလည်းရှိနေသည်။ သူ့အနီးအနားတွင်လည်း လေးထောင့်ကွက်ပုံ အမှတ်အသားများ ရှိနေလေသေးသည်။ သဘာဝအတိုင်းရှိနေသော ပစ္စည်းများဖြစ်ခဲ့လျှင် ဤနွံတောနှင့် ခွဲခြားကြည့်၍မရနိုင်အောင် ရှိနေရပေမည်။ ခွဲခြားကြည့်၍ရနေသည်ဆိုကတည်းက ယင်းအရာတို့သည် လူက တမင်တကာ ဖန်တီးပြုလုပ်ခဲ့ပုံပေါက်သည်။ ဂြိုဟ်တုမြေပုံပေါ်တွင် ယင်းစက်ဝိုင်းရှိနေသောနေရာမှာ မြောက်ဘက် ၃၆ ဒီဂရီ ၅၇ မိနစ် ၂၅ စက္ကန့်နှင့် အနောက်ဘက် ၆ ဒီဂရီ ၂၂ မိနစ် ၅၈ စက္ကန့် ကိုသြဒီနိတ်မျဉ်းများဆုံရာအရပ်တွင်ဖြစ်သည်။ ပလေတိုကသူ့စာထဲတွင် Atlantis မြို့တော်ကြီးအကြောင်းကို သရုပ်ဖော်ရာ၌ ဗဟိုတူစက်ဝိုင်းများဖြင့် ဖွဲ့စည်းထားသောမြို့ကြီးဟု ဆိုခဲ့သည်။ သို့ဆိုလျှင် ဂြိုလ်တုမြေပုံပေါ်၌တွေ့ရသောစက်ဝိုင်းသည် Atlantis ၏ ကြွင်းကျန်သောခြေရာ ဖြစ်နိုင်ပေသည်။ ဂျာမန်သိပ္ပံပညာရှင်တို့၏ မှန်းဆချက်အပေါ်အခြေပြု၍ လုပ်ငန်းစဉ်ကို စပိန်ရှေးဟောင်း သုတေသနပညာရှင်အဖွဲ့တစ်ခုသည် ရှာဖွေရေးလုပ်ငန်းစဉ်ကို အစပြုခဲ့ကြသည်။ သူတို့တူးဆွသည့်နွံတောက တစ်နှစ်တာ၏လအတော်များများတွင် ရေလွှမ်းပြီး သြဂုတ်လ၌သာ ခြောက်ခြောက်သွေ့သွေ့ရှိသည်ဖြစ်ရာ Atlantis မြို့တော်ရှာဖွေရေး လုပ်ငန်းစဉ်သည် များစွာခက်ခဲလှတော့သည်။ အလုပ်မတွင်လှသဖြင့် သူတို့သည် အဆင့်မြင့်နည်းပညာများသုံး၍ ရှေးဟောင်းသုတေသနလုပ်ငန်းကို ဆောင်ရွက်နေသော အမေရိကန်သုတေသီတစ်ဦးထံသို့ ခြေဦးလှည့်ခဲ့ကြသည်။ ယင်းသုတေသီမှာ Hartford တက္ကသိုလ်မှ Freund ပင်။ Freund ကလည်း ထိုအခွင့်အရေးကို စိတ်အားထက်သန်စွာပင်လက်ခံသည်။ သူ့အဆက်အသွယ်ဖြင့် ပံ့ပိုးကူညီမှုများတွင် ကနေဒါနိုင်ငံရှိ ရေနံတူးဖော်ရေးကုမ္ပဏီတစ်ခုမှ ခေတ်မီနည်းပညာသုံး ပစ္စည်းနှစ်မျိုးပါလာသည်။ တစ်မျိုးမှာ မြေထုကိုထွင်းဖောက်ကြည့်နိုင်သော ရေဒါ (Ground Penetrating Radar) ဖြစ်ပြီး ယင်းစက်က မြေအောက်အနက် (၁၂) မိုင်ခန့်အထိ ထွင်းဖောက်ကြည့်နိုင်သည်။ ယင်းထက်ပို၍ ခေတ်မီဆန်းပြားသောဒုတိယစက်မှာ လျှပ်စစ်ခုခံမှုကိုသုံး၍ ပုံဖော်ကြည့်သည့်ကိရိယာ (Electrical- Resistvity- Tomography Equipment) ဖြစ်ပြီး ပထမစက်အမျိုးအစားထက်ပိုပြီး မြေအောက်သို့ နက်ရှိုင်းစွာ ထိုးဖောက်ကြည့်နိုင်လေသည်။ Freund