Latest Post

ဒူးနာ၊ ခါးနာေပ်က္ကင္းေစမည့္ သဘာ၀ေဆးနည္း

Written By လြင္႕ေမာင္ေမာင္ on Saturday, April 18, 2015 | 8:21 AM

 
မိတ္ေဆြတစ္ဦးမွ ေပးပို့လာတဲ့ ေဆးနည္းေလးကို က်န္းမာေရးသတင္းမ်ားမွ အမ်ားသိေအာင္ ျပန္လည္မွ်ေ၀ေပး လိုက္ပါတယ္။
က်ေနာ္ အားကစားလုပ္ရင္း ခါးနာတဲ့ ဒဏ္ရာကို ရခဲ့ပါတယ္။ လိမ္းေဆးမ်ိဳးစံုလိမ္းၾကည့္ခဲ့တယ္။ အႏိွပ္သည္မ်ားနဲ့လည္း ကုသခဲ့ပါတယ္။ မေပ်က္ေသးလို့ အဘၾကီးတစ္ေယာက္က သူသိထားတဲ့ ေဆးနည္းကို စမ္းၾကည့္ဖို့ ေျပာလာတာနဲ့ စမ္းၾကည့္လိုက္တာ တကယ္လက္ေတြ ့ေပ်ာက္ကင္းခဲ့ပါတယ္။
သူငယ္ခ်င္းတစ္ေယာက္ကလည္း ဒူးနာလို့ ဒီေဆးနည္းကို စမ္းၾကည့္လိုက္တာ တကယ္ေပ်ာက္သြားလို့ ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။ ဒါ့ေၾကာင့္ ဒီေဆးနည္းေလးကို က်န္းမာေရးသတင္းမ်ားကေန အမ်ားသိေအာင္ မွ်ေ၀ေပးေစခ်င္ပါတယ္။
ေဆးနည္းကေတာ့-
၁။ သေဘၤာသီးအစိမ္းတစ္လံုးကို ထိပ္ပိုင္းေနရာမွ ၾကက္ဥတစ္လံုးစာခန့္ ပိုင္းျဖတ္လိုက္ပါ။ အတြင္းမွ အေစ့မ်ားကိုလည္း မထုတ္ပဲ ထားပါ။
၂။ ၾကက္ဥကို အလံုးလိုက္ ထည့္လိုက္ပါ။ (သဘာ၀ၾကက္ဥ၊ ေတာၾကက္ဥ ဆိုလွ်င္ ပိုေကာင္းပါသည္)
၃။ ပိုင္းျဖတ္ထားသည့္ အပိုင္းျဖင့္ ျပန္အုပ္လိုက္ပါ။ သူ့အေစးႏွင့္သူ ျပန္ကပ္ပါသည္။ ပိုျပီး စိတ္ခ်ခ်င္လွ်င္ ရြံ ့ေစးမ်ားျဖင့္ အုပ္ေပးထားႏုိင္ပါသည္။
၄။ ၄င္းသေဘၤာသီးကို မီးဖိုထဲမွာ မီးဖုတ္ေပးပါ။ ေပ်ာ့အိျပီး အတြင္းမွ ၾကက္ဥ က်က္သြားသည့္အထိ ဖုတ္ပါ။
၅။ ျပီးလွ်င္ အခြံကို ခြါခ်လိုက္ျပီး အတြင္းမွ ၾကက္ဥကို စားရမွာျဖစ္ပါတယ္။ သေဘၤာသီးကိုေတာ့ စားစရာမလိုပါ။
တစ္ပတ္ကို (၁)ၾကိမ္နဲ့ (၃)ပတ္ခန့္ စားေပးပါက ဒူးနာ၊ ခါးနာမ်ား သက္သာေပ်ာက္ကင္းသြားပါလိမ့္မယ္။
အစာလည္းေဆး၊ ေဆးလည္းအစာဆိုသလို လက္ေတြ့ေပ်က္ကင္းႏိုင္သည့္ သဘာ၀ကုထံုး ေဆးနည္းေလးမို ့ ျပန္လည္မွ်ေ၀ေပးလိုက္ရပါတယ္။

ေစာႏြဲ ့ေနဆိုင္(ပူတာအို)
က်န္းမာေရးသတင္းမ်ား
မူရင္းလင့္ - www.facebook.com/pages/က်န္းမာေရးသတင္းမ်ား/231741783686751

ထားဝယ်သင်္ကြန်နဲ့ ရိုးရာရေးဇီမှန်း ( သင်္ကြန်ထမင်း )

Written By လြင္႕ေမာင္ေမာင္ on Monday, April 13, 2015 | 10:46 AM

                                           Photo - Yannaung Soe (Facebook)
Unicode
  ဒီ  တစ်နှစ် သင်္ကြန်ကျရင် ရန်ကုန်နဲ့ မန္တလေးမှာရှိနေကြတဲ့ ကျွန်တော်တို့ မောင်နုမတွေ နှစ်တိုင်းလိုပဲ အဖေနဲ့အမေရှိရာ မွေးရပ်မြေထားဝယ်က မင်းရပ်ရွာအိမ်မှာဆုံကြအုံးမှာပါ ။ လိုမိသားစုတွေ ဆုံတဲ့အခါကျရင် အဖေက သင်္ကြန်ပြီးတာနဲ့ အလှူတစ်ခုပြုလုပ်ချင်တယ်လို့ ကြိုပြောပါတယ် ။ ပြီးတော့ အဖေက အဲဒီလှူမှာ ရေးဇီမှန်း ( ရေစိမ်ထမင်း - သင်္ကြန်ထမင်း ) လှူချင်တာတဲ့ ။ သိပ်ကောင်းတဲ့ အစီစဉ် တစ်ခုပါပဲ ။ ကျွန်တော်တို့ မောင်နုမတွေ အကုန်လုံးလည်း ရေးဇီမှန်းလှူမယ့် အစီစဉ်ကို သဘောကျကြပါတယ် ။ အဖေ သင်္ကြန်မှာ ရေးဇီမှန်းလှူချင်တဲ့ ရည်ရွယ်ချက်ကို ကျွန်တော်ကောင်းကောင်းသိတာပေါ့ ။ အရင်ကတည်းကနေ အစဉ်ဆက် လုပ်လာကြတဲ့ ရိုးရာရေးဇီမှန်းဓလေ့ကို ပြန်လည်ဖော်ထုတ်ပြီး အဖေကလှူချင်နေတာပါ ။ အခုနောက်ပိုင်းမှာကလည်း ကျွန်တော်တို့နယ်မှာ ထားဝယ်ရိုးရာရေးဇီမှန်း လှူတာမျိုးက တော်တော်လေးရှားနေကြပြီမလား ။ အသက် ၂၀ ဝန်းကျင် အရွယ်တွေလောက်ဆို ထားဝယ်ရေးဇီမှန်း ဓလေ့ကိုကောင်းကောင်း မသိကြတော့ဘူးလေ ။ သိရင်လည်း အမယ်စုံတဲ့ ထားဝယ်ရေးဇီမှန်းကို သူတို့မစားဖူးလောက်တော့ပါဘူး ။ ဒါကြောင့် အဖေက ထားဝယ်ရေးစီမှန်း ဓလေ့လေးကို တတ်နိုင်သလောက် ထိန်းသိမ်းချင်တဲ့ စိတ်နဲ့ ထားဝယ်ရိုးရာ အမယ်စုံတဲ့ ထားဝယ်ရေးဇီမှန်းကို လုပ်လှူချင်တာပါ ။ ပြီးတော့ ထားဝယ်ရိုးရာရေဇီမှန်းဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာကို အခုခေတ်လူငယ်တွေ သုံးဆောင်ဖူးစေချင်တဲ့ စေတနာလည်း ပါပါတယ် ။

ထားဝယ်ရိုးရာ ရေးဇီမှန်းဆိုတာ ထမင်းကိုရေစိမ်ပြီး ငါးပုပ်ခြောက်ဖုတ်တို့ ၊ အသီးအရွက် ပေါင်းထုပ်တို့နဲ့ တွဲဖက်ပြီး စားသုံးရတဲ့ အစားအစာ တစ်မျိုးပါပဲ ။ ဒါက အလွယ်ဆုံးနဲ့ အနီးစပ်ဆုံးပြောတာပါ ။ တကယ်တမ်း အဓိကဖြစ်တဲ့ ရေးစီမှန်း တစ်အမယ်ဖြစ်ဖို့ ချက်ရပြုရတာ တော်တော်လေးကိုလက်ဝင်ပါတယ် ။ ပထမဆုံး ရေးဇီမှန်း ဖြစ်ဖို့ ဆန်ကိုအရင်ချက်ရပါတယ် ။ ဆန်ကို ထမင်းချက်သလိုချက်ရတယ်ဆိုပေမယ့် သာမန်စားတဲ့ထမင်းထက်ပိုပျော့အောင်ချက်ရတာပါ ။ လိုချင်တဲ့ထမင်း အပျော့အမာကို ရပြီဆိုရင် ရေနဲ့အကြိမ်ကြိမ်ဆေးရပါတယ် ။ အဲဒီလို ဆေးရတာက ထမင်းကိုဆေးတဲ့ရေတွေ ကြည်သွားအောင်ထိကို ဆေးရတာပါ ။ အဲဒီလို တစ်အိုးပြီး တစ်အိုးချက်ထားတဲ့ ထမင်းအပျော့တွေကို ရေနဲ့အကြိမ်ကြိမ်ဆေး ၊ နောက်ဆုံး ရေကြည်သွားတဲ့အခါ ရေထက်ဝက်ရောပြီး ရာဝင်စဉ့်အိုးကြီးတွေကို ထည့်ထားလိုက်ပါတယ် ။ အဲဒါတွေကို နောက်ဆုံးအဆင့်အနေနဲ့ အမွှေးရနံ့လေး မွှေးနေစေဖို့ ရိုးရာနည်းနဲ့ ပြုလုပ်တဲ့ အမွှေးရနံ့လေးတစ်ခုတည့်ရပါသေးတယ် .။ ထမင်းမှာအမွှေးရနံ့လေးရနေစေဖို့ ဒေသထွက်သစ်မြစ် ( ဒေသအခေါ် ပန်းရိုးမြစ် ) တစ်မျိုးရယ် ၊ ပျားဖရောင်းရယ်နဲ့ ဆန်မုန့်တို့ကို ခွက်လေးတစ်ခွက်ထဲမှာမီးရို့ ၊ ရေးဇီမှန်းထည့်ထားတဲ့ ရာဝင်စဉ့်အိုးထဲကိုထည့် ၊ ပြီးရင် အငွေ့လုံအောင် ဖုံးထားရပါတယ် ။ အဲဒီ ပုံစံမျိုးပဲ ရေးဇီမှန်းထည့်ထားတဲ့ အိုးတွေ ရှိသမျှအကုန်လုံးထဲကိုလည်း ထည့်ထားရတာပါ ။ ဒါကြောင့် ရေးဇီမှန်းကို စားလိုက်တဲ့ အခါတိုင်း စားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ အနံ့တစ်မျိုးကိုရနေတာဖြစ်ပါတယ် ။ တချို့ကလည်း ရေးဇီမှန်းထဲမှာ စပါယ်ပန်းကလေးတွေကို ကြဲထားပါသေးတယ် ။ ဒီတော့ စားလိုက်တဲ့အခါတိုင်း စပါယ်ပန်းရနံ့လေးပါ သင်းနေတာပေါ့ ။

ဒါက အဓိကရေးဇီမှန်းတစ်မယ်တည်းကို ဘယ်လိုချက်ကြတယ်ဆိုတာကို ကျွန်တော် သိသေလောက်လေးရေးပြတာပါ ။ နောက်ထပ် ရေးဇီမှန်းနဲ့ ထွဲဖက်စားသုံးတဲ့ ငါးပုပ်ခြောက် ၊ အသီးအရွက်ပေါင်းထုတ် ၊ မုန့်ဆီကြော် ၊ မုန့်ထိုးခွာ ( အစာသွပ်မုန့်ဆီကြော်တစ်မျိုး ) ၊ ကောက်ညှင်းထုပ် နဲ့ မုန့်ကော်ထုပ်တွေ လုပ်ရတာတွေ ရှိပါသေးတယ် ။

ကျွန်တော်တို့ ထားဝယ်ရိုးရာ ဓလေ့တွေထဲက ရေးဇီမှန်းလုပ်လှူတဲ့ဓလေ့လေးကို နှစ်သက်ပြီး စိတ်ဝင်စားမိတာမို့ ကျွန်တော့် အဖွားရှိစဉ်အခါတုန်းက အဲဒီဓလေ့နဲ့ ပက်သက်ပြီး မေးကြည့်ခဲ့ဖူးပါတယ် ။ အဖွား …. ရေးဇီမှန်းလုပ်ပြီး လှူတဲ့ဓလေ့ကို ဘယ်အချိန်လောက်ကတည်းက စတင်ခဲ့တာလဲ အဖွားသိသလောက်ပြောပြပါအုံး…. လို့ မေးကြည့်တော့….. အဲလိုမျိုးတော့ အဖွားလည်း မသိဘူး ငါ့မြေးရယ် ….တဲ့ ။ အဲ .... တို့ငယ်ငယ်လေးတုန်းကတော့ သင်္ကြန်ကျရင် ရေးဇီမှန်းကို ကြီးကြီးကျယ်ကျယ် လုပ်ပြီး ကျွေးကြ ၊ မွေးကြနဲ့ ဘုန်းကြီးကျောင်းတွေကိုပို့လှူကြတာ တကယ့်ကို ပျော်စရာကြီးပဲ ….. ဆိုပြီး အသက် 90 ကျော်နေပြီ ဖြစ်တဲ့ အဖွားက သူငယ်ငယ်တုန်းက ရေးဇီမှန်း ဓလေ့အကြောင်းကို လွမ်းလွမ်းဆွေးဆွေးကြီးနဲ့ကို ပြန်ပြီး ပြောပြတော့တာပါ ။

အဖွားတို့ အသက် 19 – 20 အရွယ် 1935 ခုနှစ်ဝန်းကျင်လောက်အချိန်က သင်္ကြန်ကျရင် ဟိုရွာ ဒီရွာကူးသန်းပြီး ရေပက်ခံတဲ့ ဓလေ့မရှိသေးဘူးတဲ့ ။ အဲဒီတော့ ရွာထဲက အဓိကကျတဲ့ နေရာတွေမှာပဲ သင်္ကြန်ပွဲ ဆင်နွဲဖို့အတွက် မဏ္ဍပ်တွေ ခန်းခန်းနားနား ဆောက်လုပ်ကြတယ် ။ တကယ်တော့ အဲဒီမဏ္ဍပ်ကြီးက ပဒေသာပင်ကြီး တစ်ခုလည်းဖြစ်တယ် ။ အနီးနားရှိ လူပျို အပျိုတွေက မဏ္ဍပ်ကြီးဆီကို လာကြပြီး ရေလာကစားကြတဲ့အခါ ပဒေသာပင်မှာချိတ်ဆွဲဖို့ အတွက် ဆန် ၊ ဆီ ၊ ကြက်သွန် ၊ ငရုပ်နဲ့ တခြားအလှူဖွယ် ပစ္စည်းတွလာပြီး ချိတ်ဆွဲကြရတယ် ။ မဏ္ဍပ်အတွင်းနဲ့ အနီးတဝိုက်မှာတော့ ဖြတ်သွား ဖြတ်လာသူတွေနဲ့ လာရောက်ရေကစားကြတဲ့ သူတွေကျွေးမွေးဖို့ ရေဇီမှန်းချက်ကြတယ် ။ ရေးဇီမှန်း ချက်ရာမှာ တွဲဖက်ပြီး စားသုံးကြမယ့် စားစရာ အမယ်တွေနဲ့ မုန့်အမျိုးမျိုးတွေကိုလည်း အပျို လူပျိုတွေနဲ့ တက်ညီ လက်ညီ လုပ်ရတာပါ ။ မဏ္ဍပ်အနီးအနားမှာတော့ အိုးစည်ဝိုင်းကြီးနဲ့ ဖျော်ဖြေနေကြပြီး သံချုပ်ထိုးသူတွေ ၊ တိုးမှုကြသူတွေ ၊ က တဲ့သူတွေနဲ့ ရေကစားကြသူတွေ စည်ကားလို့နေတယ် ။ သင်္ကြန်အတွင်းသုံးရက်စလုံး ရေးဇီမှန်းနဲ့ တွဲဖက်စားသုံးမယ့်မုန့်တွေ လုပ်ကြကိုင်ကြနဲ့ သူ့ခေတ်သူ့အခါကဆိုရင်တော့ တော်တော်ကို ပျော်စရာကောင်းမှာပါ ။ နောက်ပြီးရင်လည်း အပျို လူပျိုတို့ တစ်ဦးနဲ့ တစ်ဦး တရားဝင်လက်ပွန်းတတီး နေခွင့်ရတဲ့ အချိန်ခါသမရလေးဖြစ်တာဆိုတော့လည်း အဖွားတို့အရွယ် အသက်ပိုင်းခြားတွေ တစ်သက် မမေ့နိုင်တဲ့ အချိန်လေးတွေ ဖြစ်နေကြမှာပါ ။

နှစ်ဆန်းတစ်ရက်နေ့ကျတော့ မဏ္ဍပ်မှာ ကာလသားသမီးတို့ လာရောက်ချိတ်ဆွဲထားတဲ့ အလှူဖွယ် ဝထ္ထုတို့ကို အကုန်သယ်ပြီး သက်ဆိုင်ရာရွာဘုန်းကြီးကျောင်းဆီကို သွားလှူရတာပါ ။ အဲခါကျရင် အလှူရှင်ကာလသား ကာလသမီးများကို ကျောင်းထိုင်ဘုန်းကြီးက တရားဟောပြီး ရေစက်ချ အမျှပေးဝေရပါတယ် ။ အဓိကအားဖြင့် ရေးဇီမှန်း စတုဒီသာအလှူပြုကြပြီး နောက်ဆုံးမှာ ပြုခဲ့သမျှ အလှူတို့ကို ဆရာတော် အရှေ့မှောက် တရားနာ ရေစက်ချ အမျှပေးဝေကြတာဖြစ်တယ် ။ အဖွားတို့ခေတ်က သင်္ကြန်မှာ ရေးဇီမှန်းလုပ်လှူကြတာက တကယ့်ကို ပြီးပြည့်စုံပြီး ချစ်စရာကောင်းတဲ့ ရိုးရာ ဓလေ့လေးတစ်ခုပါပဲ ။

အဖေတို့ အမေတို့ ခေတ်ကျတော့ ရေးဇီမှန်း ဓလေ့က နည်းနည်း ပြောင်းလဲလာပြီလို့ ဆိုပါတယ် ။ သူတို့ ခေတ်ကျတော့ အဖိုးတို့ အဖွားတို့ ခေတ်ကလို မဏ္ဍပ်ကြီးမှာ ရေးစီမှန်း လှူတဲ့ဓလေ့တွေ မရှိကြတော့ဘူးတဲ့ ။ အဲဒီချိန်တွေမှာ ကာလသားတွေက ရွာစဉ်လျှောက်လည်ပြီး ရေပက်ခံတဲ့ ဓလေ့တွေရှိနေကြပါပြီ ။ အတီးအမှုတ်ဘက်မှာ ဝါသနာပါပြီး ပါရမီရှိတဲ့ အဖေတို့ကျတော့ ကာလသားတွေစုပြီးသံချပ်ဖွဲ့ထောင်တယ် ။ တီးမှုတ်ကိရိယာတွေ အစုံအလင်ပါတဲ့ အဖေတို့ အဖွဲ့ဆိုရင် မြင်းလှည်းလေးတွေနဲ့ ရေပက်ခံထွက်ကြပြီး ရွာတန်းတစ်လျှောက် ရေကစားမဏ္ဍပ်တွေနဲ့ ဆုပေးမဏ္ဍပ်တွေမှာ သံချပ်ထိုးပြိုင်တာတို့ သီချင်းဆိုပြီုင်ကြတာတို့ကို အပြိုင် အဆိုင် လုပ်လာကြပြီလို့ သိရပါတယ် ။ အဲဒီ အချိန်တွေမှာတော့ ရွာကရေကစားမဏ္ဍပ်တွေမှာ ရေးစီမှန်းစတုဒီသာ ကျွေးတဲ့အလေ့ထတွေ တဖြည်းဖြည်း မှေးမှိန်လာကြပါပြီ ။ ဒါပေမယ့်လည်း ရွာထဲကအိမ်တိုင်းစေ့နီးပါးလိုလိုမှာ ရေးဇီမှန်းလုပ်လှူတဲ့ ဓလေ့တွေ ပေါ်လာတယ်လို့ သိရပါတယ် ။ အဲဒီလို လှူကြတာကလည်း သင်္ကြန်အကြိုရက်တွေကနေ သင်္ကြန်အပြီး နှစ်ဆန်းနှစ်ရက် သုံးရက်လောက်ထိတောင် လှူနေကြတုန်းပါတဲ့ ။ အဲဒီအချိန်က ကျွန်တော်တို့ ထားဝယ်သူ ထားဝယ်သားတွေ သင်္ကြန်ဆိုရင် ရေးဇီမှန်းကို မဖြစ်မနေလှူရမယ်လို့ စွဲမြဲပြီးခံယူထားပုံရပါတယ် ။ ရွာတွေမှာဆိုရင် ကိုယ့်အိမ်အနီးနားပတ်ဝန်းကျင် ခုနှစ်အိမ်လောက်အုပ်စု တစ်စုဖွဲကြပြီး ရေးဇီမှန်း လုပ်လှူကြတာပါ ။ ဒီဘက်အုပ်စုကလှူပြီးရင် နောက်တစ်အုပ်စုလှူတဲ့နေရာမှာ ဝိုင်းကူလုပ်ပြီး ဘုန်းကြီးကျောင်းတွေကိုအရင်ပို့ ၊ ပြီးရင်အိမ်နီးနားပတ်ဝန်းကျင်တွေကို လှူကြတာ ၊ ကျွးတာမျိုးတွေ လုပ်ကြပါတယ် ။ ဒီကြားထဲမှာ ဘုန်းကြီးတွေပင့် ၊ တရားနားပြီး တစ်ရွာလုံးကျွတ်ဖိတ်ထားတဲ့လူတွေကို ရေးဇီမှန်း ကြီးကြီးကျယ်ကျယ်လှူတာမျိုးလည်း ရှိပါသေးတယ် ။ အဖေတို့ အမေတို့ ခေတ်ရောက်တာ့ သင်္ကြန်မှာ ရေးဇီမှန်းကျွေးတဲ့ ဓလေ့က ပုံစံသာပြောင်းသွားပေမယ့်လည်း သင်္ကြန်နဲ့ ရေးဇီမှန်း ၊ ရေးဇီမှန်းနဲ့ သင်္ကြန် ခွဲလို့မရအောင် ဒွန်တွဲနေတုန်း ရှိသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ် ။

ကျွန်တော်တို့ ငယ်ငယ်က သင်္ကြန်ကာလတွေရောက်တော့ ရွာထဲမှာ တစ်အိမ်စ နှစ်အိမ်စ ကြီးကြီးကျယ်ကျယ် ရေးဇီမှန်းလုပ်လှူတာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ လှူတာတွေကို ကြုံခဲ့ဖူးခဲ့ရတော့တာပါ ။ အဖေတို့ အမေတို့ ခေတ်တွေတုန်းကလို ရွာထဲက အိမ်တွေ အစုဖွဲ့ပြီး အပြိုင် အဆိုင်လုပ်လှူတာမျိုးတော့ မတွေ့ရတော့ဘူး ။ အခုနောက်ပိုင်း ထားဝယ်ဒေသင်္ကြန်ကာလမှာ ရိုးရာရေဒဇီမှန်း လုပ်လှူတဲ့ ဓလေ့က တော်တော်လေးကို ရှားနေပါပြီ ။ လှူဖြစ်ပြန်ရင်လည်း ရိုးရာနည်းကို သွေဖယ်ပြီးလုပ်လာကြတယ်လို့လည်း သိရပါတယ် ။ ဥပမာ အသီးအရွက်ပေါင်းထုတ်ကို ငှက်ပျောရွက်နဲ့ ထုပ်ပေါင်းတာမျိုးမဟုတ်တော့ဘဲ လင်ဗန်းထဲအကုန်သွန်ထည့်ပြီးပေါင်းတာမျိုးနဲ့ ဖက်ရွက်နဲ့ ထုပ်ပြီးပေါင်းရတဲ့ မုန့်ကော်ထုတ်တွေကို ပလပ်စတင့်အိပ်နဲ့ ထုပ်ပြီးပေါင်းတာမျိုးတွေပါ ။ နောက်ပြီး ရေးဇီမှန်းနဲ့ တွဲဖက်လှူလေ့ရှိတဲ့ မုန့်တွေထဲက ကောက်ညှင်းပြန်ပေါင်းတို့ နဲ့ မုန့်ကော်ထုတ်တို့ကို မထည့်တော့ဘဲ အဓီက မုန့်ဖြစ်တဲ့ မုန့်ဆီ ၊ မုန့်ထိုးခွာ ( အစာသွပ် မုန့်ဆီကြော် ) တို့ကိုသာ လုပ်ကြတော့တယ်လို့ သိရပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ထားဝယ်ရေးဇီမှန်းရိုးမှန်ရင်တော့ ငါးပုပ်ခြောက်ဖုတ်နဲ့ အသီးရွက် ပေါင်းထုပ်က မပါမဖြစ်ပါရတာပါပဲ ။

ကျွန်တော်တို့ ငယ်ငယ်က သင်္ကြန်ကျပြီဆိုရင် ရေးဇီမှန်း စားရတော့မယ်ဆိုတော့ ကြိုပြီး ပျော်နေတတ်ကြပါတယ် ။ အဲဒီအချိန်တွေတုန်းကတော့ ရွာထဲမှာ အနည်းဆုံး သုံးလေးငါးအိမ်လောက်က ရေဇီမှန်း လုပ်လှူတတ်ကြတာမို့ပါ ။ အခုတော့ အဲဒီလိုသိပ်ပြီး မျော်လင့်လို့ မရတော့ပါဘူး ။ ကံကောင်းရင်တော့ သင်္ကြန်အချိန်တွေမှာ စားခွင့်ကြုံတတ်ပါတယ် ။ ဒါတောင်မှ အမယ်စုံတဲ့ ထားဝယ်ရေးဇီမှန်း မျိုး မဟုတ်ပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒါလေးကိုစားရရင်ပဲ အလှူရှင်ကို ကျေးဇူးတင်ရအုံးမှာပါ ။ ကျွန်တော်တို့ ထားဝယ် အခေါ် ရေးဇီမှန်း သို့မဟုတ် သင်္ကြန်ထမင်းဆိုတာကို မော်လှမြိုင်နဲ့ ရခိုင်ဒေသတို့မှာလည်း လုပ်လေ့ရှိတယ်လို့ သိရပါတယ် ။ ဒါပေမယ့်လည်း ထွဲဖက်စားသုံးရတဲ့ အစားအစာတွေက မတူကြပါဘူး ။ ကျွန်တော်တို့ ဘက်မှာ ငါးပုတ်ခြေက်မီးကင် နဲ့ အသီးအရွက်ပေါင်းထုတ်တွေ မပါမဖြစ် ထည့်သွင်းပြီး စားသုံးကြပေမယ့် သူတို့ ဆီမှာတော့ ငါပိကြော်လိုမျိုးနဲ့ တွဲဖက်စားသုံးကြတယ်လို့ သိရပါတယ် ။

အခု ကျွန်တော်ရေးပြတဲ့ ထားဝယ်ဒေသ ရိုးရာရေးဇီမှန်း သို့မဟုတ် သင်္ကြန်ထမင်းဓလေ့အကြောင်းဟာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက မင်းရပ်ရွာမှာ ကျွန်တော်တို့ အဘိုးအဖွား အစဉ်ဆက်ပြုလုပ်ခဲ့တာကို အခြေခံပြီး ဖော်ပြထားတာဖြစ်ပါတယ် ။ ထားဝယ်ဒေသထဲက နယ်တစ်နယ်ရဲ့အလေ့အထကို အခြေခံပြီး ရေးပြထားတာဆိုတော့ သင်္ကြန်အချိန်အတွင်း ပြုလုပ်လေ့ရှိတဲ့ ရေးဇီမှန်းဓလေ့ဟာ တခြားနေရာတွေက လုပ်ပုံလုံးနည်းနဲ့ ပုံစံအားဖြစ် နည်းနည်းပါးပါးကွဲလွဲတာတွေ ရှိနိုင်ပါတယ် ။ ဒါပေမယ့်လည်း ကြီးကြီးကျယ်ကျယ်ကွဲလွဲတာမျိုး မရှိလောက်ပါဘူး ။

အခုချိန်မှာ ကျွန်တော်တို့ ထားဝယ်ဒေသကလူငယ်လေးတွေ ကိုယ့်ရိုးရာဓလေ့တွေကို အလေးထားရကောင်းမှန်း ၊ ထိန်းသိမ်းရကောင်းမှန်း အတော်လေးသိနေကြပြီလို့ ထင်ပါတယ် ။ အခုလို ပြောရတာကလည်း အွန်လိုင်း မီဒီယာတွေမှာ ဖွင့်ဟထုတ်ဖေါ်ထားကြတဲ့ သူတို့ သဘောထားလေးတွေကို တွေ့နေရတာမို့ပါ ။ ဒါဆိုရင် ဒေသခံများအနေနဲ့ ကိုယ့်ဒေသက တိမ်မြုတ်ပျောက်ကွယ်လု ဖြစ်နေတဲ့ ရိုးရာဓလေ့လေးတွေကို အစဖော်ထုတ်ပြီး ထိန်းသိမ်းကြဖို့ ဆန္ဒရှိကြမှာ မလွဲပါဘူး ။ ဒီတော့ အရှေ့မှီနောက်မှီလူကြီးများနဲ့ လူငယ်များကလည်း ကိုယ့်ထားဝယ်ဒေသက ရိုးရာ ရေးဇီမှန်းဓလေ့လေး ဆက်လက်ရှင်သန်ထွန်းကားနေအောင် အလေးထားဆောင်ရွက်ကြဖို့ အချိန်တန်ပြီလို့ ထင်မိပါတယ် ။

( ရန်နောင်စိုး )


Zawgyi
 ဒီ တစ္နွစ္ သၾကၤန္က်ရင္ ရန္ကုန္နဲ႔ မႏၱေလးမွာရွိေနၾကတဲ့ ကၽြန္ေတာ္တို႔ ေမာင္နုမေတြ နွစ္တိုင္းလိုပဲ အေဖနဲ႔အေမရွိရာ ေမြးရပ္ေျမထား၀ယ္က မင္းရပ္ရြာအိမ္မွာဆံုၾကအံုးမွာပါ ။ လိုမိသားစုေတြ ဆံုတဲ့အခါက်ရင္ အေဖက သၾကၤန္ျပီးတာနဲ႔ အလွဴတစ္ခုျပဳလုပ္ခ်င္တယ္လို႔ ၾကိဳေျပာပါတယ္ ။ ျပီးေတာ့ အေဖက အဲဒီလွဴမွာ ေရးဇီမွန္း ( ေရစိမ္ထမင္း - သၾကၤန္ထမင္း ) လွဴခ်င္တာတဲ့ ။ သိပ္ေကာင္းတဲ့ အစီစဥ္ တစ္ခုပါပဲ ။ ကၽြန္ေတာ္တို႔ ေမာင္နုမေတြ အကုန္လံုးလည္း ေရးဇီမွန္းလွဴမယ့္ အစီစဥ္ကို သေဘာက်ၾကပါတယ္ ။ အေဖ သၾကၤန္မွာ ေရးဇီမွန္းလွဴခ်င္တဲ့ ရည္ရြယ္ခ်က္ကို ကၽြန္ေတာ္ေကာင္းေကာင္းသိတာေပါ့ ။ အရင္ကတည္းကေန အစဥ္ဆက္ လုပ္လာၾကတဲ့ ရိုးရာေရးဇီမွန္းဓေလ့ကို ျပန္လည္ေဖာ္ထုတ္ျပီး အေဖကလွဴခ်င္ေနတာပါ ။ အခုေနာက္ပိုင္းမွာကလည္း ကၽြန္ေတာ္တို႔နယ္မွာ ထား၀ယ္ရိုးရာေရးဇီမွန္း လွဴတာမ်ိဳးက ေတာ္ေတာ္ေလးရွားေနၾကျပီမလား ။ အသက္ ၂၀ ၀န္းက်င္ အရြယ္ေတြေလာက္ဆို ထား၀ယ္ေရးဇီမွန္း ဓေလ့ကိုေကာင္းေကာင္း မသိၾကေတာ့ဘူးေလ ။ သိရင္လည္း အမယ္စံုတဲ့ ထား၀ယ္ေရးဇီမွန္းကို သူတို႔မစားဖူးေလာက္ေတာ့ပါဘူး ။ ဒါေၾကာင့္ အေဖက ထား၀ယ္ေရးစီမွန္း ဓေလ့ေလးကို တတ္နိဳင္သေလာက္ ထိန္းသိမ္းခ်င္တဲ့ စိတ္နဲ႔ ထား၀ယ္ရိုးရာ အမယ္စံုတဲ့ ထား၀ယ္ေရးဇီမွန္းကို လုပ္လွဴခ်င္တာပါ ။ ျပီးေတာ့ ထား၀ယ္ရိုးရာေရဇီမွန္းဆိုတာ ဘယ္လိုမ်ိဳးလဲ ဆိုတာကို အခုေခတ္လူငယ္ေတြ သံုးေဆာင္ဖူးေစခ်င္တဲ့ ေစတနာလည္း ပါပါတယ္ ။

ထား၀ယ္ရိုးရာ ေရးဇီမွန္းဆိုတာ ထမင္းကိုေရစိမ္ျပီး ငါးပုပ္ေျခာက္ဖုတ္တို႔ ၊ အသီးအရြက္ ေပါင္းထုပ္တို႔နဲ႔ တြဲဖက္ျပီး စားသံုးရတဲ့ အစားအစာ တစ္မ်ိဳးပါပဲ ။ ဒါက အလြယ္ဆံုးနဲ႔ အနီးစပ္ဆံုးေျပာတာပါ ။ တကယ္တမ္း အဓိကျဖစ္တဲ့ ေရးစီမွန္း တစ္အမယ္္ျဖစ္ဖို႔ ခ်က္ရျပဳရတာ ေတာ္ေတာ္ေလးကိုလက္၀င္ပါတယ္ ။ ပထမဆံုး ေရးဇီမွန္း ျဖစ္ဖို႔ ဆန္ကိုအရင္ခ်က္ရပါတယ္ ။ ဆန္ကို ထမင္းခ်က္သလိုခ်က္ရတယ္ဆိုေပမယ့္ သာမန္စားတဲ့ထမင္းထက္ပိုေပ်ာ့ေအာင္ခ်က္ရတာပါ ။ လိုခ်င္တဲ့ထမင္း အေပ်ာ့အမာကို ရျပီဆိုရင္ ေရနဲ႔အၾကိမ္ၾကိမ္ေဆးရပါတယ္ ။ အဲဒီလို ေဆးရတာက ထမင္းကိုေဆးတဲ့ေရေတြ ၾကည္သြားေအာင္ထိကို ေဆးရတာပါ ။ အဲဒီလို တစ္အုိုးျပီး တစ္အိုးခ်က္ထားတဲ့ ထမင္းအေပ်ာ့ေတြကို ေရနဲ႔အၾကိမ္ၾကိမ္ေဆး ၊ ေနာက္ဆံုး ေရၾကည္သြားတဲ့အခါ ေရထက္၀က္ေရာျပီး ရာ၀င္စဥ့္အိုးၾကီးေတြကို ထည့္ထားလိုက္ပါတယ္ ။ အဲဒါေတြကို ေနာက္ဆံုးအဆင့္အေနနဲ႔ အေမႊးရနံ႔ေလး ေမႊးေနေစဖို႔ ရိုးရာနည္းနဲ႔ ျပဳလုပ္တဲ့ အေမႊးရနံ ႔ေလးတစ္ခုတည့္ရပါေသးတယ္ .။ ထမင္းမွာအေမႊးရနံ ႔ေလးရေနေစဖို႔ ေဒသထြက္သစ္ျမစ္ ( ေဒသအေခၚ ပန္းရိုးျမစ္ ) တစ္မ်ိဳးရယ္ ၊ ပ်ားဖေရာင္းရယ္နဲ႔ ဆန္မုန္႔တို႔ကို ခြက္ေလးတစ္ခြက္ထဲမွာမီးရို ႔ ၊ ေရးဇီမွန္းထည့္ထားတဲ့ ရာ၀င္စဥ့္အိုးထဲကိုထည့္ ၊ ျပီးရင္ အေငြ႕လံုေအာင္ ဖံုးထားရပါတယ္ ။ အဲဒီ ပံုစံမ်ိဳးပဲ ေရးဇီမွန္းထည့္ထားတဲ့ အိုးေတြ ရွိသမွ်အကုန္လံုးထဲကိုလည္း ထည့္ထားရတာပါ ။ ဒါေၾကာင့္ ေရးဇီမွန္းကို စားလိုက္တဲ့ အခါတိုင္း စားခ်င္စိတ္ကို ျဖစ္ေပၚေစတဲ့ အနံ ႔တစ္မ်ိဳးကိုရေနတာျဖစ္ပါတယ္ ။ တခ်ိဳ ႔ကလည္း ေရးဇီမွန္းထဲမွာ စပါယ္ပန္းကေလးေတြကို ၾကဲထားပါေသးတယ္ ။ ဒီေတာ့ စားလုိက္တဲ့အခါတိုင္း စပါယ္ပန္းရနံ႔ေလးပါ သင္းေနတာေပါ့ ။

ဒါက အဓိကေရးဇီမွန္းတစ္မယ္တည္းကို ဘယ္လု္ိခ်က္ၾကတယ္ဆိုတာကို ကၽြန္ေတာ္ သိေသေလာက္ေလးေရးျပတာပါ ။ ေနာက္ထပ္ ေရးဇီမွန္းနဲ႔ ထြဲဖက္စားသံုးတဲ့ ငါးပုပ္ေျခာက္ ၊ အသီးအရြက္ေပါင္းထုတ္ ၊ မုန္႔ဆီေၾကာ္ ၊ မုန္႔ထိုးခြာ ( အစာသြပ္မုန္႔ဆီေၾကာ္တစ္မ်ိဳး ) ၊ ေကာက္ညွင္းထုပ္ နဲ႔ မုန္႔ေကာ္ထုပ္ေတြ လုပ္ရတာေတြ ရွိပါေသးတယ္ ။

ကၽြန္ေတာ္တို႔ ထား၀ယ္ရိုးရာ ဓေလ့ေတြထဲက ေရးဇီမွန္းလုပ္လွဴတဲ့ဓေလ့ေလးကို နွစ္သက္ျပီး စိတ္၀င္စားမိတာမို႔ ကၽြန္ေတာ့္ အဖြားရွိစဥ္အခါတုန္းက အဲဒီဓေလ့နဲ႔ ပက္သက္ျပီး ေမးၾကည့္ခဲ့ဖူးပါတယ္ ။ အဖြား …. ေရးဇီမွန္းလုပ္ျပီး လွဴတဲ့ဓေလ့ကို ဘယ္အခ်ိန္ေလာက္ကတည္းက စတင္ခဲ့တာလဲ အဖြားသိသေလာက္ေျပာျပပါအံုး…. လို႔ ေမးၾကည့္ေတာ့….. အဲလိုမ်ိဳးေတာ့ အဖြားလည္း မသိဘူး ငါ့ေျမးရယ္ ….တဲ့ ။ အဲ .... တို႔ငယ္ငယ္ေလးတုန္းကေတာ့ သၾကၤန္က်ရင္ ေရးဇီမွန္းကို ၾကီးၾကီးက်ယ္က်ယ္ လုပ္ျပီး ေကၽြးၾက ၊ ေမြးၾကနဲ႔ ဘုန္းၾကီးေက်ာင္းေတြကိုပို႔လွဴၾကတာ တကယ့္ကို ေပ်ာ္စရာၾကီးပဲဲ ….. ဆိုျပီး အသက္ 90 ေက်ာ္ေနျပီ ျဖစ္တဲ့ အဖြားက သူငယ္ငယ္တုန္းက ေရးဇီမွန္း ဓေလ့အေၾကာင္းကို လြမ္းလြမ္းေဆြးေဆြးၾကီးနဲ႔ကို ျပန္ျပီး ေျပာျပေတာ့တာပါ ။

အဖြားတို႔ အသက္ 19 – 20 အရြယ္ 1935 ခုနွစ္၀န္းက်င္ေလာက္အခ်ိန္က သၾကၤန္က်ရင္ ဟိုရြာ ဒီရြာကူးသန္းျပီး ေရပက္ခံတဲ့ ဓေလ့မရွိေသးဘူးတဲ့ ။ အဲဒီေတာ့ ရြာထဲက အဓိကက်တဲ့ ေနရာေတြမွာပဲ သၾကၤန္ပြဲ ဆင္ႏြဲဖို႔အတြက္ မ႑ပ္ေတြ ခန္းခန္းနားနား ေဆာက္လုပ္ၾကတယ္ ။ တကယ္ေတာ့ အဲဒီမ႑ပ္ၾကီးက ပေဒသာပင္ၾကီး တစ္ခုလည္းျဖစ္တယ္ ။ အနီးနားရွိ လူပ်ိဳ အပ်ိဳေတြက မ႑ပ္ၾကီးဆီကို လာၾကျပီး ေရလာကစားၾကတဲ့အခါ ပေဒသာပင္မွာခ်ိတ္ဆြဲဖို႔ အတြက္ ဆန္ ၊ ဆီ ၊ ၾကက္သြန္ ၊ ငရုပ္နဲ႔ တျခားအလွဴဖြယ္ ပစၥည္းတြလာျပီး ခ်ိတ္ဆြဲၾကရတယ္ ။ မ႑ပ္အတြင္းနဲ႔ အနီးတ၀ိုက္မွာေတာ့ ျဖတ္သြား ျဖတ္လာသူေတြနဲ႔ လာေရာက္ေရကစားၾကတဲ့ သူေတြေကၽြးေမြးဖို႔ ေရဇီမွန္းခ်က္ၾကတယ္ ။ ေရးဇီမွန္း ခ်က္ရာမွာ တြဲဖက္ျပီး စားသံုးၾကမယ့္ စားစရာ အမယ္ေတြနဲ႔ မုန္႔အမ်ိဳးမ်ိဳးေတြကိုလည္း အပ်ိဳ လူပ်ိဳေတြနဲ႔ တက္ညီ လက္ညီ လုပ္ရတာပါ ။ မ႑ပ္အနီးအနားမွာေတာ့ အိုးစည္၀ိုင္းၾကီးနဲ႔ ေဖ်ာ္ေျဖေနၾကျပီး သံခ်ဳပ္ထိုးသူေတြ ၊ တိုးမွဳၾကသူေတြ ၊ က တဲ့သူေတြနဲ႔ ေရကစားၾကသူေတြ စည္ကားလို႔ေနတယ္ ။ သၾကၤန္အတြင္းသံုးရက္စလံုး ေရးဇီမွန္းနဲ႔ တြဲဖက္စားသံုးမယ့္မုန္႔ေတြ လုပ္ၾကကိုင္ၾကနဲ႔ သူ႔ေခတ္သူ႔အခါကဆိုရင္ေတာ့ ေတာ္ေတာ္ကို ေပ်ာ္စရာေကာင္းမွာပါ ။ ေနာက္ျပီးရင္လည္း အပ်ိဳ လူပ်ိဳတို႔ တစ္ဦးနဲ႔ တစ္ဦး တရား၀င္လက္ပြန္းတတီး ေနခြင့္ရတဲ့ အခ်ိန္ခါသမရေလးျဖစ္တာဆိုေတာ့လည္း အဖြားတို႔အရြယ္ အသက္ပိုင္းျခားေတြ တစ္သက္ မေမ႔နိဳင္တဲ့ အခ်ိန္ေလးေတြ ျဖစ္ေနၾကမွာပါ ။

နွစ္ဆန္းတစ္ရက္ေန႔က်ေတာ့ မ႑ပ္မွာ ကာလသားသမီးတို႔ လာေရာက္ခ်ိတ္ဆြဲထားတဲ့ အလွဴဖြယ္ ၀ထၳဳတို႔ကို အကုန္သယ္ျပီး သက္ဆိုင္ရာရြာဘုန္းၾကီးေက်ာင္းဆီကို သြားလွဴရတာပါ ။ အဲခါက်ရင္ အလွဴရွင္ကာလသား ကာလသမီးမ်ားကို ေက်ာင္းထိုင္ဘုန္းၾကီးက တရားေဟာျပီး ေရစက္ခ် အမွ်ေပးေ၀ရပါတယ္ ။ အဓိကအားျဖင့္ ေရးဇီမွန္း စတုဒီသာအလွဴျပဳၾကျပီး ေနာက္ဆံုးမွာ ျပဳခဲ့သမွ် အလွဴတို႔ကို ဆရာေတာ္ အေရွ ႔ေမွာက္ တရားနာ ေရစက္ခ် အမွ်ေပးေ၀ၾကတာျဖစ္တယ္ ။ အဖြားတို႔ေခတ္က သၾကၤန္မွာ ေရးဇီမွန္းလုပ္လွဴၾကတာက တကယ့္ကို ျပီးျပည့္စံုျပီး ခ်စ္စရာေကာင္းတဲ့ ရိုးရာ ဓေလ့ေလးတစ္ခုပါပဲ ။

အေဖတို႔ အေမတို႔ ေခတ္က်ေတာ့ ေရးဇီမွန္း ဓေလ့က နည္းနည္း ေျပာင္းလဲလာျပီလို႔ ဆိုပါတယ္ ။ သူတို႔ ေခတ္က်ေတာ့ အဖိုးတို႔ အဖြားတို႔ ေခတ္ကလို မ႑ပ္ၾကီးမွာ ေရးစီမွန္း လွဴတဲ့ဓေလ့ေတြ မရွိၾကေတာ့ဘူးတဲ့ ။ အဲဒီခ်ိန္ေတြမွာ ကာလသားေတြက ရြာစဥ္ေလွ်ာက္လည္ျပီး ေရပက္ခံတဲ့ ဓေလ့ေတြရွိေနၾကပါျပီ ။ အတီးအမွဳတ္ဘက္မွာ ၀ါသနာပါျပီး ပါရမီရွိတဲ့ အေဖတို႔က်ေတာ့ ကာလသားေတြစုျပီးသံခ်ပ္ဖြဲ ႔ေထာင္တယ္ ။ တီးမွဳတ္ကိရိယာေတြ အစံုအလင္ပါတဲ့ အေဖတို႔ အဖြဲ ႔ဆိုရင္ ျမင္းလွည္းေလးေတြနဲ႔ ေရပက္ခံထြက္ၾကျပီး ရြာတန္းတစ္ေလွ်ာက္ ေရကစားမ႑ပ္ေတြနဲ႔ ဆုေပးမ႑ပ္ေတြမွာ သံခ်ပ္ထိုးျပိဳင္တာတို႔ သီခ်င္းဆိုျပီဳင္ၾကတာတို႔ကို အျပိဳင္ အဆိုင္ လုပ္လာၾကျပီလို႔ သိရပါတယ္ ။ အဲဒီ အခ်ိန္ေတြမွာေတာ့ ရြာကေရကစားမ႑ပ္ေတြမွာ ေရးစီမွန္းစတုဒီသာ ေကၽြးတဲ့အေလ့ထေတြ တျဖည္းျဖည္း ေမွးမွိန္လာၾကပါျပီ ။ ဒါေပမယ့္လည္း ရြာထဲကအိမ္တိုင္းေစ့နီးပါးလိုလိုမွာ ေရးဇီမွန္းလုပ္လွဴတဲ့ ဓေလ့ေတြ ေပၚလာတယ္လို႔ သိရပါတယ္ ။ အဲဒီလို လွဴၾကတာကလည္း သၾကၤန္အၾကိဳရက္ေတြကေန သၾကၤန္အျပီး နွစ္ဆန္းနွစ္ရက္ သံုးရက္ေလာက္ထိေတာင္ လွဴေနၾကတုန္းပါတဲ့ ။ အဲဒီအခ်ိန္က ကၽြန္ေတာ္တို႔ ထား၀ယ္သူ ထား၀ယ္သားေတြ သၾကၤန္ဆိုရင္ ေရးဇီမွန္းကို မျဖစ္မေနလွဴရမယ္လို႔ စြဲျမဲျပီးခံယူထားပံုရပါတယ္ ။ ရြာေတြမွာဆိုရင္ ကိုယ့္အိမ္အနီးနားပတ္၀န္းက်င္ ခုနွစ္အိမ္ေလာက္အုပ္စု တစ္စုဖြဲၾကျပီး ေရးဇီမွန္း လုပ္လွဴၾကတာပါ ။ ဒီဘက္အုပ္စုကလွဴျပီးရင္ ေနာက္တစ္အုပ္စုလွဴတဲ့ေနရာမွာ ၀ိုင္းကူလုပ္ျပီး ဘုန္းၾကီးေက်ာင္းေတြကိုအရင္ပို႔ ၊ ျပီးရင္အိမ္နီးနားပတ္၀န္းက်င္ေတြကို လွဴၾကတာ ၊ ကၽြးတာမ်ိဳးေတြ လုပ္ၾကပါတယ္ ။ ဒီၾကားထဲမွာ ဘုန္းၾကီးေတြပင့္ ၊ တရားနားျပီး တစ္ရြာလံုးကၽြတ္ဖိတ္ထားတဲ့လူေတြကို ေရးဇီမွန္း ၾကီးၾကီးက်ယ္က်ယ္လွဴတာမ်ိဳးလည္း ရွိပါေသးတယ္ ။ အေဖတို႔ အေမတို႔ ေခတ္ေရာက္တာ့ သၾကၤန္မွာ ေရးဇီမွန္းေကၽြးတဲ့ ဓေလ့က ပံုစံသာေျပာင္းသြားေပမယ့္လည္း သၾကၤန္နဲ႔ ေရးဇီမွန္း ၊ ေရးဇီမွန္းနဲ႔ သၾကၤန္ ခြဲလို႔မရေအာင္ ဒြန္တဲြေနတုန္း ရွိေသးတယ္လို႔ ဆိုရမွာျဖစ္ပါတယ္ ။

ကၽြန္ေတာ္တို႔ ငယ္ငယ္က သၾကၤန္ကာလေတြေရာက္ေတာ့ ရြာထဲမွာ တစ္အိမ္စ နွစ္အိမ္စ ၾကီးၾကီးက်ယ္က်ယ္ ေရးဇီမွန္းလုပ္လွဴတာေတြနဲ႔ ဘုန္းၾကီးေက်ာင္းေတြမွာ လွဴတာေတြကို ၾကံဳခဲ့ဖူးခဲ့ရေတာ့တာပါ ။ အေဖတို႔ အေမတို႔ ေခတ္ေတြတုန္းကလို ရြာထဲက အိမ္ေတြ အစုဖြဲ႔ျပီး အျပိဳင္ အဆိုင္လုပ္လွဴတာမ်ိဳးေတာ့ မေတြ ႔ရေတာ့ဘူး ။ အခုေနာက္ပိုင္း ထား၀ယ္ေဒသၾကၤန္ကာလမွာ ရိုးရာေရဒဇီမွန္း လုပ္လွဴတဲ့ ဓေလ့က ေတာ္ေတာ္ေလးကို ရွားေနပါျပီ ။ လွဴျဖစ္ျပန္ရင္လည္း ရိုးရာနည္းကို ေသြဖယ္ျပီးလုပ္လာၾကတယ္လို႔လည္း သိရပါတယ္ ။ ဥပမာ အသီးအရြက္ေပါင္းထုတ္ကို ငွက္ေပ်ာရြက္နဲ႔ ထုပ္ေပါင္းတာမ်ိဳးမဟုတ္ေတာ့ဘဲ လင္ဗန္းထဲအကုန္သြန္ထည့္ျပီးေပါင္းတာမ်ိဳးနဲ႔ ဖက္ရြက္နဲ႔ ထုပ္ျပီးေပါင္းရတဲ့ မုန္႔ေကာ္ထုတ္ေတြကို ပလပ္စတင့္အိပ္နဲ႔ ထုပ္ျပီးေပါင္းတာမ်ိဳးေတြပါ ။ ေနာက္ျပီး ေရးဇီမွန္းနဲ႔ တြဲဖက္လွဴေလ့ရွိတဲ့ မုန္႔ေတြထဲက ေကာက္ညွင္းျပန္ေပါင္းတို႔ နဲ႔ မုန္႔ေကာ္ထုတ္တို႔ကို မထည့္ေတာ့ဘဲ အဓီက မုန္႔ျဖစ္တဲ့ မုန္႔ဆီ ၊ မုန္႔ထိုးခြာ ( အစာသြပ္ မုန္႔ဆီေၾကာ္ ) တို႔ကိုသာ လုပ္ၾကေတာ့တယ္လို႔ သိရပါတယ္ ။ ဘယ္လိုပဲျဖစ္ျဖစ္ ထား၀ယ္ေရးဇီမွန္းရိုးမွန္ရင္ေတာ့ ငါးပုပ္ေျခာက္ဖုတ္နဲ႔ အသီးရြက္ ေပါင္းထုပ္က မပါမျဖစ္ပါရတာပါပဲ ။

ကၽြန္ေတာ္တို႔ ငယ္ငယ္က သၾကၤန္က်ျပီဆိုရင္ ေရးဇီမွန္း စားရေတာ့မယ္ဆိုေတာ့ ၾကိဳျပီး ေပ်ာ္ေနတတ္ၾကပါတယ္ ။ အဲဒီအခ်ိန္ေတြတုန္းကေတာ့ ရြာထဲမွာ အနည္းဆံုး သံုးေလးငါးအိမ္ေလာက္က ေရဇီမွန္း လုပ္လွဴတတ္ၾကတာမို႔ပါ ။ အခုေတာ့ အဲဒီလိုသိပ္ျပီး ေမ်ာ္လင့္လို႔ မရေတာ့ပါဘူး ။ ကံေကာင္းရင္ေတာ့ သၾကၤန္အခ်ိန္ေတြမွာ စားခြင့္ၾကံဳတတ္ပါတယ္ ။ ဒါေတာင္မွ အမယ္စံုတဲ့ ထား၀ယ္ေရးဇီမွန္း မ်ိဳး မဟုတ္ပါဘူး ။ ဘယ္လိုပဲ ျဖစ္ျဖစ္ အဲဒါေလးကိုစားရရင္ပဲ အလွဴရွင္ကို ေက်းဇူးတင္ရအံုးမွာပါ ။ ကၽြန္ေတာ္တို႔ ထား၀ယ္ အေခၚ ေရးဇီမွန္း သို႔မဟုတ္ သၾကၤန္ထမင္းဆိုတာကို ေမာ္လွျမိဳင္နဲ႔ ရခိုင္ေဒသတို႔မွာလည္း လုပ္ေလ့ရွိတယ္လို႔ သိရပါတယ္ ။ ဒါေပမယ့္လည္း ထြဲဖက္စားသံုးရတဲ့ အစားအစာေတြက မတူၾကပါဘူး ။ ကၽြန္ေတာ္တို႔ ဘက္မွာ ငါးပုတ္ေျခက္မီးကင္ နဲ႔ အသီးအရြက္ေပါင္းထုတ္ေတြ မပါမျဖစ္ ထည့္သြင္းျပီး စားသံုးၾကေပမယ့္ သူတို႔ ဆီမွာေတာ့ ငါပိေၾကာ္လိုမ်ိဳးနဲ႔ တြဲဖက္စားသံုးၾကတယ္လို႔ သိရပါတယ္ ။

အခု ကၽြန္ေတာ္ေရးျပတဲ့ ထား၀ယ္ေဒသ ရိုးရာေရးဇီမွန္း သို႔မဟုတ္ သၾကၤန္ထမင္းဓေလ့အေၾကာင္းဟာ ထား၀ယ္ခရိုင္ ေလာင္းလံုးျမိဳ ႔နယ္ထဲက မင္းရပ္ရြာမွာ ကၽြန္ေတာ္တို႔ အဘုိုးအဖြား အစဥ္ဆက္ျပဳလုပ္ခဲ့တာကို အေျခခံျပီး ေဖာ္ျပထားတာျဖစ္ပါတယ္ ။ ထား၀ယ္ေဒသထဲက နယ္တစ္နယ္ရဲ ႔အေလ့အထကို အေျခခံျပီး ေရးျပထားတာဆိုေတာ့ သၾကၤန္အခ်ိန္အတြင္း ျပဳလုပ္ေလ့ရွိတဲ့ ေရးဇီမွန္းဓေလ့ဟာ တျခားေနရာေတြက လုပ္ပံုလံုးနည္းနဲ႔ ပံုစံအားျဖစ္ နည္းနည္းပါးပါးကြဲလြဲတာေတြ ရွိနိဳင္ပါတယ္ ။ ဒါေပမယ့္လည္း ၾကီးၾကီးက်ယ္က်ယ္ကြဲလြဲတာမ်ိဳး မရွိေလာက္ပါဘူး ။

အခုခ်ိန္မွာ ကၽြန္ေတာ္တို႔ ထား၀ယ္ေဒသကလူငယ္ေလးေတြ ကိုယ့္ရိုးရာဓေလ့ေတြကို အေလးထားရေကာင္းမွန္း ၊ ထိန္းသိမ္းရေကာင္းမွန္း အေတာ္ေလးသိေနၾကျပီလို႔ ထင္ပါတယ္ ။ အခုလို ေျပာရတာကလည္း အြန္လိုင္း မီဒီယာေတြမွာ ဖြင့္ဟထုတ္ေဖၚထားၾကတဲ့ သူတို႔ သေဘာထားေလးေတြကို ေတြ ႔ေနရတာမို႔ပါ ။ ဒါဆိုရင္ ေဒသခံမ်ားအေနနဲ႔ ကိုယ့္ေဒသက တိမ္ျမဳတ္ေပ်ာက္ကြယ္လု ျဖစ္ေနတဲ့ ရိုးရာဓေလ့ေလးေတြကို အစေဖာ္ထုတ္ျပီး ထိန္းသိမ္းၾကဖို႔ ဆႏၵရွိၾကမွာ မလြဲပါဘူး ။ ဒီေတာ့ အေရွ ႔မွီေနာက္မွီလူၾကီးမ်ားနဲ႔ လူငယ္မ်ားကလည္း ကိုယ့္ထား၀ယ္ေဒသက ရိုးရာ ေရးဇီမွန္းဓေလ့ေလး ဆက္လက္ရွင္သန္ထြန္းကားေနေအာင္ အေလးထားေဆာင္ရြက္ၾကဖို႔ အခ်ိန္တန္ျပီလို႔ ထင္မိပါတယ္ ။

( ရန္ေနာင္စိုး )

ျမန္မာ႔ေဆးဖက္ဝင္ လင္းေနပင္

Written By လြင္႕ေမာင္ေမာင္ on Monday, April 6, 2015 | 2:37 AM


Item Name ------- Sweet-Flag (လင္းေန)
Category ---------- Raw Material
Botany Term ------ Acorus calamus Linn
Species Family --- Araceae
ေအးျမေသာ ရာသီဥတု ႐ွိသည့္ ေဒသမ်ား႐ွိ အင္းအိုင္ ေခ်ာင္းေျမာင္း တစ္၀ိုက္တြင္ ေပါက္ေရာက္သည္။
သဘာ၀ အေလ်ာက္ ေပါက္ေရာက္ ေသာ္လည္း အိမ္သံုးေဆး အျဖစ္ အသင့္ အတင့္ စိုက္ပ်ိဳး ၾကသည္။ ခ်င္းပင္ ကဲ့သို႕ပင္ စိုက္ပ်ိဳး ရသည္။

အပင္

ပင္ေပ်ာ့ ပင္ငယ္ မ်ိဳးျဖစ္၏။ အျမင့္ ၃ ေပ ခန္႕ထိ ျမင့္သည္။ ပင္စည္မွာ ေျမေအာက္ ပင္စည္ ျဖစ္သည္။ အနံ႕ ထင္႐ွား သည္။ ပင္စည္သည္ ဥတက္ သဖြယ္ ျဖစ္ကာ ဥမ်ား႐ွိ အဆစ္မ်ား အျဖဴေရာင္ ႐ွိသည္။

အ႐ြက္

အလ်ား ၃ ေပ ခန္႕ထိ ႐ွည္သည္။ ႐ြက္ျပား ေသးသြယ္ ႐ွည္လ်ားၿပီး ေခ်ာသည္။ ႐ြက္လယ္ေၾကာ ထင္႐ွား သန္မာသည္။ ေျမေအာက္ ပင္စည္မွ ေျမေပၚသို႕ ယပ္ေတာင္ သဖြယ္ ျဖန္႕ထြက္သည္။ ႐ြက္ထိပ္သည္ ဓါးသြားဦး ကဲ့သို႕ ပံုသဏၭာန္ ႐ွိသည္။

အပြင့္

႐ွည္လ်ားေသာ ပန္းခိုင္ ေပၚတြင္ စိမ္း၀ါေရာင္ အပြင့္ မ်ားစြာ ပြင့္၏။ အဖူးခြံ အစိမ္းေရာင္ ႐ွိ၍ အ႐ြက္ႏွင့္ တူသည္။

အသံုးဝင္ပံု

ေျမေအာက္ပင္စည္။

အာနိသင္

ျမန္မာ ေဆးက်မ္း မ်ားအလိုအရ လင္းေလ သည္စူး႐ွ ေသာ အနံ႕ ႐ွိ၏။ ခါး၍ စပ္ဖ်ဥ္းဖ်ဥ္း အရသာ ႐ွိ၏။ ႏူးညံ့စြာ ၀မ္းသက္ ေစ၍ ဆီး႐ႊင္ေစ၏။ လည္ေခ်ာင္း ကို အက်ိဳးျပဳ၏။ အညစ္ အေၾကးႏွင့္ ဆီးကုိ သန္႕႐ွင္းေအာင္ ျပဳတတ္၏။

 ေျမေအာက္ပင္စည္အသံုးျပဳပံု

 ၁။ လင္းေလ အႀကီး ႏွင့္ အငယ္ ႐ွိသည့္ အနက္ ေဆးသံုး အျဖစ္ အႀကီးကို သံုး၏။ လင္းေလ အျမစ္ကုိ က်ိဳေသာက္ပါက အဖ်ားေရာဂါ၊ ေခ်ာင္းဆိုး ေရာဂါ ႏွင့္ အဆိပ္ ျဖစ္ျခင္း မ်ား ေပ်ာက္၏။
၂။ လင္းေလကို ကၽြမ္းေအာင္ ဖုတ္၍ ဆီျဖင့္ ေရာလိမ္းက ကေလးမ်ား ၀မ္းနာ၊ ၀မ္းေရာင္ ေပ်ာက္၏။
၃။ လင္းေလကို သီဟုိဠ္ သရက္ေစ့ အဆီျဖင့္ ေရာလိမ္း ပါက အဆစ္ေရာင္ျခင္း ၊ အေၾကာထံုး ျခင္း ေပ်ာက္၏။
၄။ လင္းေလ ေဆးေျခာက္ႏွင့္ စမုန္ျဖဴ တုိ႕ကို ဆတူ ေရာ၍ အတြင္းလိပ္ေခါင္း သို႕ မႈိင္းတိုက္ေပး လွ်င္ လိပ္ေခါင္း ျမင္းသ႐ိုက္ ေရာဂါ ေပ်ာက္၏။
၅။ လင္းေလမႈန္႕ ကို ႏြားႏို႕ ခပ္ေႏြးေႏြး ျဖင့္ ေသာက္လွ်င္ လည္ေခ်ာင္းနာ ျခင္း ေပ်ာက္၏။
၆။ လင္းေလကို ေဆးခါးႀကီး ႏွင့္ ေရာစပ္၍ အဖ်ား ေရာဂါ က်ေဆး အျဖစ္ သံုး၏။
၇။ သူငယ္မ်ား သန္ထေသာ္ လင္းေလကို သတ္ၿပီးသား ႐ွိန္းခိုႏွင့္ ဆတူ ေရာ၍ တုိက္လွ်င္ ၀မ္းတြင္း႐ွိ သန္ေကာင္မ်ား က်ဆင္း လာ၏။
၈။ လင္းေလမႈန္႕ ႏွင့္ ခ်င္းေျခာက္မႈန္႕ ကို ဆတူ ယူ၍ ပ်ားရည္ႏွင့္ ေရာေသာက္ေသာ္ ႏႈတ္ခမ္း၊ ေမး၊ ပါးေစာင္း႐ြဲ႕ ျခင္း ေပ်ာက္၏။
၉။ ၀က္႐ူးနာ ႏွင့္ စိတ္ေနာက္ ေရာဂါ အတြက္ လင္းေနမႈန္႕ ကို ပ်ားရည္ႏွင့္ ေရာ၍ လ်က္ေပးရ၏။

ျမန္မာ႔ေဆးဖက္ဝင္အပင္မ်ား
http://health.thithtoolwin.com/2015/04/blog-post_35.html

ေစာင္းလ်ားသီး ႏွလံုးေရာဂါ ျဖစ္ပြားမႈမွ ကာကြယ္ေပးတယ္


ေစာင္းလ်ားသီးမွာ ကယ္လိုရီ ပါဝင္မႈနည္းၿပီး ဗီတာမင္ ေအ၊ အမွ်င္ဓာတ္နဲ႔ ပိုတက္စီယမ္ေတြ မ်ားစြာပါဝင္ပါတယ္။

ပိုလီဖီေနာနဲ႔ အင္တီေအာက္ဆီးဒင့္ေတြ ပါဝင္ၿပီး ႏွလံုးနဲ႔ ေသြးေၾကာေတြ ေရာင္ရမ္းမႈကို တြန္းလွန္ေပးႏုိင္ပါတယ္။ ေဇာင္းလ်ားသီးရဲ႕ အရသာက ဘာနဲ႔မွ မတူဘဲ တစ္မူထူးျခားပါတယ္။

အခြံႏႊာစရာ မလိုဘဲ လွီးစားပါက ၾကယ္ပံုသဏၭာန္ ေလးေတြ ရွိပါတယ္။ ေစာင္းလ်ားသီး တစ္လံုးကေန ၂၈ ကယ္လိုရီ၊ ဗီတာမင္ေအ ၅၆ အိုင္ယူ၊ အမွ်င္ဓာတ္ ၂ ဒသမ ၅ ဂရမ္၊ ပိုတက္စီယမ္ ၁၂၁ မီလီဂရမ္ကို ရရွိႏုိင္ပါတယ္။

 Good Health

ကေလးဖ်ားေနစဥ္ မိဘအခ်ိဳ႕၏ မွားယြင္း လုပ္ေဆာင္ေနမႈမ်ား

Written By လြင္႕ေမာင္ေမာင္ on Thursday, March 12, 2015 | 10:58 PM

ပါေမာကၡ ေဒါက္တာေက်ာ္ဇင္ေဝ
 ကေလးဖ်ားေနစဥ္ မိဘအခ်ိဳ႕၏ မွားယြင္း လုပ္ေဆာင္ေနမႈမ်ား "ကေလးငယ္ကို ေဆးတိုက္လိုက္ရင္ အဖ်ားက က်သြားေပမယ့္ ျပီးရင္ ျပန္တက္ လာတာပဲ ဆရာ"လို႔ ကေလးမိဘအ ေတာ္မ်ားမ်ားက ေျပာတတ္ၾကတယ္။ ဒါအမွန္ပါပဲ၊ ဒီအတိုင္းပဲ ျဖစ္ေနမွာပဲ။ ကေလးကို ပါရာစီတေမာတိုက္ရင္ ေဆး ရဲ႕ အာနိသင္က ငါးနာရီ၊ ေျခာက္နာရီ ေလာက္ပဲ ခံပါတယ္။ ေဆးအာနိသင္ ကုန္သြားရင္ အဖ်ားက ျပန္တက္လာပါ တယ္။ ေနာက္တစ္ခါ ေဆးျပန္တိုက္ လိုက္ရင္ ကေလးက အဖ်ားျပန္က်သြား ျပန္ေရာ။ အဲဒါက ဝင္တဲ့ ဗိုင္းရပ္စ္ပိုး အ မ်ိဳးအစားေပၚမူတည္ၿပီး(ဥပမာ တစ္ရက္ ဖ်ားမွာလား၊ သံုးရက္ဖ်ား မွာလား) အဖ်ား က်တာ၊ မက်တာက အေရးမႀကီးဘူး။ ကေလးကို ဘာပိုးဝင္ၿပီး ဘယ္လိုဒုကၡေပး ႏိုင္သလဲဆိုတာက ပိုအေရးႀကီး ပါတယ္။

ပိုးဝင္ျခင္း

ပိုးေတြေၾကာင့္ ႐ုတ္တရက္ ကိုယ္ပူ ႀကီးလာတဲ့ အခ်ိန္မွာ ကေလးေတြက ႐ုတ္ တရက္ တက္တတ္ပါတယ္။ အဲဒါမ်ိဳး ေတြျဖစ္ရင္ အေမေတြက ပိုၿပီးေတာ့ ေတာင္ စိတ္ပူၾကပါတယ္။ အဲဒီလို ကိုယ္ ပူၿပီး တက္တတ္တဲ့ ကေလးေတြနဲ႔ မ်ိဳး႐ိုး ထဲမွာ အဲဒီလိုမ်ိဳး တက္ဖူးတဲ့သူေတြ ရွိ တတ္ပါတယ္။ ဥပမာ-အေဖ၊ အေမတို႔ က သူတို႔ငယ္ငယ္တုန္းကလည္း တက္ တတ္တယ္ဆိုရင္ သူရဲ႕ သားသမီး၊ ေျမး၊ ျမစ္ေတြမွာ တက္တတ္တာကို ေတြ႕ရပါ တယ္။ ဖ်ားမွတက္တယ္။ အသက္အရြယ္ အပိုင္းအျခားကလည္း အနည္းဆံုး ေျခာက္လကေန ငါးႏွစ္-ေျခာက္ႏွစ္အထိ ပဲ။ အဲဒီအသက္အပိုင္းအျခားထက္ ေက်ာ္သြားရင္ေတာ့ အဖ်ားႀကီးၿပီး တက္ တယ္ဆိုတာ သိပ္မရွိေတာ့ဘူး။

ကိုပႈၾကီးျပီး တက္လွ်င္


အေရးႀကီးတာက ကိုယ္ပူႀကီးၿပီး ႐ုတ္တရက္တက္တယ္ဆိုရင္ အဖ်ားကို ျပန္က်ေအာင္ လုပ္လိုက္ရင္ တက္တာ လည္းျပန္က် သြားပါတယ္၊ သတိေကာင္း တယ္၊ နဂိုပံုမွန္အတိုင္း ျပန္ျဖစ္သြား တယ္။ အဖ်ားကေတာ့ ဆက္ရွိရင္ ရွိေန မယ္။ နဂိုပံုမွန္နဲ႔ ထူးမျခားနားျဖစ္ရင္ လည္း ျဖစ္ေနမယ္။ အဲဒါမ်ိဳးဆိုရင္ အဖ်ား ႀကီးလို႔ တက္တာမ်ိဳးက ဘာမွ ေၾကာက္ လန္႔စရာအေၾကာင္းမရွိပါဘူး။ ေဆးတစ္ မ်ိဳးတည္းနဲ႔ ကိုယ္ပူႀကီးတာကို ခ်မရရင္၊ ႏွစ္မ်ိဳးတြဲေပးၿပီး ခ်ခ်င္လည္း ခ်ရမယ္။ ေရပတ္တိုက္တာ ဒါမွမဟုတ္ ေအးတဲ့အ ခန္း (Air-condition)ထဲ ထားတာ စတဲ့ ေရာဂါေပၚမွာ မူတည္ၿပီး အဖ်ားကိုက် ေအာင္ လုပ္ရတာေတြလည္း ရွိပါတယ္။ ကေလးက ဖ်ားတာ၊ မဖ်ားတာထက္စာ ရင္ အစာစားလား၊ မစားဘူးလား၊ အရည္ ဝင္လား မဝင္ဘူးလား၊ လန္းလန္းဆန္း ဆန္းရွိလား၊ မလန္းဘူးလား၊ အဲဒါေတြ က ပိုၿပီး အေရးႀကီးပါတယ္။

  ေရပတ္တိုက္သင့္၊ မသင့္

တခ်ိဳ႕မိဘေတြက အဖ်ားၾကီးရင္ အေႏြးထည္ မဝတ္ရဘူး၊ ေစာင္မၿခံဳရဘူး၊ ေရပတ္တိုက္ရမယ္လို႔ ေျပာတတ္ၾကပါ တယ္။ အၾကမ္းဖ်င္းေတာ့ မွန္တယ္လို႔ ေျပာလို႔ရပါတယ္။ ဒါေပမဲ့ အေအးမိၿပီး နမိုးနီးယားဝင္ေနတဲ့ လူနာဆိုရင္ေတာ့ ေႏြးေႏြးေထြးေထြးထားဖို႔ လိုအပ္ပါတယ္၊ ခဏခဏ ေရပတ္တိုက္တာ၊ ေရေလာင္း နည္းျဖစ္တဲ့ ပါရာစီတေမာတို႔၊ ဘာတို႔ တိုက္ျပီးေတာ့ အဖ်ားက်ေအာင္ လုပ္တာက ပိုသင့္ေတာ္ပါတယ္။ မိဘေတြ အေနနဲ႔ လုပ္သင့္တာက တတ္ႏိုင္သမွ် ကေလးကို အစာဝင္ေအာင္ ေကြ်းရမယ္။ အဖတ္မဝင္ရင္ေတာင္မွ အရည္ဝင္ ေအာင္ တိုက္ရပါမယ္။

အစားအစာ ေကြ်းသင့္၊ မသင့္

မိဘအေတာ္မ်ားမ်ားက ကေလး ေတြ ဖ်ားၿပီဆိုတာနဲ႔ ဆန္ျပဳတ္ပဲ တိုက္ တာ၊ ၾကက္ေပါင္းရည္ေလးပဲ တိုက္တာ မ်ိဳးေတြ ေတြ႕ရပါတယ္။ တကယ္တမ္း ကေလးက ထမင္းစားခ်င္စိတ္ရွိရင္ ေကြ်း လို႔ ရပါတယ္။ အဲဒီအခါမွာပထမအေစာ ပိုင္း ခုနစ္ရက္ေလာက္ ဖ်ားရင္ ဘယ္အ သက္အရြယ္ပဲျဖစ္ျဖစ္ သာမန္အားျဖင့္ အစာျဖတ္ထားစရာ မလိုပါဘူး။ ထမင္း ေကြ်းလို႔ရပါတယ္၊ ထမင္းမဝင္ရင္ အ ရည္ တစ္ခုခုဝင္ေအာင္ တိုက္လို႔ရပါ မယ္။ ေရခ်ည္းပဲေတာ့ မဟုတ္ပါဘူး။ ဖ်ား တိုင္း ဓာတ္ဆားရည္ ေသာက္ရမယ္ဆို တာလည္း မဟုတ္ပါဘူး။ ေရာဂါေပၚမွာ မူတည္ၿပီး ဓာတ္ဆားရည္ ေသာက္သင့္ တဲ့ ေရာဂါရွိသလို၊ ဓာတ္ဆားရည္ မ ေသာက္သင့္တဲ့ ေရာဂါေတြလည္း ရွိပါ တယ္။

မက္ကေလာင္ေဖာက္ျခင္း

မွားယြင္း လုပ္ေဆာင္ တတ္တာေတြ ကေတာ့ ျမန္မာႏိုင္ငံမွာ ေတြ႕ရမ်ား တာက မက္ကေလာင္ ေဖာက္တယ္ဆို တဲ့ ဓေလ့ရွိၾကပါတယ္။ ကေလးေတြ ေတာ္ေတာ္နဲ႔ အဖ်ားမက်ရင္ မက္က ေလာင္ ေဖာက္ရတယ္ ဆိုၿပီး လက္ထိပ္ ေတြေဖာက္၊ ေျခထိပ္ေတြေဖာက္ လုပ္ တတ္ၾကပါတယ္။ ဒီထက္ပိုဆိုးတာက ေတာ့ စအိုနားကိုပါ ေဖာက္တတ္ၾကပါ တယ္။ အဲဒီလိုေဖာက္တဲ့ အခါ တခ်ိဳ႕က ဘူးလို႔ပဲ ေျပာခ်င္ပါတယ္။ အညစ္အ ေၾကးစြန္႔တဲ့ စအိုနားမွာ ပိုးေတြက အမ်ား ႀကီးပဲ။ သူ႔ဘာသာသူ အျပင္မွာ ေနေနတဲ့ ပိုးေတြက အပ္နဲ႔ေဖာက္လိုက္ေတာ့မွ ေသြးထြက္ၿပီး အဲဒီအေပါက္ကေန ခႏၶာ ကိုယ္ထဲ ပိုးေတြဝင္ သြားပါတယ္။ ေသြးက တစ္ကိုယ္လံုးကို လွည့္ပတ္ေနတာဆို ေတာ့ အဲဒီက်မွ ေသြးဆိပ္တက္ၿပီး ကေလးက ကိုယ္ပူေနရာက ေအးသြား တတ္ပါတယ္။ အဲဒါကို လူႀကီးေတြက အဖ်ားက်သြားၿပီ။ ထင္ေနၾကတာ။ တကယ္က အဖ်ားက်တာမဟုတ္ဘူး၊ ေသြးဆိပ္တက္ၿပီး မၾကာခင္ အသက္ အႏၱရာယ္ျဖစ္ႏိုင္တယ္ဆိုတာ သိထားဖို႔ လိုပါတယ္။ ဒါေၾကာင့္ မက္ကေလာင္ ေဖာက္တယ္ဆိုတာ မလုပ္သင့္ဘူးလို႔ပဲ အႀကံျပဳခ်င္ပါတယ္။ 

ပါေမာကၡ ေဒါက္တာေက်ာ္ဇင္ေဝ

 By Good Health

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လြင္႔ေမာင္ေမာင္(ထား၀ယ္) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger