Latest Post
10:22 AM
အင်ဒိုနီးရှားမှ လူသေပြုစုပွဲ
Written By လွင့်မောင်မောင် on Sunday, January 25, 2015 | 10:22 AM
အင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ (Ma' Nene festival) ကျင်းပနေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။
ယင်းပွဲသည် သေဆုံးသွားပြီဖြစ်သော မိမိဆွေးမျိုးသားချင်းများကို ပြန်လည်တူးဖော်ပြီး အဝတ်အစား သစ်များ ဝတ်ပေးခြင်း၊ အစားအသောက်များ ပူဇော်ပသပေးခြင်းတို့ကို ပြုလုပ်သောပွဲဖြစ်သည်။
Ref:renews.cn http://innewsmyanmar.blogspot.com/2012/08/blog-post_30.html —
![]() |
| အင်ဒိုနီးရှားနိုင်ငံတွင် လူသေပြုစုပွဲ (Ma' Nene festival) ကျင်းပနေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။ |
ယင်းပွဲသည် သေဆုံးသွားပြီဖြစ်သော မိမိဆွေးမျိုးသားချင်းများကို ပြန်လည်တူးဖော်ပြီး အဝတ်အစား သစ်များ ဝတ်ပေးခြင်း၊ အစားအသောက်များ ပူဇော်ပသပေးခြင်းတို့ကို ပြုလုပ်သောပွဲဖြစ်သည်။
ထိုကဲ့သို့ ပွဲကို သုံးနှစ်တစ်ကြိမ်ကျင်းပပြီး အလောင်းပြန်တူးဖော်ခွင့်ရရှိကြသည်။
အလောင်းပြန်တူးဖော်ခွင့် ရသော မိသားစုများမှ ၎င်းတို့ မိဘ၊ ဘိုးဘွား၊ သားသမီး၊ ဇနီးခင်ပွန်း
အစရှိသဖြင့် ဆွေမျိုးရင်းချာတို့ အလောင်း ကို သန့်စင်ပေးပြီး အဝတ်အစားသစ်များဝတ်ပေးသည်။
အစားအသောက်များ ပူဇော်ပေးပြီး မြေနေရာသို့ ပြန်လည် မြှုပ်နှံပေးသည်။
ယင်းကဲ့သို့
ပွဲတော် Ma' Nene festival သည် အင်ဒိုနီးရှားတို့၏ ကမ္ဘာကျော် ရိုးရာပွဲ တစ်ခုအဖြစ်
တည်ရှိနေကြောင်း သိရသည်။
---
Ref:renews.cn
Ref:renews.cn

Ref:renews.cn http://innewsmyanmar.blogspot.com/2012/08/blog-post_30.html —
Labels:
အထွေထွေ ဗဟုသုတ
9:45 AM
်

ပန်းနာရင်ကျပ် ရောဂါဟာ အဆုတ် တွင်းရှိ အသက်ရှူ လမ်းကြောင်း ကို ထိခိုက် စေသော နာတာရှည် ရောဂါ တစ်မျိုး ဖြစ်ပါတယ် .. အမေရိကတွင် လူဦးရေ ၁၇ သန်းကျော် ပန်းနာရင်ကျပ် ရောဂါ ခံစားနေရပြီး သုံးပုံ တစ်ပုံမှာ ကလေးများ ဖြစ်ပါတယ်.. ၂၀၀၂ ခုနှစ် တွင် ပန်းနာရင်ကျပ် ရောဂါကြောင့် ဆေးရုံ တက်ရ သူပေါင်း ၄၇၈,၀၀၀ ဦး ရှိပြီး ၄,၆၅၇ ဦး သေဆုံးခဲ့ ပါတယ်...
အဆုတ်ရဲ့ လုပ်ငန်း တာဝန် အကြောင်း ပထမဆုံး ပြောပြ ချင်ပါတယ်.. ရှူသွင်းလိုက်တဲ့ လေထဲမှ အောက်ဆီဂျင် နဲ့ ခန္ဓာကိုယ် ထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် တို့ ဖလှယ်ခြင်း သည် အဆုတ်၏ အဓိက လုပ်ငန်း တာဝန် ဖြစ်ပါတယ်... အောက်ဆီဂျင် ကြွယ်ဝ သော ရှူသွင်း လိုက်တဲ့ လေဟာ လေမျို (Larynx)၊ လေပြွန်မကြီး (Trachea)၊ လေပြွန် (Bronchus)၊ လေပြွန်ငယ် (Bronchiole) တို့ကို အဆင့်ဆင့် ဖြတ်သန်းပြီး လေအိတ် (Alveoli) များ သို့ ရောက်ရှိ တဲ့အခါ အဆုတ် သွေးလွှတ်ကြော ငယ် (Pulmonary arteriole) များထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် နဲ့ ဖလှယ် ကြ ပါတယ် (Gas Exchange) ... အဲဒီမှ တစ်ဆင့် အဆုတ် သွေးပြန်ကြော (Pulmonary veins) များမှ နှလုံး သို့ ပို့ဆောင်ပြီး နှလုံးမှ ခန္ဓာကိုယ် တစ်ခုလုံး သို့ ဖြန့်ဝေ ပို့လွှတ်ပါတယ်... ဒါ့ကြောင့် အောက်ဆီဂျင် ကို ခန္ဓာကိုယ် အနှံ့အပြား မှ တစ်ရှူးများ၊ ဆဲလ် များ အသက် ရှင်သန် ရေးအတွက် အသုံး ပြုနိုင် ကြပါတယ်..
ပန်းနာရင်ကျပ်ရောဂါ (Asthma)

ပန်းနာ ရင်ကျပ် ရောဂါ ခံစား ရပြီ ဆိုလျှင် အဆုတ်ဟာ အဓိက တုန့်ပြန်မှု (၃) ရပ် ဖြစ်ပေါ် ပါတယ်...
1 အဆုတ် လေပြွန်ငယ် များ (Bronchioles) ကျဉ်းမြောင်း လာခြင်း (Bronchoconstriction)
o လေပြွန်ငယ် များရှိ ကြွက်သား များ ကျုံ့ခြင်း ကြောင့် လေပြွန်ငယ် များ ကျဉ်း လာပါတယ်.. ဒါ့ကြောင့် အသက် ရှူထုတ် တဲ့ အခါ ၀ီစီ ကဲ့သို့ အသံ မြည်ပြီး မောလာ တတ်ပါတယ်..
2. အဆုတ် လေ၀င် ရာ လမ်းကြောင်း တစ်လျှောက် ယောင်ရမ်းပြီး အချွဲများ (mucus) ထွက်လာခြင်း (Bronchial Inflammation)
o ဓါတ်မတည့် ပစ္စည်း တစ်မျိုး ခန္ဓာ ကိုယ်တွင်း ၀င်ရောက် လာပါက လေပြွန်ငယ် နံရံ တစ်လျှောက် မှ ယောင်ရမ်း ခြင်းကို ဖြစ်စေသော ဓာတု ပစ္စည်း များ (Histamine, Leukotrienes) ထွက်လာပြီး လေပြွန် ငယ် များကို ယောင်ရမ်း စေပြီး ချွဲပြစ်သော အရည်များ (mucus) ထွက်လာပါတယ်.. လေပြွန်ငယ် ယောင်ရမ်း မှု၊ ချွဲထွက် လာမှု ကြောင့် လေပြွန်ငယ် ကျဉ်းခြင်း ပိုဆိုး လာစေ ပါတယ်...
3. အဆုတ် လမ်းကြောင်း တစ်လျှောက်မှ တုန့်ပြန်မှု လွန်ကဲခြင်း (Hyperreactivity)
o ဓာတ်မတည့် မှုကြောင့် ကြာရှည်စွာ လေပြွန်ငယ် ယောင်ရမ်း ခြင်း ၊ လေပြွန်ငယ် ကျဉ်းမြောင်း ခြင်း ဖြစ်ခြင်း ကြောင့် ဓာတ်မတည့် မှု ပစ္စည်း များ ကို ပို၍ တုန့်ပြန်မှု များ လာပါတယ်...(Hypersensitivity)
ရောဂါလက္ခဏာများ
ပန်းနာ ရင်ကျပ် ရောဂါ လက္ခဏာ များမှာ တစ်ဦးနှင့် တစ်ဦး ကွဲပြား နိုင်ပါတယ်... အဓိက အဖြစ်များ ဆုံး လက္ခဏာ (၄)မျိုး မှာ
1. အသက် ရှူခက် လာခြင်း (Shortness of Breath)
2. အသက် ရှူထုတ် ရာတွင် ၀ီစီသံ ကဲ့သို့ အသံ မြည် လာခြင်း (Wheezing)
3. ရင်ကျပ်လာခြင်း (Tightness of chest)
4. ချောင်းဆိုးခြင်း (Coughing)
တို့ ဖြစ်ပါတယ်..
ရင်ကျပ် မှု ပြင်းထန်ပါက လေအိတ်မှ ကာဗွန် ဒိုင်အောက် ဆိုဒ် နဲ့ အောက်ဆီ ဂျင် ဖလှယ် ခြင်း လုပ်ငန်း ထိခိုက် လာ၍ သွေးတွင်း အောက်ဆီ ဂျင် လျော့ကျပြီး ကာဗွန် ဒိုင် အောက်ဆိုဒ် များလာ ပါတယ်... အောက်ဆီ ဂျင် နည်းလာ၍ ခြေသည်း လက်သည်း နှင့် နှုတ်ခမ်း များ ပြာလာခြင်း (cyanosis)၊ နံရိုး ကြား ကြွက်သား များ အသုံးပြု ၍ ပြင်းထန်စွာ အသက်ရှူ ရခြင်း တို့ ဖြစ်ပေါ် တတ် ပါတယ်...
ပန်းနာ ရင်ကျပ် ဖြစ်စေတဲ့ အကြောင်းရင်း ဟာ ကိုယ့်ပတ်ဝန်းကျင် အခြေအနေ (Environmental factors) ကြောင့်လား? မျိုးရိုး ဗီဇ (Genetic factors) ကြောင့်လား? ဆိုတာကို တိတိကျကျ မသိရ သေးသော်လည်း အဓိက အားဖြင့် နှစ်မျိုး နှစ်စား တွေ့ရှိ ရပါတယ်.. ပြင်ပ မှ ဓါတ်မတည့် မှု (allergies or extrinsic) ကြောင့် ဖြစ်သော ပန်းနာ နှင့် ခန္ဓာ ကိုယ်တွင်း အခြေ အနေ (nonallergies or intrinsic) ကြောင့် ဖြစ်သော ပန်းနာ ဆိုပြီး တွေ့ရ ပါတယ်.. ဓါတ်မတည့် မှု (allergies or extrinsic) ကြောင့် ဖြစ်သော ပန်းနာဟာ အတွေ့ များပြီး လူနာ အားလုံး၏ ၉၀ % ရှိပြီး ကျန် ၁၀ % ကသာ ခန္ဓာ ကိုယ်တွင်း အခြေ အနေ (nonallergies or intrinsic) ကြောင့် ဖြစ်သော ပန်းနာ ဖြစ်ပါတယ်.. ဓါတ်မတည့် ဖြစ်စေသော ပစ္စည်း များမှာ -
• နေအိမ် ပတ်ဝန်းကျင် ရှိ နေ့စဉ် ထိတွေ့ နေကျ အရာများ
o တိရစ္ဆာန် အညစ်အကြေးများ နှင့် အမွှေးအမျှင်များ၊ ဖုန်နှင့် အမှိုက်သရိုက်များ (Dust)၊ ပိုးဟပ် အညစ်အကြေးများ (cockroach )၊ အဆောက်အဦး၊ နံရံဟောင်း များ ရှိရေညှိ ပင်များ (mold)၊ ပန်းဝတ်မှုန်များ (Pollen)
• နေအိမ် သုံး ပစ္စည်းများ ၏ အနံ့အသက် များ
o ရေမွှေး နှင့် အမွှေး နံ့သာများ၊ ဆပ်ပြာ ဆပ်ပြာရည် ခေါင်းလျှော်ရည် များ၊ hair spray, hair gel, sun screen, cosmetics, facial cream, deodorant, shaving cream ကဲ့သို့ အသုံး အဆောင် ပစ္စည်း များ၊
• အစား အစာများ
o နွားနို့ (Cow's Milk)၊ မြေပဲ (Peanut)၊ ပဲပုတ် (Soy)၊ ငါး (Fish)၊ တိရိစ္ဆာန် ဥများ (Eggs)၊ ပုဇွန် နှင့် အခွံမာ ပင်လယ်စာများ (Shrimp & other shellfish)၊ ကြာရှည် အထားခံ သော အစားအစာ များ (Preservative Foods)
• သုံးစွဲ နေသော ဆေးများ
- အက်စ်ပရင် (aspirin)၊ beta-blockers (propranolol, atenolol)၊ ပင်နစလင်များ၊
• စက်ရုံ နှင့် ပတ်ဝန်းကျင် မှ အငွေ့များ
o ဆာလဖိုက် ဓာတ်ငွေ့များ၊ ကလိုရာမင်း ဓာတ်ငွေ့များ၊ စက်ပစ္စည်း များမှ အိပ်ဇော ငွေ့များ၊ ဆေးလိပ်ငွေ့၊ ခြင်ဆေးခွေ ငွေ့များ၊ အစ ရှိသဖြင့်...
• အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးများ
- အဓိက အားဖြင့် အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ဗိုင်းရပ်စ်ပိုး ၀င်ရောက်မှု (Upper respiratory tract infection) ကြောင့် ပန်းနာ ရင်ကျပ် ဖြစ်ခြင်းသည် လူကြီး အားလုံး၏ ၈၀% နှင့် ကလေးအားလုံး ၏ ၆၀% တွေ့ရှိ ရပါတယ်...ဓာတ်မတည့် ခြင်းဖြစ်စဉ် တွင် တစ်ဦးနှင့် တစ်ဦး ဓာတ်မတည့် ပစ္စည်း ချင်း၊ ဓာတ်မတည့် နိုင်ချင်း တူညီ နိုင်မှာ မဟုတ်ပါ..
ပန်းနာရင်ကျပ် ရောဂါ ကုထုံးများ
အဓိက အားဖြင့် အာနိသင် (၂) မျိုး လိုအပ် ၍ သာ စားဆေး၊ ထိုးဆေး၊ ရှူဆေး အနေဖြင့် ထုတ်လုပ် ကြခြင်း ဖြစ်ပါတယ်... ပထမ အာနိသင် မှာ လေပြွန် ကို ကျယ်စေခြင်း ဖြစ်ပြီး ဒုတိယ အာနိသင် မှာ လေပြွန် ယောင်ရမ်း မှုကို ကျစေ ခြင်း ဖြစ်ပါတယ်.. လေပြွန် ကို ကျယ်စေ တဲ့ ဆေးများ မှာ beta 2 agonist (salbutamol, terbutaline, ...), anticholinergic drugs (ipratropium bromide), methyxanthine (Theophylline, Aminophylline, ..); လေပြွန် ယောင်ရမ်း မှုကို ကျစေသော ဆေးများ မှာ corticosteroids (Prednisolone, Beclomethasone, Triamcinolone, Budesonide, ...), Leukotriene modifiers (montelukast, zafirlukast, pranlukast, and zileuton), Cromoglycate (Cromolyn sodium) တို့ ဖြစ်ကြ ပါတယ်.. ရှူဆေးများ (Inhalers) မှာ လေပြွန် ကို တိုက်ရိုက် သက်ရောက်မှု ရှိ၍ ရောဂါ လက္ခဏာ ကို မြန်ဆန်စွာ သက်သာ စေပြီး ဘေးထွက် ဆိုးကျိုး မှာလည်း သောက်ဆေး၊ ထိုးဆေး ထက် စာလျှင် နည်းပါး ပါတယ်... ထို့ကြောင့် ရောဂါ ပြင်းထန် မှုပေါ် မူတည်၍ ရှူဆေး၊ သောက်ဆေး များကို ရွေးချယ် ပေးခြင်း ဖြင့်၎င်း၊ ဆေး တစ်မျိုး နှင့် မလုံ လောက်ပါက နှစ်မျိုး သုံးမျိုး တွဲပေး ခြင်း ဖြင့်၎င်း ကုသ နိုင်ပါ တယ်... လိုအပ် ပါက အောက်ဆီ ဂျင် ပေး၍၎င်း၊ ဆေးများကို စက်ဖြင့် မှုတ်သွင်းနည်း (Nebulizer) ဖြင့်၎င်း လူနာ အခြေ အနေ ပေါ် မူတည်၍ ကုသ ပေးရ ပါမယ်...
ရောဂါ ကာကွယ် ရေး အနေဖြင့် မိမိနှင့် မတည့်သော ဓာတ်ပစ္စည်း များ၊ အစား အသောက် များ၊ အသုံး အဆောင်များ ဂရုစိုက် ရှောင်ရှား ဖို့လို ပါမယ်.. လူဦးရေ ထူထပ် သော နေရာ လေထု ညစ်ညမ်း သော နေရာ များ ကို ရှောင်ရှား ရပါမယ်.. ဆေးလိပ် သောက်သူ ဖြစ်ပါက ဆေလိပ် လုံးဝ ဖြတ်ရ ပါမယ်... ဒါ့ကြောင့် မိမိ ရင်ကျပ် တတ်သော အခြေ အနေ၊ နေရာ ဒေသ၊ အသုံး အဆောင်၊ အပြု အမူ များကို ဂရု စိုက် ရှောင်ရှား ရင်း ကျန်းမာ စွာ နေထိုင် နိုင်ရေး ကို အလေး ထား သင့် ကြောင်း ရေးသား လိုက်ရပါတယ်.. ဘေးဘယာ ရောဂါ အပေါင်းမှ ကင်းဝေး နိုင်ပါစေ..
This article is Posted by Dr. Win Thein | May 2, 2009
---------------------------
ရင်ကျပ်ပန်းနာ ဆိုလိုက်တာနှင့် ။
ဒီတစ်ခေါက် မကွေး ပြန်ရောက်တော့ ပါမောက္ခ၊ ဌာနမှူး အဆင့်မို့ အလုပ်ပိုများလာသည်။ မိသားစုရှိရာ ရန်ကုန်သို့ ခဏခဏ မပြန်ဖြစ်။ ရန်ကုန်က ဆေးခန်းကိုလည်း သူငယ်ချင်းနှင့် ထားခဲ့ရသည်။ အဲဒီ သူငယ်ချင်းက ဘွဲ့အားလုံးနီးနီး ကျွန်တော်နဲ့ အတူတူ ရခဲ့ပြီး အသက်တောင် ၁၃ရက်တည်း ငယ်သည့် တန်းတူအဆင့် ဆရာဝန်ကြီးပါ။ စိတ်ရှည်တဲ့ နေရာမှာ ကိုယ့်ထက် သာသေးသည်။
ဟိုတစ်လောက ရန်ကုန် ခဏပြန်ရင်း ဆေးခန်းတစ်ရက် ပြန်ထိုင်တော့ လူနာရှင် မိဘတစ်ဦးက သူ့ကလေး ပန်းနာ ရင်ကျပ် ချောင်းဆိုးတာ သူငယ်ချင်း ဆေးပေးတာ မပျောက်ဟု ဆိုကာ ကျွန်တော့်ကို ပြန်လာပြသည်။ သူငယ်ချင်း တိုက်ထားသည့် ဆေးကို ကြည့်လိုက်တော့ ကျွန်တော်လည်း တိုက်ချင်သည့် ဆေးပါပဲ။ ဘယ်နှရက် တိုက်ပြီးပြီလဲဟု မေးကြည့်တော့ အံ့သြစရာ။ လုံးဝ မတိုက်ရသေးပါတဲ့။ ဘာဖြစ်လို့ မတိုက်တာလဲဟု မေးတော့ ဆရာ့ သူငယ်ချင်းက ကျွန်မကလေးကို ပန်းနာရှိတယ်လို့ ပြောတယ်။ ပြီးတော့ ဆေးအပြင်းတွေ တိုက်တာကိုးဟု ဖြေသည်။ ကျွန်တော်လည်း ရင်ကျပ် ရှိတယ်လို့ ပြောဖူးတာပဲ။ အဲဒီဆေး တိုက်ဖူးတာပဲဟု စာအုပ်ကို နောက်ပြန် လှန်ရှာပြီး ပြောတော့မှ အံ့သြရသည်။
အင်္ဂလိပ်စကားက Asthma ပန်းနာဟု ဘာသာပြန်ပြန် ရင်ကျပ်ဟု ဘာသာပြန်ပြန်၊ လေပြွန်လေးတွေ ကျဉ်းကျဉ်း သွား၍ ချောင်းဆိုးပြီး မောနေတတ်သည်ဟု အဓိပ္ပာယ်ရသည်။
အဲသည် နာမည်ကလေး တပ်ရုံနှင့်တော့ ပြူးပြူးပြာပြာ မဖြစ်သင့်ကြဟု ကျွန်တော်ထင်သည်။ ဆေးပြင်းသည် ဆိုသည့်စကား ဘာမှ အဓိပ္ပာယ် မရှိကြောင်း ကျွန်တော် ခဏခဏ ရေးဖူးပါသည်။ ဆေးမတိုက်ဘဲ ထားတော့ ရောဂါကရော အန္တရာယ် မရှိတာ ကျနေတာပဲ။
ကျွန်တော်က ဖြည့်ပြောပြတတ်တာလေး တစ်ခုပါပဲ။
ဒီရောဂါ ဖြစ်သည့်အချိန်မှာ ဆေးပေးလည်း ခဏသာ ယခုတစ်ခေါက်သာ သက်သာမည်။ ပြန်ဖြစ်တတ်သည်။ ဘယ်လောက် တစ်ခါ ပြန်ဖြစ်သည် ဆိုတာက တစ်ယောက်နှင့် တစ်ယောက် မတူ။ တစ်နှစ်မှာ တစ်ခါလောက် ဖြစ်တတ်သည့် ကလေးကတော့ ဖြစ်လာလျှင် ဆေးသောက် လုံလောက်သည်။ တစ်လတစ်ခါ ဖြစ်နေလျှင်တော့ ကာကွယ်ဆေးတွေ မှန်မှန်ရှူဖို့ လိုမည်။ လူကြီး ရင်ကျပ်ရောဂါနှင့် မတူတာကတော့ ကလေး ရင်ကျပ်ပန်းနာ ဝေဒနာရှင် ထက်ဝက်ခန့်က လူကြီးဘဝအထိ ပါမသွား။ ကြီးလျှင် ပျောက်သွားမည်ဟု အဲသလို ပြောပြလျှင် လက်ခံကြတာများသည်။
ကဲ… ဘာပဲဖြစ်ဖြစ်။
ရေးဖူးတာ များနေပြီးသား သည်ပန်းနာရင်ကျပ်ရောဂါ ကလေးအကြောင်း မပြောရသေးတာ တချို့တော့ ဖြည့်စွက် ရတော့မည် ထင်မိ၏။
ကလေးတွေဘာကြောင့် ရင်ခဏခဏကျပ်
အာဂန္တု ရောဂါတွေလည်း ရှိသည်။ တစ်ခါကျပ်ပြီး နောက်ပြန်မကျပ်တော့တာမျိုး။ များသောအားဖြင့် အသက် နှစ်နှစ်အောက် စိန်တုံးကြီးများ အရွယ်မှာ တွေ့ရတတ်တယ်။
ခဏခဏ ပြန်ကျပ်နေရင်တော့ ပန်းနာရင်ကျပ်ကို စဉ်းစားရမည်။ ဒါမျိုး မျိုးရိုးလည်း လိုက်တော့လိုက်သည်။ ကူးစက်ရောဂါတော့ မဟုတ်။
ရင်ကျပ်သည့် ကလေးကို ကျပ်စေသည့် အရာတွေကတော့
(၁) ဗိုင်းရပ်ပိုးဝင်ခြင်း
(၂) ဓာတ်မတည့်ခြင်း
(၃) ရာသီဥတု
(၄) လေ့ကျင့်ခန်းနှင့် (၅) စိတ်လှုပ်ရှားခြင်း တို့ကြောင့်ဖြစ်သည်။
ကျပ်လာလျှင် ကလေးက ချောင်းဆိုးမည်။ မောမည်။ ရင်ဘတ်အောက်နှင့် နံရိုးကြားတို့ ချိုင့်ဝင်ပြီး အသက်ရှူရမည်။ တစ်ခါတစ်လေ တရွှီရွှီ အသံကို ကြားရမည်။
မောတာ သိပ်ဆိုးလာလျှင် စကားတစ်ကြောင်းပြည့်အောင် မနားဘဲ မပြောနိုင်တော့။ အဲသည်အဆင့်က အရေးကြီးသည်။
ရင်ကျပ်ပန်းနာမှန်း ဘယ်လိုသိ
တစ်ခါကျပ်တိုင်းတော့ ရင်ကျပ်ပန်းနာဟု မသတ်မှတ်။ ပေးသည့် ဆေးကတော့ အဲသည် ရင်ကျပ်ပန်းနာ ပျောက်ဆေးတွေ ပါပဲ။ အဲဒါတွေနှင့် သက်သာ၊ မသက်သာ စောင့်ကြည့်ရမည်။
နှစ်ခါကျပ်လျှင် နည်းနည်း သတိထားတော့။ ဆေးကတော့ သည်ဆေးတွေပါပဲ။
သုံးခါကျပ်လျှင်၊ ပြီးတော့ တစ်ခြား အကြောင်းရင်း ရှာမရလျှင်တော့ ဆရာဝန်က ရင်ကျပ်ပန်းနာဟု သတ်မှတ်တော့မည်။ ဘာမှမလိုပါ။ နားကြပ် တစ်ချောင်းနှင့် သတ်မှတ်နိုင်ပါသည်။
ဆရာဝန်ကိုလည်း စိတ်မဆိုးပါနှင့်။ ကု၍ မပျောက်သော ရောဂါကြီးဟု ပြောတာမဟုတ်ပါ။ ကြီးလာလျှင် ပျောက်မှာပါ။ သို့သော် ကြီးလာလျှင် ပျောက်မပျောက်က ငယ်စဉ်မှာ ထိရောက်သော ကာကွယ်စောင့်ရှောက်မှုများ စောစောစီးစီး လုပ်လာခဲ့ပါသလား၊ မလုပ်ခဲ့ဖူးလား အပေါ်မှာ တည်မှီ နေပါသည်။ ဒါကြောင့် စောစော စကုချင်လို့ သတ်မှတ်တာပါ။
တန်ဆေးလွန်ဘေးတဲ့။
ကုသမှုကလည်း ဘေးထွက် ဆိုးကျိုးတော့ ရှိတာအမှန်ပင်။ သို့သော် ရောဂါကလည်း လွှတ်ထားလို့မရ။ သည်တော့ လူနာကို မှန်မှန် ပြန်ခေါ်ကြည့်၍ ဆေးကိုလိုတိုး ပိုလျှော့ ချိန်ဆရသည်။ အဲဒါကို step-up နဲ့ step-down လုပ်သည်ဟု ခေါ်သည်။
ဘယ်လို ကုသမှာလဲ
ဆေးက နှစ်မျိုး၊ နှစ်အုပ်စု ရှိသည်။
ဖြစ်လာလျှင် ရင်ကျပ်လျှင် ပေးထားသော ဆေးအမျိုးအစားနှင့် မကျပ်အောင် ကြိုတင်၍ ပေးထားသော ကာကွယ်ဆေး အမျိုးအစားတို့ဖြစ်သည်။
ကျပ်လာလျှင်ပေးသော ဆေးများကို သောက်ဆေးလည်း တိုက်၍ ရသည်။ ရှူဆေးလည်း ရှိသည်။ ရှူဆေးက ပိုကောင်းသည်။ ရှူဆေးက ပိုကောင်း၍ ပိုဘေးကင်းသည်။ သို့သော် ဈေးပိုကြီးသည်။ ကလေးအငယ်များတွင် မရှူတတ်မှာ စိုး၍ အလယ်က ပလတ်စတစ် ပြောင်းတစ်ခု ခံရသေးသည်။ အဲသည်ပြောင်းက ပို၍ ဈေးကြီးသေးသည်။ ပြီးတော့ စနစ်တကျ ရှူတတ်အောင် လေ့ကျင့်ပေးရသည်။ သိပ်ကျပ်သည့် အချိန်မှာတော့ Nebulizer ခေါ် ရေနွေးငွေ့ စက်ငယ်ဖြင့် မှုတ်ပေးရသည်။ ထိရောက်မှုအား ကောင်းသော်လည်း ဆေးပမာဏက ရှူဆေး ရိုးရိုးထက် ၁၀ဆ ခန့်များသည်။ နည်းနည်း ကျပ်ရုံမျှဖြင့်တော့ မသုံးသင့်။
ကာကွယ်ဆေးတွေကတော့ ရှူဆေးချည်း သက်သက် လိုပါပဲ။ ဟိုတုန်းက Ketasma ခေါ် သောက်ဆေးတစ်မျိုး ပေါ်ဖူးသည်။ အန္တရာယ် သိပ်မရှိသဖြင့် ကျွန်တော်တို့ ယခုထက်ထိ သုံးနေကြတုန်းပါပဲ။ Montelukast ကတော့ ယခုမှပေါ်လာသည်။ နိုင်ငံခြားမှာတော့ လက်ခံကြပြီ။ သည်မှာတော့ ယခုမှ စမ်းသပ်ဆဲ ဖြစ်သည်။
ခဏခဏမကျပ်အောင်
ဆေးနှင့် ကာကွယ်ရတာ များမှာစိုးလျှင် ကျပ်စေသည့် အကြောင်းတရားများကို ရှောင်ရမည်။ ဒါကလည်း အမြဲတော့ မဖြစ်နိုင်ပါ။ နိုင်သလောက်တော့ လုပ်သင့်သည်။
(က) ဓာတ်မတည့်ခြင်း နည်းစေဖို့
ဖုန်မှုန့်၊ ဝတ်မှုန်၊ ပန်းမှုန် လေထဲမှာ များသည့် အချိန်မျိုးတွင် ပြတင်းတံခါးများ ပိတ်ထးပါ။ ကြောင်တွေ၊ ခွေးတွေ ကလေး အနားမှာ မထားပါနှင့်။ အိမ်ထဲမှာ မြင်ရသော၊ မမြင်နိုင်သော ပိုးမွှား၊ မှိုအစရှိသည့်တို့ အားလုံး ကင်းစင်အောင် ရှင်းလင်းထားပါ။
(ခ) ဗိုင်းရပ်ပိုးမဝင်စေဖို့
ကလေး၊ လူကြီးအားလုံး လက်မှန်မှန်ဆေးပါ။ တုပ်ကွေးအဖြစ် များနေချိန်တွင် လူထူထူရှိရာ ခေါ်မသွားပါနှင့်။
(ဂ) လေ့ကျင့်ခန်း
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိပါက ကျပ်တတ်သော ကလေးမျိုး ရှိပါသည်။ ထိုကလေးများအတွက် လေ့ကျင့်ခန်း လုပ်ခါနီး ကြိုပေးရသော ဆေးတချို့လည်း ရှိပါသည်။ ရှာ၍ ဆောင်ထားပါ။
(ဃ) အိမ်တွင်းက အငွေ့တချို့
စီးကရက် မီးခိုးက ပိုဆိုးပါသည်။
လူကြီးက ကလေးအနားမှာ မသောက်တောင် သောက်တတ်သည့် လူကြီးကိုယ်မှာ စွဲနေသည့် အငွေ့ကြောင့် ကလေးက မကြာခဏ ရင်ကျပ်တတ်ရုံသာမက နားပြည်ပါ ယိုတတ်သည်။ ကလေး ရှိလျှင်တော့ ထိုကလေး ရင်ကျပ်ပန်းနာ ရှိရှိမရှိရှိ ဆေးလိပ် ဖြတ်ပစ်သင့်ပါသည်။ ဆက်သောက်နေသော မိဘကို ဘာအမည် တပ်၍ ဆူပူ ကြိမ်းမောင်းရမှန်း ကျွန်တော် စဉ်းစား၍ပင် မရပါ။ ရေမွှေး၊ ပေါင်ဒါနှင့် ငါးကြော်သည့် အနံ့များကြောင့်လည်း ဖြစ်တတ်ပါသေးသည်။
(င) အကောင်ပလောင်တွေ
ပိုးဟပ်ကို ရင်ကျပ်ရောဂါ၏ နံပါတ်တစ် တရားခံဟု တွေ့ထားကြသည့် သုတေသနတွေလည်း ရှိသည်။ ပိုးဟပ်ကကျသည့် သွားရည်နှင့် မစင်ကို မတည့်သူတွေ တော်တော်များသည်။
House dust mite ဟုခေါ်သော သာမန်မျက်စိနှင့် မမြင်ရသည့် အင်းဆက် တစ်မျိုးကလည်း တော်တော်ဆိုးသည်။ သူက လူ့အရေပြားက ထွက်ကျသည့် အစအနလေးများကို စား၍ နေတတ်သည့် အကောင်တစ်မျိုးပါ။ အိပ်ရာခင်း၊ ခန်းဆီး၊ ကော်ဇော၊ မွေးပွရုပ် အစရှိသည်တို့မှာ နေတတ်ပါသည်။
(စ) မှိုစွတ်စို ထိုင်းမှိုင်းသည့် အိမ်တွင်း၊ အိမ်ပြင် နေရာများတွင် ရှိနေတတ်သော မှိုများသည်လည်း ရင်ကျပ်စေပါသည်။
(ဆ) တိရစ္ဆာန်ခွေးတွေ ကြောင်တွေကြောင့် ရင်ကျပ်တတ်သော ကလေးတွေလည်း ရှိပါသည်။
ကောင်းတာကတော့ အောက်က အချက်လေးတွေကို လိုက်နာပါ။
၁။ ထမင်းစားခန်းနဲ့ မီးဖိုချောင်မှာပဲ အစားအစာ စားကြပါ။
၂။ ရေခဲသေတ္တာထဲ ထည့်ရန် မလိုသော အစားစာများကို လုံခြုံ တင်းကြပ်စွာ ဖုံးအုပ်ထားပါ။
၃။ အမှိုက်နေ့စဉ်စွန့်ပစ်ပါ။
၎။ စားပွဲ၊ ဗီရို၊ ကောင်တာများ မှန်မှန်သန့်စင်ပါ။
၅။ နံရံ အက်ကြောင်း ကွဲကြောင်းများ မှန်မှန်ပြုပြင်ပါ။
၆။ သစ်သား ကြမ်းပြင်များကို အဝတ်စိုဖြင့် မှန်မှန်သုတ်ပါ။ (ပိုးသတ်ဆေးအချို့ တည့်နိုင်ပါသည်။)
၇။ ဖုန်မှုန့်များ အဝတ်စိုဖြင့် မှန်မှန်သုတ်ပါ။
၈။ ကော်ဇောကို ဖုန်စုပ်စက်ဖြင့် မှန်မှန်စုပ်ပေးပါ။ မလုပ်နိုင်လျှင် ကော်ဇော မထားပါနှင့်။
၉။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ စောင်များ မှန်မှန်ပြုတ်လျှော်ပါ။
၁၀။ အမှုန် ခိုအောင်းနိုင်သော ပစ္စည်းများ ရှင်းပစ်ပါ။ (မွေးပွအရုပ်၊ ဆုတံဆိပ်… စသည်) ရေဆေး၍ ရသော အရုပ်များသာ ဝယ်ပေး၍ မှန်မှန် ဆေးကြောပါ။
၁၁။ အိမ်ကို တတ်နိုင်သလောက် ခြောက်သွေ့စေပါ။(နေရောင် ဝင်ပါစေ)
၁၂။ ဆေးလိပ် မသောက်ပါနှင့်။ (မိဘ ဆေးလိပ်သောက်လျှင် ရင်ကျပ် မဖြစ်သေးသော ကလေးပင်လျှင် ရင်ကျပ်ပန်းနာ ဖြစ်ရန် အခွင့်အလမ်း နှစ်ဆ ရှိပါသည်)
၁၃။ တိရစ္ဆာန်များနှင့် ကလေး တစ်နေရာတည်း မနေရပါ။ တစ်လှည့်စီလည်း မနေရပါ။ ကလေးနေနေကျ နေရာကို တိရစ္ဆာန်မလာစေရပါ။
၁၄။ နိုင်ငံခြားမှာတော့ အမှုန်အမွှား မကပ်နိုင်အောင် ဖုံးအုပ် ကာကွယ်သော အစွပ်များ၊ ရင်ကျပ်ပန်းနာ ရောဂါသည် ကလေးရှိသော အိမ်များအတွက် သီးခြား ဒီဇိုင်းလုပ် ထုတ်လုပ်သည်ဟု ကြားဖူးသည်။ ဒီမှာတော့ မတွေ့သေးပါ။
စိန်တုံးကြီးတို့ ရင်ကျပ်ပန်းနာဘေး ကင်းဝေးကြပါစေ။
ဒေါက်တာရဲ(ကလေးအထူးကုဆရာဝန်)
Credit To : perfectmagazine
WEDNESDAY, JANUARY 06, 2010
(ဤမူလဆောင်းပါးရှင်များအား Credit ပေးစေလိုပါသည်။ MOMO Pharmacy Myanmar မှ အများဖတ်ရှု နိုင်အောင် ပြန်လည်ကူးယူ တင်ပြ ထား ခြင်းသာ ဖြစ်ပါသည်။)

ကျန်းမာရေး,
ဆေးနှင့်ကျန်းမာရေး
10:15 AM

ဗောက် ပင် အစွမ်း အံ့မခမ်းလမ်းဘေးမှာအလေ့ကျ ပေါက်နေတဲ့
ဗောက်ပင်လေးတွေကို လူတိုင်းလိုလိုသိကြမြင်ကြပေမဲ့ အမှတ်တမဲ့ပဲ နေမိကြမှာပါ။
ဗောက်သီးမှည့်လေးတွေ ကတော့ အလွန်ချိုပါတယ် ကလေးတွေကြိုက်ကြတယ်။
ထူးခြားတာက ဗောက်ပင်တပင်လုံးကိုပဉ္စငါးပါး(အမြစ်မှအညွန့်)အားလုံးကို
ရေစင်ကြယ်အောင်ဆေးကြောပြီးအိုးသန့်သန့်မှာထည့် ရေမက်ခွက်
၃ခွက်ထည့်ပါ ရေ တစ်ခွက်စာကျန်သည့်တိုင်အောင် မီးအေးအေးနှင့်ကျိုချက်ပြီး
တစ်နေ့ကို၃ ကြိမ်ခန့် သောက်ပေးပါကဆီးချို သွေးချို ရောဂါကို ဒိဌ သက်သာ
ပျောက်ကင်းစေပါတယ်။
အရသာကခါးပေမဲ့ အကုန်ကျ အလွန်နည်းပါးတာကြောင့် ဝေဒနာခံစားရေရသော မိတ်ဆွေများ
အတွက်ဖြန့်ဝေ ပေးလိုက်ပါတယ်။
ဆီးချို သွေးချို ဝေဒနာ သက်သာပျောက်ကင်းကြပါစေ။
ဦးကြည်သန်း(ထားဝယ်)
U Kyi Than Facebook စာမျက်နှာမှ-
ဆီးချိုသွေးချိုအတွက် အံ့မခန်းဆေးဗောက်ပင်
Written By လွင့်မောင်မောင် on Monday, September 22, 2014 | 10:15 AM

ဗောက် ပင် အစွမ်း အံ့မခမ်းလမ်းဘေးမှာအလေ့ကျ ပေါက်နေတဲ့
ဗောက်ပင်လေးတွေကို လူတိုင်းလိုလိုသိကြမြင်ကြပေမဲ့ အမှတ်တမဲ့ပဲ နေမိကြမှာပါ။
ဗောက်သီးမှည့်လေးတွေ ကတော့ အလွန်ချိုပါတယ် ကလေးတွေကြိုက်ကြတယ်။
ထူးခြားတာက ဗောက်ပင်တပင်လုံးကိုပဉ္စငါးပါး(အမြစ်မှအညွန့်)အားလုံးကို
ရေစင်ကြယ်အောင်ဆေးကြောပြီးအိုးသန့်သန့်မှာထည့် ရေမက်ခွက်
၃ခွက်ထည့်ပါ ရေ တစ်ခွက်စာကျန်သည့်တိုင်အောင် မီးအေးအေးနှင့်ကျိုချက်ပြီး
တစ်နေ့ကို၃ ကြိမ်ခန့် သောက်ပေးပါကဆီးချို သွေးချို ရောဂါကို ဒိဌ သက်သာ
ပျောက်ကင်းစေပါတယ်။
အရသာကခါးပေမဲ့ အကုန်ကျ အလွန်နည်းပါးတာကြောင့် ဝေဒနာခံစားရေရသော မိတ်ဆွေများ
အတွက်ဖြန့်ဝေ ပေးလိုက်ပါတယ်။
ဆီးချို သွေးချို ဝေဒနာ သက်သာပျောက်ကင်းကြပါစေ။
ဦးကြည်သန်း(ထားဝယ်)
U Kyi Than Facebook စာမျက်နှာမှ-
Labels:
ဆေးနှင့်ကျန်းမာရေး
7:25 PM

ကျွန်တော်တို့ နိုင်ငံရဲ့  ခရီးသွားလို့ ကောင်းတဲ့ ရသီဥတုနဲ့  ခရီးသွားရတာကို ၀ါသနာပါတဲ့ ကျွန်တော်က အလိုက်သင့် သိပ်မဖြစ်ဘဲ ပြောင်းပြန်အချိုးတွေ ကျနေတာများပါတယ် ။ မိုးရာသီဆိုရင်အလုပ်ပါးပြီး အားတဲ့ အချိန်တွေများနေတတ်ပေမယ့် မိုးတွေရွာနေတတ်တာမို့ ခရီးသွားရတာ အဆင်မပြေတတ်ဘူး ။ ပွင်းလင်းရာသီရောက်လို့ ခရီးသွားလို့ ကောင်းတဲ့ ရာသီကို ရောက်ပြန်တော့ အလုပ်တွေက လှိုင်နေတတ်ပြီး အားတဲ့ရက်က တော်တော်ကို ရှားနေပြန်ပါတော့တယ် ။ ဒီတစ်မိုးမှာတော့ The Traveller Journal မှာပါတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတစ်ခုကနေပြီး ကြေငြာထားတဲ့ ခရီးစဉ်လေးကို့  သဘောကျမိတာနဲ့ ဘယ်လိုပဲ ဖြစ်ဖြင့် မိုးတွင်းထဲမှာတော့ ခရီးတိုလေးတစ်ခုတော့ သွားလိုက်အုံးမှ ဆိုပြီး ဆုံးဖြစ်ချက်ချလိုက်ပါတယ် ။
သူကြေငြာထားတဲ့ ခရီးစဉ်က ၀ါဆိုလပြည့်နေ့မှာ ပြည်မြို့ နဲ့ ဧရာဝတီမြစ်ခြားလို့ တဖက်ကမ်းမှာ ရှိနေတဲ့ အကောက်တောင်ခရီးစဉ်နဲ့ အဲဒီကပြန် နီးစပ်ရာဘုရားတွေကို တစ်နေကုန်အောင်ထိ လိုက်ပို့ အုံးမတဲ့ ။ ခရီးက အဲဒီနေ့ မတိုင်ခင်ည10 နာရီမှာ ရန်ကုန်က စထွက်မယ် ၊ ပြီးရင် ဟိုကို မိုးလင်းရောက် ၊ အကောက်တောင်ကိုတက် ၊ တစ်နေကုန် ဘုရားတွေဖူးပြီး ညနေစောင်းရင် ရန်ကုန်ပြန်မယ်တဲ့ ။ အဲဒါကို စားသောက် စရိပ်ငြိမ်း အပြီးအစီး 30000 ကျပ် ဆိုတော့ တန်တယ်လို့ ယူဆမိပါတယ် ။ ပြည်မြို့ က သရေခေတ္တရာမြို့ ဟောင်းကိုရော မ၀င်ပေးဘူးလားမေးတော့ ပြည်မြို့ ထဲမှာ ရှိတဲ့ ဘုရားကြီးဘုရားကိုပဲ ပို့ပေးမယ်တဲ့ ။ အင်းလေ ရှိစေတော့ပေါ့ ။ မြို့ ဟောင်းထဲကို သူတို့ ပို့ပေးမယ်ဆိုလည်း ကျွန်တော့ အတွက်က အဲဒီ သူတို့ပို့ပေးတဲ့ အချိန်တိုလေးအတွင်း ဘာမှကိုသေသေချာချာ လေ့လာခွင့် ရမှာမဟုတ်တော့ စိတ်ထဲမှာ အကောက်တောင်ခရီးကိုပဲ အဓိကထားပြီး အဲဒီခရီးစဉ်နဲ့ လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ် ။
10 . 7 . 2014 အဖိတ်နေ့ ည 9 နာရီလောက်မှာတော့ ခရီးစဉ်မှာ အတူလိုက်ပါမယ့်သူငယ်ချင်းတစ်ယောက်နဲ့အတူ အိမ်ကနေ စုရပ်ဖြစ်တဲ့ မြေနီကုန်း လမ်းဆုံက ဒဂုံစင်တာ 2 အရှေ့ ကို ထွက်လာခဲ့လိုက်တော့တယ် ။ 10 နာရီထိုးတော့ အသင့်စောင့်နေတဲ့ ကားပေါ်ကို တက်ပါတယ် ။ ကျွန်တော်တို့ ခရီးသွားရမယ့်ကားက ထင်ထားတဲ့ အတိုင်း ရန်ကုန် - မန္တလေးကို ပြေးဆွဲနေတဲ့ကားတွေ လိုမျိုး ပထမတန်းစားကားကြီးတွေ မဟုတ်ဘူး ။ လွတ်ပေးထားတဲ့ လေအေးပေးစနစ်ကတော့ကောင်းသား ၊ တော်တော်လေးကို အေးပါတယ် ။ ခက်တာက အဲဒီလို ကားတွေမှာ လွတ်ပေးထားတဲ့ လေအေးနဲ့ အတူ ထွက်လာတဲ့ ခပ်စို့စို့အနံ့က ကျွန်တော့ အတွက်ကတော့ ခရီးစဉ် တစ်ခုလုံးကို တောက်လျှောက်ကို ခေါင်းမူးစေတာပါပဲ ။ 10 နာရီ 15 မီနစ်မှာတော့ ခရီး စထွက်ပါတယ် ။ ကားထဲမှာ ပါလာတဲ့ ကျွန်တော်တို့နဲ့ အတူခရီးသွားမယ့် သူတွေက အသက် 30 နီးပါးအရွယ် စုံတွဲတော်တော် များများနဲ့ အများစုကတော့ အသက် 50 အရွယ်ကနေ 70 ကျော်ရွယ်လောက်ရှိတဲ့ အဒေါ်ကြီးတွေက အများစုပါ ။ ကျတော်နဲ့ အသိမိတ်ဆွေဆိုလို့ အတူခရီးသွားမယ့် သူငယ်ချင်းတစ်ယောက်ကလွဲလို့ ကားထဲမှာ တစ်ယောက်မှကို ပါမလားဘူး ။ ကားက မြေနီကုန်းလမ်းဆုံကနေ ပြည်လမ်းအတိုင်း ထွက်လာပြီး ထောင့်ကြန့် လမ်းဆုံနားအရောက်မှာ ခဏနားပါတယ် ။ ကားနားနေတဲ့ အချိန်မှာ မိုက်နဲ့ ချိတ်ဆက် သုံးပြုမယ့် ဆောင်းဘောက် တွေ သိပ်အလုပ်မလုပ်လို့ ပြင်နေကြတယ်ထင်ပါတယ် ။ အဲဒီလို ပြင်နေပြီး မီနစ် 20 လောက်ကြာတော့ မိုက်ကို ကိုင်ပြီး ဧည့်လမ်းညွှန်အဖြစ်ပါလာတဲ့ သူက သူ့ကိုယ်သူမိတ်ဆက်တယ် ။ ပြီးတော့ ခရီးစဉ် အကြောင်းပြောတယ်ထင်ရပါတယ် ။ မိုက်ကထွက်လာတဲ့ အသံက ၀ူးဝူး ၀ါးဝါးနဲ့မို့ ဘာကိုမှ သဲသဲကွဲကွဲမကြားရဘူးဆိုတော့ ခရီးသွားများက မိုက်မပါဘဲ ဒီအတိုင်းပဲ ပြောဖို့ တောင်းဆိုပါတယ် ။ မိုက်မပါပဲ ဒီ အတိုင်းပြောပြန်တော့ ဘာမှ မကြားတော့ဘူးဆိုပြီး ကားနောက်ပိုင်းက အော်သံတွေ ထွက်လာပြန်ပါတယ် ။ ကျွန်တော်က သူ့နဲ့ မနီးမဝေးမှာ ထိုင်ရတဲ့ သူဆိုတော့ သူပြောတာ ကြားနေရပါတယ် ။ သူက ဒီခရီးစဉ်ရဲ့  ဧည့်လမ်းညွှန်ဖြစ်ကြောင်း ၊ တကယ်တော့ ဒီခရီးစဉ်မှာ လိုက်ပါရမယ့် မူလဧည့်လမ်းညွှန်က အကြောင်း တစ်ခုခုကြောင့် လိုက်ပါနိုင်ခြင်းမရှိလို့ သူအစားထိုးပြီးလိုက်ပါလာရကြောင်း ၊ အခုခရီးစဉ် အစမှ နေပြီး အကောက်တောင်သို့ တိုက်ရိုက် မောင်းနှင်မှာ ဖြစ်ပြီး မနက်စာကို တောင်ပေါ်မှာ သုံးဆောင်ရမှာ ဖြစ်ကြောင်း အခုချိန်ကနေစပြီး ကားပေါ်မှာ အိပ်စက်နားယူရင်း လိုက်ပါနိုင်ပြီ ဖြစ်ကြာင်း ပြောပြီး သူ့စကားကို ဆုံးသတ်ပါတယ် ။ ကျွန်တော် ရွေးချယ်ပြီး လိုက်ပါလာတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းအဖွဲ့စည်းက ကားပေါ်မှာ ပါလာတဲ့ ခရီးသွား 30 ကျော်ကို ဒီ အသက်နှစ်ဆယ်ကျော်အရွယ် ဧည့်လမ်းညွှန်လေးတစ်ယောက်နဲ့ ထည့်ပေးလိုက်တာပါပဲ ။
ဧည့်လမ်းညွှန်က သူ့စကားအဆုံးသတ်ပြီးတာနဲ့ မြေနီကုန်းလမ်းဆုံမှ စထွက်ကတည်းကနေ အဆက်မပြတ် ဖွင့်လာတဲ့ အန္တရာယ်ကင်းတရားတော်တွေကို အခု ထောက်ကြန့်လမ်းဆုံမှာ ခဏနားပြီး ခရီးဆက်ထွက်တော့မယ်ဆိုပြန်တော့ တစ်ခါကြယ်လောင်စွာနဲ့ ဆက်ပြီးဖွင့်ပြန်တယ် ။ အဲဒီအချိန်မှာပဲ ကျွန်တော့်နဘေးနားက ကောင်လေးတစ်ယောက်က တစ်ရှူးစကို လုံးချေပြီး သူ့နားနှစ်ဖက်မှာ ဆိုလိုက်တာကို ကျွန်တော်မြင်လိုက်ရတာနဲ့ ဒုက္ခသည် အချင်ချင်း အဖော်ရပြီ ဆိုတဲ့ အတွေးနဲ့ ကားဒရိုင်ဘာကို ကက်ဆက်အသံတိုးခိုင်းရပါတယ် ။ ဒါတောင်မှ သူတို့ လျှော့ချလိုက်တဲ့ ကက်ဆက်အသံက လိုအပ်တဲ့ အတိုင်းတာထက်ကျယ်လောင်နေပါသေးတယ် ။ ညဘက်မှာ တစ်နာရီထိုးလောက်မှ အိပ်လေ့ရှိတဲ့ ကျွန်တော်ကတော့ ရန်ကုန်ကနေ ခရီးတစ်ဝက်ကျိုးနေပြီဖြစ်တဲ့ လက်ပတန်းမြို့ ရောက်တဲ့အထိ သုံးနာရီကျော်ကျော်လောက် အန္တရာယ်ကင်းရားတော်တွေနဲ့ ၀ိပါတ်ဿနာ တရားတော်တွေကို နာကြားရင်း လိုက်ပါလာခဲ့ရတယ်ဆိုပါတော့ ။ လက်ပတန်း ရာက်လို့ ခရီးသွားများ အပေါ့ပါး သွားဖို့ အတွက်ကားကို ဈေးဆိုင်တန်းရှိတဲ့ နေရာမှာရပ်ပေးတော့ ထောင့်ကြန့်လမ်းဆုံမှာ တုန်းက ဧည့်လမ်းညွှန်လေးပြောတဲ့ စကားကို သတိရလာပါတယ် ။ သူ့စကားမှာ ရန်ကုန်ကနေထွက်လာပြီး မနက် 6 နာရီမှ ရောက်မယ့် အကောက်တောင်ပေါ်ကျမှ မနက်စာ စားရတော့မှာဆိုတော့ ဒီအကြားမှာ သူတို့ စီစဉ်ပေးမယ့် ညည့်လယ်စာတို့ ဘာတို့ မရှိဘူးဆိုတဲ့ သဘောပေါ့ပဲ ။ ဒီလိုဆိုရင်တော့ မဖြစ်ချေဘူး ၊ အိမ်ကနေထွက်လာတုန်းက စားခဲ့တဲ့ ညစာက ဒီလောက်ခရီးသွားနေတော့ ဘယ်ကြာကြာခံနိုင်ပါ့မလဲ ။ ဒီတော့ ကိုယ့်အစီစဉ်နဲ့ ကိုယ်ဗိုက်ဖြည့်ထားအုံးမှလို့ တွေးရင်း အပေါ့ပါးသွာပြီးနောက်မှာ ခပ်သုတ်သုတ်လေး ကော်ဖီတစ်ခွက်ဆိုင်မှာ မှာပြီး မြိုချလိုက်ရတယ် ။
ကျွန်တော်က ပြည်မြို့ ကိုရောက်ဖူးပြီးသားဖြစ်ပေမယ့် ဧရာဝတီမြစ် အနောက်ဖက်ကမ်းကိုကူးတဲ့ န၀ဒေး တံတားကြီးကို မဖြတ်ဖူးသေးတာမို့ တံတားကို ဖြတ်နေတဲ့ အချိန်မှာ အိပ်ပြီးမနေဖို့ သတိထားပြီးလိုက်ခဲ့ပေမယ့် ဘယ်အချိန်မှာ အိပ်ပျော်သွားလဲမသိတော့ဘူး ။ ပြည်မြို့ ကိုရောက်မှန်းလဲ မသိလိုက်သလို နဝေဒေးတံတားကြီးကိုဖြတ်နေတဲ့ အချိန်ကိုလည်း သတိမပြုလိုက်ရတော့ဘူး ။ ပြည်မြို့ နဲ့ 27 မိုင်ကျော်ကျော်လောက်ဝေးတယ်လို့ သိရတဲ့ ထုံးဘိုကို ရောက်တော့မှ ရုတ်တရက်နိုးလာပါတော့တယ် ။ အဲဒီ အချိန်မှာ မနက် ဝေလီဝေလင်းအချိန်ကိုရောက်ပါပြီ ။ ထုံးဘို ရပ်ကွက်ကို ဖြတ်လာတဲ့အချိန် တစ်နေရာ အရောက်မှာတော့ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ မတ်ရပ်ကြေးရုပ်ကြီးတစ်ခုကို မြင်လိုက်ရပါတယ် ။ နောက်ပြီး သိပ်မကြာခင်မှာပဲ အကောက်တောင်ကို လှေစီးပြီး သွားရမယ့် ဧရာဝတီမြစ်ကမ်းနားကို ရောက်လာခဲ့တော့တယ် ။ မနက် 6 နာရီလောက် ရှိပါပြီ ။ ကားပေါ်ကဆင်းတော့ ပတ်ဝန်းကျင်တစ်ခုလုံး အုပ်မှိုင်းနေပြီး မိုးတွေကလည်း တစ်ဖွဲဖွဲနဲ့ ရွာလို့ပါပဲ ။ မြစ်ကမ်းနဘေးမှာ “အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့  မွေးရပ်မြေ ထုံးဘိုမြို့ ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတစ်ခု စိုက်ထူထားတာတွေ့တော့မှ ..သြော် ထုံးဘို ဆိုတာ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့ မွေးရပ်မြေကိုးလို့ မှတ်သားရင်းက အရင်က မသိခဲ့တဲ့ ကိုယ့်အဖြစ်ကိုလည်း ရှက်သလိုလိုဖြစ်နေမိပါတယ် ။ နောက်ပြီး စောစောက မြင်လိုက်ရတဲ့ ကြေးရုပ်ကြီးဟာ ခေါင်းဆောင်ကြီးသခင်မြရဲ့ ရုပ်ထုကြီးပါလားလို့ သိလိုက်ရပါတယ် ။

ဧရာဝတီမြစ်ကမ်းမှာ ကားပေါ်ကဆင်းပြီး ရုတ်တရက်ပတ်ဝန်းကျင် အခြေနေကို မြင်လိုက်တဲ့ အခါမှာတော့ အတော်လေးကို စိတ်ညစ်သွားပြီး ဒီလိုရာသီမျိုးမှာ ခရီးထွက်လာမိတဲ့ ကိုယ့်ကိုယ် ကိုလည်း စိတ်ပျက်နေမိတယ် ။ ကြည့်ပါအုံး … လှေစီးပြီး အကောက်တောင် ဆက်သွားရမယ့် အချိန်မှာ ပတ်ဝန်းကျင်ရာသီဥတုအခြေနေတွေက အချိန်မရွေးထဖောက်ပြန်လာနိုင်တဲ့ မိုးသားတိမ်လိပ်တွေနဲ့ အုပ်မှိုင်းလို့နေပြီး ဘယ်လိုမှ ရေလမ်းခရီးကို ဆက်သွားဖို့ ကောင်းတဲ့ အခြေအနေမျိုးမဟုတ်ဘူး ။ ဒါပေမယ့်လည်း ဘယ်လိုမှ မတတ်နိုင် ၊ လာပြီးတော့မှလည်း ခရီးဆက်ဖို့ပဲ ရှိပါတယ် ။ အဲဒီ အချိန်မှာပဲ ဧည့်လမ်းညွှန်လေးက အကောက်တောင်သွားဖို့ လှေပေါ်တက်ကြရအောင် ဆိုပြီး ဆော်အောလိုက်ပါတယ် ။ ကမ်းနားမှာ ဆိုက်ထားတဲ့ လှေတွေကို ကြည့်လိုက်ပြန်တော့ သန်ဗ္ဗန်လေးတွေပဲ မြင်ရပါတယ် ။ အတူပါလာတဲ့ သူငယ်ချင်းက တို့သွားရမှာ ဒီလှေလေးတွေနဲ့ လားမသိဘူး ဆိုပြီးပြောတော့ ကျွန်တော်က အိုး …. အဲလို လှေသေးသေးလေးတွေနဲ့ သာ သွားရမယ်ဆိုရင်တော့ လုံးဝကို မသွားဘူး ၊ ဘယ်နှယ် ဒီလောက် မိုးတွေအုပ်နေတဲ့ ပတ်ဝန်းကျင်အနေထားနဲ့ ဒီလို လှေလေးတွေနဲ့ သွားရမှာတဲ့လား ….ဆိုပြီး စိတ်ရှုပ်ထွေးစွာနဲ့ ပြန်ပြောလိုက်ပါတယ် ။ ကျွန်တော်က ရေတော့ ကူးတတ်ပေမယ့် ရေလမ်းခရီးကိုတော့ ကြောက်သား ။ တကယ်တမ်း ကျွန်တော်တို့ စီးသွားရမယ်လှေက ဟိုးအရှေ့ မှာ ရပ်ထားတဲ့ နည်းနည် ကြီးတဲ့ မော်တော်အိုကြီးတွေ ဖြစ်နေပါတယ် ။ တော်သေးတာပေါ့ .. အိုပေမယ့် လှေက ကြီးနေလို့ ။
အကောက်တောင်သို့ သွားခါနီးလေး ဖြစ်ပေါ်နေတဲ့ ရာသီဥတု အခြေနေ
ကမ်းနဖူးကနေ လှေထဲဆင်းရတော့ မယ်ဆိုတော့ တစ်သတ်မှတ်တည်း သတ်မှတ်ထားတဲ့ ကူးတို့ဆိပ် မျိုး ( ယုတ်စွဆုံး သေးသေးလေးတောင်မှ ) မရှိဘဲ အနီးနားပတ်ဝန်းကျင်အိမ်တွေက စုပုံပြီး ပစ်ထားကြတဲ့ အမှိုက်ပုံကြီု အမှိုက်ပုံကြားကနေ မော်တော်ရပ်ထားတဲ့ နေရာကို ကုန်းဆင်းလေး အတိုင်း ဆင်းရပါတယ် ။ ဒီအကြားထဲ မိုးကလည်း တစ်ဖွဲဖွဲ ရွာနေသေးတယ်ဆိုတော့ ဗွက်တွေထပြီး မြို့ ကြီးသူ မမတွေနဲ့ အဒေါ်ကြီးတွေခမြာ ခြေလှမ်း တစ်လှမ်း လှမ့်းရဖို့ အရေး တော်တော်လေးကို ဒုက္ခတွေ့ နေကြလေရဲ့  ။ အဲဒီအချိန်မှာ အသံတွေကလည်း စုံလို့ ။ သမီးရေ ..လက်တွဲပါအုံး ၊ အမေ… သေချာ သတိထားပြီးလျှောက်နော် ..၊ အဲဒီဘက်မလာနဲ့ ဗွက်တွေနဲ့ ချော်လဲမယ် ၊ ဟဲ့ .. ကေင်လေး ငါ့ကို တွဲစမ်းပါအုံး …. စသဖြင့်ပေါ့ ။ ကျွန်တော့် စိတ်ထဲမှာတော့ ဒီအကောက်တောင် ကိုလာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေ တော်တော်များများလာနေကြတာကိုများ ဘာဖြစ်လို့များ များလှေတက် လှေဆင်းလောက်ကိုမျှ အဆင်ပြေအောင် စီစဉ် မပေးထားကြပါလိမ့်လို့ လည်း စိတ်ထမှာ ဘ၀င်မကျ ဖြစ်နေမိပါတယ် ။ ဘယ်လောက် အထိ သွားလာများလိုက်သလဲဆိုရင် ကျွန်တော်တို့ အဖွဲ့  အကောက်တောင်က အပြန် ထုံးဘို အထွက်ဝမှာ ဆိုင်ကယ်တွေနဲ့ ကားဝင်ကားထွက် များလွန်းတော့ ( လမ်းကျဉ်းတော့ ကားအချင်းချင်း မလွှဲသာလို့ လည်းပါ ပါတယ် ) ကားတွေ ပိတ်မိနေပြီး 2 နာရီ ကျော်ကျော်လောက်ပိတ်မိနေတဲ့ အထိပါပဲ ။ ပြောမယ့်သာပြောရတယ် ဒီကိစ္စက ဘယ်သူ့ကို အပြစ်ပြောလို့ ပြောရမယ်မှန်း ကျွန်တော်မသိဘူး ။
လှေထဲသို့ ဆင်းကြရာဝယ် ...
မော်တော်ပေါ်တက်တော့လည်း ဗွက်တွေနဲ့ချောနေတဲ့ ကုန်းဘောင်ပေါ်ကို တော်တော်လေးကို ဂရုစိုက်ပြီး တက်နေရသေးတာ ။ မော်တော် ၀မ်းဗိုက်ထဲမှာကျတော့ လှေနံတစ်ဖက်တစ်ချက်မှာ ကပ်ပြီး လုပ်ထားတဲ့ သစ်သားခုံတမ်းရှည်နှစ်ခုပဲ ရှိပါတယ် ။ အဲဒီ ခုံတမ်းရှည်မှာလည်း မိုးရေနဲ့ ဗွက်တွေ ပေနေတာဆိုတော့ ပါလာတဲ့ စက္ကူတို့ စနိုးတာဝါယ်တို့ ကြွတ်ကြွတ်အိပ်တို့နဲ့ပါမကျန် သုတ်သင် သန့်ရှင်းပြီးတော့ မှ ထိုင်ကြရပါတယ် ။ ဒါပေမယ့် မချောတစ်သိုက်နဲ့ အကဲပိုတဲ့ အန်တီကြီးတစ်ယောက် နှစ်ယောက်ကတော့ လှေဝမ်းဗိုက်ထဲဆင်းမထိုင်ဘဲ ဗွက်တွေနဲ့ ချောနေတဲ့ လှေဦးထိပ်မှာ ကိုးယိုးကားယားကြီးနဲ့ ရပ်လျှက်သား စီးပြီး လိုက်ကြမလို့ တဲ့ ။ ပြီးတော့ တစ်ချိန်လုံး လက်ကိုင်ဖုန်းတွေကို မြှောက်ကာ မြှောက်ကာနဲ့ စတိုင် အမျိုးမျိုး ထုတ်လို့ ကိုယ့်ကို ကိုယ်ပြန်ရိုက်လိုက် ၊ သူ့ကိုငါရိုက်လိုက် ၊ ငါ့ကို သူပြန်ရိုက်လိုက်နဲ့ အလုပ်ရှုပ်နေကြပုံများ မတော်လို့ စက်လှေ တစ်ချက် ယိမ်းလိုက်တာနဲ့ တစ်ပြုံလုံး ရေထဲကို ဒိုင်ဗင်ထိုးကျမယ့်ကိန်း ။ ကံကောင်းတာက အဲဒီ အချိန်မှာ မိုးကလည်းတိတ်နေပြီး ရာသီဥတုက သူတို့ ဖက် ပါနေသလိုလိုပါ ။
မော်တော် ထဲမှာ ....
ကျွန်တော်တို့မော်တော်ထွက်လာပြီး တစ်ခဏမှာတော့ လှေရဲ့  လက်ယာဘက်ခြမ်း ဧရာဝတီမြစ်ရဲ့  တောင်ကမ်းပါးနံရံပေါ်မှာ စိုက်ထူထားတဲ့ အနံခြောက်ပေ အလျှားရှစ်ပေ လောက်ရှိတဲ့ အင်္ဂကတေ မျက်နှာ ပြင်ကြီးမှာ ကြိုဆိုပါ၏ ဧရာဝတီတိုင်း ကြံခင်းမြို့ နယ် ဆိုတဲ့ ဆိုင်း ဘုတ်ကြီးကို မြင်လိုက်ရပါတယ် ။ ပြီးနောက်မှာ ဆက်တိုက် ဆိုသလိုပဲ ကျောက်သားနံရံတွေပေါ်မှာ ထွင်းထုထားတဲ့ ဘုရားရုပ်ပွားတော် ပုံစံမျိုးစုံတို့ကို ရွယ်စုံ ဆိုက်စုံနဲ့ ထုလုပ်ထားကြတာကို အံ့သြကြည်ညိုစွာနဲ့ စတင်ဖူးတွေ့ နေရပါပြီ ။ လျှောင်းတော်မူ ၊ ထိုင်တော်မူ နဲ့ ရပ်တော်မူ ရုပ်ပွားတော်တွေကို ပုံစံ အမျိုးမျိုးနဲ့ ဖူးတွေ့ နေရပါတယ် ။ တချို့ ရုပ်ပွားတော်တွေကျတော့ ခြုံတွေဖုံးလွှမ်းနေပြီး ပြုပြင်သူတွေ လက်မလှမ်းမှီဘဲ ဖြစ်နေပုံရပါတယ် ။ လှေဝမ်းဗိုက် အတွင်းမှာ လိုက်ပါလာတဲ့ ကျွန်တော်က မြင်နေရတဲ့ ရှုခင်းတွေကို ဓာတ်ပုံရိုက်ဖို့ ရာအတွက် ထိုင်တဲ့ နေရာမှအားယူပြီး အထမှာ လှေဝမ်းဗိုက် အောက်ခြေက ၀င်နေတဲ့ ရေနဲ့ လွတ်အောင် ခင်းထားတဲ့ သစ်သား ယာယီကျမ်းခင်းကျွံကျပြီး ခြေတောက် နှစ်ဖက်စလုံးမှာ ရွှ့ံတွေပေကုန်တော့တာပဲ ။ နာလည်း တော်တော်နာသွားပါတယ် ။ ဒါပေမယ့် ဂရုပြုလို့ နေလို့ မအားပါဘူး ။ မြင်နေရတဲ့ ရှုခင်းက ခဏနေ စက်လှေရဲ့ နောက်မှ ကျန်ခဲ့တော့မှာဆိုတော့ အမိအရ ရိုက်ရအုံးမှာမို့ပါ ။ အကောက်တောင်ခရီးမှာ ကျွန်စိတ်ဝင်းစားဆုံးဖြစ်တဲ့ ဒီကျောက်နံရံရှုခင်းတွေကို အမိအရ ဓာတ်ပုံတွေ ရိုက်ယူနေခဲ့ရပေမယ့် အုပ်မှိုင်းနေတဲ့ ရာသီဥတုဖြစ်ပေါ်နေတဲ့ အချိန်နဲ့ ရွှေ့ ရှားနေတဲ့ စက်လှေပေါ်ကနေ ရိုက်ယူနေခဲ့ရတာဆိုတော့ ပုံကောင်းတွေ သိပ်မရရှိပါဘူး ။ ဒါပေမယ့် အဲဒီ အချိန်မှာ မိုးတွေတိတ်နေလို့ ကံကောင်းတယ်လို့ ဆိုရမှာပါ ။
ကျောက်ကမ်းပါးမှာ ထွင်းထုထားတဲ့ ဘုရားရုပ်ထုများ ...
ကျွန်တော်တို့ စက်လှေစစီးတဲ့ ထုံးဘို ဆိပ်ကမ်းနဲ့ ဘုရားရုပ်ထုတွေ ထွင်းထားတဲ့ကျောက်နံရံ ရှိတဲ့နေရာက ငါးမိုင်ကျော် ခုနှစ်မိုင်နီးပါးလောက်ပဲ ရှိမယ်ထင်ပါတယ် ။ လှေစီးရင်း ရှုခင်းတွေကိုကြည့်ပြီး လာလိုက်တာ ရုပ်ပွားတော်များ ထွင်းထုထားတဲ့ ကျောက်နံရံကမ်းပါးအဆုံး ထိပ်တောင်မှာ စေတီကြီးတစ်ဆူရဲ့  ထီးတော်ကို လှေထဲကနေ လှမ်းဖူးတွေ့ လိုက်ရပါတယ် ။ အဲဒီဘုရားရှိတဲ့ တောင်အောက်ခြေတည့်တည့်မှာ လှေကိုဆိုက်ပြီး တောင်ပေါ်ကို တက်ရအုံးမှာတဲ့ ။ ဒါပေမယ့် ကျွန်တော့်တို့ စီးတဲ့ လှေက ဆိုက်ကပ်မယ့်နေရာ ရောက်ခါနီးလေးမှာ စက်အရှိန်လျှော့လိုက်တာ ပြန်ပြီး နှိးလို့ မရတော့ဘူး ။ အဲဒီတော့ လှေဟာ အောက်ဘက်ကို ရေစီးနဲ့ အတူ မြောပါလို့နေပါတယ် ။ ဒါကို လှေဝမ်းဗိုက် အတွင်းကလူတွေက မရိပ်မိပေမယ့် လှေဦးမှာ ရပ်ပြီးလိုက်လာတဲ့ သူတွေက သိနေကြပြီး စက်ပြန်နှိုးလို့ မရဘဲ ဧရာဝတီ မြစ်ကြီးထဲ မြောပါသွားရင်ဖြင့် ဆိုတဲ့ အတွေးလေးတွေးတွေက ၀င်လာပြီး စိတ်လှုပ်ရှားလျှက်နဲ့ ပေါ့ ။ ပြီးတော့ ရာသီဥတုကလည်း သိပ်မကောင်းဘူးမဟုတ်လား ။ အဲဒီ အချိန်မှာ လှေသီးထိပ်မှာ မျက်မှန်တတ်ပြီး ဘောင်းဘီတစ်ကားကားနဲ့ အန်တီကြီးတစ်ယောက်က လှေဝမ်းဗိုက်အတွင်းမှာ စီးနင်းလိုက်ပါလာတဲ့ သူ့အဖော် အဒေါ်ကြီးတစ်ယောက်ကို .. သိန်းသိန်းရေ …. အခုလက်ရှိ သိင်္ဂီတို့ ရဲ့ အခြေနေကို သိန်းသိန်းကို ပြောပြလိုက်ရင် အရမ်းအရမ်းကို စိတ်လှုပ်ရှားသွားမှာစိုးလို့ မပြောဘဲနေတာ သိလား ……တကယ်တော့လေ သိင်္ဂီတို့စီးလာတဲ့ လှေကြီးကလေ ..စက်ပျက်ပြီး မြစ်ထဲမှာ မြော…နေပြီ သိန်းသိန်းရဲ့  ….ဆိုပြီး နိုင်ငံခြားရုပ်ရှင်ထဲက “ဂျက်စ်စပါရို” စတိုင်နဲ့ အော်ပြောလိုက်တော့ အထဲက သိန်းသိန်းဆိုတဲ့ အန်တီကြီးကလည်း ဟင်……. ဟုတ်လား ဆိုပြီး စိတ်လှုပ်ရှားတဲ့ အသံကြီးနဲ့ ပြန်ပြောလိုက်တာကို ကြားရတဲ့ သူတွေ အကုန်လုံး သူတို့ နှစ်ယောက်ရဲ့  ပုံစံတွေကိုကြည့်ပြီး မအောက်နိုင်ကြတော့ဘဲ ၀ါးလုံးကွဲ ရည်ကြတော့တာပဲ ။ အဲဒီတော့မှပဲ စက်လှေမြောနေလို့ စိတ်ညစ်နေရတာတွေလည်း နည်းနည်းတော့ သက်သာရာ ရသွားပါတယ် ။ သိပ်မကြာပါဘူး လှေသမားအချင်းချင်း ဖုန်းဆက်အကြောင်းကြားလိုက်တာ ထင်ပါရဲ့  လှေငယ်တစ်စီးက ကျွန်တော်တို့ စက်ပျက်နေတဲ့ လှေကို ဘော်ဒီချင်းလာကပ်ပြီး ဆိုက်ရမဲ့ ကမ်းနားအထိ အရောက်တွန်းပို့ ပေးခဲ့ပါတယ် ။ အဲဒီတော့မှ သက်ပြင်းကောင်းကောင်းချနိုင်ပါတော့တယ်ဆိုပါတော့ ။ ကျွန်တော်တို့ရဲ့ စီးတော်ယာဉ် မော်တော်ကြီးရဲ့ နာမည်က “လပ်ကီး” ပါတဲ့ ။ နာမည်ကို ဖတ်ပြီး ခရီးသွားတို့ လှေပေါ်ကဆင်းရင်းရည်ကြပါတယ် ။ တော်သေးတာပေါ့ လှေနာမည်က လပ်ကီး မို့လို့သာ ။ နို့ မို့ရင် ဧရာဝတီမြစ်ကြောတစ်လျောက် စုံဆင်းပြီးကျွန်တော်တို့ကို လေ့လာရေးများ ခေါ်သွားအုံးမလားမသိဘူး ။
အကောက်တောင်ပေါ်သို့ အတက် ...
လှေဆိုက်တဲ့တောင်ခြေမှာတော့ အုတ်အင်္ဂကတေ လှေကားလေးတစ်ခု လုပ်ပေးထားပါတယ် ။ ဒါပေမယ့် လှေတွေစုပြုံပြီး ဆိုက်ရောက်လာရင်တော့ အဲဒါလည်း အဆင်ပြေမှာ မဟုတ်ဘူး ။ အခုဆိုရင်တော့ ဒီနေရာမှာ အတော်သင့် ကျယ်တဲ့ ကူးတို့ ဆိပ်ခံသေးသေးလေးတစ်ခုတော့ ရှိနေသင့်ပါပြီ ။ ရေစပ်နားကနေ တောင်တက်စမှပဲ တော်တော် မတ်စောင့်တဲ့ အင်္ဂကတေ လှေကားလေးတွေကနေ တက်ရပါတယ် ။ တချို့ နေရာတွေ မှာဆို 70 ဒီဂရီလောက် မတ်စောက်ပြီး သစ်သား လက်ရန်းလေးတွေကို ကိုင်ပြီးတက်မှ အဆင်ပြေပါတယ် ။ တောင်တက်လမ်းတစ်လျှောက်မှာ အဲလိုမျိုး အမြဲတမ်းမတ်စောင့်နေတာမျိုးတော့ မဟုတ်ပါဘူး ။ ဘုရားရုပ်ထုတွေ ထွင်းထုထားတဲ့ ကျောက်နံရံကြီးတွေအနားကနေ သွားရတဲ့ နေရာတွေမှာတော့ သာမန်မြေပြင် အတိုင်းပါပဲ ။ တစ်ခုပဲရှိပါတယ် ။ တောင်ကမ်းဘေးကို ပတ်ပြီး လူသွားလမ်းလေးဖောက်ထားတာဆိုတော့ တချို့ လမ်းတွေက 3 ပေလောက်ပဲ ကျယ်ပါတယ် ။ တချို့ နေရာတွေမှာဆို အဲလောက်တောင် မကျယ်ပါဘူး ။ လူငယ်လေးတွေသဘ၀ ပြေးလွှားဆော့ကစာရင်း ဒီလမ်းတွေမှာ သွားမယ်ဆိုရင်တော့ လမ်းဘေးချော်ပြီးတောင်အောက်ကို ပြုတ်ကျသွားနိုင်တဲ့ အန္တရယ် ရှိပါတယ် ။
တောင်တက်လမ်းတစ်လျောက်အနီးကပ် လေ့လာခွင့်ရတဲ့ ဘုရားရုပ်တွေကို မြင်ရတာ အရမ်းရှေးကျတဲ့ လက်ရာမျိုးကို မတွေ့ မိပါဘူး ။ ရတနာပုံခေတ် နဲ့ အလွန်းဆုံး ကုန်းဘောခေတ်နှောင်းလက်ရာတွေထက် ရှေးမကျနိုင်ဘူးလို့ ထင်ရပါတယ် ။ ရုပ်ထု ထုလုပ်ထားတဲ့ ကျောက်အမျိုးစားကလည်း တုံးကျောက်ပွပွကြီးတွေမှာ ထုလုပ်ထားတာဖြစ်ပါတယ် ။ တကယ်တော့ ကျောက်သားကို အရင်ထွင်းထုထားပြီးတော့မှ အပြင်ကနေ ကွန်ကရစ်နဲ့ အချောကိုင်ထားတာဖြစ်ပါတယ် ။ အဲဒီလို အချောကိုင်ထားတာကလည်း နှောင်းလူတွေလက်ထက်ရောက်မှ လုပ်ထားတဲ့ ပုံစံမျိုးပါ ။ နောက်တချက်က မူရင်းလက်ရာတွေဟာ ရှေးကျနိုင်ပေမယ့် နှောင်းလူတွေ ပြုပြင်ထားကြလို့ ယနေ့ခတ်လက်ရာတွေနဲ့ နီးစပ်နေတာမျိုးလားဆိုပြီးတော့လည်း စဉ်းစားမိပါတယ် ။
တောင်တက်လမ်း
တောင်ပေါ်ရောက်ပေါ်ရောက်တော့ နံနက် 7 နာရီ ထိုးပြီးနေပါပြီ ။ တောင်တက်ချိန်မီနစ် 20 ကျော်ကျော်လောက်ကြာပါတယ် ။ တောင်တက်နေတုန်းမှာ အင်နာဂျီတွေ ထုတ်သုံးလိုက်ရလို့ လားတော့မသိ ကော်ဖီတစ်ခွက်တည်းနဲ့ ဖြည့်တင်းလာရတဲ့ ဗိုက်က မတရားကို ဆာလာတော့တာပါပဲ ။ ဒါကြောင့်မို့ တောင်ပေါ်ရောက်တာနဲ့ ခရီးသွားအဖွဲ့က စီစဉ်ပေးမယ်လို့ ထင်နေခဲ့တဲ့ နံနက်စာတည်ခင်းကျွေးမွေးမယ့် နေရာကို မျက်လုံးလးနဲ့ မသိမသာလေး ဝေ့ကြည့်မိနေပါတယ် ။ ကားပေါ်မှာတုန်းက ကျွန်တော်တို့ ဧည့်လမ်းညွှန်ပြောစကားမှာ မြန်မာဆန်ဆန် န့နက်စာလို့ မပြောဘဲ ဘိုဆန်ဆန် ဘရေ့ ဖတ် ဘရေ့ ဖတ်နဲ့ တစ်ဖက်တည်း ဖတ်လာခဲ့တာဆိုတော့ ဗိုက်ဆာနေတဲ့ သူတို့ ရဲ့ ခရီးသွားတွေကို ရှယ်စီစဉ်ပြီး ကျွေးမွေးတော့မယ်လို့ ထင်ထားပဲ ။ ဆိုတော့ စိတ်ထဲမှာလည်း အနည်းဆုံးကော်ဖီတစ်ခွက်နဲ့ ကြက်ဥကြော် ၊ ထမင်းကျော်လိုမျိုးကို မှန်းထားခဲ့ပါတယ် ။ ဒါပေမယ့်လည်း ကျွတ်တော် ကြည့်လိုက်တဲ့ နေရာတွေမှာ နံ့နက်စာအတွက် တည်ခင်းထားတဲ့ အရိပ်ရောင်ကို မတွေ့ ရသေးတာမို့ ဆရာတော်ကြီးနဲ့ ရေစက်ချဖို့ စောင့်နေတယ်လို့ သိရတဲ့ ကျွန်တော်တို့လို ခရီးသွားတစ်ချို့ ရှိနေတဲ့ ဓမ္မာရုံထဲသွားဦးချပြီး အလှူငွေလေးတွေ လှူလို့ မသိမသာလေး ပြန်ထွက်လာခဲ့ပါတယ် ။ ဒါမှလည်း အချိန်တိုတို အတွင်း တောင်ပေါ်အနှံ့မှာ လေ့လာစရာတွေကို လေ့လာရမှာကိုး ။ ပြီးတော့ ရေစက်ချတာက ဘယ်အချိန်မှ ချမယ်မှန်းမသိတာ ။
တောင်တက်လမ်း တစ်လျှောက်မှာ အနီးကပ်တွေ့ ရတဲ့ ဘုရား ရုပ်ထုများ
ဓမ္မာရုံကထွက်လာပြီး ပေါ့ပါးတွေသွားပြီးနောက်မှာ စားပွဲတွေ ဘာတွေနဲ့ နံနက်စာ ခင်းကျင်းနေတယ်လို့ ထင်ရတဲ့ နေရာလေးကို သံယေဇဉ်မပြတ်သေးဘဲ သွားပြီးချောင်းကြည့်နေမိပြန်သေးတယ် ။ အဲဒီအချိန်မှာ ကျွန်တော်တို့ နဲ့ အုပ်စုအတူ တခြားကားမှာ ပါလာတဲ့ ဧည့်လမ်းညွှန်ကောင်မလေးက အစ်ကိုတို့ ဆရာတော်ရေစက်ချဖို့ စောင့်နေပြီ ဓမ္မာရုံထဲဝင်တော့လို့ လာပြီးခေါ်ပါတယ် ။ ဒီတော့ ကျွန်တော်က မ၀င်တော့ဘူး ညီမလေး ဟိုနား ဒီနားလျှောက်ကြည့်လိုက်အုံးမယ် .. ဒါနဲ့ နံနက်စာက ဘယ်တော့ ကျွေးမှာလဲ ..ဆိုပြီး မရှက်သုံးပါးထဲက တစ်ပါးကို ထုတ်သုံးလို့ မေးလိုက်တော့ ရေစက်ချပြီးမှပါတဲ့ … ။ ဒီတော့လည်း ဆာလောင်နေတာကို အောက်အီးပြီး ဘုရားရင်ပြင်နဲ့ စိတ်ဝင်စားဖို့ ကောင်းမယ့်နေရာလေးတွေကို လိုက်ကြည့်ဖို့ ထွက်လာခဲ့ပါတယ် ။ ရင်ပြင်မှာတော့ ဘာမှတော့ တွေတွေထူးထူး မရှိပါဘူး ။ အဓိက စေတိတစ်ဆူနဲ့ နောက်ပိုင်း လူတွေ သွားလာများလာတဲ့ အချိန်ကျတော့မှ ပြုလုပ်တည်ဆောက်ထားတဲ့ ဘုရားတွေနဲ့ ရုပ်ထုတွေကိုပဲ တွေ့ ရပါတယ် ။ ကျွန်တော့ အတွက်တော့ ဒီအကောက်တောင်မှာ ကျောက်နံရံမှာ ထွင်းထုထားတဲ့ ဘုရားရုပ်ထုတွေကလွဲလို့ တခြား ဘာကို မှ စိတ်မ၀င်စားမိပါဘူး ။ တစ်ခုတော့ ရှိပါတယ် စေတီလေးရှိတဲ့ ဘုရားရင်ပြင် မြောက်ဘက်ခြမ်းကနေ ဧရာဝတီမြစ်ကြီးဆီကို ငုံ့ကြည့်လိုက်တဲ့ အခါမှာ မှိုင်းညို့ ညို့ မိုးကောင်းကင်ကြီးအောက်က မြစ်ပြင်ကျယ်ကြီးကို မြင်ရတဲ့ သဘ၀ ရှုခင်းကတော့ဖြင့် တစ်သက် မမေ့နိုင်လောက်စရာပါပဲ ။ ကြည့်ရတာကလည်း အိမ်ဝရံတာကနေ အောက်ကို ငုံ့ကြည့်သလို မျိုး ကြည့်ရတာဆိုတော့ စိတ်လှုံ့ ရှားစရာလည်း ကောင်းလှပါတယ် ။ အဲဒီလို လျောက်ကြည့်နေတဲ့အချိန်တွင်းမှာ ကျွန်တော်တို့ ရဲ့ ဧည်းလမ်းညွှန်လေးက ဖုန်းဆက်ပြီး နံနက်စာ စားလို့ ရပြီလို့ လှမ်းခေါ်ပါတယ် ။ အခုမှပဲ ဆာလောင်နေတဲ့ ကိုယ့်ဗိုက်ကို ဖြည့်ရတော့ မယ်ဆိုပြီး အပြေးကလေးလှမ်းလို့ စောစောက နံနက်စာပြင်ဆင်နေတဲ့ ဆွမ်းစားဆောင်လေးဆီကို ပြေးခဲ့ရပါတယ် ။ နံနက်စာက လူတစ်ယောက်ကို ကော်ဖီတစ်ခွက်နဲ့ အဲဒီဒေသချက် မုန်းဟင်းခါးကို ကျွေးပါတယ် ။ ရုတ်တရက်ကြည့်ရင်တော့ အုန်းနို့ ခေါက်ဆွဲ ဟင်းရည်လို့ ထင်ရတဲ့ ဟင်းရည်မျိုးနဲ့ မုန့်ဖက်တွေကို လိုက်ပွဲနဲ့ ပါ ပြင်ပြေးထားပါတယ်ပါ ။ ကျွန်တော်က မုန့်ဟင်းခါးကြိုက်တတ်သူမို့ ဘယ်လို မုန့်ဟင်းခါးမျိုးဘဲဖြစ်ဖြစ် စားလို့ အဆင်ပြေပေမယ့် အဖော်ပါလာတဲ့ သူငယ်ချင်းက နဂိုကကို မုန့်ဟင်းခါး ကြိုက်သူမဟုတ်တော့ ကော်ဖီတစ်ခွက်ပဲ သောက်ပါတယ် ။
တောင်ပေါ်ကနေမြင်ရတဲ့ ဧရာဝတီမြစ်ပြင်ရှုခင်း
တယ်တော့ အဲဒီ နံက်စာကို တောင်ပေါ်က ဘုန်းကြီးကျောင်းကနေကျွေးတာဖြစ်တယ်ဆိုတာ တောင်အောက်ကိုရောက်မှ တခြားခရီးသွားဖော် ညီလေးတစ်ယောက်ကပြောမှ သိရပါတယ် ။ ပြီးတာ့ တောင်ပေါ်မှာက သက်သက်လွတ်သာကျွေးတာဖြစ်ပါတယ်တဲ့ ။ အဲဒီတော့မှ … ဘုရား ဘုရား ကိုယ်ကျိုးတော့ နည်းပါပေါ့လား…. ။ နံနက်စာကို ခရီးသွားစီစဉ်တဲ့ အဖွဲ့ က တာဝန်ယူပြီးကျွေးတယ်ထင်လို့ စောစောက ဟိုဟာလေး စားချင်တယ် ဒီဟာလေးစားရရင်ကောင်းမယ် ဆိုပြီး ဂျီးများနေမိသေးတာ ။ နံနက်စာကို ဘုန်းကြီးကျောင်းက သက်သက်လွှတ်ကျွေးတယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ ဧည့်လမ်းညွှန်ကြီးက လုံးလုံး၀၀ကို ထည့်မပြောပြပါလား ။ ပြီးတော့လည်း ကားလက်မှတ်ဝယ်တုန်းက ခရီးစဉ် တစ်ခုလုံး အစားအသောက်ပါ အပြီးအစီး 30000 ကျပ်ဆိုပြီး ပြောတာကိုး ။ ငါ့နှယ်နော် ....တောင်ပေါ်ကျောင်းဆရာတော်က ဘုရားဖူးလာသူတွေကို သက်သက်လွှတ်နဲ့ ကျွေးနေပါတယ်ဆိုမှ ဘာမှ မေးမြန်းစုံစမ်းခြင်းမရှိဘဲ ကြက်ဥကြော်လေးနဲ့ ထမင်းကြော်ကိုမှ သွားပြီးတောင့်တနေလိုက်သေးတယ် …. မသိနားမလည်လိုက်ပုံများကတော့ ။ ဒါကြောင့် သိသိချင်းပဲ တောင်ပေါ်က ဆရာတော်ဘုရားကိုရော ကျွေးမွေးဧည့်ခံကြတဲ့ လူပုဂ္ဂိုလ်တွေကိုပါ ကဗျာကရာ စိတ်ထဲကနေ ဦးချပြီးတောင်းပန်လိုက်ရတယ် ။ တော်သေးတာပေါ့ အလှူငွေလေးထည့်ခဲ့မိလို့ ။
တောင်ပေါ်က စေတီ
တောင်ပေါ်က မနက် 8 နာရီခွဲမှာ ပြန်ဆင်းပါတယ် ။ အဆင်းကျတော့ အတက်တုန်းကလောက် မပင်ပန်းတော့ပါဘူး ။ ဒါပေမယ့် မတ်စောင့်လှတဲ့ လှေကားထစ် တွေကနေ ဆင်းရတဲ့ အချိန်မှာတော့ ပိုပြီး သတိထားရပါတယ် ။ အတူးသဖြင့် အသက်ကြီးတဲ့ အဒေါ်ကြီးတွေပါ ။ သူတို့က ကူပြီးတွယ်ပေးတဲ့ ဒေသခံကောင်းလေးတွေ ကိုမုန့်ဖိုးပေး တွယ်ခိုင်းပြီး ဆင်းတယ်ဆိုပေမယ့် တော်တော်လေးကို သတိထားပြီးဆင်းနေရတယ်ဆိုတော့ နောက်ကလူတွေကလည်း သူတို့ နောက်ကနေ တန်းစီပြီး တရွှေ့ ရွှေ့ နဲ့ လိုက်ခဲ့ရပါတယ် ။ အဲဒီလို မတ်စောက်လှတဲ့ ၊ လူနှစ်ယောက် လွှဲစာလောက်သာ အကျယ်ရှိတဲ့ လှေကားထိပ်က တစ်ယောက်ယောက် ခြေချော်ကျပြီး အရှေကလူတွေကို တွန်းထိုးသလို ဖြစ်သွားမယ်ဆိုရင်တော့ တကယ် မတွေးရဲ စရာဘဲ ။
အကောက်တောင်ပေါ် စောစောရောက်တဲ့ ကျွန်တော်တို့ ကံကောင်းတယ် လို့ ဆိုရပါမယ် ။ ၀ါဆိုလပြည့်နေ့ အခါကြီးရက်ကြီးမို့ တောင်ပေါ်ကိုလာကြသူတွေ တော်တော်ကို များပါတယ် ။ အဲဒီတော့ တောင်အောက်ကို ဆင်းတဲ့ လမ်းတစ်လျှောက်မှာ ဆင်းသူရော တက်သူတွေပါ ရှုပ်ရှက်ခတ်လို့ နေပါတယ် ။ ကျွန်တော်တို့ တောင်အောက်ကို ရောက်ပြီး နောက်ပိုင်းမှာတော့ တောင်ပေါ်မှာ လူတွေ ပြည့်ကျပ်နေလောက်ပါပြီ ။ အခုမှ တောင်ပေါ်ကို အားယူပြီးတက်လာတဲ့ သူတွေကို အရင်ဦးစားပေးလို့ ဆင်းတဲ့ သူတွေကလည်း မတ်စောင့်တဲ့ လှေကားထစ်တွေမှာဆို ပိုလို့ သတိထားပြီး ဆင်းနေရပါသေးတယ် ။ ကျွန်တော်တို့ ဧည့်လမ်းညွှန်ကြီးကတော့ သူဦးဆောင်ခေါ်သွားရမယ့် လူတွေ စုံအောင် သေသေချာချာ ဂရုစိုက်လို့ ခေါ်နေတာကို တွေ့ နေရပါတယ် ။ သူဦးဆောင်ရတဲ့ ခရီးသွားများ တစ်ယောက်ချင်းစီကိုလည်း ဂရုစိုက်ရှာပါတယ် ။ တကယ်ဆို သူ့လို လူမျိုး ကားတစ်စီးမှာ နှစ်ယောက်တော့ ပါသင့်ပါတယ် ။ အခုက သူတောင်ပေါ်က လူတွေကို ခေါ်နေတုန်းမှာ တောင်အောက်ရောက်နေတဲ့ သူများက ထုံးဘိုပြန်ဖို့ အတွက် ဘယ်စက်လှေနဲ့ လိုက်လို့ လိုက်ရမှန်းမသိဘဲ ဖြစ်နေကြပါတယ် ။ နောက်ဆုံးမှာတော့ ထုံးဘိုက ထွက်လာမယ်လုပ်တုန်းက လှေသေးသေးလေးမို့ မစီးချင်းဘူး ဆိုပြီး ကျွန်တ်ာဂျီးများခဲ့တဲ့ လှေလေးပေါ်ကို တက်လိုက်ရပါတယ် ။ လာတုန်းက စီးလာတဲ့ လပ်ကီးကြီးကိုတော့ မတွေ့ ရတော့ပါဘူး ။ လှေပဲ့ကိုတဲ့ သူက လူ အယောက်နှစ်ဆယ်ပဲ တက်ပါလို့ အော်ပြောနေပေမယ့် ကမ်းကခွာတဲ့ အချိန်မှာ လူကြီးရော ကလေးပါ 25 ယောက်လောက် ပါလာခဲ့တယ် ။ လှေကလေးက သေးပေမယ့် စီးရတာ ငြိမ်ပါတယ် ။ ကျွန်တော်တို့ စီးလာတဲ့ လှေလေးဟာ ကမ်းစပ်တောင်ခြေကို နောက်မှ ရောက်လာတဲ့ ဘုရားဖူးခရီးသည်တင်လှေတွေ ကြားကနေ ခရီးသွားအဖွဲကားရပ်ခဲ့တဲ့ ထုံးဘိုမြို့ လေးဆီကို ဦးတည်ပြီး ထွက်ခွာလာခဲ့ပါတယ် ။
အကောက်တောင်ပေါ်က အပြန် လှေငယ်ပေါ်မှာ
တောင်ပေါ်မှာ တုန်းက မိုးတစ်ဖွဲဖွဲရွာနေခဲ့ပေမယ့် ကျွန်တော်တို့ လှေစီးပြီး သွားနေခဲ့တဲ့ အချိန်တွေမှာ ကံကောင်းထောက်မစွာနဲ့ မိုးတိတ်လို့နေပါတယ် ။ ဒီတော့လည်း ကျောက်နံရံကြီးမှာ ထွင်းထုထားတဲ့ ဘုရားရုပ်ထုကြီးတွေကို သေသေချာချာနဲ့ ငေးမောပြီး လှေပေါ်ကနေ အားရပါးရ ကြည့်ရှုခွင့်ရနေခဲ့ပါတယ် ။ သမိုင်းနဲ့ ရှေးဟောင်းသုတေသန ဘာသာရပ်မှာ စိတ်ဝင်စားတဲ့ ကျွန်တ်ာက ဒီအကောက်တောင် နဲ့ ပက်သက်ပြီး သက်ဆိုင်ရာအချက်လက်တွေကို အခု ဒီခရီးစဉ်မှာ လိုက်ပါလာတဲ့ အချိန်ထိ သေသေချာချာနဲ့ ပြည့်ပြည့်စုံစုံ မလေ့လာခဲ့ရသေးပါဘူး ။ အကြောင်းတိုက်ဆိုင်လို့ သာဒီခရီးကို အရင်ထွက်လာခဲ့ခြင်းဖြစ်ပါတယ် ။ နောက်ပိုင်းကျရင်တော့ သေသေချာချာ လေ့လာပြီး သူငယ်ချင်းမိတ်ဆွေများကို တင်ပြပေးဖို့ စိတ်ကူးထားပါတယ် ။ ကျွန်တော်တို့ ရဲ့ ဧည်လမ်းညွှန်လေးပြောပြချက်ကို အခြေခံပြီး ဒီအကောက်တောင်နဲ့ ပက်သ်တဲ့ အကြောင်းရာတွေကို ပြောရမယ်ဆိုရင် …. ဘုရားရှင်ကျေးမင်းဘ၀က ကောက်ပဲသီးနှံပေါတဲ့ ဒီတောင်ပေါ်မှာ အဲဒီ အသီးနှံတွေကို လာရောက်ကောက်စားလို့ အကောက်တောင်လို့ ခေါ်ပါသတဲ့ ။ နောက်တစ်ချက်က ကုန်းဘောင်ခေတ် နှောင်းပိုင်းလောက်မှာ ဧရာဝတီမြစ်ကြီးကို အမှီပြုနေရတဲ့ ကုန်သည်လှေတွေကို အခွန်အခ ကောက်ခံရာ စခန်းရှိတဲ့ ဒီတောင်ကို အကောက်တောင်လို့ ခေါ်ပြန်ပါတယ်တဲ့ ။ နောက်ဆုံးအချက်က ဒီဒေသတစ်ဝိုက်မှာ ဖြတ်သန်း စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးရဲ့ ကောက်ကွေ့ နေတဲ့ သုံးဆင့်ချိုးအကွေ့ ရှိတဲ့ နေရာမို့ အကောက်တောင်လို့ ခေါ်တာဖြစ်ကြောင်း သိရပါတယ် ။ ကျွန်တော့်တစ်ဦးတည်းရဲ့ သဘောအရ ဆိုရင်တော့ ပထမဆုံး အချက်ဖြစ်တဲ့ ကျေးမင်းနဲ့ သက်ဆိုင်တဲ့ အချက်က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ရဲ့ ကိုးကွယ်ယုံကြည်သက်ဝင်မှုကို အခြေခံပြီးပြောတာ ပေါ်လွင်လှတာမို့ အဲဒီ အချက်ကို ပယ်ပါတယ် ။ နောက် နှစ်ချက်မှာ ဖြစ်နိုင်ဆုံး အချက်ကို ရွေးချယ်ရရင် အကောက်တောင် အနီးနားပတ်ဝန်းကျင်မှာ အရင်ခေတ်ကတည်းကတိုင် လူတွေ ၀င်ထွက် သွားလာနေထိုင်တဲ့သက်သေ လက်စလက်နဖြစ်တဲ့ ဘုရားရုပ်ထုတွေထုလုပ်ထားတာတွေကို တွေ့  ရှိနေတာကြောင့် ကုန်သည်လှေတွေကို အခွန်အခ ကောက်ခံရာ စခန်းရှိလို့ အကောက်တောင်လို့ ခေါ်ဆိုတာကို လက်ခံချင်ပါတယ် ဆိုတာကို တင်ပြရင်း အကောက်တောင်သွား ခရီးစဉ် အကြောင်း ဆုံးသတ်လိုက်ရပါတယ် ခင်ဗျား ။
( ရန်နောင်စိုး )July 17, 2014
လိုင်းကောင်းကောင်းနဲ့ သုံးရတဲ့ သူများ အကောက်တောင် က ကျောက်နံရံမှာ ထွင်းထားတဲ့ ဘုရားရုပ်ပွားတော်တွေ နဲ့ ရှုခင်းတွေကို ကြည့်ရင်ရင်တော့ ဒီလင့်လေးမှာ ထောက်ပြီး ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ ။
https://www.facebook.com/photo.php?v=763633993659975&set=vb.100000401452593&type=2&theater
အဆင်ပြေမယ်ဆိုရင်ကြော်ငြာတစ်ခုစီကိုကလစ်တစ်ချက်စီနှိပ်ခဲ့ပါ
အကောက်တောင်သို့ တစ်မနက်ခရီး(ရန်နောင်စိုး)
Written By လွင့်မောင်မောင် on Wednesday, July 16, 2014 | 7:25 PM

ကျွန်တော်တို့ နိုင်ငံရဲ့  ခရီးသွားလို့ ကောင်းတဲ့ ရသီဥတုနဲ့  ခရီးသွားရတာကို ၀ါသနာပါတဲ့ ကျွန်တော်က အလိုက်သင့် သိပ်မဖြစ်ဘဲ ပြောင်းပြန်အချိုးတွေ ကျနေတာများပါတယ် ။ မိုးရာသီဆိုရင်အလုပ်ပါးပြီး အားတဲ့ အချိန်တွေများနေတတ်ပေမယ့် မိုးတွေရွာနေတတ်တာမို့ ခရီးသွားရတာ အဆင်မပြေတတ်ဘူး ။ ပွင်းလင်းရာသီရောက်လို့ ခရီးသွားလို့ ကောင်းတဲ့ ရာသီကို ရောက်ပြန်တော့ အလုပ်တွေက လှိုင်နေတတ်ပြီး အားတဲ့ရက်က တော်တော်ကို ရှားနေပြန်ပါတော့တယ် ။ ဒီတစ်မိုးမှာတော့ The Traveller Journal မှာပါတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတစ်ခုကနေပြီး ကြေငြာထားတဲ့ ခရီးစဉ်လေးကို့  သဘောကျမိတာနဲ့ ဘယ်လိုပဲ ဖြစ်ဖြင့် မိုးတွင်းထဲမှာတော့ ခရီးတိုလေးတစ်ခုတော့ သွားလိုက်အုံးမှ ဆိုပြီး ဆုံးဖြစ်ချက်ချလိုက်ပါတယ် ။
သူကြေငြာထားတဲ့ ခရီးစဉ်က ၀ါဆိုလပြည့်နေ့မှာ ပြည်မြို့ နဲ့ ဧရာဝတီမြစ်ခြားလို့ တဖက်ကမ်းမှာ ရှိနေတဲ့ အကောက်တောင်ခရီးစဉ်နဲ့ အဲဒီကပြန် နီးစပ်ရာဘုရားတွေကို တစ်နေကုန်အောင်ထိ လိုက်ပို့ အုံးမတဲ့ ။ ခရီးက အဲဒီနေ့ မတိုင်ခင်ည10 နာရီမှာ ရန်ကုန်က စထွက်မယ် ၊ ပြီးရင် ဟိုကို မိုးလင်းရောက် ၊ အကောက်တောင်ကိုတက် ၊ တစ်နေကုန် ဘုရားတွေဖူးပြီး ညနေစောင်းရင် ရန်ကုန်ပြန်မယ်တဲ့ ။ အဲဒါကို စားသောက် စရိပ်ငြိမ်း အပြီးအစီး 30000 ကျပ် ဆိုတော့ တန်တယ်လို့ ယူဆမိပါတယ် ။ ပြည်မြို့ က သရေခေတ္တရာမြို့ ဟောင်းကိုရော မ၀င်ပေးဘူးလားမေးတော့ ပြည်မြို့ ထဲမှာ ရှိတဲ့ ဘုရားကြီးဘုရားကိုပဲ ပို့ပေးမယ်တဲ့ ။ အင်းလေ ရှိစေတော့ပေါ့ ။ မြို့ ဟောင်းထဲကို သူတို့ ပို့ပေးမယ်ဆိုလည်း ကျွန်တော့ အတွက်က အဲဒီ သူတို့ပို့ပေးတဲ့ အချိန်တိုလေးအတွင်း ဘာမှကိုသေသေချာချာ လေ့လာခွင့် ရမှာမဟုတ်တော့ စိတ်ထဲမှာ အကောက်တောင်ခရီးကိုပဲ အဓိကထားပြီး အဲဒီခရီးစဉ်နဲ့ လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ် ။
10 . 7 . 2014 အဖိတ်နေ့ ည 9 နာရီလောက်မှာတော့ ခရီးစဉ်မှာ အတူလိုက်ပါမယ့်သူငယ်ချင်းတစ်ယောက်နဲ့အတူ အိမ်ကနေ စုရပ်ဖြစ်တဲ့ မြေနီကုန်း လမ်းဆုံက ဒဂုံစင်တာ 2 အရှေ့ ကို ထွက်လာခဲ့လိုက်တော့တယ် ။ 10 နာရီထိုးတော့ အသင့်စောင့်နေတဲ့ ကားပေါ်ကို တက်ပါတယ် ။ ကျွန်တော်တို့ ခရီးသွားရမယ့်ကားက ထင်ထားတဲ့ အတိုင်း ရန်ကုန် - မန္တလေးကို ပြေးဆွဲနေတဲ့ကားတွေ လိုမျိုး ပထမတန်းစားကားကြီးတွေ မဟုတ်ဘူး ။ လွတ်ပေးထားတဲ့ လေအေးပေးစနစ်ကတော့ကောင်းသား ၊ တော်တော်လေးကို အေးပါတယ် ။ ခက်တာက အဲဒီလို ကားတွေမှာ လွတ်ပေးထားတဲ့ လေအေးနဲ့ အတူ ထွက်လာတဲ့ ခပ်စို့စို့အနံ့က ကျွန်တော့ အတွက်ကတော့ ခရီးစဉ် တစ်ခုလုံးကို တောက်လျှောက်ကို ခေါင်းမူးစေတာပါပဲ ။ 10 နာရီ 15 မီနစ်မှာတော့ ခရီး စထွက်ပါတယ် ။ ကားထဲမှာ ပါလာတဲ့ ကျွန်တော်တို့နဲ့ အတူခရီးသွားမယ့် သူတွေက အသက် 30 နီးပါးအရွယ် စုံတွဲတော်တော် များများနဲ့ အများစုကတော့ အသက် 50 အရွယ်ကနေ 70 ကျော်ရွယ်လောက်ရှိတဲ့ အဒေါ်ကြီးတွေက အများစုပါ ။ ကျတော်နဲ့ အသိမိတ်ဆွေဆိုလို့ အတူခရီးသွားမယ့် သူငယ်ချင်းတစ်ယောက်ကလွဲလို့ ကားထဲမှာ တစ်ယောက်မှကို ပါမလားဘူး ။ ကားက မြေနီကုန်းလမ်းဆုံကနေ ပြည်လမ်းအတိုင်း ထွက်လာပြီး ထောင့်ကြန့် လမ်းဆုံနားအရောက်မှာ ခဏနားပါတယ် ။ ကားနားနေတဲ့ အချိန်မှာ မိုက်နဲ့ ချိတ်ဆက် သုံးပြုမယ့် ဆောင်းဘောက် တွေ သိပ်အလုပ်မလုပ်လို့ ပြင်နေကြတယ်ထင်ပါတယ် ။ အဲဒီလို ပြင်နေပြီး မီနစ် 20 လောက်ကြာတော့ မိုက်ကို ကိုင်ပြီး ဧည့်လမ်းညွှန်အဖြစ်ပါလာတဲ့ သူက သူ့ကိုယ်သူမိတ်ဆက်တယ် ။ ပြီးတော့ ခရီးစဉ် အကြောင်းပြောတယ်ထင်ရပါတယ် ။ မိုက်ကထွက်လာတဲ့ အသံက ၀ူးဝူး ၀ါးဝါးနဲ့မို့ ဘာကိုမှ သဲသဲကွဲကွဲမကြားရဘူးဆိုတော့ ခရီးသွားများက မိုက်မပါဘဲ ဒီအတိုင်းပဲ ပြောဖို့ တောင်းဆိုပါတယ် ။ မိုက်မပါပဲ ဒီ အတိုင်းပြောပြန်တော့ ဘာမှ မကြားတော့ဘူးဆိုပြီး ကားနောက်ပိုင်းက အော်သံတွေ ထွက်လာပြန်ပါတယ် ။ ကျွန်တော်က သူ့နဲ့ မနီးမဝေးမှာ ထိုင်ရတဲ့ သူဆိုတော့ သူပြောတာ ကြားနေရပါတယ် ။ သူက ဒီခရီးစဉ်ရဲ့  ဧည့်လမ်းညွှန်ဖြစ်ကြောင်း ၊ တကယ်တော့ ဒီခရီးစဉ်မှာ လိုက်ပါရမယ့် မူလဧည့်လမ်းညွှန်က အကြောင်း တစ်ခုခုကြောင့် လိုက်ပါနိုင်ခြင်းမရှိလို့ သူအစားထိုးပြီးလိုက်ပါလာရကြောင်း ၊ အခုခရီးစဉ် အစမှ နေပြီး အကောက်တောင်သို့ တိုက်ရိုက် မောင်းနှင်မှာ ဖြစ်ပြီး မနက်စာကို တောင်ပေါ်မှာ သုံးဆောင်ရမှာ ဖြစ်ကြောင်း အခုချိန်ကနေစပြီး ကားပေါ်မှာ အိပ်စက်နားယူရင်း လိုက်ပါနိုင်ပြီ ဖြစ်ကြာင်း ပြောပြီး သူ့စကားကို ဆုံးသတ်ပါတယ် ။ ကျွန်တော် ရွေးချယ်ပြီး လိုက်ပါလာတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းအဖွဲ့စည်းက ကားပေါ်မှာ ပါလာတဲ့ ခရီးသွား 30 ကျော်ကို ဒီ အသက်နှစ်ဆယ်ကျော်အရွယ် ဧည့်လမ်းညွှန်လေးတစ်ယောက်နဲ့ ထည့်ပေးလိုက်တာပါပဲ ။
ဧည့်လမ်းညွှန်က သူ့စကားအဆုံးသတ်ပြီးတာနဲ့ မြေနီကုန်းလမ်းဆုံမှ စထွက်ကတည်းကနေ အဆက်မပြတ် ဖွင့်လာတဲ့ အန္တရာယ်ကင်းတရားတော်တွေကို အခု ထောက်ကြန့်လမ်းဆုံမှာ ခဏနားပြီး ခရီးဆက်ထွက်တော့မယ်ဆိုပြန်တော့ တစ်ခါကြယ်လောင်စွာနဲ့ ဆက်ပြီးဖွင့်ပြန်တယ် ။ အဲဒီအချိန်မှာပဲ ကျွန်တော့်နဘေးနားက ကောင်လေးတစ်ယောက်က တစ်ရှူးစကို လုံးချေပြီး သူ့နားနှစ်ဖက်မှာ ဆိုလိုက်တာကို ကျွန်တော်မြင်လိုက်ရတာနဲ့ ဒုက္ခသည် အချင်ချင်း အဖော်ရပြီ ဆိုတဲ့ အတွေးနဲ့ ကားဒရိုင်ဘာကို ကက်ဆက်အသံတိုးခိုင်းရပါတယ် ။ ဒါတောင်မှ သူတို့ လျှော့ချလိုက်တဲ့ ကက်ဆက်အသံက လိုအပ်တဲ့ အတိုင်းတာထက်ကျယ်လောင်နေပါသေးတယ် ။ ညဘက်မှာ တစ်နာရီထိုးလောက်မှ အိပ်လေ့ရှိတဲ့ ကျွန်တော်ကတော့ ရန်ကုန်ကနေ ခရီးတစ်ဝက်ကျိုးနေပြီဖြစ်တဲ့ လက်ပတန်းမြို့ ရောက်တဲ့အထိ သုံးနာရီကျော်ကျော်လောက် အန္တရာယ်ကင်းရားတော်တွေနဲ့ ၀ိပါတ်ဿနာ တရားတော်တွေကို နာကြားရင်း လိုက်ပါလာခဲ့ရတယ်ဆိုပါတော့ ။ လက်ပတန်း ရာက်လို့ ခရီးသွားများ အပေါ့ပါး သွားဖို့ အတွက်ကားကို ဈေးဆိုင်တန်းရှိတဲ့ နေရာမှာရပ်ပေးတော့ ထောင့်ကြန့်လမ်းဆုံမှာ တုန်းက ဧည့်လမ်းညွှန်လေးပြောတဲ့ စကားကို သတိရလာပါတယ် ။ သူ့စကားမှာ ရန်ကုန်ကနေထွက်လာပြီး မနက် 6 နာရီမှ ရောက်မယ့် အကောက်တောင်ပေါ်ကျမှ မနက်စာ စားရတော့မှာဆိုတော့ ဒီအကြားမှာ သူတို့ စီစဉ်ပေးမယ့် ညည့်လယ်စာတို့ ဘာတို့ မရှိဘူးဆိုတဲ့ သဘောပေါ့ပဲ ။ ဒီလိုဆိုရင်တော့ မဖြစ်ချေဘူး ၊ အိမ်ကနေထွက်လာတုန်းက စားခဲ့တဲ့ ညစာက ဒီလောက်ခရီးသွားနေတော့ ဘယ်ကြာကြာခံနိုင်ပါ့မလဲ ။ ဒီတော့ ကိုယ့်အစီစဉ်နဲ့ ကိုယ်ဗိုက်ဖြည့်ထားအုံးမှလို့ တွေးရင်း အပေါ့ပါးသွာပြီးနောက်မှာ ခပ်သုတ်သုတ်လေး ကော်ဖီတစ်ခွက်ဆိုင်မှာ မှာပြီး မြိုချလိုက်ရတယ် ။
ကျွန်တော်က ပြည်မြို့ ကိုရောက်ဖူးပြီးသားဖြစ်ပေမယ့် ဧရာဝတီမြစ် အနောက်ဖက်ကမ်းကိုကူးတဲ့ န၀ဒေး တံတားကြီးကို မဖြတ်ဖူးသေးတာမို့ တံတားကို ဖြတ်နေတဲ့ အချိန်မှာ အိပ်ပြီးမနေဖို့ သတိထားပြီးလိုက်ခဲ့ပေမယ့် ဘယ်အချိန်မှာ အိပ်ပျော်သွားလဲမသိတော့ဘူး ။ ပြည်မြို့ ကိုရောက်မှန်းလဲ မသိလိုက်သလို နဝေဒေးတံတားကြီးကိုဖြတ်နေတဲ့ အချိန်ကိုလည်း သတိမပြုလိုက်ရတော့ဘူး ။ ပြည်မြို့ နဲ့ 27 မိုင်ကျော်ကျော်လောက်ဝေးတယ်လို့ သိရတဲ့ ထုံးဘိုကို ရောက်တော့မှ ရုတ်တရက်နိုးလာပါတော့တယ် ။ အဲဒီ အချိန်မှာ မနက် ဝေလီဝေလင်းအချိန်ကိုရောက်ပါပြီ ။ ထုံးဘို ရပ်ကွက်ကို ဖြတ်လာတဲ့အချိန် တစ်နေရာ အရောက်မှာတော့ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ မတ်ရပ်ကြေးရုပ်ကြီးတစ်ခုကို မြင်လိုက်ရပါတယ် ။ နောက်ပြီး သိပ်မကြာခင်မှာပဲ အကောက်တောင်ကို လှေစီးပြီး သွားရမယ့် ဧရာဝတီမြစ်ကမ်းနားကို ရောက်လာခဲ့တော့တယ် ။ မနက် 6 နာရီလောက် ရှိပါပြီ ။ ကားပေါ်ကဆင်းတော့ ပတ်ဝန်းကျင်တစ်ခုလုံး အုပ်မှိုင်းနေပြီး မိုးတွေကလည်း တစ်ဖွဲဖွဲနဲ့ ရွာလို့ပါပဲ ။ မြစ်ကမ်းနဘေးမှာ “အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့  မွေးရပ်မြေ ထုံးဘိုမြို့ ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတစ်ခု စိုက်ထူထားတာတွေ့တော့မှ ..သြော် ထုံးဘို ဆိုတာ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့ မွေးရပ်မြေကိုးလို့ မှတ်သားရင်းက အရင်က မသိခဲ့တဲ့ ကိုယ့်အဖြစ်ကိုလည်း ရှက်သလိုလိုဖြစ်နေမိပါတယ် ။ နောက်ပြီး စောစောက မြင်လိုက်ရတဲ့ ကြေးရုပ်ကြီးဟာ ခေါင်းဆောင်ကြီးသခင်မြရဲ့ ရုပ်ထုကြီးပါလားလို့ သိလိုက်ရပါတယ် ။

ဧရာဝတီမြစ်ကမ်းမှာ ကားပေါ်ကဆင်းပြီး ရုတ်တရက်ပတ်ဝန်းကျင် အခြေနေကို မြင်လိုက်တဲ့ အခါမှာတော့ အတော်လေးကို စိတ်ညစ်သွားပြီး ဒီလိုရာသီမျိုးမှာ ခရီးထွက်လာမိတဲ့ ကိုယ့်ကိုယ် ကိုလည်း စိတ်ပျက်နေမိတယ် ။ ကြည့်ပါအုံး … လှေစီးပြီး အကောက်တောင် ဆက်သွားရမယ့် အချိန်မှာ ပတ်ဝန်းကျင်ရာသီဥတုအခြေနေတွေက အချိန်မရွေးထဖောက်ပြန်လာနိုင်တဲ့ မိုးသားတိမ်လိပ်တွေနဲ့ အုပ်မှိုင်းလို့နေပြီး ဘယ်လိုမှ ရေလမ်းခရီးကို ဆက်သွားဖို့ ကောင်းတဲ့ အခြေအနေမျိုးမဟုတ်ဘူး ။ ဒါပေမယ့်လည်း ဘယ်လိုမှ မတတ်နိုင် ၊ လာပြီးတော့မှလည်း ခရီးဆက်ဖို့ပဲ ရှိပါတယ် ။ အဲဒီ အချိန်မှာပဲ ဧည့်လမ်းညွှန်လေးက အကောက်တောင်သွားဖို့ လှေပေါ်တက်ကြရအောင် ဆိုပြီး ဆော်အောလိုက်ပါတယ် ။ ကမ်းနားမှာ ဆိုက်ထားတဲ့ လှေတွေကို ကြည့်လိုက်ပြန်တော့ သန်ဗ္ဗန်လေးတွေပဲ မြင်ရပါတယ် ။ အတူပါလာတဲ့ သူငယ်ချင်းက တို့သွားရမှာ ဒီလှေလေးတွေနဲ့ လားမသိဘူး ဆိုပြီးပြောတော့ ကျွန်တော်က အိုး …. အဲလို လှေသေးသေးလေးတွေနဲ့ သာ သွားရမယ်ဆိုရင်တော့ လုံးဝကို မသွားဘူး ၊ ဘယ်နှယ် ဒီလောက် မိုးတွေအုပ်နေတဲ့ ပတ်ဝန်းကျင်အနေထားနဲ့ ဒီလို လှေလေးတွေနဲ့ သွားရမှာတဲ့လား ….ဆိုပြီး စိတ်ရှုပ်ထွေးစွာနဲ့ ပြန်ပြောလိုက်ပါတယ် ။ ကျွန်တော်က ရေတော့ ကူးတတ်ပေမယ့် ရေလမ်းခရီးကိုတော့ ကြောက်သား ။ တကယ်တမ်း ကျွန်တော်တို့ စီးသွားရမယ်လှေက ဟိုးအရှေ့ မှာ ရပ်ထားတဲ့ နည်းနည် ကြီးတဲ့ မော်တော်အိုကြီးတွေ ဖြစ်နေပါတယ် ။ တော်သေးတာပေါ့ .. အိုပေမယ့် လှေက ကြီးနေလို့ ။
အကောက်တောင်သို့ သွားခါနီးလေး ဖြစ်ပေါ်နေတဲ့ ရာသီဥတု အခြေနေကမ်းနဖူးကနေ လှေထဲဆင်းရတော့ မယ်ဆိုတော့ တစ်သတ်မှတ်တည်း သတ်မှတ်ထားတဲ့ ကူးတို့ဆိပ် မျိုး ( ယုတ်စွဆုံး သေးသေးလေးတောင်မှ ) မရှိဘဲ အနီးနားပတ်ဝန်းကျင်အိမ်တွေက စုပုံပြီး ပစ်ထားကြတဲ့ အမှိုက်ပုံကြီု အမှိုက်ပုံကြားကနေ မော်တော်ရပ်ထားတဲ့ နေရာကို ကုန်းဆင်းလေး အတိုင်း ဆင်းရပါတယ် ။ ဒီအကြားထဲ မိုးကလည်း တစ်ဖွဲဖွဲ ရွာနေသေးတယ်ဆိုတော့ ဗွက်တွေထပြီး မြို့ ကြီးသူ မမတွေနဲ့ အဒေါ်ကြီးတွေခမြာ ခြေလှမ်း တစ်လှမ်း လှမ့်းရဖို့ အရေး တော်တော်လေးကို ဒုက္ခတွေ့ နေကြလေရဲ့  ။ အဲဒီအချိန်မှာ အသံတွေကလည်း စုံလို့ ။ သမီးရေ ..လက်တွဲပါအုံး ၊ အမေ… သေချာ သတိထားပြီးလျှောက်နော် ..၊ အဲဒီဘက်မလာနဲ့ ဗွက်တွေနဲ့ ချော်လဲမယ် ၊ ဟဲ့ .. ကေင်လေး ငါ့ကို တွဲစမ်းပါအုံး …. စသဖြင့်ပေါ့ ။ ကျွန်တော့် စိတ်ထဲမှာတော့ ဒီအကောက်တောင် ကိုလာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေ တော်တော်များများလာနေကြတာကိုများ ဘာဖြစ်လို့များ များလှေတက် လှေဆင်းလောက်ကိုမျှ အဆင်ပြေအောင် စီစဉ် မပေးထားကြပါလိမ့်လို့ လည်း စိတ်ထမှာ ဘ၀င်မကျ ဖြစ်နေမိပါတယ် ။ ဘယ်လောက် အထိ သွားလာများလိုက်သလဲဆိုရင် ကျွန်တော်တို့ အဖွဲ့  အကောက်တောင်က အပြန် ထုံးဘို အထွက်ဝမှာ ဆိုင်ကယ်တွေနဲ့ ကားဝင်ကားထွက် များလွန်းတော့ ( လမ်းကျဉ်းတော့ ကားအချင်းချင်း မလွှဲသာလို့ လည်းပါ ပါတယ် ) ကားတွေ ပိတ်မိနေပြီး 2 နာရီ ကျော်ကျော်လောက်ပိတ်မိနေတဲ့ အထိပါပဲ ။ ပြောမယ့်သာပြောရတယ် ဒီကိစ္စက ဘယ်သူ့ကို အပြစ်ပြောလို့ ပြောရမယ်မှန်း ကျွန်တော်မသိဘူး ။
လှေထဲသို့ ဆင်းကြရာဝယ် ...မော်တော်ပေါ်တက်တော့လည်း ဗွက်တွေနဲ့ချောနေတဲ့ ကုန်းဘောင်ပေါ်ကို တော်တော်လေးကို ဂရုစိုက်ပြီး တက်နေရသေးတာ ။ မော်တော် ၀မ်းဗိုက်ထဲမှာကျတော့ လှေနံတစ်ဖက်တစ်ချက်မှာ ကပ်ပြီး လုပ်ထားတဲ့ သစ်သားခုံတမ်းရှည်နှစ်ခုပဲ ရှိပါတယ် ။ အဲဒီ ခုံတမ်းရှည်မှာလည်း မိုးရေနဲ့ ဗွက်တွေ ပေနေတာဆိုတော့ ပါလာတဲ့ စက္ကူတို့ စနိုးတာဝါယ်တို့ ကြွတ်ကြွတ်အိပ်တို့နဲ့ပါမကျန် သုတ်သင် သန့်ရှင်းပြီးတော့ မှ ထိုင်ကြရပါတယ် ။ ဒါပေမယ့် မချောတစ်သိုက်နဲ့ အကဲပိုတဲ့ အန်တီကြီးတစ်ယောက် နှစ်ယောက်ကတော့ လှေဝမ်းဗိုက်ထဲဆင်းမထိုင်ဘဲ ဗွက်တွေနဲ့ ချောနေတဲ့ လှေဦးထိပ်မှာ ကိုးယိုးကားယားကြီးနဲ့ ရပ်လျှက်သား စီးပြီး လိုက်ကြမလို့ တဲ့ ။ ပြီးတော့ တစ်ချိန်လုံး လက်ကိုင်ဖုန်းတွေကို မြှောက်ကာ မြှောက်ကာနဲ့ စတိုင် အမျိုးမျိုး ထုတ်လို့ ကိုယ့်ကို ကိုယ်ပြန်ရိုက်လိုက် ၊ သူ့ကိုငါရိုက်လိုက် ၊ ငါ့ကို သူပြန်ရိုက်လိုက်နဲ့ အလုပ်ရှုပ်နေကြပုံများ မတော်လို့ စက်လှေ တစ်ချက် ယိမ်းလိုက်တာနဲ့ တစ်ပြုံလုံး ရေထဲကို ဒိုင်ဗင်ထိုးကျမယ့်ကိန်း ။ ကံကောင်းတာက အဲဒီ အချိန်မှာ မိုးကလည်းတိတ်နေပြီး ရာသီဥတုက သူတို့ ဖက် ပါနေသလိုလိုပါ ။
မော်တော် ထဲမှာ ....
ကျွန်တော်တို့မော်တော်ထွက်လာပြီး တစ်ခဏမှာတော့ လှေရဲ့  လက်ယာဘက်ခြမ်း ဧရာဝတီမြစ်ရဲ့  တောင်ကမ်းပါးနံရံပေါ်မှာ စိုက်ထူထားတဲ့ အနံခြောက်ပေ အလျှားရှစ်ပေ လောက်ရှိတဲ့ အင်္ဂကတေ မျက်နှာ ပြင်ကြီးမှာ ကြိုဆိုပါ၏ ဧရာဝတီတိုင်း ကြံခင်းမြို့ နယ် ဆိုတဲ့ ဆိုင်း ဘုတ်ကြီးကို မြင်လိုက်ရပါတယ် ။ ပြီးနောက်မှာ ဆက်တိုက် ဆိုသလိုပဲ ကျောက်သားနံရံတွေပေါ်မှာ ထွင်းထုထားတဲ့ ဘုရားရုပ်ပွားတော် ပုံစံမျိုးစုံတို့ကို ရွယ်စုံ ဆိုက်စုံနဲ့ ထုလုပ်ထားကြတာကို အံ့သြကြည်ညိုစွာနဲ့ စတင်ဖူးတွေ့ နေရပါပြီ ။ လျှောင်းတော်မူ ၊ ထိုင်တော်မူ နဲ့ ရပ်တော်မူ ရုပ်ပွားတော်တွေကို ပုံစံ အမျိုးမျိုးနဲ့ ဖူးတွေ့ နေရပါတယ် ။ တချို့ ရုပ်ပွားတော်တွေကျတော့ ခြုံတွေဖုံးလွှမ်းနေပြီး ပြုပြင်သူတွေ လက်မလှမ်းမှီဘဲ ဖြစ်နေပုံရပါတယ် ။ လှေဝမ်းဗိုက် အတွင်းမှာ လိုက်ပါလာတဲ့ ကျွန်တော်က မြင်နေရတဲ့ ရှုခင်းတွေကို ဓာတ်ပုံရိုက်ဖို့ ရာအတွက် ထိုင်တဲ့ နေရာမှအားယူပြီး အထမှာ လှေဝမ်းဗိုက် အောက်ခြေက ၀င်နေတဲ့ ရေနဲ့ လွတ်အောင် ခင်းထားတဲ့ သစ်သား ယာယီကျမ်းခင်းကျွံကျပြီး ခြေတောက် နှစ်ဖက်စလုံးမှာ ရွှ့ံတွေပေကုန်တော့တာပဲ ။ နာလည်း တော်တော်နာသွားပါတယ် ။ ဒါပေမယ့် ဂရုပြုလို့ နေလို့ မအားပါဘူး ။ မြင်နေရတဲ့ ရှုခင်းက ခဏနေ စက်လှေရဲ့ နောက်မှ ကျန်ခဲ့တော့မှာဆိုတော့ အမိအရ ရိုက်ရအုံးမှာမို့ပါ ။ အကောက်တောင်ခရီးမှာ ကျွန်စိတ်ဝင်းစားဆုံးဖြစ်တဲ့ ဒီကျောက်နံရံရှုခင်းတွေကို အမိအရ ဓာတ်ပုံတွေ ရိုက်ယူနေခဲ့ရပေမယ့် အုပ်မှိုင်းနေတဲ့ ရာသီဥတုဖြစ်ပေါ်နေတဲ့ အချိန်နဲ့ ရွှေ့ ရှားနေတဲ့ စက်လှေပေါ်ကနေ ရိုက်ယူနေခဲ့ရတာဆိုတော့ ပုံကောင်းတွေ သိပ်မရရှိပါဘူး ။ ဒါပေမယ့် အဲဒီ အချိန်မှာ မိုးတွေတိတ်နေလို့ ကံကောင်းတယ်လို့ ဆိုရမှာပါ ။
ကျောက်ကမ်းပါးမှာ ထွင်းထုထားတဲ့ ဘုရားရုပ်ထုများ ...ကျွန်တော်တို့ စက်လှေစစီးတဲ့ ထုံးဘို ဆိပ်ကမ်းနဲ့ ဘုရားရုပ်ထုတွေ ထွင်းထားတဲ့ကျောက်နံရံ ရှိတဲ့နေရာက ငါးမိုင်ကျော် ခုနှစ်မိုင်နီးပါးလောက်ပဲ ရှိမယ်ထင်ပါတယ် ။ လှေစီးရင်း ရှုခင်းတွေကိုကြည့်ပြီး လာလိုက်တာ ရုပ်ပွားတော်များ ထွင်းထုထားတဲ့ ကျောက်နံရံကမ်းပါးအဆုံး ထိပ်တောင်မှာ စေတီကြီးတစ်ဆူရဲ့  ထီးတော်ကို လှေထဲကနေ လှမ်းဖူးတွေ့ လိုက်ရပါတယ် ။ အဲဒီဘုရားရှိတဲ့ တောင်အောက်ခြေတည့်တည့်မှာ လှေကိုဆိုက်ပြီး တောင်ပေါ်ကို တက်ရအုံးမှာတဲ့ ။ ဒါပေမယ့် ကျွန်တော့်တို့ စီးတဲ့ လှေက ဆိုက်ကပ်မယ့်နေရာ ရောက်ခါနီးလေးမှာ စက်အရှိန်လျှော့လိုက်တာ ပြန်ပြီး နှိးလို့ မရတော့ဘူး ။ အဲဒီတော့ လှေဟာ အောက်ဘက်ကို ရေစီးနဲ့ အတူ မြောပါလို့နေပါတယ် ။ ဒါကို လှေဝမ်းဗိုက် အတွင်းကလူတွေက မရိပ်မိပေမယ့် လှေဦးမှာ ရပ်ပြီးလိုက်လာတဲ့ သူတွေက သိနေကြပြီး စက်ပြန်နှိုးလို့ မရဘဲ ဧရာဝတီ မြစ်ကြီးထဲ မြောပါသွားရင်ဖြင့် ဆိုတဲ့ အတွေးလေးတွေးတွေက ၀င်လာပြီး စိတ်လှုပ်ရှားလျှက်နဲ့ ပေါ့ ။ ပြီးတော့ ရာသီဥတုကလည်း သိပ်မကောင်းဘူးမဟုတ်လား ။ အဲဒီ အချိန်မှာ လှေသီးထိပ်မှာ မျက်မှန်တတ်ပြီး ဘောင်းဘီတစ်ကားကားနဲ့ အန်တီကြီးတစ်ယောက်က လှေဝမ်းဗိုက်အတွင်းမှာ စီးနင်းလိုက်ပါလာတဲ့ သူ့အဖော် အဒေါ်ကြီးတစ်ယောက်ကို .. သိန်းသိန်းရေ …. အခုလက်ရှိ သိင်္ဂီတို့ ရဲ့ အခြေနေကို သိန်းသိန်းကို ပြောပြလိုက်ရင် အရမ်းအရမ်းကို စိတ်လှုပ်ရှားသွားမှာစိုးလို့ မပြောဘဲနေတာ သိလား ……တကယ်တော့လေ သိင်္ဂီတို့စီးလာတဲ့ လှေကြီးကလေ ..စက်ပျက်ပြီး မြစ်ထဲမှာ မြော…နေပြီ သိန်းသိန်းရဲ့  ….ဆိုပြီး နိုင်ငံခြားရုပ်ရှင်ထဲက “ဂျက်စ်စပါရို” စတိုင်နဲ့ အော်ပြောလိုက်တော့ အထဲက သိန်းသိန်းဆိုတဲ့ အန်တီကြီးကလည်း ဟင်……. ဟုတ်လား ဆိုပြီး စိတ်လှုပ်ရှားတဲ့ အသံကြီးနဲ့ ပြန်ပြောလိုက်တာကို ကြားရတဲ့ သူတွေ အကုန်လုံး သူတို့ နှစ်ယောက်ရဲ့  ပုံစံတွေကိုကြည့်ပြီး မအောက်နိုင်ကြတော့ဘဲ ၀ါးလုံးကွဲ ရည်ကြတော့တာပဲ ။ အဲဒီတော့မှပဲ စက်လှေမြောနေလို့ စိတ်ညစ်နေရတာတွေလည်း နည်းနည်းတော့ သက်သာရာ ရသွားပါတယ် ။ သိပ်မကြာပါဘူး လှေသမားအချင်းချင်း ဖုန်းဆက်အကြောင်းကြားလိုက်တာ ထင်ပါရဲ့  လှေငယ်တစ်စီးက ကျွန်တော်တို့ စက်ပျက်နေတဲ့ လှေကို ဘော်ဒီချင်းလာကပ်ပြီး ဆိုက်ရမဲ့ ကမ်းနားအထိ အရောက်တွန်းပို့ ပေးခဲ့ပါတယ် ။ အဲဒီတော့မှ သက်ပြင်းကောင်းကောင်းချနိုင်ပါတော့တယ်ဆိုပါတော့ ။ ကျွန်တော်တို့ရဲ့ စီးတော်ယာဉ် မော်တော်ကြီးရဲ့ နာမည်က “လပ်ကီး” ပါတဲ့ ။ နာမည်ကို ဖတ်ပြီး ခရီးသွားတို့ လှေပေါ်ကဆင်းရင်းရည်ကြပါတယ် ။ တော်သေးတာပေါ့ လှေနာမည်က လပ်ကီး မို့လို့သာ ။ နို့ မို့ရင် ဧရာဝတီမြစ်ကြောတစ်လျောက် စုံဆင်းပြီးကျွန်တော်တို့ကို လေ့လာရေးများ ခေါ်သွားအုံးမလားမသိဘူး ။
အကောက်တောင်ပေါ်သို့ အတက် ...လှေဆိုက်တဲ့တောင်ခြေမှာတော့ အုတ်အင်္ဂကတေ လှေကားလေးတစ်ခု လုပ်ပေးထားပါတယ် ။ ဒါပေမယ့် လှေတွေစုပြုံပြီး ဆိုက်ရောက်လာရင်တော့ အဲဒါလည်း အဆင်ပြေမှာ မဟုတ်ဘူး ။ အခုဆိုရင်တော့ ဒီနေရာမှာ အတော်သင့် ကျယ်တဲ့ ကူးတို့ ဆိပ်ခံသေးသေးလေးတစ်ခုတော့ ရှိနေသင့်ပါပြီ ။ ရေစပ်နားကနေ တောင်တက်စမှပဲ တော်တော် မတ်စောင့်တဲ့ အင်္ဂကတေ လှေကားလေးတွေကနေ တက်ရပါတယ် ။ တချို့ နေရာတွေ မှာဆို 70 ဒီဂရီလောက် မတ်စောက်ပြီး သစ်သား လက်ရန်းလေးတွေကို ကိုင်ပြီးတက်မှ အဆင်ပြေပါတယ် ။ တောင်တက်လမ်းတစ်လျှောက်မှာ အဲလိုမျိုး အမြဲတမ်းမတ်စောင့်နေတာမျိုးတော့ မဟုတ်ပါဘူး ။ ဘုရားရုပ်ထုတွေ ထွင်းထုထားတဲ့ ကျောက်နံရံကြီးတွေအနားကနေ သွားရတဲ့ နေရာတွေမှာတော့ သာမန်မြေပြင် အတိုင်းပါပဲ ။ တစ်ခုပဲရှိပါတယ် ။ တောင်ကမ်းဘေးကို ပတ်ပြီး လူသွားလမ်းလေးဖောက်ထားတာဆိုတော့ တချို့ လမ်းတွေက 3 ပေလောက်ပဲ ကျယ်ပါတယ် ။ တချို့ နေရာတွေမှာဆို အဲလောက်တောင် မကျယ်ပါဘူး ။ လူငယ်လေးတွေသဘ၀ ပြေးလွှားဆော့ကစာရင်း ဒီလမ်းတွေမှာ သွားမယ်ဆိုရင်တော့ လမ်းဘေးချော်ပြီးတောင်အောက်ကို ပြုတ်ကျသွားနိုင်တဲ့ အန္တရယ် ရှိပါတယ် ။
တောင်တက်လမ်းတစ်လျောက်အနီးကပ် လေ့လာခွင့်ရတဲ့ ဘုရားရုပ်တွေကို မြင်ရတာ အရမ်းရှေးကျတဲ့ လက်ရာမျိုးကို မတွေ့ မိပါဘူး ။ ရတနာပုံခေတ် နဲ့ အလွန်းဆုံး ကုန်းဘောခေတ်နှောင်းလက်ရာတွေထက် ရှေးမကျနိုင်ဘူးလို့ ထင်ရပါတယ် ။ ရုပ်ထု ထုလုပ်ထားတဲ့ ကျောက်အမျိုးစားကလည်း တုံးကျောက်ပွပွကြီးတွေမှာ ထုလုပ်ထားတာဖြစ်ပါတယ် ။ တကယ်တော့ ကျောက်သားကို အရင်ထွင်းထုထားပြီးတော့မှ အပြင်ကနေ ကွန်ကရစ်နဲ့ အချောကိုင်ထားတာဖြစ်ပါတယ် ။ အဲဒီလို အချောကိုင်ထားတာကလည်း နှောင်းလူတွေလက်ထက်ရောက်မှ လုပ်ထားတဲ့ ပုံစံမျိုးပါ ။ နောက်တချက်က မူရင်းလက်ရာတွေဟာ ရှေးကျနိုင်ပေမယ့် နှောင်းလူတွေ ပြုပြင်ထားကြလို့ ယနေ့ခတ်လက်ရာတွေနဲ့ နီးစပ်နေတာမျိုးလားဆိုပြီးတော့လည်း စဉ်းစားမိပါတယ် ။
တောင်တက်လမ်းတောင်ပေါ်ရောက်ပေါ်ရောက်တော့ နံနက် 7 နာရီ ထိုးပြီးနေပါပြီ ။ တောင်တက်ချိန်မီနစ် 20 ကျော်ကျော်လောက်ကြာပါတယ် ။ တောင်တက်နေတုန်းမှာ အင်နာဂျီတွေ ထုတ်သုံးလိုက်ရလို့ လားတော့မသိ ကော်ဖီတစ်ခွက်တည်းနဲ့ ဖြည့်တင်းလာရတဲ့ ဗိုက်က မတရားကို ဆာလာတော့တာပါပဲ ။ ဒါကြောင့်မို့ တောင်ပေါ်ရောက်တာနဲ့ ခရီးသွားအဖွဲ့က စီစဉ်ပေးမယ်လို့ ထင်နေခဲ့တဲ့ နံနက်စာတည်ခင်းကျွေးမွေးမယ့် နေရာကို မျက်လုံးလးနဲ့ မသိမသာလေး ဝေ့ကြည့်မိနေပါတယ် ။ ကားပေါ်မှာတုန်းက ကျွန်တော်တို့ ဧည့်လမ်းညွှန်ပြောစကားမှာ မြန်မာဆန်ဆန် န့နက်စာလို့ မပြောဘဲ ဘိုဆန်ဆန် ဘရေ့ ဖတ် ဘရေ့ ဖတ်နဲ့ တစ်ဖက်တည်း ဖတ်လာခဲ့တာဆိုတော့ ဗိုက်ဆာနေတဲ့ သူတို့ ရဲ့ ခရီးသွားတွေကို ရှယ်စီစဉ်ပြီး ကျွေးမွေးတော့မယ်လို့ ထင်ထားပဲ ။ ဆိုတော့ စိတ်ထဲမှာလည်း အနည်းဆုံးကော်ဖီတစ်ခွက်နဲ့ ကြက်ဥကြော် ၊ ထမင်းကျော်လိုမျိုးကို မှန်းထားခဲ့ပါတယ် ။ ဒါပေမယ့်လည်း ကျွတ်တော် ကြည့်လိုက်တဲ့ နေရာတွေမှာ နံ့နက်စာအတွက် တည်ခင်းထားတဲ့ အရိပ်ရောင်ကို မတွေ့ ရသေးတာမို့ ဆရာတော်ကြီးနဲ့ ရေစက်ချဖို့ စောင့်နေတယ်လို့ သိရတဲ့ ကျွန်တော်တို့လို ခရီးသွားတစ်ချို့ ရှိနေတဲ့ ဓမ္မာရုံထဲသွားဦးချပြီး အလှူငွေလေးတွေ လှူလို့ မသိမသာလေး ပြန်ထွက်လာခဲ့ပါတယ် ။ ဒါမှလည်း အချိန်တိုတို အတွင်း တောင်ပေါ်အနှံ့မှာ လေ့လာစရာတွေကို လေ့လာရမှာကိုး ။ ပြီးတော့ ရေစက်ချတာက ဘယ်အချိန်မှ ချမယ်မှန်းမသိတာ ။
တောင်တက်လမ်း တစ်လျှောက်မှာ အနီးကပ်တွေ့ ရတဲ့ ဘုရား ရုပ်ထုများဓမ္မာရုံကထွက်လာပြီး ပေါ့ပါးတွေသွားပြီးနောက်မှာ စားပွဲတွေ ဘာတွေနဲ့ နံနက်စာ ခင်းကျင်းနေတယ်လို့ ထင်ရတဲ့ နေရာလေးကို သံယေဇဉ်မပြတ်သေးဘဲ သွားပြီးချောင်းကြည့်နေမိပြန်သေးတယ် ။ အဲဒီအချိန်မှာ ကျွန်တော်တို့ နဲ့ အုပ်စုအတူ တခြားကားမှာ ပါလာတဲ့ ဧည့်လမ်းညွှန်ကောင်မလေးက အစ်ကိုတို့ ဆရာတော်ရေစက်ချဖို့ စောင့်နေပြီ ဓမ္မာရုံထဲဝင်တော့လို့ လာပြီးခေါ်ပါတယ် ။ ဒီတော့ ကျွန်တော်က မ၀င်တော့ဘူး ညီမလေး ဟိုနား ဒီနားလျှောက်ကြည့်လိုက်အုံးမယ် .. ဒါနဲ့ နံနက်စာက ဘယ်တော့ ကျွေးမှာလဲ ..ဆိုပြီး မရှက်သုံးပါးထဲက တစ်ပါးကို ထုတ်သုံးလို့ မေးလိုက်တော့ ရေစက်ချပြီးမှပါတဲ့ … ။ ဒီတော့လည်း ဆာလောင်နေတာကို အောက်အီးပြီး ဘုရားရင်ပြင်နဲ့ စိတ်ဝင်စားဖို့ ကောင်းမယ့်နေရာလေးတွေကို လိုက်ကြည့်ဖို့ ထွက်လာခဲ့ပါတယ် ။ ရင်ပြင်မှာတော့ ဘာမှတော့ တွေတွေထူးထူး မရှိပါဘူး ။ အဓိက စေတိတစ်ဆူနဲ့ နောက်ပိုင်း လူတွေ သွားလာများလာတဲ့ အချိန်ကျတော့မှ ပြုလုပ်တည်ဆောက်ထားတဲ့ ဘုရားတွေနဲ့ ရုပ်ထုတွေကိုပဲ တွေ့ ရပါတယ် ။ ကျွန်တော့ အတွက်တော့ ဒီအကောက်တောင်မှာ ကျောက်နံရံမှာ ထွင်းထုထားတဲ့ ဘုရားရုပ်ထုတွေကလွဲလို့ တခြား ဘာကို မှ စိတ်မ၀င်စားမိပါဘူး ။ တစ်ခုတော့ ရှိပါတယ် စေတီလေးရှိတဲ့ ဘုရားရင်ပြင် မြောက်ဘက်ခြမ်းကနေ ဧရာဝတီမြစ်ကြီးဆီကို ငုံ့ကြည့်လိုက်တဲ့ အခါမှာ မှိုင်းညို့ ညို့ မိုးကောင်းကင်ကြီးအောက်က မြစ်ပြင်ကျယ်ကြီးကို မြင်ရတဲ့ သဘ၀ ရှုခင်းကတော့ဖြင့် တစ်သက် မမေ့နိုင်လောက်စရာပါပဲ ။ ကြည့်ရတာကလည်း အိမ်ဝရံတာကနေ အောက်ကို ငုံ့ကြည့်သလို မျိုး ကြည့်ရတာဆိုတော့ စိတ်လှုံ့ ရှားစရာလည်း ကောင်းလှပါတယ် ။ အဲဒီလို လျောက်ကြည့်နေတဲ့အချိန်တွင်းမှာ ကျွန်တော်တို့ ရဲ့ ဧည်းလမ်းညွှန်လေးက ဖုန်းဆက်ပြီး နံနက်စာ စားလို့ ရပြီလို့ လှမ်းခေါ်ပါတယ် ။ အခုမှပဲ ဆာလောင်နေတဲ့ ကိုယ့်ဗိုက်ကို ဖြည့်ရတော့ မယ်ဆိုပြီး အပြေးကလေးလှမ်းလို့ စောစောက နံနက်စာပြင်ဆင်နေတဲ့ ဆွမ်းစားဆောင်လေးဆီကို ပြေးခဲ့ရပါတယ် ။ နံနက်စာက လူတစ်ယောက်ကို ကော်ဖီတစ်ခွက်နဲ့ အဲဒီဒေသချက် မုန်းဟင်းခါးကို ကျွေးပါတယ် ။ ရုတ်တရက်ကြည့်ရင်တော့ အုန်းနို့ ခေါက်ဆွဲ ဟင်းရည်လို့ ထင်ရတဲ့ ဟင်းရည်မျိုးနဲ့ မုန့်ဖက်တွေကို လိုက်ပွဲနဲ့ ပါ ပြင်ပြေးထားပါတယ်ပါ ။ ကျွန်တော်က မုန့်ဟင်းခါးကြိုက်တတ်သူမို့ ဘယ်လို မုန့်ဟင်းခါးမျိုးဘဲဖြစ်ဖြစ် စားလို့ အဆင်ပြေပေမယ့် အဖော်ပါလာတဲ့ သူငယ်ချင်းက နဂိုကကို မုန့်ဟင်းခါး ကြိုက်သူမဟုတ်တော့ ကော်ဖီတစ်ခွက်ပဲ သောက်ပါတယ် ။
တောင်ပေါ်ကနေမြင်ရတဲ့ ဧရာဝတီမြစ်ပြင်ရှုခင်းတယ်တော့ အဲဒီ နံက်စာကို တောင်ပေါ်က ဘုန်းကြီးကျောင်းကနေကျွေးတာဖြစ်တယ်ဆိုတာ တောင်အောက်ကိုရောက်မှ တခြားခရီးသွားဖော် ညီလေးတစ်ယောက်ကပြောမှ သိရပါတယ် ။ ပြီးတာ့ တောင်ပေါ်မှာက သက်သက်လွတ်သာကျွေးတာဖြစ်ပါတယ်တဲ့ ။ အဲဒီတော့မှ … ဘုရား ဘုရား ကိုယ်ကျိုးတော့ နည်းပါပေါ့လား…. ။ နံနက်စာကို ခရီးသွားစီစဉ်တဲ့ အဖွဲ့ က တာဝန်ယူပြီးကျွေးတယ်ထင်လို့ စောစောက ဟိုဟာလေး စားချင်တယ် ဒီဟာလေးစားရရင်ကောင်းမယ် ဆိုပြီး ဂျီးများနေမိသေးတာ ။ နံနက်စာကို ဘုန်းကြီးကျောင်းက သက်သက်လွှတ်ကျွေးတယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ ဧည့်လမ်းညွှန်ကြီးက လုံးလုံး၀၀ကို ထည့်မပြောပြပါလား ။ ပြီးတော့လည်း ကားလက်မှတ်ဝယ်တုန်းက ခရီးစဉ် တစ်ခုလုံး အစားအသောက်ပါ အပြီးအစီး 30000 ကျပ်ဆိုပြီး ပြောတာကိုး ။ ငါ့နှယ်နော် ....တောင်ပေါ်ကျောင်းဆရာတော်က ဘုရားဖူးလာသူတွေကို သက်သက်လွှတ်နဲ့ ကျွေးနေပါတယ်ဆိုမှ ဘာမှ မေးမြန်းစုံစမ်းခြင်းမရှိဘဲ ကြက်ဥကြော်လေးနဲ့ ထမင်းကြော်ကိုမှ သွားပြီးတောင့်တနေလိုက်သေးတယ် …. မသိနားမလည်လိုက်ပုံများကတော့ ။ ဒါကြောင့် သိသိချင်းပဲ တောင်ပေါ်က ဆရာတော်ဘုရားကိုရော ကျွေးမွေးဧည့်ခံကြတဲ့ လူပုဂ္ဂိုလ်တွေကိုပါ ကဗျာကရာ စိတ်ထဲကနေ ဦးချပြီးတောင်းပန်လိုက်ရတယ် ။ တော်သေးတာပေါ့ အလှူငွေလေးထည့်ခဲ့မိလို့ ။
တောင်ပေါ်က စေတီတောင်ပေါ်က မနက် 8 နာရီခွဲမှာ ပြန်ဆင်းပါတယ် ။ အဆင်းကျတော့ အတက်တုန်းကလောက် မပင်ပန်းတော့ပါဘူး ။ ဒါပေမယ့် မတ်စောင့်လှတဲ့ လှေကားထစ် တွေကနေ ဆင်းရတဲ့ အချိန်မှာတော့ ပိုပြီး သတိထားရပါတယ် ။ အတူးသဖြင့် အသက်ကြီးတဲ့ အဒေါ်ကြီးတွေပါ ။ သူတို့က ကူပြီးတွယ်ပေးတဲ့ ဒေသခံကောင်းလေးတွေ ကိုမုန့်ဖိုးပေး တွယ်ခိုင်းပြီး ဆင်းတယ်ဆိုပေမယ့် တော်တော်လေးကို သတိထားပြီးဆင်းနေရတယ်ဆိုတော့ နောက်ကလူတွေကလည်း သူတို့ နောက်ကနေ တန်းစီပြီး တရွှေ့ ရွှေ့ နဲ့ လိုက်ခဲ့ရပါတယ် ။ အဲဒီလို မတ်စောက်လှတဲ့ ၊ လူနှစ်ယောက် လွှဲစာလောက်သာ အကျယ်ရှိတဲ့ လှေကားထိပ်က တစ်ယောက်ယောက် ခြေချော်ကျပြီး အရှေကလူတွေကို တွန်းထိုးသလို ဖြစ်သွားမယ်ဆိုရင်တော့ တကယ် မတွေးရဲ စရာဘဲ ။
အကောက်တောင်ပေါ် စောစောရောက်တဲ့ ကျွန်တော်တို့ ကံကောင်းတယ် လို့ ဆိုရပါမယ် ။ ၀ါဆိုလပြည့်နေ့ အခါကြီးရက်ကြီးမို့ တောင်ပေါ်ကိုလာကြသူတွေ တော်တော်ကို များပါတယ် ။ အဲဒီတော့ တောင်အောက်ကို ဆင်းတဲ့ လမ်းတစ်လျှောက်မှာ ဆင်းသူရော တက်သူတွေပါ ရှုပ်ရှက်ခတ်လို့ နေပါတယ် ။ ကျွန်တော်တို့ တောင်အောက်ကို ရောက်ပြီး နောက်ပိုင်းမှာတော့ တောင်ပေါ်မှာ လူတွေ ပြည့်ကျပ်နေလောက်ပါပြီ ။ အခုမှ တောင်ပေါ်ကို အားယူပြီးတက်လာတဲ့ သူတွေကို အရင်ဦးစားပေးလို့ ဆင်းတဲ့ သူတွေကလည်း မတ်စောင့်တဲ့ လှေကားထစ်တွေမှာဆို ပိုလို့ သတိထားပြီး ဆင်းနေရပါသေးတယ် ။ ကျွန်တော်တို့ ဧည့်လမ်းညွှန်ကြီးကတော့ သူဦးဆောင်ခေါ်သွားရမယ့် လူတွေ စုံအောင် သေသေချာချာ ဂရုစိုက်လို့ ခေါ်နေတာကို တွေ့ နေရပါတယ် ။ သူဦးဆောင်ရတဲ့ ခရီးသွားများ တစ်ယောက်ချင်းစီကိုလည်း ဂရုစိုက်ရှာပါတယ် ။ တကယ်ဆို သူ့လို လူမျိုး ကားတစ်စီးမှာ နှစ်ယောက်တော့ ပါသင့်ပါတယ် ။ အခုက သူတောင်ပေါ်က လူတွေကို ခေါ်နေတုန်းမှာ တောင်အောက်ရောက်နေတဲ့ သူများက ထုံးဘိုပြန်ဖို့ အတွက် ဘယ်စက်လှေနဲ့ လိုက်လို့ လိုက်ရမှန်းမသိဘဲ ဖြစ်နေကြပါတယ် ။ နောက်ဆုံးမှာတော့ ထုံးဘိုက ထွက်လာမယ်လုပ်တုန်းက လှေသေးသေးလေးမို့ မစီးချင်းဘူး ဆိုပြီး ကျွန်တ်ာဂျီးများခဲ့တဲ့ လှေလေးပေါ်ကို တက်လိုက်ရပါတယ် ။ လာတုန်းက စီးလာတဲ့ လပ်ကီးကြီးကိုတော့ မတွေ့ ရတော့ပါဘူး ။ လှေပဲ့ကိုတဲ့ သူက လူ အယောက်နှစ်ဆယ်ပဲ တက်ပါလို့ အော်ပြောနေပေမယ့် ကမ်းကခွာတဲ့ အချိန်မှာ လူကြီးရော ကလေးပါ 25 ယောက်လောက် ပါလာခဲ့တယ် ။ လှေကလေးက သေးပေမယ့် စီးရတာ ငြိမ်ပါတယ် ။ ကျွန်တော်တို့ စီးလာတဲ့ လှေလေးဟာ ကမ်းစပ်တောင်ခြေကို နောက်မှ ရောက်လာတဲ့ ဘုရားဖူးခရီးသည်တင်လှေတွေ ကြားကနေ ခရီးသွားအဖွဲကားရပ်ခဲ့တဲ့ ထုံးဘိုမြို့ လေးဆီကို ဦးတည်ပြီး ထွက်ခွာလာခဲ့ပါတယ် ။
အကောက်တောင်ပေါ်က အပြန် လှေငယ်ပေါ်မှာတောင်ပေါ်မှာ တုန်းက မိုးတစ်ဖွဲဖွဲရွာနေခဲ့ပေမယ့် ကျွန်တော်တို့ လှေစီးပြီး သွားနေခဲ့တဲ့ အချိန်တွေမှာ ကံကောင်းထောက်မစွာနဲ့ မိုးတိတ်လို့နေပါတယ် ။ ဒီတော့လည်း ကျောက်နံရံကြီးမှာ ထွင်းထုထားတဲ့ ဘုရားရုပ်ထုကြီးတွေကို သေသေချာချာနဲ့ ငေးမောပြီး လှေပေါ်ကနေ အားရပါးရ ကြည့်ရှုခွင့်ရနေခဲ့ပါတယ် ။ သမိုင်းနဲ့ ရှေးဟောင်းသုတေသန ဘာသာရပ်မှာ စိတ်ဝင်စားတဲ့ ကျွန်တ်ာက ဒီအကောက်တောင် နဲ့ ပက်သက်ပြီး သက်ဆိုင်ရာအချက်လက်တွေကို အခု ဒီခရီးစဉ်မှာ လိုက်ပါလာတဲ့ အချိန်ထိ သေသေချာချာနဲ့ ပြည့်ပြည့်စုံစုံ မလေ့လာခဲ့ရသေးပါဘူး ။ အကြောင်းတိုက်ဆိုင်လို့ သာဒီခရီးကို အရင်ထွက်လာခဲ့ခြင်းဖြစ်ပါတယ် ။ နောက်ပိုင်းကျရင်တော့ သေသေချာချာ လေ့လာပြီး သူငယ်ချင်းမိတ်ဆွေများကို တင်ပြပေးဖို့ စိတ်ကူးထားပါတယ် ။ ကျွန်တော်တို့ ရဲ့ ဧည်လမ်းညွှန်လေးပြောပြချက်ကို အခြေခံပြီး ဒီအကောက်တောင်နဲ့ ပက်သ်တဲ့ အကြောင်းရာတွေကို ပြောရမယ်ဆိုရင် …. ဘုရားရှင်ကျေးမင်းဘ၀က ကောက်ပဲသီးနှံပေါတဲ့ ဒီတောင်ပေါ်မှာ အဲဒီ အသီးနှံတွေကို လာရောက်ကောက်စားလို့ အကောက်တောင်လို့ ခေါ်ပါသတဲ့ ။ နောက်တစ်ချက်က ကုန်းဘောင်ခေတ် နှောင်းပိုင်းလောက်မှာ ဧရာဝတီမြစ်ကြီးကို အမှီပြုနေရတဲ့ ကုန်သည်လှေတွေကို အခွန်အခ ကောက်ခံရာ စခန်းရှိတဲ့ ဒီတောင်ကို အကောက်တောင်လို့ ခေါ်ပြန်ပါတယ်တဲ့ ။ နောက်ဆုံးအချက်က ဒီဒေသတစ်ဝိုက်မှာ ဖြတ်သန်း စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးရဲ့ ကောက်ကွေ့ နေတဲ့ သုံးဆင့်ချိုးအကွေ့ ရှိတဲ့ နေရာမို့ အကောက်တောင်လို့ ခေါ်တာဖြစ်ကြောင်း သိရပါတယ် ။ ကျွန်တော့်တစ်ဦးတည်းရဲ့ သဘောအရ ဆိုရင်တော့ ပထမဆုံး အချက်ဖြစ်တဲ့ ကျေးမင်းနဲ့ သက်ဆိုင်တဲ့ အချက်က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ရဲ့ ကိုးကွယ်ယုံကြည်သက်ဝင်မှုကို အခြေခံပြီးပြောတာ ပေါ်လွင်လှတာမို့ အဲဒီ အချက်ကို ပယ်ပါတယ် ။ နောက် နှစ်ချက်မှာ ဖြစ်နိုင်ဆုံး အချက်ကို ရွေးချယ်ရရင် အကောက်တောင် အနီးနားပတ်ဝန်းကျင်မှာ အရင်ခေတ်ကတည်းကတိုင် လူတွေ ၀င်ထွက် သွားလာနေထိုင်တဲ့သက်သေ လက်စလက်နဖြစ်တဲ့ ဘုရားရုပ်ထုတွေထုလုပ်ထားတာတွေကို တွေ့  ရှိနေတာကြောင့် ကုန်သည်လှေတွေကို အခွန်အခ ကောက်ခံရာ စခန်းရှိလို့ အကောက်တောင်လို့ ခေါ်ဆိုတာကို လက်ခံချင်ပါတယ် ဆိုတာကို တင်ပြရင်း အကောက်တောင်သွား ခရီးစဉ် အကြောင်း ဆုံးသတ်လိုက်ရပါတယ် ခင်ဗျား ။
( ရန်နောင်စိုး )July 17, 2014
လိုင်းကောင်းကောင်းနဲ့ သုံးရတဲ့ သူများ အကောက်တောင် က ကျောက်နံရံမှာ ထွင်းထားတဲ့ ဘုရားရုပ်ပွားတော်တွေ နဲ့ ရှုခင်းတွေကို ကြည့်ရင်ရင်တော့ ဒီလင့်လေးမှာ ထောက်ပြီး ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ ။
https://www.facebook.com/photo.php?v=763633993659975&set=vb.100000401452593&type=2&theater
အဆင်ပြေမယ်ဆိုရင်ကြော်ငြာတစ်ခုစီကိုကလစ်တစ်ချက်စီနှိပ်ခဲ့ပါ
Labels:
ခရီးသွား,
ရန်နောင်စိုး
7:35 AM
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့။ ကျုပ်ဖြင့် တစ်ရက်ထဲနဲ့  တင် လူတွေအကြောင်း အတော်သိလိုက်ရတယ်။ သွား လေသူက ကျုပ်ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက် ငယ်ပေါင်းတစ်ယောက်။ နောက်ပြီး သီဟက သိပ်ကိုအေးဆေးတဲ့သူ၊ အရက်မ သောက်၊ ကွမ်းမစား၊ ဆေးလိပ်တောင် မသောက်တတ်တဲ့သူ။ ဒါပေမဲ့ ဒီလိုလူစားမျိုးအတွက် မရဏပြည်ကို ၀င်ဖို့  ၀င်ခွင့်ကျလာတဲ့ ပါမစ်လက်မှတ်ကတော့ အသည်းကင်ဆာတဲ့။ ဘယ်လောက်များ မတရားလိုက်ပါသလဲ။ ကျုပ်တို့ အပေါင်းအသင်းတွေ ထဲမှာ အရက် နဲ့  မျက်နှာသစ်ပြီး အရက်နဲ့ အိပ်ရာဝင်နေတဲ့သူတွေ အများကြီး။ ဒီလိုလူစားမျိုးတွေကြတော့ အသည်းကင်ဆာမပြောနဲ့ ။ အသည်း ရောင် အသားဝါတောင် မဖြစ်ကြဘူး။
ငါသေသွားသော်
Written By လွင့်မောင်မောင် on Monday, May 26, 2014 | 7:35 AM

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့။ ကျုပ်ဖြင့် တစ်ရက်ထဲနဲ့  တင် လူတွေအကြောင်း အတော်သိလိုက်ရတယ်။ သွား လေသူက ကျုပ်ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက် ငယ်ပေါင်းတစ်ယောက်။ နောက်ပြီး သီဟက သိပ်ကိုအေးဆေးတဲ့သူ၊ အရက်မ သောက်၊ ကွမ်းမစား၊ ဆေးလိပ်တောင် မသောက်တတ်တဲ့သူ။ ဒါပေမဲ့ ဒီလိုလူစားမျိုးအတွက် မရဏပြည်ကို ၀င်ဖို့  ၀င်ခွင့်ကျလာတဲ့ ပါမစ်လက်မှတ်ကတော့ အသည်းကင်ဆာတဲ့။ ဘယ်လောက်များ မတရားလိုက်ပါသလဲ။ ကျုပ်တို့ အပေါင်းအသင်းတွေ ထဲမှာ အရက် နဲ့  မျက်နှာသစ်ပြီး အရက်နဲ့ အိပ်ရာဝင်နေတဲ့သူတွေ အများကြီး။ ဒီလိုလူစားမျိုးတွေကြတော့ အသည်းကင်ဆာမပြောနဲ့ ။ အသည်း ရောင် အသားဝါတောင် မဖြစ်ကြဘူး။
လောကကြီးက
မမျှမတ ရယ်ချင်စရာလည်းကောင်းပါရဲ့။ သီဟ အသက်က ခုမှ (၃၉)နှစ်ပဲ ရှိသေးတယ်။
သူ့ ရောဂါကို ကင်ဆာလို့  သိရချိန် မှာ ကျန်ရစ်ခဲ့ရှာမယ့်
လူလားမမြောက်သေးတဲ့ သမီးလေး၃ယောက် နဲ့ သူ့ ဇနီးကို စိတ်မချတာကလွဲလို့ သူ
့ရဲ့ နောက် ဆုံးနေ့ ရက်တွေ ကို သွေးအေးအေးနဲ့ အပြုံးမပျက်
ရင်ဆိုင်ဖြတ်ကျော်ခဲ့သူ။ သူ ဖြစ်ချင် တာကတစ်ခုထဲ။ သူသေရင် သူ့ အသုဘကို
စည်စည်ကားကားလေး ဖြစ်စေ ချင်တယ်တဲ့။
သီဟ မဆုံးခင်မှာ သူငယ်ချင်းတွေကို တွေ့ သွားချင်တယ် ဆိုတာကြောင့် သီဟနဲ့ ရော ကျုပ်နဲ့ ပါခင်တဲ့ သူငယ်ချင်းတွေကို အကြောင်း ကြားပေးခဲ့တယ်။ ကျုပ်ရော သီဟပါ ပရဟိတအလုပ်တွေကို အချိန်အတော် ကြာ တွဲလုပ်ခဲ့ကြတာဆိုတော့ သူ မဆုံးခင်မှာ ညနေတိုင်း သူအနား မှာနေပေးရင်း အရင်ကအတူလုပ်ခဲ့ကြတဲ့ ကုသိုလ်ကောင်း မှုလေးတွေပြန်ပြောပြရင်း သူ့ နာကျင်ချိန်တွေ ကို မေ့ လျော့နိုင်အောင်၊ နောက်ဆုံးအချိန်မှာ သူ ကုသိုလ်ပြုလုပ်ခဲ့ တာလေးတွေ စိတ်ထဲမှာ အာရုံပြုသွားနိုင်အောင် ကျုပ်တို့ ကြိုးစားခဲ့တယ်။
စိတ်ကောင်းစေတနာကောင်းတွေရဲ့ အကျိုးဆက်လို့ ပဲ ပြောရမယ် ထင်ပါရဲ့။ သူ့ ကိုယ်ထဲက အဆုတ်တို့  အသည်းတို့ ပျက်စီးနေပြီ။ နောက်ဆုံး အချိန်အတွက် ကြိုတင်ပြင်ဆင်ထားပါလို့  ဆရာဝန်တွေကလက်လျှော့တော့ မယ့်စကားပြောတဲ့အချိန်အထိ သူဟာ တခြား ကင်ဆာရောဂါ သည်တွေလောက် လူးလိမ့်နေအောင် အော်ဟစ် မခံစားခဲ့ရ ဘူး။ သူ့ ရဲ့ နောက်ဆုံးထွက်သက်ကို ညင်သာစွာနဲ့ ပဲ အဆုံးသတ် ထွက်ခွာသွားခဲ့ပါတယ်။
ပြသနာက သူ ကွယ်လွန်ချိန်မှ စတယ်ဆိုရမှာပါပဲ။ တကယ်တော့ သီဟတို့ မိသားစုဟာ စီးပွားရေး သိပ်မပြေလည်ကြရှာ ဘူး။ ရရစားစား မရှိမရှားထဲကပဲ။ ကျန်းမာရေးမကောင်းလို့  သူဆေးရုံတက်ရချိန် မှာတော့ ပြေလည်တဲ့ သီဟမောင်နှမတွေက ဆေးရုံ စရိတ်တွေကို အကုန်အကျခံပေးခဲ့တယ်။ သူမဆုံးခင် ၃ပတ်လောက် အထူးကုဆေးရုံကြီးတစ်ခုမှာ တက်ရောက် ကုသခဲ့ရတယ်ဆို တော့ သူ သေဆုံးချိန်မှာ ဆေးရုံကုသစရိတ်က ၁၅သိန်း သိန်း၂၀နီးပါးလောက် ဖြစ်နေပြီ။ ဒါပေမဲ့ ဒီလောက်ပမာဏက သီဟတို့  အတွက်ခဲယဉ်းပေမဲ့ သူ့ မောင်နှမတွေအတွက်တော့ ပြောပလောက်အောင် မခဲယဉ်းပါဘူး။
မိုးဦးကာလရဲ့ မနက်ခင်းလေးတစ်ခုမှာ သူ လောကကြီး ကို ကျောခိုင်းထွက်ခွာသွားခဲ့ပြီ။ သူဆုံးပြီဆိုပြီး သူတို့ လှမ်းဖုန်းဆက် ချိန်ထဲက ကျုပ်က သီဟရဲ့အမျိုးသမီးနဲ့ အတူရှိနေခဲ့တာ။ ဆုံးပြီဆိုတာနဲ့ သူ့ အလောင်းကို ဆေးရုံရဲ့ ရေခဲတိုက်ထဲထည့် ကုန်ကျစရိတ် အကုန်ရှင်းပေးပြီး ကျုပ်တို့ တွေ အိမ်ပြန်လာကြတော့ မနက်၇နာရီခွဲ ရုံပဲရှိသေးတာ။
အိမ်ရောက်တော့ ဘယ်နှစ်ရက်ထားမလဲဆိုတာ သူတို့ မိသားစုတွေ တိုင်ပင်ကြပါတယ်။ သူ့ အိမ်က ဒီနေ့ ပဲ သင်္ဂြိုလ်မယ်။ သေမယ်မှန်း ကြိုသိထားပြီးသား ရောဂါပဲဟာ။ မထူးပါဘူးတဲ့။ ဒီစကားကိုစကြားရထဲက ကျုပ်ရင်ထဲကို ဘာမှန်းမသိတဲ့ အစိုင်အခဲတစ် ခု စတင်ဝင်ရောက်လာခဲ့တာ။
သီဟဇနီးကိုကြည့်လိုက်တော့လည်း ပူဆွေးနေတဲ့ကြားကနေ မျက်လုံးအ၀ိုင်းသားနဲ့ ငေးကြည့်နေတယ်။ မတတ်နိုင်ဘူးလေ။ သူတို့ က အသုဘရှင်တွေပဲ။ သူတို့  စီစဉ်တဲ့အတိုင်းပေါ့။ ခုမှ မနက် ၈နာရီပဲရှိသေး တာမို့  နေ့ ချင်းချဖို့ စီစဉ်မယ်ဆိုရင်တောင် အချိန်aတွ အများကြီး ရပါသေးတယ်။ ချက်ချင်းချမယ်ဆိုတာ သေချာသွားတော့ ရပ်ကွက် ရ၀တရုံးမှာ သေစာရင်း Dead Certificate သွား လုပ်ရပါတယ်။ ဒီစာရွက် ရတော့မှ ဆေးရုံမှာအလောင်း Dead Body သွားထုတ်ရမှာပါ။ အလောင်း ကို ဆေးရုံကနေ ရေဝေးကို သယ်ဖို့  နာရေးကူညီမှုအသင်း နဲ့ လှမ်းချိတ်ပြီးပြီ။ ၁နာရီထိုးရင် သူတို့  နာရေးကူညီမှု ကားနဲ့ အလောင်းသယ်လာမှာလေ။
နာရေးမှာသုံးဖို့ ဆိုပြီး ဓာတ်ပုံလိုက်ရှာတော့ သူ့ အိမ်မှာ သီဟငယ်ငယ်ကပုံလေးတွေပဲရှိတယ်။ ခုနောက်ပိုင်းရိုက်ထားတဲ့ သီဟဓာတ်ပုံတွေက ကျုပ်ဆီမှာရှိနေတာမို့  အသုဘချချိန်မှာသုံးဖို့  ဓာတ်ပုံအကြီးထုတ်ဖို့  ကျုပ်မြို့ ထဲကိုပြန်လာခဲ့တယ်။ မနက်ဆယ် နာရီမှာတော့ အိမ်မှာဘုန်းကြီးပင့်ပြီး သက်ပျောက်ဆွမ်းကပ်ဖို့  သူ့ မိသားစုတွေ စီစဉ်လုပ်ကိုင်နေကြတယ်။
နောက်ပြီး သီဟဆုံးတယ်ဆိုတာသိသိချင်းမှာ Facebook မှာ Status တင်ပြီး ပြောထားတာမို့ သူငယ်ချင်းအတော်များများ လည်းသိကုန်ကြပြီး ဘယ်နေ့ သဂြိ င်္ုလ်မှာလည်း လှမ်းမေးကြ တယ်။ နေ့ ချင်းသဂြိ င်္ုလ်မယ် ဆိုတဲ့အကြောင်းကိုလည်း ပို့ စ်ထပ်တင်ပြီး အသိပေးလိုက်တယ်။ အသုဘကားတွေ နေအိမ်ကနေ နေ့ လည် (၂)နာရီမှာ စတင်ထွက် ခွာပြီး ရေဝေးသုသာန်မှာ နေ့ လည် (၃)နာရီ မှာ မီးသဂြိ င်္ုလ် မယ်ပေါ့။ (စကားမစပ် Facebook က အဲလိုဆိုတော့လည်း အဆင်ပြေသား။ အချိန်တိုတိုအတွင်းမှာ အတော်များများ ကို အသိပေးပြီးသားဖြစ်သွားတယ်) တစ်ချို့ အွန်လိုင်းနဲ့ မနီးစပ်တဲ့သူငယ်ချင်းတွေကိုတော့ ဖုန်းဆက် အကြောင်းကြားပေးကြတယ်။
နောက်ပြီး သူ့ အတွက် ၀ိုင်းဝန်းရေးသားထားကြတဲ့ ၀မ်းနည်းကြေ ကွဲခြင်း စာစုတွေကိုစုပြီး လက်ကမ်းစာစောင်လုပ်ဖို့  အပြေး အလွှား သွားစီစဉ်ကြတယ်။ နေ့ လည်၁နာရီလောက်မှာ နာရေးမှာဝေမဲ့ လက်ကမ်း စာစောင်တွေရယ်၊ သီဟရဲ့ဓာတ်ပုံရယ်၊ အသုဘကား မှာ ကပ်မဲ့စာတွေရယ် သယ်ဆောင်ပြီး ကျုပ်တို့ ပြန်ရောက်လာ တယ်။ ကျောင်းတုံးက အခြားသူ ငယ်ချင်းတစ်ချို့ လည်း အိမ်ကိုရောက် နေကြပြီ။ ဆွေမျိုး နီးစပ် မိသားစုဝင် အချို့ က သူ့ ရဲ့ Dead Body ကိုလည်း သွားထုတ်နေကြပြီ။ အသုဘပို့ လာတဲ့ သူငယ်ချင်းတွေနဲ့  သွားလေသူရဲ့ နောက် ဆုံးနေ့ ရက်တွေအကြောင်း၊ သူနဲ့ ပတ်သက်ပြီး အမှတ်ရစရာ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ထိုင်ပြောနေဖြစ် တယ်။ သူက ခပ်အေးအေးနဲ့  ဘယ်သူ့ ကိုမဆို ကူညီတတ်သူဖြစ်တာကြောင့် လူချစ်လူခင်ပေါတယ်လေ။
သူ လုပ်ကိုင်ကူညီနေတဲ့ ပရဟိတအဖွဲ့ တွေက မိတ်ဆွေတွေ လည်း ရောက်လာကြတယ်။ ၁နာရီခွဲလောက်လည်းရောက်ရော ကိုယ့်အချင်းချင်း စကားပြောနေတာကိုရပ်ပြီး သူတို့ ရဲ့ အစီအစဉ်ကိုမေး မယ်ဆိုပြီး သူ့ အကိုနဲ့  ကျုပ်စကားသွားပြောဖြစ်တယ်။ ပြဿ နာက အဲဒီကစတော့တာပဲဗျို့ ။
“ခန်းမ ငှားထားပြီးပြီလားအကို”
“မငှားတော့ဘူးလေ။ ချက်ချင်းတန်းချမှာပဲ။ မလိုပါဘူး။”
“မဟုတ်ဘူးလေ အကို။ ချက်ချင်းချတာတော့ မှန်တာပေါ့။ ဒါပေမဲ့ ဆေးရုံကသယ်လာတဲ့အလောင်းကို ပြန်ပြီးပြင်ဆင်ရအုံး မယ်။ သရဏဂုံတင်ရအုံးမယ်။ အသုဘလာပို့ တဲ့ ပရိသတ်အသုဘရှုရင်း ထိုင်ဖို့ ခုံတွေလိုတယ်။ အနည်းဆုံးတော့ ဘုန်းကြီးပင့်ပြီး သရဏဂုံတင်ဖို့  အခန်းတော့ မဖြစ်မနေလိုလိမ့်မယ်”
“မလိုလောက်ပါဘူး။ မနက်တုံးက သက်ပျောက်ဆွမ်းကျွေးရင်း တစ်ခါထဲ သရဏဂုံတင်ပြီးသား။သင်္ချိုင်းမှာ ဘာမှထပ်လုပ်စ ရာ မလိုတော့ဘူး”
“မဟုတ်ဘူးနော် အကို။ မနက်က ဘုန်းကြီးပင့်တာက သက်ပျောက် ဆွမ်းသွတ်တာလေ။ သရဏဂုံတင်တာ မဟုတ်သေးဘူး။ နောက်ပြီး များသောအားဖြင့် သရဏဂုံကို သင်္ချိုင်းကျမှ တင်ကြတာပဲ။ ဒီအတွက် ဘုန်းကြီးတစ်ခါထဲ ပင့်သွားရမယ်။ သရဏဂုံတင်ဖို့  လုပ်ရမယ်။ ဒီအတွက် အခန်းတော့ မဖြစ်မနေ ငှားမှဖြစ်မယ်။ နောက်ပြီးလာကြမဲ့ သူ့ သူငယ်ချင်း အသိုင်းအ၀ိုင်းတွေ အကိုတို့ မိတ် ဆွေတွေလည်း ရှိအုံး မှာလေ”
သီဟအကိုနဲ့  ကျုပ် စကားပြောနေရင်းနဲ့  သီဟမိန်းမမျက်နှာကို လှမ်းကြည့်လိုက်တော့လည်း ဘာတွေစီစဉ်ထားမှန်း သိပုံ မရဘူး။ သူ့ ခမျာမ လည်း ယောက်ျားတစ်ယောက်လုံးဆုံးရှုံးရတဲ့အပူမီးနဲ့ တင် လောင်မြှိုက်နေတာ။ ကျန်တာတွေ ဘယ်ခေါင်းထဲထည့် ထားနိုင်ပါ့မလဲ။
သီဟအကိုကတော့ ကျုပ်ကို ပြောချင်တာစွတ်ပြောနေတာပဲဆိုတဲ့ ရုပ်နဲ့  ဘုကြည့်ကြည့်တယ်။ ကျုပ်လည်းဆက်မပြောတော့ ဘူး။ ကိုယ့် ဘာသာပဲ အရင်သွားနှင့်ပြီး ကြိုစီစဉ်လိုက်တော့မယ်။ ကျုပ်နဲ့  သီဟအကို အတင်အချစကားပြောနေတာကို ၀ိုင်းကြည့် နေကြတဲ့ သူငယ်ချင်းတွေကို မျက်ရိပ်ပြလိုက်တယ်။ သူတို့ အရင်ထထွက်သွားတယ်။
“ဒါဆို ကျွန်တော်တို့ အရင်သွားပြီး စီစဉ်ထားလိုက်မယ်။ အကို တို့ နောက်က အချိန်ကြမှ လိုက်ခဲ့လိုက်တော့”
ပြောပြောဆိုဆို ထထွက်လာခဲ့တယ်။ ကျုပ်နောက်ကို သီဟအမျိုးသမီး အပြေးအလွှားလိုက်လာတယ်။
“ကိုလွင်ရယ် အဆင်ပြေအောင် ကြည့်စီစဉ်ပေးပါနော်။ အကိုက သိပ်ပြီး သပ်သပ်ရပ်ရပ်ကြိုက်တာ။ သူ့ နောက်ဆုံးအချိန် လေးမှာ သပ်သပ်ရပ်ရပ်နဲ့ စည်စည်ကားကားလေး ဖြစ်သွားစေချင်တယ်”
“မပူနဲ့ မမျိုး။ စိတ်အေးအေးနေ။ ကျွန်တော် ကြည့်စီစဉ်လိုက်မယ်”
ဘယ်နဲ့ ဗျာ။ လူတစ်ယောက်ကို သေသွားပြီဆိုပြီး တန်ဖိုး မထားတာ မျိုး ကျုပ်လုံးဝ လက်မခံနိုင်ဘူး။ နောက်ပြီး ဒါဟာ ပကာ ဿန အနေနဲ့  ချဲ့ ထွင်ပြီး အလွန်အကျွံလုပ်နေတာလည်း မဟုတ်ဘူး။ လူသေရင် အသုဘ ချခါနီး သရဏဂုံတင်တာ၊ အသုဘပို့ လာတဲ့ သူတွေထိုင်ဖို့  ခန်းမငှားတာ၊ ဒါတွေဟာ မဖြစ်မနေလုပ်ရတဲ့ကိစ္စထက် ဘာမှမပိုခဲ့ဘူး။ သူတို့ အခြေအနေ ကလည်း ဒီလောက်လေးကို မတတ်နိုင်တော့လောက်အောင် ဆိုးဆိုးဝါးဝါး ဆင်းရဲမွဲတေ မနေပါဘူး။ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ တောင့်တင်းပြီးသားပါ။
ကျုပ်နဲ့ အခြားသူငယ်ချင်း၃ယောက် ကားတစ်စီးနဲ့  ရေဝေးကို အရင်ထွက်ခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သီဟဆန္ဒကို ကျုပ် ဖြည့် ဆည်းပေးချင်မိတယ်။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်ကို ဘုန်းကြီး တစ်ခါထဲဝင်ပင့်လာပြီး ရေဝေးကို လိုက်လာခိုင်းလိုက် တယ်။ မိန်းကလေး သူငယ်ချင်းတွေကိုတော့ ကျန်ရစ်တဲ့ သီဟဇနီး ကိုဖေးမပြီး ခေါ်လာခဲ့ဖို့  မှာခဲ့တယ်။
လမ်းမှာ ကိုယ်သိတဲ့ဖုန်းနံပါတ်တွေနဲ့  ရေဝေးမှာ ခန်းမငှားဖို့  လှမ်းမေးတော့ နာ/ကူ (နာရေးကူညီမှုအသင်း)က ဖုန်းနံပါတ် တစ်ခုပေး တယ်။ အဲဒီလူကတစ်ဆင့် ခန်းမလှမ်းငှားတယ်။ ခန်းမတွေက ကြိုယူ ထားကြတာမို့  ခုချိန်မရနိုင်တော့ဘူး။ ညနေ၅နာရီ နောက်ပိုင်းမှ ရမယ်တဲ့။ ဒါတော့မဖြစ်သေးဘူး။ Dead Body ကလည်း သယ်လာနေပြီ။ နေအိမ်က ကားတွေကလည်း ထွက်လာဖို့  ပြင် နေပြီ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတော့ သူတို့ ကလာခဲ့လိုက်ပါ အဆင်ပြေအောင် တစ်ခုခု ကြည့်စီစဉ်ပေးပါ မယ်တဲ့။ ဒီတော့ လည်း ရေဝေးကိုသာ အမြန်မောင်းပေါ့။
အဲ… လာရင်းနဲ့ မှ သတိရတယ်။ အခေါင်း…… အခေါင်း....... အခေါင်း။ အခေါင်းဝယ်ပြီးပြီ ထင်ပါရဲ့။ သေချာအောင် လှမ်းမေး အုံးမှပါ။ မပြောချင်ပေမဲ့ သီဟအကိုဆီ ဖုန်းထပ်ဆက်ရပြန်တယ်။
“အကိုရေ။ ကျွန်တော်တို့ ရေဝေးကို ရောက်ခါနီးပြီ။ ခန်းမကိစ္စကတော့ အဆင်ပြေအောင် ကြည့်လုပ်ထားလိုက်မယ်။ ဒါနဲ့  အကို အခေါင်းဝယ်ပြီးပြီ လား။ အခေါင်းကိစ္စကို ဘယ်လိုစီစဉ်ထားလဲ။”
“အခေါင်းမလိုဘူးလေ”
“ခင်မျာ… ဘယ်လို ….. ဘယ်လို …… အခေါင်းမလိုဘူး ဟုတ်လား အကို။ အခေါင်းမပါပဲ ဘယ်လိုလုပ် အသုဘချမှာလဲ။”
“အလောင်းကို နာ/ကူအသင်းက ကားနဲ့ သယ်လာမှာလေ။ ရောက်ရင် ကားပေါ်ကချပြီးတာနဲ့  မီးသင်္ဂြိုလ်စက်ထဲ တန်းသွင်း လိုက်ရုံပဲ။ ဘာမှ မလိုဘူး။ အခေါင်းမပါလည်းရတယ်။ သူတို့ ကိုမေးတော့လည်း မ၀ယ်ချင် ရင်လည်း ရပါတယ်တဲ့။”
ဘုရားရေ။ ရက်စက်လိုက်ကြတာ။ သူငယ်ချင်းရေ မင်းသိရင် ဘယ်လို များနေလိမ့်မလဲ။ လူတစ်ယောက်ရဲ့ နောက်ဆုံးခရီးမှာ ဆွေမရှိ မျိုးမရှိလို့  အရပ်ကကူချသလို၊ တာဝန်ယူမဲ့သူမရှိလို့  စည်ပင်က အမြင်မတော်လို့  ချပေးရသလိုမျိုး စောင်ပတ် ဖျာလိပ်ပတ် ပြီးတော့များ ချမလို့ လား။ မင်းအစား ရင်နာလိုက်တာကွာ။
သူတို့ နဲ့  ဆက်မပြောချင်တော့ လို့ ဖုန်းချလိုက်တယ်။ သူငယ် ချင်းတွေကို လှည့်ကြည့်လိုက်တော့ စိတ်မကောင်း နာကျင်ခြင်း မျက်ဝန်းများနဲ့ ။
မထူးပါဘူး။ ကျုပ်ပဲ အသုဘရှင်လုပ်ပြီး အကုန်လိုက်စီစဉ်လိုက်တော့ မယ်။ သူတို့ မကျေနပ်လည်း မတတ်နိုင်ဘူး။ ကိုယ့်သူငယ်ချင်း မျက်နှာ ပဲကြည့်တော့မယ်။ ကျုပ်တို့ တွေ ရေဝေးမီးသင်္ဂြိုလ်စက်ကို မရောက်ခင် မလှမ်းမကမ်းမှာရှိတဲ့ နာ/ကူရုံးခန်းကိုအရင် ၀င်ဖြစ်ခဲ့တယ်။
နာ/ကူရုံးခန်းရှေ့ မှာ အခေါင်းရောင်းတဲ့ဆိုင်ကလေး။ ဆိုင်အတွင်းမှာ အခေါင်းတွေကိုသေတ္တာတွေလို အမျိုးအစားတူရာ စုပြုံ ထပ်ထားတယ်။ ကျုပ်ရဲ့သက်တမ်းတစ်လျှောက်မှာ တစ်ခါမှ အခေါင်းဆိုင်မရောက်ဖူးသလို အခေါင်းလည်း မ၀ယ်ဖူးဘူး။ ဒါကြောင့် ဘယ်လို ၀ယ်ရမှန်းလဲ မသိဘူး။ ကျန်တဲ့သူငယ်ချင်းတွေလည်း ဒီအတိုင်းပဲ။
“အခေါင်းဘယ်လိုရောင်းသလဲ အကို”
ကျုပ်အသံနဲ့ ကျုပ်မေးခွန်းကို စိတ်ညစ်နေတဲ့ကြားကတောင် ရယ်ချင်မိတယ်။
“ဘယ်လောက်တန် လိုချင်လို့ လဲ အကို။”
“ဘယ်လောက်တန်တွေ ရှိလဲဗျ”
“ဒီအခေါင်းဆိုရင် မီးသင်္ဂြိုလ်ခအပါအ၀င် လေးသောင်းပါ။ သူက နည်းနည်းပိုတောင့်တယ်။ ဒီအခေါင်းကတော့ မီးသင်္ဂြိုလ်ခ အပါ နှစ်သောင်း ခွဲပါ။ သူကတော့ အသက်သာဆုံးပဲ။ ကျန်တာတွေကတော့ ဒါထက် ပိုဈေးကြီးတယ်။ အကိုတို့ ဘယ်လောက်တန် လောက်မှန်းသလဲ။”
“အခေါင်းဝယ်ရင် ဘာတွေလုပ်ပေးသေးလဲအကို။ မသိလို့ မေးတာပါ”
“ဟုတ်ကဲ့။ ရပါတယ်။ ဒါမျိုးဆိုတာ လူတိုင်းမသိနိုင်ဘူး။ အခေါင်းဝယ် ရင် အခေါင်းဘေးမှာ သေသူနဲ့ နာမည်နဲ့ အသက်ကို စာလုံးရေးပေးတယ်။ အလောင်းအတွက် မီးသင်္ဂြိုလ်ခကို စည်ပင်ကို ကျွန်တော်တို့ ကသွင်းပေး တယ်။ ပုံမှန် နာ/ကူက ချပေးတဲ့ အလောင်းဆိုရင်တော့ မီးသင်္ဂြိုလ်ခကို သူတို့ သွင်းပေးတယ်။ ကျွန်တော်တို့ အခေါင်းဆိုင်က ၀ယ်တဲ့အခေါင်းမျိုးဆို ရင်တော့ သူတို့  မသွင်းပေးတော့ဘူး။ ကျွန်တော်တို့ အခေါင်းဆိုင်က သွင်းပေးရတယ်”
“မီးသင်္ဂြိုလ်ခက ဘယ်လောက်ပေးရလဲဗျ။ ဗဟုသုတအနေနဲ့  သိချင်လို့ မေးကြည့်တာပါ”
“မီးသင်္ဂြိုလ်ခက နှစ်ထောင်ပါ”
“အော် သိပ်တော့မများပါဘူး။ ဟုတ်ပြီ။ ဒါဆို နှစ်သောင်းခွဲတန်ပဲ ယူမယ်။ စာရေးပေးပါ။ နောက်ပြီး ကျွန်တော်တို့ ကို ခန်းမ ငှားဖို့ ကိစ္စ လည်းစီစဉ်ပေးပါအုံး”
“ခန်းမက အခန်းတော့မရဘူး။ ဒါပေမဲ့ အကိုတို့ လိုချင်ရင် အပြင်ဘက် မှာ ခုံချပြီး ပြင်ဆင်ပေးမယ်။ စင်္ကြန်လမ်းတစ်လျှောက် မှာခုံခင်းပေးမယ်။ အဲဒါက ရှစ်ထောင်ကျမယ်။ အကိုတို့ လုပ်မယ်ဆိုရင် ရုံးခန်းကိုလိုက်ပြောပေး မယ်။ ကျွန်တော့်နောက်ကလိုက်ခဲ့ပါ။”
ဘာပဲဖြစ်ဖြစ် လုံးဝမရတာထက်စာရင် တော်ပါသေးရဲ့ဆိုပြီး အပြင်မှာပဲ ခုံခင်းပေးဖို့ ငွေသွင်းလိုက်ပါတယ်။ လိုက်ပို့ ပေးတဲ့ အခေါင်းဆိုင်ပိုင်ရှင်က
“အကိုတို့  သရဏဂုံတင်ဖို့ ဘုန်းကြီးရော အဆင်သင့်ပါရဲ့လား။ လိုအပ်ရင် ပင့်ပေးလို့ ရပါတယ်။ နောက်ပြီး သရဏဂုံတင်ချိန် ဘုန်းကြီးတရားနာချိန်မှာ ဘုန်းကြီးထိုင်ဖို့ မိသားစုထိုင်ဖို့ ကော်ဇောလည်း ငှားလို့ ရပါတယ်။”
“အော် …. ဘုန်းကြီးလည်း ပင့်ပေးလို့ ရတာပဲလား။ ဘုန်းကြီးကတော့ မလိုတော့ပါဘူး။ ကျွန်တော်တို့ လူတွေပင့်လာနေပြီ။ ကော်ဇောငှားမယ်။ ဘယ်လောက်လဲ။”
“ကော်ဇောက လေးထောင်ပါအကို။ နောက်ပြီး လွမ်းသူ့ ပန်းခြင်းရော ငှားအုံးမလား။”
“ဟေ ပန်းခြင်းလည်း ငှားလို့ ရတာပဲလား။ ကောင်းကွာ။ အသုဘအခမ်းအနားကတော့ သီဟဖြစ်စေချင်သလို စည်စည်ကား ကားလေး တကယ်ဖြစ်ပြီပဲ။ ငှားမယ်ကွာ။ ပန်းခြင်းတစ်ခြင်းပေးကွာ။ တတ်နိုင်သလောက် အလှဆုံးတော့ ဖြစ်ပါစေ”
“ပန်းခြင်းက သုံးထောင်ကျတယ် အကို။ စိတ်ချပါ။ အလှဆုံးပန်းခြင်း ကျွန်တော်စီစဉ်ပေးမယ်”
ကျုပ်တို့ အဲဒါတွေ လိုက်စီစဉ်နေတုံးမှာပဲ စာတမ်းရေးပြီးသားအခေါင်း ကလည်း စက်ဘီးနဲ့ လာပို့ ပေးသွားပြီ။ ကျုပ်တို့ ပိုက် ဆံချေပြီးတာနဲ့  ခုံတွေ ကော်ဇောတွေတန်းပြီး ခင်းပေးတော့တာပဲ။ မီးသင်္ဂြိုလ်စက်ရဲ့ အ၀င်ဝ ဘေးဘက်မလှမ်းမကမ်းမှာ ဘေးတိုက်ခုံတွေစီပြီး ချပေးထား တယ်။ ကော်ဇောခင်းပေးတယ်။ ဘုန်းကြီးထိုင်ဖို့  ခုံခင်းပေးတယ်။ နောက်ပြီး ပန်းခြင်းလာချပေးတယ်။ ပန်းခြင်း ကလည်း ခန့် ခန့် ထည်ထည် အကြီးကြီး။ သုံးထောင်ကတော့ အတော်တန်သွားပြီ။ ဒါပေမဲ့ စာတန်းကတော့ တစ်ကြောင်းထဲ။
“လွမ်းသူ့ ပန်းခွေ”တဲ့။
" တစ်ခြားဘာစာမှ မပါဘူးလား”
“မပါဘူးလေ အကိုရဲ့။ ဒါမှ ဘုံသုံးလို့ ရမှာပေါ့” တဲ့။ သူပြောတာလည်း ဟုတ်သား။
“အကို့ သူငယ်ချင်းနာမည်လေးရေးပေးကွာ။ လက်ရေးနဲ့  ပဲဖြစ်ဖြစ်ပေါ့။ ဘယ်လောက်ထပ်ပေးရမလဲ”
ကောင်လေးက လက်နှစ်ချောင်းထောင်ပြတယ်။
“အိုကေ။ အမြန်လေးလုပ်ကွာ”
၂မိနစ်အတွင်းမှာပဲ ကောင်လေးပြန်ရောက်လာတယ်။ အိုကေ။ ကျုပ်တို့ ဘက်ကတော့ အားလုံးအဆင်ပြေ ချောမွေ့ စွာ ပြီး သွားခဲ့ပြီ။ Dead Body သယ်ဆောင်လာတဲ့ နာ/ကူအသင်းရဲ့ကားလည်း ရောက်လာပြီ။ ဒီတော့အလောင်းကို ကျုပ်တို့  အဆင်သင့် ၀ယ်ထားတဲ့ အခေါင်းထဲထည့် အပေါ်က ပန်းတွေဘာတွေ ချွေချနဲ့  အလောင်းပြင်ဆင်ပြီးစီးချိန်မှာပဲ အိမ်ကနေ ထွက်လာတဲ့ကားတွေ ရောက်လာသလို သရဏဂုံတင်ပေးမဲ့ ဆရာတော်ပါ ကြွလာခဲ့ပြီ။ သီဟဇနီးက သူ့ ယောကျာ်းရဲ့ အလောင်း ကိုကြည့်ပြီး တမ်းတစွာ ငို ကြွေးလိုက်သံက အားလုံးရဲ့ နှလုံးသား ကိုနာကျင်စေပါတယ်။ သူ့ ကို နှစ်သိမ့်ဖေးမကြရင်း သရဏဂုံတင် ဖို့  ပြင် ဆင်ပါ တယ်။ စောစော က စီစဉ်တဲ့အထဲမှာ ကန်တော့ပွဲ ပါမလာခဲ့ဘူး။ ဒါကိုလည်း ဒီမှာဝယ်လို့ ရတယ်ဆိုတာနဲ့  ပိုက်ဆံလည်းပေးလိုက်ရော ၃မိနစ်အတွင်း ရောက်လာပါတယ်။
ပိုက်ဆံပေးရင်ရတယ်ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် လိုချင်တာကို ချက်ချင်း ရစေတဲ့အတွက် သူတို့ ကို ကျေးဇူးတင်ရပါတယ်။ ကျုပ် တို့  ချည်းသာဆို ဒီလောက်အချိန်တိုအတွင်းမှာ ဒီလိုစည်စည်ကားကားဖြစ်နိုင်ဖို့  မလွယ်လှဘူးလေ။ အိမ်မှာကျန်နေခဲ့တဲ့ သူငယ်ချင်း မက ခုမှ လိုက်လာရတာမို့  ရောက်ရောက်ချင်း ကျုပ်ကို လက်ကုတ်ပြီး လူရှင်းရာ ဆွဲခေါ်လာတယ်။
“နင်ဘယ်လို စီစဉ်လိုက်တာလဲ။ ဒီလောက်အချိန်တိုအတွင်းမှာ ဒီလောက်မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်အောင် စီစဉ်နိုင်တာ တော် လိုက်တာဟယ်။ ပန်းခြင်းကြီးကလည်း အကြီးကြီးပဲ။ ဒီခြင်းမျိုးဆို အနည်းလေး ၆သောင်း ၇သောင်းလောက်ပေးရမှာ ငါသိတယ်။ ပန်း တွေကလည်း သစ်ခွပန်းတွေနဲ့ အကောင်းစားတွေချည်းပဲ။ ဘာပဲပြောပြော သူ့ အသုဘလေးကိုစည်ကားအောင် ဒီလောက်အချိန်တို နဲ့  ရအောင် စီစဉ်ပေးတဲ့ နင့်ကို ကျေးဇူးတင်လိုက်တာဟာ”
ကျုပ်သူငယ်ချင်းရဲ့ အထင်ကြီးမျက်လုံးတွေကို မြင်လိုက်ရတယ်။ သီဟရဲ့ဇနီးကလည်း ၀မ်းနည်းစွာငိုကြွေးနေတဲ့ကြားကနေ ကိုလွင် ရယ် ကျေးဇူးတင်လိုက်တာလို့ လာပြောသေးတယ်။ နောက်တော့ သူ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေစုပြီး သရဏဂုံတင်၊ သူ့ အတွက် တရားနာ အမျှဝေပြီး သူ့ ကို နောက်ဆုံးနှုတ်ဆက်လိုက်ကြပါတယ်။ သွားတော့ သူငယ်ချင်းရေ သွားတော့။ မာယာများ တဲ့ လောကအလယ်မှာ မင်းမိန်းမနဲ့ မင်းရဲ့သမီးလေးတွေကို စိတ်မချပေမဲ့ စိတ်ချလက်ချထားပြီး သွားပါတော့။
“မင်းရဲ့နောက်ဆုံးခရီးမှာ မင်းနဲ့ ဇနီးသည်နဲ့ အပြိုင် ၀မ်းနည်းစွာ ငိုကြွေးနေတာ မင်းရဲ့မိသားစုဝင်တွေမဟုတ်ပဲ မင်းနဲ့ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း မေတစ်ယောက်ပဲရှိတယ်ဆိုတာ မင်း သိမသွားပါနဲ့ တော့။ မင်းရဲ့အသုဘကို လိုက်မပို့ တဲ့ မင်းရဲ့အဖေအမေနဲ့  မင်းညီမ လေးကိုလည်း စိတ်မဆိုးပါနဲ့ တော့။ မင်းသေဆုံးသွားချိန်မှာ သေတယ်ဆိုတာ ဘာမှန်းမသိရှာပဲ ကလေးသဘာဝ ပျော်ရွှင်မြူးတူးစွာ ဆော့ကစားနေတဲ့ မင်းရဲ့ သမီးလေးနှစ်ယောက်ကိုလည်း နားလည်ပေးလိုက်ပါ။ အသည်းရောဂါ စီပိုး၊ အသည်းကင်ဆာဆိုတာ ကူးစက် တတ်တယ်ဆိုပြီး ဆေးရုံကို တစ်ရက်မှ လာမကြည့်ခဲ့တဲ့၊ အသုဘချတဲ့နေ့ မှာ မဖြစ်မနေမို့  လိုက်လာရပေမဲ့ ယောင်လို့ တောင် မင်းရဲ့ အလောင်းနားမကပ်တဲ့ မင်းအကိုနဲ့ အမကိုလည်း မနာကြည်းလိုက်ပါနဲ့ ။
ဘယ်သူတွေ ဘယ်လိုအခြေအနေမှာရှိရှိ မင်းဟာသူတော်ကောင်းပါ။ သမိုင်းတွေ ရာဇ၀င်တွေကို နောင်လာနောင်သားတွေ သိအောင် ချပြပေး ခဲ့တဲ့ သမိုင်းဆရာတစ်ယောက်ပါ။ နောက်ပြီး လိုအပ်တဲ့နေရာတွေမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပရဟိတ အလုပ်တွေလုပ်ပြီး လိုအပ်နေ တဲ့ နေရာတွေက ကွက်လပ်တွေကို ဖြည့်ဆည်းပေးခဲ့သူတစ်ယောက်ပါ။ အခုဘ၀မှာ သက်ဆိုးမရှည်ခဲ့ပေမဲ့ ကိုယ်ပြုခဲ့တဲ့ ကောင်းမှု ကုသိုလ် စေတနာ အကျိုးတွေကြောင့် မင်းရှေ့ ဆက်ရမဲ့ သံသရာခရီး အေးချမ်းမယ် လို့  မျှော်လင့်ပါတယ်။”
ခေါင်းတိုင်ဖြူဖြူပေါ်ကထွက်လာတဲ့ မီးခိုးမည်းမည်းတွေကြားမှာ မင်းကို ကျုပ်တို့ ထားခဲ့ရပြီ။ သွားနှင့်တော့ သူငယ်ချင်းရေ။ သွားနှင့်တော့ … ဘယ်တော့မှန်းမသိတဲ့ နေ့ စွဲတစ်ခုမှာတော့ မင်းဆီကို ကျုပ်တို့  လိုက်လာကြအုံးမယ်။ ဘယ်သူတားတားပေါ့ …..
ကျုပ်သူငယ်ချင်းရဲ့ အသုဘမှာ လူတွေအကြောင်းကို ကျုပ် အတော်လေးလည်း နားလည်လာမိသွားသလို တရားလည်းကျ မိပါတယ်။ လူဆိုတာ အသက်ရှင်စဉ်က ဖြစ်တည်ခဲ့တဲ့ တန်ဖိုးတွေဟာ သေဆုံးပြီး နာရီပိုင်း မိနစ်ပိုင်းအတွင်းမှာ တစ်စစီပြိုကွဲသွား တော့တာပါလား။ ငါဆိုတာ ဘာကောင်ကြီးဖြစ်နေနေ ငါ့ကိုတော့ ဘယ်လိုလုပ် ဘယ်ဝါလုပ်၊ ဘာခေါင်းနဲ့ ထည့် ဘာကားနဲ့ ပို့ ဆိုတဲ့ ကိစ္စတွေကို ဘာမှ မလုပ်ဆောင်နိုင်တော့ ပါဘူး။ ဘယ်လောက်ချမ်းသာတဲ့သူပဲဖြစ်ဖြစ်၊ ဘယ်လောက်ဆင်းရဲတဲ့သူပဲဖြစ်ဖြစ် နောက် ဆုံးမှာတော့ မလွဲမသွေ အသုဘကားကိုပဲ စီးရတာပါ။
ကိုယ်ဘာပဲဖြစ်ချင်ဖြစ်ချင် ကျန်ရစ်သူတွေရဲ့ဆန္ဒနဲ့  လုပ်ကိုင်ခြင်း အပေါ်မှာသာ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ ခံယူရတာပါလား။ သူများစီစဉ်ပေးသလိုသာ ကိုယ့်ရဲ့နောက်ဆုံးခရီးကို သွားချင်ချင် မသွားချင်ချင် သွားရတာပါလားလို့ လည်း သံဝေဂ အကြီးကြီး ရမိပါတယ်။
ရှေးလူကြီးတွေစကားသိပ်မှန်တာပဲ။
“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” တဲ့။ ကျုပ်ကတော့ လူတစ်ယောက်ကို သက်ရှိ ထင်ရှားရှိချိန်မှာသာ အလေးထားပြီး သေဆုံး ချိန်မှာ ရက်ရက်စက်စက် တန်ဖိုးမဲ့ပြုမူတတ်တဲ့ သွားလေသူရဲ့ မိသားစုကြောင့် ဒီနေ့ မှာ အတွေ့ အကြုံ တွေရော ဗဟုသုတတွေပါ ရလိုက်ပါတယ်။ သီဟအသုဘကိုကြည့်ရင်း အပြန်လမ်းမှာ ကျုပ် တစ်ခုစဉ်းစားမိပါတယ်။ ကျုပ်သေရင်ရော ကျုပ်ကို ဘယ်သူတွေက ဘယ်လိုနည်းနဲ့ များ ပို့ ကြအုံးမှာလဲလို့ ။
မေဇူး (2014 ခုနှစ် ဧပြီလ မဟေသီမဂ္ဂဇင်း)

တစ်ပတ်အတွင်းဒိုင်ယာရီ
-
▼
2022
(1)
- ▼ 12/04 - 12/11 (1)
-
►
2021
(6)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (1)
- ► 07/25 - 08/01 (1)
- ► 07/11 - 07/18 (3)
-
►
2016
(8)
- ► 05/08 - 05/15 (1)
- ► 03/27 - 04/03 (1)
- ► 03/13 - 03/20 (2)
- ► 02/21 - 02/28 (2)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
-
►
2015
(32)
- ► 12/27 - 01/03 (1)
- ► 12/13 - 12/20 (4)
- ► 11/22 - 11/29 (2)
- ► 07/19 - 07/26 (1)
- ► 04/19 - 04/26 (3)
- ► 04/12 - 04/19 (2)
- ► 04/05 - 04/12 (2)
- ► 03/08 - 03/15 (3)
- ► 03/01 - 03/08 (1)
- ► 02/22 - 03/01 (3)
- ► 02/15 - 02/22 (3)
- ► 02/01 - 02/08 (4)
- ► 01/25 - 02/01 (3)
-
►
2014
(10)
- ► 09/21 - 09/28 (1)
- ► 07/13 - 07/20 (1)
- ► 05/25 - 06/01 (1)
- ► 04/13 - 04/20 (2)
- ► 03/30 - 04/06 (1)
- ► 02/16 - 02/23 (2)
- ► 02/09 - 02/16 (2)
-
►
2013
(70)
- ► 12/29 - 01/05 (1)
- ► 11/17 - 11/24 (1)
- ► 11/03 - 11/10 (3)
- ► 10/27 - 11/03 (5)
- ► 10/20 - 10/27 (5)
- ► 10/13 - 10/20 (12)
- ► 10/06 - 10/13 (9)
- ► 09/29 - 10/06 (10)
- ► 09/22 - 09/29 (5)
- ► 09/15 - 09/22 (5)
- ► 09/08 - 09/15 (1)
- ► 09/01 - 09/08 (1)
- ► 07/28 - 08/04 (3)
- ► 07/21 - 07/28 (1)
- ► 06/16 - 06/23 (1)
- ► 06/02 - 06/09 (4)
- ► 05/26 - 06/02 (1)
- ► 04/07 - 04/14 (1)
- ► 03/10 - 03/17 (1)
-
►
2012
(43)
- ► 12/23 - 12/30 (1)
- ► 11/04 - 11/11 (5)
- ► 10/28 - 11/04 (1)
- ► 10/21 - 10/28 (3)
- ► 10/07 - 10/14 (2)
- ► 09/30 - 10/07 (11)
- ► 09/09 - 09/16 (1)
- ► 07/29 - 08/05 (2)
- ► 07/22 - 07/29 (2)
- ► 07/15 - 07/22 (4)
- ► 07/08 - 07/15 (3)
- ► 07/01 - 07/08 (2)
- ► 06/24 - 07/01 (1)
- ► 06/17 - 06/24 (1)
- ► 06/03 - 06/10 (1)
- ► 05/27 - 06/03 (1)
- ► 04/15 - 04/22 (2)
-
►
2011
(3)
- ► 10/02 - 10/09 (3)
-
►
2010
(1)
- ► 06/20 - 06/27 (1)