Home » » စဉ်းအိုးသောင်းလောင်း ဗေသောင်းလောင်း(ထားဝယ်ရိုးရာ ကလေးကစားနည်း)

စဉ်းအိုးသောင်းလောင်း ဗေသောင်းလောင်း(ထားဝယ်ရိုးရာ ကလေးကစားနည်း)

Written By လွင့်မောင်မောင် on Thursday, September 26, 2013 | 9:13 PM


စဉ်းအိုးသောင်းလောင်း ဗေသောင်းလောင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(ကစားနည်း)
စဉ်းအိုးသောင်းလောင်း၊ ဗေသောင်းလောင်း၊
လောင်း--ဇာဂ၊ ရေထဲ က္လ၊
ဘဲငန်းဝန်းဇာဝ။
ဘဲငန်းဂလဲစားမကူ၊ ဖွားရှင်မဂိုလှူ၊
ဖွားရှင်မဂ၊ စိကောက်ကောက်၊
နွန်မဲလပ်သီးဆောက်၊
နွန်ကြာရာဂစိမကွန်း၊ ဒေါက်--တို--ဂီး--န--ထွန်း---။ ။

ယင်းကစားနည်းသည် ထားဝယ်မြို့၌ ယခုအခါ လုံးဝနည်းပါး ပျောက်ကွယ်နေပါပြီ။ ကျနော်တို့တောင် ငယ်စဉ်က သရက်ချောင်း၊ လောင်းလုံး၊ ထားဝယ် သုံးမြို့စလုံးခွပြီးကြီးပြင်းလာသောကြောင့် မှတ်မိနေသည်။ ယင်ကစားနည်းသည် လူနှစ်ယောက်မှ သုံးလေးယောက်ကစားရသည်။ နှစ်ယောက်တည်းလည်းကစားနိုင်ပါသည်။ ကစားရာတွင်-- ဥပမာ လူနှစ်ယောက်တည်းဖြစ်ပါက တစ်ယောက်က လက်နှစ်ဖက်စလုံးကို လက်သီးဆုပ်၍ တစ်ခုခုပေါ်တွင်ထားရသည်။ ကျန်တစ်ယောက်က လက်နှစ်ဖက်စလုံးကို လက်သီးဆုပ်၍ တစ်ဖက်က ပထမလူလက်သီးနှစ်လုံးနှင့်ပေါင်းပြီးထားရသည်။ ကျန်လက်တစ်ဖက်ဖြင့် လက်သီးဆုပ်သုံးလုံးကို ညီညီမျှမျှ၊ မနာတနာထုရသည်။ အထက်ဖေါ်ပြပါ တေးကို အသံတစ်သံလျှင် တစ်ချက်ထုရသည်။ နောက်ဆိုး တစ်သံချင်း၊ တစ်ချက်ချင်းတဖြည်းဖြည်း - “ နွန်--ကြာ--ရာ--ဂ--စိ--မ--ကွန်း-- ဒေါက်----၊ တို----၊ ဂီး------၊ န-----၊ ထွန်း” ဟူ၍ နောက်ဆိုးအချက်၌ အရှိန်ပြင်းပြင်း ထုရသည်။ ထူခံရသောလက်သည် တော်တော်ကံဆိုးသောလက်ပင်ဖြစ်သည်။ ထုခံရသူသည် ငိုရမလိုလို ၇ယ်ရမလိုလိုဖြစ်ပြီး တစ်ချက်တော့အီသွားရှာပေမည်။ မျက်လုံးထဲတွင်လည်း မီးပွင်ါလုမတတ်ခံခဲ့ရပေတော့သည်။ သို့သော်ထိုသူသည် ဇွဲမလျှော “ငါ့အလှည့်တော့ကြည့်ထားဆိုပြီး အံခဲ၍ဆက်ကစားပြန်သည်။ ထူခံထိသောလက်သည် အောက်ချလိုက်ရသည်။ ကျန်သောလက်သီးနှစ်လုံးကိုပငိ တလှည့်စဟီ ထုရပြန်ပါသည်။ ကလေးတို့၏အမူအယာနှင့် လူတို့၏ စရိုက်သဘာဝကို ဤနေရာတွင်ရှာတွေ့နိုင်ပါသည်။ ထုသောသူသည် သူတစ်ပါးကို နာနာကြင်ကြင်ထုသလား၊ သနားညှာတာပြီး ထုသလား၊ မိမိထုရသော အလှည့်တုန်းက သာသာယာယာထုပြီး သူတစ်ပါးအလှည့်ကျတော့ အကြောင်းပြပြီး ထွက်ပြေးတတ်သလားစသော စရိုက်သဘာဝကို ငယ်စဉ်ကလေးဘ၀ကတည်းက သိနိုင်ပေသည်။ သည်းခံတတ်ခြင်း၊ အနစ်နာခံတတ်ခြင်း၊ သနားညှာတာတတ်ခြင်းစသော သူတော်ကောင်းတို့၏ စရိုက်သဘာစများ၊ အနိုင်ယူတတ်ခြင်း၊ အခွင့်အရေးယူတတ်ခြင်း၊ အခွင့်အရေးရတုန်းက အခွင့်ရေး တိုင်းထက်လွန်အောင်ယူတတ်ပြီး၊ မိမိအရေးနိမ့်ကျဆင်းလာပါက တာဝန်မယူတတ်ဘဲရှောင်တိမ်းတတ်သည့် စရိုက်သဘာဝများကို တွေ့ရတတ်ပါသည်။ ထို့ကြောင့် ထားဝယ်ရိုးရာကစားနည်းများကို ကစားခိုင်း၍ လူငယ်တို့၏ စိတ်နေစိတ်ထားကို မှန်ဆနိုင်ကြပါစေ။ ။
(၂၇-၈-၂၀၁၃)
တောင်ထားပယ်ဗိုလ်
Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger