Latest Post

အင်းဝမြို့ဟောင်းသို့အရောက်...(ရန်နောင်စိုး)

Written By လွင့်မောင်မောင် on Tuesday, November 6, 2012 | 6:15 PM

သူငယ်ချင်းရေ…..ကိုယ်လည်း တံတားကြီးရဲ့ အုတ်လက် ရန်းပေါ်ထိုင်ပြီး အ၀ ရွှေမြို့တော်ကြီးကောင်းစားခဲ့ စဉ်တုန်းကမြို့သူမြို့သားများ ဒီတံတားကြီးပေါ်ကနေ လူးလာခေါက်တုံ သွားလာနေကြမယ့် မြင်ကွင်းကို မှန်းမျှော်ကြည်ရင်း…ပီတိဖြစ် နေလိုက်တာ နာရီဝက်လောက်ကြာသွားတယ်…

ပြီးတော့မှတံတားကြီးကိုဖြတ်ပြီး မြို့ရိုးရှိတဲ့နေရာကို ဆိုင်ကယ်တစီးနဲ့မောင်းဝင်ခဲ့တယ်….လမ်းမှာ ဟိုတစုဒီတစု နဲ့ ဘုရားပျက်တွေရော အကောင်းပကတိရှိတဲ့ စေတီတွေပါအများကြီးတွေ့ရတယ်..တချို့စေတီလေးတွေ ကို ပြန်လည်ပြု ပြင်နေတာ တွေ တွေ့ရတော့စိတ်ချမ်းသာမိတယ်…ဒါပေမယ့်မပြင်နိုင်တဲ့ ဘုရားတွေက ပိုများပါတယ်လေ…

. ဘုရားတစ်ဆူကို လေ့လာလိုက်ပြီဆိုရင် မူလကုသိုယ်ရှင်နာမည်ကို ညွှန်းထားတဲ့ ဆိုင်းဘုတ်တို့ မှတ်တမ်းတို့ကိုမတွေ့ရဘဲ နှေင်းခေတ်ပြုပြင်ထားတဲ့လူနာမယ်တွေဖြစ်တဲ့ “ ဒေါ်ကြမ်းဘုရားစု “ ဆိုတာမျိုးတွေ့ရတာများတော့ စိတ်ညစ်မိတယ် ။

အထင်ကရ ဘုရားတွေကတော့ သမိုင်းကြောင်းနဲ့တကွ ဖော်ပြထားတတ်ပါတယ်…တကယ်တော့ ဒီ အ၀ မြို့ဟောင်းဟာ မင်းနေပြည်တော် အဖြစ် လေး ကြိမ်တိုင်တိုင် ဖြစ်ခဲ့ တယ်ဆိုတော့ မြို့တော်ပတ် လည်မှာရှေးဟောင်းစေတီပုထိုး တွေကတော့လက်ညှိုးထိုးမလွဲ ပါဘဲ။

သူငယ်ချင်းရေ…..တယ်တော့ကိုယ်က ဒီရှေးဟောင်းနယ်မြေကြီးကို လေ့လာဖို့လာတာဆိုတော့ ဘုရားကြို ဘုရား အကြား ခြုံ ကြိုခြုံ ကြား မကျန် အချိန်ရသလောက် တော့ လေ့လာခဲ့တာ ဘဲ၊
အဲဒါတွေ ကိုသာဆက်ရေးနေမယ်ဆိုရင်တော့ ပြီးနိုင်တော့မှာမဟုတ်ဘူး…..ဒီတော့ သူငယ်ချင်းတို့စိတ်ဝင်စားမယ်လို့ ထင်တဲ့ နန်းမြို့အပြင်ဘက် လေးထပ်ကျေင်းကြီးကို သွားရောက်လေ့လာခဲ့တဲ့ အကြောင်းကိုပြောပြ မယ်နော်…..အဲဒီကျောင်း ကြီး ကဘောလုံးတကွင်းစာလောက်ရှိတဲ့ကွင်းကြီးထဲမှာ ထုနဲထည်နဲ ခန့်ခန့်ညားညား ကြီးတည်ရှိနေပါတယ်… ဒါပေမယ့် အဆောက် အဦ ကြိးက လေးပုံ သုံးပုံလောက် ပြိုကျ ပျက်စီးနေတာမြင်ရတော့…နှမျောတာရော စိတ်မကောင်း တာရော ခံစားရတယ်။

         အထဲဝင် ကြည့်လိုက်တော့ ပြိုကျနေတဲ့ အုတ်ပုံ ကြီးနဲ့ ခြုံ ပုတ်တွေ ဘဲ့တွေ့ရတော့..
 မြွေ ရန်ကင်းရန် ကြောက်လို့ အပြင် ကို အမြန်ထွက်လာလိုက်ရတယ်…မပြိုဘဲ ကျန်နေခဲ့ တဲ့အင်္ဂတေလက်ရာတွေကတော့ အံ့မခန်းနိုင်လောက်အောင် အနုစိတ်ခြယ် မှုန်းထားတာတွေ့ ရလေရဲ့။
   တောင်ဘက်အ၀င်မုတ်ဦးဆိုရင် မြင်မကောင်းလောက်အောင်ဘဲ ခြုံနွယ်တွေ သစ်ပင် တွေပေါက်ရောက်နေပြိးတော့ ပြိုကျလုဆဲဆဲဖြစ်နေပြီ….ကွင်းပြင်ကြီးကလည်း ကျောင်းကြီးရဲ့ အရှေ့ မျက်စာလောက်ဘဲ ရှင်းလင်းနေပြီးကျန်တဲ့အပိုင်းတွေက ခြုံဘုတ်တွေဖုံး လွမ်းနေလို့ ပတပတ်လည်လည် လေ့လာလို့မဖြစ်နိုင်တော့...။

 အဆောက် အဦကြီး ကို ကျေနပ်လောက်အောင်ထိ လှည့် ပတ် ကြည့် ရှု ပြီး တခြားနေရာသွားဖို့ ဆိုင်ကယ် ပေါ်တက်ခွ လိုက်တာနဲ့……တစ်ဒါဇင်လောက်ရှိတဲ့ ကလေးလေး တစု ဆိုင်ကယ် ပတ်လည်ဝိုင်းပြီးတော့ ဦးလေး မုန့်ဖိုးပေးပါဆိုပြီးတော့ ပိုက်ဆံတောင်းတော့တာဘဲ…စိတ်ထဲမှာတော့ ဘုရား လာလေ့ လာတာနဲ့ မုန့်ဖိုးပေးရတာ ဘာဆိုင်လို့လဲပေါ့….
ကိုယ့်အနေနဲ့ မုန်းဖိုး လွယ်လွယ်ကူကူ ပေးနိုင်ပေမယ့် သူတောင်းစားလည်း မဟုတ်ဘဲနဲ့ (အဲလိုလည်းမယူဆရက်ပါဘူး)..ရော့အင့်ဆိုပြီး ပေးလိုက်ရင် သူတို့လေးတွေဆတွက် အဆိပ်တောက် ဖြစ်သွားမလာဆိုပြီး စိုးရိမ်နေမိတယ်…
.နောက်ဆုံးတော့ လည်း အစဉ်လာလို ဖြစ်နေတဲ့ မုန့်ဖိုးတောင်းတဲ့ စနစ်ကြီး ကို မလွန်ဆန်နိုင်ဘဲနဲ့ စေတနာထားပြီးပေးလိုက်ပါတယ်.
.အဆိပ်ပင်ကို ရေလောင်းသလို ဖြစ်နေမလားဆိုပြီးတော့ ကိုယ့်ကိုယ်ကို သိပ်မကြေနပ်ချင်ဘူး……
နောက် ဒီထက်ဆိုးတာက.ကိုယ်သွား ခဲ့တာ ၂၃.၇.၂၀၁၂ အင်္ဂါနေ့ မနက် ၁၀ နာရီ လောက်ပါ။
ဒီထဲမှာ ကျောင်းနေရွယ်ကလေးလေး တွေ ပါတာ သတိထားမိတယ်…ကျောင်းတက်ချိုန် ဒီနေရာမှာရှိနေတဲ့ အဲဒီကလေး တွေ အတွက် ကို ရင်လေး နေမိတယ် ဘာကြေင့်လဲဆိုဆိုတော့ ဒီရှေးဟောင်း ယဉ်ကျေးနယ်မြေကိုနီးကပ် ထိမ်းသိန်း မယ့်သူတွေဟာ အသိ ဥာဏ်နဲ့ပညာရှိမှတော်ရာ ကျမှာ မဟုတ်လား….သူငယ်ချင်း။
ရန်နောင်စိုး(ထားဝယ်)

MMG ၃ နှစ်ပြည့် တွေ့ဆုံပွဲ မှတ်တမ်းဓာတ်ပုံများ

Written By လွင့်မောင်မောင် on Monday, November 5, 2012 | 11:23 PM



PETRA

Written By လွင့်မောင်မောင် on Sunday, November 4, 2012 | 10:21 PM


                                                            PETRA
 လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်ခန့်က အရှေ့အလယ်ပိုင်း ဒေသ ဂျော်ဒန် နိုင်ငံ Petra အမည်ရှိ ကျောက်တုံးမြို့တော်ဟု အဓိပ္ပါယ်ရသည့်နှင်းဆီသွေးရောင် ရှေးဟောင်းမြို့တော်သည် တောင်တန်းများအကြား နစ်မြုပ်နေခဲ့သည်။

ကမ္ဘာလှည့် ခရီးသည်များသည် အဆိုပါအံ့ ဘနန်း နေရာသို့ ရောက်ရှိရန် အလွန်ကျဉ်းမြောင်းသော တောင်ကမ်းပါးလမ်း မှ ၁ ဒသမ ၆ ကီလိုမီတာခန့် လမ်းလျှောက်သွားရသည်။ အဆိုပါမြို့တော်တွင် သင်္ချိုင်းဂူပေါင်း ၁၀၀၀ ၊ ယဇ်ပူဇော်ရာစင်မြင့်တစ်ခုနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတို့ရှိသည် ။

၎င်းအပြင် စမ်းချောင်းငယ် ပေါင်းများစွာရှိသည်။ ဆွစ်လူမျိုး ခရီးသွားဂျိုဟမ်ဘာ့ခ်ဟက်ဒ်က ၁၈၁၂ ခုနှစ်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခြင်းဖြစ်သည်။

ဘီစီ ၃၆၃ တွင် ရောမ အင်ပါယာ အောက်သို့ သိမ်းသွင်းခံရပြီးသည့်နောက်ပိုင်း ငလျှင် အကြီးအကျယ်လှုပ်ကာ အနီးအနားရှိ ရေကာတာများ ကျိုးကျပျက်စီး၍ ရေလွှမ်းမိုးခံရခြင်းကြောင့် ပျက်စီးသွားခဲ့ရသည်ဟုယူဆရလေသည်။ယူနက်စကို ကမ္ဘာ့အမွေအနှစ်များ စာရင်းဝင် ဒေသအဖြစ် အသိအမှတ်ပြုခံရပြီး ကမ္ဘာလှည့်ခရီးသွားများ အတွက် ကျော်ကြားသော ခရီးစဉ်တခုဖြစ်သည်။

မိန်းကလေးများအသားဖြူချင်ရင်


သဘာဝအဖြစ် အသားဖြူနည်းများ

လိမ္မော်ခွံနဲ့ အသားဖြူနည်း

လိမ္မော်သီးအခွံကို နေပူထဲ လှမ်းပေးပါ။ လုံးလုံးခြောက်သွေ့သွားတဲ့အချိန်မှာကြိတ် ပြီးပေါင်ဒါလို အမှုန့်ဖြစ်သွားအောင်လုပ်ပါ။ ပြီးမှ နိုးအစိမ်းနဲ့ရောပြီးပျစ်ခဲနေအောင် ဖျော်ပါ ။ အဲဒီ အရည်ကို အရေပြားကိုလိမ်းပါ။ နေ့စဉ်လိမ်းပေးပါ။ လိမ်းပြီးသွားလို့ အရေပြားပေါ်လုံးလုံးခြောက်သွေ့သွားတဲ့ အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြော သန့်စင်ပေးပါ။

ခရမ်းချဉ်သီးနဲ့ အလှပြင်မယ်

ခရမ်းချဉ်သီး ၂ -၃ လုံးလောက်ကြိတ်ပြီးအရည်ညှစ်ချပါ။ အဲဒီ့အရည်ထဲကိုသံပရာရည် တစ်စက် နှစ်စက်ထည့်ပြီးမျက်နှာကိုလိမ်းပေးပါ။ မိနစ် နှစ်ဆယ်လောက် အခြောက် ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်လုပ်ပေးပါ။ ၁၅ ရပ်ကနေ ရက်၂၀ အတွင်းသိသာထင်ရှားလာပါလိမ့်မယ်။

အမဲကွက်နဲ့ အစက်အပြောက်တွေ ပျောက်ဆေး

အာလူးအစိမ်းတစ်လုံးကိုယူပြီး ပါးပါးလှီးပါ။ လှီးထားတဲ့ အစိတ်လေးတွေကိုမျက်နှာ ပေါ် ကပ်ပေးပါ။ မျက်နှာပေါ်က မှဲ့ခြောက်တွေ။ အခြားအမဲကွက်တွေကိုပျောက်စေပါ တယ်။

နေပူလောင်အတွက်

နေပူလောက်ခံထားရတဲ့အသားရေများအတွက် နနွင်းမှုန့်နဲ့ သံပုရာရည်ရောပြီးလိမ်း ပေးပါ။ နေလောင်ဒဏ်ခံရတဲ့အသားရေအတွက်အရမ်းကောင်းပါတယ်။ နနွင်းကို တခြားအမယ်ပစ္စည်းတွေနဲ့ရောစပ်ပြီးအသုံးပြုနိုင်ပါသေးတယ်။ နနွင်းဟာ အသား ရေ ဖြူဝင်းလှပဖို့အတွက် အကောင်းဆုံးသဘာဝပစ္စည်တစ်းမျိုးပဲဖြစ်ပါတယ်။ အိပ် ရာထဲမ၀င်ခင် တစ်နာရီအလိုမှာ နွားနို့နွေးနွေးတစ်ဖန်ခွက်ထဲကိုနနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) ရောစပ်ပေးပါ။

အိမ်တွင်းအဖြစ် အသားဖြူ Lotion

သခွားသီးအရည်(စားပွဲတင်ဇွန်း) တစ်ဇွန်းထဲကို သံပရာရည် တစ်စက်နှစ်စက်ရော ပေးပါ။ သမအောင်ရောပြီးသွားရင်အဲဒီ့အရည်ကို မျက်နှာနဲ့လည်ပင်းကိုလိမ်းပေးပါ။ နာရီဝက်လောက်အခြောက်ခံပြီး သွားရင်မပူမအေးရေနွေးနွေးလေးနဲ့ဆေးကြော သန့် စင်ပေးပါ။ ပျိုတို့ရဲ့အသားရေဟာ အရင်ကထက် ပိုပြီးတောက်ပြောင်ရွှန်းလဲလာပါလိမ့် မယ်။

အိမ်တွင်းဖြစ် facial Mask

ပျားရည်တစ်ဇွန်း(စားပွဲတင်ဇွန်း)၊သဘောင်္သီး အရည်တစ်ဇွန်း (စားပွဲတင်ဇွန်း) တို့ ရောပြီးလိမ်းပေးပါ။ ၁၅ မိနစ်ခန့်စောင့်ပြီးမှရေနဲ့ပြန်ဆေးကြောပေးပါ။

ရှောင်ကြည်ရမည့်အချက်များ

အသားဖြူချင်တဲ့သူတွေရှောင်ကြည်ရမယ့် အချက်တွေရှိပါတယ်။ များဝယ်တာက အစသတိထားထသင့်တဲ့အချက်တွေရှိပါတယ်။ ပျိုတို့အနေနဲ့ တွေဝယ်သုံးစွဲတဲ့ အခါမှာမ၀ယ်ခင်ကိုယ့်အသားအရေရဲ့ အမျိုးအစားကိုသိပြီးမှ အသားအရေ အမျိုး အစားအလိုက်ရွှေးချယ်ဝယ်ယူသုံးစွဲသင့်ပါတယ်။

တချို့အသားဖြူအလှကုန်ပစ္စည်းတွေ ဟာ အဆီပြန်တဲ့အသားရေ၊ အခြောက်သွေ့တဲ့အသားရေအမျိုးအစားတွေနဲ့ သင့် တော်ခြင်းမရှိလို့ဖြစ်ပါတယ်။ အဆီများတဲ့အစားအစာတွေ၊ပူစပ်တဲ့အစားအစာများ၊ ဆီကြော်အစားစာများကိုလည်းမစားပါနဲ့။ ဒီအစားအစာတွေဟာအရေပြားပေါ်က ရေဓာတ် ခြောက်ခမ်းမှုကိုဖြစ်ပေါ်စေပြီးအရေပြားကိုခြောက်သွေ့
မည်းကွက်လာစေပါတယ်။ဘယ် လောက်ပဲ သုံးသုံး၊အသားဖြူဆေးသုံးသုံးကိုယ် ကာယလေ့ကျင့်ခန်းတွေ မလုပ်လို့ က တော့ အကျိုးထိရောက်မှုမရှိပါဘူး။ ကာယလေ့ကျင့်ခန်းကိုနေ့စဉ်မှန်မှန် ပြုလုပ်ပေးသင့် ပါတယ်။ ဒါမှသွေးလေလည်ပတ်မှု ကောင်းမွန်ပြီး အသားထဲ ဆေးစမ့်ဝင်မှု ပိုမို မြန်ဆန် နိုင်မှာဖြစ်ပါတယ်။

Posted by မောင်ဇေယျာ Photo From :မြန်မာပြည်မှမြန်မာလူမျိုး

ပွန်ပေမြို့ရဲ့ ကြမ္မာဆိုး

Written By လွင့်မောင်မောင် on Thursday, November 1, 2012 | 8:05 PM

-ရန်နောင်စိုး -တင်ပြသည်။

ခရစ် 79 ခုနှစ် သြဂုတ်လ 24 ရက် မွန်းတည့် အချိန်မှာ အီတလီကျွန်းဆွယ် မြေတဲပင်လယ် ကမ်းနဘေးမှာရှိနေတဲ့(ယခုလက်ရှိ Naples မြို့  တော်အနီး) ပွန်ပေ ဆိုတဲ့ မြို့တော်ကြီးမှာ
တုန်လှုပ်ချောက်ချားဖွယ်ကောင်းတဲ့ အဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်..
အဲဒီ ပွန်ပေ မြို့တော်ကြီးဟာ ဗွီဆူးဗွီးရပ် မီးတောင် (အဲဒီခေတ်ကတော့ အဲဒီတောင်ကို မီးတောင်မှန်းမသိခဲ့ဘူးထင်ပါရဲ့ ) ခြေရင်းမှာ

တည်ရှိပြီး ရမ်းကို တိုးတက်ဖွံ့ ဖြိုးတဲ့ မြို့ တော်ကြီးပါတဲ့…79 ခုနှစ် သြဂုတ်လ 24 ရက်နေ့ မှာတော့ မြို့အနီးနားမှာ ရှိတဲ့ ဗွီဆူးဗွီးရပ် မီးတောင်ကြီး ရုတ်တရက် ဘာအရိပ်ရောင်မှ မပြ ဘဲ ထပေါက်ကွဲ ပြီး တစ်မြို့လုံးကို ချော်ရည်ပူ နဲ့ ဖုံးသွားလိုက်တာ တစ်မြို့ လုံးအပေါ် ချော်ရည်နဲ့ ပြာတွေဟာ ပေ 20 လောက် အထိ မြင့်တက်သွားရောတဲ့ ။
ခရီးသွားတဲ့ သူကလွဲ ရင် တစ်ယေက်မှ ကို အသက်ရှင်ကျန်ခဲ့သူမ၇ှိဘူးလို့ဆိုပါတယ် ။
ပွန်ပေမြို့တော် ကြီး ဟာ မြန်မာနိုင်ငံ မှာ ဆို၇င်တော့ ပျူခေတ် နဲ့ ခေတ်ပြိုင်လောက် ရှိမယ်ထင်ပါတယ် ။
ပွန်ပေ မြို့တော်ကြီးကို တူးဖော်လိုက်တဲ့ အခါမှာ အလွန်ဘဲအံ့သြစရာကောင်းလောက်အောင် ကို ယဉ်ကျေးမှု အဆင့် မြင့်မားလှတာကို တွေ့ရပါတ်ာတဲ့ ။ ပန်းချီ ၊ပန်းပု ရုပ်လုံးတွေ နဲ့

အဆောက်အဦတွေ ဟာ အလွန်ဘဲ အဆင့် မြင့်လှ တာ တွေ့ ရတယ်လို့ဆိုပါတယ်။ ရေလောင်းအိမ်သာကိုလည်း အဲဒီခေတ်ကတည်း အသုံးပြုခဲ့ တဲ့ အထောက်ထားတွေ ၊ မီးဖိုချောင်ကနေ အညစ်ကြေး နဲ့

ရေဆိုးရေညစ်တွေကို စွန့်ပြစ်တဲ့ရေနှုတ်မြောင်းများကိုလည်း တွေ့ ရှိခဲ့ရပါသေးတယ် ။ဒါပေမယ့် စိတ်ညစ်ဖို့ကောင်းတာက အဲဒီလိုအိမ်ပေါင်းစုံ ကစွန့်ထုတ်လိုက်တဲ့ အညစ်ကြေးတွေ ကို အဓိက မိန်း

လမ်းပေါ်ကိုစုပြုံပြီး စွန့်ထုတ်ကြတာတဲ့ ။ အဲဒီလမ်းပေါ် မှာ ပြည့်လျှံနေတဲ့ အညစ်ကြေး တွေအပေါ်မှာ လူသွားလာလို့ရအောင် ခြေတလှမ်းစာစီ ခြားပြီး ကျောက်တုံးတွေ ချထားတယ်လို့
တူးဖော်အချက်ရတွေ့ရှိရတယ်လို့ဆိုပါတယ် ။
မြို့ တော်ကိုတူးဖော်ရာမှာ စိတ်ထိခိုက်စရာအကောင်းဆုံးကတော့ မြို့ သူမြို့ သားတို့ရဲ့  အရုပ်လောင်းတွေကို တွေ့ ရတာပါဘဲ။ သူတို့တတွေဟာ မမျှော်လင့်ဘဲ အန္တရာယ်ဆိုးကြီကျရောက်လာတော့ရှောင်တခင် ပြေးရင်းလွှားရင်း သေဆုံးရ တာကလား ..။
အဲဒါကြောင့် အပုံမှာမြင်တွေ့ ရတဲ့ လူသေအရုပ်လောင်း တွေကို မြင်ရတာ လှုပ်ရှားဟန် တွေပါနေတာ တွေ့ ရတာပါ ။
တချို့ကျတော့လည်းသူတို့မျက်နှာကို လက်ဝါးလေးတွေ နဲ့အုပ်လို့ ၊ သားသည်မိခင်ကလည်း သူသားလေးကို ရင်ခွင်ထဲ ၀ှက်လို့ တချို့ ကျတော့ ရုန်းရင်းကန်ရင်း ၊ပြေးရင်လွှားရင်း ဒီနေရာမှာလူတွေရဲ့  သဘ၀ ကိုပေါ်လွင်စေတဲ့အချက် တချက်က …မီးတောင်ပေါက်ကွဲ လို့ ရုတ်ရုတ် သဲသဲ ဖြစ်နေ အချိန်မှာ လက်ဝတ်ရတနာတွေ ကို ခိုးယူထွက်ပြေးရင်းသေဆုံးနေတာကိုလည်းတွေ့ ရပါတယ်တဲ့ ။
ပုံထဲက လူသေအရုပ်လောင်းတွေ ကို ကြည့်ပြီး ချော်ရည်ပူလောင်းခံရတဲ့ သူတွေဟာ ဘယ်လိုဖြစ်ပြီးတော့ လူ့ခန္တာကိုယ်ပုံစံ အတိုင်း ကျောက်တုံးကြီး တွေဖြစ်နေရတာလဲ .တခါတည်းကို

အရည်ပျော်မသွားနိုင်ဘူးလား ..လို့စောဒက တက်စရာရှိပါတယ် ……၊။ မှန်ပါတယ်..အဲဒါတွေ ဟာချော် တုံးချော်ခဲတွေမဟုတ်ပါဘူး ပလာစတုံးကြီးတွေပါ …နားလည်လွယ်အောင်ပြောရမယ်ဆိုရင်…ကျတော်တို့ 

စားနေတဲ့ ငှက်ပျောသီးကို မှုန့်ညက်နဲ့ ကြော်ထားတဲ့ ငှက်ပျောကြော် ကို စိတ်ထဲကမြင်ကြည့်လိုက်ပါ ။ အပြင်ကာဖြစ်တဲ့ မှုန့်ညက်ဟာ ဆီပူနဲ့ထိတော့ မာတောင့်သွားပြီး အတွင်းက

ငှက်ပျောသီးရှိတဲ့နေရာမှာဆီပူရှိန်ကြောင့် ဟောင်းလောင်းပေါက်နီးပါးဖြစ်ပြီး သူ့ပုံစံအတိုင်း ကျန်နေခဲ့တာတွေ့ ရပါလိမ့်မယ် ။ဒီလိုပါဘဲ..လူ့ခန္တာကိုယ် ကိုချော်ရည်ပူလောင်းခံရတဲ့ အခါမှာ အတွင်းထဲထိမ၀င်သွားဘဲ လူ့ခန္တာကိုယ်အပြင်ပတ်ပတ် လည်မှာသာချော်ရည်အနှံ့ စီးဝင်သွားပြီး ချော်ရည်ရဲ့ အပူရှိန်ကြောင့် နဲ့ နှစ်ကာလ ကြာရှည်လာတာကြောင့် အရိုးနဲ့ အသားဟာ ဆွေးမြေ့ သွားပြီး

ချော်ရည်တုံးကြီးအတွင်းမှာ လူ့ခန္တာကိုယ်ပုံစံအတိုင်း ဟောင်းလောင်းပေါက်ကျန်နေခဲ့မှာ ဖြစ်တယ် ။ ဒီတော့ ပညာရှင်တွေက အဲဒီဟောင်းလောင်းပေါက်ရှိတဲ့ ချော်ရည်တုံးကြီးအတွင်းကို ပလစတာရည်တွေ

လောင်းထည့်ပြီးအပြင်ခွံ ချော်တုံးကြီးကိုဖယ်ထုတ်လိုက်တဲ့အခါမှာတော့ သေးဆုံးသူတွေရဲ့ခန္တာကိုယ်
အရွယ်စားနဲ့ လှုပ်ရှားမှု ပုံစံတိုင်းကိုကျတော်တို့မြင်ခွင့်ရကြတာပါ။
တကယ်တော့ ပွန်ပေမြို့တော်ကြီးဟာ အိမ်မက်ဆန်ဆန် အဖြစ်ဆိုးနဲ့ ကြုံတွေ့ ရတဲ့ မြို့ တစ်မြို့ ပါ ။
 ဒီမြို့ အကြောင်းလေ့လာရတာ အံ့သြ ၊ထိမ့်လန့် ၊ တုန့်လှုံ့  စရာကောင်းလှပါတယ်။

မြို့တော်ကြီးတူးဖော်လိုက်တဲ့ အခါ ပေါ်ထွက်လာခဲ့တဲ့ သမိုင်း အထောက်ထားတွေ ကို လေ့လာရတော့
သူ့ နဲ့ခေတ်ပြိုင်ပေါ်ခဲ့တယ်လို့ ယူဆရတဲ့ ကျတော်တို့နိုင်ငံ က ပျူမြို့ဟောင်းကသမိုင်းအထောက်ထားနည်းပါးမှု အပေါ် အားမလိုအားမရ ဖြစ်နေမိတာတော့အမှန်ပါခင်မျ........
                                                                                      ရန်နောင်စိုး(ထားဝယ်)

                                                                                      

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger