Latest Post
Coober Pedy Underground City (Opal capital of the world) မြေအောက်မြကျောက်ရွဲ မြို့တော်
Written By လွင့်မောင်မောင် on Sunday, September 1, 2013 | 11:24 AM
Coober Pedy City သည် တောင်ပိုင်းသြစတြေလျတိုက်၏မြောက်ပိုင်းဒေသမှ မြို့တစ်မြို့ဖြစ်သည်။ Adelaide  မြို့၏မြောက်ဘက် ၈၄၆ ကီလိုမီတာအကွာတွင်တည်ရှိသည်။
1915 ခုနှစ် January  လ တွင် Jim Hutchison ၊၁၄နှစ်အရွယ်သူ၏သားWilliam ၊  PJ Winch ၊
 နှင့် M McKenzie တို့သည် ထိုဒေသတွင် ရွှေ ရှာခဲ့ကြသည်။ ရွှေကိုမတွေ့။
 သူတို့သည် ဤနေရာတွင်စခန်းချလျက်ဆက်လက်ရွှေရှာခဲ့ကြသည်။
၁၉၁၅ ခု ဖေဖော်ဝါရီလ ၁ရက်နေ့တွင် သောက်ရေအတွက် မြေတူးရာမှ သားငယ်William သည် မြကျောက်ရွဲ (Opal) ကျောက်အပိုင်းအစများကိုတွေ့ရှိခဲ့သည်။
၁၉၂၀ ခုနှစ်ရောက်မှ “Coober Pedy” ဟုအမည်ပေးခဲ့သည်။
Coober Pedy ဆိုသောဝေါဟာရမှာ “လူဖြူများ၏ဂူ(white man's hole) ”ဟုအဓိပ္ပာယ်ရသော ရှေးဟောင်းသြစတြေလျတိုက်လူမျိုးများ၏ဝေါဟာရ “kupa-piti” မှ ဆင်းသက်လာသည်။
၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ ၁၆၉၅ယောက်(ဒေသခံသြစတြေလျတိုင်းရင်းသား ၂၇၅ ဦးအပါအ၀င် ၊ကျား၉၅၃ယောက် နှင့် မ ၇၄၂ယောက်) ရှိသည်။
Coober Pedy မိုင်းများမှ ကမ္ဘာတွင်အရည်သွေးအကောင်းဆုံးသော “မြကျောက်ရွဲ(Opal)”များထွက်ရှိသည်။
Coober Pedy တွင် Opal မိုင်းပေါင်း (၇၀)ကျော်ရှိ၍ ကမ္ဘာပေါ်တွင် ကျယ်ဝန်းဆုံးသော Opal မိုင်းဧရိယာဖြစ်သည်။
ဤကျောက်မိုင်း၏ ထူးခြားချက်မှာ ကျောက်တူး၍ ဖြစ်ပေါ်လာသော မိုင်းတွင်း နှင့် ဂူများကို ပြန်လည်မွန်းမံ ခြယ်သ ပြင်ဆင်ကာ အခန်းများဖွဲ့၍
 အိမ်၊ဟော်တယ်၊ဘုရားကျောင်း၊စားသောက်ဆိုင် ၊ကုန်ပစ္စည်းအရောင်းဆိုင် များ ပြုလုပ်ထားခြင်းပင်ဖြစ်သည်။
မြေအောက်တွင် လမ်းမကြီးများလည်း ဖောက်လုပ်ထားသည်။
ယနေ့အချိန်တွင် နိုင်ငံခြားခရီးသွားဧည့်သည်များ စိတ်ဝင်စားဆုံး နေရာ လည်းဖြစ်ပေရာ စီးပွားရေးမှာလည်း အလွန်ကောင်းမွန်သော မြေအောက်မြို့တော်လေးတစ်မြို့ဖြစ်ပေတော့သည်။
တစ်ပတ်အတွင်းဒိုင်ယာရီ
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger