Latest Post
8:48 AM
တောင်းသည့်ဆုများပြည့်စေချင်
Written By လွင့်မောင်မောင် on Saturday, November 9, 2013 | 8:48 AM
12:51 AM
ကျွန်ုပ်၏ ၂၀၁၂ ခရီးသွား ဗွီဒီယိုမှတ်တမ်း(ထားဝယ်မှရွှေလီ)
Written By လွင့်မောင်မောင် on Wednesday, November 6, 2013 | 12:51 AM
8:34 AM
သုတေသီများ၏ အဆိုအရ မုန်လာဥနီနှင့် အချို့သော လိမ္မော်ရောင်ရှိသည့်
သစ်သီးသစ်ဥများသည် အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်ကို
မြှင့်တင်ပေးနိုင်ကြောင်း သိရှိရသည်။
အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်အတွက် အကောင်းဆုံး သဘာဝဆေးဝါး
ပေါက်တီးပေါက်ရှာ တွေးကြည့်မည်ဆိုလျှင် ယုန်များ သားပေါက်နှုန်း အလွန်ကောင်းခြင်းက ယခုသုတေသန ရလဒ်ကို ထောက်ခံပေးနေသည်ဟု ယူဆရပေမည်။ သုတေသီများ၏ အဆိုအရ မုန်လာဥနီနှင့် အချို့သော လိမ္မော်ရောင်ရှိသည့် သစ်သီးသစ်ဥများသည် အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိရသည်။ အထူးသဖြင့် မုန်လာဥနီသည် အမျိုးသား တစ်ဦး၏ သုက်သွေးကို အကျန်းမာဆုံး၊ အသန်စွမ်းဆုံး စွမ်းအင်မျိုး ဖြစ်တည်လာအောင် ကူညီပေးလေ့ရှိကြောင်း လည်း ပညာရှင်များက ထောက်ခံခဲ့သည်။ အမျိုးသားများ၏ သုက်သွေးကို ကျန်းမာသန်စွမ်းအောင် မြှင့်တင်ပေးနိုင်သည့် ဓာတ်ကူ အစားအစာများတွင် မုန်လာဥနီသည် ထိပ်ဆုံးတန်းမှ ပထမချိတ်လိမ့်မည်ဟု ဟားဗက် တက္ကသိုလ်မှ ပညာရှင်များက ယုံကြည်ထားကြသည်။
ယခုသုတေသန ရလဒ်သည် သုက်ပိုးအရေအတွက် တိုးပွားမှုကို ဦးတည်ခြင်း မရှိဘဲ အမျိုးသား တစ်ဦး၏ သုက်ပိုးတစ်ကောင်ချင်းစီ၏ ကျန်းမာကြံ့ခိုင်မှု အစွမ်းကို အဓိက လေ့လာထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သုက်ပိုးများက အမျိုးသမီး မျိုးဥထံ ဦးတည်ကူးခတ်နိုင်သည့် အင်အားမျိုး တိုးပွားခြင်း ရှိမရှိကို ဇောက်ချ သုတေသနပြုခြင်း ဖြစ်သည်။ အမေရိကန် အမျိုးသား (၂၀၀)၏ နေထိုင်စားသောက်မှု ပုံစံများကို အသေးစိတ် မေးမြန်းပြီးနောက် ပညာရှင်များက ၎င်းတို့ထံမှ သုက်နမူနာများကို ရယူခဲ့ကြသည်။
ထိုအခါ အဝါရောင်၊ လိမ္မော်ရေင် သစ်သီးသစ်ဥများ အများအပြား စားလေ့ရှိသည့် အမျိုးသားများ၏ သုက်ပိုးများက သိသိသာသာနိုးကြား တက်ကြွနေသည်ကို တွေ့ရှိခဲ့သည်။ အထူးသဖြင့် မုန်လာဥနီကို ကြိုက်နှစ်သက်သူ၊ မုန်လာဥနီ ဖျော်ရည်ကို ပုံမှန်သောက်လေ့ရှိသူများ၏ သုက်ပိုးများကို ပိုမို၍ အားကောင်းလာတတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ မုန်လာဥနီနှင့် အချို့သော လိမ္မော်ရောင် သစ်သီးသစ်ဥများသည် ကျန်းမာရေးကို အထောက်အကူပြုသည့် Antioxidantများ ကြွယ်ဝစွာ သိုလှောင်ထားသည်။ ယင်းတို့အနက် Beta-Caoteneများ ပါဝင်ပြီး Antioxidant ဗီတာမင်Aကို ပံ့ပိုးပေးသည်။
ရလဒ်အားဖြင့် မျိုးပွားမှုနှင့် ဆက်နွယ်သည့် ဆဲလ်များနှင့် DNAများ၊ ဇီဝကမ္မအလွှာများကို ပျက်စီးစေတတ်သည့် ဓာတ်ပြုမှုများကို သိသာစွာ တိုက်စား လျော့နည်းသွားစေသည်။ ထို့ကြောင့်လည်း သုက်ပိုးများကို ဟန့်တား ပိတ်ဆို့မည့် အတားအဆီးမျိုး နည်းပါးသွားခြင်း ဖြစ်သည်။ မုန်လာဥနီ ပမာဏ အနည်းငယ်ကို တစ်ခါတစ်ရံ စားလေ့ရှိသူများသည် ပင်လျှင် သုက်ပိုးသန်စွမ်းမှုသည် သာမန်ထက် (၆.၅)ရာခိုင်နှုန်းမှ (၈)ရာခိုင်နှုန်းထိ မြင့်မားတတ်ပြီး များများစားလျှင် ပိုမို၍ အာနိသင် ရှိနိုင်ကြောင်း ယခုသုတေသန ရလဒ်က ညွှန်ပြလျှက်ရှိသည်။
အခြားစစ်တမ်းများအရ ငါးများနှင့် အချို့သော အင်များတွင် တွေ့ရှိရသည့် Omega-3 အဆီအက်ဆစ်သည်လည်း အမျိုးသားများ၏ သုက်သွေး ကျန်းမာရေးကို ကောင်းကျိုးပြုကြောင်း သိရသည်။ မုန်လာဥနီသည် မျက်စိကျန်းမာရေးအတွက် သင့်တော်ကြောင်းလည်း ပညာရှင်များက ယူဆထားသည်။
Planet Myanmar Network
အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်အတွက် အကောင်းဆုံး သဘာဝဆေးဝါး (မုန်လာဥနီ)
Written By လွင့်မောင်မောင် on Sunday, November 3, 2013 | 8:34 AM

Labels:
ကျန်းမာရေး
8:35 PM
ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။
အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များ တာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များတာနဲ့ တောက်
ပတဲ့ အလင်းရောင် ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ်
ပါတယ်။
မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေကတော့-
- မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊
- မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊
- မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊
- ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။
မျက်စိညောင်းညာမှု သက်သာစေရန်
(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။
(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။
(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။
(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။
(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။
(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။
(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။
ကြယ်စင် (မြ၀တီ)
မျက်စိညောင်း ခြင်းကို ကုသနည်းများ
Written By လွင့်မောင်မောင် on Friday, November 1, 2013 | 8:35 PM

8:28 PM
နနွင်းမှုန့်မှာ အမျိုးမျိုးသော ကျန်းမာရေး အကျိုးကျေးဇူး တွေရှိတဲ့ အပြင်
အသား အရေ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ နနွင်းမှုန့်ဟာ
အရေပြား ကျန်းမာရေးနဲ့ အသားအရေ လှပမှု တို့အပေါ် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင် သလဲဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။
နေလောင်ဒဏ် သက်သာစေခြင်း
နနွင်းမှုန့်ဟာ နေပူဒဏ်ခံရတာကြောင့် ဖြစ်တဲ့ အရေပြားထိခိုက်မှုနဲ့ အရေပြား အရောင် ညစ်နွမ်းမွဲခြောက်မှုတို့ကို သက်သာစေပါတယ်။
ဝက်ခြံပျောက်စေခြင်း
နနွင်းမှုန့်ဟာ အရေပြားရှိ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေတဲ့အတွက် ဝက်ခြံကို ပျောက်စေပါတယ်။
အိုမင်းမှုကို နှေးကွေးစေခြင်း
နနွင်းမှုန့်မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် အသားအရေ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။
အသားအရေ ဝင်းပစေခြင်း
နနွင်းမှုန့်ကို လိမ်းပေးတာနဲ့ စားတာဟာ အသားအရေကို ကြည်လင် တောက် ပစေပါတယ်။ မျက်နှာအသားအရေကိုလည်း အဖုအပိမ့်ကင်းကာ ဝင်းပစေပါတယ်။
အရေပြားပြဿနာများကို သက်သာစေခြင်း
နနွင်းမှုန့်မှာ နှင်းခူ၊ ဆိုးရီးယေးစစ်နဲ့ နီမြန်းယားယံတဲ့ အရေပြားပြဿနာတွေကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ အရေပြားမှာ ဖြစ်ပေါ်တဲ့ အကြောပြတ် ရာတွေကိုလည်း မှိန်ဖျော့သွားစေပါတယ်။ အသားအရေ ကျန်းမာလှပရေးအတွက် နနွင်းမှုန့်
အသုံးပြုနည်း
နနွင်းမှုန့်ကို စားမည်ဆိုလျှင် - နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ သကြား လက်ဖက်စားဇွန်း တစ်ဇွန်းကို ရေနွေးပူပူထဲ ထည့်မွှေကာ စားပေးပါ။ နေ့စဉ် မှန်မှန် စားပေးပါက အသားအရေက ဖြည်းဖြည်းချင်း ပိုမိုလှပလာပါလိမ့်မယ်။
နနွင်းမှုန့်ကို လိမ်းမည်ဆိုလျှင် - နနွင်းမှုန့်ကို ရေနဲ့စေးပျစ်တဲ့ အနှစ်ရတဲ့အထိ မွှေပြီးအရေပြားပေါ် လိမ်းပေးပါ။ အချိန် ၁၀ မိနစ်ကြာရင် ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။
ကြယ်စင်
Good Health
အသားအရေအတွက် နနွင်းမှုံ့၏ အစွမ်း

ကျန်းမာရေး,
ပျိုမေကဏ္ဍ
တစ်ပတ်အတွင်းဒိုင်ယာရီ
-
▼
2022
(1)
- ▼ 12/04 - 12/11 (1)
-
►
2021
(6)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (1)
- ► 07/25 - 08/01 (1)
- ► 07/11 - 07/18 (3)
-
►
2016
(8)
- ► 05/08 - 05/15 (1)
- ► 03/27 - 04/03 (1)
- ► 03/13 - 03/20 (2)
- ► 02/21 - 02/28 (2)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
-
►
2015
(32)
- ► 12/27 - 01/03 (1)
- ► 12/13 - 12/20 (4)
- ► 11/22 - 11/29 (2)
- ► 07/19 - 07/26 (1)
- ► 04/19 - 04/26 (3)
- ► 04/12 - 04/19 (2)
- ► 04/05 - 04/12 (2)
- ► 03/08 - 03/15 (3)
- ► 03/01 - 03/08 (1)
- ► 02/22 - 03/01 (3)
- ► 02/15 - 02/22 (3)
- ► 02/01 - 02/08 (4)
- ► 01/25 - 02/01 (3)
-
►
2014
(10)
- ► 09/21 - 09/28 (1)
- ► 07/13 - 07/20 (1)
- ► 05/25 - 06/01 (1)
- ► 04/13 - 04/20 (2)
- ► 03/30 - 04/06 (1)
- ► 02/16 - 02/23 (2)
- ► 02/09 - 02/16 (2)
-
►
2013
(70)
- ► 12/29 - 01/05 (1)
- ► 11/17 - 11/24 (1)
- ► 11/03 - 11/10 (3)
- ► 10/27 - 11/03 (5)
- ► 10/20 - 10/27 (5)
- ► 10/13 - 10/20 (12)
- ► 10/06 - 10/13 (9)
- ► 09/29 - 10/06 (10)
- ► 09/22 - 09/29 (5)
- ► 09/15 - 09/22 (5)
- ► 09/08 - 09/15 (1)
- ► 09/01 - 09/08 (1)
- ► 07/28 - 08/04 (3)
- ► 07/21 - 07/28 (1)
- ► 06/16 - 06/23 (1)
- ► 06/02 - 06/09 (4)
- ► 05/26 - 06/02 (1)
- ► 04/07 - 04/14 (1)
- ► 03/10 - 03/17 (1)
-
►
2012
(43)
- ► 12/23 - 12/30 (1)
- ► 11/04 - 11/11 (5)
- ► 10/28 - 11/04 (1)
- ► 10/21 - 10/28 (3)
- ► 10/07 - 10/14 (2)
- ► 09/30 - 10/07 (11)
- ► 09/09 - 09/16 (1)
- ► 07/29 - 08/05 (2)
- ► 07/22 - 07/29 (2)
- ► 07/15 - 07/22 (4)
- ► 07/08 - 07/15 (3)
- ► 07/01 - 07/08 (2)
- ► 06/24 - 07/01 (1)
- ► 06/17 - 06/24 (1)
- ► 06/03 - 06/10 (1)
- ► 05/27 - 06/03 (1)
- ► 04/15 - 04/22 (2)
-
►
2011
(3)
- ► 10/02 - 10/09 (3)
-
►
2010
(1)
- ► 06/20 - 06/27 (1)