Home » » နှိပ်နယ်ခြင်း၏ အကျိုးကျေးဇူးများ

နှိပ်နယ်ခြင်း၏ အကျိုးကျေးဇူးများ

Written By လွင့်မောင်မောင် on Sunday, October 6, 2013 | 11:19 PM



♦♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♦
ပိုပိုဇော်(သဘာဝအားအင်)September 26, 2013 at 3:24pm

ခေါင်းကိုက်သက်သာစေသည် အနှိပ်ကုထုံး ( massage therapy) ကို ရက်သတ္တပတ်များစွာ ခံယူပြီးသည့်အခါ ခေါင်းကိုက်ရောဂါ သက်သာစေပြီး နှစ်ခြိုက်စွာအိပ်ပျော် စေသည်။

လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်ကိုယ်လက်ကိုက်ခဲမှုကိုသက်သာစေသည် လေ့ကျင့်ခန်း ပြုလုပ်အပြီး
 ကြွက်သားရောင်ရမ်းမှုကို နှိပ်နယ် ခြင်းဖြင့် သက်သာစေသည်။နာမည်ကျော် အားကစားသမားများတွင် ကိုယ်ပိုင်အနှိပ်ကုထုံး ခံယူရာ ဆေး ခန်းနှင့် အနှိပ်ဆရာတို့ ရှိကြသည်။

နုပျိုစေသည်

နှိပ်နယ်ခြင်းသည် သွေးစီးဆင်း မှုကောင်းစေသည်။ မျက်နှာကြွက်သား များပြေလျော့စေပြီး သငန်ရည် စီးဆင်းမှုကို အားပေးသောကြောင့် အဆိပ်အတောက်များ ရှင်းလင်းကာ အသားအရေကို နုပျိုစေသည်။ ရာသီမလာခင် နာကျင်ကိုက်ခဲမှုကို သက်သာစေသည်

စိတ်လှုပ်ရှားခြင်း၊ လေအောင့် ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့် ခြင်းစသည့်ရာသီမလာခင်ခံစား ရသော ဝေဒနာများကို အနှိပ်ကုထုံး ဖြင့် သက်သာစေနိုင်သည်။

ကင်ဆာရောဂါ လက္ခဏာများ သက် သာစေသည် ကင်ဆာ ကျိတ်ပျံ့နှံ့ ခြင်းကြောင့် မခံမရပ်နိုင်အောင် ကိုက်ခဲခြင်း၊ အိပ် မပျော်ခြင်း စသည့်ဝေဒနာများကို အနှိပ်ကုထုံးဖြင့် သက်သာစေနိုင်ပြီး ရောဂါဖြစ်ပွားမှုကြောင့် ဘ၀အရည် အသွေး (Quality of life) မကျ ဆင်းစေရန် ကူညီပေးသည်။

ဇော်ကို
Source:RD
Health Updates Journal Vol.2,
Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger