Home » » မှီအုံးတောင် သို့ရှာပုံတော်ခရီး

မှီအုံးတောင် သို့ရှာပုံတော်ခရီး

Written By လွင့်မောင်မောင် on Thursday, September 19, 2013 | 6:11 AM


မှီအုံးတောင်ဘုရား ၊ ဓာတ်ပုံ - Win Bo (Facebook)

ဓာတ်ပုံ - Win Bo (Facebook)
ယနေ့ရှာပုံတော်ခရီးအနေအဖြင့် ထားဝယ်မြို့မြောက်ဘက်(၈)မိုင်ခန့်ကွာသော ထားဝယ်ရေး ကားလမ်းအရှေ့ဘက်ရှိ မှီအုံးတောင်ဘုရားသို့သွားခဲ့သည်။

“ထားဝယ်ရာဇဝင်တော်ကြီးအရ မြတ်စွာဘုရား၏ ဗျာဒိတ်တော်အတိုင်း နရုတိမင်းမြတ်သည် ဇင်းမယ်ဘုရင်၊ ယိုးဒယားဘုရင်၊ ယွန်းဘုရင်တို့နှင် မင်းလေးပါးစုပေါင်းပြီး သက္ကရာဇ် ၆၇ခုနှစ်တွင် ဣသိန္ဒြတောင်(မှီအုံးတောင်)၌ စေတီတော်ကို စတင်တည်တော်မူသည်။”

၎င်းစေတီတော်သည် သက္ကရဇ် ၆၉ခုနှစ်၊ တန်ခူးလဆန်း(၁၀)ရက်၊ နေ့၌ ပြီးစီးအောင်မြင်တော်မူလေသည်။ ဟူ၍ ဖော်ပြထားသည်။

“နောင်ရာဇဝင်များတွင်- မှီအုံးတောင်ဟုခေါ်ရခြင်းမှာ ဒေါင်းဖမ်းရန်ထွက်လာသော မုဆိုးငနွားသည် ဒေါင်းမရ၍ အကျွတ်တရားရကာ
ဂေါဝိန္ဒရသေ့အမည်ဖြင့် ရသေ့ပြုသွားကြောင်း၊ ထို့နောက် ရှင်တောင့်ပုံစေတီတော်ကိုတည်ခဲ့ကြောင်း
 နောင်အခါ တရားအားထုတ်ရန် ဣသိန္ဒြတောင်သို့လာခဲ့ကြောင်း၊ ယင်းတရားအားထုတ်သောတောင်သည် မှီအုံးတောင်တွင်ခဲ့ကြောင်း ဖော်ပြထားသည်။ ”


မှီအုံးတောင်တွင်လေ့လာကြည့်သောအခါ ပြန်လည်ပြုပြင်ထားခြင်းကြောင့် စာပါသောအုတ်တစ်လုံးတစ်လေတောင်ရှာမတွေ့ပေ။
ကျနော်တို့လေ့လာသောနေရာများမှာ ထုံးစံအတိုင်း လမ်းခင်းထားသောနေရာများ၊ ပန်းပင်ခြေရင်းများ၊ စေတီအနီးအနားအုတ်ဟောင်းများသာလျှင်ဖြစ်ပေသည်။
 နောင်ပြန်လည်ပြုပြင်မှုမျိုးနှင့် တိုက်ဆိုင်မှ ရပေမည်။ မှီအုံးတောင်တွင် အနှစ်(၃၀)ကျော်ကတည်းက သတင်းသုံးနေသော ဆရာတော်ကိုယ်တိုင် လိုက်လံပြသပေးခဲ့သော ကျောက်ကူပေါ်တွင် ရသေ့၏ ကျောက်ကုလားထိုင်၊ ရှင်ဇောရှင်ခံ ကစားရာနေရာ၊
အိပ်မက်အရ ပြန်လည်တည်ထားသောစေတီငယ်များကိုသာ ဖူးမြော်ရင်း၊ မှတ်တမ်းယူရင်းသာပြန်လာခဲ့ရသည်။

ဆက်လက်ရှာဖွေလေ့လာသုတေသနပြုပါဦးမည်။

တောင်ထားဝယ်ဗိုလ်
Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger