Latest Post
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သားအိမ်ကင်ဆာဖြစ်ပွားမှုအန္တရာယ် လျှော့ချနိုင်
Written By လွင့်မောင်မောင် on Friday, September 13, 2013 | 9:15 AM
သားအိမ်ကင်ဆာဖြစ်ပွား မှုအန္တရာယ်ကို လေ့ကျင့်ခန်းလုပ် ခြင်း၊ အစားအစာရွေးချယ်စား သုံးခြင်းနှင့် ကော်ဖီသောက်သုံး ခြင်းတို့ဖြင့် လျှော့ချနိုင်ကြောင်း သုတေသနတစ်ခုတွင် ဖော်ပြထား သည်။
ယူကေတွင် တစ်နှစ်လျှင် သားအိမ်ကင်ဆာဖြစ်ပွားမှုအ ရေအတွက်အားလုံး၏ထက်ဝက် ခန့် ၃၇၀ဝကို သွယ်လျတက်ကြွ အောင်နေထိုင်ခြင်းဖြင့် တားဆီး နိုင်ကြောင်း အချက်အလက်များ ကို သုံးသပ်ရာမှ တွေ့ရှိခဲ့သည်။ အမျိုးသမီးများသည် နေ့စဉ်ကာ ယလေ့ကျင့်ခန်းအနည်းဆုံး မိနစ် ၃ဝကြာပြုလုပ်ခြင်း၊ ကျန်းမာရေး နှင့်ညီညွတ်သောကိုယ်အလေး ချိန်ကိုထိန်းသိမ်းခြင်းဖြင့် သား အိမ်ကင်ဆာဖြစ်ပွားမှုအန္တရာယ် ကိုလျှော့ချနိုင်သည်ဟု လန်ဒန် ရှိ Imperial College မှ သုတေ သီများက ပြောကြားခဲ့သည်။
ကော်ဖီသည်လည်း အဆို ပါ ကင်ဆာအန္တရာယ်ကို လျှော့ ချနိုင်သည်ဟု World Cancer Research Fund အဖွဲ့က အစီ ရင်ခံခဲ့သည်။ သို့သော်လည်း ကော် ဖီသောက်ခြင်းက ရောဂါကိုကာ ကွယ်နိုင်သည်ဟု ထောက်ခံချက် ပေးရန်အထိ လုံလောက်သောအ ထောက်အထားမရှိသေးဟု ကျွမ်း ကျင်သူများက ပြောကြားခဲ့သည်။
သားအိမ်အနားစွန်းကင် ဆာသည် ယူကေ၌ အမျိုးသမီး များတွင်ဖြစ်ပွားသော ကင်ဆာ အားလုံးတွင် စတုတ္ထမြောက်အ ဖြစ်များဆုံးဖြစ်သည်။
၂၀၀ရ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင် ရာလေ့လာမှုတွင် Imperial College မှ သုတေသီများသည် အ ချက်အလက်များစုစည်း၍ အဆို ပါကင်ဆာဆိုင်ရာသုတေသန ကို သုံးသပ်ခဲ့ကြပြီး အစားအစာ၊ ကာယလှုပ်ရှားမှုနှင့် ကိုယ်အလေး ချိန်တို့နှင့် ဆက်စပ်ကြည့်ခဲ့သည်။ အမျိုးသမီးများသည် တစ်နေ့ လျှင် ၃၈ မိနစ်ခန့် သွက်လက် တက်ကြွစွာ ကိုယ်လက်လှုပ်ရှား ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ က သားအိမ်ကင်ဆာရောဂါ ၃၇၀၀ ကို ကြိုတင်ကာကွယ်နိုင် ကြောင်း လေ့လာမှုက အထောက် အထားများတွေ့ရှိခဲ့သည်။
ယူကေတွင် အမျိုးသမီးများ ၏ ၅၆ ရာခိုင်နှုန်းက တစ်ပတ် လျှင် ငါးရက်၊ တစ်နေ့လျှင် ကိုယ် လက်လှုပ်ရှားမှုအနည်းဆုံးမိနစ် ၃ဝလုပ်ရန် ထောက်ခံညွှန်ကြား ချက်များကို လိုက်နာပြီး ၃၉ရာ ခိုင်နှုန်းသာ ကျန်းမာရေးနှင့်ညီ ညွတ်သောကိုယ်အလေးချိန်ရှိ ကြသည်။ ''ရှင့်မှာ ကာယပိုင်းသွက် လက်တက်ကြွပြီး ကိုယ်အလေး ချိန်လဲ မပိုဘူးဆိုရင် သားအိမ် ကင်ဆာအန္တရာယ်ကို လျှော့ချနိုင် ပြီး အထွေထွေကျန်းမာရေးလဲ တိုးတက်နိုင်ပါတယ်''ဟု ဦးဆောင် စာတမ်းရေးသားသူ ထရေဇာနို ရက်က ဘီဘီစီသို့ ပြောကြားခဲ့ သည်။
ဗြိတိန် ၊ စက်တင်ဘာ(၁၂) ၊ Ref-AFP
Yangon Media Group
Coober Pedy Underground City (Opal capital of the world) မြေအောက်မြကျောက်ရွဲ မြို့တော်
Written By လွင့်မောင်မောင် on Sunday, September 1, 2013 | 11:24 AM
Coober Pedy City သည် တောင်ပိုင်းသြစတြေလျတိုက်၏မြောက်ပိုင်းဒေသမှ မြို့တစ်မြို့ဖြစ်သည်။ Adelaide  မြို့၏မြောက်ဘက် ၈၄၆ ကီလိုမီတာအကွာတွင်တည်ရှိသည်။
1915 ခုနှစ် January  လ တွင် Jim Hutchison ၊၁၄နှစ်အရွယ်သူ၏သားWilliam ၊  PJ Winch ၊
 နှင့် M McKenzie တို့သည် ထိုဒေသတွင် ရွှေ ရှာခဲ့ကြသည်။ ရွှေကိုမတွေ့။
 သူတို့သည် ဤနေရာတွင်စခန်းချလျက်ဆက်လက်ရွှေရှာခဲ့ကြသည်။
၁၉၁၅ ခု ဖေဖော်ဝါရီလ ၁ရက်နေ့တွင် သောက်ရေအတွက် မြေတူးရာမှ သားငယ်William သည် မြကျောက်ရွဲ (Opal) ကျောက်အပိုင်းအစများကိုတွေ့ရှိခဲ့သည်။
၁၉၂၀ ခုနှစ်ရောက်မှ “Coober Pedy” ဟုအမည်ပေးခဲ့သည်။
Coober Pedy ဆိုသောဝေါဟာရမှာ “လူဖြူများ၏ဂူ(white man's hole) ”ဟုအဓိပ္ပာယ်ရသော ရှေးဟောင်းသြစတြေလျတိုက်လူမျိုးများ၏ဝေါဟာရ “kupa-piti” မှ ဆင်းသက်လာသည်။
၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ ၁၆၉၅ယောက်(ဒေသခံသြစတြေလျတိုင်းရင်းသား ၂၇၅ ဦးအပါအ၀င် ၊ကျား၉၅၃ယောက် နှင့် မ ၇၄၂ယောက်) ရှိသည်။
Coober Pedy မိုင်းများမှ ကမ္ဘာတွင်အရည်သွေးအကောင်းဆုံးသော “မြကျောက်ရွဲ(Opal)”များထွက်ရှိသည်။
Coober Pedy တွင် Opal မိုင်းပေါင်း (၇၀)ကျော်ရှိ၍ ကမ္ဘာပေါ်တွင် ကျယ်ဝန်းဆုံးသော Opal မိုင်းဧရိယာဖြစ်သည်။
ဤကျောက်မိုင်း၏ ထူးခြားချက်မှာ ကျောက်တူး၍ ဖြစ်ပေါ်လာသော မိုင်းတွင်း နှင့် ဂူများကို ပြန်လည်မွန်းမံ ခြယ်သ ပြင်ဆင်ကာ အခန်းများဖွဲ့၍
 အိမ်၊ဟော်တယ်၊ဘုရားကျောင်း၊စားသောက်ဆိုင် ၊ကုန်ပစ္စည်းအရောင်းဆိုင် များ ပြုလုပ်ထားခြင်းပင်ဖြစ်သည်။
မြေအောက်တွင် လမ်းမကြီးများလည်း ဖောက်လုပ်ထားသည်။
ယနေ့အချိန်တွင် နိုင်ငံခြားခရီးသွားဧည့်သည်များ စိတ်ဝင်စားဆုံး နေရာ လည်းဖြစ်ပေရာ စီးပွားရေးမှာလည်း အလွန်ကောင်းမွန်သော မြေအောက်မြို့တော်လေးတစ်မြို့ဖြစ်ပေတော့သည်။
ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း
Written By လွင့်မောင်မောင် on Monday, July 29, 2013 | 8:13 AM
PHOTO- Multi-Vitamin
 ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။ 
ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီး မှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။
ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။
--
Ref: medic-facts
international news myanmar မှ ပြန်လည်မျှဝေပါသည်။
ဝက်ခြံအတွက် ကုထုံးများ
Written By လွင့်မောင်မောင် on Sunday, July 28, 2013 | 7:18 PM
ဝက်ခြံအတွက် အခြားကုထုံးများ အရေပြားရှိ ဆံခြည်မျှင် အိတ်တွေမှာ အရေပြား ဆဲလ်သေ၊ ဘက်တီးရီးယားနဲ့ ဆီကြည်လို့ ခေါ်တဲ့ အဆီတွေ ပိတ်ဆို့တဲ့အခါ ဝက်ခြံဖြစ်ပေါ်လာတတ် ပါတယ်။ ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးနဲ့ ပိုးမွှားတွေက ကြာလာရင် ဝက်ခြံ အဖုအပိမ့် အပြစ်အနာအဆာတွေ ဖြစ်လာတတ် ပါတယ်။
ဝက်ခြံအတွက် အာဟာရကုထုံး
တချို့အစား အသောက်တွေက အ ရေပြားမှာ အဆီတွေကို အလွန်အမင်း ထွက်ရှိစေတဲ့ အတွက် ရှောင်သင့်ပါတယ်။ အဆီထွက်ရှိမှု မြင့်မားစေတဲ့ အစားအ သောက်တွေက ကာဗိုဟိုက်ဒရိတ် (သကြား) နဲ့ ပြည့်ဝဆီပါတဲ့ အစာတွေ ဖြစ်ကြပါတယ်။ ဒီနေရာမှာ လူတစ်ယောက်နဲ့ တစ်ယောက် မတူတာက တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက်တတ်ပေမယ့် တချို့ လူတွေမှာ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကိုလည်း ရှောင်သင့်ပါတယ်။
အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ သစ်သီးနဲ့ ပဲအ မျိုးမျိုးကို စားတာကြောင့် အသားအရေ ကို ကျန်းမာလှပစေပါတယ်။ ခန္ဓာကိုထဲမှာ ဗီတာမင် ဒါမှမဟုတ် သတ္တုဓာတ်တစ်မျိုးမျိုး ချို့တဲ့ရင်လည်း ဖိစီးမှုကို တွန်းလှန်နိုင်စွမ်း လျော့နည်း ကာ ဝက်ခြံအဖုအပိမ့်တွေကို ဖြစ်စေနိုင် ပါတယ်။ ဝက်ခြံဖြစ်နေသူ ဒါမှမဟုတ် ဝက်ခြံဖြစ်လွယ်သူတွေ အဓိက မှီဝဲသင့် တဲ့ ဖြည့်စွက်ဆေးတွေကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ကြပါတယ်။
အမေရိကန်နဲ့ ဥရောပ လေ့လာမှုအ မျိုးမျိုးအရ ဇင့်(သွပ်)ဓာတ်ချို့တဲ့နေသူ တွေအနေနဲ့ ဝက်ခြံနဲ့ တခြားအရေပြားအ ပြစ်အနာအဆာဖြစ်နှုန်း မြင့်မားကြောင်း တွေပရပါတယ်။ ဝက်ခြံရှိသူ လူနာတွေ အနေနဲ့ ပုံမှန် ဇင့်(သွပ်) မှီဝဲပြီး နှစ်လအကြာမှာ ဝက်ခြံနဲ့ တခြားအဖုအပိမ့်တွေ ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းမှု ရှိကြောင်း သိရသည်။ ဇင့်(သွပ်) ဓာတ် ရောင်ရမ်းမှုကို တွန်းလှန်နိုင်စွမ်း ရှိပြီး အရေပြားဓာတ်မတည့်မှုကို လျော့ကျ စေပါတယ်။ ဇင့်(သွပ်)ဓာတ်များပြားတဲ့ အစားအစာတွေက အခြောက်အခြမ်း လုပ်ထားတဲ့ ပဲအမျိုးမျိုး၊ ဂျုံ၊ ကမာ စတာ တွေ ဖြစ်ကြပါတယ်။
ဝက်ခြံအတွက် ဆေးဖက်ဝင်ကုထုံး
ဆးဖက်ဝင်ကုထုံးအများစုဟာ ဝက်ခြံအဖုအပိမ့်ဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေကို ကင်းစင်စေပါတယ်။ ဆေး ဖက်ဝင်အပင်တွေက ကိုယ်တွင်းစနစ်ကို သန့်စင်စေတဲ့အတွက် နောက်တစ်ကြိမ် ဝက်ခြံအဖုအပိမ့်တွေ မဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ လက်ဖက်ဆီ ( Tea Tree Oil)
လက်ဖက်ဆီ ငါးရာခိုင်နှုန်းက ထုတ်ထားတဲ့ ဂျဲလ်ဟာ ဘန်ဇွိုင်းပါအောက် ဆိုက်လိုးရှင်း ငါးရာခိုင်နှုန်းလိုပဲ ဝက်ခြံကင်း စင်စေတယ်လို့ ဩစတြေးလျသုတေသီ တွေက ဆိုပါတယ်။ လက်ဖက်ဆီမှာ ဘက် တီးရီးယားသေစေတဲ့ အာနိသင်ရှိပြီး အလွန်အစွမ်းထက် ပါတယ်။
အခြားဝက်ခြံ ကုသနည်းများ
ရနံ့ကုထုံး - ချမိုမိုင်း၊ လာဗန်ဒါ စတဲ့ မရှိမဖြစ်ဆီတွေကို ကြက်သီးနွေးရေနဲ့ ဖျော်ပြီး စပရေးအနေနဲ့ ဖျန်းပက်ပေးတာ ကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ဝက်ခြံသက်သာစေပါတယ်။
အအေးကုထုံး - ဝက်ခြံအဖုအပိမ့်ပေါ်ကို ရေခဲကပ်တဲ့ နည်း၊ ပင်လယ်ရေ စိမ် တဲ့နည်းနဲ့ အေးမြစိုစွတ်တဲ့ ပိတ်စနဲ့ ကပ် တဲ့နည်းတွေဟာလည်း ဝက်ခြံသက်သာ စေပါတယ်။
တရားထိုင်ခြင်း - စိတ်ဖိစီးမှုနဲ့ နာ့ဗ် ကြောတင်းအားတို့ကြောင့် ဖြစ်တဲ့ ဝက်ခြံ အဖုအပိမ့်တွေဟာ တရားထိုင်တာကြောင့် သက်သာစေပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
By Good Health
နက္ခတ္တဗေဒ မှတ်စုများ(၁) ယုဂ် များ (YOGAS )
  ယုဂ် များ (YOGAS )                                 
 ဂြိုဟ်တို့၏ ရပ်တည်ခြင်း ၊ ပူးခြင်း ၊ မြင်ခြင်း ၊ သမ္ဗန္ဓပြု ခြင်း တို့ကိုအကြောင်းပြု၍ “ ယုဂ် ”
 ဖြစ်ပေါ်လာသည် ။
  ရာဇယုဂ်များ
     ရာဇယုဂ် ရသော ဇာတာရှင်သည် ကာလ ၊ဒေသ အကြောင်းကိစ္စအားလျှော်စွာ  ထင်ပေါ်ကျော်ကြားခြင်း ၊ လူအများ၏ကြည်ညို လေးစားခြင်း ၊ ပူဇော်ခံရခြင်း ၊ စည်းစိမ် သုခနှင့်ပြည့်စုံခြင်း ၊ ကိုယ် စိတ် နှစ်ပါး ချမ်းသာခြင်း ၊ အခြွေ အရံ များခြင်း ၊ မိတ်ဆွေ အပေါင်းအသင်းတို့၏ အကျိုးကိုဆောင်ရွက်ခြင်း၊ ၊ မိတ်ဆွေ အပေါင်းအသင်းတို့၏ ချီးမြှင့် မြှောက်စားမှုကို ခံယူရခြင်း စိတ်သဘောထားပြည့်ဝခြင်း ၊ ခွင့်လွှတ်ခြင်း ၊ သည်းခံခြင်း ၊ ပညာဉာဏ်အမြော်အမြင်ရှိခြင်း ၊ မည်သည့်ပညာရပ်မဆို လွယ်ကူစွာတတ်မြောက်ခြင်း၊ ရန်သူအပေါင်းကိုနိုင်ခြင်း ၊ ခေါင်းဆောင်ဖြစ်ရခြင်း ၊ အမျိုး၌ထင်ပေါ်ခြင်း ၊
 စသည့်အကျိုးများခံစားရလေသည် ။
                                     ဗြို့ ဟဇ်ဇာတက ကျမ်းပြု ဝရဟမိဟိရ ၏အလိုရ ရာဇယုဂ်များ
၁။    မွေးဖွားချိန်တွင် ဂြိုဟ် (၂)လုံး သို့မဟုတ် (၃) လုံးသည် မိမိဥစ် အိမ် ၊ သို့မဟုတ်
      ကသစ်အိမ်တွင်ရပ်တည်ကြပြီး တပြိုင်တည်းမှာပင်  ြ၈ိုဟ်တစ်လုံးနှင့်တစ်လုံး တြိကောဏ  
      အနေအထားရှိလျှင် မင်းမျိုး ဖြစ်ပါက မင်းဖြစ်လိမ့်မည် ။
၂ ။   မွေးဖွားချိန်တွင် ဂြိုဟ်-၅လုံးနှင့်အထက်သည်  မိမိဥစ် အိမ် ၊ သို့မဟုတ် ကသစ်အိမ်တွင်ရပ်တည်ကြပြီး 
   တပြိုင်တည်းမှာပင်ြ၈ိုဟ်တစ်လုံးနှင့်တစ်လုံး တြိကောဏ အနေအထားရှိလျှင် မင်းမျိုးမဟုတ်သူပင်  
   မင်းဖြစ်လိမ့်မည် ။ ဂြိုဟ် ၅-လုံးထက်နည်းလျှင် ပစ္စည်းဥစ္စာ ချမ်းသာမည် ။ မင်းကားဖြစ်မည်မဟုတ်ပေ ။
၃။  မွေးဖွားချိန်တွင် +တနင်္ဂနွေဂြိုဟ်သည် လဂ် စန်းနှင့်အတူ မိဿရာသီတွင်ရပ်တည်၍ အင်္ဂ ါဂြိုဟ်သည်
     ဥစ်အိမ် တွင်လည်းကောင်း ၊ စနေဂြိုဟ်သည် ကုံရာသီတွင်လည်းကောင်း ၊ ကြာသပတေးဂြိုဟ်သည်
     ဓနုရာသီတွင်လည်းကောင်း ရပ်တည်ကြလျှင် မင်းသားသည် မင်းဖြစ်လိမ့်မည် ။
၄။  မွေးဖွားချိန်တွင် သောကြာဂြိုဟ်သည် ၄-တန့်ဘာဝ မိမိပိုင်အိမ်တွင်လည်းကောင်း ၊ တနင်္လာဂြိုဟ်သည်
   ၉-တန့်ဘာဝ ၊ကျန်ဂြိုဟ်များသည်  ၁တန့် ၊၃ တန့် ၊၁၁တန့်ဘာဝများတွင်လည်းကောင်းရပ်တည်ကြလျှင်  
   ဇာတာရှင်သည် မင်းဖြစ်လိမ့်မည်။
၅ ။  မွေးဖွားချိန်တွင် အားရှိသော သောမဂြိုဟ်တစ်လုံးသည် လဂ်တွင်ရပ်တည်၍
     အခြားသောမဂြိုဟ်တစ်လုံးသည် ၄-တန့်ဘာဝတွင်ရပ်တည်ပြီး ကျန်ဂြိုဟ်များသည် ၂တန့် ၊ ၃တန့် ၊
   ၆တန့် ၊ ၉တန့် ၊ ၁၀တန့် ၊ ၁၁တန့် ဘာဝတွင်ရပ်တည်ကြလျှင် မင်းမျိုးဖြစ်ကမင်းဖြစ်လိမ့်မည် ။
၆ ။  မွေးဖွားချိန်တွင် စန်း သည် လဂ်နှင့်အတူ ပြိဿရာသီတွင်ရပ်တည်၍ စနေဂြိုဟ်သည် ၆တန့်ဘာဝတွင် 
      လည်းကောင်း အခြားဂြိုဟ်များသည် ၁၁တန့်ဘာဝတွင်လည်းကောင်း ရပ်တည်ကြလျှင်  
     ဇာတာရှင်သည်   မင်းဖြစ်လိမ့်မည် ။
၇။  မွေးဖွားချိန်တွင် ကြာသပတေးဂြိုဟ်သည် ၄တန့်ဘာဝတွင်လည်းကောင်း တနင်္ဂနွေဂြိုဟ်နှင့် 
   တနင်္လာဂြိုဟ်တို့သည် ၁၀တန့် ဘာဝ ၊ စနေဂြိုဟ်သည် ၁တန့်ဘာဝ တွင်လည်းကောင်း   
အခြားဂြိုဟ်များသည် ၁၁တန့်ဘာဝတွင်လည်းကောင်းရပ်တည်ကြလျှင်  ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
 ၈။ မွေးဖွားချိန်တွင် တနင်္လာဂြိုဟ်သည် ၁၀တန့် ၊ စနေဂြိုဟ်သည် ၁၁တန့် ၊
    ကြာသပတေးဂြိုဟ်သည် ၁တန့် ၊ အင်္ဂ ါ နှင့် ဗုဒ္ဓဟူးဂြိုဟ်
   တို့သည် ၂ တန့် ၊ တနင်္ဂနွေနှင့် သောကြာဂြိုဟ်တို့သည် ၄တန့်ဘာဝ များတွင် ရပ်တည်ကြလျှင်  
   ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
၉။  မွေးဖွားချိန်တွင် အင်္ဂ ါဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် ၁တန့် ၊ တနင်္လာဂြိုဟ်သည် ၄ တန့် ၊
    ကြာသပတေးဂြိုဟ်သည် ၇တန့် ၊သောကြာဂြိုဟ်သည် ၉တန့် ၊ တနင်္ဂနွေဂြိုဟ်သည် ၁၀တန့် ၊ 
    ဗုဒ္ဓဟူးဂြိုဟ်သည် ၁၁တန့် ဘာဝများတွင်ရပ်တည်ကြလျှင် ဇာတာရှင်သည် မင်းဖြစ်လိမ့်မည် ။
                        (ဗြို့ဟဇ်ဇာတက ကျမ်း မှ ကောက်နှုတ်ထားပါသည် )
တစ်ပတ်အတွင်းဒိုင်ယာရီ
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger