Latest Post

BBC 1

Written By U AYE MINN on Thursday, December 8, 2022 | 7:50 AM

 

အင်္ဂဝိဇ္ဇာဗေဒင်ပညာ အပိုင်း(၄)

Written By U AYE MINN on Thursday, August 19, 2021 | 2:27 AM



ပို့ချချက်(၁) ဂြိုဟ်ပရိယာယ်များ

++++++++++++++++++++
အားလုံးမင်္ဂလာရှိကြပါစေ ကြောင်းနှုတ်ခွန်းဆက်ပါသည်။
မင်္ဂလာပါ။
အင်္ဂဝိဇ္ဇာ ပညာ မှ အရေးကြီးဆုံး ဂြိုဟ်တို့၏ပရိယာယ်များ ကို ပို့ချ ပေးလိုက်ပါတယ်။
++++++++++
တနင်္ဂ‌နွေဂြိုဟ်၏ ပရိယာယ်များ
--------------------------------
သူရဇ်ဇ ။ သူရဇ္ဇ
၁ ဂဏန်း၊ အရှေ့မြောက်အရပ်၊ ၊ဂြိုဟ်သက် (၆)နှစ်။
တေဇာဓာတ်(မီးခဲ)၊ဓာတ်ဖို၊၊အစပ်အရသာ၊
အနီရောင်ပစ္စည်းများ
အ၊ ဥ၊ ဦ  ဦး စ သော အက္ခရာများနှင့် စ ‌သောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ။
ဖခင်၊ဖခင်ကဲ့သို့သောသူ၊မင်း၊ဥက္ကဋ္ဌ၊အကြီးအကဲ၊၊
ဦးခေါင်း၊ နှလုံး ၊ အကြော ၊
အိုးအိမ်၊‌ လှေကားနှင့်ဆိုင်သော၊
မို့မောက်သောကုန်းမြေ၊တောင်ပို့၊အနုပညာသည်များစုဝေးရာနေရာ။
အလုပ်အကိုင်
ပါပဂြိုဟ်။

တနင်္လာဂြိုဟ်၏ ပရိယာယ်များ
-------------------------------
- စန္ဒြော
၂ ဂဏန်း၊အရှေ့အရပ်၊ဂြိုလ်သက် (၁၅)နှစ်၊
 ပထဝီဓာတ်(‌ ‌မြေမာ၊ကျောက်မြေ)၊ဓာတ်ဖို၊အငန်၊
အဖြူရောင်၊ပုလဲ
က၊ခ၊ဂ၊ဃ၊င အက္ခရာများနှင့်စ သောအမည်များနှင့် 
သက်ရှိသက်မဲ့အရာများ။
မိခင်၊မိခင်ကဲ့သို့သောအမျိုးသမီး၊အကြီးအကဲ၏ဇနီး၊
အစာအိမ်၊ရင်ဘတ်၊အဆုတ်၊
အကြံအစည်၊အကြွား၊၊အဝတ်အစားသစ်၊
မင်္ဂလာ၊‌ ခြေနှစ်ချောင်း၊ခရီးတို။
သန့်ရှင်းညီညာသောမြေ ၊ သစ်ပင်များစွာရှိသောအရပ်၊
သောမဂြိုဟ်။
+++++++++++++++++++
အင်္ဂါဂြိုဟ် ၏ ပရိယာယ်များ
--------------------------
- ဘောမ
၃ ဂဏန်း ၊ အရှေ့တောင်အရပ်၊ ဂြိုလ်သက် (၈)နှစ်၊
ဝါယောဓာတ်(လေညှင်း)၊ဓာတ်ဖို၊အခါး၊
အဖြူ နီရော(မီးကျည်) ရောင်၊သန္တာ
စ၊ဆ၊ဇ၊ဈ၊ည စ ‌‌သောအက္ခရာများနှင့်စ ‌‌သောအမည် များနှင့် သက်ရှိသက်မဲ့အရာများ၊
လင်ယောက်ျား၊အောက်လူ၊ကျေးကျွန်၊စစ်သူကြီး၊
မျက်စိ၊သားအိမ်၊ကျောက်ကပ်၊မျက်နှာ၊အရေပြား၊ချင်ဆီ၊ခွန်အား၊
အစုပ်အပြဲ၊စုန်း၊စက်ပစ္စည်းများ၊
မီးလောင်ထားသောမြေ၊မီးနှင့်အနီးဆုံးလုပ်ကိုင်ဆောင်ရွက် ရသောနေရာများ။
ပါပဂြိုဟ်။
++++++++++++++++++
ဗုဒ္ဓဟူးဂြိုဟ် ၏  ပရိယာယ်များ
-------------------------------
ဗုဒ္ဓ
၄ ဂဏန်း၊ တောင်အရပ် ၊ ဂြိုဟ်သက် (၁၇)နှစ်၊
အာပေါဓာတ်(ရေကြည်)၊ ဓာတ်ဖို၊ အချို ၊ 
အစိမ်းရောင် ၊ မြကျောက်၊
ယ၊လ ၊၀ ၊   စသောအက္ခရာများနှင့် စ သောအမည်များနှင့် သက်ရှိသက်မဲ့အရာများ၊
သားငယ်၊သမီးငယ်၊ ညီအကိုမောင်နှမ၊ ရွယ်တူတန်းတူ၊လုပ်‌ဖော် ကိုင်ဖက်၊ အိမ်ရှေ့မင်း၊
ရင်၊ဝမ်း။
ရေဝပ်သောမြေ၊ချိုင့်၊ရေကန်၊လူအများစုဝေးရာအရပ်၊
ယားယံခြင်း၊လျို့ဝှက်ခြင်း၊လှည့်ဖြားခြင်း၊ယောင်လည်လည်ဖြစ်ခြင်း၊
သောမဂြိုဟ်
+++++++++++++++++++
ကြာသပတေးဂြိုဟ် ၏  ပရိယာယ်များ
---------------------
ဂုရု
၅ ဂဏန်း၊အနောက်အရပ်၊ ဂြိုလ်သက် (၁၉)နှစ်၊
ပထဝီဓာတ်(မြေပျော့ ၊ရွှံ့မြေ )၊ ဓာတ်မ၊အဆိမ့် အရသာ၊ အဝါရောင်၊အရောင်ဖျော့များ၊ဥဿဖရား။
ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ ၊  စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
ပညာရှင်များ၊ မုဆိုးမ ၊ ဘုန်းကြီး ၊ ဆရာ ၊ အုပ်ချုပ်ရေးဆိုင်ရာ တိုင်ပင်ခံအဖွဲ့၊
အသည်း၊နံရိုး၊သွေးကြော ၊ အူ။
ဘုရားကျောင်းဆောင်၊ဘုရားမြေ ၊ ဘုန်းကြီးကျောင်း၊နတ်စင်၊ဂိုထောင်၊စပါးကျီ၊ကိုယ်ပိုင်ငွေ။
သောမဂြိုဟ်
+++++++++++++
သောကြာဂြိုဟ်  ၏  ပရိယာယ်များ
-------------------------
သောကြ
 ၆ ဂဏန်း၊ မြောက်အရပ် ၊  ဂြိုလ်သက် ( ၂၁ )နှစ်၊
အာပေါဓာတ်(ရေနောက်)၊ဓာတ်မ၊ အချို ၊ အဖြူပျောက်၊ပုလဲပေါက်အရောင်၊စိန်။
သ ၊ ဟ ၊  စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
ဇနီး မယား၊ စေ့စပ်ထားသူ၊သားချင်းဆွေမျိုး ၊ သူတော်ကောင်း ၊သူခိုး၊ကုန်သည်။
သွား၊သွေး၊သွေးကြော၊ကုပ်၊လည်ပင်း။
ယောက်ျားသုတ်သွေး၊မိန်းမဓမ္မတာ၊ ရမက်တဏှာ၊သီလပျက်ခြင်း၊စကား၊ခရီးရှည်။
အိမ်ခန်းဝ၊ပြည့်တန်ဆာအိမ်၊ ကာမဂုဏ်ကိုအားပေးလှုံ့ဆော်ရာနေရာအခန်းများ၊
ခရီးအသွားအလာများသောနေရာများ၊လှုပ်ရှားမှုများသောနေရာများ၊လမ်းလေးခွမြေ။
သောမဂြိုဟ်။
++++++++++++++++
စနေဂြိုဟ်  ၏  ပရိယာယ်များ
-------------------------------
သောရီ
၀ ဂဏန်း နှင့် ၇ ဂဏန်း၊ အနောက်တောင်အရပ်၊ 
 ဂြိုလ်သက် (၁၀)နှစ်၊
တေဇောဓာတ်(မီးတောက်) ၊ ဓာတ်မ ၊ အချဉ် ၊ အနက်ရောင်၊ နီလာကျောက်။
တ ၊ ထ ၊ ဒ ၊ ဓ ၊ န ၊ ဋ ၊ဌ ၊ဍ ၊ဏ   စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
အိမ်စေများ ၊ အောက်လူများ ၊ အစေခံ၊ရုံးအကူ ၊ လခစားအလုပ်သမား ။
စိတ်၊ဝမ်းဘက်ပိုင်းအရိုး၊လိင်အင်္ဂါ၊
 အောက်တန်းကျသောအတတ်ပညာ(အောက်လမ်း)၊နတ်ပိုင်းဆိုင်ရာ ၊ အမှုအခင်း၊
အညစ်အကြေးများရှိရာအရပ်၊မှိုက်ပုံ၊ မြောင်းမြေ၊ကုန်းစောင်းမြေ၊ပြိုခါနီးအိမ်၊
စပ်ထားသောအဝတ်အထည်။
ပါပဂြိုဟ်။

ရာဟုဂြိုဟ် ၏  ပရိယာယ်များ
---------------------
၈ ဂဏန်း ၊အနောက်မြောက်အရပ်၊  ဂြိုလ်သက် (၁၂)နှစ်။
ဝါယောဓာတ် (မုန်တိုင်း)၊ဓာတ်မ ၊အဖန်၊
နီပျောက်ကြား၊
ရ ၊ ဠ စသော အက္ခရာများနှင့်စသောအမည်များနှင့် သက်ရှိသက်မဲ့ အရာများ၊
ရင်ဘတ်
လူသတ်သမား၊တိရစ္ဆာန်သတ်သူများ၊အနာကြီးရောဂါသည်၊ လူလိမ်၊သူတောင်းစား၊အယောင်ဆောင်များ။
အနိဌနှင့်ဆိုင်သောနေရာများ၊သူသာန်မြေ၊အဆောက်ဦးပျက်၊ရင်ခွဲရုံ၊ရေခဲတိုက်၊
၊ဆွေးမြေ့နေသောအဝတ်အထည်။
ပါပဂြိုဟ်။
@ သောမဂြိုဟ် = ဂြိုဟ် ကောင်း
 @ ပါပ ဂြိုဟ်   = ဂြိုလ် ဆိုး
===========================

ပျဉ်းတော်သိမ်ရွက် (Curry Leaf)

Written By U AYE MINN on Wednesday, August 11, 2021 | 8:12 AM

ပျဉ်းတော်သိမ်ရွက် (Curry Leaf)

ပျဉ်းတော်သိမ်ရွက်ဟာ အိန္ဒိယဟင်းလျာတွေမှာ မပါမဖြစ်ထည့်သွင်းချက်ပြုတ်လေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။ အသားဟင်းတွေ၊ ပဲဟင်းနဲ့ သတ်သတ်လွတ်ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိပါတယ်။

ပျဉ်းတော်သိမ်ရွက်က နုစဉ်မှာ စိမ်းဖန့်ဖန့်အရောင်ရျိပြီး ရင့်လာတဲ့အချိန်မှာ အစိမ်းရောင်ရင့်ရင့်အဖြစ်ပြောင်းလဲလာပါတယ်။ အရွက်နုလေးတွေကို အတို့အမြှုပ်အဖြစ်စားသုံးလေ့ရှိပြီး အရွက်ရင့်တွေကိုတော့ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုပါတယ်။ အပင်ရဲ့ အမြင့်က ၃ မီတာ ကနေ ၄ မီတာလောက်အထိရှိပါတယ်။ အရသားစူးရှပြီး အနံ့ပြင်းပါတယ်။ ပျဉ်းတော်သိမ်းရွက်က အူသိမ်ရဲ့ လုပ်ဆောင်မှုတွေကို တိုးတက်စေပြီး ကင်ဆာကိုလည်းတိုက်ဖျက်ပေးပါတယ်။

ပျဉ်းတော်သိမ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ကျောက်ကပ်ကျန်းမာရေးကောင်းမွန်စေခြင်း

ပျဉ်းတော်သိမ်ရွက်ကကျောက်ကပ်ပြဿနာတွေကိုဘေးထွက်ဆိုးကျိုးမရှိဘဲဖြေရှင်းပေးပါတယ်။ မိသားစုမှာကျောက်ကပ်ရောဂါ ရာဇဝင်ရှိသူတွေအနေနဲ့ကျောက်ကပ်ရောဂါမဖြစ်အာင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပျဉ်းတော်သိမ်ရွက်ကိုစားသုံးပေးသင့်ပါတယ်။ကျောက်ကပ်ရောဂါကင်းဝေးစေဖို့နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက်ကိုထည့်သွင်းစားသုံးပေးသင့်ပါတယ်။

သည်းခြေရည်ကို ထိန်းညှိပေးခြင်း

ပျဉ်းတော်သိမ်ရွက်ရဲ့ ကျန်းမာရေးကိုအကျိုးပြုတဲ့နောက်အချက်တစ်ချက်ကတော့ အစာမကြေတာ၊ ဆီးချိုနဲ့အခြားအစာအိမ်ပြဿနာတွေ လိုမျိုးဝေဒနာတွေကိုလျော့ပါးသက်သာစေတာဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရဲ့ အရွက် တင်မက အခြားအစိတ်အပိုင်းတွေကလည်းဆေးဖက်ဝင်ပါတယ်။ မအီမသာဖြစ်ပြီးအော့အန်တာတွေကိုလည်း ပျဉ်းတော်သိမ်ရွက်က သက်သာစေပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကြုံတွေ့ရတဲ့ပြဿနာတွေကို သက်သာစေခြင်း

ကိုယ်ဝန်ဆောင်ကာလမှာ မအီမသာဖြစ်မှုတွေကို ခံစားရနိုင်ပါတယ်။Morning sick ကိုယ်ဝန်ဆောင်ချိန်မနက်ခင်းပျို့အန်ခြင်း

၊အော့အန်ခြင်းတွေလိုမျိုး မအီမသာဖြစ်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် အော့အန်တာဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်ကိုရေနွေးထဲထည့်ပြီးသောက်သုံးပေးမယ်ဆိုရင်ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့မအီမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။

ဝမ်းလျှောတာကိုသက်သာစေခြင်း

ပျဉ်းတော်သိမ်က ဝမ်းလျှောတာကို သက်သာစေတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ ဝမ်းလျှောတာကို သက်သာစေနိုင်တဲ့carbazole alkaloids ပါဝင်ပါတယ်။

အစာကြေစေခြင်း

အစာမကြေတာကြောင့် မအီမသာဖြစ်တာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ပျဉ်းတော်သိမ်ရွက်ကို သံပုရာရည်၊ သကြားတို့နဲ့ဖျော်စပ်ပြီးသောက်သုံးမယ်ဆိုရင် အစာမကြေတာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။

အမြင်အာရုံကောင်းမွန်စေခြင်း

နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက်ကိုထည့်သွင်းစားသုံးမယ်ဆိုရင် အမြင်အာရုံကိုကောင်းမွန်စေမှာဖြစ်ပါတယ်။ မျက်စိရေတိမ်မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။

ဆံသားကျန်းမာစေခြင်း

ပျဉ်းတော်သိမ်ရွက်က ဆံပင်ကိုနက်မှောင်သန်စွမ်းစေပြီး ဆံသားကို ကျန်းမာသန်စွမ်းစေပါတယ်။ အုန်းဆီနဲ့ရောပြီးလူးပေးနိုင်ပါတယ်။ ပျဉ်းတော်သိမ်က အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ကိုလက်စထရောကျဆင်းစေခြင်း

ခန္ဓါကိုယ်အတွက် အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ထိန်းချုပ်ဖို့အခက်တွေ့နပါသလား။ ပျဉ်းတော်သိမ်းရွက်စားသုံးပေးခြင်းက ကိုယ်တွင်းက မလိုအပ်တဲ့ ကိုလက်စထရောတွေကို ထိန်းချုပ်ပေးပြီး အဆီပို ကင်းတဲ့ ခန္ဓါကိုယ်ကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးတွေကို ထိန်းချုပ်ပေးနိုင်ခြင်း

ပျဉ်းတော်သိမ်းရွက်က (chemotherapy) ဓါတုကုထုံးနဲ့၊ (radiation therapy) တို့ကြောင့်ဖြစ်ပေါ်ခံစားရတဲ့ ဆိုးကျိုးတွေကို လျော့နည်းအောင်အထောက်အကူပြုပါတယ်။

ဆီးချို (diabetes) ကိုထိန်းညှိပေးခြင်း

ပျဉ်းတော်သိမ်ရွက်က ဆီးချိုဝေဒနာသည်တွေအတွက်အထူးသင့်တော်တဲ့ဆေးဖက်ဝင်အရွက်တစ်မျိုးဖြစ်ပါတယ်။ ဆီးချိုသမားတွေစားသုံးပေးဖို့သင့်တော်ပါတယ်။သွေးတွင်းအချိုဓါတ်ကို ထိန်းညှိပေးပါတယ်။ မနက်စာစားတဲ့အခါ ပျဉ်းတော်သိမ်းရွက်အမှုန့်ကို ထည့်သွင်းစားသုံးပေးတာကကောင်းမွန်တဲ့ရလဒ်ဖြစ်စေမှာပါ။

အစာအိမ်အူလမ်းကြောင်းတွေကို ကာကွယ်ပေးခြင်း

ပျဉ်းတော်သိမ်ရွက်မှာ ဓါတိုးဆန့်ကျင်ပစ္စည်းတွေနဲ့alkaloidတွေပါဝင်နေပါတယ်။ အစာအိမ်အူလမ်းကြောင်းတွေကိုကောင်းမွန်စေပြီး အစာချေစနစ်ကိုတိုးတက်ကောင်းမွန်စေပါတယ်။

ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေမကူးစက်အောင်ကာကွယ်ပေးနိုင်ခြင်း

ပျဉ်းတော်သိမ်ရွက်မှာ ဘက်တီးရီးယားတွေနဲ့မှိုပိုးတွေကိုသေစေနိုင်တဲ့ ထိရောက်တဲ့အာနိသင်ရှိပါတယ်။ ပျဉ်းတော်သိမ်ရွက်အဆီကို ပဋိဇီဝဆေးတွေမှာ ထည့်သွင်းအသုံးပြုပါတယ်။

အသည်းကို ကျန်းမာစေခြင်း

အသည်းက အစာချေစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာကြောင့် အသည်းကျန်းမာဖို့ကအရေးကြီးပါတယ်။ အသည်းကိုfree radicalတွေကြောင့်ထိခိုက်ပျက်စီးမှုတွေနဲ့ ကူးစက်ရောဂါပိုးတွေကြောင့်ထိခိုက်ပျက်စီးမှုတွေကနေ ကာကွယ်ဖို့ကလည်း အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပါ။ ပျဉ်းတော်သိမ်မှာannins နဲ့carbazole alkaloidတွေပါဝင်နေတာကြောင့် အသည်းမပျက်စီးအောင်ကာကွယ်ပေးပါတယ်။ အသည်းရောင်အသားဝါရောဂါ၊ အသည်းရွတ်နာတို့လိုမျိုး အသည်းရောဂါတွေမဖြစ်အောင်လည်းကာကွယ်ရာမှာလည်း အထောက်အကူပြုပါတယ်။

အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း

ပျဉ်းတော်သိမ်ရွက်က အရေပြားထိန်းသိမ်းရာမှာလည်း အထောက်အကူပြုပါတယ်။ ပျဉ်းတော်သိမ်း အရွက်ကိုကြိတ်ထားတဲ့အနှစ်ကို အပူလောင်နာ၊ပြတ်ရှဒဏ်ရာ၊ အရေပြားပေါ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အင်းဆက်ပိုးမွှားတွေကိုက်တဲ့ ဒဏ်ရာတွေပေါ်မှာ အသုံးပြုပေးမယ်ဆိုရင် အနာကျက်မြန်မြန်ကျက်စေမှာဖြစ်သလို အနာကိုပိုးမဝင်အောင်လည်းအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

အထက်ပါအချက်လေးတွေကိုဖတ်ရှုပြီး ပျဉ်တော်သိမ်ကို လိုအပ်သလို အသုံးပြုနိုင်ပါတယ်။

Hello ဆရာဝန် မှကူးယူဖော်ပြသည်။

ပို့ချချက်(၄) အပိုင်း(၁) ရှင်းလင်းချက်

Written By U AYE MINN on Wednesday, July 28, 2021 | 1:42 AM

လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာဗေဒင်ပညာ (အပိုင်း ၃ )

Written By U AYE MINN on Thursday, July 15, 2021 | 7:28 AM

 


ဗုဒ္ဓံသရဏံ ဂစ္ဆာမိ            ဓမ္မံသရဏံ ဂစ္ဆာမိ             သံဃံသရဏံ ဂစ္ဆာမိ 

                                          အရဟံ သိဒ္ဓိ

                  “  ပဉ္စဂုဏံ အဟံဝန္ဒာမိ ။ အာစရိယဂုဏံ အဟံဝန္ဒာမိ”


ဝေါဟာရ အသုံးအနှုန်းများ

(၉၀)မိနစ် အခါ တစ်ခုကို …………….မူလအခါ

(၁၈)မိနစ် အခါတစ်ခုကို ………………အခါခွဲ

(၆)မိနစ် အခါတစ်ခုကို ………………..ဘုတ္တိအခါခွဲ     ဟူ၍ခေါ်ဝေါ်အသုံးပြုမည်။

 “သုံးလီများ အဆန်းလုပ်လို့ ၆မိနစ် စီပေါ့ ။ ဆပွတ်နဲ့ဘဲ့ယူ”  ဟုဆိုသဖြင့်ကျွန်ုပ်သည် 

ဤသို့ အဓိပ္ပာယ်ဖော်ကြည့်လိုက်သည်။


ဤမျှလောက်ဆိုလျှင် အခြေခံရှိသူတို့ သဘောပေါက်ပေရော့မည်။အခြေခံမရှိသူများအတွက်မူဘာမျှ

မသိဖြစ်နေပေလိမ့်မည်။

                                        ကျမ်းရင်းလင်္ကာနှင့်ပြန်လည်ညှိခြင်း

၉၀မိနစ် မူလအခါတစ်ခုကို ၆မိနစ်ဘုတ္တိအခါခွဲများ ပိုင်းခြားလျှင် ဘုတ္တိအခါခွဲပေါင်း(၁၅) ခါရ၏။

မူလအခါပေါင်း(၈)ခါအတွက်  ဘုတ္တိအခါခွဲပေါင်း(၁၂၀) ရပါသည်။

(၁၂ x ၆၀ မိနစ် )/ ၆မိနစ်= ၁၂၀ )

ဤတွင် ဆရာတော်ခင်ကြီးဖျော်၏ မူလကျမ်းရင်းလင်္ကာနှင့် ကိုက်ညီပေတော့သည် ။

ကိုက်ညီပုံ

“သူရဇ္ဇကစ၍စဉ်စီ ရှစ်ခါညီ”  ဟုဆိုသဖြင့် (၉၀)မိနစ်စီအညီအမျှ ရှစ်ခါ ပိုင်းပြီးဖြစ်သည်။

“ရှစ်လီဂြိုလ်ပေါင်းပြ” ဟုဆိုရာတွင်လည်း မူလအခါတစ်ခုကို အခါခွဲ(၅)ခုနှင့် ဘုတ္တိအခါခွဲ(၃)ခု

စုစုပေါင်း ဂြိုလ်အခါ(၈)ခု ပေါင်းထည့်ပြီးဖြစ်သည်။

“ရှစ်လီ” ဆိုသည့်သဘောတရားအတိုင်း မူလအခါ(၈)ခုစလုံးသို့ ပေါင်းထည့်ရမည်ဟုအဓိပ္ပာယ်

ရသဖြင့်  မူလအခါ ရှစ်ခု အတွက် ဘုတ္တိအခါခွဲပေါင်း(၁၂၀) ရလေသည်။

ထိုအခါမှ “ရာသီဆယ့်နှစ်ဝ သင်္ချာယူ၍ဆ” ဆိုသည်မှာလည်းဤသို့ကိုက်ညီနေပြန်ပါတော့သည်။

အထဗ္ဗဏဗေဒင်(မဟာကာလဗေဒင်) တွက်ရာတွင် မိဿ ပြိဿ စသော ရာသီ၁၂ခွင် ချ၍ တွက်

ချက်ရမည်ဟူလို ။

ထို့အပြင် “ဆယ့်နှစ် ကို သင်္ချာဂဏန်းချရေးလိုက်လျှင် “ ၁၂ ” ဟုရ၏ ။

ကဲ ..ကြည့် ။နားလည်ရန်ခက်ခဲသော ပဟေဠိစာသားများကိုလည်းအဖြေထုတ်ပြီးဖြစ်၍

ကိုက်ညီမှုရှိသည်ကို အံ့သြစွာမြင်တွေ့ရလေသည်။

ထိုထက်အံ့သြဘွယ်ကောင်းသည်မှာ အချိန်တစ်ချိန်မှတစ်ချိန်ကူးပြောင်းသောအခါ

ပြောင်းလဲသော အခါ များမှာ ဆပွတ်ဂြိုလ်အစီအစဉ်အတိုင်း ကွက်တိ ဖြစ်နေသည်ကို

တွေ့ရှိရပေသည်။

သီအိုရီမရှိသောလက်တွေ့သည်“အကန်း”နှင့်တူ၍ လက်တွေ့မရှိသော သီအိုရီ သည်လည်း“အကျိုး”နှင့်တူပေ၏။ ထို့ကြောင့် ဤပညာခန်းကိုရရှိသည့် ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ လက်တွေ့သုတေသနအကြိမ်ကြိမ်(အကြိမ်တစ်ရာထက်မနည်း) ပြုလုပ် ခဲ့ပါသည်။ အချိန်များစွာပေးဆပ်ခဲ့ရ၏ ။အလွန်မှန်ကန်တိကျသောအဖြေများရရှိသဖြင့် ပညာအစစ်အမှန်ကိုရရှိလေခြင်းဟု များစွာဝမ်းမြောက်ပီတိဖြစ်ရပါတော့သည် ။

ထို့နောက်  ကျွန်ုပ်၏ လုပ်ငန်းဆောင်ရွက်မှု မှန်သမျှမှာ ဆရာအရှင်ပေးခဲ့သော ပညာကိုအသုံးပြုလျက် လုပ်ဆောင်ခဲ့ပေသည်။( ဗေဒင်ဟော၍ အသက်မွေးသည်မဟုတ်)

  (၂၀၀၂ခု သြဂုတ်လ) မှစ၍ ကျွန်ုပ်၏ စီးပွားရေး လူမှုရေး နှင့် ဘာသာရေးဆိုင်ရာကျင့်ကြံ

အားထုတ်မှုများ စသည်တို့သည် အဘက်ဘက်မှပြည့်စုံကာ တိုးတက်ကောင်းမွန်ခဲ့ပါသည်။

မတော်လောဘမပါသော အရာခပ်သိမ်း လိုတရ ပြည့်စုံခဲ့ပါသည်။

ဆရာအရှင်၏ကျေးဇူးအလွန်ကြီးမားပေစွ။


  ရှေးပညာရှိတို့သည် “ဉာဏ်တူလျှင်ယူစတမ်း” “သိသူဖော်စား မသိသူကျော်သွား” နည်းများ

ဖြင့်သာပညာရပ်များကိုမှတ်တမ်းတင်ထားခဲ့ကြသည်။(မသူတော်များထံသို့ ပညာများရောက်ရှိ

သွားမည်ကို စိုးရိမ်ခဲ့ကြဟန်ရှိသည်။)

၆မိနစ်လျှင် အခါတစ်ခုခွဲသောနည်းသည်လည်း ကျွန်ုပ်ထက်အလျင် သို့မဟုတ် နောက်ကျ

မှရရှိသူများ ရှိကိုရှိမည်ဖြစ်သည် ။သို့သော် ဤပညာခန်းကို ယနေ့အထိ ဖော်ပြသူ တစ်ယောက်

မျှမရှိသေးပါ။ ကျွန်ုပ်ကိုယ်တိုင်သည်ပင်လျှင် နှစ်အတန်ကြာ သိုဝှက်ထားခဲ့၏ ။

           သို့သော်  မြန်မာ့အင်္ဂဝိဇ္ဇာပညာရပ်သည် အလွန်တိကျ မှန်ကန် ထယ်ဝါသော

ပညာရပ်တစ်ခုအဖြစ် အခိုင်အမာရှိကြောင်းသက်သေတစ်ခုအဖြစ်အတည်ပြုနိုင်ကြရန် ရည်သန်

၍ ဟင်းစားသာမကကွန်ချက်များကိုပါ ပေးဝေလိုက်ရပါတော့သည်။

ဤပညာပေးဆောင်းပါးနှင့်ပတ်သက်၍ နောက်အရေးကြီးသည့်တစ်ချက်ရှိသေးသည်။

အကြောင်းအရာတစ်ခုကို ယုတ္တိတန်သည် မတန်သည်ကို သိပ္ပံနည်းကျ ဝေဖန်ညှိနှိုင်း၍ ဆုံးဖြတ်

ပြုကြသော ယနေ့ခေတ် လူကြီး လူငယ်အားလုံးသို့ ကျွန်ုပ်ပေးချင်သော Message က

သိပ္ပံပညာကမဖြေရှင်းနိုင်သော လိုက်မမီသေးသောအချက်များစွာအနက်

“ကျွန်ုပ်၏ဆရာအရှင်က ကျွန်ုပ်အားအသံဖြင့် ပညာရပ်တစ်ခုကိုသင်ကြားပေးခဲ့သည် ” ဆိုသော

အချက်ကလေးတစ်ချက်ဖြစ်ပါကြောင်း…..။

              ဤတွင် အင်္ဂဝိဇ္ဇာပညာ၏ အချိန်  ၊အခါ ပိုင်းခြင်း သင်ခန်းစာ  ပြီးဆုံးပါပြီ ။

ဘုတ္တိ အခါခွဲ(၁၂၀) အတွက်အသင့်အသုံးပြု နိုင်ရန်ဆက်လက်ဖော်ပြပေးပါမည်။

          

                                                                                                                 မေတ္တာဖြင့် -  ဆရာမင်

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger