Latest Post

လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာဗေဒင်ပညာ (အပိုင်း ၂ )

Written By U AYE MINN on Wednesday, July 14, 2021 | 1:19 AM



လက်တွေ့အသုံးချအင်္ဂဝိဇ္ဇာဗေဒင်ပညာ(အပိုင်း၂)

       င်္ဂဝိဇ္ဇာဗေဒင်ပညာဖြင့်တွက်ချက်၍ ဟောပြောမည်ဆိုလျှင် အဓိကကျဆုံးမှာ အခါပိုင်းခြင်းပင်ဖြစ်သည်။အခါမှားလျှင် မှန်ကန်သောအဖြေကိုမည်သို့မျှမရနိုင်။ ထိုကြောင့်လည်း အချိန် အခါပိုင်းခြင်းကို အခြေခံမှအစ ကျမ်းရင်းလင်္ကာကိုအာစရိယမူများနှင့်ပေါင်းစပ်၍ တင်ပြပေးပြီးဖြစ်ပါသည်။

ကျွန်ုပ် သည် အင်္ဂဝိဇ္ဇာကျမ်းအမျိုးမျိုးကို လက်လှမ်းမီသလောက် ဖတ်ရှု လေ့လာ မှတ်သားတွေးဆခဲ့ရသည်မှာ အချိန်များစွာပေးဆပ်ခဲ့ရ၏။ လက်ထပ်သင်ဆရာမရှိသောကြောင့် စိတ်ပျက်ကာ အင်္ဂဝိဇ္ဇာပညာကိုနှစ်များစွာ

ပစ်ထားပြီးကာမှ၊၁၉၈၉-၁၉၉၀ ခုနှစ်တွင် ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား) အင်္ဂဝိဇ္ဇာအဟော

ပညာသင်ခန်းစာ များကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှပြန်လည်လေ့လာခွင့်ရ၏။

သို့သော် အထဗ္ဗဏဗေဒင်(မဟာကာလဗေဒင်)ပညာကိုအသုံးပြုမည်ဆိုလျှင်အခါတစ်ခုသည် ၁၈မိနစ်ထက်ပိုမိုအသေးစိပ် ရန်လိုအပ်မည်ဟု ကျွန်ုပ်စိတ်ထဲ၌ အလိုလိုသိနေသလိုဖြစ်မိ၏

အဘယ်ကြောင့်ဆိုသော်ဤအချိန်က ကျွန်ုပ် သည်ဆန္ဒဂဏန်း ၁ မှ၂၄၉အထိတွင်နှစ်သက်ရာ

ဂဏန်းတစ်လုံးကို တောင်းဆို၍ နက္ခတ်ခွဲပေါင်း၂၄၉ ခုမှ ရာသီခွင်ချ၍တွက်ရသော 

ဆရာကြီးKP၏ဟူးရားနက္ခတ္တဗေဒကို သင်ကြားတတ်မြောက်ပြီးဖြစ်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် ဆရာတော် ခင်ကြီးဖျော်၏ ကျမ်းရင်းလင်္ကာကိုပြန်လည်ဖတ်ရှု၍ နက်ရှိုင်းစွာ

တွေးခေါ်ကြည့်မိသည်။

“သူရဇ္ဇက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီဆယ့်နှစ်၀ သင်္ချာယူ၍ဆ။

နေ့၁၂နာရီကို အခါတစ်ခုအတွက် ၁နာရီ၃၀မိနစ်(၉၀မိနစ်) စီ ညီမျှပိုင်းလျှင် ခါရ၏

ဤအထိ“သူရဇ္ဇက စ၍စဉ်စီ ရှစ်ခါညီဆိုသည်နှင့် ကိုက်ညီနေသော်လည်း ………..

ရှစ်လီဂြိုဟ်ပေါင်းပြဟုဆိုရာတွင်မူ အခါခွဲတစ်ခုကို ၁၈မိနစ် စီဖြင့်  အခါတစ်ခု(၉၀မိနစ်)ကို

အခါခွဲ ခုသာပိုင်းနိုင်သဖြင့်   ငါးလီသာပေါင်းနိုင်သေး၏ ။ရှစ်လီပြည့်ရန် သုံးလီ လိုနေ၏။

လိုနေသည်ဟုသိပင်သိညား နည်းလမ်းကိုရှာမရနိုင်ခဲ့ ။ထို့ကြောင့် ထွက်သမျှလက်လှမ်းမီသမျှ အင်္ဂဝိဇ္ဇာကျမ်း

များ ဆောင်းပါးများတွင်ရှာဖွေကြည့်၏ ။မရခဲ့ပါ။ဤသို့လမ်းစပျောက်နေချိန်…….

၁၉၉၇ခု ၏ မိုးတွင်းကြီီး (အတိအကျ ပြောရလျှင် မြန်မာ

သက္ကရာဇ် ၁၃၅၉ခု ဝါဆိုလဆန်း ၁၃ရက် 

ကြာသပတေးနေ့(17-7-1997) ညဉ့်သန်းကောင်၁၂နာရီ

အချိန် )တ ချိန်က အမှတ်မထားကျော်၍ဖတ်သွား

သောဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား)”


အင်္ဂဝိဇ္ဇာအဟောပညာသင်ခန်းစာဆောင်းပါးတစ်ခုမှ 

တိုင်ပြေးကလေးများကို စိတ်ဝင်တစား

အာရုံစူးစိုက်လေ့လာရင်းမှတ်သားနေရင်းမှအိပ်ပျော်

သလိုဖြစ်သွား၏။

သို့သော်နားထဲတွင်မူကျွန်ုပ်နှင့်ရင်းနှီးသောအသံတစ်သံကို

ကြားနေရသည် ။အသံရှင်ကိုတော့မမြင်ရ ။ 

ဆရာအရှင်၏အသံမှန်းသိ၏။ 

အိမ်မက် မက်သလိုခံစားနေရသည် ။အရင်းအဖျားမရှိပဲ ဆရာအရှင်ပြောခဲ့သည်က

သုံးလီများ အဆန်းလုပ် လို့ ၆မိနစ် စီပေါ့ ဆပွတ်နဲ့ဘဲ့ယူ  တဲ့ ။နောက်ပြောသွားသေးသည်

ငါတို့မသိတာ ဘာမှမရှိဘူးကွတဲ့ ပညာတစ်ခုပေးတိုင်း ဤသို့ပြောနေကျ

ခဏလေးသာကြာလိုက်တဲ့ အချိန်ပါ ကျွန်ုပ် ပြန်နိုးလာ၏။

တစ်ရေးနိုးသော်အကြံပေါ်” ဆိုသည့်အတိုင်း  တိမ်မြုပ်နေသော တန်ဘိုးကြီးလှသည့်မြန်မာတို့၏ 

အင်္ဂဝိဇ္ဇာ ပညာရပ်၏ ၆မိနစ်ကို အခါတစ်ခုပိုင်းသောပညာခန်းကို ကျွန်ုပ်သင်ယူတတ်မြောက်ခဲ့၏ ။

ချက်ချင်းပင်   ပဉ္စဂုဏံ အဟံဝန္ဒာမိ အာစရိယဂုဏံ အဟံဝန္ဒာမိ။ ဟုအသံထွက်အောင်ရွတ်၍

လက်ဆယ်ဖြာထိပ်မှာမိုးလျှက် အနန္တငါးပါး နှင့် ဆရာအရှင်ကို ကိုရှစ်ခိုးဖြစ်လိုက်ပါသည်။

                                                                                                    ဆရာမင်း( ၁၄-၇-၂၀၂၁ ; 15:00PM)

ဆက်လက် ‌ ဖော်ပြပါမည်။

လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာဗေဒင်ပညာ (အပိုင်း 1 )

လက် တွေ့အသုံးချ အင်္ဂဝိဇ္ဇာဗေဒင်ပညာ (အပိုင်း၃)

လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာပညာ (အပိုင်း ၁)

Written By U AYE MINN on Tuesday, July 13, 2021 | 8:53 AM

 

                              အင်္ဂဝိဇ္ဇာဗေဒင်ပညာ  

   အင်္ဂဝိဇ္ဇာ ကျမ်းရင်းလင်္ကာကြီး (ဆရာတော်ကြီး ခင်ကြီးဖျော်)

() အင်္ဂဝိဇ္ဇာ နည်းကျယ်စွာကို၊သေချာမှတ်စွဲ ကောက်ယူခွဲသော်….

() အိုင်ထဲမြရွှေငွေ ကြံပါလူ့အသွေ ဆင်ရန်သူနဲ့ဝေး ၊လေသဲကျွန်းဆောင်မြူး

ပျော်ကြူးဧလှည့်နိုင် သာလှိုင်ဆင်ကြလန်း ၊နန်းအောင်ရွှေမြို့သာ

() လိုရာဂြိုဟ်ရင်းကပ် ၊ဓာတ်မှန်ကိုထုတ် မိတ်လည်းအုပ် ၊ဓာတ်ထုတ်မိတ်ကိုစီး၊မိတ်ကြီးဓာတ်ကိုမံ။

() ငါးတန်မဆွ၊တိုင်မူလနှင့်၊သိရသက်သေ၊ထင်လေနိမိတ်၊ဟိတ် ၊လက္ခဏာ၊စဉ်ကာထားမှ။

() သူရဇ္ဇနှင့် သောကြ ထက်အောက် ၊ခယားဇောက် ၊ကောက်ဘိဆပွတ်ကြံ မှတ်ရန်နည်းတဝ။

() သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ ရာသီဆယ့်နှစ်၀ သင်္ချာယူ၍ဆ။

() အောင်လံတေဇ၊သကျမှီအုံး ၊နန္ဒိသေနထုံး။

() ဝိကလျာ၊ဝိဇ္ဇာနေယျ၊အညမည၊ခါနိစ္စ၊ ထိကြဓာတ်ပစ္စည်း။

() အညမညံ ၊မဆက်ဆံ၊ပိတ္တံဝိဧက။

(၁၀) သူ့ကိုနိုင်လို ဆကိုခို လိုရာဆေးဖေါ်သုံး။

(၁၁) ထန်းအုန်းဂျုတ်ဇီး၊ ဝါမုံသီး၊ ဆေးကြီးသန္နိဌာ၊နိုင်ရာဓာတ်နှင့်သတ်။

(၁၂) တောင်သူအမှတ် လုပ်ရပ်ကိန်းချူ ၊ဓာတ်တူ နံတူ ၊ဆေးကိုယူ။

(၁၃) ကက်ကင်းသေရှင်သူ၊ ထက်အောက်ပြန်လှန်ကူ၊နံတူသတ်ကအသေရ။

(၁၄) နံလွဲကြမူ အရှင်ယူ ဟောသူမှီခိုရုံ။

(၁၅) ဂဠုန်ပုန်းခိုက်၊ပုတ်သင်မိုက်၊ကိုက်လေ ပါးသေ။

(၁၆) ခြင်္သေံ့ဟောက်ဟန် ဆင်ဝှေ့ပြန် ရုပ်နာမ်နှစ်ပါး ကံကတ္တားခြား၍ ထက်အောက်သာ။

(၁၇) ကတ္တားရှိရာ ကံမလာနှင့် နာမ်မှာထက်ပေ ရုပ်လယ်နေ၊မဇ္ဈေကံဟုမှတ် ကတ္တားအောက်ဂြိုဟ်

       မြဲမှတ်ဆို။

(၁၈) မိတ်လိုပြန်ရာ ၊ဥသာစိန်ပန်း၊ ဒန်းလှကိုရှာ

(၁၉) ခိုက်ရန်မှာကား ဓမ္မသောက အင်းဝရာဇာ မယှဉ်ရာတည်း။

(၂၀) ဓာတ်လာသဘော အန္တောဂဗ္ဘေ စရေဝံသေ။

(၂၁) ဦးဝေစံကူး ရေဗူးတောသူ၊ ရန်မူလည်းဆို၊ ဦးညိုခေမာ၊ သုတဝေရီ၊ရန်မှီမြဲရှောင်။

(၂၂) အောင်ပကုလား၊ ဆွေသားနောင်ရင်း၊ မိတ်သွင်းပြီးခါ၊ဆောင်သင့်ရာ၏။

(၂၃) ဆောင်ရာသင့်လျှင်၊သံယောဇဉ်ကိုမယှဉ်စေရာ။

(၂၄) မီးမှာကားမြေ၊ ရေနှင့်လေ၊ မိတ်ဆွေမစပ်၊ပိဋိကတ်။

(၂၅) မီးဓာတ်နှင့်လေ၊မြေနှင့်ရေ၊မိတ်ဆွေတော်ကြ၊သဟာယ။

(၂၆) လမ်းပြစဉ်သာ၊ရှောင်ကြဉ်ခွာ၊ဝေးစွာသူရဇ္ဇ။

(၂၇) သစ်ဆိမ့်ပန်းရ၊သူရဇ္ဇ၊ေနေထကောင်းကြွယ်ရန်။

(၂၈) ဝေးသူပင်ပြန်ရ၊နီးလွယ်အောင်ကြံဆ။

(၂၉) မင်းကုသကိုဆောင်မှကောင်းလင့်ရာ၊စေတိယကိုရှောင်မှ ကြောင်းသင့်စွာ။

(၃၀) အောက်မှာနင်းကြမ်း၊ထက်ဆောင်ပန်း၊ တခန်းယူမှီးကြ။

(၃၁) က- ငါးမှာ၊စန္ဒြာ၊သီလာမြေဓာတ်ဖို၊ရှမ်းအငန်ဟုဆို။

(၃၃) - ဘောမ ၊ပဉ္စာစ၊လေမြေဓာတ်ဖိုရ၊တလိုင်း အခါးပ။

(၃၄) - သောရီ ၊ဤဆယ်လီ၊မီးတောက်ဓာတ်မ၊ကုလားအချဉ်ရ။

(၃၅) - နှစ်ခု၊ရာဟုလေမုန်တိုင်း၊အရိုင်းဓာတ်မ၊ယိုးဒယားအဖန်ရ။

(၃၆) - နှစ်ဦး ၊ဗုဒ္ဓဟူးဓာတ်ဖို၊ရေသီတာဟုဆို၊မျိုးကိုကတူး၊ရောနှောပူး။

(၃၇) သုံးဦး - - ဠ၊သောကြာရေငန်ပ၊ဓာတ်မသက်ကသည်း ကြိုက်လည်းချိုသာ။

(၃၈) -အာ သရ ရှစ်ဌာန၊သူရဇ္ဇ နေ့စွဲ၊ မီးခဲဓာတ်ဖို၊ဂျွန်းအစပ်ဟုဆို။

(၃၉) ဟောလိုကြပြန်၊ ဆေးပေးရန်၊လုပ်ရပ်အကြံ၊သိဒ္ဓိနှံ၊စစ်ထိုးခိုက်ရန်၊ရှုံးနိုင်တန်၊ယတြာရုပ်နာမ်

        ကျိန်းခြေပြန်၊အင်းမူစီမံ၊ဂြိုဟ်လင့်ကြံ၍၊ဂဏန်းမှန်ပြ၊ကောက်ယူဆလော့။

(၄၀) အညမညံ စိတ်ဝေဖန် ဝိဇ္ဇာမယံ ဇော်ဂျီပျံ ရသေ့ရှင်မွန် လောကီဈာန် ခေမာအမတံ ပြည်နိဗ္ဗာန်

       ရောက်လိမ့်ဧကန် မဂ်အလွန်ဖိုလ်မွန်ရလွယ်ကြိုး တိုး၍သာကြံကြစေလေကုန်။

                                                   ( ကျမ်းရင်းလင်္ကာကြီးပြီး၏)

ရှင်းလင်းချက်

အမှတ်(၁၈) (၂၀) (၂၂) နှင့် () တို့ ကိုအရကျက်လိုက်ပါ။ဤအချက်များမှ အမှတ်()ဖြစ်လာတာပါ။

ဥပမာ။ ။အမှတ်()မှ……

လိုရာဂြိုဟ်ရင်းကပ်……..လိုရာဂြိုဟ်ရင်း သည် ၁နွေ ဆိုပါစို့ (အိုင်)

ဓာတ်မှန်ကိုထုတ်……….၁နွေ ဓာတ်သည် ၀နေ ဖြစ်သည် (ထဲ) အန္တော

မိတ်လည်းအုပ်…………. ၁နွေ မိတ်သည် ၅တေး ဖြစ်သည်။ (မြ) အောင်ပ

ဓာတ်ထုတ်မိတ်ကိုစီး……0နေ မိတ်သည် ၄ဟူး ဖြစ်သည် (ရွှေ) တော်ရင်း

မိတ်ကြီးဓာတ်ကိုမံ……….၅တေး ဓာတ်သည် ၂လာ ဖြစ်သည် (ငွေ) ဂဗ္ဘေ


လိုရာဂြိုဟ်ရင်းကပ်……..လိုရာဂြိုဟ်ရင်း သည် ၂လာ ဆိုပါစို့ (ကြံ)

ဓာတ်မှန်ကိုထုတ်……….၂လာ ဓာတ်သည် ၅တေး ဖြစ်သည် (ပါ) ဂဗ္ဘေ

မိတ်လည်းအုပ်…………. ၂လာ မိတ်သည် ၄ဟူး ဖြစ်သည်။ (လူ့) ကုလား

ဓာတ်ထုတ်မိတ်ကိုစီး……၅တေး မိတ်သည် ၁နွေ ဖြစ်သည် () အောင်ပ

မိတ်ကြီးဓာတ်ကိုမံ……….၄ဟူး ဓာတ်သည် ၆ကြာ ဖြစ်သည် (သွေ) ဝံသေ

ထိုနည်းတူစွာ……ဆင်(၃ဂါ) ၊ရန်(၄ဟူး) ၊သူ(၆ကြာ) ၊နဲ့(၀ နေ) ၊ဝေး (၄ဟူး)

……စသည်ဖြင့် ကြံဆယူပါ။



အင်္ဂဝိဇ္ဇာတိုင်များ နှင့်ပတ်သက်၍ အမှတ်()နှင့်()ကို နားလည်ရမည်။

အမှတ်()မှ သူရဇ္ဖ နှင့် သောကြထက်အောက် ခရားဇောက် ဆိုသည်မှာ ……..

ဆပွတ်လင်္ကာဖြစ်သော……….

.သူရဇ္ဇ(၁နွေ) သောကြ (၆ကြာ ) ဗုဒ္ဓ (၄ဟူး) စန္ဒြော (၂လာ) သောရီ (ဝနေ) ဂုရု (၅တေး) ဘောမ(၃ဂါ)ကိုဆိုလိုပါသည်။

အထက်ပါလင်္ကကာကို ကရွတ်ကင်းလျှောက် ကျက်မှတ်ပါ။

အောက်ပါအတိုင်းလည်းအလွယ်မှတ်နိုင်သည်။

                     တ ပည့် စာ အံ သီ ခံ ( ဝနေ ၅တေး ၃ဂါ ၁နွေ ၆ကြာ ၄ဟူး ၂လာ )

ခရားဇောက် ဆိုသည်မှာ အလယ်မှအစပြု၍ အပေါ်တစ်လုံး အောက်တစ်လုံးချရသောတိုင် ကိုဆိုလိုသည်။

ဥပမာ။   ။     ဤနည်းဖြင့် တိုင်()တိုင်သည် အောက်ပါအတိုင်းဖြစ်လာသည်။


 တိုင်ထူတတ်ပြီဆိုရင်.. လင်္ကာအမှတ်() နှင့် () ကို ပြန်ကောက်မယ်။
အမှတ်() မှ   အိုင်  ထဲ  မြ  ရွှေ  ငွေ………………...............နန်း အောင် ရွှေ မြို့ သာ။

တို့သည် အမှတ်()မှ ငါးတန်မဆွတိုင်မူလနှင့်………......စဉ်ကာထားမှ။နှင့်အောက်ပါအတိုင်းဆက်စပ်နေပြန်သည်။






                                                                                 တနင်္ဂနွေအခါ
                                                                      တနင်္လာအခါ
                                                                        အင်္ဂါအခါ
ဗုဒ္ဓဟူးအခါ
ကြာသပတေးအခါ
သောကြာအခါ
စနေအခါ

ဤသို့ဆိုလျှင် ကျမ်းရင်းလင်္ကာအမှတ်()()()()() တို့ကို နားလည်သဘောပေါက

 နေ့    အချိန် အခါ  အယူအဆများ

နေ့          နေ့ တွင် တနင်္ဂနွေ၊တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ၊စနေဟူ၍()နေ့သာရှိသည်။ ရာဟုနေ့ဟူ၍မရှိပါ။

 အချိန်       ကျမ်းရင်းလင်္ကာအမှတ်()၏အဆိုအရ   သူရဇ္ဖက စ၍စဉ်စီ ရှစ်ခါညီ ရှစ်လီဂြိုဟ်ပေါင်းပြ

                     ရာသီဆယ့်နှစ်၀ သင်္ချာယူ၍ဆ။ ဆိုသည့်အတိုင်း နံနက်()နာရီမှ ညနေ()နာရီအထိ

                    နေ့(၁၂)နာရီကို တစ်ချိန်လျှင် နာရီ ၃၀ မိနစ် စီထား၍ ရှစ်ချိန်ပိုင်းခြားမည်။

                    ထိုနည်းအတူ (၁၂)နာရီကိုလည်း ချိန် ပိုင်းခြားမည်။

အခါ            သူရဇ္ဖက စ၍စဉ်စီ ဆိုသည့်အတိုင်း သူရဇ္ဇ ၊သောကြ ၊ဗုဒ္ဓ စန္ဒြော၊ သောရီ ၊ဂုရု၊ဘောမ

                         သူရဇ္ဇ အစီအစဉ်ကို နေ့ အချိန် ၊ကိုလိုက်၍ အောက်ပါအတိုင်း သတ်မှတ်ပါမည်။ 











            ( ပည့် စာ အံ သီ ခံ ) လင်္ကာ ဖြင့်လည်း မှတ်သားနိုင်ပါသည်။

  ဇယားရှင်းလင်းချက်

  တနင်္ဂနွေနေ့    နံနက် နာရီ မှ နာရီ ၃၀ မိနစ် အထိ                ပထမခါ   သူရဇ္ဇ  ၁နွေအခါ   (အံ)

  နံနက် ၁၀ နာရီ ၃၀မိနစ် မှ မွန်းတည့်၁၂ နာရီ အထိ                      စတုတ္ထခါ   စန္ဒြော လာအခါ (ခံ)

  မွန်းလွဲ နာရီ မှ နာရီ ၃၀ မိနစ်အထိ                                        သတ္တမခါ ဘောမ ဂါ အခါ  (စာ)

 စသည်ဖြင့် ကျန်နေ့များတွင်လည်း ဤသို့ယူဆပါ။

               အခါတစ်ခု (၉၀ မိနစ်)ကို  အခါ ခွဲ()ပိုင်း ခွဲခြင်း  

  (ဤနည်းသည် ဆရာကြီးဦးကြည် မှရသော နည်းဖြစ်သည်။)

(၉၀မိနစ်)စီ ပိုင်းထားသော အခါတစ်ခုစီကို (၁၈ မိနစ်)စီထား၍ အခါခွဲ ()ပိုင်း ထပ်မံပိုင်းမည်။

တနင်္ဂနွေ(သူရဇ္ဇ) အခါ အခါခွဲ()ပိုင်း

၁နွေ(သူရဇ္ဇ)အခါ၏ပထမ၁၈မိနစ်ကို၁နွေအခါခွဲမှစ၍၂လာ၊ ၃ဂါ၊ ၄ဟူး၊ ၅တေး ဟူ၍

အစဉ်လိုက်အောက်ပါအတိုင်းခွဲသည်။


ထိုနည်းတူစွာ

၂လာ( စန္ဒြော)အခါကို       ၂လာ၊ ၃ဂါ ၄ဟူး ၊၅တေး ၆ကြာ

၃ဂါ( ဘောမ)အခါကို         ၃ဂါ ၄ဟူး ၅တေး ၆ကြာ၊ဝနေ

၄ဟူး(ဗုဒ္ဓ) အခါကို            ၄ဟူး ၅တေး ၆ကြာ၊ဝနေ၊ ၁နွေ

၅တေး(ဂုရု)အခါကို           ၅တေး ၆ကြာ၊ဝနေ၊ ၁နွေ ၊၂လာ

၆ကြာ (သောကြ)အခါကို    ၆ကြာ ၊ဝနေ၊ ၁နွေ ၂လာ ၃ဂါ

ဝနေ(သောရီ)အခါကို       ဝနေ၊ ၁နွေ ၂လာ ၃ဂါ     ၄ဟူး

ဟူ၍ အခါ ခွဲတစ်ခုကို၁၈မိနစ်စီပိုင်းဖြတ်မည်။

အင်္ဂဝိဇ္ဇာဗေဒင်ပညာဖြင့်တွက်ချက်၍ ဟောပြောမည်ဆိုလျှင် အဓိကကျဆုံးမှာ အခါပိုင်းခြင်းပင်ဖြစ်သည်။အခါမှားလျှင် မှန်ကန်သောအဖြေကိုမည်သို့မျှမရနိုင်။ ထိုကြောင့်လည်း အချိန် အခါပိုင်းခြင်းကို အခြေခံမှအစ ကျမ်းရင်းလင်္ကာကိုအာစရိယမူများနှင့်ပေါင်းစပ်၍ တင်ပြပေးပါသည်။

ဆက်ရန်။ (လက်တွေ့အသုံးချ အင်္ဂဝိဇ္ဇာပညာ (အပိုင်း ၂)တွင်ဆက်လက်ဖတ်ရှုပေးပါရန်

မေတ္တာဖြင့်- ဆရာမင်း (14-7-2021 ;11:00AM)



အိမ်ထောင်မှုသုခ အပြည့်အဝခံစားနိုင်စေရန် အရေးပါသောဗီတာမင်ဘီ

Written By Live100 on Wednesday, May 11, 2016 | 8:22 AM


ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော်မုန်းပမာဏနဲ့ ဆက်စပ်မှု ရှိနေပါတယ်။

ဗီတာမင်ဘီ ခို့ျတဲ့မှု ဖြစ်ရင် နုံးချည့် ညောင်းညာတာနဲ့ အားအင် မရှိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အနားယူဖို့နဲ့ အိပ်စက်ဖို့ လိုအပ်နေပါတယ်။ ဗီတာမင်ဘီ အုပ်စုဟာ ဦးနှောက်လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်နိုင်စွမ်းမှာ အရေးပါတဲ့ အပြင် စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများတာ တို့ကို လည်း လျော့ကျစေ ပါတယ်။ တခိုျ့ဗီတာမင်ဘီ အမိုျးအစားတွေက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သာမက အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါ တယ်။

ဗီတာမင် B1 - သိုင်ယာမင်း

သိုင်ယာမင်းဟာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့ အတွက် နှလုံးဆီသို့ သာမက လိင်အင်္ဂါဆီကိုလည်း သွေးစီးဆင်း ရောက်ရှိစေ ပါတယ်။ စွမ်းအင်အဆင့် တိုးစေပြီး ဦးနှောက်လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေပါတယ်။ အိမ်ထောင်ရှင် အမိုျးသမီးတွေကို စွမ်းအင် ပိုရှိစေပါတယ်။
 အင်တီအောက်ဆီးဒင့် အစွမ်းလည်း ရှိတဲ့ အတွက် ခန္ဓာကိုယ်ကို အိုမင်းမှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ လူတွေက ပိုမို နုပိုျကြည့်ကောင်း လေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိ လေလေ ဖြစ်ပြီး လိင်ဆွဲဆောင်အား ပိုကောင်း လေလေပါ။

ဗီတာမင် B1 ပါဝင်မှု မြင့်မားသည့် အစာများ - ဆန်လုံးညို၊ မြေပဲ၊ ပဲစိမ်း၊ ပင်လယ်ရေညှိလို ပင်လယ် ဟင်းသီးဟင်းရွက်တွေ၊ ဖွဲနုနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နံှစာ အများစုထဲမှာ သိုင်ယာမင်းဓာတ် ပါဝင်ပါတယ်။

ဗီတာမင် B2 - ရိုင်ဘိုဖလေဗင်

ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်းဓာတ်တို့ တည်ဆောက် ဖြိုခွဲရာမှာ အသုံးဝင်ပါတယ်။ ဗီတာမင် B1 ခို့ျတဲ့ရင် စားသမျှ အစာတွေကို တည်ဆောက်ဖြိုခွဲမှု မပြုလုပ်နိုင်ဘဲ အဆီအဖြစ် သိုလှောင် ထားတတ်ပါတယ်။ ဆံပင်တစ်သှူျးတွေ၊ အရေပြားနဲ့ လက်သည်း ခြေသည်းတွေမှာ အောက်ဆီဂျင် အသုံးပြုမှု အားကောင်းစေတဲ့ အတွက် ငယ်ရွယ်နုပိုျပြီး ဆွဲဆောင်အား ကောင်းမွန်စေပါတယ်။

ဗီတာမင် B2 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ ဟင်းနုနယ်ရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နံှစာထဲမှာ ရိုင်ဘိုဖလေဗင် ပါဝင်ပါတယ်။

ဗီတာမင် B3 - နိုင်ယာစင်

နိုင်ယာစင်ဟာ အသားအရေကို ကျန်းမာစေပြီး သွေးလှည့်ပတ်မှု ကောင်း မွန်စေတဲ့အတွက် အသားအရေကို ထိ တွေ့လိုက်ရုံနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ခံစား ချက်ကို ဖြစ်စေနိုင်ပါတယ်။ လိင်ဟော်မုန်း တည်ဆောက်မှုမှာ ပါဝင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စ ထရောတွေကို လျော့ကျစေပါတယ်။

ဗီတာမင် B3 ပါဝင်မှု မြင့်မားသည့် အစာများ - နိုင်ယာစင် ပါဝင်မှုများတဲ့ အစာတွေက မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ အာလူး၊ ဂုံျစေ့၊ စွန်ပလွံသီးနဲ့ မြေပဲတို့ ဖြစ်ကြပါတယ်။

ဗီတာမင် B5 - ပန်တိုသီးနစ်အက်စစ်

ဗီတာမင် B5 ဟာ အဒရီနယ်ဟော် မုန်းထွက်ရှိမှုကို သက်ရောက်စေပြီး စိတ် ဖိစီးမှု လျော့ကျစေတဲ့အတွက် စိတ်ခံစား မှုကို ကောင်းမွန်စေပါတယ်။ အဒရီနယ် ဂလင်းက ကောင်းကောင်း အလုပ်မလုပ် ရင် သက်လုံလျော့ကျပြီး လိင်စိတ်ဆန္ဒ လည်း လျော့နည်းတတ်ပါတယ်။ နည်း နည်းလောက် လှုပ်ရှားလိုက်ရုံနဲ့ ချွေး ထွက်ပြီး စိတ်ဖိစီးမှုကို ခံနိုင်ရည်လည်း နည်းပါတယ်။

ဗီတာမင် B5 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ အစိမ်းအတိုင်း စား နိုင်တဲ့ ဟင်းသီးဟင်းရွက် အများစု၊ မှို၊ အခွံမာတဲ့ အစေ့အဆန်၊ ပျားရည်စတာ တွေထဲမှာ ဗီတာမင် B5 ပါဝင်မှုများပါ တယ်။

ဗီတာမင် B6 - ပရီဒေါက်စင်း

ရာသီအကြိုဝေဒနာ လက္ခဏာတွေ ကို လျော့ကျစေသလို ဝမ်းမှန်မှန် သွားစေတဲ့ အစွမ်းလည်း ရှိပါတယ်။ နှလုံးကြွက်သားတွေကို ဟိုမိုစစ္စ တင်းဓာတ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကူညီပေးပြီး ကိုလက်စထရော စုပုံမှု မဖြစ်စေပါဘူး။

ဗီတာမင် B6 ပါဝင်မှု မြင့်မားသည့် အစာများ - ဟင်းနုနယ်ရွက်၊ နေကြာ စေ့၊ မုန်လာဥနီ၊ ပဲ၊ သီဟိုဠ်စေ့၊ ထောပတ် သီး၊ ငှက်ပျောသီး၊ ပဲ၊ ပဲပိစပ်၊ ပန်းဂေါ်ဖီ စိမ်းနဲ့ အခွံချွတ်မထားတဲ့ ကောက်နံှစာ တို့မှာ ဗီတာမင် B6 ပါဝင်ပါတယ်။

ဗီတာမင် B12 - ဆိုင်ယာနိုကိုဘက်လမင်း

ဗီတာမင် B12 ဟာ မိုျးအောင်နိုင်စွမ်း ကောင်းမွန်အောင် ကူညီပေးပြီး ပန်းသေပန်းညှိုး ဖြစ်တာကို လျော့ကျစေ ပါတယ်။ အစာချေဖျက်မှုနဲ့ အစာစုပ်ယူမှု တို့ အားကောင်းစေဖို့ ဗီတာမင် B12 လိုအပ်ပါတယ်။ ဗီတာမင် B12 ဟာ စားသမျှ အစာတွေကို စွမ်းအင် ဖြစ်အောင် အသုံးပြုပေးပါတယ်။ စွမ်းအင်ရှိလေ၊ အိမ်ထောင်မှု သုခ ပြည့်ဝလေပါ။

ဗီတာမင် B12 ပါဝင်မှု မြင့်မားသည့် အစာများ - ပင်လယ်ရေမှော်လို ပင်လယ်အောက်က ရတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ပါဝင်မှု များပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
------------------------------------------------------
Zawgyi

ဗီတာမင္ဘီေတြဟာ လိင္အဂၤါ အစိတ္အပိုင္းေတြကို ပံုမွန္ လုပ္ေဆာင္နိုင္ေအာင္ ကူညီေပးပါတယ္။ ခနၶာကိုယ္ထဲက ဗီတာမင္ဘီ ပမာဏဟာ ထြက္ရိွလာတဲ့ လိင္ေဟာ္မုန္းပမာဏနဲ့ ဆက္စပ္မႈ ရိွေနပါတယ္။

ဗီတာမင္ဘီ ခို့်တဲ့မႈ ျဖစ္ရင္ နံုးခ်ည့္ ေညာင္းညာတာနဲ့ အားအင္ မရိွတာတို့ ျဖစ္တတ္ပါတယ္။ အဲဒီအခါ အနားယူဖို့နဲ့ အိပ္စက္ဖို့ လိုအပ္ေနပါတယ္။ ဗီတာမင္ဘီ အုပ္စုဟာ ဦးေနွာက္လုပ္ငန္းေဆာင္တာနဲ့ ေတြးေခၚနိုင္စြမ္းမွာ အေရးပါတဲ့ အျပင္ စိတ္ဓာတ္ က်တာနဲ့ ပူပင္ေသာကမ်ားတာ တို့ကို လည္း ေလ်ာ့က်ေစ ပါတယ္။ တခို် ့ဗီတာမင္ဘီ အမို်းအစားေတြက လိင္ပိုင္းဆိုင္ရာ က်န္းမာေရးကို သာမက အေထြေထြ က်န္းမာေရးကိုလည္း ေကာင္းမြန္ေစပါ တယ္။

ဗီတာမင္ B1 - သိုင္ယာမင္း

သိုင္ယာမင္းဟာ ေသြးလွည့္ပတ္မႈ ေကာင္းေစတဲ့ အတြက္ နွလံုးဆီသို့ သာမက လိင္အဂၤါဆီကိုလည္း ေသြးစီးဆင္း ေရာက္ရိွေစ ပါတယ္။ စြမ္းအင္အဆင့္ တိုးေစျပီး ဦးေနွာက္လုပ္ငန္း ေဆာင္တာကို ေကာင္းမြန္ေစပါတယ္။ အိမ္ေထာင္ရွင္ အမို်းသမီးေတြကို စြမ္းအင္ ပိုရိွေစပါတယ္။
 အင္တီေအာက္ဆီးဒင့္ အစြမ္းလည္း ရိွတဲ့ အတြက္ ခနၶာကိုယ္ကို အိုမင္းမႈဒဏ္မွ ကာကြယ္ေပးနိုင္ပါတယ္။ လူေတြက ပိုမို နုပို်ၾကည့္ေကာင္း ေလေလ၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ ပိုရိွ ေလေလ ျဖစ္ျပီး လိင္ဆဲြေဆာင္အား ပိုေကာင္း ေလေလပါ။

ဗီတာမင္ B1 ပါ၀င္မႈ ျမင့္မားသည့္ အစာမ်ား - ဆန္လံုးညို၊ ေျမပဲ၊ ပဲစိမ္း၊ ပင္လယ္ေရညိွလို ပင္လယ္ ဟင္းသီးဟင္းရြက္ေတြ၊ ဖဲြနုနဲ့ အခံြ ခြ်တ္မထားတဲ့ ေကာက္နံွစာ အမ်ားစုထဲမွာ သိုင္ယာမင္းဓာတ္ ပါ၀င္ပါတယ္။

ဗီတာမင္ B2 - ရိုင္ဘိုဖေလဗင္

ကာဗိုဟိုက္ဒရိတ္၊ အဆီနဲ့ ပရိုတင္းဓာတ္တို့ တည္ေဆာက္ ျဖိုခဲြရာမွာ အသံုး၀င္ပါတယ္။ ဗီတာမင္ B1 ခို့်တဲ့ရင္ စားသမွ် အစာေတြကို တည္ေဆာက္ျဖိုခဲြမႈ မျပုလုပ္နိုင္ဘဲ အဆီအျဖစ္ သိုေလွာင္ ထားတတ္ပါတယ္။ ဆံပင္တစ္သွူ်းေတြ၊ အေရျပားနဲ့ လက္သည္း ေျခသည္းေတြမွာ ေအာက္ဆီဂ်င္ အသံုးျပုမႈ အားေကာင္းေစတဲ့ အတြက္ ငယ္ရြယ္နုပို်ျပီး ဆဲြေဆာင္အား ေကာင္းမြန္ေစပါတယ္။

ဗီတာမင္ B2 ပါ၀င္မႈ ျမင့္မားသည့္ အစာမ်ား - ပဲသီး၊ ဟင္းနုနယ္ရြက္နဲ့ အခံြခြ်တ္မထားတဲ့ ေကာက္နံွစာထဲမွာ ရိုင္ဘိုဖေလဗင္ ပါ၀င္ပါတယ္။

ဗီတာမင္ B3 - နိုင္ယာစင္

နိုင္ယာစင္ဟာ အသားအေရကို က်န္းမာေစျပီး ေသြးလွည့္ပတ္မႈ ေကာင္း မြန္ေစတဲ့အတြက္ အသားအေရကို ထိ ေတြ့လိုက္ရံုနဲ့ စိတ္လႈပ္ရွားဖြယ္ရာ ခံစား ခ်က္ကို ျဖစ္ေစနိုင္ပါတယ္။ လိင္ေဟာ္မုန္း တည္ေဆာက္မႈမွာ ပါ၀င္တဲ့အျပင္ မေကာင္းတဲ့ ကိုလက္စ ထေရာေတြကို ေလ်ာ့က်ေစပါတယ္။

ဗီတာမင္ B3 ပါ၀င္မႈ ျမင့္မားသည့္ အစာမ်ား - နိုင္ယာစင္ ပါ၀င္မႈမ်ားတဲ့ အစာေတြက မုန္လာဥနီ၊ ပန္းေဂၚဖီစိမ္း၊ ခရမ္းခ်ဥ္သီး၊ အာလူး၊ ဂံု်ေစ့၊ စြန္ပလံြသီးနဲ့ ေျမပဲတို့ ျဖစ္ၾကပါတယ္။

ဗီတာမင္ B5 - ပန္တိုသီးနစ္အက္စစ္

ဗီတာမင္ B5 ဟာ အဒရီနယ္ေဟာ္ မုန္းထြက္ရိွမႈကို သက္ေရာက္ေစျပီး စိတ္ ဖိစီးမႈ ေလ်ာ့က်ေစတဲ့အတြက္ စိတ္ခံစား မႈကို ေကာင္းမြန္ေစပါတယ္။ အဒရီနယ္ ဂလင္းက ေကာင္းေကာင္း အလုပ္မလုပ္ ရင္ သက္လံုေလ်ာ့က်ျပီး လိင္စိတ္ဆနၵ လည္း ေလ်ာ့နည္းတတ္ပါတယ္။ နည္း နည္းေလာက္ လႈပ္ရွားလိုက္ရံုနဲ့ ေခြ်း ထြက္ျပီး စိတ္ဖိစီးမႈကို ခံနိုင္ရည္လည္း နည္းပါတယ္။

ဗီတာမင္ B5 ပါ၀င္မႈ ျမင့္မားသည့္ အစာမ်ား - ပဲသီး၊ အစိမ္းအတိုင္း စား နိုင္တဲ့ ဟင္းသီးဟင္းရြက္ အမ်ားစု၊ မိႈ၊ အခံြမာတဲ့ အေစ့အဆန္၊ ပ်ားရည္စတာ ေတြထဲမွာ ဗီတာမင္ B5 ပါ၀င္မႈမ်ားပါ တယ္။

ဗီတာမင္ B6 - ပရီေဒါက္စင္း

ရာသီအၾကိဳေ၀ဒနာ လကၡဏာေတြ ကို ေလ်ာ့က်ေစသလို ၀မ္းမွန္မွန္ သြားေစတဲ့ အစြမ္းလည္း ရိွပါတယ္။ နွလံုးၾကြက္သားေတြကို ဟိုမိုစစၥ တင္းဓာတ္ေၾကာင့္ ထိခိုက္မႈမျဖစ္ေအာင္ ကူညီေပးျပီး ကိုလက္စထေရာ စုပံုမႈ မျဖစ္ေစပါဘူး။

ဗီတာမင္ B6 ပါ၀င္မႈ ျမင့္မားသည့္ အစာမ်ား - ဟင္းနုနယ္ရြက္၊ ေနၾကာ ေစ့၊ မုန္လာဥနီ၊ ပဲ၊ သီဟိုဠ္ေစ့၊ ေထာပတ္ သီး၊ ငွက္ေပ်ာသီး၊ ပဲ၊ ပဲပိစပ္၊ ပန္းေဂၚဖီ စိမ္းနဲ့ အခံြခြ်တ္မထားတဲ့ ေကာက္နံွစာ တို့မွာ ဗီတာမင္ B6 ပါ၀င္ပါတယ္။

ဗီတာမင္ B12 - ဆိုင္ယာနိုကိုဘက္လမင္း


ဗီတာမင္ B12 ဟာ မို်းေအာင္နိုင္စြမ္း ေကာင္းမြန္ေအာင္ ကူညီေပးျပီး ပန္းေသပန္းညိႈး ျဖစ္တာကို ေလ်ာ့က်ေစ ပါတယ္။ အစာေခ်ဖ်က္မႈနဲ့ အစာစုပ္ယူမႈ တို့ အားေကာင္းေစဖို့ ဗီတာမင္ B12 လိုအပ္ပါတယ္။ ဗီတာမင္ B12 ဟာ စားသမွ် အစာေတြကို စြမ္းအင္ ျဖစ္ေအာင္ အသံုးျပုေပးပါတယ္။ စြမ္းအင္ရိွေလ၊ အိမ္ေထာင္မႈ သုခ ျပည့္၀ေလပါ။

ဗီတာမင္ B12 ပါ၀င္မႈ ျမင့္မားသည့္ အစာမ်ား - ပင္လယ္ေရေမွာ္လို ပင္လယ္ေအာက္က ရတဲ့ ဟင္းသီးဟင္းရြက္ ေတြမွာ ပါ၀င္မႈ မ်ားပါတယ္။

( Paing A K )

#သစ္ထူးလြင္(က်န္းမာေရး)

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လြင္႔ေမာင္ေမာင္(ထား၀ယ္) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger