Latest Post
3:43 AM
ဆီးချိုရောဂါအတွက် ကြက်သံပုရာပေါင်း ဆေးနည်း
Written By လွင့်မောင်မောင် on Friday, April 4, 2014 | 3:43 AM
ဆီးချိုရောဂါသည်တွေအတွက် ကိုယ်တွေ့ကြုံခဲ့ရသူတွေဆီက ဓာတ်စာ ဆေးနည်းကို တဆင့်ပြန်လည်
ဖောက်သည်ချ လိုက်ပါရစေ။
ဆီးချိုရောဂါသည်တွေအနေနဲ့ ဆီးချိုတိုင်းတာပြီး ဆီးချိုအမှတ် အရမ်းတက်နေတယ်ဆိုရင် လုပ်ရမယ့် အစားအသောက် ဆေးနည်းတမျိုးပါ။
လုပ်နည်းလုပ်ဟန်
ကြက်သား ၁၀ ကျပ်သားကို ဆားနဲ့ နနွင်း နယ်ပြီး ( ကျန်တာ ဘာဆို ဘာမျှ မထည့်ရ) သံပုရာ သီး စစ်စစ် တလုံး( မခွဲမစိပ်ပဲ သဘာဝ အလုံးအတိုင်း ) နဲ့အတူ ရောပြီး ပေါင်းရပါမယ်။ အကယ်၍ ကြက်သား ကို ၂၀ ကျပ် သားဆိုရင် သံပုရာသီးက ၂ လုံး ဖြစ်ပါမယ်။
ပေါင်းပြီးသား ကြက်သားနဲ့ ပေါင်းရည်ကို သောက်ခြင်းဖြင့် ဆီးချိုအမှတ် တက်မှုဟာ သိသိသာသာ ကျလာမှာဖြစ်ပါတယ်။ အရသာကတော့ နည်းနည်း ခါးသက်သက်နေပါလိမ့်မယ်။
ဒီနေရာမှာ အထူး သတိပြုစရာတခုကတော့ ကြက်သံပုရာပေါင်းရည်ကို သောက်လို့ ဆီးချိုအမှတ်ကျ လာ မှာဖြစ်ပေမယ့် ဆီးချို တိုင်းတာတဲ့ ကိရိယာနဲ့ တိုင်းတာခြင်း သို့မဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ဆီးချို အမှတ် ကျနေပြီဆိုရင် ကြက် သံပုရာ ပေါင်းရည်သောက်တာကို ရပ်ဆိုင်းထားရပါလိမ့်မယ်။
အကယ်၍ ဆီးချိုအမှတ်ကျနေပါလျှက် ပုံမှန်ဆီးအနေအထား ရောက်နေပြီး ဆက်သောက်မယ်ဆိုရင် လူ့ ခန္ဓာကိုယ်မှာ သကြားဓာတ်အလွန်ကျဆင်းသွားပြီး အခက်တွေ့ပါလိမ့်မယ်။ ဒါကို အထူးသတိထားဖို့တော့ လိုပါတယ်။
ဆီးချိုရောဂါ ၂ မျိုး ရှိပါတယ်။ တမျိုးက ခန္ဓာကိုယ်ထဲက အင်ဆူလင်ဓာတ် ထုတ်လုပ်မှု မလုပ်နိုင်တော့တာ မျိုး ဖြစ် ပါ တယ်။ ဒါကို အင်္ဂလိပ်လို "insulin-dependent diabetes mellitus" (IDDM) or "juvenile diabetes" လို့ လည်း ခေါ်ဆိုပါတယ်။
နောက်တမျိုးကတော့ ခန္ဓကိုယ်ထဲက အင်ဆူလင်ဓာတ်ကို သုံးစွဲမယ့် ဆဲလ် ပျက်စီးတာမျိုးပါ။ သူ့ကိုတော့ non insulin-dependent diabetes mellitus (NIDDM) or "adult-onset diabetes" ခေါ်ပါတယ်။
ဆီးချိုရောဂါ ဆိုတာ တကယ်တော့ သွေးထဲမှာ သကြားဓာတ်လွန်ကဲမှုဖြစ်နေတာကို ခေါ်ဆိုတာပါဘဲ။ ဆီးချိုရောဂါ ခံစားရပြီ ဆိုရင် သွေးထဲမှာ သကြားဓာတ်လွန်ကဲမှုကြောင့် ခကြာခဏဆီးသွားတာ မျိုး
တွေ ဖြစ်ပြီး ရေငတ်ခြင်း၊ မကြာခဏ ဆာ လောင် မွတ်သိပ် တာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဆီးချိုရောဂါရဲ့ ဆိုးကျိုးတွေကြောင့် နောက်ဆက်တွဲ အနေနဲ့ နှလုံးရောဂါ ဖြစ်နိုင်သလို ကျောက်ကပ်လည်း ပျက်ဆီးနိုင်ပါတယ်။ ဒီအပြင် မျက်လုံးလည်း အမြင်အာရုံပျက်စီးစေတတ်ပါတယ်။ ဒီအပြင် အနာတခု ခန္ဓာ ကိုယ်မှာ ဖြစ်ခဲ့ရင် သွေးထဲမှာ သကြားဓာတ်လွန်ကဲမှုကြောင့် သွေးဖြူဥ အားနည်းပြီး အနာကို အမြန်ကျက်
ပြီး ပျောက်ကင်းစေမှုအားနည်းကာ တော်တော်နဲ့ အနာမကျက်ပဲဖြစ်တတ်ပါသေးတယ်။
ဒါကြောင့် ဆီးချိုရောဂါသည်တွေအတွက် အခု ကြက်သံပုရာပေါင်း ဆေးနည်းကို သုံးဆောင်ခြင်းဖြင့်
သွေး ထဲက သကြား ဓာတ်လွန်ကဲမှုကို လျော့ကျစေနိုင်မှာဖြစ်ပါတယ်။
ကြက်သားနဲ့ သံပုရာသီးကို ပေါင်းလိုက်လို့ ထွက်လာတဲ့ ဓာတ်တမျိုးဟာ သွေးထဲက သကြား ဓာတ် လွန်ကဲနေတာတွေကို လျှော့ချနိုင်စွမ်းရှိပါတယ်။
ဆီးချိုရောဂါသည်များ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး သက်သာ ပျောက်ကင်းနိုင်ကြပါစေ။
အိမ့်သံစဉ် ~
ဖောက်သည်ချ လိုက်ပါရစေ။
ဆီးချိုရောဂါရဲ့ လက္ခဏာများ

Labels:
ဆေးနှင့်ကျန်းမာရေး
5:06 AM

လက်ပန်းရွာ အတွဲဘက် ( အ ထ က ) ကျောင်းကြီး
ဒီလိုနေရာမှာ ဒီလိုခန့် ခန့် ညားညား အထက်တန်းကျောင်းကြီးတစ်ဆောင် ရှိနေတာဟာ အနီးနားရှိ ရွာတွေအတွက်တော်တော် ကံကောင်းတာပါပဲ ။
မိုးတွင်းလို အခါမျိုးမှာ ရေကြီး ရေလျှံ လွယ်တဲ့ ချောင်းတွေ မြောင်းတွေ ကိုကျော်ဖြတ်ပြီး ကျောင်းလာတက်ကြတဲ့ နီးနားပတ်ဝန်းကျင်ရွာက ကျောင်းသားလေးတွေ ဟာလည်း ချီးကျူးဖို့ အရမ်းကောင်းတယ် ။ ဒီဒေသက ကလေးလေးတွေ ကျောင်းတက်နေရတဲ့ မြင်ကွင်းကို ရန်ကုန်မြို့ မှာ အလုပ်မရှိအလုပ်ရှာ စာသင်ကျောင်းအထိ လိုက်ပြီး ထမင်းခွံ့ ကျွေးနေတဲ့ မိဘတွေကို ဒီအထိ ခေါ်ပြီး ပြချင်လှတယ်။
ပြီးတော့ ရေစီးသန်လှတဲ့ ချောင်းတွေ ကိုလှေနဲ့ ဖြတ်ကူနေရတဲ့ ကျောင်းသားကျောင်းသူ ကလေးလေးတွေအတွက် အုပ်ချုပ်သူ လူကြီးမင်းတွေက အမှန်တစ်ကယ်လိုအပ်နေတဲ့ နေရာတွေမှာ ချောင်းကူးတံတားတွေ ဆောက်ပေးနိုင်စေဖို့ ကျတော့် အနေနဲ့ ဆုတောင်းမိပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီဒေသမှာ မိဘ ၊ ဆရာ ၊ ကျောင်းသား တို့ရဲ့ လုံ့လ၀ိရိယ ကောင်းစွာနဲ့ ပညာရေးကို ကျိုပမ်း အားထုတ်မှုတွေကြောင့် အခုဆိုရင် လက်ပန်း တစ်ရွာထည်းမှာ လက်ရှိ ဆယ်တန်း အောင် ၊ ဘွဲရ လူငယ်တို့ အယေက် 50 လောက်ရှိနေကြပါပြီ ။ ဒါပေမယ့် သူတို့ လေးတွေက တတ်ထားတဲ့ ပညာနဲ့ ကိုက်ညီတဲ့ အလုပ်ကိုင်အခွင့်လမ်းတွေ မရရှိကြသေးဘဲ ဖြစ်နေကြပါတယ် ။
အလုပ်တစ်ခုခေါ်တယ်ဆိုရင် ရွာကနေလမ်းစရိတ် ၊ စားစရိတ် နဲ့ အထွေတွစရိတ်တွေ ကုန်ကျခံပြီး အလုပ်လျှောက်ကြပေမယ့် လို့ အလုပ်လစ်လပ်နေရာနဲ့ လျှောက်တဲ့ လူဦးရေ မမျှကြလို့ လားတော့ မသိဘူး အလုပ်ရရှိတဲ့သူတော်တော်ရှားတယ်လို့ သိရပါတယ် ။ ဟိုတလောက မြန်မာ တစ်ပြည်လုံး အုံးအုံးကျက်ကျက် ဆရာ ဆရာမတွေ အဖြစ်လုပ်တွေ ရရှိသွားကြပေမယ့်လို့ ဒီလက်ပန်းရွာက တစ်ယောက်တစ်လေမှ ကို မရှိကြပါဘူးတဲ့ ။ မိဘတွေခမြာ သူတို့သားသမီးတွေရဲ့ ဘ၀ ထွက်ပေါက်ရရှိဖို့ အတွက် စီးပွားရေး အဆင်မပြေကြတဲ့ အထဲက ကြိုးစားပြီး ပညာသင်ပေးကြရှာပေမယ့် ထိုက်တန်တဲ့ အလုပ်လေးတွ မရရှိကြတော့ အခုချိန်မှာတော့ စိတ်ဓာတ်တွေကျနေကြရရှာတယ် ။ အဲတာတွေကိုကြားသိရပြီးနောက်မှာ ကျွန်တော့ ကိုယ်ကျွန်တော် ဒီနယ် တစ်ဝိုက်က လူငယ်လေးတွေကို အလုပ်ကိုင် အခွင့်လမ်းတွေချပေးနိုင်ပြီး အရာရာ ဖန်တီးနိုင်တဲ့ လူတစ်ယောက်ဖြစ်ရင် ဘယ်လောက် ကောင်းလေ့မလဲ လို့ လေကြီးမိုးကြီး အတွေးတွေ ၀င်နေမိပါတယ် ။
ရွာမှာ အစိုရက အခမဲ့လွှင့်ပေးတဲ့ ရုပ်သံလိုင်းတွေ မမိပါ ။ ဒီတော့ Sky Net လို ဆလောင်းကနေဖမ်းယူရတဲ့ လိုင်းကို ဘဲ စုပြုံကြည့်နေရတယ်လို့သိရပါတယ် ။ အဲဒီလိုလိုင်းတွေ တတ်ဆင်နိုင်တဲ့ အိမ်က ဘယ်နှစ်အိမ်မှ မရှိတော့ လူတိုင်းစေ့ အပြင်ပလောကနဲ့ အပြည့်ဝ ထိတွေ့ မှု မရသေးဘူးလို့ ပြောရင် လွန်မယ်မထင်ဘူး ။ ဒီလို ချောင်ကျကျ နေရာတွေ မှာ သက်ရှင်ပြီး လူလုပ်နေရတဲ့ သူတွေအတွက် အခမဲ့ ရုပ်သံလိုင်းတွေတောင်မှ မဖြန့် ကျက်နိုင်သေးတာတော့ တော်တော်ကို ဆိုးပါတယ် ။ စိတ်ထဲမှာတော့ တာဝန်ရှိသူတို့ ကို အားမလိုအားမရတွေ ဖြစ်နေမိတယ် ။ ရွာက အစ်ကိုကြီးတစ်ယောက် ပြောစကားမရ ပြောရမယ်ဆိုရင် …. ပခုက္ကူမြို့  ကနေတဆင့် ဖြန့်ဖြူးနေတဲ့ ပဲမျိုးစုံနဲ့ ဒေသထွက်ကုန်တွေဟာ ကျတော်တို့ ယောဒေသက အများဆုံးကျားကန်ပေးထားတာပါဗျာ… တဲ့ ။ ဒါတင်ဘယ်ကမလဲ ကျွန်းသစ်လို ကမ္ဘာ့ဈေးကွက်အထိ တင်ပို့ နိုင်တဲ့ သစ်တွေကလည်း ဒီဒေသကနေထွက်နေတာဘဘဲ မဟုတ်လား ။ ဒါဆိုရင် သူ့ အထိုက်လျှောက်ဒေသထွက်ကုန်တွေ ထုတ်လုပ်ပေးနေတဲ့ ဒီဒေသ ဖွံ့ ဖြိုးမှု အတွက် အခြေခံ လိုအပ်ချက်လေးတွေကို တော့ ဖြည့်ဆည်းပေးသင့် တယ်လို့ ထင်တာပါပဲ ။ ရွာမှာ ကျောင်နေဖူးပြီး စာ အုပ် စာပေတွေကို ဖတ်ရကောင်းမှန်း သိနေတဲ့ လူငယ် ၊ လူလတ်ပိုင်း အရွယ်တွေကလည်း စာကို အငမ်းမရ ဖတ်ချင်နေကြပေမယ့်လို့ ဘယ်လို စာပေမျိုးက မှ လွယ်လွယ်ကူကူနဲ့ မရနိုင်သေးပါဘူး ။ တချို့ စေတနာရှင်လေးတွေက ပခုက္ကူမြို့ ကနေ သတင်းစာနဲ့ ဂျာနယ်အဟောင်းလေးတွေ စုပြီး ပေးပို့ ကြတာလောက်ဘဲ ဖတ်နေကြရရှာပါတယ် ။ ရွာထဲမှာတော့ စာအုပ်မရှိပဲ ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ စာကြည့်တိုက်လေးတခုတော့ တွေ့ ရပါတယ် ။ အခုအဲ ဒီစာကြည့်တိုက်လေး ပြန်လည် အသက်ရှင်လာဖို့ အတွက် ရွာကလူငယ်လေးတွေ လှုပ်ရှားမှုလေးတွေ လုပ်နေတယ် အသံကြားလို့ ကျတော်လည်း ရန်ကုန်ကနေ ရတတ်သမျှ စာအုပ်စာစောင် တွေ ပို့ပေးဖို့ စီစဉ်ထားပါတယ် ။

ညဘက် ကျောင်းမှာ စာလာကျက်နေကြတဲ့ ကျောင်းသားလေးများ ......
တကယ်တော့ သူတို့ လေးတွေ ဟာ လူသာ ချောင်ကျတဲ့ နေရာမှာ အကြောင်းကြောင်းကြောင့် ခြေချ နေထိုင်ကြရပေမယ့် အသိမြင် ဗဟုသုတ အားဖြင့် တော့ ပိတ်ဆိုပြီး မနေသင့် ဘူးမဟုတ်လား ။ တချို့ လူတွေက ကမ္ဘာကြီးဟာ ရွာကြီးဖြစ်နေပြီလို့ ကျယ်ကျယ်လောင်လောင်နဲ့ ပြောဆိုနေကြပေမယ့်လည်း ကျတော်တို့ ဆီမှာတော့ ရွာဟာ ရွာ မြို့ ဟာမြို့ အဖြစ် ကွာဟမှုတွေ ရှိနေပါသေးလားလို့ တွေးနေမိပါတယ် ။ အခုချိန်မှာ ဆက်သွယ် ပြောဆိုစရာ တယ်လီဖုန်းတွေ ရွာမှာ ( လိုင်းမိအောင် အထူးတလည် တပ်ဆင်ပြီး ) သုံးပြုနိုင်ကြလို့ သာတော်တော့တယ် ။ ရွာမှာ ကျမ်းမာရေး စောက်ရှောက်မှု အနေနဲ့ အစိုးရ သားဖွားဆရာမတစ်ယောက်ရှိတယ်လို့ သိရပါတယ် ။ သာမန် အဖြားရောဂါနဲ့ ဆေးရုံ မတက်ရတဲ့ ရောဂါ တွေ ဆိုရင်တော့ ရွာကလက်ခံထားတဲ့ ဆေးဆရာ အမည်ခံတွေ ဆီမှာပဲ ဆေးထိုး ဆေးသောက် နဲ့ ကုသခံကြ ပုံရတယ် ။ ရွာထဲက စီးပွားရေး ပြေလည်ပြီး အသိဥာဏ် ဗဟု သုတရှိတဲ့ အဒေါ်ကြီးတစ်ယောက်က .. တို့ ဆီမှာ ဆရာဝန်တစ်ယောက် တော့ လိုတာပါ့….အခုလက်ရှိမှာတော့ မသေသင့်ဘဲ သေတဲ့ သူနဲ့ ရေတိမ်နစ်တဲ့ သူတွေ တော်တော်များနေပြီ… တဲ့ ။ အဲ လို အပြောမျိုး ကျန်တဲ့ ရွာသားတွေ ပြောသံ သိမ်မကြားရပါဘူး ။ စောစောက အဒေါ်ကြီးပြောသလို မသေသင့် ဘဲ သေသွးကြရတဲ့ လူတွေအတွက် ဗုဒ္ဓဘာသာဝင်တွေ ပီပီ သေနေ့ စေ့လို့ သေတယ် ဆိုတာ နဲ့ လူတွေဟာ သူ့ ကံပါလာသလောက်ပဲ လူ့ ပြည်မှာ နေကြရတယ်လို့ ယူဆ ထားကြတာလားတော့ မသိဘူး ။

ဒီနေ့ တစ်နေကုန် ရွာထဲ လျှောက်လည်ပြီးတာနဲ့ မနေ့ က ညဘက်ကြီးယောချောင်းမှာ ကျတော့် ကို ရေသွားချိုးခိုင်းရတာ အားနာလို့ လားတော့ မသိ ညနေ 4 နာရီလောက်မှာ ကျတော့်ကို ယောချောင်းဆီ ခေါ်သွားပြီး ရေချိုးစေပါတယ် ။ အဲလိုမျိုးလင်းလင်းကျင်းကျင်း အချိန်မှာဆိုရင်တော့ ရေချိုးရုံ ဘယ်ကမလဲ အားရအောင် ရေတွေ ဘာတွေတောင် ကူးလိုက်သေးတယ် ။ ဒီလို ချောင်းထဲ ရေမကူးရတာကြာပေါ့ ..။ ကျတော့် အထင် ဒီလက်ပန်းရွာ ရှုခင်းကို ဒီအချိန်မှာ ကြည့်ရတာ အကောင်းဆုံးလို့ ထင်တယ် ။ အနောက်ဘက်က ၀င်ခါနီး နေလုံးကြီးက လက်ပန်းရွာရှိတဲ့ တောင်ကုန်းလေးရယ် ရွာအ၀င် လက်ပံပင် ကြီးရယ် ပြီးတော့ အဲဒီနားမှာ တောင်နဲ့ မြောက် စီးဆင်းနေတဲ့ ယောချာင်းကြီးကို မီးမောင်ထိုးပေးထားသလိုကို ဖြစ်နေပါတော့ တယ် ။ အဲ ဒီ အချိန်မှာ ဆိုရင် ချောင်းတန်း တစ်လျောက်ရှိ ရွာတွေက ရေချိုးနေသူ ၊ ချိုးဖို့ လာနေသူနဲ့ ရေချိုးပြီး ပြန်သွားသူတွေဟာ စည်ကားလို့ နေတယ် ။ ဒါအပြင် အဲ ဒီ အချိန်ဟာ ချောင်းတစ်လျှောက် ကြက်သွန်ခင်း ၊ ပဲခင်း စိုက်ပျိုးထားတဲ့ သူတွေက စိုက်ခင်းထဲကို ရေတွေ ပက်ကြတဲ့ အချိန်ဖြစ်ပါတယ် ။

ညနေစောင်း ယောချောင်းကို ရေချိုးဆင်းချိန် .....
ညစာထမင်းကိုတော့ သူငယ်ချင်းရဲ့ အဘိုးနဲ့ အဖွား အိမ်မှာ အဒေါ်တွေက ချက်ကြွေးတဲ့ ထမင်းကို စားရမယ်တဲ့ ။ စားပွဲ အ၀ိုင်း တစ်ခုထဲ မှာ ဟင်းခွက်တွေ အပြည်ခင်းထားပြီး အိမ်ဦးခန်းမှာ ပြင်ထားပေးတယ် ။ အဲ ဒီအချိန်ကျတော့် သူငယ်ချင်းက ရွာထဲ ခဏ ၀င်သွားတာမို့ ကျတော့် တစ်ယောက်တည်း စားဖို့ အတွက် ပြင်ပေးထားတာ လို့ ပြောပါတယ် ။ ကျတော့် က ..အဲ လိုတော့ မဖြစ်ဘူး ဆိုပြီး အဖိုးနဲ့ အဖွားကိုပါ ကျတော်နဲ့ အတူတူ ၀င်စားဖို့ အတော်လေးကိုတောင်းပန်ရတယ် ။ ဟင်းတွေကတော့ စုံနေတာပါဘဲ ။ လက်ပံခြောက် အချဉ်ရည်ဟင်းက သောက်လို့ ကောင်းပြီး အနံ့ လေးက တစ်မျိုး ဖြစ်နေလို့ သေချာ ကြည့်လိုက်တော့ ဇီးသီးခြောက်လေးတွေ ထည့်ချက်ထားတာကို တွေ့ ရတယ် ။ .ဇီးသီခြောက်လည်း ဟာင်းချက်လို့ ရတာပဲကိုး …။ ကြက်သား ဟင်းကတော့ ငရုပ်သီးစပ်စပ်လေးနဲ့ ချက်ထားတော့ မအီဘဲနဲ့ စားလို့ ကောင်းလှတယ် ။ ကျတော်တို့ ဆီက စီပီ ကြက် အရသာနဲ့ တော့ ကွာပါ့ ။ နောက် ပြီး ဟင်းတစ်မယ်က ချမ်းချဉ်သီးနဲ့ ပျားသားပေါက်လေးတွေကို ရောပြီးချက်ထားတာတဲ့ ။ အဆန်းပါလား … တစ်ခါမှကို မစားဖူးသေးတဲ့ ဟင်းတစ်မျိုးပါပဲ ။ နောက်ပြီး ကျွန်တော်တို့ ရေချိုးသွားတုန်း သူငယ်ချင်းက ငါးဖမ်းတဲ့ သူဆီမှာ လပ်လပ်ဆပ်ဆပ် ၀ယ်လာပြီး အသုပ်လုပ်ထားတဲ့ ငါးသုပ် လည်းပါသေးတယ် ။ အဲဒီညက စားရတဲ့ ညစာကိုတော့ စားနေကျထက် နဲနဲ ပိုပြည့်အောင်ကို စားလိုက်မိပါတယ် ။ မနက်ရောက်တော့ ကျတော့ သူငယ်ချင်းက .. အစ်ကိုကြီးကို ကျတော့် အဘိုးက တော်တော်ကို ခင်မင်ပုံဘဲ ဗျ .. ကျတော်တို့ ကာလသားတွေ ဟင်းချက်စားဖို့ သူမွေးထား တဲ့ ကြက်ကိုတောင်းရင် တစ်ခါမှ မရဘူး ..အခု အစ်ကိုကြီးကို ချက်ကျွေးဖို့ သူမွေးထားတဲ့ ကြက်ကို တစ်ခြားတစ်ယောက်အကူညီနဲ့ သူကိုယ်တိုင်စီမံလိုက်တာဗျ …တဲ့ ..ကဲ ။ ကျတော့်မှာတော့ ကြားရတာ အားနာသလိုလို ၊ စိတ်ညစ်သလိုလို ၊ ရည်ချင်သလိုလိုနဲ့ စိတ်ထဲမှာ ခံစားရတာ ဘယ်လိုကြီးမှန်းကိုသိဘူး ။ အဘ ကိုတော့ စိတ်ထဲ ကနေပြီး အမြန်ဦးချကန်တော့လိုက်ရပါတယ် ။

ညနေစောင်းရေချိုးဆင်းချိန် ယောချောင်းမြင်ကွင်း .....
ထမင်းစားပြီးလို့ ခဏ အကြာမှာ သူတို့ ရွာဓလေ့ ထမဲနဲ ထိုးပါတယ် ။ ညဘက် ကျတော်ကို အကြောင်းပြုပြီး အိမ်ကို လာလည်တဲ့ ဧည်သည်တွေ နဲ့ ကျတော့် ကိုကျွေးရအောင်တဲ့ ။ ထမဲနဲ ထိုးတာ ကျတော်တို့ ဘက် မှာလို မိုးဗြဲဒယ် အိုးကြီးထဲ မှာ မီး အပူပေးပြီး ထိုးတာမျိုမဟုတ်ဘူး ။ ကောက်ညှင်းကို အရင်တည်ပြီး ဒန်အိုးအငယ်ကို မီးပူ မပေးဘဲ ယောင်းမငယ် နှစ်လက်နဲ့ ထိုးရင်း ပဲဆီထည့် ၊ မြေပဲထည့် ၊ နှမ်းထည့် .နဲ့ ကောက်ညှင်းတွေ စေထန်းသွားတဲ့ အထိ ထိုးကြတာပါ ။ ထမဲနဲ နဲ့ ရေနွေးကျမ်း ၀ိုင်းဖွဲ့ ပြီးနောက်မှာ ညအိပ်တဲ့ သူငယ်ချင်းရဲ့ အိမ်အသစ်လေးကိုသွားကြပါတယ် ။
အိမ်ရောက်မှာတော့ ကျတော်သူငယ်ချင်းရဲ့ ဆွေမျိုးတွေ အကုန်လုံးနဲ့ အနီးနားက လူတွေလည်း အိမ်ကိုလာပြီး စကားတွေ လာပြောကြပါတယ် ။ တချို့ ကလည်း မနက်ဖြန်ပြန်တော့ မယ့် ကျတော့် ကို ယာခင်းထဲ သွားတဲ့ အချိန်နဲ့ လွဲ နေမှာမို့ ကြိုပြီး လာနုတ်ဆက်တာတဲ့ ။ သူငယ်ချင်းနဲ့ ပက်သက်တဲ့ ဆွေမျိုးတွေက တော့ သူတို့ ဆွေမျိုးတွေ နဲ့ တွေ အကြောင်း ၊ သူ့ဒေသ ကိုယ့် ဒေသ ကွဲပြားမှုလေးတွေ ၊ ထူးဆန်းစွာ ထားဝယ်စကားနဲ့ အသံထွက်ရော ပြောဆိုပုံ လေသံ ပါတူနေတာတွေ ပြောဆို ဖလှယ်ကြပါတယ် ။ ရွာခံဖြစ်တဲ့ ကျတော့် သူငယ်ချင်းက သူ့ အဖွား စကားပြောတာ ယောဝဲလို့ တော်ရုံလူ နားမလည်ဘူးတဲ့ .။ အခု ဟိုးအဝေးကြီးဖြစ်တဲ့ ထားဝယ်က လာတဲ့ ကျတော်က အဖွားပြောတာ ကောင်းကောင်းကြီးကိုနားလည်နေတယ် ။ ဘာလို့ လဲ ဆိုတော့ စကားလုံးတော်တော် များများက ထားဝယ် စကားနဲ့ တူနေတာကိုး ။ ဥပမာ … နင် ဆိုရင် နန် ၊ စာသင်တယ် ဆိုရင် စာသန်တယ် ၊ နင်း တယ် ဆိုရင် နမ်းတယ် ၊ ရည်းစား ဆိုရင် ရဲစား ၊ ရေတွင်း ဆိုရင် ရေဒွမ်း ၊ ထမင်းနဲ့ ဟင်း ဆိုရင် ထမှန်း န ဟမ်း …..စသဖြင့် အဲလိုဟာမျိုးလေးတွေပါ ။ အဘွားက ဒီရွာမှာမွေး ဒီရွာမှာကြီးပြီး ရွာကနေ ကနေ အပြင်ဘက်ဒေသ ကို သိပ်မရောက်ဖူးတော့ ယောစကား ယော သံတွေက မပျောက်ဘူးတဲ့ ။ အခုခေတ် နောက်လူတွေ က တခြားဒေသတွေနဲ့ ကူးလူးဆက်နွယ်သွာလာဖူးကြတဲ့အခါ ယောစကား အသံဟာပျောက်သလောက်ဖြစ်လာပြီး ဗမာပြောဟန်တွေပါလာတယ်လို့ သိရပါတယ် ။ အခုယောသား ကျတော့် သူငယ်ချင်းစကားပြောရာမှာလည်း ယောဟန်နဲ့ ပြောမိသွာတဲ့ စကားလုံးလေးတွေ ကို မသိမသာချက်ချင်းပြန်ပြင်ပြီး ပြောနေတာကို သတိထားမိပါတယ် ။ လူတွေကလည်း အခက်သားမို့လား .။ အဲလို မူလဒေသ လေသံတွေ နဲ့ စကားပြောကြတဲ့ သူတွေ ကို တောသံပါတယ် .. အညာလေသံကြီး ..စသဖြစ်ပြောဆိုတတ်ကြတော့ အဲလို မျိုးအပြောမခံရလေအောင် ကိုရွေနယ်သားတွေက သူတို့ ပင်ကိုယ် စကားသံတွေ ကို ပြင်ပြောရင်းပြောရင်း နဲ့ မူရင်းစကားသံဟာပျောက်ကုန် တော့တာပဲ ။ ကျန်တော် တို့ ထားဝယ်စကားတွေ လည်း အဲလို ပုံစံမျိုးနဲ့ တော်တော် များများပျောက်ကုန်ပါပြီ ။

သူတို့ ဆီက ထမနဲ့ ထိုးနည်း ......
ကျတော့် ကိုလာတွေ့ ပြီး စကားလာပြောတဲ့ အသက် 25 နှစ်ကနေ 50 အကြား အစ်ကိုကြီး အစ်မကြီး ၊ အဒေါ်ကြီး တို့ကို ရန်ကုန်မြို့ ကိုရောက်ဖူးလားလို့ မေးတော့ တစ်ယောက်မှ ရောက်ဖူးတယ်လို့ မဖြေဘူး ။ ကျောက်ထုမြို့ နဲ့ တိုက်ရိုက်က်ကားလမ်းပေါက်နေတဲ့ ပခုက္ကူနဲ့ မန္တလေး မြို့ တွေ ကိုတောင်မှ ရောက်ဖူးတဲ့ သူခပ်ရှားရှားပါ ။ အသက် 38 နှစ်အရွယ် အစ်ကို တစ်ယောက်က ဒီတစ်သက်တော့ ရန်ကုန်မြို့ ကြီးကို ရောက်ဖူးတော့ မှာမဟုတ်တော့ ပါဘူးဗျာ… ဆိုပြီးအားလျှော့တဲ့ လေသံနဲ့ ပြောတာကိုတော့ တော်တော်ကို စိတ်မကောင်းဖြစ်မိပါတယ် ။ ဆိုလိုတာက ရန်ကုန်မြို့ ကြီးကို ရောက်ဖူးမှ လူရာဝင်မယ်လို့ ပြောတာမဟုတ်ပါဘူး ။ သူတို့ သက်တမ်း တစ်လျှောက်မှာ ဒီရွာနဲ့ ဒီပတ်ဝန်းကျင် နေရာတွေ မှာသာ အချိန်ကုန်သွားတာ မျိုးမဟုတ်ဘဲ အပြင်ဘက်လောက ကြီးကိုလည်း တစ်ခါတစ်လေလောက် ထွက်ပြီး လေ့လာ ကြည့်ရှု စေချင်လို့ပါ ။ အသက် ခြောက်ဆယ်နား နီးကပ်နေတဲ့ အဘကြီး အဒေါ်ကြီး အနေနဲ့ လည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတဲ့ အလျှောက် ကိုယ့်နိုင်ငံမှာ ထင်ရှားကျော်ကြားတဲ့ ရွှေတိဂုံ စေတီကြီးလို အထင်ကရဘုရားတွေကို ဖူးခွင့် ရစေချင်တာပါပဲ ။ ရွာမှာက ရှမ်းစတားဂျစ် လို ကားလေး သုံးစီးရှိပြီး ပခုက္ကူနဲ့ အလှည့်ကျ ကုန်ပစ္စည်းနဲ့ လူတွေကို ပို့ ဆောင်ပေးနေတယ်လို့ သိရပါတယ် ။ အသက်ကြီးပိုင်းက လူတွေ ပြောလေ့ရှိတာက ကားကြားကြာမစီးနိုင်ဘူး .. အဲလိုစီးလို့ ရှိရင် မူးဝေ အော့အန်တော့ တာ ..တဲ့ ။ အဲဒါက motion sickness ဖြစ်တာကိုပြောတယ်လို့ ထင်ရပါတယ် ။ ဒါကလည်း ခရီးသွားလေ့မရှိတဲ့ သူတွေ ပဲဖြစ်တတ်ကြတာပါ ။ အလေ့အကျင့်ဖြစ်ဖြစ်သွားရင် အဲ ဒါတွေက မဖြစ်တော့ပါဘူး ။ နောက် လူငယ်လေးတွေကို ကမ္ဘာ့နိုင်ငံ အသီးသီးကနေပြီးမှ လာရောက်လည်ပတ်ကြရတဲ့ သူတို့ အရပ်ဒေသနဲ့ သိပ်မဝေးလှတဲ့ ပုဂံရှေးဟောင်းနယ်မြေကို ရောက်ဖူးကြလားလို့ မေးတော့ လည်း ရောက်ဖူးတယ်လို့ပြောတဲ့ သူတော်တော်ရှားပါတယ် ။ ရုပ်စွဆုံး သူတို့ အနားမှာ ကပ်နေတဲ့ ပုံတောင် ပုံညာဒေသအကြောင်းကိုလည်း သူတို့ ရေရေရာရာ မသိကြ ။ ဒါကတော့ တန်းပညာ သင်ဖူးတာအပြင် တခြားအပြင်ပ ဗဟုသုတ ဖြစ်ဖွယ် စာပေတွေကိုပါလေ့လာမှ သိနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်တော့ သိပ်ပြီး အပြစ်တင်လို့ တော့ မဖြစ်ဘူး ။

ညဘက် ကျတော့် ဆီကို စကားလာပြောရင် နုတ်ဆက်ကြသူတွေ .....
ဒီဒေသက ဒီရွာတွေနဲ့ ပက်သက်ပြီး အကြောင်းတွေ ပြောနေရရင်တော့ စာတော်တော် ရှည်သွားမှာမို့ ဒီမှာပဲ အဆုံးသပ် လိုက်ပါရစေတော့ ။ အဓိကကတော့ ကျေးရွာနေ လူထုကြီးတစ်ခုလုံး ဘ၀မြှင့်တင်နိုင်ဖို့ ဆိုတာ စီးပွားရေး လူမှုရေး နဲ့ အလုပ်ကိုင်အခွင့်လမ်းတွေပေါ်ပေါက်အောင် သက်ဆိုင်ရာ အစိုးရအဖွဲ့ စည်းတွေက လုပ်ဆောင်ပေးကြရမှာ ဖြစ်သလို ဒေသခံ ပြည်သူလူထုဖက်မှလည်း ရလာတဲ့ အခွင်းရေးကိုလက်မလွပ်စေဘဲ သူတို့ ကိုယ်နှိက်က လက်ရှိဘ၀ကနေ ရုန်းထွက်လိုစိတ်နဲ့ ကြိုးစားရမှာ ဖြစ်တယ်လို့ ကျတော့် အနေနဲ့ မြင်မိပါတယ် ။ ဒါက ကျတော်မြင်တတ်သလောက်မြင်မိတာပါ ။ တကယ်တော့ ဒီလို တစ်ရက် နှစ်ရက် အတွင်း ကျတော်မြင်တွေ့ ကြားသိခဲ့ရတာတွေ ကိုအခြေခံပြီး လည်း မှန်ကန်ဆုံးကောက်ချက်ချမှုကို မရရှိနိုင်ဘူးလို့ ကျတော် ကောင်းကောင်းကြီး သဘောပေါက်ပါတယ် ။
မနက်မိုးလင်းတော့ ရွာကနေ ပြန်ရတော့ မှာမို့ ကျောက်ထုကို မနက် 10 နာရီထိုးသွားဖို့ ပြင်ဆင်ရပါတယ် ။ ကျတော်တို့ စုရပ်ဖြစ်တဲ့ သူငယ်ချင်းရဲ့  အဖိုးဖွားအိမ် ကိုကျတော်ရောက်လာတဲ့ အချိန်မှာ ရွာထဲက လူတွေ အလျှိုလျှိုထွက်လာကြပြီး ကျတော့် ကိုလာနုတ်ဆက်ကြပါတယ် ။ အဖွားတို့ မိသားစုကလည်း လာနုတ်ဆက်တဲ့ သူတွေကို ညက ထိုးထားတဲ့ ထမဲနဲ နဲ့ ရေနွေးကျမ်းချကျွေးရတာလဲအမောပါပဲ ။ တချို့ ကလည်း ဒီနှစ်ရက်ထဲ ရွာကိုလာလည်လို့ ဧည့်ဝတ်တောင် ကောင်းကောင်းမပြုလိုက်ရဘူးဆိုပြီး မကြေမနပ်နဲ့ ဆိုပြန်တယ် ။ သူတို့ အလိုရ တစ်ပါတ်လောက်ကိုနေစေချင်ပြီးတော့ ကျွေးမွေးပြုစုပြီးတော့ မှ ရွာအနေနဲ့ ဧည့်ဝတ်ကျေတယ်လို့ ယူဆထားပုံရပါတယ် ။ ကျတော့် ဘက်ကလည်း ဒီလို ပြုစုပုံမျိုးနဲ့ တော့ အားနာလွန်းလို့ နောက်ထပ် တစ်ရက်လောက်တောင်ထပ်ပြီး နေလို့ မကျတော့ပါဘူး ။

ကျွန်တေည်ပြန်ခါနီး လာနုတ်ဆက်ကြသူ တစ်ချို့  .....
ဒီလိုနဲ့ ဘဲ မနက် 9 နာရီလောက်မှာ ကျတော့်ကိုလိုက်ပို့ မယ့် ဆိုင်ကယ် နှစ်စီး ရောက်လာတော့ လာရောက်နုတ်ဆက်ကြတဲ့ အစ်မကြီး အဒေါ်ကြီး တွေကို လေးလေးနက်နက် နုတ်ဆက်ပြီး ရွာကနေထွက်ခွာလာခဲ့ ပါတယ် ။
ရွာအပြင် ကိုရောက်တဲ့ အခါမှာဆိုင်ကယ်ကို ခဏ နားစေပြီး နေရောင်အောက်မှာ ငြိမ်သက်စွာ စီဆင်းနေတဲ့ ယောချောင်းကြီးနဲ့ ကုန်းမြင့် လေးအပေါ်က လက်ပန်းရွာလေးကို ရွာအ၀င်လက်ပံပင်ကြီးနဲ့ အတူ နောက်ဆုံးနှတ်ဆက်တဲ့ အနေနဲ့ မျက်နှာမူပြီး ကြည့်လိုက်ပါသေးတယ်……… ။

ရွာအပြင် ယောချောင်းနဘေးကနေ လက်ပန်းရွာကို ရွာ အ၀င် လက်ပံပင်ကြီးနဲ့ အတူ နုတ်ဆက်ခဲ့တယ် ။
- နောက်ထပ် ဘယ်တော့ များမှ ရောက်လာအုံးမယ်မှန်းမသိတဲ့ …….. ဒါမှ မဟုတ်
- နောက်ထပ် ရောက်ဖြစ်ချင်မှလည်း ရောက်ဖြစ်တော့ မှာဖြစ်တဲ့ လက်ပန်း ရွာလေးရေ …….နှတ်ဆက်ပါတယ် ခင်ဗျာ …. ။
ယောမြို့ ကပြန်ခဲ့တယ် ၊ ဆေးဝါးလည်း ကျွန်တော်နားမလည် ..... ( ၃ )
Written By လွင့်မောင်မောင် on Wednesday, February 19, 2014 | 5:06 AM

( ယောနယ်က ပြန်ခဲ့ တဲ့ ရန်နောင်စိုး )
Labels:
ခရီးသွား,
ရန်နောင်စိုး
8:27 AM

ကျောက်ထုမြို့  ကိုရောက်လို့ ကားပေါ်ကနေ အထုတ်ဆွဲပြီးဆင်းတဲ့ အချိန်မှာ ညနေ ၄ နာရီ မီနစ် ၂၀ ရှိပါပြီ ။ ကျတော် အကွင်းလိုက်ကြီး မြင်ယောင်နေတဲ့ မျက်နှာနဲ့ လာကြိုမယ်သူကို လိုက်ရှာကြည့်တော့ အနီးနားတစ်ဝိုက်မှာ တစ်ယောက်မှ မတွေ့  ။ လမ်းပေါ်မှာ လူဆိုလို့ ကျတော့် တစ်ယောက်တည်း ငေါင်စင်းစင်းကြီးနဲ့ ရယ်ပါ ။ ကျတော့် လာခဲ့ တဲ့ လမ်းတစ်လျှောက် ဖုန်းလိုင်းမိတဲ့ နေရာတိုင်းမှာ …. အစ်ကိုကြီး ဘယ်နားရောက်နေပြီ လဲ … ကျတော် အခု ကျောက်ထု ကိုသွားဖို့ ရွာကနေထွက်လာနေပြီ ..အေးဆေးသာလိုက်ခဲ့ ကျတော် ကြိုနှင့်မယ် ..ဆိုပြီး အတန်တန် ဖုန်းဆက်ထားတဲ့ သူက အခုကျတော် ကျောက်ထု ရောက်တဲ့ အချိန် သူအရင် ကြိုပြီးရောက်နှင့်မယ်လို့ ပြောခဲ့တဲ့ နေရာကို ရောက်မလာခဲ့ ဘူး ။ နယ်မြို့ လေးဆိုတော့လည်း မြို့ ခံတွေက တခြားဒေသက သူစိမ်းတစ်ယောက် ရောက်လာရင် ထင်ထင်ရှားရှားနဲ့ လွယ်လွယ်ကူကူနဲ့ သိနေပုံရပါတယ် ။ အနီးနား ပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်တွေနဲ့ လက်ဖက်ရည်ဆိုင်ထဲ မှာ ထိုင်နေကြတဲ့ သူတွေက ကျတော့်ကို ကုတ်ချောင်းကုတ်ချောင်းနဲ့ စူးစမ်းသလို ကြည့်နေကြပါတယ် ။ အဲဒီချိန်မှာဘဲ ပထမဆုံးအကြိမ် ကျတော့် စိတ်ထဲ အားငယ်စိတ်တွေ ပြေးဝင်လာပါတော့ တယ် ။ ကျတော်က ရန်ကုန်ကနေပြီးတော့သာလာခဲ့တာ အောက်ပြည်ဖြစ်တဲ့ ထားဝယ်ဒေသကသာ ကိုယ့် ရပ်ရွာ ကိုယ့် ဇာတိ မြေအဖြစ် အမြဲတမ်းခံယူထားတော့ အခုလိုဝေးလံလှတဲ့ အရပ်ဒေသ ၊ ကိုယ်နဲ့ သိတဲ့ သူဆိုလို့ တစ်ယောက်တစ်လေ မှမရှိတဲ့ ဒီကျောက်ထု လို မြို့ လေးမှာ ဘယ်ကိုရှေ့ ဆက်သွားပြီး ဘာတွေဆက်လုပ်လို့ လုပ်ရမယ် မှန်း မသိတော့ ။ ပခုက္ကူ မြို့ မှာ လိုတည်းခိုခန်းတွေ ဟိုတယ်တွေ ရှိရင် ဘာအရေးလဲ ။ တကယ်ဆို ဒီဒေသကို မရောက်ဖူးတဲ့ ကျတော်စီးလာတဲ့ ကားမဆိုက်ခင် အချိန်နဲနဲ လေးစောပြီး လာစောင့် နေဖို့ ကောင်းတာ ။ သူ့ မျက်နှာကို တစ်ရွာ မဟုတ်ဘူး ဒီချင်းတောင်ကြီး တခုလုံးစာမျှ အားကိုးပြီးလာခဲ့ တယ်ဆိုကာမှ ဒီပုဂ္ဂိုလ် လုပ်ရက်လေခြင်းဆိုပြီးတော့ စိတ်ထဲ မှာတော့ တောင်တွေး မြောက်တွေးနဲ့ အတွေးတွေ ရှုပ်ရှက်ခပ်နေပါတယ် ။ လက်ကလည်း ကျောက်ထုမြို့ ကို ၀င်ပြီ ဆိုကတည်းက သူ့ ဖုန်းကို ခေါ်နေလိုက်တာ Call Logs မှာ ကြိမ်အရေတွက် 20 ကျော်နေပါပြီ ။ ခေါ်တိုင်းလည်း စက်ပိတ်ထားပါတယ် နဲ့ ဆက်သွယ်မှုဧရိယာ ရောက်နေတဲ့ အကြောင်းဘဲ ထပ်ခါထပ်ခါ ပြန်ပြောနေပါတယ် ။

ဒီတိုင်းကြီးလမ်းပေါ်မှာ ရပ်နေလို့ကလည်း မဖြစ်တာနဲ့ နီးစပ်ရာ ဈေးဆိုင်လေး တစ်ဆိုင်ရဲ့  အပြင်ခုံတန်းလေးမှာ ဆိုင်ရှင်ကိုအခွင့် တောင်းပြီး ၀င်ထိုင်လိုက်ရပါတယ် ။ စိတ်ထဲ မှာတော့ အို …. သူလာမကြိုလဲ ဘာအရေးလဲ ၊ ကိုယ်ရောက် ရှိနေတဲ့ နေရာဟာ ကိုယ့်နိုင်ငံ ကိုယ့် တိုင်းရင်သား တိုင်းရင်းသူတွေ နေတဲ့ အရပ်ဘဲဥစ္စာ အိပ်စရာ နေရာ မရှိရင်လည်း နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ ၀င်တည်းပြီး ပတ်ဝန်းကျင်ဒေသ ကိုလေ့လာခဲ့ ရုံပေါ့ …… ဆိုတဲ့ အတွေးနဲ့ ကိုယ့် စိတ်ကိုယ် တင်းပြီး မိုးနတ်မင်း သူငယ်ချင်းကြီး ကြွလာနိုးနိုးနဲ့ ထိုင်စောင့် နေခဲ့ပါတယ် ။ အဲဒီလို ထိုင်စောင့် နေတာ အချိန်ဘယ်လောက်ကြာသွားသလဲ တော့ မသိဘူး ။ ဈေးဆိုင်ပိုင်ရှင် အစ်မကြီးက ကျတော့်ကို စိတ်ချလက်ချ နဲ့ ဘာမှလည်းမပြောမဆိုဘဲ ဆိုင်ကိုထားပြီး အပြင်ထွက်သွားပါတယ် ။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ကျတော် စောင့် မျော်နေတဲ့ ကိုယ်တော်ချောက ဆိုင်ကယ် တစ်စီးနဲ့ အဝေးကနေပြီး ကျတော့ကို သိပ်ပြီး မျက်မှန်း မတန်းမိလို့ အကဲခတ်လာတဲ့ ပုံစံနဲ့ ကျတော့်ဆီ ဦးတည်ပြီး မောင်းဝင်းလာပါတယ် ။ ကျတော်ကလည်း သူရောက် ရောက်ချင်း … ကျုပ်က မင်းဒပ်က ပြန်ဆင်းလာတဲ့ ကားနဲ့ ပခုက္ကူပြန်လိုက်သွားတော့ မလို့ လုပ်နေတာ…..( အဲလိုပြောလိုက်တဲ့ အချိန်မှာ ကျတော့ မျက်နှာက သုံမှုံနေပုံရပါတယ် ) …ဆိုပြီး ပြောလိုက်တော့ ကပြာကရာနဲ့ ဟာ..အစ်ကိုကြီး အဲ လိုလုပ်လို့ ဘယ်ဖြစ်မလဲ ဗျာ…အစ်ကို လာမှာမို့ လို့ စစရာရာပြင်ဆင်ပြီးသားဗျ ….. ပြီးတော့ ကျနော် ဒီနေရာကို ဆိုင်ကယ်နဲ့ လာပြီး ပတ်ပတ် ကြည့်နေတာ ဆယ်ခါလောက်ပြည့်ရော့ မယ် ..ကျတော့် ဖုန်း call logs ကိုကြည့်အုံး အစ်ကို့ ဖုန်းကို တောက်လျှောက် ခေါ်ထားတာဗျ ….ဆိုပြီး အားနာ စွာနဲ့ ဆိုပါတယ် ။ ဖြစ်ပုံက …. ကျောက်ထုမြို့ ရဲ့  ကုန်းအတက်အဆင်း များတဲ့ နေရာတွေ မှာ ဖုန်းလိုင်း မမိနိုင်တာကို သိထားမိပုံမရဘဲ ကျတော်နဲ့ ချိတ်ဆက်မိဖို့ ဖုန်းကိုဘဲ အားကိုးထားလို့ အဲ ဒီလို လွဲချော်မှုတွေ ဖြစ်ခဲ့ ရတယ်လို့ အဖြေထွက်လာပါတယ် ။

ကိုင်း ..ဒါဖြင့် ရင်လဲ မိုးကလဲ ချုပ်လာပြီဆိုတော့ ခရီးဆက်ကြစို့  ဆိုပြီး
6 မိုင်လောက် ဝေးတယ်လို့ သိရတဲ့ လာကြိုသူ ကျတော့် သူငယ်ချင်းရဲ့ ရွာဖြစ်တဲ့ လက်ပန်းရွာ လေးကိုထွက်ခွာဖို့ ပြင်ဆင်ရပါတယ် ။ စောစောက ပြောခဲ့ တဲ့ အတိုင်း ကျောက်ထု မြို့ လေးက တောင်ကုန်းပေါ် တည်ထားခဲ့ တာဆိုတော့ မြို့ နယ်နိမိတ်ကနေ ရွာဘက်ကို စထွက်ပြီဆိုတာနဲ့ တော်တော် ကိုမတ်စောင့် တဲ့ ကျောက်တုံးခင်း လမ်းပေါ်ကနေ ထိုးပြီးဆင်းရပါတယ် ။ အရှေ့ က မောင်းနေတဲ့ သူက ဘယ်လောက် သတိထားပြီးမောင်းနေရသလဲတော့ မသိ နောက်ကနေထိုင်တဲ့ သူတောင်မှ ဆိုင်ကယ်ကို ခုံတန်းက လက်ကိုင်ကို သေခြာမြဲမြံစွာကိုကိုင်ထားလိုက်ရတယ် ။ မြေပြန့် အပေါ် ရောက်လို့ နဲနဲ လေးမောင်းလာပြီးတာနဲ့ ချောင်းလေးတခု ခြားထားတဲ့ ရွာငယ်လေးတစ်ရွာ ကိုတွေ့ ရပါတယ် ။ ရွာနာမည်ကတော့ လေးရွာ ပါတဲ့ ။ ဆိုင်ကယ်တွေကတော့ ချောင်းထဲ က ဖြတ်မောင်းသွားပြီး တစ်လက်မ သံလုံး အရှည်ကြီးတွေနဲ့ ကြိုးတံတားလိုလုပ်ထားပြီး အခင်းပြင်မှာ ၀ါးကပ် ခင်းထားတဲ့ တံထားပေါ်ကနေ ကျတော်က ဖြတ်လျှောက်ရတယ် ။ ကြိုးတံတားဆိုတော့ ယိမ်းထိုးလှုပ်ခါနေတာမို့ တစ်နေ့တာလုံးကားစီလာရတဲ့ ကျတော့် ခေါင်းက ခပ်မူးမူး နဲ့ ချောင်းထဲ ပြုတ်မကျ အောင် အတော်လေးကို သတိထားပြီး လျှောက်ရတယ် ။
အဲဒီ လေးရွာ ကျော်လို့ ခရီးစအထွက်မှာ လှည်လမ်း ( လှည်းတွေ ဘဲ အဓိက သွားပုံရတယ် ) သာသာ မြေနီလမ်းလမ်းလေးက ဆက်မောင်းရပြန်တယ် ။ ဖုန်တွေက ခြေဖ၀ါး မြုတ်အောင် ထူနေပေမယ့် ကျတော်တို့ အရှေ့ က သွားနေတဲ့ ဆိုင်ကယ် မရှိတော့ ဖုန်ထတဲ့ ဒဏ်ကိုတော့ မခံရပါဘူး ။ ဒီလောက်ဖုန်ထူနေတာ မိုးတွင်းဆိုတော့ ဗွက်တွေထပြီး သွားရေးလာရေး တော်တော် ကိုခက်ခဲ မှာပဲလို့ စိထဲ မှာတော့ တွေးမိပါတယ် ။ဖောက်ထားတဲ့လမ်းတွေကလည်းအဆင်ပြေဆုံးနေရာတွေကိုမှ ရွေးပြီးဖောက်ထားရတာဖြစ်မယ် ထင်တယ် ။ ဒါတောင်မှ တချို့ တောင်ကုန်းတွေ ဆို မတ်စောက်လွန်းလို့ ဆိုင်ကယ်ကို ဂီယာအကြီးတင်ပြီး အသားကုန် မောင်းပြီးတက်နေတဲ့ အချိန်မှာ နောက်ကနေထိုင်ပြီးလိုက်နေတဲ့ ကျတော်က နောက်ပြန်မလန်ကျသွားအောင် ဆိုင်ကယ်မောင်းသူရဲ့ ပခုံးအသေကိုင်ထားရတယ် ။ တစ်ခါ အဲဒီလို မတ်စောက်တဲ့ ကုန်းကြီး အပေါ်က နေအရှိန်နဲ့ ဆင်းရပြန်တော့ နောက်ကနေ ခွပြီးစီးလိုက်နေတဲ့ ကျတော်က ဆိုင်ကယ် ထိုင်ခုံနောက် ထိုင်ခုံသံကိုင်းကြီးကို မလွတ်တမ်း ကိုင်ဆွဲထားရသေးတာ ။ အဲလိုမျိုးသာ မကိုင်ထားဘူးဆိုရင်တော့ နောက်ကနေ ထိုင်တဲ့ သူက မောင်းသူကိုကျော်ပြီး လက်ကားယား ခြေကားယားနဲ့ ဂျွန်းပြန်ပြီး ဆိုင်ကယ်အရှေ့ မှောက် ၀ုန်း ..ဆိုပြီး သွားကျလောက်တယ် ။ ဒေသခံ သူငယ်ချင်းက သူ့ တို့ ရွာသွားတဲ့ လမ်းကို ဒီနှစ်မှာ ဘူဒိုဇာ ၀င်ပြီး လမ်းတွေ ချဲ့ ပေးသွားလို့ အခုလို ကောင်းသွားသေးတာ တဲ့ ။ သြ……ဒါဆို အရင်က သူတို့ ရွာကလူတွေဟာ ကျောက်ထုမြို့  လေးနဲ့ ဘယ်လိုများဆက်သွယ် ပြီးသွားလာနေကြပါလိမ့် လို့ စိတ်မသက်မသာနဲ့ တွေးနေမိပါတယ် ။

တိုတိုပြောရရင် ကျောက်ထု ကနေ ကျတော်သွားမယ့် လက်ပန်းရွာကိုရောက်ဖို့ စောစော ကပြောခဲ့ တဲ့ လေးရွာ ကိုကျော်ပြီး နောက်ထပ် မြေက်မကျဉ်း ၊ ပဆုပ် စတဲ့ ရွာတွေကိုဖြတ်ရပါသေးတယ် ။ အဲလိုသွားရာမှာ ကွေ့ ကောက်ပေါများလှတဲ့ ယောချောင်းကြီးကို ( စုစုပေါင်း 3 ခါဖြတ်ရတယ် ) ဖြတ် ၊ ကျောက်ခင်းလမ်း တစ်လှည့် ၊ ဖုန်လမ်းတစ်လှည့် နဲ့ တစ်ကုန်းတက် တစ်ကုန်းဆင်း သွားပြီး နောက်ဆုံးမှာတော့ ကျတော်သွားမယ့် လက်ပန်းရွာ အ၀င်က ယောချောင်းကိုဖြတ်ပြီးဆောက်ထားတဲ့ ယာယီတံတား လေးကို နေ၀င်ခါနီး အချိန်လေးမှာ မြင်နေရပါပြီ ။ အဲဒီယာယီ ချောင်းကူးတံတား အခင်းပြင်က ၀ါးကပ်နဲ့ ခင်းထားတာမို့ လို့ ဆိုင်ကယ်ကို အရင် ဖြတ်ခိုင်းပြီး ကျတော် ကနောက်ကနေ လမ်းလျှောက်ပြီး လိုက်ရပါတယ် ။ တံတားကိုဖြတ်နေတဲ့ အချိန်မှာ ကြည်လင် သန့် ရှင်းနေတဲ့ ယောချောင်းရေ ထဲ မှာ ငါးလေးတွေ ကူးခပ်နေတာကို အတိုင်းသားမြင်နေရတယ် ။ နွေအခါဆိုတော့ ချောင်းရဲ့ လေးပုံ ပုံလို့ တစ်ပုံသာ ရေရှိပြီး ကုန်းပေါ်နေတဲ့ နေရာတွေ မှာတော့ ထုံးစံအတိုင်း ကြက်သွန်ခင်းတွေ ကပြည့်လို့ပါပဲ ။ ယောချောင်း နဘေး ရွာအ၀င်လမ်းလေး နဘေးမှာတော့ လက်ပံပင်ကြီး တစ်ပင်က တစ်ပင်တည်း ထည်းထည်းကြီးရှိနေပြီး ဒီရွာကို လာလည်တဲ့ ကျတော့် ကို ကြိုဆိုနေသလိုလိုပါ ။ အဲဒီလက်ပံပင်ကိုကြည့်ပြီးတော့ xxx ရွာထိပ်က လက်ပံ ပင်အောက် သူက လက်ပံပွင့်ကောက် အလာ xxx ကျတော်က ရွာကိုသွားမို့ xxx မမျော်လင့် ပါဘဲ တွေ့ ကြပြန်သည် xxxx ဆိုတဲ့ ကိုမြကြီးရဲ့  ညိုချော သီချင်းလေးကို လည်း ကျတော့် ပါးစပ်ဖြားမှာ အလိုလို ညည်းမိသလို ဖြစ်သွားပါတယ် ။ အဆိုတော် ကိုမြကြီးကတော့ ရွာထိပ်လက်ပံပင်အောက်မှာ ညိုချောနဲ့ တွေ့ သတဲ့ .. ကျတော်လည်း ရွာက ညိုချော လေးတွေ နဲ့ လက်ပံပင်အနားမှာ တွေ့ များ တွေ့ လေမလားလို့ မျက်စိလေး မသိမသာ ရမ်းလိုက်မိသေးတယ် ။ ကျတော်တွေ့ တာကတော့ ညိုချောတွေ မဟုတ်ဘူး ။ ဖြူချောလေးတွေ ပါ ။ ယောချာင်းမှာ ရေချိုးပြီး လို့ပြန်လာကြပုံရပါတယ် ။ သီချင်းရေးဆရာတို့ ၊ စာရေးဆရာတို့ ဖွဲ မယ်ဆိုလည်း ဖွဲစရာဘဲကိုး ။ ကြည့်ပါအုံး ရွာထိပ် မှာ လက်ပံပင်ကြီးနဲ့ ဘယ်လောက်တောင်မှ အနုပညာ ဆန်လိုက်သလဲလို့ ။

ရွာထဲကိုဝင်တော့ မှောင်ရည်ပျိုးနေပါပြီ ။ ဒီရွာကလည်း ယောချောင်း ကမ်းနဘေးမှာဆိုတော့ မိုးတွင်း ရေကြီးမှုအန္တရာယ်ကို ရှေး လူကြီးတို့ တွေးမိလို့ လားတော့ မသိဘူး တောင်ကုန်းလေးပေါ်မှာပဲ ရွာကိုတည်ထားပါတယ် ။ ရွာအနေထားနဲ့ အိမ်အခြေ နေတို့ ကို ရောက်တာနဲ့ လေ့လာချင်ပေမယ့်လို့ မိုးလည်းတော်တော် ချုပ်နေတာနဲ့ ကျတော်အတွက် နေရာထိုင်ခင်း စီစဉ်ပေးထားတဲ့ သူငယ်ချင်းရဲ့  အိမ်အသစ်စက်စက် လေးဆီကိုသာ ဦးတည်ပြီး လာလိုက်ပါတော့တယ် ။ အိမ်လေးက ရွာနဲ့ စိုက်ခင်းတွေ ရဲ့ အစပ်မှာ ဆောက်ထားတော့ ပတ်ဝန်းကျင်သဘ၀ အလှတွေကိုခံစားပြီး လေကောင်းလေသန့် တွေ တစ်ဝကြီးရှု ရှိုက်ခွင့် ရလိုက်တယ် ။ ကျတော့် သူငယ်ချင်းက သူရှာဖွေစုဆောင်းခဲ့တဲ့ ငွေတွေ နဲ့သူမိသားစု အတွက် အိမ်အသစ်လေးတစ်လုံးဆောက်ထားတာတဲ့ ။ အောက်မှာ အုတ်ခုံခံပြီး အပေါ်ကို အုတ်ဆက်ပြီးစီမှာ ဖြစ်ပေမယ့် လောလောဆယ်မှာတော့ ထရံအပြားတွေ နဲ့ ယာယီ ကာထားပါတယ် ။ အထဲ ကိုဝင်ပြီး ကိုကြည့်လိုက်တော့ အားပါးပါး …. အိမ်ရဲ့ ပတ်ပတ်လည်မှာ အသုံးပြုထားတဲ့ တိုင်တွေက 6 လက်မ ပတ်လည်ကြီးတွေ ။ ကျတော်တို့ ဆီမှာ အိမ်တိုင်တွေ 6 လက်မ ပတ်လည်သုံးပြီး ဆောက်နိုင်တဲ့ သူမရှိသလောာက်ပါပဲ ။ ဘုန်းကြီးကျောင်းကြီးတွေ နဲ့ စာသင်ကျောင်းကြီးတွေ ထည်ထည်ဝါ၀ါ ဆောက်မှသာ အဲဒီ ခြောက်လက်မ ပတ်လည် တိုင်ကြီးတွေကိုသုံးကြတာ ။ ပြီးတော့ ထုတ်တမ်းဆွဲထားတဲ့ နေရာမှာလည်းကြည့်အုံး 4 လက်မ 3 လက်မ သစ်သားချောင်းကြီးတွေ ။ ဒါတောင်မှ အိမ်ပိုင်ရှင်ကျတော့် သူငယ်ချင်းက တံခါးပေါက်တွေနဲ့ ပြူတင်းပေါက်တွေကို ကျွန်းသား ရမှ လုပ်မှာမို့လို့ အခု ဒီအတိုင်းဘဲ ထား ထားသေးတာတဲ့ ။ စိတ်ထဲမှာတော့…… ဒီကလူတွေ ဒီလိုသာမန်အိမ်လေးမှာတောင် အဲလို သစ်ကြီးဝါးကြီးတွေ သုံးပြုပြီးဆောက်နေကြတာ ပိုက်ဆံပေါလွန်းလို့ တော့ ဟုတ်ဟန်မတူးဘူး… ၊ ဒီနေရာ ဒီဒေသတွေမှာ သစ်တွေ မတရားပေါပြီး ဈေးနုန်းချို သာလို့သာ ဖြစ်ရမယ်လို့ တွေးနေမိတယ် ။ ကျတော်တွေးတာ မှန်ပါတယ် ။ နောက်ပိုင်း ကျတော် စုံစမ်းကြည့်တော့ သစ်ဈေးက ကျတော်တို့ ထားဝယ် နယ်ဘက်က သစ်ဈေးထက် 3 ဆကျော်လောက် သက်သာနေပါတယ် ။

အဲဒီအိမ်လေးမှာ အ၀တ်စားလဲ ပြီး ရေချိုးသွားရအောင်ဆိုပြီး ညဘက် ရွာထဲကိုဖြတ်ပြီး လမ်းလျှောက်ရင်း ခေါ်လာပေမယ့် ကျတော့် ကတော့ ဘယ်နားရောက်လို့ ရောက်နေမှန်းမသိဘူး ။ တချို့ အိမ်လေးတွေ တော်တော်များများမှာတော့ ရွာက စီးစက်မောင်းပြီး ပေးထားတဲ့ မီးလေး တစ်ပွင့် နှစ်ပွင့် စီလောက်ထွန်းထားတာတာ့ တွေ့ ရပါတယ် ။ ရေချိုး သွားမယ်ဆိုတော့ ရေတွင်းမှာ သွားပြီးချို့ မလို့ ထင်ပါရဲ့  ဆိုပြီး လိုက်လာခဲ့တာ နောက်မှ သူတို့ တစ်တွေ ကျတော့်ကို ရွာအပြင်က ယောချာင်းဆီကို ခေါ်သွားတယ် ဆိုတာသိလိုက်ရတယ် ။ ဒီယောချာင်းဟာ ဒီရွာကလူတွေ အတွက်တော့ နေ့ စာဉ်နေ့တိုင်း ရေချိုးကြတဲ့ နေရာကြီးတစ်ခုလည်း ဖြစ်ပေတယ် ။ ကျတော့် မှာတော့ ပြာသိုလကွယ် ည 7 နာရီအချိန် မှောင်မှောင်မဲမဲကွင်းပြင်ကြီးထဲ အမာဂျင်စီလိုက် တစ်ခုကိုကိုင်ပြီး ရေချိုးဖို့ ချီတက်လာနေရတာ တစ်မျိုးလေး စိတ်လှုပ်ရှားစရာလည်း ကောင်းနေပြန်တယ် ။ ငယ်ငယ်ကဆို ချောင်းထဲ မှာ ရေကူးရတာ ပျော်မှပျော်ပဲ ။ ဒါပေမယ့် သီးသန့်ကြီး ရေချိုးဖို့ တော့ ရေချောင်းရှိရာကို တစ်ခါမှ မသွားခဲ ဖူးပါဘူး ။ ချောင်းကမ်းနားရောက်လို့ ရေချိုးတော့ မယ်ဟေ့..ဆိုတော့ ကျတော်နဲ့ လိုက်လာတဲ့ အဖော်နှစ်ယောက်က ရေချိုးပြီးသားမို့ မချိုးတော့ ဘူးတဲ့ ။ အဲဒီတော့ ကျတော့် တစ်ယောက်ထဲ မှောင်မှောင်မဲမဲ ကြီးတဲမှာ ရေဆင်းချိုးရတော့ တာပဲ ။ ကုန်းပေါ်က တော့ အမာဂျင်စီ လိုက် လေးနဲ့ သူတို့ ကမီးပြပေးထားပါတယ် ။ ကိုယ်တစ်ပိုင်းမြုတ်နေတဲ့ ချောင်းရေထဲ မှာ ဆပ်ပြာကို ဘယ်ကနေစပြီး တိုက်လို့ တိုက်ရမှန်းမသိဘဲ ဖြစ်နေပုံ ကို ချောင်းပေါ်ကနေကြည့်နေကြတဲ့ ဟိုနှစ်ယောက်ကတော့ တော်တော်ကိုရည်ချင်နေပုံရတယ် ။
အဲဒီညက ခရီးပန်းနေတော့ ညစာကို ဘာနဲ့ကျွေးလည်းတော့ မသိဘူး စားလို့ ကောင်းကောင်းနဲ့ ဆွဲလိုက်တာ တော်တော်လေးဗိုက်တင်းသွားတယ် ။ သူတို့ ရွာမှာက ညဘက် 9 နာရီလောက်ထိဘဲ မီးစက်မောင်းပေးတာတဲ့ ။ မီးပိတ်ပြီးပေမယ့် လည်း ကျတော့် ကိုလာနုတ်ဆက်ကြတဲ့ ရွာသားများနဲ့ စကားတွေ ပြောကြပြီး သိပ်မကြာခင်မှာဘဲ အသင့် ပြင်ဆင်ပေးထားတဲ့ အိပ်ရမှာ ထိုးအိပ်လိုက်ပါတော့ တယ် ။ ကျတော့် အတွက်ပြင်အေးထားတဲ့ ခြုံစောင် အထပ်လိုက်ကြီးကို သေခြာကြည့်လိုက်တော့ အကုန်လုံးရှစ်လွှာတိတိ ရှိပါတယ် ။ ဒါတောင်မှ စိမ့်နေအောင်အေးတာမို့ ကွေးလို့သိပ်ပြီးမလုံချင်ဘူး ။ ကျတော်ကတော့ ချမ်းစိမ့်စိမ့်လေးနဲ့ တစ်ချိုးတည်းအိပ်ပျော်သွားလိုက်တာ မနက်မိုးလင်းအထိ တစ်ရေးပဲရတယ် ။ ကျတော်နဲ့ ကပ်ရက် အိပ်နေတဲ့ သူငယ်ချင်းကတော့ ကျတော့် ရဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျပြီး ထွက်ပေါ်လာတဲ့ ဟောက်သံကြောင့် တစ်ရေးမှကို အိပ်လို့ မပျော်ဘူးတဲ့ ။

ကျတော် အခုရောက်နေတဲ့ ယောဒေသဆိုတာ ယခုလက်ရှိ ခေတ်မှာ ယေဘုရအားဖြင့် ချင်းတောင်နဲ့ ပုံတောင်ပုံညာ ဒေသ ကြားက မြေပြန့် မြေပြန်လွင်ပြင်လေး တွေ ရှိရာ ဒေသတွေ ဖြစ်ပြီး မြောက်ကနေ တောင်ဘက်ကို ဂန့်ဂေါ ၊ ထီးလင်း ၊ ကျောက်ထု ၊ ဆော ၊ လောင်းရှည် စတဲ့ မြို့ တွေရှိတဲ့ ဒေသတစ်ဝိုက်ကိုခေါ်ဆိုတာ ဖြစ်ပါတယ်တဲ့ ။ အဲ ဒီတောင်နဲ့ မြောက်တန်းနေတဲ့ တောင်ကြားဒေသ ရဲ့  အလယ်နားလောက်မှာ ကျရောက်တဲ့ ထီးလင်းမြို့ ကို ဗဟိုပြုပြီး မြောက်ဘက် ဂန့်ဂေါ ဖက်ခြမ်းကို မြောက်ယော ၊ တောင်ဘက် ကျောက်ထု ၊ ဆော ၊ လောင်းရှည် စတဲ့ မြို့ တွေ ရှိတဲ့ ဖက်ကိုတော့ တောင်ယောဆိုပြီး ခေါ်ကြပါတယ် ။ အရင်က ဒီဒေသ တစ်လျှောက်လုံးကို အတွင်းယော လို့ ခေါ်ပြီး ပြည်မနဲ့ ကာဆီးထားတဲ့ တောင်တန်းကြီးရဲ့  အပြင်ဘက်ပိုင်းကို အပြင်ယောလို့ ခေါ်ကြတယ်တဲ့ ။ အခုချိန်မှာ အပြင်ယောဒေသမှာရှိတဲ့ လူတွေက မြေပြန့်က ဗမာများနဲ့ ရောနှောသွားပြီး ယောလူမျိုးလို့ သိသိသာသာ မရှိတော့ ဘူးလို့ ဆိုပါတယ် ။ အရင်က ရှိခဲ့ ဖူးတဲ့ ယောမြို့ ဆိုတာက တောင်ယောဖက်မှာ ပါပြီး ကျောက်ထုကနေ 3 မိုင်ကျော်ကျော်ခရီးလောက်သွားရင် ရောက်တယ်လို့ သိရပါတယ် ။ အရင်က မြို့ အုပ် အဆင့် စော်ဘွားတွေ နေခဲ့ တဲ့ အဆောက်အဦ အကြွင်းကျန်လောက်သာ ရှိတော့ ပြီး အခုချိန်မှာတော့ ရွာငယ်တစ်ခု အဖြစ်နဲ့ သာတည်ရှိနေတယ်လို့ ဆိုပါတယ် ။ အဲ ဒီနေရာကို သွားရောက်လေ့လာသင့် ပါလျှက်နဲ့ ကျတော်မရောက်ဖြစ်ပါဘူး ။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီဘောဘုရင်ရဲ့ မယ်တော် ၊ မင်းတုန်းမင်းကြီးရဲ့  များလှစွာသော မိဖုရားတွေ ထဲက တစ်ပါးဖြစ်တဲ့ လောင်းရှည်မိဘုရားဆိုတာ ဒီယောနယ်က လောင်းရှည်မြို့ သူဖြစ်ကြောင်း သိရပါတယ် ။ ဒီယောနယ်ဒေသဟာ ဘုရင်တွေ ရှိစဉ်ခေတ်ကာလကတည်းက အထင်ရဖြစ်ခဲ့ တဲ့ နေရာဖြစ်ကြောင်းကို ယောအတွင်းဝန် ဦးဖိုးလှိုင် လိုအထက်တန်းစား ပညာရှိအမတ်က ယောမြို့ စားဖြစ် ခန့်အပ်ခြင်းခံရတာကိုခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ် ။

ယောနယ်ထဲ မှာ စိတ်ဝင်စားစရာကောင်းတဲ့ တောင်သားလူမျိုးဆိုတာ ရှိသေးတယ် ။ သူတို့ တစ်တွေက သီးသန့် ရွာတွေ နဲ့ နေကြပြီး တခြားလူမျိုးတွေ နဲ့ ရောရောနှောနှောနေလေ့မရှိဘဲ သီးသန့် ဆန်တယ်လို့ ဆိုပါတယ် ။ သမိုင်းပညာရှင် တစ်ချို့ က အဲဒီ တောင်သားလူမျိုးတို့ ကို ပျူလူမျိုးတို့ လက်ကျန်တွေ အဖြစ်နဲ့ ယူဆထားတယ်လို့ မှတ်သားရဖူးပါတယ် ။ သူတို့ ရဲ့ ဝတ်စားဆင်ရင်မှုကလည်း တစ်မျိုးထူးခြားပါတယ် ။ အမျိုးသမီးတွေ မှာ သမိုင်းအထောက်ထားအရ ပျူလူမျိုးတွေလို ဖြူရောင်ပိတ်အင်္ကျီ ကိုဝတ်ဆင်လေ့ရှိပြီး ရင်စည်းလို တဘက်ပိုင်းကို ရင်ဘက်မှာ စလွယ်သိုင်းပြီး ၀တ်ဆင်လေ့ ရှိတယ်လို့ သိရပါတယ် ။ အမျိုးသမီးများ ၀တ်ဆင်လေ့ရှိတဲ့ ရင်စည်း တဘက်ပိုင်းအရောင်ကိုလိုက်ပြီး အနီရောင် ၀တ်ဆင်သူကို အိမ်ထောင်မကျသေးတဲ့ အပျို ၊ အနက်ရောင်ဝတ်ဆင်သူကို အိမ်ထောင်ကျပြီးသား မိန်းမ အဖြစ် ခွဲခြား သပ်မှထားတယ်လို့ ဆိုပါတယ် ။ တောင်သားလူမျိုးတွေဟာ အရင်ကတည်းက ဒီဒေသခံတွေ မဟုတ်ကြဘဲ နောက်မှ ၀င်ရောက်လာတဲ့ လူမျိုးတွေသာဖြစ်တယ်တဲ့ ။ 1924 ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ တဲ့ RACES OF BURMA ( မြန်မာပြန် ) ဆိုတဲ့ စာအုပ်မှာ ချင်းတောင်ခြေရင်းဒေသမှာ ထူးခြားတဲ့ တောင်သားလူမျိုးနဲ့ ယောလူမျိုးတို့ ကိုတွေ့ ရကြောင်း ၊ တောင်သားလူမျိုးတို့က ချင်းလူမျိုးများနဲ့ မျိုးစပ်ပေါက်ဖွားလာတယ်လို့ ယူဆရပြီး ယော တို့က ရှမ်းလူမျိုးကနေဆင်းသက်လာတာ ဖြစ်နိုင်ကြောင်း ရေးသားဖော်ပြထားပါတယ် ။ နောက်ပြီး အဲ ဒီစာအုပ်မှာ တောင်သားလူမျိုးနဲ့ ယောတွေက အစဉ်ဆက်ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတယ်လို့ ရေးထားပါတယ် ။

မနက်မိုးလင်းလို့ ကိုယ်လက်သန့်စင်ပြီး ရွာထဲကို သူငယ်ချင်းနဲ့ အတူ ပတ်ကြည့်ကြပါတယ် ။ ရွာလေးက အိမ်ခြေ 200 ကျော်လောက်ရှိပါတယ်တဲ့ ။ အနီးနားပတ်ဝန်းကျင်မှာတော့ ဒီရွာက ကြီးဆုံးလို့ ဆိုပါတယ် ။ ဒီရွာမှာ ထူးထူးခြားခြားမြင်ရတာကတော့ အိမ်တွေပါပဲ ။ ရန်ကုန်က တိုင်းရင်းသားကျေးရွာထဲမှာ မြန်မာအိမ်ဆိုပြီးဆောက်ပြထားတဲ့ အိမ်လိုမျိုးတွေ ဒီရွာမှာ အများကြီးတွေ့ ရပါတယ် ။ အားလုံးသိတဲ့ အတိုင်း အိမ်အမြီးပိုင်း လှေကားနားမှာ ၀ရန်တာအကြီးလို ဟာလာဟင်းလင်းကြီးနဲ့ အဆောင်တစ်ဆောင်က ပြီးပြည့်စုံတဲ့ အိမ်တစ်မ်မှာ မပါမဖြစ်ကိုပါ ပါတယ် ။ အဲဒီ အဆောင်မှာ ထမင်းဟင်းတွေ ချက်ကြပြီး မိသာစု ထမင်းဝိုင်းကိုလည်း အဲဒီအဆောင်မှာဘဲ စားကြပုံရပါတယ် ။ ကျတော်တို့ ဘက်က အိမ်နဲ့ မတူတာက မီးဖိုဆောင်နဲ့ ဆေးကြောသန့် စင်တဲ့ နေရာကို အိမ်အနောက်ဖက် မှာထားလေ့မရှိဘဲ ဒီဒေသက အိမ်တွေမှာ စောစောက ပြောတဲ့ အဆောင်မှာ ထားလေ့ ရှိတာပါပဲ ။ နောက်တစ်ခုထူးခြားချက်က အိမ်တိုင်တွေဟာ လေးထောင့် မဟုတ်ဘဲ သစ်ပင်ကို အလုံးလိုက်သေသေချာချာ အခြောသပ်ပြီး သုံးပြုထားကြတာကိုတွေ့ ရပါတယ် ။ အဲဒီလိုအလုံးတိုင်နဲ့ ဆောက်ထားတဲ့ အိမ်က ဒီရွာမှာ 90 ရာခိုင်နုန်းလောက်ရှိပါတယ် ။ အများစုကတော့ အရင်အိမ်ဟောင်းတွေက ကြာရှည်ခံလွန်းလှတဲ့ သစ်သားလုံးတိုင်ကြီးတွေကို နောက် အိမ် အသစ် ဆောက်တဲ့ အခါမှာလည်း ပြန်လည်ထည့်သွင်းအသုံးပြုထားပုံရပါတယ် ။ ဘာဖြစ်လို့အဲဒီလို ပြောရသလဲ ဆိုရင် လက်ရှိ အသုံးပြုထားတဲ့ အိမ်တိုင် တွေ မှာ အရင် အိမ်ဟောင်းကယက်မ တို့ ထုတ်တန်းတို့ ထိုးလျှိုရာ ထွင်းထားတဲ့ အပေါက်ကြီးတွေ တွေ့ နေရလို့ပါပဲ ။ အဲဒါမျိုး အိမ်တိုင်တွေမှာ အပေါက်ဖောက်ပြီး ယက်မလျှိုသွင်းတာတွေက ရှေးခေတ်အိမ်တွေမှာ လုပ်လေ့ ရှိပြီး အိမ်ရိုက်သံ တွင်ကျယ်စွာမသုံးပြုသေးတဲ့ခေတ်က လုပ်လေ့ရှိတဲ့ အလေ့ထ တွေ ဖြစ်တယ် ။ အနီးနားက တချို့ ရွာတွေ မှာ အဲလို မူလရှေး အိမ်မျိုးတွေ ရှိနေကြသေးတယ်လို့ သိရပါတယ် ။ ကျတော်တို့ ဘက်မှာတော့ ငယ်ငယ်က အပေါက်ကြီးတွေ ပါတဲ့ အိမ်တိုင်ဟောင်းကြီးတွေ ကိုတွေ့ ခဲ့ ရဖူးပေမယ့် အခုတော့ ရှေးဟောင်းပစ္စည်းအဖြစ်နဲ့ ပြစရာတောင်မရှိတော့ ဘူး ။

ရွာရဲ့ တစ်နေရာ အရောက်မှာ သူငယ်ချင်းဖြစ်သူရဲ့  အဘိုးတော်စပ်သူတို့ အိမ်ကိုဝင်တဲ့ အခါ မှာ ပြောင်းဆံကို ဖွတ်ပြီးမှ ရလာတဲ့ အဆံကို ကောက်ညှင်း ၊ မြေပဲတို့ နဲ့ ရောချက်ထားပြီး ပဲဆီ နိုင်နိုင်လောင်းထားတဲ့ မုန့် တစ်မျိုးကိုရေနွေးကျမ်းနဲ့ ချကြွေးပါတယ် ။ ကျတာ့် အနေနဲ့ကတော့ ပထမဆုံးအကြီမ်စားဖူးတာပါ ။ ထမနဲလိုအီဆိမ့်တဲ့ အရသာရှိပြီး စားလို့ တောာ်တော်ကိုကောင်းပါတယ် ။ အိမ်ရှင် အဒေါ်ကြီးက ဆီအိုးကြီးထဲက မြေပဲဆီတွေကို မှုတ်ကြီးနဲ့ ခပ်ခပ်ပြီး ခဏခဏလောင်းထည့်နေတာကို ကြည့်ပြီး မျက်လုံးပြူးနေတဲ့ ကျတာ့် ကို သူငယ်ချင်းက ဘာမှမပူနဲ့ အစ်ကိုကြီး အဲဒါကိုယ့် ဟာကို ကြိတ်ထားတဲ့ မြေပဲ ဆီ ၊ ဘာဥပါဒ်မှ မပေးဘူးတဲ့ ။ ကျတော်က အဲ ဒီ ဆီကြိတ်တဲ့ ကိစ္စကို စစ်စုတော့ .. မြေပဲဆံ တစ်ပြည် နဲ့ ဆီသွားကြိတ်ရင် ကြိတ်ခက 200 ကျပ်ပေးရပြီး ဆီက 50 သားလောက်ရပါတယ်တဲ့ ။ ပိုင်လိုက်တာ … မြို့ ပေါ်မှာတော့ မြေပဲဆီဆိုပြီးတော့ သာ ၀ယ်နေရတယ် မြေပဲဆီ စစ်မစစ်ကိုတော့ ကျတော်တို့ ဘယ်လိုမှ မသိနိုင်ဘူး ။

ကျတော်တို့ ရွာကို ပတ်နေတဲ့ အချိန်မှာ ယောချောင်းကနေ စပါးစိုက်လယ်တွေ အတွက် ရေသွယ်မြောင်းတူးဖို့ လုပ်အားပေးခေါ်တဲ့ အသံကို အသံချဲ့ စက်ကြီးနဲ့ ဆော်အောနေတာ ကြားရပါတယ် ။ ဒီရွာမှာ သဘ၀ကပေးတဲ့ ရေတွေ တော်တော်လေးကိုပေါပေါများများရနေတာတွေ့ ရတယ် ။ သာမန်ပြေပြန့် မှာဆိုရင် ဘယ်လောက်မှ မတူးရဘဲ ရေပေါ်တာပဲတဲ့ ။ ခက်တာက ရွာကို ကုန်းပေါ်မှာ ထည်ထားတယ်ဆိုတော့ သောက်ရေနဲ့ သုံးရေကို အများသုံး ဘုံရေထွင်းမှာ ခပ်ကြရပါတယ် ။ ချိုးရေကျတော့ ယောချောင်းကိုပြေးပေါ့ ။ ဒီဒေသမှာ ယောချောင်းကြီးရှိနေတာကလည်း သူတို့ အတွက် သဘ၀က ပေးထားတဲ့ အဖိုးထိုက် အဖိုးတန် လက်ဆောင်တစ်ခုပါပဲ ။ ဒါကြောင့် နီးနားပတ်ဝန်းကျင်ရှိ ရွာ 8 ရွာလောက်ဟာ ယောချောင်းကြီးကိုအမှီပြုပြီးနေကြပါတယလို့ သိရပါတယ် ။ မြေဆီလွာကတော့ ဘယ်လိုအပင်မျိုးဘဲ စိုက်စိုက် ဖြစ်ထွန်းပုံရတယ် ။ ဒီတေတာ့ ရေကလည်းပေါ ၊ မြေဆီလွှာကလည်းကောင်းဆိုတော့ ရွာပတ်ဝန်းကျင် ရှိသမျှ မြေပေးမှာ စပါး ၊ ကြပ်သွန် ၊ ပဲမျိုးစုံနဲ့ နေကြာစိုက်ခင်းကြီးတွေ ကို မြင်နေရပါတယ် ။ ဒါပေမယ့် ကျတော်တို့ အောက်ပြည်မှာလို စိုးပျိုးမြေ ကျယ်ကျယ်ဝန်းဝန်းမရှိတာကတော့ တော်တော်ဆိုးပါတယ် ။ တောင်သူတွေကလည်း ၀မ်းစာလောက်သာစိုက်ပျိုးရတယ်ဆိုတော့ စီးပွားဖြစ်ထွန်းမှုနည်းပါးကြပါတယ် ။ ကျတော့် သူငယ်ချင်းပြောပြချက်အရ ရွာမှာ ရှိတဲ့ လူဦးရေ 25 ရာခိုင်နုန်းသာ လယ်ပိုင်ရှင် ယာပိုင်ရှင်စာရင်းဝင်ပြီး ကျန် 75 ရာခိုင်နုန်းကတော့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးတဲ့ တောင်သူတွေ သာ ဖြစ်ကြပါတယ်တဲ့ ။

ရွာကို လျှောက်ပတ်ကြည့်ရင်း ဒီရွာရဲ့ ရေရရှိမှု နဲ့ စကားစပ်မိတော့ ရွာနီးတစ်ဝိုက်မှာ ရေအရင်းမြစ် ဖောဖော သီသီရနိုင်လျှက်သားနဲ့ ကုန်းပေါ်မှာ တည်ထားတဲ့ ရွာဆိုတော့ သောက်ရေနဲ့ ချိုးရေ ကို ရွာအနိပ်ပိုင်းမှာ ရှိတဲ့ ရေတွင်းတွေ ကနေ ပင်ပန်းကြီးစွာ သယ်ယူနေရတယ်လို့သိရတယ် ။ ဒါကြောင့် မို့ ရွာမှာ ရှိတဲ့ တစ်ကျောင်းတည်းသော ဘုန်းကြီးကျောင်းရဲ့  ကျောင်းထိုင်ဆရာတော်က ကြီးမှုးပြီး တစ်ရွာလုံး ကိုရေပေးဝေနိုင်အောင် စီစဉ်နေတယ်ဆိုတဲ့ အကြောင်းသိရပါတယ် .။ ကျတော်ကလည်း ဒီရွာကို အလည်လာတဲ့ အခါ ရည်ရွယ်ချက်သေးသေးလေးတစ်ခုကိုပါ ယူခဲ့တာဆိုတော့ စောစောကပြောတဲ့ ရွာဦးကျောင်းဆရာတော်ဆီကို သွားရောက်ဖူးတွေ့ ခဲ့ ပါတယ် ။ ကျတော့် ရဲ့ ရည်ရွယ်ချက် သေးသေး လေး ဆိုတာက ကိုယ်ရောက်ရှိခဲ့တဲ့ ရပ်ရွာရဲ့  ဖွံ့ဖြိုးမှု နဲ့ တိုးတက်ရာ တိုးတက်ကြောင်းဆောင်ရွက်ချက်တွေမှာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာတစ်ခုလောက် နဲ့ ပါဝင် အားဖြည့်ကူညီဆောင်ရွက်ဖို့ ပါပဲ ။ ဆရာတော်က အသက်လေးဆယ်ဝန်းကျင်လောက်သာရှိသေးတဲ့ လူငယ်ဘုန်းကြီးတစ်ပါးဖြစ်ပါတယ် ။ ဆယ်တန်းအောင်ပြီးမှ ဘုန်းကြီးဝင်ဝတ်ပြီး ဒီကျောင်းမှာ ကျောင်းထိုင်ဖြစ်နေတာပါ ။ ဆရာတော်က ရွာကိုရေပေးဝေနိုင်ဖို့ အတွက် ရွာရဲ့ အမြင့် ဆုံးကုန်းမြေအပေါ်မှာ တည်ရှိနေတဲ့ ဘုန်းကြီးကျောင်းပေါ်ကို စက်နဲ့ ရေတင်ပြီး အဲဒီကမှ တဆင့် တစ်ရွာထဲက အိမ် 5 ဆောင်လောက်ကိုရေပိုက်နဲ့ ရေတစ်ငုတ်စီကျ ရေပေးဝေဖို့ စီစဉ်ထားတဲ့ အကြောင်း ၊ ရေကိုလည်း သူ့ အချိန်နဲ့ သူဖြန့် ဖြူးပေးဖို့ စီစဉ်ထားကြောင်း ၊ အဲဒီအတွက် ရေကန်တည်ဆောက်ဖို့ နဲ့ ရေပိုက်သွယ်တန်းဖို့ အတွက် ငွေကျပ် သိန်း 50 နဲ့ အထက်ကုန်ကျမယ်လို့ ခန့် မှန်းရတဲ့ အကြောင်း ၊ အဲဒီ အစီအစဉ် ဖြစ်မြောက်ဖို့ အတွက် အစိုးရ အဖွဲ စည်းတွေကိုရော အစိုးရမဟုတ်တဲ့ အဖွဲ့ စည်းတွေကိုရော အကူညီ တောင်းခံထားပေမယ့် အကြောင်းမထူးတော့ ရွာက ကိုယ်ထူကိုယ်ထ လုပ်ဖို့ အတွက် တဖြည်းဖြည်း ပိုက်ဆံစုနေကြတဲ့ အကြောင်း အမိန့်ရှိပါတယ် ။ အဲဒီမှာ စောစောက ပြောခဲ့ တဲ့ ကျတော့် ရဲ့ ရည်ရွယ်ချက်သေးသေးလေးကို အားဖြည့် ကူညီတဲ့ အနေနဲ့ ရွာရေ ရရှိရေးအတွက် လိုအပ်နေတဲ့ ငွေပမာဏ မှာ နဲနဲလေးကာမိစေဖို့ အလှူငွေ ကျပ်တစ်သိန်း ပါဝင်လှူဒါန်းခဲ့ ပါတယ် ။

ဘုန်းကြီးကျောင်းနဲ့ ကပ်လျှက်မှာတော့ အတက်တန်းကျောင်း တစ်ဆောင်ကိုတွေ့ ရပါတယ် ။ အထက်တန်းကျောင်းဆိုပေမယ့် ကိုးတန်းနဲ့ ဆယ်တန်း ကိုတော့ အတွဲဘက် အနေနဲ့ သာထားရှိသေးတယ်လို့ သိရပါတယ် ။ ဒီကျောင်းမှာ ကျောင်းသား ကျောင်းသူ 350 ခန့်ရှိကြောင်းသိရပြီး ဆယ်တန်းအောင်ချက် တော်တော်ကောင်းတယ်လို့ ဆိုပါတယ် ။ ပြီးခဲ့ တဲ့ နှစ်က ဒီကျောင်းကနေပြီး လေးဘာသာဂုဏ်ထူးရှင် တစ်ယောက် ပေါ်ထွက်ခဲ့ တယ်တဲ့ ။ ကျတော်ရောက်ရှိနေတဲ့ အချိန်မှာ အနီးနာရွာက ဆယ်တန်း ကျောင်းသားတွေကို ကျောင်းအိပ်ကျောင်းစား နဲ့ ဆရာ ဆရာမတွေက အနီးကပ်ကြပ်မတ်သင်ကြားပြီး စခန်းသွင်းလေ့ကျင့် နေတဲ့ အကြောင်းသိရပါတယ် ။ ဒီတော့ တစ်ခါ ကျောင်းက တာဝန်ရှိတဲ့ ဆရာ တစ်ယောက်ယောက်နဲ့ တွေ့ ပေးဖို့ သူငယ်လချင်းကို အပူကပ်ရပြန်တယ် ။ ကျောင်းအုပ်ဆရာကြီးက ခရီးသွားနေတာမို့ မတွေ့ လိုက်ရဘူး ။ ရွာခံ ကျောင်း ဆရာတစ်ယောက်နဲ့ တော့ တွေ့ ခဲ့ ရပါတယ် ။ ရွာခံဆရာ ဦးအောင်ကျော်လင်းက ကျောင်းနဲ့ ပက်သက်ပြီး ဒီကျောင်းမှာ နီးနားပတ်ဝန်းကျင်ရွာ 7 ရွာက ကျောင်းသူ ကျောင်ကျောင်းသားတွေ လာတက်ကြတဲ့ အကြောင်း ၊ ကျောင်းသားလေးတွေဟာ ပညာကိုလိုချင်လွန်းလို့ မိုးတွင်းမှာဆို ခက်ခက်ခဲခဲ ချောင်းတွေကို လှေတွေနဲ့ ကူးပြီး လာကြရတဲ့ အကြောင်း ၊ ဒီကျောင်းမှာ ရှိတဲ့ ဆရာ ဆရာမတွေကလည်း စေတနာပါပါနဲ့ ကြိုးစားပမ်းစား သင်ကြားပေးကြလို့ သူတို့ နယ်တစ်ဝိုက်မှာ ဒီကျောင်းက ဆယ်တန်းအောင်ချက် Top Ten စားရင်ဝင်လေ့ ရှိကြောင်း ပြောပြပါတယ် ။ ထူဆန်းတာက ကျတော်တို့ ဒေသက ရွာတွေ မှာလို သူငယ်တန်းကစ ကျူရှင်တွေ သင်နေကြတဲ့ ခေတ်မှာ ဒီက ကျောင်းသားတွေ ဟာ ဆယ်တန်း အထိ ကျူရှင် ဆိုတာ ဘာမှန်းကို မသိကြဘဲ ကျောင်းက ဆရာ ၊ ဆရာမ တွေရဲ့ သင်ကြားပြသမှုတစ်ခုတည်းနဲ့ ဆယ်တန်းအောင်ချက်တွေ ကောင်းနေကြတယ်ဆိုတာကိုပါ ။ အောင်ချက်ကောင်းမှာပေါ့ ဆရ ဆရာမတွေက နေ့ ဘက်မှာရော ညဘက်တွေမှာပါ ကျောင်းသားတွေ နဲ့ အတူတူ ကျောင်းမှာ အိပ်ပြီး ကျောင်းသားတွေကို စိတ်ပါလက်ပါနဲ့ လေ့ကျင့် သင်ကြားပေးနေတာကိုး ။ ဆရာ ၊ ဆရာမတွေ မှာ အစိုးရက ပေးတဲ့ လခ အပြင် တခြားအပိုငွေ ရဖို့ မဆိုထားနဲ့ ကျောင်းသားတွေ ညဘက် စားဖို့ သောက်ဖို့ ကြွေးမွေးစရိပ်လေးတောင် အိပ်ထဲက ပြန်ပြီး ပါသွားနိုင်သေးတယ် ။ အခု ညဘက်နဲ့ မနက်စောစော စာကျက်ဖို့ အတွက် မီးစက် မောင်းရတာက တစ်နေ့ ကို ဒီဇယ်ဆီ တစ်ဂါလံ ကုန်ပါတယ်တဲ့ ။ ကျောင်းသားလေးတွေ ညဘက် စာကျက်နေတုန်း အဆာပြေစားဖို့ မုန့် ပဲ သွားရေစာကိုတော့ ကျောင်းသားမိဘတွေ စေတနာပေါက်လို့ လားကြွေးတာတွေတော့ ရှိပုံရပါတယ် ။ ကျတော်လည်း ကျောင်းသားလေးတွေ ညဘက် စာကျက်နေကြတာကို သွားကြည့်ရင်း သူတို့ လေးတွေ ညဘက်စာကျက်အချိန်မှာအဆာပြေ ကော်ဖီနဲ့ မုန့် လိုမျိုး ကြွေးနိုင်ဖို့ နဲ့ တခြားလိုအပ်တဲ့ အသုံးစရိပ်တွေ မှာ နဲနဲ ပါးပါးကာမိစေဖို့ ရွာခံ ကျောင်းဆရာ ဦးအောင်ကျော်လင်း ကနေတဆင့် အလှူငွေ တစ်သိန်း ထပ်ပြီး လှူခဲ့ ပါတယ် ။

ဒီလိုနေရာမှာ ဒီလိုခန့် ခန့် ညားညား အထက်တန်းကျောင်းကြီးတစ်ဆောင် ရှိနေတာဟာ အနီးနားရှိ ရွာတွေအတွက်တော်တော် ကံကောင်းတာပါပဲ ။ မိုးတွင်းလို အခါမျိုးမှာ ရေကြီး ရေလျှံ လွယ်တဲ့ ချောင်းတွေ မြောင်းတွေ ကိုကျော်ဖြတ်ပြီး ကျောင်းလာတက်ကြတဲ့ နီးနားပတ်ဝန်းကျင်ရွာက ကျောင်းသားလေးတွေ ဟာလည်း ချီးကျူးဖို့ အရမ်းကောင်းတယ် ။ ဒီဒေသက ကလေးလေးတွေ ကျောင်းတက်နေရတဲ့ မြင်ကွင်းကို ရန်ကုန်မြို့ မှာ အလုပ်မရှိအလုပ်ရှာ စာသင်ကျောင်းအထိ လိုက်ပြီး ထမင်းခွံ့ ကျွေးနေတဲ့ မိဘတွေကို ဒီအထိ ခေါ်ပြီး ပြချင်လှတယ် ။ ပြီးတော့ ရေစီးသန်လှတဲ့ ချောင်းတွေ ကိုလှေနဲ့ ဖြတ်ကူနေရတဲ့ ကျောင်းသားကျောင်းသူ ကလေးလေးတွေအတွက် အုပ်ချုပ်သူ လူကြီးမင်းတွေက အမှန်တစ်ကယ်လိုအပ်နေတဲ့ နေရာတွေမှာ ချောင်းကူးတံတားတွေ ဆောက်ပေးနိုင်စေဖို့ ကျတော့် အနေနဲ့ ဆုတောင်းမိပါတယ် ။
အပိုင်း ( ၃ ) မှာဆက်ပြီးဖတ်ရှုပေးကြပါရန် .... ( ရန်နောင်စိုး )February 14, 2014 at 1:40pm
ယောမြို့ ကပြန်ခဲ့တယ် ၊ ဆေးဝါးလည်း ကျွန်တော်နားမလည် ..... ( ၂ )
Written By လွင့်မောင်မောင် on Tuesday, February 18, 2014 | 8:27 AM

ဆိုင်ကယ်က ရေထဲဆင်း ၊ လူတွေကတံတားပေါ်ကလျှောက် .......
ဒီတိုင်းကြီးလမ်းပေါ်မှာ ရပ်နေလို့ကလည်း မဖြစ်တာနဲ့ နီးစပ်ရာ ဈေးဆိုင်လေး တစ်ဆိုင်ရဲ့  အပြင်ခုံတန်းလေးမှာ ဆိုင်ရှင်ကိုအခွင့် တောင်းပြီး ၀င်ထိုင်လိုက်ရပါတယ် ။ စိတ်ထဲ မှာတော့ အို …. သူလာမကြိုလဲ ဘာအရေးလဲ ၊ ကိုယ်ရောက် ရှိနေတဲ့ နေရာဟာ ကိုယ့်နိုင်ငံ ကိုယ့် တိုင်းရင်သား တိုင်းရင်းသူတွေ နေတဲ့ အရပ်ဘဲဥစ္စာ အိပ်စရာ နေရာ မရှိရင်လည်း နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ ၀င်တည်းပြီး ပတ်ဝန်းကျင်ဒေသ ကိုလေ့လာခဲ့ ရုံပေါ့ …… ဆိုတဲ့ အတွေးနဲ့ ကိုယ့် စိတ်ကိုယ် တင်းပြီး မိုးနတ်မင်း သူငယ်ချင်းကြီး ကြွလာနိုးနိုးနဲ့ ထိုင်စောင့် နေခဲ့ပါတယ် ။ အဲဒီလို ထိုင်စောင့် နေတာ အချိန်ဘယ်လောက်ကြာသွားသလဲ တော့ မသိဘူး ။ ဈေးဆိုင်ပိုင်ရှင် အစ်မကြီးက ကျတော့်ကို စိတ်ချလက်ချ နဲ့ ဘာမှလည်းမပြောမဆိုဘဲ ဆိုင်ကိုထားပြီး အပြင်ထွက်သွားပါတယ် ။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ကျတော် စောင့် မျော်နေတဲ့ ကိုယ်တော်ချောက ဆိုင်ကယ် တစ်စီးနဲ့ အဝေးကနေပြီး ကျတော့ကို သိပ်ပြီး မျက်မှန်း မတန်းမိလို့ အကဲခတ်လာတဲ့ ပုံစံနဲ့ ကျတော့်ဆီ ဦးတည်ပြီး မောင်းဝင်းလာပါတယ် ။ ကျတော်ကလည်း သူရောက် ရောက်ချင်း … ကျုပ်က မင်းဒပ်က ပြန်ဆင်းလာတဲ့ ကားနဲ့ ပခုက္ကူပြန်လိုက်သွားတော့ မလို့ လုပ်နေတာ…..( အဲလိုပြောလိုက်တဲ့ အချိန်မှာ ကျတော့ မျက်နှာက သုံမှုံနေပုံရပါတယ် ) …ဆိုပြီး ပြောလိုက်တော့ ကပြာကရာနဲ့ ဟာ..အစ်ကိုကြီး အဲ လိုလုပ်လို့ ဘယ်ဖြစ်မလဲ ဗျာ…အစ်ကို လာမှာမို့ လို့ စစရာရာပြင်ဆင်ပြီးသားဗျ ….. ပြီးတော့ ကျနော် ဒီနေရာကို ဆိုင်ကယ်နဲ့ လာပြီး ပတ်ပတ် ကြည့်နေတာ ဆယ်ခါလောက်ပြည့်ရော့ မယ် ..ကျတော့် ဖုန်း call logs ကိုကြည့်အုံး အစ်ကို့ ဖုန်းကို တောက်လျှောက် ခေါ်ထားတာဗျ ….ဆိုပြီး အားနာ စွာနဲ့ ဆိုပါတယ် ။ ဖြစ်ပုံက …. ကျောက်ထုမြို့ ရဲ့  ကုန်းအတက်အဆင်း များတဲ့ နေရာတွေ မှာ ဖုန်းလိုင်း မမိနိုင်တာကို သိထားမိပုံမရဘဲ ကျတော်နဲ့ ချိတ်ဆက်မိဖို့ ဖုန်းကိုဘဲ အားကိုးထားလို့ အဲ ဒီလို လွဲချော်မှုတွေ ဖြစ်ခဲ့ ရတယ်လို့ အဖြေထွက်လာပါတယ် ။

ကျောက်ထု ကနေ ရွာကို သွားတဲ့ လမ်းအကြားက ဖုန်လမ်းလေး..
ကိုင်း ..ဒါဖြင့် ရင်လဲ မိုးကလဲ ချုပ်လာပြီဆိုတော့ ခရီးဆက်ကြစို့  ဆိုပြီး
6 မိုင်လောက် ဝေးတယ်လို့ သိရတဲ့ လာကြိုသူ ကျတော့် သူငယ်ချင်းရဲ့ ရွာဖြစ်တဲ့ လက်ပန်းရွာ လေးကိုထွက်ခွာဖို့ ပြင်ဆင်ရပါတယ် ။ စောစောက ပြောခဲ့ တဲ့ အတိုင်း ကျောက်ထု မြို့ လေးက တောင်ကုန်းပေါ် တည်ထားခဲ့ တာဆိုတော့ မြို့ နယ်နိမိတ်ကနေ ရွာဘက်ကို စထွက်ပြီဆိုတာနဲ့ တော်တော် ကိုမတ်စောင့် တဲ့ ကျောက်တုံးခင်း လမ်းပေါ်ကနေ ထိုးပြီးဆင်းရပါတယ် ။ အရှေ့ က မောင်းနေတဲ့ သူက ဘယ်လောက် သတိထားပြီးမောင်းနေရသလဲတော့ မသိ နောက်ကနေထိုင်တဲ့ သူတောင်မှ ဆိုင်ကယ်ကို ခုံတန်းက လက်ကိုင်ကို သေခြာမြဲမြံစွာကိုကိုင်ထားလိုက်ရတယ် ။ မြေပြန့် အပေါ် ရောက်လို့ နဲနဲ လေးမောင်းလာပြီးတာနဲ့ ချောင်းလေးတခု ခြားထားတဲ့ ရွာငယ်လေးတစ်ရွာ ကိုတွေ့ ရပါတယ် ။ ရွာနာမည်ကတော့ လေးရွာ ပါတဲ့ ။ ဆိုင်ကယ်တွေကတော့ ချောင်းထဲ က ဖြတ်မောင်းသွားပြီး တစ်လက်မ သံလုံး အရှည်ကြီးတွေနဲ့ ကြိုးတံတားလိုလုပ်ထားပြီး အခင်းပြင်မှာ ၀ါးကပ် ခင်းထားတဲ့ တံထားပေါ်ကနေ ကျတော်က ဖြတ်လျှောက်ရတယ် ။ ကြိုးတံတားဆိုတော့ ယိမ်းထိုးလှုပ်ခါနေတာမို့ တစ်နေ့တာလုံးကားစီလာရတဲ့ ကျတော့် ခေါင်းက ခပ်မူးမူး နဲ့ ချောင်းထဲ ပြုတ်မကျ အောင် အတော်လေးကို သတိထားပြီး လျှောက်ရတယ် ။
အဲဒီ လေးရွာ ကျော်လို့ ခရီးစအထွက်မှာ လှည်လမ်း ( လှည်းတွေ ဘဲ အဓိက သွားပုံရတယ် ) သာသာ မြေနီလမ်းလမ်းလေးက ဆက်မောင်းရပြန်တယ် ။ ဖုန်တွေက ခြေဖ၀ါး မြုတ်အောင် ထူနေပေမယ့် ကျတော်တို့ အရှေ့ က သွားနေတဲ့ ဆိုင်ကယ် မရှိတော့ ဖုန်ထတဲ့ ဒဏ်ကိုတော့ မခံရပါဘူး ။ ဒီလောက်ဖုန်ထူနေတာ မိုးတွင်းဆိုတော့ ဗွက်တွေထပြီး သွားရေးလာရေး တော်တော် ကိုခက်ခဲ မှာပဲလို့ စိထဲ မှာတော့ တွေးမိပါတယ် ။ဖောက်ထားတဲ့လမ်းတွေကလည်းအဆင်ပြေဆုံးနေရာတွေကိုမှ ရွေးပြီးဖောက်ထားရတာဖြစ်မယ် ထင်တယ် ။ ဒါတောင်မှ တချို့ တောင်ကုန်းတွေ ဆို မတ်စောက်လွန်းလို့ ဆိုင်ကယ်ကို ဂီယာအကြီးတင်ပြီး အသားကုန် မောင်းပြီးတက်နေတဲ့ အချိန်မှာ နောက်ကနေထိုင်ပြီးလိုက်နေတဲ့ ကျတော်က နောက်ပြန်မလန်ကျသွားအောင် ဆိုင်ကယ်မောင်းသူရဲ့ ပခုံးအသေကိုင်ထားရတယ် ။ တစ်ခါ အဲဒီလို မတ်စောက်တဲ့ ကုန်းကြီး အပေါ်က နေအရှိန်နဲ့ ဆင်းရပြန်တော့ နောက်ကနေ ခွပြီးစီးလိုက်နေတဲ့ ကျတော်က ဆိုင်ကယ် ထိုင်ခုံနောက် ထိုင်ခုံသံကိုင်းကြီးကို မလွတ်တမ်း ကိုင်ဆွဲထားရသေးတာ ။ အဲလိုမျိုးသာ မကိုင်ထားဘူးဆိုရင်တော့ နောက်ကနေ ထိုင်တဲ့ သူက မောင်းသူကိုကျော်ပြီး လက်ကားယား ခြေကားယားနဲ့ ဂျွန်းပြန်ပြီး ဆိုင်ကယ်အရှေ့ မှောက် ၀ုန်း ..ဆိုပြီး သွားကျလောက်တယ် ။ ဒေသခံ သူငယ်ချင်းက သူ့ တို့ ရွာသွားတဲ့ လမ်းကို ဒီနှစ်မှာ ဘူဒိုဇာ ၀င်ပြီး လမ်းတွေ ချဲ့ ပေးသွားလို့ အခုလို ကောင်းသွားသေးတာ တဲ့ ။ သြ……ဒါဆို အရင်က သူတို့ ရွာကလူတွေဟာ ကျောက်ထုမြို့  လေးနဲ့ ဘယ်လိုများဆက်သွယ် ပြီးသွားလာနေကြပါလိမ့် လို့ စိတ်မသက်မသာနဲ့ တွေးနေမိပါတယ် ။

ကျောက်ထုနဲ့ လက်ပန်းရွာကို မြွေလိမ်မြွေကောက် ယောချောင်းနဲ့ အတူ မြေပုံမှာတော့ ဒီလိုတွေ့ ရတယ် ....
တိုတိုပြောရရင် ကျောက်ထု ကနေ ကျတော်သွားမယ့် လက်ပန်းရွာကိုရောက်ဖို့ စောစော ကပြောခဲ့ တဲ့ လေးရွာ ကိုကျော်ပြီး နောက်ထပ် မြေက်မကျဉ်း ၊ ပဆုပ် စတဲ့ ရွာတွေကိုဖြတ်ရပါသေးတယ် ။ အဲလိုသွားရာမှာ ကွေ့ ကောက်ပေါများလှတဲ့ ယောချောင်းကြီးကို ( စုစုပေါင်း 3 ခါဖြတ်ရတယ် ) ဖြတ် ၊ ကျောက်ခင်းလမ်း တစ်လှည့် ၊ ဖုန်လမ်းတစ်လှည့် နဲ့ တစ်ကုန်းတက် တစ်ကုန်းဆင်း သွားပြီး နောက်ဆုံးမှာတော့ ကျတော်သွားမယ့် လက်ပန်းရွာ အ၀င်က ယောချောင်းကိုဖြတ်ပြီးဆောက်ထားတဲ့ ယာယီတံတား လေးကို နေ၀င်ခါနီး အချိန်လေးမှာ မြင်နေရပါပြီ ။ အဲဒီယာယီ ချောင်းကူးတံတား အခင်းပြင်က ၀ါးကပ်နဲ့ ခင်းထားတာမို့ လို့ ဆိုင်ကယ်ကို အရင် ဖြတ်ခိုင်းပြီး ကျတော် ကနောက်ကနေ လမ်းလျှောက်ပြီး လိုက်ရပါတယ် ။ တံတားကိုဖြတ်နေတဲ့ အချိန်မှာ ကြည်လင် သန့် ရှင်းနေတဲ့ ယောချောင်းရေ ထဲ မှာ ငါးလေးတွေ ကူးခပ်နေတာကို အတိုင်းသားမြင်နေရတယ် ။ နွေအခါဆိုတော့ ချောင်းရဲ့ လေးပုံ ပုံလို့ တစ်ပုံသာ ရေရှိပြီး ကုန်းပေါ်နေတဲ့ နေရာတွေ မှာတော့ ထုံးစံအတိုင်း ကြက်သွန်ခင်းတွေ ကပြည့်လို့ပါပဲ ။ ယောချောင်း နဘေး ရွာအ၀င်လမ်းလေး နဘေးမှာတော့ လက်ပံပင်ကြီး တစ်ပင်က တစ်ပင်တည်း ထည်းထည်းကြီးရှိနေပြီး ဒီရွာကို လာလည်တဲ့ ကျတော့် ကို ကြိုဆိုနေသလိုလိုပါ ။ အဲဒီလက်ပံပင်ကိုကြည့်ပြီးတော့ xxx ရွာထိပ်က လက်ပံ ပင်အောက် သူက လက်ပံပွင့်ကောက် အလာ xxx ကျတော်က ရွာကိုသွားမို့ xxx မမျော်လင့် ပါဘဲ တွေ့ ကြပြန်သည် xxxx ဆိုတဲ့ ကိုမြကြီးရဲ့  ညိုချော သီချင်းလေးကို လည်း ကျတော့် ပါးစပ်ဖြားမှာ အလိုလို ညည်းမိသလို ဖြစ်သွားပါတယ် ။ အဆိုတော် ကိုမြကြီးကတော့ ရွာထိပ်လက်ပံပင်အောက်မှာ ညိုချောနဲ့ တွေ့ သတဲ့ .. ကျတော်လည်း ရွာက ညိုချော လေးတွေ နဲ့ လက်ပံပင်အနားမှာ တွေ့ များ တွေ့ လေမလားလို့ မျက်စိလေး မသိမသာ ရမ်းလိုက်မိသေးတယ် ။ ကျတော်တွေ့ တာကတော့ ညိုချောတွေ မဟုတ်ဘူး ။ ဖြူချောလေးတွေ ပါ ။ ယောချာင်းမှာ ရေချိုးပြီး လို့ပြန်လာကြပုံရပါတယ် ။ သီချင်းရေးဆရာတို့ ၊ စာရေးဆရာတို့ ဖွဲ မယ်ဆိုလည်း ဖွဲစရာဘဲကိုး ။ ကြည့်ပါအုံး ရွာထိပ် မှာ လက်ပံပင်ကြီးနဲ့ ဘယ်လောက်တောင်မှ အနုပညာ ဆန်လိုက်သလဲလို့ ။

လက်ပန်းရွာ အ၀င်က ယောချောင်းကူးတံတာလေး .....
ရွာထဲကိုဝင်တော့ မှောင်ရည်ပျိုးနေပါပြီ ။ ဒီရွာကလည်း ယောချောင်း ကမ်းနဘေးမှာဆိုတော့ မိုးတွင်း ရေကြီးမှုအန္တရာယ်ကို ရှေး လူကြီးတို့ တွေးမိလို့ လားတော့ မသိဘူး တောင်ကုန်းလေးပေါ်မှာပဲ ရွာကိုတည်ထားပါတယ် ။ ရွာအနေထားနဲ့ အိမ်အခြေ နေတို့ ကို ရောက်တာနဲ့ လေ့လာချင်ပေမယ့်လို့ မိုးလည်းတော်တော် ချုပ်နေတာနဲ့ ကျတော်အတွက် နေရာထိုင်ခင်း စီစဉ်ပေးထားတဲ့ သူငယ်ချင်းရဲ့  အိမ်အသစ်စက်စက် လေးဆီကိုသာ ဦးတည်ပြီး လာလိုက်ပါတော့တယ် ။ အိမ်လေးက ရွာနဲ့ စိုက်ခင်းတွေ ရဲ့ အစပ်မှာ ဆောက်ထားတော့ ပတ်ဝန်းကျင်သဘ၀ အလှတွေကိုခံစားပြီး လေကောင်းလေသန့် တွေ တစ်ဝကြီးရှု ရှိုက်ခွင့် ရလိုက်တယ် ။ ကျတော့် သူငယ်ချင်းက သူရှာဖွေစုဆောင်းခဲ့တဲ့ ငွေတွေ နဲ့သူမိသားစု အတွက် အိမ်အသစ်လေးတစ်လုံးဆောက်ထားတာတဲ့ ။ အောက်မှာ အုတ်ခုံခံပြီး အပေါ်ကို အုတ်ဆက်ပြီးစီမှာ ဖြစ်ပေမယ့် လောလောဆယ်မှာတော့ ထရံအပြားတွေ နဲ့ ယာယီ ကာထားပါတယ် ။ အထဲ ကိုဝင်ပြီး ကိုကြည့်လိုက်တော့ အားပါးပါး …. အိမ်ရဲ့ ပတ်ပတ်လည်မှာ အသုံးပြုထားတဲ့ တိုင်တွေက 6 လက်မ ပတ်လည်ကြီးတွေ ။ ကျတော်တို့ ဆီမှာ အိမ်တိုင်တွေ 6 လက်မ ပတ်လည်သုံးပြီး ဆောက်နိုင်တဲ့ သူမရှိသလောာက်ပါပဲ ။ ဘုန်းကြီးကျောင်းကြီးတွေ နဲ့ စာသင်ကျောင်းကြီးတွေ ထည်ထည်ဝါ၀ါ ဆောက်မှသာ အဲဒီ ခြောက်လက်မ ပတ်လည် တိုင်ကြီးတွေကိုသုံးကြတာ ။ ပြီးတော့ ထုတ်တမ်းဆွဲထားတဲ့ နေရာမှာလည်းကြည့်အုံး 4 လက်မ 3 လက်မ သစ်သားချောင်းကြီးတွေ ။ ဒါတောင်မှ အိမ်ပိုင်ရှင်ကျတော့် သူငယ်ချင်းက တံခါးပေါက်တွေနဲ့ ပြူတင်းပေါက်တွေကို ကျွန်းသား ရမှ လုပ်မှာမို့လို့ အခု ဒီအတိုင်းဘဲ ထား ထားသေးတာတဲ့ ။ စိတ်ထဲမှာတော့…… ဒီကလူတွေ ဒီလိုသာမန်အိမ်လေးမှာတောင် အဲလို သစ်ကြီးဝါးကြီးတွေ သုံးပြုပြီးဆောက်နေကြတာ ပိုက်ဆံပေါလွန်းလို့ တော့ ဟုတ်ဟန်မတူးဘူး… ၊ ဒီနေရာ ဒီဒေသတွေမှာ သစ်တွေ မတရားပေါပြီး ဈေးနုန်းချို သာလို့သာ ဖြစ်ရမယ်လို့ တွေးနေမိတယ် ။ ကျတော်တွေးတာ မှန်ပါတယ် ။ နောက်ပိုင်း ကျတော် စုံစမ်းကြည့်တော့ သစ်ဈေးက ကျတော်တို့ ထားဝယ် နယ်ဘက်က သစ်ဈေးထက် 3 ဆကျော်လောက် သက်သာနေပါတယ် ။

ကျွန်တော့ သူငယ်ချင်းရဲ့  ဆောက်လက်စ အိမ်အသစ်စက်စက်လေး ....
အဲဒီအိမ်လေးမှာ အ၀တ်စားလဲ ပြီး ရေချိုးသွားရအောင်ဆိုပြီး ညဘက် ရွာထဲကိုဖြတ်ပြီး လမ်းလျှောက်ရင်း ခေါ်လာပေမယ့် ကျတော့် ကတော့ ဘယ်နားရောက်လို့ ရောက်နေမှန်းမသိဘူး ။ တချို့ အိမ်လေးတွေ တော်တော်များများမှာတော့ ရွာက စီးစက်မောင်းပြီး ပေးထားတဲ့ မီးလေး တစ်ပွင့် နှစ်ပွင့် စီလောက်ထွန်းထားတာတာ့ တွေ့ ရပါတယ် ။ ရေချိုး သွားမယ်ဆိုတော့ ရေတွင်းမှာ သွားပြီးချို့ မလို့ ထင်ပါရဲ့  ဆိုပြီး လိုက်လာခဲ့တာ နောက်မှ သူတို့ တစ်တွေ ကျတော့်ကို ရွာအပြင်က ယောချာင်းဆီကို ခေါ်သွားတယ် ဆိုတာသိလိုက်ရတယ် ။ ဒီယောချာင်းဟာ ဒီရွာကလူတွေ အတွက်တော့ နေ့ စာဉ်နေ့တိုင်း ရေချိုးကြတဲ့ နေရာကြီးတစ်ခုလည်း ဖြစ်ပေတယ် ။ ကျတော့် မှာတော့ ပြာသိုလကွယ် ည 7 နာရီအချိန် မှောင်မှောင်မဲမဲကွင်းပြင်ကြီးထဲ အမာဂျင်စီလိုက် တစ်ခုကိုကိုင်ပြီး ရေချိုးဖို့ ချီတက်လာနေရတာ တစ်မျိုးလေး စိတ်လှုပ်ရှားစရာလည်း ကောင်းနေပြန်တယ် ။ ငယ်ငယ်ကဆို ချောင်းထဲ မှာ ရေကူးရတာ ပျော်မှပျော်ပဲ ။ ဒါပေမယ့် သီးသန့်ကြီး ရေချိုးဖို့ တော့ ရေချောင်းရှိရာကို တစ်ခါမှ မသွားခဲ ဖူးပါဘူး ။ ချောင်းကမ်းနားရောက်လို့ ရေချိုးတော့ မယ်ဟေ့..ဆိုတော့ ကျတော်နဲ့ လိုက်လာတဲ့ အဖော်နှစ်ယောက်က ရေချိုးပြီးသားမို့ မချိုးတော့ ဘူးတဲ့ ။ အဲဒီတော့ ကျတော့် တစ်ယောက်ထဲ မှောင်မှောင်မဲမဲ ကြီးတဲမှာ ရေဆင်းချိုးရတော့ တာပဲ ။ ကုန်းပေါ်က တော့ အမာဂျင်စီ လိုက် လေးနဲ့ သူတို့ ကမီးပြပေးထားပါတယ် ။ ကိုယ်တစ်ပိုင်းမြုတ်နေတဲ့ ချောင်းရေထဲ မှာ ဆပ်ပြာကို ဘယ်ကနေစပြီး တိုက်လို့ တိုက်ရမှန်းမသိဘဲ ဖြစ်နေပုံ ကို ချောင်းပေါ်ကနေကြည့်နေကြတဲ့ ဟိုနှစ်ယောက်ကတော့ တော်တော်ကိုရည်ချင်နေပုံရတယ် ။
အဲဒီညက ခရီးပန်းနေတော့ ညစာကို ဘာနဲ့ကျွေးလည်းတော့ မသိဘူး စားလို့ ကောင်းကောင်းနဲ့ ဆွဲလိုက်တာ တော်တော်လေးဗိုက်တင်းသွားတယ် ။ သူတို့ ရွာမှာက ညဘက် 9 နာရီလောက်ထိဘဲ မီးစက်မောင်းပေးတာတဲ့ ။ မီးပိတ်ပြီးပေမယ့် လည်း ကျတော့် ကိုလာနုတ်ဆက်ကြတဲ့ ရွာသားများနဲ့ စကားတွေ ပြောကြပြီး သိပ်မကြာခင်မှာဘဲ အသင့် ပြင်ဆင်ပေးထားတဲ့ အိပ်ရမှာ ထိုးအိပ်လိုက်ပါတော့ တယ် ။ ကျတော့် အတွက်ပြင်အေးထားတဲ့ ခြုံစောင် အထပ်လိုက်ကြီးကို သေခြာကြည့်လိုက်တော့ အကုန်လုံးရှစ်လွှာတိတိ ရှိပါတယ် ။ ဒါတောင်မှ စိမ့်နေအောင်အေးတာမို့ ကွေးလို့သိပ်ပြီးမလုံချင်ဘူး ။ ကျတော်ကတော့ ချမ်းစိမ့်စိမ့်လေးနဲ့ တစ်ချိုးတည်းအိပ်ပျော်သွားလိုက်တာ မနက်မိုးလင်းအထိ တစ်ရေးပဲရတယ် ။ ကျတော်နဲ့ ကပ်ရက် အိပ်နေတဲ့ သူငယ်ချင်းကတော့ ကျတော့် ရဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျပြီး ထွက်ပေါ်လာတဲ့ ဟောက်သံကြောင့် တစ်ရေးမှကို အိပ်လို့ မပျော်ဘူးတဲ့ ။

ကျွန်တော် လာခဲ့တဲ့ လမ်းတစ်လျှောက်နဲ့ ယောနယ်မြေ တစ်စိတ်တစ်ဒေသ ...
ကျတော် အခုရောက်နေတဲ့ ယောဒေသဆိုတာ ယခုလက်ရှိ ခေတ်မှာ ယေဘုရအားဖြင့် ချင်းတောင်နဲ့ ပုံတောင်ပုံညာ ဒေသ ကြားက မြေပြန့် မြေပြန်လွင်ပြင်လေး တွေ ရှိရာ ဒေသတွေ ဖြစ်ပြီး မြောက်ကနေ တောင်ဘက်ကို ဂန့်ဂေါ ၊ ထီးလင်း ၊ ကျောက်ထု ၊ ဆော ၊ လောင်းရှည် စတဲ့ မြို့ တွေရှိတဲ့ ဒေသတစ်ဝိုက်ကိုခေါ်ဆိုတာ ဖြစ်ပါတယ်တဲ့ ။ အဲ ဒီတောင်နဲ့ မြောက်တန်းနေတဲ့ တောင်ကြားဒေသ ရဲ့  အလယ်နားလောက်မှာ ကျရောက်တဲ့ ထီးလင်းမြို့ ကို ဗဟိုပြုပြီး မြောက်ဘက် ဂန့်ဂေါ ဖက်ခြမ်းကို မြောက်ယော ၊ တောင်ဘက် ကျောက်ထု ၊ ဆော ၊ လောင်းရှည် စတဲ့ မြို့ တွေ ရှိတဲ့ ဖက်ကိုတော့ တောင်ယောဆိုပြီး ခေါ်ကြပါတယ် ။ အရင်က ဒီဒေသ တစ်လျှောက်လုံးကို အတွင်းယော လို့ ခေါ်ပြီး ပြည်မနဲ့ ကာဆီးထားတဲ့ တောင်တန်းကြီးရဲ့  အပြင်ဘက်ပိုင်းကို အပြင်ယောလို့ ခေါ်ကြတယ်တဲ့ ။ အခုချိန်မှာ အပြင်ယောဒေသမှာရှိတဲ့ လူတွေက မြေပြန့်က ဗမာများနဲ့ ရောနှောသွားပြီး ယောလူမျိုးလို့ သိသိသာသာ မရှိတော့ ဘူးလို့ ဆိုပါတယ် ။ အရင်က ရှိခဲ့ ဖူးတဲ့ ယောမြို့ ဆိုတာက တောင်ယောဖက်မှာ ပါပြီး ကျောက်ထုကနေ 3 မိုင်ကျော်ကျော်ခရီးလောက်သွားရင် ရောက်တယ်လို့ သိရပါတယ် ။ အရင်က မြို့ အုပ် အဆင့် စော်ဘွားတွေ နေခဲ့ တဲ့ အဆောက်အဦ အကြွင်းကျန်လောက်သာ ရှိတော့ ပြီး အခုချိန်မှာတော့ ရွာငယ်တစ်ခု အဖြစ်နဲ့ သာတည်ရှိနေတယ်လို့ ဆိုပါတယ် ။ အဲ ဒီနေရာကို သွားရောက်လေ့လာသင့် ပါလျှက်နဲ့ ကျတော်မရောက်ဖြစ်ပါဘူး ။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီဘောဘုရင်ရဲ့ မယ်တော် ၊ မင်းတုန်းမင်းကြီးရဲ့  များလှစွာသော မိဖုရားတွေ ထဲက တစ်ပါးဖြစ်တဲ့ လောင်းရှည်မိဘုရားဆိုတာ ဒီယောနယ်က လောင်းရှည်မြို့ သူဖြစ်ကြောင်း သိရပါတယ် ။ ဒီယောနယ်ဒေသဟာ ဘုရင်တွေ ရှိစဉ်ခေတ်ကာလကတည်းက အထင်ရဖြစ်ခဲ့ တဲ့ နေရာဖြစ်ကြောင်းကို ယောအတွင်းဝန် ဦးဖိုးလှိုင် လိုအထက်တန်းစား ပညာရှိအမတ်က ယောမြို့ စားဖြစ် ခန့်အပ်ခြင်းခံရတာကိုခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ် ။

ယောနယ်ထဲက တောင်သားလူမျိုးများ ...( ယောနယ်သူ ယောနယ်သား အဖွဲ့ ထဲ မှ ကူးယူဖော်ပြပါတယ် )
ယောနယ်ထဲ မှာ စိတ်ဝင်စားစရာကောင်းတဲ့ တောင်သားလူမျိုးဆိုတာ ရှိသေးတယ် ။ သူတို့ တစ်တွေက သီးသန့် ရွာတွေ နဲ့ နေကြပြီး တခြားလူမျိုးတွေ နဲ့ ရောရောနှောနှောနေလေ့မရှိဘဲ သီးသန့် ဆန်တယ်လို့ ဆိုပါတယ် ။ သမိုင်းပညာရှင် တစ်ချို့ က အဲဒီ တောင်သားလူမျိုးတို့ ကို ပျူလူမျိုးတို့ လက်ကျန်တွေ အဖြစ်နဲ့ ယူဆထားတယ်လို့ မှတ်သားရဖူးပါတယ် ။ သူတို့ ရဲ့ ဝတ်စားဆင်ရင်မှုကလည်း တစ်မျိုးထူးခြားပါတယ် ။ အမျိုးသမီးတွေ မှာ သမိုင်းအထောက်ထားအရ ပျူလူမျိုးတွေလို ဖြူရောင်ပိတ်အင်္ကျီ ကိုဝတ်ဆင်လေ့ရှိပြီး ရင်စည်းလို တဘက်ပိုင်းကို ရင်ဘက်မှာ စလွယ်သိုင်းပြီး ၀တ်ဆင်လေ့ ရှိတယ်လို့ သိရပါတယ် ။ အမျိုးသမီးများ ၀တ်ဆင်လေ့ရှိတဲ့ ရင်စည်း တဘက်ပိုင်းအရောင်ကိုလိုက်ပြီး အနီရောင် ၀တ်ဆင်သူကို အိမ်ထောင်မကျသေးတဲ့ အပျို ၊ အနက်ရောင်ဝတ်ဆင်သူကို အိမ်ထောင်ကျပြီးသား မိန်းမ အဖြစ် ခွဲခြား သပ်မှထားတယ်လို့ ဆိုပါတယ် ။ တောင်သားလူမျိုးတွေဟာ အရင်ကတည်းက ဒီဒေသခံတွေ မဟုတ်ကြဘဲ နောက်မှ ၀င်ရောက်လာတဲ့ လူမျိုးတွေသာဖြစ်တယ်တဲ့ ။ 1924 ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ တဲ့ RACES OF BURMA ( မြန်မာပြန် ) ဆိုတဲ့ စာအုပ်မှာ ချင်းတောင်ခြေရင်းဒေသမှာ ထူးခြားတဲ့ တောင်သားလူမျိုးနဲ့ ယောလူမျိုးတို့ ကိုတွေ့ ရကြောင်း ၊ တောင်သားလူမျိုးတို့က ချင်းလူမျိုးများနဲ့ မျိုးစပ်ပေါက်ဖွားလာတယ်လို့ ယူဆရပြီး ယော တို့က ရှမ်းလူမျိုးကနေဆင်းသက်လာတာ ဖြစ်နိုင်ကြောင်း ရေးသားဖော်ပြထားပါတယ် ။ နောက်ပြီး အဲ ဒီစာအုပ်မှာ တောင်သားလူမျိုးနဲ့ ယောတွေက အစဉ်ဆက်ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတယ်လို့ ရေးထားပါတယ် ။

လက်ပန်းရွာနဲ့ ယောဒေသတွေ မှာတွေ့ ရလေ့ရှိတဲ့ ရှေးမြန်မာ အိမ်ပုံစံ နဲ့ အိမ်တစ်အိမ် ....
မနက်မိုးလင်းလို့ ကိုယ်လက်သန့်စင်ပြီး ရွာထဲကို သူငယ်ချင်းနဲ့ အတူ ပတ်ကြည့်ကြပါတယ် ။ ရွာလေးက အိမ်ခြေ 200 ကျော်လောက်ရှိပါတယ်တဲ့ ။ အနီးနားပတ်ဝန်းကျင်မှာတော့ ဒီရွာက ကြီးဆုံးလို့ ဆိုပါတယ် ။ ဒီရွာမှာ ထူးထူးခြားခြားမြင်ရတာကတော့ အိမ်တွေပါပဲ ။ ရန်ကုန်က တိုင်းရင်းသားကျေးရွာထဲမှာ မြန်မာအိမ်ဆိုပြီးဆောက်ပြထားတဲ့ အိမ်လိုမျိုးတွေ ဒီရွာမှာ အများကြီးတွေ့ ရပါတယ် ။ အားလုံးသိတဲ့ အတိုင်း အိမ်အမြီးပိုင်း လှေကားနားမှာ ၀ရန်တာအကြီးလို ဟာလာဟင်းလင်းကြီးနဲ့ အဆောင်တစ်ဆောင်က ပြီးပြည့်စုံတဲ့ အိမ်တစ်မ်မှာ မပါမဖြစ်ကိုပါ ပါတယ် ။ အဲဒီ အဆောင်မှာ ထမင်းဟင်းတွေ ချက်ကြပြီး မိသာစု ထမင်းဝိုင်းကိုလည်း အဲဒီအဆောင်မှာဘဲ စားကြပုံရပါတယ် ။ ကျတော်တို့ ဘက်က အိမ်နဲ့ မတူတာက မီးဖိုဆောင်နဲ့ ဆေးကြောသန့် စင်တဲ့ နေရာကို အိမ်အနောက်ဖက် မှာထားလေ့မရှိဘဲ ဒီဒေသက အိမ်တွေမှာ စောစောက ပြောတဲ့ အဆောင်မှာ ထားလေ့ ရှိတာပါပဲ ။ နောက်တစ်ခုထူးခြားချက်က အိမ်တိုင်တွေဟာ လေးထောင့် မဟုတ်ဘဲ သစ်ပင်ကို အလုံးလိုက်သေသေချာချာ အခြောသပ်ပြီး သုံးပြုထားကြတာကိုတွေ့ ရပါတယ် ။ အဲဒီလိုအလုံးတိုင်နဲ့ ဆောက်ထားတဲ့ အိမ်က ဒီရွာမှာ 90 ရာခိုင်နုန်းလောက်ရှိပါတယ် ။ အများစုကတော့ အရင်အိမ်ဟောင်းတွေက ကြာရှည်ခံလွန်းလှတဲ့ သစ်သားလုံးတိုင်ကြီးတွေကို နောက် အိမ် အသစ် ဆောက်တဲ့ အခါမှာလည်း ပြန်လည်ထည့်သွင်းအသုံးပြုထားပုံရပါတယ် ။ ဘာဖြစ်လို့အဲဒီလို ပြောရသလဲ ဆိုရင် လက်ရှိ အသုံးပြုထားတဲ့ အိမ်တိုင် တွေ မှာ အရင် အိမ်ဟောင်းကယက်မ တို့ ထုတ်တန်းတို့ ထိုးလျှိုရာ ထွင်းထားတဲ့ အပေါက်ကြီးတွေ တွေ့ နေရလို့ပါပဲ ။ အဲဒါမျိုး အိမ်တိုင်တွေမှာ အပေါက်ဖောက်ပြီး ယက်မလျှိုသွင်းတာတွေက ရှေးခေတ်အိမ်တွေမှာ လုပ်လေ့ ရှိပြီး အိမ်ရိုက်သံ တွင်ကျယ်စွာမသုံးပြုသေးတဲ့ခေတ်က လုပ်လေ့ရှိတဲ့ အလေ့ထ တွေ ဖြစ်တယ် ။ အနီးနားက တချို့ ရွာတွေ မှာ အဲလို မူလရှေး အိမ်မျိုးတွေ ရှိနေကြသေးတယ်လို့ သိရပါတယ် ။ ကျတော်တို့ ဘက်မှာတော့ ငယ်ငယ်က အပေါက်ကြီးတွေ ပါတဲ့ အိမ်တိုင်ဟောင်းကြီးတွေ ကိုတွေ့ ခဲ့ ရဖူးပေမယ့် အခုတော့ ရှေးဟောင်းပစ္စည်းအဖြစ်နဲ့ ပြစရာတောင်မရှိတော့ ဘူး ။

အရင်အိမ်ဟောင်း ကတည်းက ထွင်းပေါက်ပါတဲ့ အိမ်တိုင်များ ..
ရွာရဲ့ တစ်နေရာ အရောက်မှာ သူငယ်ချင်းဖြစ်သူရဲ့  အဘိုးတော်စပ်သူတို့ အိမ်ကိုဝင်တဲ့ အခါ မှာ ပြောင်းဆံကို ဖွတ်ပြီးမှ ရလာတဲ့ အဆံကို ကောက်ညှင်း ၊ မြေပဲတို့ နဲ့ ရောချက်ထားပြီး ပဲဆီ နိုင်နိုင်လောင်းထားတဲ့ မုန့် တစ်မျိုးကိုရေနွေးကျမ်းနဲ့ ချကြွေးပါတယ် ။ ကျတာ့် အနေနဲ့ကတော့ ပထမဆုံးအကြီမ်စားဖူးတာပါ ။ ထမနဲလိုအီဆိမ့်တဲ့ အရသာရှိပြီး စားလို့ တောာ်တော်ကိုကောင်းပါတယ် ။ အိမ်ရှင် အဒေါ်ကြီးက ဆီအိုးကြီးထဲက မြေပဲဆီတွေကို မှုတ်ကြီးနဲ့ ခပ်ခပ်ပြီး ခဏခဏလောင်းထည့်နေတာကို ကြည့်ပြီး မျက်လုံးပြူးနေတဲ့ ကျတာ့် ကို သူငယ်ချင်းက ဘာမှမပူနဲ့ အစ်ကိုကြီး အဲဒါကိုယ့် ဟာကို ကြိတ်ထားတဲ့ မြေပဲ ဆီ ၊ ဘာဥပါဒ်မှ မပေးဘူးတဲ့ ။ ကျတော်က အဲ ဒီ ဆီကြိတ်တဲ့ ကိစ္စကို စစ်စုတော့ .. မြေပဲဆံ တစ်ပြည် နဲ့ ဆီသွားကြိတ်ရင် ကြိတ်ခက 200 ကျပ်ပေးရပြီး ဆီက 50 သားလောက်ရပါတယ်တဲ့ ။ ပိုင်လိုက်တာ … မြို့ ပေါ်မှာတော့ မြေပဲဆီဆိုပြီးတော့ သာ ၀ယ်နေရတယ် မြေပဲဆီ စစ်မစစ်ကိုတော့ ကျတော်တို့ ဘယ်လိုမှ မသိနိုင်ဘူး ။

ပြောင်းဆန် ၊ ကောက်ညှင်း ၊ ပဲတစ်မျိုးမျိုးကို ရောချက်ထားတာတဲ့ ....
ကျတော်တို့ ရွာကို ပတ်နေတဲ့ အချိန်မှာ ယောချောင်းကနေ စပါးစိုက်လယ်တွေ အတွက် ရေသွယ်မြောင်းတူးဖို့ လုပ်အားပေးခေါ်တဲ့ အသံကို အသံချဲ့ စက်ကြီးနဲ့ ဆော်အောနေတာ ကြားရပါတယ် ။ ဒီရွာမှာ သဘ၀ကပေးတဲ့ ရေတွေ တော်တော်လေးကိုပေါပေါများများရနေတာတွေ့ ရတယ် ။ သာမန်ပြေပြန့် မှာဆိုရင် ဘယ်လောက်မှ မတူးရဘဲ ရေပေါ်တာပဲတဲ့ ။ ခက်တာက ရွာကို ကုန်းပေါ်မှာ ထည်ထားတယ်ဆိုတော့ သောက်ရေနဲ့ သုံးရေကို အများသုံး ဘုံရေထွင်းမှာ ခပ်ကြရပါတယ် ။ ချိုးရေကျတော့ ယောချောင်းကိုပြေးပေါ့ ။ ဒီဒေသမှာ ယောချောင်းကြီးရှိနေတာကလည်း သူတို့ အတွက် သဘ၀က ပေးထားတဲ့ အဖိုးထိုက် အဖိုးတန် လက်ဆောင်တစ်ခုပါပဲ ။ ဒါကြောင့် နီးနားပတ်ဝန်းကျင်ရှိ ရွာ 8 ရွာလောက်ဟာ ယောချောင်းကြီးကိုအမှီပြုပြီးနေကြပါတယလို့ သိရပါတယ် ။ မြေဆီလွာကတော့ ဘယ်လိုအပင်မျိုးဘဲ စိုက်စိုက် ဖြစ်ထွန်းပုံရတယ် ။ ဒီတေတာ့ ရေကလည်းပေါ ၊ မြေဆီလွှာကလည်းကောင်းဆိုတော့ ရွာပတ်ဝန်းကျင် ရှိသမျှ မြေပေးမှာ စပါး ၊ ကြပ်သွန် ၊ ပဲမျိုးစုံနဲ့ နေကြာစိုက်ခင်းကြီးတွေ ကို မြင်နေရပါတယ် ။ ဒါပေမယ့် ကျတော်တို့ အောက်ပြည်မှာလို စိုးပျိုးမြေ ကျယ်ကျယ်ဝန်းဝန်းမရှိတာကတော့ တော်တော်ဆိုးပါတယ် ။ တောင်သူတွေကလည်း ၀မ်းစာလောက်သာစိုက်ပျိုးရတယ်ဆိုတော့ စီးပွားဖြစ်ထွန်းမှုနည်းပါးကြပါတယ် ။ ကျတော့် သူငယ်ချင်းပြောပြချက်အရ ရွာမှာ ရှိတဲ့ လူဦးရေ 25 ရာခိုင်နုန်းသာ လယ်ပိုင်ရှင် ယာပိုင်ရှင်စာရင်းဝင်ပြီး ကျန် 75 ရာခိုင်နုန်းကတော့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးတဲ့ တောင်သူတွေ သာ ဖြစ်ကြပါတယ်တဲ့ ။

သူတို့ရွာမှာ ဆီကို အဲလို အိုးကြီးနဲ့ ထည့်ပြီးစားကြတယ် .. အိမ်တစ်အိမ် ဆို တစ်လ ဆီ ငါးပိဿလောက်ကုန်တယ်တဲ့
ရွာကို လျှောက်ပတ်ကြည့်ရင်း ဒီရွာရဲ့ ရေရရှိမှု နဲ့ စကားစပ်မိတော့ ရွာနီးတစ်ဝိုက်မှာ ရေအရင်းမြစ် ဖောဖော သီသီရနိုင်လျှက်သားနဲ့ ကုန်းပေါ်မှာ တည်ထားတဲ့ ရွာဆိုတော့ သောက်ရေနဲ့ ချိုးရေ ကို ရွာအနိပ်ပိုင်းမှာ ရှိတဲ့ ရေတွင်းတွေ ကနေ ပင်ပန်းကြီးစွာ သယ်ယူနေရတယ်လို့သိရတယ် ။ ဒါကြောင့် မို့ ရွာမှာ ရှိတဲ့ တစ်ကျောင်းတည်းသော ဘုန်းကြီးကျောင်းရဲ့  ကျောင်းထိုင်ဆရာတော်က ကြီးမှုးပြီး တစ်ရွာလုံး ကိုရေပေးဝေနိုင်အောင် စီစဉ်နေတယ်ဆိုတဲ့ အကြောင်းသိရပါတယ် .။ ကျတော်ကလည်း ဒီရွာကို အလည်လာတဲ့ အခါ ရည်ရွယ်ချက်သေးသေးလေးတစ်ခုကိုပါ ယူခဲ့တာဆိုတော့ စောစောကပြောတဲ့ ရွာဦးကျောင်းဆရာတော်ဆီကို သွားရောက်ဖူးတွေ့ ခဲ့ ပါတယ် ။ ကျတော့် ရဲ့ ရည်ရွယ်ချက် သေးသေး လေး ဆိုတာက ကိုယ်ရောက်ရှိခဲ့တဲ့ ရပ်ရွာရဲ့  ဖွံ့ဖြိုးမှု နဲ့ တိုးတက်ရာ တိုးတက်ကြောင်းဆောင်ရွက်ချက်တွေမှာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာတစ်ခုလောက် နဲ့ ပါဝင် အားဖြည့်ကူညီဆောင်ရွက်ဖို့ ပါပဲ ။ ဆရာတော်က အသက်လေးဆယ်ဝန်းကျင်လောက်သာရှိသေးတဲ့ လူငယ်ဘုန်းကြီးတစ်ပါးဖြစ်ပါတယ် ။ ဆယ်တန်းအောင်ပြီးမှ ဘုန်းကြီးဝင်ဝတ်ပြီး ဒီကျောင်းမှာ ကျောင်းထိုင်ဖြစ်နေတာပါ ။ ဆရာတော်က ရွာကိုရေပေးဝေနိုင်ဖို့ အတွက် ရွာရဲ့ အမြင့် ဆုံးကုန်းမြေအပေါ်မှာ တည်ရှိနေတဲ့ ဘုန်းကြီးကျောင်းပေါ်ကို စက်နဲ့ ရေတင်ပြီး အဲဒီကမှ တဆင့် တစ်ရွာထဲက အိမ် 5 ဆောင်လောက်ကိုရေပိုက်နဲ့ ရေတစ်ငုတ်စီကျ ရေပေးဝေဖို့ စီစဉ်ထားတဲ့ အကြောင်း ၊ ရေကိုလည်း သူ့ အချိန်နဲ့ သူဖြန့် ဖြူးပေးဖို့ စီစဉ်ထားကြောင်း ၊ အဲဒီအတွက် ရေကန်တည်ဆောက်ဖို့ နဲ့ ရေပိုက်သွယ်တန်းဖို့ အတွက် ငွေကျပ် သိန်း 50 နဲ့ အထက်ကုန်ကျမယ်လို့ ခန့် မှန်းရတဲ့ အကြောင်း ၊ အဲဒီ အစီအစဉ် ဖြစ်မြောက်ဖို့ အတွက် အစိုးရ အဖွဲ စည်းတွေကိုရော အစိုးရမဟုတ်တဲ့ အဖွဲ့ စည်းတွေကိုရော အကူညီ တောင်းခံထားပေမယ့် အကြောင်းမထူးတော့ ရွာက ကိုယ်ထူကိုယ်ထ လုပ်ဖို့ အတွက် တဖြည်းဖြည်း ပိုက်ဆံစုနေကြတဲ့ အကြောင်း အမိန့်ရှိပါတယ် ။ အဲဒီမှာ စောစောက ပြောခဲ့ တဲ့ ကျတော့် ရဲ့ ရည်ရွယ်ချက်သေးသေးလေးကို အားဖြည့် ကူညီတဲ့ အနေနဲ့ ရွာရေ ရရှိရေးအတွက် လိုအပ်နေတဲ့ ငွေပမာဏ မှာ နဲနဲလေးကာမိစေဖို့ အလှူငွေ ကျပ်တစ်သိန်း ပါဝင်လှူဒါန်းခဲ့ ပါတယ် ။

ရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် .....
ဘုန်းကြီးကျောင်းနဲ့ ကပ်လျှက်မှာတော့ အတက်တန်းကျောင်း တစ်ဆောင်ကိုတွေ့ ရပါတယ် ။ အထက်တန်းကျောင်းဆိုပေမယ့် ကိုးတန်းနဲ့ ဆယ်တန်း ကိုတော့ အတွဲဘက် အနေနဲ့ သာထားရှိသေးတယ်လို့ သိရပါတယ် ။ ဒီကျောင်းမှာ ကျောင်းသား ကျောင်းသူ 350 ခန့်ရှိကြောင်းသိရပြီး ဆယ်တန်းအောင်ချက် တော်တော်ကောင်းတယ်လို့ ဆိုပါတယ် ။ ပြီးခဲ့ တဲ့ နှစ်က ဒီကျောင်းကနေပြီး လေးဘာသာဂုဏ်ထူးရှင် တစ်ယောက် ပေါ်ထွက်ခဲ့ တယ်တဲ့ ။ ကျတော်ရောက်ရှိနေတဲ့ အချိန်မှာ အနီးနာရွာက ဆယ်တန်း ကျောင်းသားတွေကို ကျောင်းအိပ်ကျောင်းစား နဲ့ ဆရာ ဆရာမတွေက အနီးကပ်ကြပ်မတ်သင်ကြားပြီး စခန်းသွင်းလေ့ကျင့် နေတဲ့ အကြောင်းသိရပါတယ် ။ ဒီတော့ တစ်ခါ ကျောင်းက တာဝန်ရှိတဲ့ ဆရာ တစ်ယောက်ယောက်နဲ့ တွေ့ ပေးဖို့ သူငယ်လချင်းကို အပူကပ်ရပြန်တယ် ။ ကျောင်းအုပ်ဆရာကြီးက ခရီးသွားနေတာမို့ မတွေ့ လိုက်ရဘူး ။ ရွာခံ ကျောင်း ဆရာတစ်ယောက်နဲ့ တော့ တွေ့ ခဲ့ ရပါတယ် ။ ရွာခံဆရာ ဦးအောင်ကျော်လင်းက ကျောင်းနဲ့ ပက်သက်ပြီး ဒီကျောင်းမှာ နီးနားပတ်ဝန်းကျင်ရွာ 7 ရွာက ကျောင်းသူ ကျောင်ကျောင်းသားတွေ လာတက်ကြတဲ့ အကြောင်း ၊ ကျောင်းသားလေးတွေဟာ ပညာကိုလိုချင်လွန်းလို့ မိုးတွင်းမှာဆို ခက်ခက်ခဲခဲ ချောင်းတွေကို လှေတွေနဲ့ ကူးပြီး လာကြရတဲ့ အကြောင်း ၊ ဒီကျောင်းမှာ ရှိတဲ့ ဆရာ ဆရာမတွေကလည်း စေတနာပါပါနဲ့ ကြိုးစားပမ်းစား သင်ကြားပေးကြလို့ သူတို့ နယ်တစ်ဝိုက်မှာ ဒီကျောင်းက ဆယ်တန်းအောင်ချက် Top Ten စားရင်ဝင်လေ့ ရှိကြောင်း ပြောပြပါတယ် ။ ထူဆန်းတာက ကျတော်တို့ ဒေသက ရွာတွေ မှာလို သူငယ်တန်းကစ ကျူရှင်တွေ သင်နေကြတဲ့ ခေတ်မှာ ဒီက ကျောင်းသားတွေ ဟာ ဆယ်တန်း အထိ ကျူရှင် ဆိုတာ ဘာမှန်းကို မသိကြဘဲ ကျောင်းက ဆရာ ၊ ဆရာမ တွေရဲ့ သင်ကြားပြသမှုတစ်ခုတည်းနဲ့ ဆယ်တန်းအောင်ချက်တွေ ကောင်းနေကြတယ်ဆိုတာကိုပါ ။ အောင်ချက်ကောင်းမှာပေါ့ ဆရ ဆရာမတွေက နေ့ ဘက်မှာရော ညဘက်တွေမှာပါ ကျောင်းသားတွေ နဲ့ အတူတူ ကျောင်းမှာ အိပ်ပြီး ကျောင်းသားတွေကို စိတ်ပါလက်ပါနဲ့ လေ့ကျင့် သင်ကြားပေးနေတာကိုး ။ ဆရာ ၊ ဆရာမတွေ မှာ အစိုးရက ပေးတဲ့ လခ အပြင် တခြားအပိုငွေ ရဖို့ မဆိုထားနဲ့ ကျောင်းသားတွေ ညဘက် စားဖို့ သောက်ဖို့ ကြွေးမွေးစရိပ်လေးတောင် အိပ်ထဲက ပြန်ပြီး ပါသွားနိုင်သေးတယ် ။ အခု ညဘက်နဲ့ မနက်စောစော စာကျက်ဖို့ အတွက် မီးစက် မောင်းရတာက တစ်နေ့ ကို ဒီဇယ်ဆီ တစ်ဂါလံ ကုန်ပါတယ်တဲ့ ။ ကျောင်းသားလေးတွေ ညဘက် စာကျက်နေတုန်း အဆာပြေစားဖို့ မုန့် ပဲ သွားရေစာကိုတော့ ကျောင်းသားမိဘတွေ စေတနာပေါက်လို့ လားကြွေးတာတွေတော့ ရှိပုံရပါတယ် ။ ကျတော်လည်း ကျောင်းသားလေးတွေ ညဘက် စာကျက်နေကြတာကို သွားကြည့်ရင်း သူတို့ လေးတွေ ညဘက်စာကျက်အချိန်မှာအဆာပြေ ကော်ဖီနဲ့ မုန့် လိုမျိုး ကြွေးနိုင်ဖို့ နဲ့ တခြားလိုအပ်တဲ့ အသုံးစရိပ်တွေ မှာ နဲနဲ ပါးပါးကာမိစေဖို့ ရွာခံ ကျောင်းဆရာ ဦးအောင်ကျော်လင်း ကနေတဆင့် အလှူငွေ တစ်သိန်း ထပ်ပြီး လှူခဲ့ ပါတယ် ။

လက်ပန်း ရွာခံ ကျောင်းဆရာ ဦးအောင်ကျော်လင်း
ဒီလိုနေရာမှာ ဒီလိုခန့် ခန့် ညားညား အထက်တန်းကျောင်းကြီးတစ်ဆောင် ရှိနေတာဟာ အနီးနားရှိ ရွာတွေအတွက်တော်တော် ကံကောင်းတာပါပဲ ။ မိုးတွင်းလို အခါမျိုးမှာ ရေကြီး ရေလျှံ လွယ်တဲ့ ချောင်းတွေ မြောင်းတွေ ကိုကျော်ဖြတ်ပြီး ကျောင်းလာတက်ကြတဲ့ နီးနားပတ်ဝန်းကျင်ရွာက ကျောင်းသားလေးတွေ ဟာလည်း ချီးကျူးဖို့ အရမ်းကောင်းတယ် ။ ဒီဒေသက ကလေးလေးတွေ ကျောင်းတက်နေရတဲ့ မြင်ကွင်းကို ရန်ကုန်မြို့ မှာ အလုပ်မရှိအလုပ်ရှာ စာသင်ကျောင်းအထိ လိုက်ပြီး ထမင်းခွံ့ ကျွေးနေတဲ့ မိဘတွေကို ဒီအထိ ခေါ်ပြီး ပြချင်လှတယ် ။ ပြီးတော့ ရေစီးသန်လှတဲ့ ချောင်းတွေ ကိုလှေနဲ့ ဖြတ်ကူနေရတဲ့ ကျောင်းသားကျောင်းသူ ကလေးလေးတွေအတွက် အုပ်ချုပ်သူ လူကြီးမင်းတွေက အမှန်တစ်ကယ်လိုအပ်နေတဲ့ နေရာတွေမှာ ချောင်းကူးတံတားတွေ ဆောက်ပေးနိုင်စေဖို့ ကျတော့် အနေနဲ့ ဆုတောင်းမိပါတယ် ။
အပိုင်း ( ၃ ) မှာဆက်ပြီးဖတ်ရှုပေးကြပါရန် .... ( ရန်နောင်စိုး )February 14, 2014 at 1:40pm
Labels:
ခရီးသွား,
ရန်နောင်စိုး
9:47 AM
ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းက စိတ်ဝင်စားဖို့ ကောင်းတဲ့ ယောဒေသကို အောက်ပြည် အောက်ရွာမှနေထိုင်တဲ့ လူတစ်ယောက် အနေနဲ့ အကြောင်းမရှိပဲ သွားရောက်လည်ပတ်ဖို့ ဆိုတာ အိပ်မက်ထဲ မှာတောင်မှ ထည့်ပြီးမက်ဖို့ ခပ်ခက်ခက်ပါပဲ ။ ပြီးတော့ ကျတော်အပါအ၀င် ဒီနိုင်ငံက လူတွေအများစုဟာလည်း ကိုယ်နဲ့ လှမ်းဝေးလှတဲ့ ၊ သွားရေးလာရေးခက်ခဲတဲ့ နေရာဒေသတွေ ဆီကို အကြောင်း တစ်စုံတစ်ရာမရှိဘဲ တကူးတက သွားပြီးတော့ မလည်ပတ်ဖြစ်ခဲ့ ကြပါဘူး ။ တကယ်လို့ သွားဖြစ်ကြတယ်ဆိုရင်လည်း ဒေသခံမိတ်ဆွေ တစ်ယောက်ယောက်က ဖိတ်ခေါ်မှသာ သွားရောက်လည်ပတ်ဖြစ်ကြတာပါ ။ ယောဒေသကို သွားရောက်လည်ပတ်ဖို့ ကျတော်အနေနဲ့ ခက်ခဲ မှုတွေရှိနေပေမယ့် အဲဒီဒေသနဲ့ ပက်သက်ပြီး ကြားဖူးနားဝ သတင်းစကားတွေကတော့ တော်တော်လေးကို ရင်းရင်းနှီးနှီးရှိနေခဲ့ပါတယ် ။ အရင်က သိပ် အမြင်မကျယ်လှတဲ့ လူကြီးသူမတွေက ..ယောနယ်မှာ ရှိတဲ့ သူတွေ အကုန်လုံးဟာ အောက်လမ်း ပညာတွေတတ်ကြတာတဲ့…. ၊ သူတို့ အိမ်ကိုလာလည်တဲ့ တခြားနယ်ကလာတဲ့ ယောင်္ကျားပျိုလေးကိုတောင်မှ ပညာစမ်းချင်ရင် ထိုင်ပြီးထလိုက်တာနဲ့ တင်ပါးမှာ ဖျာကပ်ပြီး ပါလာအောင် လုပ်နိုင်စွမ်း ရှိတာတဲ့…. ..။ ပြီးတော့ သူတို့ ရွာတွေ ကိုသွားရင် သူတို့ရဲ့ ဆေးဝါး ပညာကို ခုခံ နိုင်တဲ့ အစီမံတွေ ၊အဆောင်တွေ လုပ်ပြီးမှ သွားရတာတဲ့…..စသဖြင့် ..ပြောကြဆိုကြတာတွေ ကို ငယ်ငယ်ကတော့ စိတ်ဝင်စားပြီး ယုံကြည်ခဲ့ပါတယ် ။ အခု နောက်ပိုင်းကြီးလာတော့ အဲဒီဒေသတွေ အပေါ်မှာ ပုံစံတစ်မျိုးနဲ့ စိတ်ဝင်စားမှုတွေပိုလာပြီး ရောက်ဖူးချင်တဲ့ စိတ်တွေဖြစ်ခဲ့ ရတယ် ။ နောက်ပြီး ငယ်ငယ် က အိမ်မှာ ရှိတဲ့ ဓာတ်စက်ပေါ်မှာ တင်ပြီး ဖွင့် ရတဲ့ ခေတ်ဟောင်းဓာတ်ပြားထဲက အဆိုတော်ကြီး မအေးမိ ရဲ့  “ ယောမြို့ ကပြန်ခဲ့ တယ် xxxx ဆေးဝါးလည်း သူနာမလည် xxxx အုတ်ရောရောနဲ့ ကျောက်ရောရောနဲ့ မောင်ဒီလိုနေတာကို xxxxx ပျိုအေးမိအံ့သြပါတယ် xxx ယောရီယောရာ ယောဆရာကြီးရယ် ….. ဆိုတဲ့ ယောဆရာ သီချင်းကို ကြိုက်နှစ်သက်တာကလည်း ယောနယ် ကိုစိတ်ဝင်စားမှု ပိုစေခဲ့တာပါပဲ ။ အခုချိန်မှာ သမိုင်းနဲ့ ပက်သက်ပြီး စာလေးဘာလေး ဖတ်ဖြစ်ပြန်တော့ မြန်မာနိုင်ငံ မှာယဉ်ကျေးမှု အစောဆုံး ထူထောင်နိုင်ငံခဲ့ တဲ့ ပျူလူမျိုး တွေရဲ့ မျိုးဆက် လက်ကျန်ဟာ ဒီယောဒေသ တစ်ဝိုက်မှာရှိနေသေးတယ် ဆိုတာနဲ့ ယောနယ်ဒေသက လူတွေ ရဲ့  ပြောစကားတွေတချို့ ဟာ ကျတော်တို့ ထားဝယ်ဒေသ စကားတွေနဲ့  တူတာတွေ ရှိတယ်လို့ သမိုင်းဆရာတွေတချို့ က ပြောကြပြန်တော့ ကျတော့် အနေနဲ့ အဲဒီဒေသကို သွားရောက်လေ့လာ လည်ပတ်ချင်တဲ့ စိတ်က တော်တော်တော်လေးကို ပြင်းထန်နေခဲ့ပါတယ် .။ ဒါပေမယ့် ဘယ်သူ့ ကို အမှီပြုပြီး အဲဒီဒေသကိုသွားရမယ်ဆိုတာကတော့ ကျတော့် အတွက် တကယ့်ပြဿနာပါ ။

ကျတော်ရဲ့ ခရီးသွားဖေါ် ချင်း တိုင်းရင်းသူသားမိ .....
တစ်ခါတလေတော့လည်း ဖေ့ဘုတ်ကြီးကို အရမ်းကျေးဇူးတင်မိပါတယ် ။ ဟုတ်ပါတယ် … ဘယ်လောက်ဝေးတဲ့ နေရာက လူတွေဖြစ်နေဖြစ်နေ ၊ စိတ်တူ ၀ါသနာတူသူတွေ အချင်းချင်း ကို မိတ်ဆွေတွေဖြစ်ခွင့်ပေးတတ်ကြပါတယ် ။ အခု ကျတော့် မှာလည်း ကိုယ့်ရပ်ကိုယ့်ဒေသနဲ့ ဝေးကွာလှတဲ့ ယောဒေသ ကသူငယ်ချင်းတစ်ယောက်ကို အင်တာနက်ပေါ်က လူမှုကွန်ယက် အကူညီနဲ့ ခင်မင်ခွင့် ရနေပါပြီ ။ အဲဒီလို ခင်မင်ခွင့် ရတဲ့ ယောဒေသ ဇာတိဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ဟာ ပြီးခဲ့ တဲ့ နှစ်လခန့်က နိုင်ငံခြားကနေ ရန်ကုန်ကို ဆိုင်းမဆင့် ဗုံမဆင့် ပဲ ပေါက်ချလာတော့ တယ် ။ သူက ကျနော်ရောက်ချင်နေတဲ့ ယောဒေသ ကို အရှင်လတ်လတ်ကြီး ပို့ ဆောင်ပေးနိုင်တဲ့  မိုးနတ်မင်းကြီးပဲဆိုပါတော့ ။ မိုးနတ်မင်းကြီး ..အဲ ……ယောနယ်သား သူငယ်ချင်းက ကျတော့် ဆီမှာ တစ်နေ့တာ ၀င်နားပြီး သူ့ဒေသအပြန်မှာ ကျတော့် ကိုပါ တစ်ခါတည်းသူနဲ့ လိုက်ခဲ့ ဖို့ ဖိတ်ခေါ်ပါတယ် ။ ကျတော်လည်း ရုတ်တရက်ဆိုတော့ ဘာမှ မပြင်ဆင်ရသေးတာနဲ့ မလိုက်ဖြစ်ခဲ့ပါဘူး ။ နောက် မှ အလုပ်တွေ ရှင်းလင်းပြီး လိုက်ခဲ့ ဖို့ ကတိပေးလိုက်ပါတယ် ။ ကတိသာပေးလိုက်ရတယ် .သူ့တို့ ဒေသကို သွားဖို့ ခရီးစဉ်ကို တော်ရုံနဲ့ မဆွဲနိုင်ဘဲ အချိန်သာ နှစ်လ လောက်ကြာသွားခဲ့ တယ် .။ ဒီအကြားထဲ သူက ဖုန်းဆက်ပြီး ကျတော့်ကို မလာသေးဘူးလား ၊ ဘယ်တော့ လာမှာလဲ ၊ သူ ရွာမှာရှိတုန်း ဖြစ်အောင်လာပါ ..ဆိုပြီး ဖုန်းနဲ့ လှမ်းလှမ်းပြီး ခေါ်နေတော့ တာပါပဲ ။
ကျတော်မှာလည်း “ မောင်ဖိုးခ ကလည်း စေတနာ ၊ ငါကလည်း ခပ်ဆာဆာ “ ဆိုတဲ့ ထားဝယ် စကားပုံ တစ်ခုထဲ ကလို သွားချင်လှတဲ့ ဒီခရီးကို လာရောက်ဖို့ လှမ်းဖိတ်တဲ့ သူကလည်းရှိနေတော့ အရမ်းကို ရောက်ဖူးချင်လှတဲ့ ယောနယ် ဘက်ကို ခရီးသွားဖို့ ပြင်ဆင်ရပါတော့ တယ် ။ ဒါပေမယ့် ဘုရား ချည်းဘဲ ဖူးနေလို့ ကလည်း မဖြစ်သေးပြန်တော့ လိပ်ဥ တူးဖို့ကိုပါ စီစဉ်ရသေးတယ် ။ ဒါမှလည်း လိပ်ဥတူးရင်း ဘုရားဖူးရင်း ဆိုတဲ့ စကားနဲ့ ကိုက်ညီပြီး အိမ်ကနေထွက်လို့ ကောင်းမှာကိုး ..။ တစ်ကယ်တော့ ဘုရားဖူးချင်လို့ လိပ်ဥ ကိုပါ ရှာပြီး တူးခဲ့တဲ့ သဘောပါပဲ ။

ကျတော့်ကို ကျောက်ထု အရောက်ပို့ ဆောင်ပေးခဲ့ တဲ့ ဇလပ်ဖြူ ဟိုင်းဝေး ဘာစ်ကား
ပထမ ရန်ကုန်ကနေ ထွက်လာတော့ သူငယ်ချင်းနဲ့ ချိန်းထားတဲ့ ရက်ထက် 1 ရက်စောပြီး ထွက်လာခဲ့ ပါတယ် ။ ပခုက္ကူ မှာ အလုပ်ကိစ္စ နဲ့ ပက်သက်ပြီး လုပ်စရာ ရှိတာလေးတွေ လုပ်ဖို့ ပါ ။ နောက်တစ်နေ့ မှာ တည်းခိုခန်းကနေ စောစော ထပြီး ပြီး ကျောက်ထုမြို့ ကိုသွားမယ့်ကားဂိတ်ရှိရာကို မနက် 8 နာရီခွဲ ကိုအရောက်သွားခဲ့ တယ် ။ သွားရမယ့် ခရီးစဉ်က ပခုက္ကူ မှ ကျောက်ထု ၊ တစ်ခါ အဲဒီကျောက်ထု မှ ခြောက်မိုင် လောက်ဝေးတဲ့ လက်ပန်း ဆိုတဲ့ ရွာလေးကိုပါ ။ ကားလက်မှတ် ၀ယ်တုန်းကတော့ မနက်ကိုးနာရီ ကားထွက်မယ်လို့ ပြောထားခဲ့ပေမယ့် ဂိတ်ရောက်တဲ့အခါမှာ မုံရွာက လာတဲ့ ခရီးသည်တွေကိုစောင့် ပြီး မှ ထွက်မှာ မို့လို့ နောက်တစ်နာရီ နောက်ဆုတ်ပြီး မှ ထွက်မယ်လို့ သိရပါတယ် ။ မနက် အစောကြီး ထပြီး ပြင်ဆင်ခဲ့ ရတဲ့ ကျတော့် မှာ တော်တ်ေလေးကို စိတ်မောသွားပါတယ် ။ စီးရမယ့် ကားက မင်းတပ် - မတူဘီ အထိ သွားမယ့် ကားဖြစ်ပြီး ကျတော့် က ကျောက်ထု ကို အရောက် လမ်းခုလပ်မှာ ဆင်းနေခဲ့ ရမှာ ဖြစ်တယ် ။ ဂိတ်မှာ ဒီတိုင်းထိုင်ပြီး ကားထွက်မယ့် အချိန်စောင့် နေခဲ့တာ 10 နာရီထိုးလည်း ကားက မထွက်ဘူး ။ ပိုနေတဲ့ အချိန်လေးမှာ လက်ဖက်ရည်ဆိုင်ကိုတောင် မှ မထွက်ဝံ့ဘူး ။ ဒီအတိုင်းဘဲ ကျတော်နဲ့ အတူ ခရီးသွားရမယ့် မျက်နှာစိမ်း ခရီးဖော်တွေကိုအကဲခပ် ရင်နဲ့ ပဲ အချိန်ဖြုန်းနေလိုက်ရပါတယ် ။ အဲဒီလို စောင့်ရင်းနဲ့ နေ့လည် 11 နာရီထိုးကာမှ ပခုက္ကူကနေ ကားစထွက်ပါတော့ တယ် ။
ကျွန်တော် စီးလာတဲ့ ကားက တော်တော် ကောင်းတယ်လို့ ဆိုရပါမယ် ။ အဲကွန်းလွတ်ပေးထားတဲ့ မှန်လုံကား အလတ်စားလေးပါ ။ ကားကလည်း အသစ်စက်စက် လေး ။ ဒီခရီးကို သွားဖို့ သူငယ် ချင်းကို အကြိုးအကြောင်း မေးတုန်းက အဲကွန်းပါတဲ့ မှန်လုံ ကားကိုတော့ မမျော်လင့်နဲ့ အစ်ကိုကြီးရေ ..ဒီဒေသမှာတော့ ရိုးရိုး မှန်လုံတွေဘဲ ဆွဲကြတာတဲ့ ။ အခု ကျွန်တော် စီးလာတဲ့ မင်းတပ် မတူပီ လိုင်းကို ဆွဲတဲ့ ဇလပ်ဖြူဆိုတဲ့ ကားသင်းကို ရွေးခဲ့ မိတာ တော်တော်ကို ကံကောင်းတာပါပဲ ။

ပခုက္ကူမြို့ မှ အထွက်
ကားစထွက်တော့ ခရီးသည်က အပြည့်မပါဘူး ။ လူလေးဆယ်လောက် ဆန့်တဲ့ ကားမှာ လူ 12 ယောက်ပဲ ပါ တော့ ကားက စီးရတာ တော်တော်လေးချောင်ပါတယ် ။ နောက်ပြီး ပစ္စည်းတွေကလည်း ကား တစ်ဝက်လောက် နီးနီးတော့ တင်ထားသေးတယ် ။ ကျတော်နဲ့ အတူ စီးလာတဲ့ ခရီး သည်တွေကတော့ ချင်းတိုင်းရင်းသားက အများစုဖြစ်ပြီး ဗမာ ဆိုလို့ ကျတော် အပါဝင် 3 ယောက်လောက်ဘဲရှိမှာပါ ။ ခရီးသည်တွေ အချင်းချင်းကတော့ ဖော်ရွေ ကြပါတယ် ။ ရန်ကုန်-မန္တလေး လမ်းခရီးက အဆင့်မြင့် ကားကြီးတွေ ပေါ်မှာ ပါလာတဲ့ အဆင့်တန်းမြင့်လား မမြင့်လား မသိတဲ့ ခရီးသည်တွေလို မေးလိုက်ရင် မသိသလိုလို မပြောချင်သလို ပြောချင်သလို ပုံစံမျိုးတွ မဟုတ်ကြဘူး ။ ကျတော့်လို ဒီဒေသ ကို မရောက်ဖူးသေးတဲ့ ခရီးသည် တစ်ယောက်ရဲ့ မေးမြန်းမှု တွေကို စိတ်လိုလက်ရ သူတို့ သိသလောက် စိတ်ရည်လက်ရှည် ဖြေကြားပေးကြရှာပါတယ် ။ ထူးဆန်းတာက မေးလိုက်တဲ့ သူတော်တော် များများက သူတို့ သွားနေကြ ခရီး တစ်လျှောက်မှာ ရှိတဲ့ မြို့ ရွာတွေရဲ့ ခရီး မိုင် အကွာဝေးကို သိပ်ပြီး မပြောနိုင်ကြတာပါပဲ ။
ကျတော် စီးနင်းလိုက်ပါလာတဲ့ ဇလပ်ဖြူ ကားလေးဟာ ပခုက္ကူမြို့ ကနေ အနောက်ဖက် စူးစူး ကို ထိုးပြီး ထွက်လာနေပြီဆိုတာကို ကျတော့် အိုင်ပက်ပေါ်က GPS မြေပုံ မှာ ပြနေတာမို့ သိရပါတယ် ။ မြို့ ကနေ ထွက်လာပြီ ဆိုတာနဲ့ အညာဒေသရဲ့  ထုံးစံအတိုင်း မြေပြင်တခုလုံး ကြေးနီရောင်သန်းလို့ ပူပြင်းချောက်သွေ့ တဲ့ လက္ခဏာတွေက ထင်ဟပ်လို့ပါပဲ ။ ဒါပေမယ့် သစ်ပင်ကြီးတွေကတော့ စိုစိုပြေပြေနဲ့ ကြည့်ကောင်းနေပါသေးတယ် ။ ပူပြင်းချောက်သွေ့ ဆုံးအချိန်ကို မရောက်သေးလို့ လားတော့ မသိဘူး ။ ကားလမ်းတွေကတော့ တော်တော် လေး ကောင်းတယ်လို့ ဆိုရပါမယ် ။ ပခုက္ကူကနေထွက်လာပြီး 17 မိုင် လောက် အရောက်မှာတော့ ကမ္မ စံပြကျေးရွာ ကိုရောက်ပါတယ် စံပြရွာ ဆိုပေမယ့် မြို့ ငယ်လေး တစ်မြို့ လိုပါပဲ ။ တိုက်တာအဆောက်အဦ ပုံစံတွေဆိုရင် ပခုက္ကူ မြို့ ထက်တောင် မှခေတ်မှီတယ်လို့ ဆိုနိုင်ပါသေးတယ် ။ တချို့ ခရီးသည်တင် ကားလိုင်းတော်တော် များများဟာလည်း ကံမ္မကနေ မန္တလေး လို ရန်ကုန်လို မြို့ ကြီးတွေကို ပြေးဆွဲနေတဲ့အကြောင်း ကားသင်းကြေငြာဘုတ်များကို ကြည့်ရုံနဲ့ သိသာပါတယ် ။ ပုဂံ ညောင်ဦး နဲ့ ဧရာဝတီ မြစ်ခြားပြီး တဖက် တစ်ချက်မှာ တည်ရှိတဲ့ မြစ်ချေ ကိုလည်း ဒီကမ္မ ကနေလမ်းခွဲတယ်လို့ သိရတယ် ။ တချို့ အစိုးရ ဌာများရဲ့ ဆိုင်းဘုတ် တွေမှာ ကမ္မ - မြစ်ချေ မြို့ နယ်ဆိုပြီး ရေးထားတာကိုဖတ်ရသလို ကံမ္မ -ပခုက္ကူ မြို့ နယ်လို့ ရေးထားတာကိုလည်းဖတ်ရပါသေးတယ် ။

ရေပြာ နားမှ ယောချောင်း ...
ကံမ္မကို ကျော်လာပြီး 33 မိုင်နားလောက်ရောက်မှာ “ရေပြာ” ကိုရောက်ပါတယ် ။ ရေပြာ ကတော့ ပုသိမ် - မုံရွာ ကားလမ်းနဲ့ အခု ကျတော် သွားနေတဲ့ ကျောက်ထု- မင်းဒပ်- မတူဘီ ကားလမ်းဆုံတဲ့ နေရာမှာ ရှိနေလို့လားမသိဘူး အတော်လေးကို စည်ကားပါတယ် ။ ရေပြာကို ကျော်ပြီးတာနဲ့ သိပ်မကြာခင် ယောချောင်းကြီးကို ဖြတ်ရတယ် ။ ချောင်းထဲအထိ ကားအစင်းလိုက်ထိုးဆင်းပြီး ဖြတ်ရတာပါ ။ ယောချောင်းလို့ သာပြောတယ် ကျတော်တို့ ဆီက ထားဝယ်မြစ်ထက်တောင် ပိုပြီး ကျယ် မလားဘဲ ။ နွေအခါမှာ ချောင်းရေက နည်းနည်းလေးပဲ ကျန်နေတော့ ကားနဲ့ တစ်ခါတည်း ချောင်းထဲ ဖြတ်မောင်းလို့ လွယ်ကူပါတယ် ။ မိုးတွင်းဆို လှေတွေ နဲ့ ဖြတ်ကူးကြတာလားမသိဘူး ။ ချောင်းအကျယ်ကြီးထဲမှာ ရေစီးနေတဲ့ နေရာက နည်းနေပြီး အများစုဖြစ်တဲ့ ကုန်းပေါ်နေတဲ့ နေရာတွေ မှာတော့ ကြက်သွန်ခင်းတွေ နဲ့ အပြည့်လို့ပါဘဲ ။ အဲဒီလို ကျောက်စရစ်ဆန်တဲ့ မြေပေါ်မှာ ကြက်သွန်ပင်တွေ ဖြစ်ထွန်းနေတာကို ကျတော်ကတော့ အတော်လေး အံ့သြနေမိတယ် ။ စီးဆင်းနေတဲ့ ရေတွေက စိမ့်စမ်းရေလို ကြည်လင်တောက်ပနေတော့ ငယ်ငယ်တုန်းက ချောင်းနားရောက်ရင် ဝေးဟေးဟေး ဆိုပြီး ရေထဲ တစ်ရှိန်ထိုးကို ခုန်ဆင်းပြီး ရေထဲပြေးဆော့ခဲ့ ဖူးတာကိုလည်း လွမ်းမိသလိုလိုဖြစ်လာပါသေးတယ် ။ အခုတော့ ရေပြင်ပြာလဲလဲကြီးကို ကားပေါ်ကနေပြီးတော့ပဲ အမိအရ ဓာတ်ပုံတွေ ရိုက်ယူရင်း ကြေနပ်လိုက်ရတယ် ။ ကျတော်တို့ ချောင်းကြီးထဲကိုဖြတ်သွားနေစဉ်မှာတော့ ယောချာင်းကူး တံတား ( ရေပြာ ) ဆောက်လုပ်မှုလုပ်ငန်းတွေကိုတွေ့ ရသေးတယ် ။ ချောင်းရဲ့  ရေမရှိတဲ့ အပိုင်းတွေ မှာ ဆောက်လုပ်ရေးသမားတွေ ရဲ့ ယာယီ တဲလေးတွေ နဲ့ ရွာတစ်ရွာစာလောက်ကို စည်းကားနေတော့ တာပါပဲ .။ ဒီယောချောင်းကူး တံတားကို လာမယ့် မိုးရာသီအမှီ ပြီးအောင် ဆောက်လုပ်နိုင်မယ်မထင်ဘူး ၊ အခုမှ တံတား တိုင်ထူရုံဘဲ ရှိပါသေးလို့ပါ ။

ယောချောင်းအတွင်းမှ မြင်ကွင်းကြယ်
ယောချောင်းကို ဖြတ်ပြီးတာနဲ့ သိပ် မကြာခင် ပခုက္ကူ မြို့ ကနေ 45 မိုင်လောက်အကွာ လောက်မှာ ပေါက်မြို့ ကိုရောက်ပါတယ် ။ ပေါက်မြို့ ဟာ မြို့ နယ်ရုံးစိုက်ရာ မြို့ တစ်မြို့ ဖြစ်ပြီး ဈေးနားဝန်းကျင်မှာ တော့ လူသွားလူလာ အတော်လေး စည်ကားတာကိုတွေ့ ရတယ် ။ မြို့ လေးက ငယ်ပေမယ့် ဒေသထွက်ကုန်တွေ နဲ့ အထိုက်လျှောက် စီးပွားဖြစ်ထွန်းတဲ့ မြို့ တစ်မြို့  ဖြစ်ပုံရပါတယ် ။ ပေါက်မြို့ က နေကျော်ပြီးသိပ် မကြာခင်မှာ ရေအကုန်လုံး နီးပါးခန်းချောက်နေတဲ့ ယောချောင်းကြီးကို ထပ်ပြီးဖြတ်ရပြန်တယ် ။ အဲဒီလို မကြာခဏ ဒီချောင်းကြီးကို ဖြတ်ပြီး မှ ပေါက်မြို့ တည်ရှိနေတာကိုလည်း အံ့သြမိပါတယ် ။ ကျတော်စိတ်ထဲမှာ ….တကယ်ဆို ဒီလို ကျယ်ပျံ့ လှတဲ့ ချောင်းကြီးကို ခဏ ခဏမဖြတ်ဘဲ အရင်က မြို့ တည်သူတွေက ဘာဖြစ်လို့ မရှောင်းကွင်းဘဲ ဒီမြို့ ကို တည်ရတာပါလိမ့် ……ဆိုပြီး စိတ်ထဲမှာဘ၀င်မကျချင်သလိုလိုပါ. ။ တကယ်တော့ ….ဒီအတွေးက လက်ရှိ ဒီဖက်ခေတ်ကနေပြီး ကျတော့် အနေနဲ့ အရှေ့ အနောက် မစဉ်းစားဘဲ တွေးခဲ့မိတာပါ ။ အမှန်မှာတော့ အခု ကျတော် ဖြတ်သန်း နေတဲ့ ကားလမ်းဟာ အရင်က ရှိခဲ့ တာမှ မဟုတ်ပဲ ။ အရင်က လူတွေဟာ မြို့ ရွာတည်ရင် မြစ်ကမ်းနဘေး ၊ ချောင်းကမ်းနဘေးမှာသာ တည်လေ့ရှိပြီး အဲဒီ မြစ်တွေ ချောင်းတွေ ကိုပဲ အားကိုးအားထားပြုပြီး သွားလာကြရတာကလား. ။ ဒီတော့ အခုလက်ရှိ လမ်းတွေ အတွက် ဘယ်ထည့်စဉ်းစာလိမ့် အုံးမလဲ ။ ဒီမြို့ ကို တည်တဲ့ ရှေးလူကြီးတွေ နေရာရွေးမှန်သားပဲ ဆိုပြီး ကိုယ့် အတွေးနဲ့ ကိုယ် သဘောကျနေမိတယ် ။ ပြီးတော့ စောစောက မြို့ တည်တဲ့ ရှေးလူကြီးတွေ ကို ဒီချောင်းကြီးကို ဖြတ်ရတဲ့ ဒုက္ခက လွတ်ကင်းအောင် မြို့ ကိုရှောင်ကွင်းပြီးတည်ပါတော့လား ဆိုပြီး အပြစ်တင်တဲ့ အတွေးတွေ ၀င်မိတာကို လည်း ရှက်သလိုလို ဖြစ်နေမိပါတယ် ။

ပေါက်မြို့  .
ပေါက်မြို့ ကိုကျော်ပြီးတာနဲ့ ပတ်ဝန်းကျင်ဟာ သိသိသာသာ စိမ်းလန်း စိုပြေလာတာကို သတိထားမိပါတယ် ။ ကျတော်စီးလာတဲ့ ကားကလည်း တောင်ကုန်း ပေါ် တဖြည်းဖြည်း တက်စပြုလာနေပြီဆိုတော့ ချင်းတောင်တန်းနဲ့ ဆက်စပ်နေတဲ့ ပုံတောင်ပုံညာ တောင်တန်းနဲ့ နီးလာပြီဆိုတာကိုလည်း သတိပြုမိလိုက်တယ် ။ ကားထဲမှာ ပခုက္ကူမြို့ ထွက်စ ကတည်းက နားမခံသာလောက်အောင် အသံကျယ်ကြီးဖွင့် လာတဲ့ ကကက်ဆက်သံကလည်း ပတ်ဝန်းကျင်လေ့လာရင်း အတွေးနယ်ချဲ့ လာတဲ့ ကျတော်ကို အနှောက်ယှက်လို့ ကောင်းတုန်းပါ ။ ကားဆရာကို အသံတိုးပေးဖို့ လည်း မပြောဝံ့  ။ ကိုယ်က ဒီခရီးကို အခုမှ သွားဖူးပြီး ခရီးသည် တစ်ယောက်ရဲ့ အခွင့် အရေးတွေ ဘာတွေ သွားပြောနေလို့ကလည်းမဖြစ်ပြန် ။ အဲဒီလိုဖွင့်ပေးထားတာဟာ ဒီခရီးကို သွားနေကျ လူတွေ ရဲ့ အကြိုက်ကို လုပ်ပေးထားတာ နေမှာဘဲလေ..ဆိုပြီး နားလည်ပေးထားရပါတယ် ။ နောက်ဆုံးတော့ အကြံ တစ်ခုရတာနဲ့ တစ်ရှူးစ နှစ်စကိုလုံးချေပြီး နားနှစ်ဖက်မှာဆို့ထားလိုက်တော့ မှနားဝမှာ နေသာထိုင်သာရှိသွားပြီး ပတ်ဝန်းကျင်ကို သေချာဂရုစိုက်နိုင်တော့ တယ် ။

ပေါက်မြို့  အလွန် ..
ပုံတောင်ကို စတင်ပြီး တက်နေပါပြီ ။ ပုံတောင်ဒေသဟာ အောက်ပြည်က ကျတော်တို့ ဒေသနဲ့ တော်တော် တူပါတယ် ။ သစ်ပင်ကြီး သစ်ပင်ငယ် တွေနဲ့ အုပ်ဆိုင်းနေပြီး တချို့ နေရာတွေ မှာဆိုရင် နေရောင်တောင် မပေါက်ပါဘူး ။ တောင်ကို ပတ်ပြီး ကားလမ်းဖောက်ထားတာဟာလည်း ကျတော်တို့ ထားဝယ်ကို သွားရာ မလွှဲတောင် လမ်းနဲ့ အတော်ကိုတူလှတယ် ။ တစ်ကယ်လို့ များ တန်ခိုးရှင် တစ်ယောက်က ကျတော့် ရဲ့ မျက်လုံးအစုံကို ပိတ်ပြီး ဒီနေရာမှာ လာပြီး ချထားခဲ့တယ်ဆိုရင် မျက်စိဖွင့် ပြီး ကြည့်လိုက်စဉ် တစ်ခဏမှာတော့ စောစောက ကျတော်ပြောခဲ့ တဲ့ ထားဝယ်ကိုသွားရာ မလွဲတောင်လမ်းလို့ပဲ မုချ ထင်မိမှာပါ ။ တောင်တက်လမ်း တစ်လျှောက် မြင်နေရတဲ့ သစ်ပင်တွေကိုလည်းကြည့်ပါအုံး ။ ကျတော်တို့ ဒေသမှာ ပေါက်နေတဲ့ အပင်မျိုးစာတွေ ချည်းပါပဲ ။ တောင်ထိပ် မရောက်ခင် တစ်နေရာမှာတော့ အပေါ်စီကနေ တောင်ကမ်းပါးတစ်နေရာကို လှမ်းမျော်ကြည့်မိပါတယ် ။ အခုတလော ဖေ့ဘုတ်မှာ သတင်းတွေ ပြန့် နှံ့နေတဲ့ ဘာစက်ရုံ ညာစက်ရုံရှိတယ် ဆိုတဲ့ နေရာကိုပါ ။ ကျတော် ကြည့်တဲ့ အချိန်က အဲဒီ သတင်းတွေ ဂျာနယ်တွေနဲ့ အင်တာနက် ဖေ့ဘုတ် စာမျက်နှာတွေအပေါ်မှာ မပျံ့ နှံ့သေးပါဘူး ။ ဒေသခံ သူငယ်ချင်းက တစ်ခါပြောဖူးလို့ သာကြည့်ဖြစ်လိုက်တာပါ ။ ကျတော့် အနေနဲ့ တောင်ကြီးကို ဖြိုထားတဲ့ တောင်နံရံကြီးကို အဝေးက နေ လှမ်းမြင်ရတာကလွဲလို့ ဘာမှလဲ မမြင်ခဲ့ရပါဘူး ။

ပုံတောင်ထိပ် တစ်နေရာ
အခု ကျတော်ရောက်နေတဲ့ ပုံတောင်ပုံညာ ဒေသဆိုတာ မြန်မာ့ သမိုင်းအတွက် သာမက ကမ္ဘာပေါ် ရှိလူသား မျိုးနွယ် တစ်စုလုံး ရဲ့  သမိုင်းတစ်စိတ်တစ်ဒေသကို ဖော်ထုတ်ပေးနိုင်ခဲ့ တဲ့ နေရာဖြစပ်ပါတယ် ။ ဒီနေရာ ဒီဒေသကြောင့် မြန်မာကို ကမ္ဘာက ပညာရှင်များစိတ်ဝင်စားလာကြတယ် ။ ကျတ်ာတို့ မြန်မာတွေ အနေနဲ့ ကတော့ ဒီဒေသအတွက် တစ်ကယ့် ကိုဂုဏ်ယူစရာပါ ။ ကားလမ်းနဘေး တောင်နံရံတွေ မှာမှာတော့ ကျောက်လိုလို မြေလိုလို အလွှာတွေ နေရာအနှံ့မှာတွေ့ရပါတယ် ။ ပခုက္ကမြို့ မှ 64 မိုင်ဝန်းကျင်လောက်မှာ ပုံတောင်ထိပ်ကိုရောက်ပါတယ် ။ တောင်ထိပ်မှာတော့ စေတီတစ်ဆူနဲ့ နတ်ရုပ်တွေ ထားရှိတဲ့ နနတ်နန်းတစ်ခု ကိုကားပေါ်ကနေ လှမ်းမြင်ခဲ့ ရပါတယ် ။ တချို့ ခရီးသည်တင်ကားတွေ နတ်နန်းမှာ ဦးတင်ပြီးမှ လိုရာခရီးကို ဆက်လက်ထွက်ခွာလေ့ရှိကြောင်း ဒေသခံ သူငယ်ချင်းက ပြောဖူးပေမယ့် ကျတော်စီးလာတဲ့ ကားက မရပ်ပါဘူး ။ ကားပိုင်ရှင်က ခရစ်ယာန်ဘာသာဝင်မို့ လို့ အဲတာတွေကို မယုံကြည်တာလားတော့မပြောတတ်ဘူး ။

ပုံတောင်ထိပ်စေတီ
တောင်ထိပ်ကနေ ကားစဆင်းလာပြီး တောင်ပေါ်မကျ မြေပြန့် မကျ တောင်ကျော တစ်နေရာက “တပြင်း” ဆိုတဲ့ ရွာလေးကိုအရောက်မှာ ခရီးသည်များ နေ့လည်စာ ထမင်းစားဖို့ ကားရပ်ပေးပါတယ် ။ နေ့လည်စာ လို့သာဆိုရတယ် အချိန်ကြည့်တော့ ညနေ 3 နာရီထိုးနေပါပြီ ။ ဗိုက်က တအားကိုဆာနေတာနဲ့ စားပွဲအလွတ်တစ်ခုမှာ ၀င်ထိုင်လိုက်တယ်ဆိုရင်ဘဲ ဆိုင်ရှင်ကောင်မလေးက အနည်းဆုံး သုံးယောက်လောက် စားပွဲတစ်ခုထည်းမှာ စုပြီး ထိုင်ပေးဖို့ တောင်းဆိုလာပါတယ် ။ ဘာဖြစ်လို့ ပါလိမ့် ဆိုပြီး စိတ်ထဲ မှာတော့ ဖြစ်မိပါတယ် ။…ဒါပေမယ့် မတတ်နိုင်ဘူးလေ..သူတို့ နေရာဆိုတော့ သူတို့နဲ့ အလိုက်ထိုက်ပေါ့ ..ဆိုတွေးပြီး ကျတော် မထိုင်ခင်ကထည်းက ခပ်တည်တည်နဲ့ ( သပ်သပ်ရပ်ရပ် ၀တ်စားထားပြီး အသက် 40 လောက်ရှိတဲ့ ပညာတတ် ချင်း တိုင်းရင်းသားတစ်ယောက် ဖြစ်ပုံရပါတယ် ) လူတစ်ယောက် ထိုင်နေတဲ့ စားပွဲ တစ်ခု မှာ အသာလေးဝင်ထိုင်လိုက်ပါတယ် ။ ကိုယ်နဲ့ ထမင်း အတူတူစားရမယ့် သူနဲ့ တော့ တစ်ယောက်ကိုတစ်ယောက် မသိပေမယ့် အနည်းဆုံး မျက်လုံးလေးနဲ့ တော့ ပြုံးပြီး နှုတ်ဆက်သင့် တယ်ထင်လို့ အဲဒီပုဂ္ဂိုလ်ရဲ့ မျက်နှာ ကိုကြည့်လိုက်တော့ ကိုယ်တော်ချောက ခပ်တည်တည်လုပ်နေပါတယ် ။ ဒီတော့လည်း ကိုယ့် မျက်နှာကျောကို သပ်ပြီး အသာလေး နေလိုက်ရတာပေါ့ ။ လာချပေးတဲ့ ဟင်းခွက်တွေက စုံလင်လှတော့ စားပွဲ တစ်ခုလုံးပြည့်လုမတတ်ပါပဲ ။ ဟင်းတွေ ထဲ မှာ ကြက်သား ၊ ၀က်သား ၊ ငါး ၊ တောကောင်တစ်မျိုးမျိုးကို ချက်ထားပုံရတဲ့ ဟင်းတစ်မျိုး ၊ ပြီးတော့ ကလီစာဟင်းတွေ နဲ့ အရံဟင်းတွေကိုတော့ မမှတ်မိတော့ ပါဘူး ။ ဒီတော့ မှ ဒီတမင်းဆိုင်ဟာ ဘူဖေး ပုံစံနဲ့ ရောင်းတဲ့ဆိုင်ပါလား ဆိုပြီး သဘောပေါကလိုက်ရတယ် ။
ထမင်းစားတာ့ မယ်ဆိုတော့ ဒုတိယအကြီမ် ခပ်တည်တည်လုပ်နေတဲ့ ကိုယ်တော်ချောကို တချက်ကြည့်လိုက်တဲ့ အချိန်မှာ ထမင်းပန်းကန်ကိုကိုင်ပြီး ဘုရားဆုတောင်းနေတာ မြင်ရတော့ ခရစ်ယာန်ဘာသာဝင်တစ်ယောက် ဖြစ်မှာဘဲလို့ တွေးလိုက်ပြီး သူဆုတောင်းစာရွတ်ပြီးတဲ့ အချိန်ထိ ထမင်းစမစားဘဲ စောင့်နေလိုက်ပါတယ် ။ ပြီးမှ ကျတော်လည်း ဇွန်းနဲ့ ခက်ရင်းကို စကိုင်ပြီး ထမင်းစ စားဖို့ ပြင်ရတယ် ။ ထမင်းစစားတော့ မယ်ဆိုတော့ ကဲ..စားရအောင် ၊ စားပါ ..ဆိုပြီး တစ်ယောက် ကိုတစ်ယောက် လောကွက် ပြုရင် ကောင်းမလားလို့ တွေးမိပေမယ့် ကိုယ့် လူက ထမင်းကိုသာ ကသိုက်ကရိုက်စားနေတော့ ကျတော်လည်း ဆောင်လောင်လှတဲ့ ကိုယ့်ဗိုက်ကိုဘဲ ခပ်မြန်မြန်လေး ဖြည်နေရတော့တယ် ။ ကိုယ်ရောက်နေတဲ့ ဒေသက ချက်ပြုတ်ထားတဲ့ ဟင်းလျှာအကုန်လုံးကို မြည်းစမ်းချင်ပေမယ့် တဖက်လူနားကပ်ပြီးချပေးထားတဲ့ ဟင်းကိုတော့ လှမ်းပြီး မနိုက်ဝံ့ဘူး ။ သူကလည်းကျတော့် လက်လှမ်းမှီအောင် ဟင်းခွက်ကိုရွှေ့ ပေးတာမဟုတ်တော့ ..တော်ကြာ ဘယ်ရပ် ဘယ်ဒေသက အငတ်ဘေးဆိုက်ပြီး ရောက်လာတဲ့ လူပါလိမ့် ဆိုပြီး ကျတော့် အပေါ်ထင်ရောက်သွားရင် မခက်ပေဘူးလား ။ ဒီတော့ လက်လှမ်း မှီတဲ့ ဟင်းတွေ နဲ့ ပဲကျေနပ်လိုက်ရပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် စုံလင်လှတဲ့ ဟင်းတွေနဲ့ ထမင်း တစ်နပ်စာ ကို1500ကျပ်ပေးရတာ အတော်ကိုတန်တာပါ ။

ထမင်းစား နားတဲ့ တပြင်းရွာ ကျော်ပြီးနောက်မှာတော့ ကျောက်ထုမြို့ ကိုရောက်ဖို့ သိပ်မလိုတော့ ပါဘူးလို့ ခန့်မှန်းမိပါတယ် ။ အိုင်ပက်မှာ ပြနေတဲ့ GPS မြေပုံကလည်း ကျတော်သွားမယ့် ခရီး 75 ရာခိုင်နုန်း လောက်ထိ ရောက်နေကြောင်းပြနေပါတယ် ။ အဲဒီရွာကနေ ဆက်ပြီးထွေက်လာပြီး ကတည်းက တောင်ကုန်းတွေ ကိုမတက်ရတော့ပါဘူး ။ မြေပြန့် ခပ်ပြေပြေ ပေါ်မှာဘဲ ကားလေးက ပြေးနေပါတယ် ။ မြေပြန့် ဆိုပေမယ့် တောင်ပေါ်ဒေသဖြစ်နေတာမို့ သာမန်မြေပြန့်ထက်တော့ ပိုမြင့်ပုံရပါတယ် ။ ပတ်ဝန်းကျင် ကိုကြည့်လိုက်ရင် စိမ်းစိမ်း စိုစိုနဲ့မို့ ကျတော့် စိတ်ထဲ မှာတော့ ကိုယ်မရောက်ဖူးတဲ့ ဒေသ တစ်ခုကိုရောက်နေတယ်လို့ကို မထင်ရဘူး ။ အားလုံးက ကျတော်တို့ အောက်ပြည် အောက်ရွာက ပတ်ဝန်းကျင်ရှုခင်းတွေ နဲ့ တစ်ထပ်တည်းကို ကျနေတော့ တာ. ။ အုန်းပင်တွေ တွေ့ ရတယ် ၊ ၀ါးပင်တွေကိုလည်းတွေ့ ရတယ် ၊ ပြီးတော့ ထန်းပင်တွေ ကိုရောပဲ ။ အဲ …. ထန်းပင်ဆိုလို့ ကျတော်တို့ ဒေသက ထန်းပင်နဲ့ မတူဘဲ ထူးခြားတာလေးကို တွေ့ ခဲ့ ရသေးတယ် ။ ထန်းပင်တွေက အညာဒေသ မှာလို တောလိုက်ပေါက်ရောက်နေတာမျိုးတော့ မဟုတ်ဘူး ။ ကျိုးတိုးကျဲတဲ ပါပဲ ။ ကားလမ်းနဘေး ရွာနဲ့ နီးတဲ့ တချို့ ထန်းပင်တွေမှာ ထန်းပင် ခေါင်းနားကပ်ပြီး ၀ါးလုံးတွေ နဲ့ လင့်စင် လိုလို ငြမ်းလိုလို ဆောက်ထားတာတွေ့ ခဲ့ရပါတယ် ။ စမြင်မြင်ချင်းမှာတော့ ဘာအတွက် အဲသလို တွေ လုပ်ထားကြတာကို သဘောမပေါက်ဘူး ။ ရွာကိုရောက်တော့ မှ ဒေသခံ ဖြစ်တဲ့ ကျတော့် သူငယ်ချင်းကို အသေချာမေးကြည့်ဖို့ စိတ်ထဲ တေးထားလိုက်ရတယ် ။

ကျောက်ထုမြို့ အ၀င်
ကျောက်ထုမြို့ နဲ့ နီးလာလေလေ ရွာလေးတွေ ရွာလေးတွေ တဖြည်ဖြည်း စိတ်စိတ်လာလေလေပါပဲ ။. ရွာနာမယ်တွေက ဖတ်ရတာ နဲနဲ ထောက်သလိုလိုရှိပေမယ့် ကျတော်တို့ တနင်္သာရီ တိုင်းထဲ က မြို့ ရွာနာမည်တွေလို မဟုတ်ပဲ မြန်မာဆန်တဲ့ နာမည်တွေဖြစ်တာကို သတိပြုမိပါတယ် ။ သိပ်မကြာခင်မှာဘဲ ပခုက္ကူကနေ ရေတွက်လာတဲ့ မိုင်တိုင် အမှတ် 78 မိုင်ကျော်ကျာ်လောက်မှာ ကျောက်စရစ်ခဲ ပြင်ကြီးတွေ ပေါ်နေတဲ့ ချောင်းကမ်းနဘေးက “ကျောက်ထုမြို့ မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့ လိုက်ရပါပြီ ။ ဒီနေရာမှာ ကျတော်ပဲ အမှတ်မှားနေသလားတော့ မသိဘူး ။ မြန်မာပြည် ခရီးသွားလမ်းညွှန် 2013 စာအုပ်မှာ ပခုက္ကူမှ ကျောက်ထု ကို မိုင် 90 ဆယ်ခန့် ရှိတယ်လို့ ဖော်ပြထားပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျတော်ရောက်ချင်လှတဲ့ ယောနယ်ထဲ က ကျောက်ထုမြို့ ကိုတော့ အခုရောက်နေခဲ့ပါပြီ ။ ကျောက်ထုမြို့ ကို ဒီဒေသရဲ့ မြို့ ရွာတည်လေ့ရှိတဲ့ ထုံးစံ အတိုင်း ကျောက်တုံးနဲ့ မြေရောနှောနေတဲ့ တောင်ကုန်းကြီးပေါ်မှာ ထည်ထားတာ ဖြစ်ပါတယ် ။ မြို့ နယ်ရုံးစိုက်ရာ မြို့ ဖြစ်ပေမယ့် လည်း ဂန့်ဂေါ ခရိုင်ထဲက ဆောမြို့ လက်အောက်ခံ မြို့ နယ်ခွဲသာဖြစ်ပါတယ်လို့ သိရပါတယ် ။ မြို့ ကို တောင်ပေါ်မှာတည်ထားတာဆိုတော့ ကုန်းတက်ကုန်းဆင်းတော်တော်ကိုပေါများလှပါတယ် ။ ကျောက်ထုမြို့ ကနေ တောင်ဘက်သွားရင် ဆော နဲ့ လောင်းရှည် မြို့ တို့ ကိုရောက်ပါမယ် ။ တခါ ကျောက်ထုကနေ အနောက်ဘက်ကို ဆက်သွားမယ် ဆိုရင်တော့ မင်းဒပ် ၊ မတူဘီအထိ ရောက်တယ်တဲ့ ။

ကျောကိထုမြို့ တွင်းတစ်နေရာ
ဒီနေရာမှာ ကျောက်ထုမြို့ အကြောင်း ကို ခဏထားပြီး ကျတော် ဆက်သွားမယ့် ခရီးအတွက် စီစဉ်ရပါအုံးမယ် ။ ကားသမားက ကျောက်ထု မြို့ လယ်လို့ ထင်ရတဲ့ နေရာရောက်တော့ ကျတော့် ကိုဆင်းဖို့ သတိပေးပါတယ် ။ ဒါပေမယ့် ကျတော့် သူငယ်ချင်း စောင့် နေမယ်လို့ ပြောတဲ့ ဆေးရုံနားမှာဆင်းမယ်လို့ ပြန်ပြောလိုက်ရပါတယ် ။ ပြောမယ့် သာပြောရတယ် အဲဒီဆေးရုံကိုလည်း ကိုယ်ကသိတာမဟုတ်တော့ ကျတော့ ကိုလာကြိုနေမယ့် သူငယ်ချင်းဖြစ်သူရဲ့  မျက်နှာကိုသာ အကွင်းလိုက်ကြီးမြင်ရင်း ရင်ခုန်စွာနဲ့ ကားရပ်မယ့် နေရာအထိ လိုက်ပါခဲ့ရတယ် ဆိုပါတော့ ။
( ခရီးဆက်ပါအုံးမယ် )
ရန်နောင်စိုး February 10, 2014 at 10:03pm
ယောမြို့ ကပြန်ခဲ့တယ် .... ဆေးဝါးလည်း ကျွှန်တော်နားမလည် ( ၁ )
Written By လွင့်မောင်မောင် on Monday, February 10, 2014 | 9:47 AM
![]() |
| ရန်နောင်စိုး - ရေးသည် |

8:36 AM
ကြက်မောက်သီးအခွံက အနီရောင်ရှိပြီး အထဲက အသီးအနှစ်ဟာ အဖြူရာင်သန်းနေပြီး အရသာအနေနဲ့ ချိုမြပါတယ်။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏမှာ ကယ်လိုရီ ၁၂၃၊ အဆီ ၀ ဒသမ ၃ ဂရမ်၊ ဆိုဒီယမ် ၁၇ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၄ ဂရမ်၊ ပရိုတင်း တစ်ဂရမ်တို့ ပါဝင်ကြပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီတို့ ပါဝင်မှု မရှိပါဘူး။ ဒီလို အာဟာရတန်ဖိုးတွေ ပါဝင်တဲ့ ကြက်မောက်သီးကို စားပေးရင် အောက်ပါ ကျန်းမာရေးစွမ်းပကားတွေကို ရရှိစေပါတယ်။
- ကြက်မောက်သီးမှာ သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့ များစွာ ပါဝင်ပြီး ကယ်လိုရီပါဝင်မှု နည်းပါတယ်။ ပျမ်းမျှအားဖြင့် ကြက်မောက်သီး တစ်လုံးမှာ ကယ်လိုရီ ၆၀ လောက်ပဲ ပါဝင်ပါတယ်။ ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပြီး ပိုတက်စီယမ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်း (ဒါမှမဟုတ်) ဗီတာမင်အေ၊ ကယ်လ်စီယမ်နည်းနည်း၊ မဂ္ဂနီဆီယမ်၊ သွပ်(ဇင့်)၊ ဆိုဒီယမ်၊ နိုင်ယာစင်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။
- ကြက်မောက်သီးကို မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ရိုးရာဆေးတစ်လက်အဖြစ် နှစ်ရာပေါင်းများစွာကပင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နာမကျန်းမှုပေါင်း များစွာကို ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။
- ကြက်မောက်သီးမှာ ဗီတာမင်စီနဲ့ ဘီတာကယ်ရိုတင်းတို့ များစွာ ပါဝင်တဲ့အပြင် ဖလေဗိုးနွိုက်လို့ခေါ်တဲ့ အပင်ထွက် အင်တီအောက်ဆီးဒင့်လည်း ပေါများစွာ ပါဝင်ပါတယ်။ ဖလေဗိုးနွိုက်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပြီး ကင်ဆာဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ ဂုဏ်သတ္တိတို့လည်း ရှိပါတယ်။
- ကြက်မောက်သီး အရေခွံမှာ Gallic acid ပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှာ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းကြောင့် ကြက်မောက်သီး Extract ကို ဆေးဝါး ဒါမှမဟုတ် ဖြည့်စွက်ဆေး တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။
- ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပါတယ်။ ကြက်မောက်သီး ၁၀- ၁၂ လုံးမှာ အက်စ်ကောဗစ်အက်စစ် (Ascorbic Acid) ၇၅-၉၀ မီလီဂရမ် ပါဝင်ပြီး လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီထက် နှစ်ဆကျော် ရှိပါတယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ် ဆဲလ်တွေကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမှ ကာကွယ်ပေးနိုင်ပြီး သံဓာတ် စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။
- ကြက်မောက်သီးမှာ သွေးနီဥနဲ့ သွေးဖြူဥတွေ ပြုလုပ်ရေးအတွက် လိုအပ်တဲ့ ကြေးနီဓာတ် အနည်းငယ် ပါဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က အင်ဇိုင်းတချို့ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ မဂ္ဂနိစ်လည်း လိုအပ်ပါတယ်။
- ကြက်မောက်သီးရဲ့ လုပ်ငန်းဆောင်တာ တစ်ခုကတော့ သံဓာတ်အရင်းအမြစ် ကောင်းကောင်း ရရှိစေတာပဲ ဖြစ်ပါတယ်။ စားတဲ့အထဲမှာပါတဲ့ သံဓာတ်ဟာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် မှန်ကန်တဲ့ အတိုင်းအတာရအောင် ကူညီပေးနိုင်ပြီး သွေးအားနည်းတာကြောင့် မူးဝေတာ၊ နုံးချည့်ပင်ပန်းတာနဲ့ ဖျော့တော့နွမ်းနယ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဖော့စ်ဖရပ်စ်ရဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဖော့စ်ဖရပ်စ်ဟာ ကျောက်ကပ်ထဲက အညစ်အကြေးနဲ့ စွန့်ပစ် ပစ္စည်းတွေကို စွန့်ထုတ်ပေးပြီး တစ်သျှူးနဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှု၊ ပြုပြင်မှုနဲ့ ကောင်းမွန်အောင် ထိန်းသိမ်းမှုတွေမှာ အရေးပါပါတယ်။
- ကြက်မောက်သီးမှာ ကယ်လ်စီယမ် အနည်းငယ် ပါဝင်ပြီး ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်စီယမ်ဟာ သွားနဲ့ အရိုးတွေ အားပြည့်ခိုင်ခံ့စေဖို့ အတူတွဲပြီး အလုပ်လုပ်ပါတယ်။ ကြက်မောက်သီးမှာ အာဟာရဆိုင်ရာ အကျိုးကျေးဇူးတွေအပြင် ဆေးကုသမှုဆိုင်ရာ ကောင်းကျိုးတွေလည်း ရှိပါတယ်။
- ကြက်မောက်သီးကို စားပေးရင် အူလမ်းကြောင်းရှိ ကပ်ပါးကောင်တွေကို သေစေတာကြောင့် ဝမ်းလျှောတဲ့ ဝေဒနာကို သက်သာစေပါတယ်။ မလေးရှားမှာ ရိုးရာ အနာကျက်ဆေးအဖြစ် ကြက်မောက်သီးကို သုံးလေ့ရှိကာ ဖျားနာနေသူတွေကို ကျွေးလေ့ရှိပါတယ်။ သင့်အနေနဲ့ နာမကျန်းဖြစ်နေပါက ကြက်မောက်သီး မစားခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။
ကြယ်စင်
originally posted by Good Health
Source >>>http://natureenergycares.blogspot.com/2014/02/blog-post_9525.html
ကြက်မောက်သီး၏ ကျန်းမာရေးစွမ်းပကား
Written By လွင့်မောင်မောင် on Sunday, February 9, 2014 | 8:36 AM

ကျန်းမာရေး
တစ်ပတ်အတွင်းဒိုင်ယာရီ
-
▼
2022
(1)
- ▼ 12/04 - 12/11 (1)
-
►
2021
(6)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (1)
- ► 07/25 - 08/01 (1)
- ► 07/11 - 07/18 (3)
-
►
2016
(8)
- ► 05/08 - 05/15 (1)
- ► 03/27 - 04/03 (1)
- ► 03/13 - 03/20 (2)
- ► 02/21 - 02/28 (2)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
-
►
2015
(32)
- ► 12/27 - 01/03 (1)
- ► 12/13 - 12/20 (4)
- ► 11/22 - 11/29 (2)
- ► 07/19 - 07/26 (1)
- ► 04/19 - 04/26 (3)
- ► 04/12 - 04/19 (2)
- ► 04/05 - 04/12 (2)
- ► 03/08 - 03/15 (3)
- ► 03/01 - 03/08 (1)
- ► 02/22 - 03/01 (3)
- ► 02/15 - 02/22 (3)
- ► 02/01 - 02/08 (4)
- ► 01/25 - 02/01 (3)
-
►
2014
(10)
- ► 09/21 - 09/28 (1)
- ► 07/13 - 07/20 (1)
- ► 05/25 - 06/01 (1)
- ► 04/13 - 04/20 (2)
- ► 03/30 - 04/06 (1)
- ► 02/16 - 02/23 (2)
- ► 02/09 - 02/16 (2)
-
►
2013
(70)
- ► 12/29 - 01/05 (1)
- ► 11/17 - 11/24 (1)
- ► 11/03 - 11/10 (3)
- ► 10/27 - 11/03 (5)
- ► 10/20 - 10/27 (5)
- ► 10/13 - 10/20 (12)
- ► 10/06 - 10/13 (9)
- ► 09/29 - 10/06 (10)
- ► 09/22 - 09/29 (5)
- ► 09/15 - 09/22 (5)
- ► 09/08 - 09/15 (1)
- ► 09/01 - 09/08 (1)
- ► 07/28 - 08/04 (3)
- ► 07/21 - 07/28 (1)
- ► 06/16 - 06/23 (1)
- ► 06/02 - 06/09 (4)
- ► 05/26 - 06/02 (1)
- ► 04/07 - 04/14 (1)
- ► 03/10 - 03/17 (1)
-
►
2012
(43)
- ► 12/23 - 12/30 (1)
- ► 11/04 - 11/11 (5)
- ► 10/28 - 11/04 (1)
- ► 10/21 - 10/28 (3)
- ► 10/07 - 10/14 (2)
- ► 09/30 - 10/07 (11)
- ► 09/09 - 09/16 (1)
- ► 07/29 - 08/05 (2)
- ► 07/22 - 07/29 (2)
- ► 07/15 - 07/22 (4)
- ► 07/08 - 07/15 (3)
- ► 07/01 - 07/08 (2)
- ► 06/24 - 07/01 (1)
- ► 06/17 - 06/24 (1)
- ► 06/03 - 06/10 (1)
- ► 05/27 - 06/03 (1)
- ► 04/15 - 04/22 (2)
-
►
2011
(3)
- ► 10/02 - 10/09 (3)
-
►
2010
(1)
- ► 06/20 - 06/27 (1)