Latest Post

သဘာဝအတိုင်း ဆံပင်ဖြောင့်စေရန် နည်းလမ်း(၃)သွယ်

Written By လွင့်မောင်မောင် on Thursday, October 10, 2013 | 1:28 AM

 
(၁) တရုတ်နံနံကြီးတစ်စီးမှ အရည်ညှစ်ပါ။ ပိတ်ပါးဖြင့် ခံပါ။ ထို့နောက် ပုလင်းထဲ ထည့်ပြီး တစ်ညသိပ်ထားပါ။ နောက်တစ်နေ့မှာတော့ ဆံ ပင်တစ်လျှောက်သာမက ဦးရေပြားထိ လိမ်းပေးပါ။ အဲဒီနောက် အသွားကျဲကျဲဘီးနဲ့ဖီးပေးပါ။ ပြီးနောက် ၁နာရီလောက်ထားပြီး ရေဆေးချပါ။ အဲဒီနောက် ဘီးဝိုင်း ဒါမှမဟုတ် သဘာဝအမွှေးအမျှင် ဘီးနဲ့ဖီးပေးပါ။

(၂) ဒုတိယနည်းကတော့ ရေခွက် တစ်ဝက်ကို နွားနို့ခွက်တစ်ဝက်နဲ့ ရောပါ။ ပြီးတဲ့နောက် စပရေးဖြန်းလို့ရတဲ့ဘူးထဲ ထည့်ပါ။ စပရေးမဖြန်းမီ ရှုပ်ထွေးနေတဲ့ဆံပင်တွေကို အရင်ရှင်းပါ။ ပြီးနောက် ဆံပင်ကို စပရေးနဲ့ဖြန်းပြီး တခေါက်ပြန်ဖီးပါ။ နာရီဝက်လောက်ထားပြီး ရေဆေးချပါ။ ဘီးကျဲကျဲနဲ့ဖီးပါ။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ကြိမ်ထိ လုပ်ပေးပါ။

(၃) တတိယနည်းကတော့ အုန်းသီး တစ်လုံးကနေ အုန်းနို့ ညှစ်ပါ။ သံပရာရည် ၁ဇွန်း ရောပါ။ ပြီးတဲ့နောက် ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။ နောက်နေ့မှာ အပေါ်ယံလွှာတင်းနေတဲ့ အလွှာကို ယူပြီး ဆံပင်မှာ လိမ်းပေးပါ။ အဲဒီနောက်ဆံပင်ကို တဘက်နွေးနွေးနဲ့အုပ်ပေါင်းထားပေးပါ။ ၁ နာရီလောက် ထားပါ။ ပြီးနောက် ရေဆေးချပြီး ဘီးကျဲကျဲ နဲ့ ဖီးပေးပါ။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ်ထိ လုပ်ပေးပါ။
ဒီလုပ်ဆောင်တဲ့နည်းတွေက သင်တို့ကို ဆလွန်းတွေက အလှပြင်ပြီး ပြန်လာသလိုတော့ ဖြောင့်စင်း မလာစေပေမယ့် သာမန်ထက်ပိုပြီး ဆံပင်တွေ ဖြောင့်လာစေကာ ကုန်ကျစရိတ်သာမက ဆံပင်ပျက်စီးမှုကိုပါ သက်သာစေနိုင်ပါတယ်။

မိုင်ကိ
ref: Medindia

ဝမ်းဗိုက်အဆီစုခြင်းကို ကာကွယ်ရန်

Written By လွင့်မောင်မောင် on Tuesday, October 8, 2013 | 10:17 AM

 ••••••••••••••••••••••••••••••••••••••••••••••••••••••••
October 8, 2013 at 5:27pm

(၁)အသည်းကို ၀န်ပိစေသောအစားအစာများ၊ အစာချေဖျက်မှုကို လျော့ချပေးသောအစားအစာများ စားသုံးမှုကို ချင့်ချိန်ရပါမည်။ သကြားဓာတ် ၊ သဘာဝနှင့်ဆန့်ကျင်သော
အချိုဓာတ်ပါသည့်အစားအစာများ၊ ကဖိန်း၊ အဆီကို ဖြစ်သောအစားအစာများ၊ ဆိုဒါတို့ကို ရှောင်ရပါမည်။

(၂)အိုမီဂါ(၃)အက်ဆစ်ကို စားသုံးပါ ။ ငါးဆီ (၆)ဂရမ်စားပေးခြင်း၊ ဆယ်လ်မွန်၊၊ ငါးကွန်းရှပ်တို့ကို တစ်ပတ်လျှင် (၂)ကြိမ်ရအောင် စားပါ။ ဗီတာမင်ဘီ၊ ကယ်လ်ဆီယမ်နှင့် အင်တီအောက်ဆီးဒင့်ပါသောအစာများကို စားပါ။

(၃)သံပရာ၊ရှောက်ရေကို ရေနွေးနှင့် နေ့စဉ်သောက်ပါ။ နေ့စဉ်သောက်ပါ ဟုဆိုသော်လည်း မိမိ၏အစာအိမ်မှ ခံနိုင်စွမ်းအားပေါ် မူတည်ပြီး ချင့်ချိန် သောက်ပါ။ ယင်းတို့က အသည်းကို လန်းဆန်းအားတိုးစေပြီး အဆီများကို ပျော်စေသည်။ ရေကို လုံလောက်စွာသောက်ရန်မှာ အဓိက အချက်ဖြစ်သည်။ သို့မှသာ ကျောက်ကပ်က အသည်း၏အဆီလောင်ကျွမ်းမှုစနစ်ကို ထောက်ကူနိုင်မည်။ ဤသို့ဖြင့် ၀မ်းဗိုက်အဆီ စုခြင်းကို လျော့ချနိုင်သည်။


by ပိုပိုဇော်(သဘာဝအားအင်)
*************************************************** 

ပန်းသေပန်းညှိုးခြင်းအတွက် အစွမ်းထက် ကုထုံးသစ်တစ်ခုကို စမ်းသပ်နေ

Written By လွင့်မောင်မောင် on Monday, October 7, 2013 | 12:06 AM

 
ပန်းသေပန်းညှိုးခြင်းအတွက် အစွမ်းထက် ကုထုံးသစ်တစ်ခုကို စမ်းသပ်နေ ဓာတ်ငွေ့ ဖြည့်တင်းထားသည့် အလွန်သေးငယ်သော ပုတီးစေ့လေးများ

ပန်းသေပန်းညှိုး ဝေဒနာသည် အမျိုးသားများအတွက် ကုသရေး နည်းလမ်းသစ် တစ်ခုကို သုတေသီများက အတည်ပြု စမ်းသပ်နေကြောင်း သိရှိရသည်။ ဓာတ်ငွေ့ ဖြည့်တင်းထားသည့် အလွန်သေးငယ်သော ပုတီးစေ့လေးများသည် အမျိုးသားများ၏ လိင်မှုဘဝကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် ဖိနှိပ်သည့် အခြေအနေကို တွန်းလှန်ရန် အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာဖွယ် ရှိနေသည်။ ဆေးဘက်ဆိုင်ရာ သုတေသီများက ယင်းနည်းလမ်းသည် ဗီယာဂရာ ဆေးဝါးများထက် ပိုမို၍ အကျိုးသက်ရောက်မှု ထူးကဲမည်ဟု မျှော်လင့်လျှက် ရှိသည်။ စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေသေးသည့် ယခုကုထုံးတွင် အလွန်သေးငယ်သော ပုတီးစေ့လေးများကို ဝေဒနာသည် အမျိုးသား၏ သုက်လွှတ်တံအတွင်း ထည့်သွင်းပေးရမည် ဖြစ်သည်။

အစောပိုင်း သုတေသန ရလဒ်များအရ ယခုနည်းလမ်းသည် ဆေးဝါးများ သုံးစွဲခြင်းထက် သက်ရောက်မှု အားကြီးကြောင်း သုတေသီများက ထောက်ခံထားသည်။ အကျယ် (၁)မီလီမီတာပင် မရှိသည့် အလွန်သေးငယ်သော ပုတီးစေ့လေးများကို ဝေဒနာရှင် အမျိုးသား၏သုက်လွှတ်တံ အနီးတဝိုက်တွင် ထည့်သွင်းပေးပြီး ယင်းတို့က နိုက်ထရစ်အောက်ဆိုက် ဓာတ်ငွေ့ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးနေမည် ဖြစ်သည်။ အဆိုပါ ဓာတ်ငွေ့သည် သွေးကြောများကို ကျယ်ပြန့်စေသည့် အာနိသင်မျိုး ရှိနေပြီး ဝေဒနာသည်၏ မျိုးပွားအင်္ဂါ တစ်ဝိုက်တွင် သွေးရောက်ရှိမှုကို အထောက်အပံ့ ဖြစ်စေသည်။ ပန်းသေပန်းညှိုးခြင်းသည် သုက်လွှတ်တံတစ်လျှောက်ရှိ သီးခြား အခန်းငယ်လေး အတွင်းသို့ သွေးဝင်ရောက်နိုင်မှု မရှိတော့၍ဖြစ်ရာ ယခုကုထုံးက ယင်းဖြစ်စဉ်ကို တွန်းလှန်နိုင်မည်ဟု သိရသည်။

အဆိုပါ အခန်းငယ်လေးများသည် သဘာဝအလျောက် ရှုပ်ထွေးလွန်းသော သွေးကြောငယ်များဖြင့် ယှက်ဖြာနေပြီး ယင်းတို့၏ အတွင်းပိုင်း သွေးစီးဆင်းမှု အကြောင်းတစ်ခုခုဖြင့် အဟန့်အတား ဖြစ်လာခြင်းက ပန်းသေပန်းညှိုး ပြဿနာကို ပေါ်ပေါက်လာစေသည်။ ယခုပုတီးစေ့လေးများကမူ အဆိုပါ ဧရိယာတွင် သွေးလှည့်ပတ် ဝင်ရောက်မှုကို အားပေးနိုင်မည် ဖြစ်သည်။ အမျိုးသားများ ပန်းသေပန်းညှိုး ဝေဒနာ ကြုံရသည့် အကြောင်းရင်းများ၌ သွေးတိုးခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ကိုလက်စထရော များလွန်းခြင်းတို့လည်း အပါအဝင်ဖြစ်သည်။ ယခုနည်းလမ်းသည် ဆီးချိုကြောင့် လိင်သာယာမှု ပျောက်ဆုံးသွားသူများအနက် (၅၀)ရာခိုင်နှုန်းမှ (၇၅)ရာခိုင်နှုန်းထိကို အကူအညီ ပေးနိုင်မည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။

ယခင်က နိုက်ထရစ် အောက်ဆိုက် ဓာတ်ငွေ့သည် နှလုံးသွေးကြောများကို ကျယ်စေသဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါသည်များအတွက် အသုံးပြုရန် နည်းလမ်းတစ်ခုအဖြစ် တွေ့ရှိခဲ့သည်။ အမေရိကန်နိုင်ငံ၊ ရိုက်စ်တက္ကသိုလ်မှ သုတေသီများကမူ ယင်းအခြေခံ အာနိသင်ကို အခြားနည်းလမ်း တစ်ရပ်တွင် ပြောင်းလဲ အသုံးချခဲ့ခြင်း ဖြစ်သည်။ တိရစ္ဆာန်များဖြင့် စမ်းသပ်မှု ရလဒ်များအရ (၃)ပတ်မျှ အတောအတွင်း စွမ်းဆောင်ရည်ပိုင်း နိုးကြားမြင့်မားလာသည်ကို အတည်ပြု တွေ့ရှိထားပြီး ဖြစ်သည်။ ယခုစမ်းသပ်ချက်များသည် Type 2 ဆီးချိုနှင့် စပ်လျဉ်းသည့် ပန်းသေပန်းညှိုး ပြဿနာတွင်သာ အကျုံးဝင်သော်လည်း အခြားအကြောင်းရင်းများနှင့် ဆက်စပ်သည့် ဝေဒနာရှင်များအတွက်ပါ ကုထုံးကောင်းတစ်ခု ဖြစ်လာမည်ဟု ပညာရှင်များက ယုံကြည်လျှက် ရှိသည်။ ယခုအခါ ရိုက်စ်တက္ကသိုလ်မှ သုတေသီများသည် လူသားများနှင့် စမ်းသပ်ရန် စီစဉ်နေပြီ ဖြစ်သည်။

အခြားသော သတင်းများအရ သိပ္ပံပညာရှင် အချို့သည် ပန်းသေပန်းညှိုးမှု ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးမည့် စက်ဘီးထိုင်ခံ တစ်မျိုးကိုလည်း ဖန်တီးထားကြောင်း သိရှိရသည်။ ယခင် သုတေသန ရလဒ်များက စက်ဘီးစီးရာတွင် ပုံမှန်အားဖြင့် ကပ်ပယ်အိတ်ကို ထောက်ပံ့သည့် ပေါင်ခြံသွေးကြောများကို ပြင်းထန်စွာ ဖိနှိပ်ထားမှု ဖြစ်ပေါ်နေစေကြောင်း အတည်ပြု ဖော်ထုတ်ထားနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် အမျိုးသား စက်ဘီးသမား တစ်ဦးသည် စက်ဘီးစီးနေချိန်တွင် သုက်လွှတ်တံသို့ သွေးပို့လွှတ်မှု (၇၀)ရာခိုင်နှုန်းမျှ လျော့ကျနေမည် ဖြစ်သည်။ ယင်းအခြေအနေ ကာလရှည်ကြာ သက်ရောက်နေပါက ပန်းသေပန်းညှိုး ပြဿနာ ကြုံနိုင်ခြေ မြင့်တက်လာမည်ဟု ဆိုသည်။ ပညာရှင်များက (၃)နာရီအထက် စက်ဘီးစီးမှုများသည် ရေရှည်တွင် အမျိုးသားများ၏ လိင်မှုဘဝကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။

စပိန်နိုင်ငံ အလီဆန်တီ တက္ကသိုလ်မှ ပညာရှင်များကမူ ယင်းပြဿနာကို ဖြေရှင်းပေးမည့် စက်ဘီးထိုင်ခုံ တစ်ခုကို တီထွင်ဖန်တီးနေကြောင်း ပြောဆိုခဲ့ကြသည်။ အောက်ခြေတွင် ပတ္တာကဲ့သို့ နေရာရွှေ့ပြောင်းနိုင်သည့် ဒီဇိုင်းသစ် ထိုင်ခုံသည် ခန္ဓာကိုယ် တည်ရှိပုံ ထောင့်ချိုး အပြောင်းအလဲမျိုး ဖြစ်လာစေပြီး စက်ဘီးစီးနေစဉ် ပေါင်ခြံသွေးကြောများကို ဖိနှိပ်ထားခြင်းအား ရှောင်လွှဲနိုင်မည် ဖြစ်သည်။ ယင်းပစ္စည်းသည်လည်း စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေပြီး ပန်းသေပန်းညှိုး ဝေဒနာကို ဆန့်ကျင်တိုက်ဖျက်ရာတွင် မည်သည့် ပမာဏထိ ထိရောက်အောင်မြင်မည်ကို သုတေသန ပြုနေဆဲဟု သိရှိရသည်။

Planet Myanmar Network

ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား

Written By လွင့်မောင်မောင် on Sunday, October 6, 2013 | 11:51 PM

 
ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။

၁။ ကြည်လင်သန့်စင်သော မျက်နှာရရှိအောင်

မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစအနည်းငယ်နဲ့တို့ပြီး မျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေစေမှာပါ။ Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးစေကာ သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။ မျက်နှာ ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေ ပြီး မျက်နှာကို ဝင်းပအောင်ပြုလုပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကိုထိန်း သိမ်းပေးနိုင်တဲ့ဓာတ်၊ အင်တီအောက်ဆီ ဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ နိုင်တဲ့ဓာတ်တွေဟာ သဘာဝအရ ကြေး နီဓာတ်ကို စုပ်ယူပေးပြီး မျက်နှာပြင်မှာ မယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီး လို့ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။

၂။ ဆံပင်သားအတွက်

ခေါင်းလျှော်ပြီးတဲ့အခါ အေးနေတဲ့ ထမင်းရည် အနည်းငယ်ကို ဆံသားမှာ လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ နည်းနည်းကြာရင် ရေဆေးချလို့ ရပါ တယ်။ထမင်းရည်မှာပါဝင်တဲ့ ပရိုတင်း ဓာတ်က ဆံသားကို ဖြောင့်စင်းစေတဲ့ အပြင် ဆံလုံးကွဲအက်နေတာတွေကိုပါ ပြန်ပြည့်စေပါတယ်။ ရလဒ်ကတော့ ဆံသားဟာ ချောမွတ်ပြောင်လက်နေပြီး အိထွေးနေတာပဲ ဖြစ်ပါတယ်။

၃။ ကိုယ်ခန္ဓာ အတွက်

ထမင်းရည်မှာ ချောမွေ့နေတဲ့ သဘာဝ ရှိတာကြောင့် ခန္ဓာကိုယ်မှာ အဖုအပိမ့် ထွက်တာနဲ့ ကျိန်းစပ်စပ် ဖြစ်နေတဲ့ ဒဏ်ရာတွေ၊ နာကျင်မှု ခံစားနေရတဲ့ အ ရေပြားနေရာတွေမှာ သက်သာစေပါ တယ်။ Brussels University လေ့လာတွေရှိချက်အရ အရေပြားရောဂါရှိ သူတွေနဲ့ နာတာရှည်အရေပြားရောင် ရမ်းသူတွေမှာတစ်နေ့ကို ပုံမှန် နှစ်ကြိမ် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ ဆေး ပေးတာဟာ တိုးတက်မှု ၂၀ ရာခိုင်နှုန်း ထိ ရှိလာတယ်လို့ ဆိုပါတယ်။

၎။ ကျန်းမာရေးအတွက်

ထမင်းရည်ကို သောက်ပေးတဲ့ အလေ့အကျင့်ဟာ အရင်တုန်းက ရှိပေမယ့် အခုတော့ မလုပ်ကြတော့ပါဘူး။ အမှန်တော့ ထမင်းရည်ဟာ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ သူဟာ မရှိမဖြစ် အမိုနိုအက်စစ် ရှစ်မျိုးပါဝင်တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် မှာ တစ်သျှူးနဲ့ ကြွက်သား ပြန်လည်တည် ဆောက်ရာမှာ အထောက်အပံ့ပေးပါတယ်။ နောက်ပြီး ကာဗိုဟိုက်ဒရိတ်လည်း အများအပြား ပါတာကြောင့် လိုအပ်တဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝမ်းလျှောတာကိုလည်း သက်သာစေတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းလို့ ကုသတဲ့နေရာမှာ အသုံးဝင်တယ် လို့ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။ ကိုယ် အပူချိန်ကျစေတဲ့အပြင် ကင်ဆာကြောင့် ဖြစ်တဲ့ သွေးဖိအားတိုးတာတွေမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ ရှိချက်တွေအရ သိရပါတယ်။ ဒါကြောင့် အလှအပအတွက်သာမက ကျန်းမာရေး အတွက်ပါ အသုံးတည့်လှတဲ့ ထမင်းရည် ကို လက်တွေ့အသုံးချနိုင်ဖို့ အကြံပေး လိုက်ရပါတယ်။

ပြုလုပ်နည်း

ထမင်းချက်တဲ့အခါ ရေအနည်းငယ် ပိုထည့်ပြီး ကျက်တဲ့အခါ ပိုနေတဲ့အရည် ကြည်လေးကို အဖုံးပါတဲ့ ကရားလေးထဲ မှာထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေး ခံပြီးရင်တော့သုံးလို့ရပါပြီ။

အိဖြူ(ဆေးဝါးတက္ကသိုလ်)

By Good Health

နှိပ်နယ်ခြင်း၏ အကျိုးကျေးဇူးများ



♦♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♦
ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 3:24pm

ခေါင်းကိုက်သက်သာစေသည် အနှိပ်ကုထုံး ( massage therapy) ကို ရက်သတ္တပတ်များစွာ ခံယူပြီးသည့်အခါ ခေါင်းကိုက်ရောဂါ သက်သာစေပြီး နှစ်ခြိုက်စွာအိပ်ပျော် စေသည်။

လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်ကိုယ်လက်ကိုက်ခဲမှုကိုသက်သာစေသည် လေ့ကျင့်ခန်း ပြုလုပ်အပြီး
 ကြွက်သားရောင်ရမ်းမှုကို နှိပ်နယ် ခြင်းဖြင့် သက်သာစေသည်။နာမည်ကျော် အားကစားသမားများတွင် ကိုယ်ပိုင်အနှိပ်ကုထုံး ခံယူရာ ဆေး ခန်းနှင့် အနှိပ်ဆရာတို့ ရှိကြသည်။

နုပျိုစေသည်

နှိပ်နယ်ခြင်းသည် သွေးစီးဆင်း မှုကောင်းစေသည်။ မျက်နှာကြွက်သား များပြေလျော့စေပြီး သငန်ရည် စီးဆင်းမှုကို အားပေးသောကြောင့် အဆိပ်အတောက်များ ရှင်းလင်းကာ အသားအရေကို နုပျိုစေသည်။ ရာသီမလာခင် နာကျင်ကိုက်ခဲမှုကို သက်သာစေသည်

စိတ်လှုပ်ရှားခြင်း၊ လေအောင့် ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့် ခြင်းစသည့်ရာသီမလာခင်ခံစား ရသော ဝေဒနာများကို အနှိပ်ကုထုံး ဖြင့် သက်သာစေနိုင်သည်။

ကင်ဆာရောဂါ လက္ခဏာများ သက် သာစေသည် ကင်ဆာ ကျိတ်ပျံ့နှံ့ ခြင်းကြောင့် မခံမရပ်နိုင်အောင် ကိုက်ခဲခြင်း၊ အိပ် မပျော်ခြင်း စသည့်ဝေဒနာများကို အနှိပ်ကုထုံးဖြင့် သက်သာစေနိုင်ပြီး ရောဂါဖြစ်ပွားမှုကြောင့် ဘ၀အရည် အသွေး (Quality of life) မကျ ဆင်းစေရန် ကူညီပေးသည်။

ဇော်ကို
Source:RD
Health Updates Journal Vol.2,

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger