Home » »ြုကက်ဥခွံထဲက ကိတ်မုန့် (Cake in the Egg Shell)

ြုကက်ဥခွံထဲက ကိတ်မုန့် (Cake in the Egg Shell)

Written By လွင့်မောင်မောင် on Wednesday, October 23, 2013 | 6:33 AM


 

Living Fashion ရဲ့ Food ကဏ္ဍကနေပြီးတော့ အားလပ်ရက်တွေ အိမ်မှာ မုန့်လုပ်စားတတ်တဲ့ ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ကိတ်မုန့်လေး လုပ်စားဖို့

နည်းလမ်းပေးမယ်နော်။ ဒီလ အောက်တိုဘာ ပိတ်ရက်တွေမှာ စမ်းကြည့်ပေါ့။ အဲဒီနည်းလေး ကတော့ ကြက်ဥထဲက ကိတ်မုန့်လုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

ဂျုံမှုန့် မုန့်ဖုတ်ပေါင်ဒါ
မုန့်ဖုတ်ဆော်ဒါ ဆား
သကြား ထောပတ် (Unsalted)
လီမွန်အနှစ် ကြက်ဥအကြီး ၉ လုံး
(ကိုယ်လိုချင်သလောက် သုံးနိုင်ပါတယ်)

၁။ ကြက်ဥထိပ်ကို အပေါက်ကလေးဖြစ်အောင် ဝိုင်ပုလင်းဆို့တွေကို ထုတ်တဲ့ ဝက်အူလှည့်ကို အသုံး ပြုပြီး ဖောက်လိုက်ပါ။ အဲဒီ ဝက်အူလှည့်ကို အလွယ် တကူရှာမတွေ့၊ မရှိရင် ကြက်ဥထိပ်ကို ဇွန်းနဲ့ ခပ် ဆတ်ဆတ်ကလေး အက်ရုံ ခေါက်ပေးလိုက်ပါ။


 

၂။ ဝက်အူလှည့်နဲ့ဖောက်လို့ ပေါက်သွားတဲ့ အပေါက်ကလေး (သို့) ဇွန်းနဲ့ ဖောက်လို့ အက်သွား တဲ့ ကြက်ဥထိပ်ကို အပေါက်လေးနည်းနည်းကျယ်သွား အောင် ဘေးအခွံလေးတွေကို နည်းနည်းလေး ခွာပေး လိုက်ပါ။
၃။ ပေါက်သွားတဲ့ ကြက်ဥထိပ်ကနေ အထဲက ကြက်ဥ အကာနဲ့အနှစ်ကို သွန်ချလိုက်ပါ။ အဲဒီ အနှစ်တွေ အကာတွေကို အလကားဖြစ်သွားပြီဆိုပြီး မစိုးရိမ်လိုက် ပါနဲ့၊
ကိတ်မုန့်လုပ်ရာမှာ ပြန်သုံးပေးလိုက်ရင် ပြီးပြီ ပေါ့။
                               

၎။ ကြက်ဥတွေထဲက အကာနဲ့ အနှစ်တွေအားလုံး သွန်လို့ ကုန်သွားပြီဆိုရင် ကြက်ဥတွေကို နာရီဝက် လောက် ဆားရည်ထဲမှာစိမ်ပြီး ဆေးကြောလိုက်ပါ။ ဒီလို ဆေးရာမှာ
ကြက်ဥ အတွင်းရော အပြင်ကိုပါ စင်အောင် ဆေးပေးရမယ်နော်။ ဆေးပြီးရင် အဝတ် တစ်ခုပေါ်မှာ ကြက်ဥတွေကို မှောက်ပြီး ရေစစ်ထားလိုက် ပါ။ ဒါဆိုရင်တော့ ကြက်ဥအခွံကို ပြင်ဆင်တာ ပြီးသွား ပါပြီ။ ဒီတစ်ခါ ကိတ်မုန့်လုပ်ဖို့ ပြင်ဆင်ကြမယ်။

► ဂျုံမုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆော်ဒါနဲ့ ဆားတွေကို ပန်းကန်လုံး အလတ်စားထဲမှာ ရောနယ်ထားလိုက်ပါ။

► ပန်းကန်လုံးအကြီးထဲမှာ ကြက်ဥနဲ့ သကြားကို အရောင်ဖျော့လာတဲ့အထိ ခေါက်မွှေပေးရပါတယ်။

►ဒီအတိုင်းပဲ ထောပတ်၊ လီမွန်အနှစ် (လီမွန်ယို) ကိုလည်း နယ်ပေးပါ။
ပြီးရင် စောစောက ရောထားတဲ့အမှုန့်တွေနဲ့ ကြက်ဥ၊ ထောပတ်၊ သကြား၊ လီမွန်ယိုတွေကို သမအောင် ရောနယ်ပေးလိုက်ပါ။ လီမွန်ယိုအစား venilla cream ကိုလည်း
သုံးလို့ရပါတယ်။ အားလုံးသမသွားပြီဆိုရင် ခဏလောက် နှပ်ထားလိုက်ပါ။

► Piping bagလို့ခေါ်တဲ့ အိတ်ထဲကို မုန့်နှစ်တွေ ကို ရေစစ်ထားတဲ့ ကြက်ဥတွေထဲ လိုက်ဖြည့်ပေးပါ။

► ဒီလိုဖြည့်တဲ့အခါမှာ ကြက်ဥရဲ့ လေးပုံသုံးပုံ လောက်ပဲ ဖြည့်ပေးရပါမယ်။ လျော့ဖြည့်မိရင် ပြည့်စုံ တဲ့ ကြက်ဥကိတ်လှလှပပလေး မရတော့သလို ပိုဖြည့် မိရင်လည်း မုန့်ဖုတ်နေတဲ့အချိန်မှာ လျှံထွက်ပြီး ကြက်ဥကွဲတတ်ပါတယ်။

►အားလုံးပြင်ဆင်ပြီးရင် oven ထဲမှာ ၃၅ဝ ဒီဂရီ ဖာရင်ဟိုက်နဲ့ ၂၃ မိနစ်လောက် ထည့်ဖုတ်ပေးလိုက်ရင် ရပါပြီ။ပုံကိုကြည့်ရတာတော့ တစ်မျိုးဖြစ်နေမှာပါ။ ရုပ်ဆိုးတယ်မဟုတ်လား။ ဒါပေမဲ့ ကိစ္စမရှိပါဘူး အပြင် ကိုထွက်နေတဲ့ ကိတ်သားတွေကို ဖယ်လိုက်ပြီး ကြက်ဥကို ရေစိုဝတ်နဲ့
သုတ်ပေးလိုက်ပါ။

ကဲ ဒါတွေအားလုံး အချောသတ်ပြီးစီးသွားပြီဆို ရင် ကြက်ဥကိုခွာပြီး အထဲက ကိတ်မုန့်ကို စားလို့ရပါ ပြီ။ သူငယ်ချင်းတွေကို အလုပ်ရှုပ်ခံ စားချင်တဲ့သူတွေ စမ်းကြည့်ပေါ့။
အချိုပွဲ ထူးဆန်းတာလေးအနေနဲ့ သုံးချင်ရင်လည်း ရပါတယ်။ ကလေးတွေကိုလည်း ကျောင်းကို ထည့်ပေးလို့ရတာပေါ့။

MILO(LivingFashion)
Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger