ဗြဟ္မိဒ္ဓိကျမ်း ( အပိုင်း ၁ )
Written By လွင့်မောင်မောင် on Saturday, April 21, 2012 | 12:32 AM
(ကျောင်းဆရာကြီးဦးဘိုးသာ)
(၁) အင်္ဂဝိဇ္ဇာ ၊ နည်းခြင်းရာကို ၊ သေချာစွဲညှိ ၊ ကောက်ယူဘိမူ ၊ ရဝိပထဝီ ၊နှမ်ပြီစုပ်ငှက် ၊
အစပ်ထွက်၏ ။ ဗျ ဂ္ဃစန္ဒရာ၊ဓာတ်မှာရေငန် ၊ တတန်ဘောမ ၊ မောရဥဒေါင်း ၊ ၄င်းအခါး
မီးဓာတ်ပွားတည့် ။ ဖားကားဗုဒ္ဓါ ၊ ရသာအချဉ် ၊ ဝါယောတွင်၏ ။ ငါးလျှင် ဂုရု ၊ သည်းခြေ
ရှု၍ ၊ စားမှုအချို ၊ ခြောက်ကို လုဒ္ဒက ၊ ပုတိကဟု ၊ ရသာဆိမ့်ပေ ၊ စနေ ဥရင်္ဂ ၊ အာကာသဟု ၊
ရသအဖန် ၊ ခုနှစ်တန်ကို ၊ ဝေဖန်ခြားကွက် ၊ “အသက်တည်ထား၊ သတ်နှင့်စားမှ ”၊ ကြွင်းငြား
မှန်လှ ၊ သူရဇ္ဇ နှင့် ၊ သောကြဗုဒ္ဓ ၊တိုင်ဇောက်ချ၍ ၊ ကုသဆေးဝါး ၊ ဓာတ်သွားအစာ ၊
ပေးရာတဝ ၊ “ကာလချိန်စစ် ၊ တိုင်သနစ် ကား” ၊ ဖြစ်ဖြစ်သမျှ ၊ ပျောက်ရှဥစ္စာ ၊ ရရာသမှု ၊
ဆေးကုယတြာ ၊ အခါစစ်ပြိုင် ၊ ရှုံးနိုင်တဝ ၊ တိုင်မူလဟု ၊ နာမထင်ရှား ၊ စွမ်းအပြားကား ၊
ရုပ်ထားနံနှိပ် ၊ သိဒ္ဓိပြီးရန် ၊ လုပ်ရတ် ဉာဏ်လည်း ၊ ကြံလေတစ်ချက် ၊ ဖြစ်ပျက်စေကြောင်း ၊
အင်းကောင်း အင်းညစ် ၊ ဖွေသနစ်၍ ၊ ရပ်ပြစ်မူလ ၊ရှစ်ဌာနကို ၊ဝေငှသိစေ ၊ကိုးထွေဓာတ်မ
ပထမအမျိုး ၊အခိုးပြန်တက် ၊ဂဠုန်ငှက်ဟု ၊ကျမ်းထွက်စကား ၊ သိသော အားဖြင့် ၊ပေါင်းငြား
ဖက်စပ် ၊ ကြွေကျနတ်ဟု ၊ကျမ်းမြတ်ဝိဇ္ဇာ၊အကျဉ်းမှာသည် ။ ။
ကျမ်းကား နက်ကျယ် ဝန်းဝန်းတည်း ။
(၂) ကျမ်း၌ရှိသော ထိုစကားကို ၊ ဓာတ်သွားဓာတ်ပြန် ၊ကြံလော့မဖောက် ၊ ခရားဇောက်မူ ၊
အုန်းပေါင်းကြင်သူ ၊ချစ်သူစံတန်း ၊စံထွန်းလှဦး ၊ လူးအောင်မြတ်ကြံ၊ ပြန်ချင်သာစွ ၊
သူဇာတံလှ ၊ ထွားလှဧမွတ် ၊မချွတ်ဆောင်ပန်း ၊ထက်တခန်း ၊ ပန်းဟိုက်မော၍သေ။
ကံပင်ခန္ဓာကြွေ ၊ အောင်လံတေဇ ၊ ကျမှီအုံးလှ ၊ဇသကျမှီ ၊ လံတေဇသက် ၊မှီအုံးလံတေ ၊
သက်ကျမှီအုံး ၊ တေဇသက်ကျ ၊ ဒိသာပါမောက္ခ ၊ ဆရာရသေ့လှ ၊ သည်တွင်ပေါ်လာက
ခန္ဓာမကြွေကျ ၊ ဂဠုန် စောင်းလျား ၊ ကျားကား လက်ပံ ၊ သီဟံ ဖက်မှန်း ၊ ဆင်သန်းသဒွတ်၊
ကြွက်လွှတ်ထဲအုံ ၊ ပူးတုံအင်ကြင်း ၊ နဂါးမင်းခူဇံ ၊ အိပ်နေထိုင်ကြံကြ ၊ ဝေးသူပင်ပြန်ရ ၊
နည်းလွယ်အောင်ကြံဆ ၊ မင်းကုသ ရှောင်ကြမှ လျော်စွာ ၊ စေတီယ ဆောင်ကြမှ ကြောင်းသင့်စွာ၊
အောက်မှာနင်းကြမ်း ၊ထက်ဆောင်ပန်း ၊တခန်းယူသည့်နည်း ။
အညမည၊ခါနိစ္စ ထည့်ကြဓာတ်ပစ္စည်း။အညမညံ ၊မဆက်ဆံ ၊ မိတ္တံအပီယ ။ ဗဟိဒ္ဓိအပထင်မှတ်
အဇ္ဈတ္တိက အတွင်းမျှ၍ ရူပသဒ္ဒံ ဖောက်ပြန်နှော ၊ ပယောဂနှင့် ၊ ယောဂယှဉ်ဘိ ၊ ဝိဘဇ္ဇန ၊ဝိတဂ္ဂဟု
ဝိစာရအား ၊ ထွေထွေငြား ၊ ဉာဏ်ကားထိုးထွင်းကြည့် ။ရဝိဒိပ္ပာ ၊ ဝိကလျာ ၊ ဝိဗ္ဗာနေယျ၊
သည်တွင်ပြ ကြံကြလူကဝိ ။ လင်းပင်စေသာ ရှောင်ကြခွာ ၊ ဝေးစွာသူရဇ္ဇ ၊ သစ်ဆိမ့်ပင်းယ ၊
သူရဇ္ဇ ၊နေထကောင်းကြွယ်ရာ ။ ၄င်းနည်းပင် ကျန်လူတွင် ဆင်ခြင်သိလေပါ။
( ကျမ်း၏ ပရိကံ နှစ်ပုဒ် ဤတွင်ပြီး၏)
Labels:
ဗြဟ္မိဒ္ဓိကျမ်း,
အင်္ဂဝိဇ္ဇာဗေဒင်ပညာ
Post a Comment