နှင့်အတူ လက်တွဲအလုပ်လုပ်သူများထဲတွင် ဖလော်ရီဒါတောင်ပိုင်းတက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်များအပြင် National Geographic ရုပ်သံလွှင့်လိုင်းအတွက် ရုပ်ရှင်ရိုက်ကူးပေးသော ကနေဒါကုမ္ပဏီတစ်ခုလည်းပါသည်။ အီလက်ထရွန်နစ် စစ်ဆေးရေးစက်များဖြင့် တိုင်းတာထောက်လှမ်းကြည့်သောအခါ ဂြိုဟ်တုမြေပုံမှာပါသည့်စက်ဝိုင်း၏ အောက်ခြေကို ထွင်းဖောက်မြင်ရတော့သည်။ ယင်းတွင် ဂြိုဟ်တုမှလှမ်းမြင်ရသည့် မြောင်းရှည်ကြီးတစ်ခုပါသလို ဆွဲဆောင်အားကောင်းသည့် မြေသားအလွှာများ၊ မျဉ်းဖြောင့်ပုံသဏ္ဌာန်ဖြင့်ရှိနေသော အဆောက်အဦများလည်း ပါဝင်နေသည်။ Freund ကထိုနေရာအား တူးဖော်ကြည့်ရုံမှလွဲပြီး တခြားနည်းလမ်းမရှိဟု ယူဆသည့်အတွက် ရက်အနည်းငယ်အတွင်း တွေ့ရှိရသည့် အရာများက အထောက်အထားခိုင်လုံလှသည်။ သူတို့တူးဆွမိသည့်နေရာမှာ တစ်ချိန်က Atlantis မြို့တော်ကြီး၏ မြို့ရိုးရှိခဲ့ဟန်တူသည့် နေရာပေတည်း။ ထိုနေရာတွင်တွေ့ရသော မြို့ရိုးကျောက်ချပ်များတွင် Atlantis တိုင်းနိုင်ငံ၏ စစ်သည်တော်ပုံကို ထွင်းထုထားသည်ကို တွေ့ရလေသည်။ မြို့တော်ကြီးအား ကိုယ်စားပြုသည့်သင်္ကေတဖြင့် တန်ဆာဆင်အပ်သောကျောက်တုံးများ၊ ဘီစီ (၃၁၀၀) ပြည့်နှစ်ဟု မှတ်တမ်းထိုးထား သော ရှေးဟောင်းသစ်သားတုံးများကလည်း ထိုနေရာတွင်ရှိနေပါ၏။ မီသိန်းဓါတ်ငွေ့ကြွယ်ဝသော မြေသားအလွှာကလည်း တစ်ချိန်က ဤနေရာတွင် ဒေသခံများ အစုလိုက်အပြုံလိုက် တစ်ချိန်တည်း သေပွဲဝင်ခဲ့ကြသည်ဟု ဆိုနေလေသယောင်။ ကောက်ကာငင်ကာဖြစ်လာသော သဘာဝကပ်ဆိုးကြီးသည် ဤနေရာရှိ လူ့အသိုက်အမြုံအား ၀ါးမြိုသွားပုံရလေသည်။ ဤသို့ဝါးမြိုသွားသောအရာသည် ဆူနာမီရေလှိုင်းကြီးများလည်း ဖြစ်နိုင်သည်။ ယင်းထင်မြင်ချက်ကို သက်သေပြနိုင်ရန်အတွက် Freund သည် ပင်လယ်ဘက်ဆီသို့ထွက်ခဲ့သည်။ ရေငုပ်သမားများအား ထိုနေရာတွင် ငုပ်စေသည်။ တွေ့ရပါပြီ လက်ရာမြောက်ထွင်းထုထားသော ပင်လယ်ရေအောက်မှ ကျောက်တုံးများ၊ ထိုကျောက်တုံးများသည် တစ်ချိန်ကရှိခဲ့သော Atlantis မြို့ရိုးမှကျောက်တုံးများဟု Freund ကဆိုသည်။ မြို့ကြီးကို အကြင်နာ ကင်းမဲ့စွာ ၀ါးမြိုဖျက်ဆီးခဲ့သည့် ဆူနာမီရေလှိုင်းကြီးများက မြို့ရိုးကိုပြိုပျက်ကျစေခဲ့လိမ့်မည်။ ကမ်းပေါ်မှပြန်ဆင်းသွားသော လှိုင်း၏တန်ပြန်ဆွဲအားက မြို့ရိုးကျောက်တုံးများကို အတ္တလန်တိတ်သမုဒ္ဒရာထဲသို့ ဆွဲချခဲ့ပေလိမ့်မည်။ နောက်ဆုံးပိတ် အတည်ပြုသက်သေပြစရာ တစ်ခုသာကျန်သည်။ သို့အတွက် Freund သည် စပိန်နိုင်ငံ၏အလယ်ပိုင်းတွင်ရှိသော နေရာတချို့သို့ သွားခဲ့သည်။ အောက်မေ့ဖွယ်မြို့များ (Memorial Cities) ဟုသူကခေါ်သည့် အဆိုပါနေရာများသည် အမှန်တကယ်တွင် လူသားတို့မည်သည့်အခါကမှ အခြေချနေထိုင်ခဲ့ခြင်းမရှိသော အရပ်များဖြစ်ပါ၏။ ဆူနာမီရေလှိုင်းကြီးများ၏ ၀ါးမြိုခြင်းခံခဲ့ရသော Atlantis မြို့တော်ကြီးမှ ထွက်ပြေးလာခဲ့သော ဒုက္ခသည်များသည် တစ်ချိန်ကသူတို့၏ မိခင်ဒေသကြီးကျယ်ခမ်းနားမှုကို အမှတ်ရနေစေခြင်းမှာ လက်ရှိနေထိုင်ရာအရပ်တွင် ပုံစံတူ Atlantis မြို့ငယ်လေးများကို တည်ထားခဲ့ကြသည်။ အကြောင်းခြင်းရာအားလုံးကို တိုက်ဆိုင်စစ်ဆေးပြီးသည့်အခါ Freund က ကမ္ဘာကျော်သည့် သူတွေ့ရှိချက်ကို ထုတ်ပြန်ကြေညာသည်။ တစ်ချိန်က ပင်လယ်ရေအောက်သို့ရောက်သွားပြီဟု တွေးထင်ထားခဲ့သော Atlantis မြို့တော်ကြီးသည် ရေအောက်သို့ရောက်မသွားဘဲ စပိန်နိုင်ငံတောင်ဘက်ကမ်းရိုးတန်းရှိ ဟီနိုဂျို့စ်နွံပြင် (Hinojios Marsh) အောက်၌ ရှိနေသည်ဆိုခြင်းကိုဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄,၀၀၀ ခန့်ကပေါ်ပေါက်ခဲ့သော အင်အားကြီးမားသည့်ငလျင်ကြီးက ဖန်တီးသည့် ဆူနာမီရေလှိုင်းကြီးများသည် Atlantis မြို့တော်ကြီးကို တစ်စစီ ခြေမွှဖျက်ဆီးလျက် ပြန်ထွက်သွားခဲ့ခြင်းသာဖြစ်ပေသည်။ နှစ်ပေါင်း (၉,၀၀၀) ဟုဆိုသော ပလေတို၏အရေးအသားသည် မှန်းဆချက်တစ်ခုသာဟု ဆိုနိုင်သည်။ Atlantis မြို့ပျက်ကြီးမှ ဒုက္ခသည်များသည် စပိန်နိုင်ငံကုန်းတွင်းပိုင်းသို့ ထွက်ပြေးလာခဲ့ပြီး ဒေသခံများနှင့် သွေးနှောနေထိုင်ခဲ့ကြသည့်အခါ အတ္တလန်တိတ်ယဉ်ကျေးမှုသည် တစ်စစနှင့် ငုပ်လျှိုးပျောက်ကွယ်ခဲ့ရသည်ဟုလည်း တွေးကြည့်နိုင်ပါသည်။ သမိုင်းက လူသားတို့အတွက် ဆင်ခြင်တုံတရားနှင့်ဆိုင်သည့် သင်ခန်းစာကိုပေးသည်။ ရှေးဟောင်းသုတေသနကမူ လူသားတို့အတွက် အိမ်ရာအခြေချခြင်းနှင့် ပတ်သက်သော သင်ခန်းစာကို ပေးလေသည်။ ရေးသားသူ - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ် ဓါတ်ပုံ)

မြင်းခွာရွက်


 မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာ မြန်မာတွေသာမကာ တခြားလူမျိုးတွေကပါ မှတ်ယူကြတယ်။

Sanskrit သင်္သကရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။

Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။

အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။
 အများဆုံး Indian Pennywort လို့ ခေါ်တယ်။ နာမယ်တော့ India ပေမဲ့၊ လက်တွေ့မှာတော့ တရုပ်ပါ။ မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကနေ ၂ဝဝ၈ အောက်တိုဘာလအတွင်း ဆေးမြင်းခွာ ဝ ဒသမ ၅၅ တန် တဖက်နိုင်ငံကို တင်ပို့နိုင်ခဲ့တယ်လို့ ဖတ်ရတယ်။

 မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။ ...
 1. အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော်  ခွန်အားတိုးတက်စေ၏။
 2. အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။
 3. ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။
 4. အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။
5. အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။
6. အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ဝမ်းသက်၍ သလိပ်ကိုလည်း ပျောက်၏။
 7. အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
 8. အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။
 9. ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်-ကိုက်ခဲခြင်း၊ ဆီး၌ သွေးပါခြင်းတို့ ပျောက်၏။
10. အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။

အရွက်စိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်းစေ၏။ အရှေ့တိုင်းဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်တပိုင်း ပြောနိုင်တာက ရောဂါပိုးတွေကို နိုင်တယ်၊ အနာကိုနိုင်တယ်၊ သွေး-အာရုံကြော ကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။ ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ် အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ဝက်ရူးပြန်၊ Nervous debility အာရုံကြော မကောင်းတာ၊ Dyspepsia အစာမကျေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ဝမ်းကိုက်၊ Eczema နှင်းကူနာ၊ ရောဂါတွေအတွက် ပေးပါသတဲ့။ သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေပါသတဲ့။ ဒီစာဖတ်ပြီး မြင်းခွါရွက် ဈေးမတက်ကောင်းပါရဲ့။ Dr. တင့်ဆွေ Posted by စိမ့်စမ်းရေ on Tuesday, June 12, 2012 facebook : from မြန်မာပြည်မှမြန်မာလူမျို: News from : New MyanmarFoundation

အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှုခံစားသည့် အမျိုးသားများ၏ ကျန်းမာရေးကောင်းမွန်နိုင်

Written By လွင့်မောင်မောင် on Thursday, October 4, 2012 | 11:17 AM


လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်သားအလှကို နေ့စဉ် (၁၀)မိနစ်စီ ကြည့်ရှုခံစားခြင်းသည် အမျိုးသားများ အတွက် ကျန်းမာရေးကောင်းမွန်စေကြောင်း သိရှိရသည်။
ယင်း အလေ့အကျင့်ကြောင့် ရရှိလာသည့် လှုံဆော်မှုသည် နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း ဒေါက်တာ ကာရန် ၀ီသာဘီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ၀ီသာဘီ ဦးဆောင်သော ဂျာမနီနိုင်ငံ ဆေးရုံ(၃)ခုမှ ဆရာဝန်များသည် အမျိုးသားအယောက်(၂၀၀) တို့၏ နေ့စဉ် ဓလေ့စရိုက် များကို (၅)နှစ် အချိန်ယူ လေ့လာခဲ့ကြရာ ၎င်းတို့အနက် ထက်ဝက်သည် မနက်လင်းချိန်တွင် အရင်ဆုံး မြင်ချင်သည့် ကိစ္စမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှသ
ည့် အမျိုးသမီးတဦး၏ ခန္ဓာကိုယ်အလှဖြစ်ကြောင်း
 ပြောကြားထားပြီး ကျန်တ၀က်မှာမူ ထိုကိစ္စအတွက် ထောက်ခံခြင်းမပြုဘဲ
 ကြားနေကြသည်။

ပညာရှင်များသည် ပထမအဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့ ဆန္ဒအတိုင်းဆောင်ရွက်ရန်

 ခွင့်ပြုထားပြီး ကျန်အဖွဲ့ကိုမူ နှစ်သက်ရာ အာရုံအလိုက် ခံစားခွင့်ပေး
ထားသည်။

(၅)နှစ်ကြာပြီးနောက် နေ့စဉ်နေ့တိုင်း အမျိုးသမီးများ၏ လှပသော ရင်သားကို

အရသာခံ ကြည့်ရှုခွင့်ရသည့် အမျိုးသားများသည် သွေးဖိအား ပြဿနာ၊
 သွေးကြောနှင့် ဆိုင်သောရောဂါများ၊ သွေးခုန်နှုန်း မမှန်ကန်မှုများ
 ဖြစ်ပေါ်နိုင်ခြေ သိသိသာသာကျဆင်းသွားသည်ကို လေ့လာတွေ့ရှိခဲ့သည်။


                                  
လိင်နှင့်ဆိုင်သည့် စိတ်လှုပ်ရှားမှုသည် နှလုံးအား ပိုမိုလှုပ်ရှား သက်ဝင်စေကာ

 သွေးလှည့်ပတ် စီးဆင်းမှုကို လျင်မြန်ကောင်းမွန်စေသည်။

ထို့ကြောင့်လည်း လိင်စိတ်ကို လှုံဆော်ပေးနိုင်သည့် ရင်သားအလှကို

 နေ့စဉ်ခံစားထိတွေ့နေသည့် အမျိုးသားများအတွက် ကျန်းမာရေး ပိုမိုကောင်းမွန်နေသည်မှာ မေးခွန်းထုတ်စရာ မလိုသည့် ရလဒ်ဖြစ်ကြောင်း 
 ဒေါက်တာဝီသာဘီက ရှင်းပြခဲ့သည်။

ထို့အပြင် ထိုအပြုအမူကို ကာလရှည်ကြာ ပြုလုပ်ပါက နှလုံးရောဂါဖြစ်နိုင်ခြေ 

 ထက်ဝက်မျှ ကျဆင်း နိုင်သည်ဟုလည်းဆိုသည်။


                                   လှပကျော့ရှင်းသည့် အမျိုးသမီးတဦး၏ 
                                   ရင်သားအလှကို နေ့စဉ်
                                  ကြည့်ရှုခံစားနေသည့်အမျိုးသားတစ်ဦး © 
                                  (Photo: New England Journal of Medicine)

ထို့ကြောင့်လည်း ဒေါက်တာဝီသာဘီက အမျိုးသားများ (အထူးသဖြင့် အသက်

 ၄၀ ကျော် ပုဂ္ဂိုလ်များ)သည် D-Cup အရွယ်၊ သို့မဟုတ် ပိုကြီးသော အမျိုး
သမီးရင်သားများကို နေ့စဉ်နေ့တိုင်း (၁၀)မိနစ်မျှ ခံစားကြည့်ရှုသင့်ကြောင်း 
တိုက်တွန်းနှိုးဆော်ထားသည်ကို ဂျာမဏီနိုင်ငံထုတ် နယူးအင်္ဂလန် ဆေးပညာ
ဂျာနယ်တွင် ဖေါ်ပြထားသည်။

သာဂရမြို့နှင့် မုတ္ထီးမြို့ (Thagara and Mokti )

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger