Latest Post
8:54 AM
ချွေးထွက်များသည့်အခါ တွင်
(၁)ခရမ်းချဉ်သီးဖျော်ရည်ကို တစ်ပတ်လုံး နေ့စဉ်သောက်ပေးပါ။
(၂) Apple cider ဗနီကာ သို့မဟုတ် ဗနီကာရိုးရိုးကို ချိုင်းကြားတွင် လိမ်း ပေးခြင်းဖြင့် ချွေးစော်နံခြင်းကို ပျောက်စေသည်။ ပျားရည်ကို လက်ဖက်ရည်ဇွန်း(၂)ဇွန်းစာနှင့် ဗနီ ကာ(၂)ဇွန်းကို ရောပြီး အစာမစား မီ (၁)ပတ်ခန့်ပုံမှန်သောက်ပေးပါ။ ခြေ ထောက်ကို ဆေးကြောပြီး ချွေးစေး များ ပျံတတ်သည့်ခြေထောက်ကို ဗနီကာနှံ့အောင် လိမ်းပါ။ ထို့နောက် အခြောက်ခံပါ။
(၃)အာလူးကို လှီးပြီးချွေးထွက်သော နေရာကို လိမ်းပေးပါ။
(၄)လက်ဖက်စိမ်း(၁)ခွက် နေ့စဉ် သောက်ခြင်းဖြင့် ချွေးထွက်များခြင်း ကို ကောင်းစွာထိန်းပေးနိုင်သည်။
(၅) tea tree oil သည် မှိုစွဲခြင်းကို သက်သာစေသဖြင့် ချိုင်း၊ လက်များ၊ ခြေထောက်နှင့်ပေါင်ခြံနေရာတို့ ကို လိမ်းပေးပါက အသားကိုလည်း တင်းရင်းစေသည်။
အစားအသောက် အစားအသောက်အနေဖြင့် - အဆီများသောအစာ၊ကြက်သွန် နီ၊ ကြက်သွန်ဖြူ၊ ကဖိန်း၊အရက်နှင့် ကျက်ကျက် ကြော်ထားသော သရေ စာ၊ အခြားအစားအစာများကို ရှောင်ကြဉ်စားပါ။ ဆီလီကွန်သည် ချွေးထွက်များခြင်းကို ထိန်းပေးနိုင် သဖြင့် ဆီလီကွန်ပါဝင်သော စတော် ဘယ်ရီ၊ စပျစ်နှင့်ဗံဒါစေ့တို့ကို စား သုံးပါ။ ရေများများသောက်ပေးပါ။ ရေက ချွေးနံကို ဖြစ်စေသောအဆိပ် အတောက်များကို ချေဖျက်ပေး သည်။
အဝတ်အစားအားဖြင့် - လီနင်၊ ချည်တို့က ချွေးစုတ်စေသဖြင့် အရေပြားပေါ်တွင် အနံ့ဆိုးကို ဖြစ်စေသောဘက်တီးရီးယားများ ကို မပေါက်ပွားစေနိုင်ပါ။ အထူးသဖြင့် ခြေဖဝါး၊ ခြေထောက်၊ ချိုင်း အောက်၊ ပေါင်ခြံနေရာတို့တွင် ချွေးပို စုစေတတ်သည်။
ဒေါန
Health Updates Journal
ချွေးထွက်များပြီး ချွေးစော်မနံစေဖို့
Written By လွင့်မောင်မောင် on Saturday, March 7, 2015 | 8:54 AM

Labels:
ကျန်းမာရေး
7:57 AM

ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် ဆံပင်ကို သန်စွမ်းနက်မှောင်လာစေမည့် သဘာဝဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါသည်။
ဆေးနည်း
၁။ သြဇာသီးအမှည့်၏ အစေ့ကို မိမိဆံပင် အထူးအပါးပေါ်မူတည်၍ အစေ့ (၂၀)၊ (၃၀) စသဖြင့် ယူပါ။
၂။ ရင့်ပြီး မည်းနက်နေသော အစေ့များကိုသာ ရွေးယူပါ။
၃။ ၄င်းအစေ့များကို မီးဖုတ်ပေးပါ။
၎။ ပြာကျသွားသည့်အထိ ဖုတ်၍ ၄င်းသြဇာစေ့၏ ပြာကိုယူ၍ အုန်းဆီနှင့် ရောစပ်ကာ ဆံပင်ကို လိမ်းပေးပါ။ ပျားရည်၊ နနွင်းတို့နှင့် ရောစပ်ကာ မန်ကျည်းစေ့ခန့် ဆေးလုံးများပြုလုပ်ထား၍ ညပိုင်းမှာ ရေအေးနဲ့ သောက်သုံးနိုင်ပါတယ်။။
နောက်တစ်နည်း
ကြိတ်မှန်ရွက်ကို အရည်ညစ်ယူပါ။ ပြီးလျှင် နမ်းဆီနှ့်ရော၍ ကြော်လိုက်ပါ။ ဆူပွတ်လာလျှင် အောက်ချပြီး အအေးခံထားပါ။ ၄င်းအရည်ကို ဆံပင်၏ အရင်းမှအဖျားထိ လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်ခန့် လိမ်းပေးပါ။
ဆံပင်ဖြူများ တဖြေးဖြေးနက်မှောင်လာ၍ နောက်ထပ်ပေါက်လာမည့် ဆံပင်များလည်း နက်မှောင်ကာ သန်စွမ်းလာပါလိမ့်မည်။
သန်စွမ်းနက်မှောင်၍ လှပသောဆံကေသာများကို ပိုင်ဆိုင်နိုင်ကြပါစေ။
ဦးစောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ရိုးရာဆေးကျမ်းများ
ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် သဘာဝဆေးနည်း
Written By လွင့်မောင်မောင် on Wednesday, February 25, 2015 | 7:57 AM

ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် ဆံပင်ကို သန်စွမ်းနက်မှောင်လာစေမည့် သဘာဝဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါသည်။
ဆေးနည်း
၁။ သြဇာသီးအမှည့်၏ အစေ့ကို မိမိဆံပင် အထူးအပါးပေါ်မူတည်၍ အစေ့ (၂၀)၊ (၃၀) စသဖြင့် ယူပါ။
၂။ ရင့်ပြီး မည်းနက်နေသော အစေ့များကိုသာ ရွေးယူပါ။
၃။ ၄င်းအစေ့များကို မီးဖုတ်ပေးပါ။
၎။ ပြာကျသွားသည့်အထိ ဖုတ်၍ ၄င်းသြဇာစေ့၏ ပြာကိုယူ၍ အုန်းဆီနှင့် ရောစပ်ကာ ဆံပင်ကို လိမ်းပေးပါ။ ပျားရည်၊ နနွင်းတို့နှင့် ရောစပ်ကာ မန်ကျည်းစေ့ခန့် ဆေးလုံးများပြုလုပ်ထား၍ ညပိုင်းမှာ ရေအေးနဲ့ သောက်သုံးနိုင်ပါတယ်။။
နောက်တစ်နည်း
ကြိတ်မှန်ရွက်ကို အရည်ညစ်ယူပါ။ ပြီးလျှင် နမ်းဆီနှ့်ရော၍ ကြော်လိုက်ပါ။ ဆူပွတ်လာလျှင် အောက်ချပြီး အအေးခံထားပါ။ ၄င်းအရည်ကို ဆံပင်၏ အရင်းမှအဖျားထိ လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်ခန့် လိမ်းပေးပါ။
ဆံပင်ဖြူများ တဖြေးဖြေးနက်မှောင်လာ၍ နောက်ထပ်ပေါက်လာမည့် ဆံပင်များလည်း နက်မှောင်ကာ သန်စွမ်းလာပါလိမ့်မည်။
သန်စွမ်းနက်မှောင်၍ လှပသောဆံကေသာများကို ပိုင်ဆိုင်နိုင်ကြပါစေ။
ဦးစောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ရိုးရာဆေးကျမ်းများ
Labels:
ကျန်းမာရေး,
နွယ်မြက်သစ်ပင်ဆေးဘက်ဝင်
7:26 AM
Item Name --------- Cassia Flower (နန်းလုံးကြိုင်)
Category ------------ Raw Material
Botany Term -------- Acacia farnesiana Willd
Species Family ----- Mimosaceae
မြန်မာ နိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ သဘာဝ အလျောက်အလေ့ကျ ပေါက်ရောက်သည်။
♥ အပင်
အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၁၀-၁၂ ပေ ခန့်ထိမြင့် သည်။ အကိုင်းအ ခက်များပြီး ဆူးရှိသည်။ အကိုင်းအခက်များပြီး ဆူးရှိသည်။ အကိုင်း အခက်များ ဆစ်ချိုး ထွက် သည်။ ပင်စည် ပေါ် တွင် အညိုနုရောင် အစက်ကလေး များ ပါရှိသည်။ အခေါက်မှ အစေးထွက် သည်။ အခေါက် စိမ်းညိုရောင် ရှိသည်။
♥ အရွက်
နှစ်ခါ ငှက်မွေး ရွက်ပေါင်း ဖြစ်ကာ ရွက်ဆိုင်ထွက် သည်။ ရွက်မြွာ များသည်သေးငယ် သည်။ ရှည်မျောမျော ပုံသဏ္ဍာန် ရှိပြီး မျက်နှာချင်း ဆိုင် ထွက်သည်။ ရွက်ပြား နူးညံ့သည်။ အနားညီ သည်။
♥ အပွင့်
အ၀ါရောင် ရှိ၍ သေးငယ်ပြီး ပန်းခိုင်ထိပ် တွင်ဘောလုံး သဏ္ဍာန်စု ပြုံ၍ထွက် သည်။ အနံ့မွှေး သည်။ တပေါင်းလ ၀ါခေါင်လ အတွင်း ပွင့် သည်။
♥ အသီး
အသီး တောင့် ဖြစ်၍ နှစ်ဖက် ချွန်ပြီး ပြောင်ချောသည်။ အညိုရင့် ရောင်ရှိသည်။ အခန်း ၄-၅ ခန်း ပါသည်။ တစ်ခန်းလျှင် အစေ့ တစ်စေ့စီ ပါရှိ၏ ။ အစေ့ အနည်းငယ်ပြား၍အညို ရောင်ရှိသည်။ နယုန်-၀ါဆို တွင် သီးသည်။
► အသုံးဝင်ပုံ
အခေါက် ၊ အရွက်။
♥ အာနိသင်။
မြန်မာ ဆေးကျမ်းများ အလိုအရ အခေါက်သည် ခါး၏ ၊ ပူ၏ ၊ စပ်၏ ၊ အဆိပ်ကို ပယ်တတ်၏ ။ သွေးဖောက်ပြန်ခြင်း ၊ ယားယံခြင်း နှင့် အနာပေါက် ရောဂါတို့၌ အကျိုးပြု၏ ။အစေးသည် ချို၏ ။ ခွန်အားကို ဖြစ်စေ၏ ။ ကာမကို အားပေး၏ ။
► အခေါက်အသုံးပြုပုံ
၁ ။ အခေါက်ကို ထက်ဝက်ခန်း အောင်ပြုတ်၍ ဖန်ရည် အဖြစ်ပလုတ် ကျင်းခြင်း၊ ငုံခြင်းပြု လုပ်ပါက သွားနာကျင် ခြင်း ၊ သွားဖုံးများ ရောင်ခြင်း ၊ သွားဖုံးများမှ ပြည်ယိုခြင်း နှင့် သွေးများ ယိုစီးခြင်း များပျောက်သည်။
၂ ။ အခေါက်ကို ပြုတ်၍ အနည်းငယ် မျှသောက်ပါက အလွန်အမင်း သွားသော ၀မ်းရောဂါ ပျောက်၏ ။
► အရွက်အသုံးပြုပုံ
၁ ။ အရွက်ကို ကြိတ်၍ ဆီးကင်းခန့် လုံးပြီး နံနက်ည တစ်လုံးစီ သောက်က ညောင်းကျ ရောဂါ ပျောက်စေသည်။
မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥
မြန်မာ့ဆေးဖက်ဝင် နန်းလုံးကြိုင်ပင်
Written By လွင့်မောင်မောင် on Monday, February 23, 2015 | 7:26 AM

7:20 AM

ချွေးထွက်တွေ များပြီး သွေးတိုး မရှိတဲ့ လူတွေက သွေးပေါင် အရမ်းကျ ကျပါတယ်။
သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင် ကျရင်လည်း သွေးပေါင် ပြန်တက်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် မကျခင်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်း လေးတွေကို သိထားရင်လည်း ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။
မုန်လာဥ အစိမ်းကို ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေကျစေရန် သွေးပေါင်ချိန် ထိန်းရန် အလွန် အကျိုးရှိသော ကုသမှု ဖြစ်ပါတယ်။ မုန်လာဥ ဖျော်ရည် တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ် သောက်သုံးပါ။ အာဟာရဓာတ် ကြွယ်ဝစေဖို့ အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများ ပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန် ညှိပေး နိုင်ပါတယ်။
ေ သွေးပေါင်ကျခြင်းကို ထိန်းသိမ်းဖို့ရာ ဆားကို အသုံးပြုပေးပါ။ သွေးပေါင်ချိန် ပုံမှန်ရှိသူ တစ်ယောက်ပင် ဖြစ်စေကာမူ ဆားပါဝင်သော အစားအသောက်ကို စားသုံးပေးပါ။ ဆားလက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်နှင့် ဖျော်၍ နေ့စဉ် သောက်သုံး ပေးလျှင် ကောင်းမွန် ပါတယ်။
ခန္ဓာကိုယ်ထဲမှ ရေဓာတ် ဆုံးရှုံးလျှင်လည်း သွေးပေါင်ချိန် ကျစေပြန်ပါတယ်။ သွေးပေါင်ချိန် ကျနေသော လူကို အရည်များများ ၀င်နိုင်သမျှ ၀င်အောင် တိုက်ပေးခြင်းဖြင့် ရေဓာတ် ဆုံးရှုံးမှုမှ ကယ်ဆယ် နိုင်ပါတယ်။
အကယ်၍ သွေးပေါင် တိုးနေပါက မိသားစု ဆရာဝန်ထံမှာ အကြံညဏ်ရယူပြီး သင့်တင့် မှန်ကန်သည့် ဆေးဝါး သောက်သုံးမှု ၊ ကုသမှု ယူသင့်ပါတယ်။ မိမိဘာသာ ဆေးများ သောက်သုံးခြင်း၊ သောက်ရသည့် ပမာဏထက် ပို၍ သောက်ခြင်း များကိုလည်း ရှောင်ကြဉ်ပါ။
By Health Articles
သွေးပေါင် ကျခြင်းမှ ကာကွယ်ဖို့

အစားအစာ
8:29 PM
အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ
Written By လွင့်မောင်မောင် on Saturday, February 21, 2015 | 8:29 PM
ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့
အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ
အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့
အားဖြည့်အချိုရည်နှင့်အရက် တွဲဖက်သောက်ခြင်းက ဆိုးကျိုးပိုများ
အရက်ကို အားဖြည့်အချိုရည်များနှင့် ရော၍ သောက်သုံးခြင်းသည် အရက်ချည်းသက်သက် သောက်ခြင်းထက် အန္တရာယ် ပိုကြီးမားကြောင်း သုတေသီများက သတိပေးလိုက်သည်။ ဂျာမန်ထုတ် Jagermeister အရက်ကို Red Bullကဲ့သို့ အားဖြည့်အချိုရည်များနှင့် တွဲဖက်ပေးထားသည့် Jager Bomb ယမကာ အခင်းအကျင်းသည် အနောက်နိုင်ငံများတွင် သိသိသာသာ ခေတ်စားလာသော်လည်း ယင်းသည် အန္တရာယ်ကို ဖိတ်ခေါ်မှု တစ်ခုဟု အမေရိကန် ပညာရှင်များက ပြောကြားခဲ့သည်။ အရက်ကို အားဖြည့်အချိုရည်နှင့် ရောစပ်သောက်သုံးခြင်းသည် အဘက်ဘက်မှ ဆိုးကျိုးသက်ရောက်နိုင်ပြီး အရက်စွဲလမ်းမှု ဖြစ်ပေါ်အောင်
ပိုမို လှုံ့ဆော်ပေးကြောင်းလည်း သိရှိရသည်။
အားဖြည့်အချိုရည်၏ အာနိသင်ကြောင့် နိုးကြားနေသည့်အခါ အရက်ကို ပိုမို၍ များများစားစား သောက်ဖြစ်သွားပြီး ရိုင်းစိုင်းသော အပြုအမူမျိုး ကျူးလွန်မိရန် ဖြစ်နိုင်ခြေလည်း ပိုများလာလေ့ရှိကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့သည်။ Jager Bombသည် လူငယ်များအကြား ရေပန်းစားသည့် ယမကာတစ်မျိုး ဖြစ်သော်လည်း လက်တွေ့တွင်မူ ရှောင်ကြဉ်သင့်သော အတွဲအဖက်မျိုးဟု မစ်ချီဂန်တက္ကသိုလ်၊ လူမှုရေး သုတေသန ဌာနမှ ဒေါက်တာ မီဂန်ပက်ထရစ်က မှတ်ချက်ပြုခဲ့သည်။
"ကောလိပ်ကျောင်းသားလေးတွေ အရက်ပိုစွဲလာတဲ့ အကြောင်းရင်းဟာ အားဖြည့်အချိုရည်တွေနဲ့ ရောစပ်ပြီး သောက်ကြလို့ ဆိုတာကို ကျွန်မတို့ တွေ့ရှိလာခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အဲဒီလို ရောစပ်တာဟာ အရက်သီးသန့် သောက်တာထက် အဆိပ်အတောက် ပိုများပါတယ်"ဟု ဒေါက်တာမီဂန်က ဆိုသည်။ ပင်ဆယ်လ်ဗေးနီးယား အစိုးရ တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျနီဖာမက်စ်သည် အဆိုပါ လေ့လာမှုတွင် ဒေါက်တာမီဂန်နှင့် ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်သည်။
လူငယ်ကျောင်းသား (၆၅၂)ဦးကို အခြေခံ လေ့လာခဲ့သော သုတေသန ရလဒ်နှင့် စပ်လျဉ်းပြီး ဒေါက်တာဂျနီဖာက "ဒီလိုအရောအစပ်ဟာ အဆိပ်အတောက် ဖြစ်နိုင်ခြေ ပိုများတဲ့အပြင် အရက်များများ သောက်ဖြစ်အောင်လည်း လှုံ့ဆော်တတ်ပါတယ်။ အားဖြည့်အချိုရည်ရဲ့ အာနိသင်ကြောင့် နိုးကြားနေတဲ့အခါ အရက်ကို ပိုပြီး သောက်လေ့ရှိလာတယ်လေ။ အရက်အဝင်များတဲ့အခါ လူမှုရေး နယ်ပယ်မှာ လက်ခံဖို့ခက်တဲ့ အပြုအမူမျိုးတွေ ပိုလုပ်ဖြစ်လာတယ်"ဟု ရှင်းပြခဲ့သည်။ မကြာသေးမီကလည်း ဂျာမနီနိုင်ငံမှ သုတေသီ တစ်စုသည် အားဖြည့်အချိုရည်များ သောက်သုံးခြင်းကြောင့် နှလုံးခုန်နှုန်းကို နှေးကွေးသွားအောင်
ပြောင်းလဲသက်ရောက်စေကြောင်း ဖော်ထုတ် တွေ့ရှိထားခဲ့သည်။
Planet Myanmar Network

တစ်ပတ်အတွင်းဒိုင်ယာရီ
-
▼
2022
(1)
- ▼ 12/04 - 12/11 (1)
-
►
2021
(6)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (1)
- ► 07/25 - 08/01 (1)
- ► 07/11 - 07/18 (3)
-
►
2016
(8)
- ► 05/08 - 05/15 (1)
- ► 03/27 - 04/03 (1)
- ► 03/13 - 03/20 (2)
- ► 02/21 - 02/28 (2)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
-
►
2015
(32)
- ► 12/27 - 01/03 (1)
- ► 12/13 - 12/20 (4)
- ► 11/22 - 11/29 (2)
- ► 07/19 - 07/26 (1)
- ► 04/19 - 04/26 (3)
- ► 04/12 - 04/19 (2)
- ► 04/05 - 04/12 (2)
- ► 03/08 - 03/15 (3)
- ► 03/01 - 03/08 (1)
- ► 02/22 - 03/01 (3)
- ► 02/15 - 02/22 (3)
- ► 02/01 - 02/08 (4)
- ► 01/25 - 02/01 (3)
-
►
2014
(10)
- ► 09/21 - 09/28 (1)
- ► 07/13 - 07/20 (1)
- ► 05/25 - 06/01 (1)
- ► 04/13 - 04/20 (2)
- ► 03/30 - 04/06 (1)
- ► 02/16 - 02/23 (2)
- ► 02/09 - 02/16 (2)
-
►
2013
(70)
- ► 12/29 - 01/05 (1)
- ► 11/17 - 11/24 (1)
- ► 11/03 - 11/10 (3)
- ► 10/27 - 11/03 (5)
- ► 10/20 - 10/27 (5)
- ► 10/13 - 10/20 (12)
- ► 10/06 - 10/13 (9)
- ► 09/29 - 10/06 (10)
- ► 09/22 - 09/29 (5)
- ► 09/15 - 09/22 (5)
- ► 09/08 - 09/15 (1)
- ► 09/01 - 09/08 (1)
- ► 07/28 - 08/04 (3)
- ► 07/21 - 07/28 (1)
- ► 06/16 - 06/23 (1)
- ► 06/02 - 06/09 (4)
- ► 05/26 - 06/02 (1)
- ► 04/07 - 04/14 (1)
- ► 03/10 - 03/17 (1)
-
►
2012
(43)
- ► 12/23 - 12/30 (1)
- ► 11/04 - 11/11 (5)
- ► 10/28 - 11/04 (1)
- ► 10/21 - 10/28 (3)
- ► 10/07 - 10/14 (2)
- ► 09/30 - 10/07 (11)
- ► 09/09 - 09/16 (1)
- ► 07/29 - 08/05 (2)
- ► 07/22 - 07/29 (2)
- ► 07/15 - 07/22 (4)
- ► 07/08 - 07/15 (3)
- ► 07/01 - 07/08 (2)
- ► 06/24 - 07/01 (1)
- ► 06/17 - 06/24 (1)
- ► 06/03 - 06/10 (1)
- ► 05/27 - 06/03 (1)
- ► 04/15 - 04/22 (2)
-
►
2011
(3)
- ► 10/02 - 10/09 (3)
-
►
2010
(1)
- ► 06/20 - 06/27 (1)