Latest Post
5:04 AM

ခန္ဓာကိုယ်ဝလို့ ဘာဝတ်ရင်ကောင်းမလဲ၊ ဘာကိုမ၀တ်ဘဲ ရှောင်ရင်ကောင်းမလဲဆိုတဲ့ ပျိုမေတွေအတွက် အကြံကောင်းလေးပေးပါရစေ။ ခန္ဓာကိုယ်ဝတဲ့သူတွေဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ် ၀တာကို မပေါ်စေ၊ မသိသာစေတဲ့ အ၀တ်အစားမျိုးကိုဝတ်ဆင်တတ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့အလှကို လူတွေ စိတ်ဝင်စားပြီးကြည့်လာအောင် ၀တ်စားဆင်ယင်ပုံ ထူးခြားဖန်တီးတတ်ဖို့လည်း လိုပြန်ပါတယ်။ ဒါ့ကြောင့် ၀တ်ဆင်သင့်၊ ရှောင်သင့်တဲ့ အချက်တချို့ကို စာဖတ်ပရိသတ်တွေအတွက် ကျွန်မဘက်က အမြင်တစ်ခုနဲ့ တင်ပြပေးလိုက်ပါတယ်။
(၁) ခန္ဓာကိုယ် ၀မှန်းသိသာစေတဲ့ အ၀တ်အစားမျိုးကို ရှောင်ပါ။
အသားကပ်လို အင်္ကျီ၊ ဘောင်းဘီမျိုးကို ၀တ်ဆင်ခြင်းမှ ရှောင်ပါ။ ကိုယ့်ခန္ဓာကိုယ် ၀တာမျိုးကို ပိုပြီး ပေါ်လွင်စေပါတယ်။ လည်သာအင်္ကျီ၊ ခပ်ပြောင်ပြောင်အသားနဲ့ ချုပ်ထားတဲ့ အ၀တ်အစားတွေဟာ ခန္ဓာကိုယ်ဝတာကို သိသာစေတဲ့ အတွက် မ၀တ်ဆင်သင့်ပါဘူးလို့ အကြံပြုပါရစေ။
(၂) Accessories လေးတွေ ၀တ်ဆင်ပါ။
Accessories လေးတွေ ၀တ်ဆင်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်စတိုင်တစ်ခုအဖြစ် ဖန်တီးပါ။ Accessories လေးတွေဟာ ဖက်ရှင်တစ်ခုဖြစ်သလို အများကို ဆွဲဆောင်နိုင်တဲ့ အလှတစ်မျိုးလည်း ဖြစ်ပါတယ်။
(၃) အရမ်းမြင့်လွန်းတဲ့ ဒေါက်မြင့်တွေကို မစီးပါနဲ့။
ပုံမှန်ထက် ဒေါက်မြင့်လွန်းတဲ့ ဖိနပ်တွေဟာ ကိုယ့်ဝိတ်ကို မထိန်းနိုင်ဘဲ ခြေချော်လဲတတ်ပါတယ်။ ကိုယ်နဲ့လည်း လိုက်ဖက်မယ်။ လမ်းလျှောက်ရလည်း အဆင်ပြေမယ့် သင့်တော်ပြီး သိပ်မမြင့်လွန်းတဲ့ ဒေါက်မြင့်မျိုးကိုသာ ရွေးချယ်စီးသင့်ပါတယ်။
(၄) ၀တယ်လို့ မထင်ရတဲ့ အ၀တ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။
ကျပ်လွန်းတဲ့ အ၀တ်အစားမျိုး မ၀တ်ဆင်သင့်ဘူးဆိုတာကိုတော့ သတိပြုသင့်ပါတယ်။ သူတစ်ပါးအမြင်မှာ ခန္ဓာကိုယ်သွယ်လျတယ်လို့ ထင်ရတဲ့ အ၀တ်အစားမျိုးတွေကို အဓိက ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ တကယ်လို့ သင်ဟာအရပ်ရှည်တဲ့သူ တစ်ယောက်ဆိုရင်တော့ ဂါဝန်အရှည်လေးတွေကို ၀တ်ဆင်တာ ပိုသင့်တော်ပါတယ်။ အရပ်သိပ်မရှည်ဘဲ ၀တဲ့သူတစ်ယောက်ဆိုရင်တော့ ဒူးဖုံးဂါဝန်တိုအောက်ကားလေးတွေ ၀တ်ဆင်တာ ပိုကောင်းပါတယ်။ မြန်မာအင်္ကျီဆိုရင်လည်း ခါးတိုပုံစံကို မ၀တ်ဆင်ဘဲ ခါးတင်အင်္ကျီလေးနဲ့ဆိုရင် ပိုပြီးကြည့်ကောင်းပါတယ်။
(၅) အရမ်းပွလွန်းတဲ့ အ၀တ်အစားမျိုးကို ရှောင်သင့်ပါတယ်။
လူတွေရဲ့အမြင်မှာ အရမ်းကြီးပွယောင်း နေတယ်ထင်ရတဲ့ ဆိုဒ်ကြီးတဲ့ဆွယ်တာအင်္ကျီလိုမျိုး၊ အရမ်းပွလွန်းတဲ့ အဖြူရောင်တီရှပ်လို အ၀တ်အစားမျိုး၊ ပွလွန်းတဲ့ဘောင်းဘီပုံစံမျိုးတွေဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ဝဖြိုးခြင်းကို သိသာစေတာမို့ ဒါမျိုးတွေ ၀တ်ဆင်ခြင်းမှ ရှောင်ရှားစေ ချင်ပါတယ်။
(၆)တိုလွန်းတဲ့ အ၀တ်အစားများကို ရှောင်ရှားပြီး ၀တ်ဆင်ပါ။
အဓိကကတော့ ဒူးအပေါ်ထိတက်နေတဲ့ ခပ်ကျပ်ကျပ်စကတ်တွေ၊ ဗိုက်သားကိုပေါ်အောင် ပြသပြီး ၀တ်ဆင်ရတဲ့ကြိုးတစ်ချောင်း၊ ခပ်တိုတိုအင်္ကျီမျိုးတွေဟာ ၀သူတွေအတွက် လုံးဝမသင့်တော်တဲ့ အ၀တ်အစားမျိုးတွေ ဖြစ်ပါတယ်။ ကြိုက်နှစ်သက်တယ်ဆိုရင်တောင် မ၀တ်ဆင်ပါနဲ့လို့ အကြံပြုလိုက်ရပါတယ်။
MNYT
M Plaza Shopping Journal (Vol 1, No 18 )
မမ ၀၀တို့ သတိပြုရှောင်ရှားသင့်စရာ
Written By လွင့်မောင်မောင် on Saturday, October 12, 2013 | 5:04 AM

Labels:
ပျိုမေကဏ္ဍ
4:49 AM

ဖက်ရှင်ကို ဦးစားပေးပြီး နေထိုင်ဝတ်ဆင်တတ်တဲ့ ဒီခေတ်ကြီးမှာ ကိုယ့်ရဲ့အ၀တ်အစား ဖက်ရှင်က ကိုယ်တိုင် သတိမထားလိုက်မိဘဲ တစ်ခါတလေ မှားယွင်းမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီလိုဆိုရင်တော့ စိတ်ကသိကအောက် ဖြစ်ရပါလိမ့်မယ်။ အဓိကကတော့ ကိုယ်နဲ့လိုက် ဖက်ညီတဲ့ ဖက်ရှင်ကို ၀တ်ဆင်တတ်ဖို့နဲ့ မှားယွင်းတဲ့ ဖက်ရှင်တွေကို မဆင်မြန်းမိဖို့လည်း အရေးကြီးပြန်ပါတယ်။ ဒါကြောင့် ရှောင်ရှားရမယ့် မှားယွင်းဖက်ရှင်ပုံစံတချို့ကို တင်ပြလိုက်ပါရစေ။
(၁) စကတ်တိုတို ၀တ်ရင် သတိပြုစရာ။
အခုခေတ် လူငယ်လေးတွေဟာ စကတ်တိုတို ကျပ်ကျပ်လေးတွေကို နှစ်သက်မက်မောစွာ ၀တ်ဆင်တတ်ကြပါတယ်။ ၀တ်ဆင်တဲ့အခါမှာလည်း လမ်းလျှောက်ရင်းနဲ့ပဲဖြစ်ဖြစ်၊ ထိုင်နေတာပဲဖြစ်ဖြစ် စကတ်ဟာအပေါ်ကို လိပ်ပြီးတက် သွားတတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ အရမ်းတိုလွန်းတဲ့ စကတ်တွေကို မ၀တ်ဆင်ပါနဲ့။ ကိုယ်တိုင်လည်း အနေရ၊ အထိုင်ရခက်သလို အများအမြင်မှာလည်း မတင့်တယ်ပါဘူး။
(၂) အတွင်းခံဝတ်ဆင်ရင် သတိပြုပါ။
အနက်ရောင်အတွင်းခံကို ပါးလွှာအင်္ကျီမျိုးနဲ့ တွဲဖက်ပြီး မ၀တ်ဆင်ပါနဲ့။ ကြည့်ရတာ အမြင်ကို ဆိုးစေပါတယ်။ အရောင်ဖျော့ဖျော့အပေါ် အင်္ကျီနဲ့ အရောင်ရင့်ရင့်အတွင်းခံတို့ကို တွဲဖက်ဝတ်ဆင်ခြင်းမှ ရှောင်စေချင်ပါတယ်။ အရောင်ဖျော့ဖျော့၊ ပြောင်ထဘီ၊ စကတ်တွေဟာ အတွင်းက ၀တ်ဆင်ထားတဲ့ ဘောင်းဘီအရာထင်တာကို မြင်ရတတ်ပါတယ်။ အခြားသူတွေ အမြင်မှာကြည့်လို့ မကောင်းတာမို့ အရောင်ရင့်တဲ့ အတွင်းခံဘောင်းဘီနဲ့ အရောင်ဖျော့တဲ့ ထဘီ၊ စကတ်တို့ကို မ၀တ်ဆင်မိဖို့ သတိပြုသင့်ပါတယ်။
(၃) ခန္ဓာကိုယ်နဲ့အနေတော်ဖြစ်မယ့် အ၀တ်အစားမျိုးကို ၀တ်ဆင်ပါ။
အချို့သူတွေဟာ အ၀တ်အစားဝယ်ရင် ရေရှည်အတွက်တွေးပြီး ၀ယ်ယူတတ်ကြပါတယ်။ လက်ရှိခန္ဓာကိုယ်အတိုင်းနဲ့ပဲ ၀ယ်ပါ။ နောင် ၀လာမှာပဲဆိုပြီး ဆိုဒ်ကြီးတဲ့ အင်္ကျီတွေဝယ်လာပြီး အခုဝတ်လိုက်တဲ့အချိန်မှာ ပွနေတော့ ကြည့်မကောင်းပါဘူး။
(၄) သူများဖက်ရှင်ကို အတုမခိုးပါနဲ့။
ခြေထောက်သွယ်သွယ် သေးသေးလေးတွေဟာ ဘောင်းဘီ၊ စကတ်အတိုလေးတွေ ၀တ်ရင်လှပါတယ်။ သူများလှတာကို မျက်စိထဲမှာမြင်ပြီး ကိုယ်လည်း လှလိမ့်မယ်ထင်လို့လိုက် ၀တ်မိတယ်။ ကိုယ့်ရဲ့ခြေထောက်က အမာရွတ်တွေရှိနေပြီးခြေထောက်တုတ်တုတ်ခိုင်ခိုင်မျိုး ဖြစ်နေရင် ဘောင်းဘီ၊ စကတ်အတိုနဲ့ ဘယ်လိုမှ မလိုက်ဖက်ပါဘူး။ ကိုယ့်ရဲ့ခန္ဓာကိုယ်အလှက သွယ်တာလား၊ ခပ်လုံးလုံးလေးလား (ဒါမှမဟုတ်) ယောက်ျားဆန်တဲ့ ခန္ဓာကိုယ်ပုံစံမျိုးလားဆိုတာကို သေချာသိပြီး ကိုယ်ပိုင်ဝတ်စားဆင်ယင်မှု ဖက်ရှင်ကို တီထွင်တာ အကောင်းဆုံးပဲဖြစ်ပါတယ်။
(၅) လိုက်ဖက်ညီတဲ့အရောင်ကို ရွေးချယ်ပါ။
ဖက်ရှင်ကျလှပဖို့ဆိုတာ ကိုယ်ရွေးချယ်တဲ့ အ၀တ်အစား အရောင်အသွေးပေါ်မှာလည်း မူတည်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့အသားအရေနဲ့ လိုက်ဖက်မယ့်အရောင်ကို ရွေးချယ်ဝတ်ဆင်စေချင်ပါတယ်။ အသားဖြူတဲ့သူအတွက် ဘာအရောင်ပဲဝတ်ဝတ် လိုက်ဖက်တယ်ဆိုပေမယ့် အသားညိုသူအတွက်ကတော့ ကိုယ့်အသားအရေနဲ့ သင့်တော်မယ့်အရောင်ကို ရွေးချယ်သင့်ပါတယ်။ နောက်တစ်ခုက ကိုယ်ဝတ်တဲ့အ၀တ်အစားနဲ့ ဖိနပ်အရောင်ဟာလည်း လိုက်နေဖို့ လိုပါတယ်။ အ၀တ်အစားက အရောင်အဆင်း ဖျော့နေတယ်၊ ကိုယ်ဝတ်ထားတဲ့ ဖိနပ်ကအရောင် အရမ်းတောက်ပလွန်းနေတယ် (ဒါမှမဟုတ်) ကိုယ်ဝတ်ထားတဲ့ ဖိနပ်က အရောင်မတောက်ဘူး။ အင်္ကျီအရောင်က မျက်စိကျိန်းလောက်အောင် တောက်ပလွန်းတဲ့ ဖက်ရှင်မျိုးကို ဖန်တီးဝတ်ဆင်ခြင်းမှ ရှောင်စေချင်ပါတယ်။
မြနေရိပ်သွင်
M Plaza Shopping Journal (Vol 1, No 18 )
ပျိုမေတို့ ရှောင်ရှားသင့်တဲ့ မှားယွင်းဖက်ရှင်ပုံစံများ

1:41 AM
ကြက်ဟင်းခါးသီးနှင့် အရွက် ကျန်းမာရေး အတွက် ဆေးတလက်
Written By လွင့်မောင်မောင် on Thursday, October 10, 2013 | 1:41 AM
မြန်မာ ဆေးကျမ်း များ အလိုအရ ခါး၏ ၊ စပ်ရှားရှားရှိ၏ ။ အေး၏ ၊ ကြေကျက်
လွယ်၏ ၊ ၀မ်းကို သက်စေ၏ ၊ ပိုးကို နိုင်၏ ၊ ဆာလောင်ခြင်းကို ဖြစ်စေတတ်၏ ၊
သည်းခြေ သလိပ်ကို နိုင်၏ ။ မျက်စိရောဂါ ၊
ယောနိ၌ ဖြစ်သော ရောဂါများ ၊ သွေးအား နည်းခြင်း ၊ ဆီးနှင့် စပ်သော
ရောဂါများကို ပျောက်စေသည်။ ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက် ထည့်၍ ၃ ခွက်
တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။
အရွက်ကြိတ် ညှစ်ရည်ကို သောက်လျှင် အူတွင်းရှိ ရောဂါပိုးများကို သေကြေ ပျက်စီး၏ ။ကြက်ဟင်းခါး ရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသည်းရောင်၍ အသားဝါသော ရောဂါ ပျောက်ကင်း၏။ မူးမော်ခြင်းလည်း ပျောက်ရန် လည်းကောင်း ၊ ညှော်ခံဆေး အဖြစ် လည်းကောင်း ၊ ကြက်ဟင်းခါးရွက်ကို ချေ၍ ရှူပေး ရ၏။ အဖျားကို နိုင်သော သတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန် တုပ်ကွေး ရောဂါ ပျောက်၏။
ခွေးရူးကိုက်သော နေရာများတွင်အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ် ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။ ကြက်ဟင်းခါးသီး အခြောက်ကို ကျောက်ပျဉ်တွင် သွေးလူးသော် လည်ချောင်း ရောင်သော ရောဂါ ပျောက်ကင်း၏ ။ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလ၀မ်းရောဂါ ပျောက်ကင်း ၏ ။ ၎င်းအရည်တွင် ပျားရည်အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။
Mg Mandalay

ကျန်းမာရေး,
အစားအစာ
1:39 AM
ကိုလက်စထရောကို လျော့ကျစေပြီး အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိသော
ရာသီစာသုံးမျိုးအောက်တိုဘာလမှာ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့
သစ်သီးဝလံ အများစုကို ဝေဝေဆာဆာ တွေ့ရပါတယ်။ ဒီရာသီမှာ တွေ့ရတဲ့
သစ်သီးဝလံတွေ အနက် ကိုလက်စထရောကို လျော့ကျစေ ပြီး အင်တီအောက်ဆီးဒင့်
ပါဝင်မှုများတဲ့ အောက်ပါ သစ်သီး သုံးမျိုးအကြောင်းကို ဖော်ပြလိုက်ပါတယ်။
(၁) ပန်းသီး
ကိုလက်စထရော ကျစေခြင်း
ပန်းသီးတစ်လုံးမှာ ပျမ်းမျှအားဖြင့် ၉၅ ကယ်လိုရီခန့်နဲ့ အမျှင်ဓာတ် လေးဂ ရမ် ပါဝင်ပါတယ်။ ပန်းသီးမှာ ပါဝင်တဲ့ ပက်တင်က ပျော်ဝင်တဲ့ အမျှင်ဓာတ် ဖြစ် ပြီး သွေးတွင်း ကိုလက်စထရောကို လျော့ ကျစေကာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အကောင်းဆုံး ကျန်းမာရေး အကျိုးကျေးဇူး ရရှိဖို့ ပန်း သီးစားရင် အခွံကိုပါ စားသင့်ပါတယ်။ ပန်းသီးမှာ ပါတဲ့ အမျှင်ဓာတ်က အစာစား ရာမှာ စိတ်ကျေနပ်မှု ပြည့်ဝစေပါတယ်။
(၂) ရွှေဖရုံသီး
ကင်ဆာတွန်းလှန်နိုင်ခြင်း
တခြား စားသင့်တဲ့ သစ်သီးက တောက်ပတဲ့ လိမ္မော်ရောင် ရွှေဖရုံသီးပဲ ဖြစ်ပါတယ်။ ရွှေဖရုံသီးမှာ ရောဂါကို တွန်းလှန်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်စီနဲ့ ဗီတာမင်အီး တို့ပါဝင်ပါတယ်။ ရွှေဖရုံ သီးကို လိမ္မော်ရင့်ရောင် ဖြစ်စေတဲ့ ကာရို တီးနွိုက်ဟာ ကင်ဆာလို ရောဂါဝေဒနာ တွေကို တွန်းလှန်ပေးနိုင်စွမ်းရှိစေပါတယ်။ ရွှေဖရုံသီးမှာ ဖိုင်တိုနျူးထရီးရန့် နှစ်မျိုး ပါဝင်တာကြောင့် ရွှေဖရုံယို ဒါမှမဟုတ် စွပ်ပြုတ်လုပ်ပြီး စားနိုင်ပါတယ်။ ရွှေဖရုံ စေ့မှာ နှလုံးအကျိုးပြု အဆီဓာတ်၊ ဇင့် (သွပ်)၊ အမျှင်ဓာတ်၊ ဗီတာမင်အီး၊ မဂ္ဂ နီဆီယမ်နဲ့ သံဓာတ်တို့ ပါဝင်ပါတယ်။ ဟင်းရွက်သုပ်၊ ဒိန်ချဉ်၊ စွပ်ပြုတ်တွေထဲ မှာ ရွှေဖရုံစေ့ကို ဖြူးပြီး စားနိုင်ပါတယ်။ ရွှေဖရုံစေ့ကို ရေခဲသေတ္တာထဲ ထည့်ပြီး သိမ်းထားရင် အာနိသင်ကို ထိန်းထားနိုင် ပါတယ်။
(၃) သစ်တော်သီး
အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိခြင်း
အောက်တိုဘာလမှာ အရည်ရွှမ်း ပြီး ချိုမြိန်တဲ့ သစ်တော်သီးတွေကို အများ အပြား တွေ့ရပါတယ်။ သစ်တော်သီးမှာ ကြေးနီ၊ ဗီတာမင်စီတို့ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်ကြောင့် ထိ ခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါ တယ်။ အင်တီအောက်ဆီးဒင့် အာနိသင် အပြည့်အဝ ရရှိစေဖို့ သစ်တော်သီး မှည့် ချိန်မှာ စားပါ။ သစ်တော်သီးမှာ အမျှင် ဓာတ်ပါဝင်တာကြောင့် အူမကြီးနဲ့ နှလုံး သွေးကြောကျန်းမာရေးကို ကောင်းမွန် စေပါတယ်။
ကြယ်စင်
By Good Health
ကိုလက်စထရောကို လျော့ကျစေပြီး အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိသော ရာသီစာသုံးမျိုး

1:28 AM
(၁) တရုတ်နံနံကြီးတစ်စီးမှ အရည်ညှစ်ပါ။ ပိတ်ပါးဖြင့် ခံပါ။ ထို့နောက်
ပုလင်းထဲ ထည့်ပြီး တစ်ညသိပ်ထားပါ။ နောက်တစ်နေ့မှာတော့ ဆံ ပင်တစ်လျှောက်သာမက
ဦးရေပြားထိ လိမ်းပေးပါ။ အဲဒီနောက် အသွားကျဲကျဲဘီးနဲ့ဖီးပေးပါ။ ပြီးနောက်
၁နာရီလောက်ထားပြီး ရေဆေးချပါ။ အဲဒီနောက် ဘီးဝိုင်း ဒါမှမဟုတ်
သဘာဝအမွှေးအမျှင် ဘီးနဲ့ဖီးပေးပါ။
(၂) ဒုတိယနည်းကတော့ ရေခွက် တစ်ဝက်ကို နွားနို့ခွက်တစ်ဝက်နဲ့ ရောပါ။ ပြီးတဲ့နောက် စပရေးဖြန်းလို့ရတဲ့ဘူးထဲ ထည့်ပါ။ စပရေးမဖြန်းမီ ရှုပ်ထွေးနေတဲ့ဆံပင်တွေကို အရင်ရှင်းပါ။ ပြီးနောက် ဆံပင်ကို စပရေးနဲ့ဖြန်းပြီး တခေါက်ပြန်ဖီးပါ။ နာရီဝက်လောက်ထားပြီး ရေဆေးချပါ။ ဘီးကျဲကျဲနဲ့ဖီးပါ။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ကြိမ်ထိ လုပ်ပေးပါ။
(၃) တတိယနည်းကတော့ အုန်းသီး တစ်လုံးကနေ အုန်းနို့ ညှစ်ပါ။ သံပရာရည် ၁ဇွန်း ရောပါ။ ပြီးတဲ့နောက် ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။ နောက်နေ့မှာ အပေါ်ယံလွှာတင်းနေတဲ့ အလွှာကို ယူပြီး ဆံပင်မှာ လိမ်းပေးပါ။ အဲဒီနောက်ဆံပင်ကို တဘက်နွေးနွေးနဲ့အုပ်ပေါင်းထားပေးပါ။ ၁ နာရီလောက် ထားပါ။ ပြီးနောက် ရေဆေးချပြီး ဘီးကျဲကျဲ နဲ့ ဖီးပေးပါ။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ်ထိ လုပ်ပေးပါ။
ဒီလုပ်ဆောင်တဲ့နည်းတွေက သင်တို့ကို ဆလွန်းတွေက အလှပြင်ပြီး ပြန်လာသလိုတော့ ဖြောင့်စင်း မလာစေပေမယ့် သာမန်ထက်ပိုပြီး ဆံပင်တွေ ဖြောင့်လာစေကာ ကုန်ကျစရိတ်သာမက ဆံပင်ပျက်စီးမှုကိုပါ သက်သာစေနိုင်ပါတယ်။
မိုင်ကိ
ref: Medindia
သဘာဝအတိုင်း ဆံပင်ဖြောင့်စေရန် နည်းလမ်း(၃)သွယ်

တစ်ပတ်အတွင်းဒိုင်ယာရီ
-
▼
2022
(1)
- ▼ 12/04 - 12/11 (1)
-
►
2021
(6)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (1)
- ► 07/25 - 08/01 (1)
- ► 07/11 - 07/18 (3)
-
►
2016
(8)
- ► 05/08 - 05/15 (1)
- ► 03/27 - 04/03 (1)
- ► 03/13 - 03/20 (2)
- ► 02/21 - 02/28 (2)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
-
►
2015
(32)
- ► 12/27 - 01/03 (1)
- ► 12/13 - 12/20 (4)
- ► 11/22 - 11/29 (2)
- ► 07/19 - 07/26 (1)
- ► 04/19 - 04/26 (3)
- ► 04/12 - 04/19 (2)
- ► 04/05 - 04/12 (2)
- ► 03/08 - 03/15 (3)
- ► 03/01 - 03/08 (1)
- ► 02/22 - 03/01 (3)
- ► 02/15 - 02/22 (3)
- ► 02/01 - 02/08 (4)
- ► 01/25 - 02/01 (3)
-
►
2014
(10)
- ► 09/21 - 09/28 (1)
- ► 07/13 - 07/20 (1)
- ► 05/25 - 06/01 (1)
- ► 04/13 - 04/20 (2)
- ► 03/30 - 04/06 (1)
- ► 02/16 - 02/23 (2)
- ► 02/09 - 02/16 (2)
-
►
2013
(70)
- ► 12/29 - 01/05 (1)
- ► 11/17 - 11/24 (1)
- ► 11/03 - 11/10 (3)
- ► 10/27 - 11/03 (5)
- ► 10/20 - 10/27 (5)
- ► 10/13 - 10/20 (12)
- ► 10/06 - 10/13 (9)
- ► 09/29 - 10/06 (10)
- ► 09/22 - 09/29 (5)
- ► 09/15 - 09/22 (5)
- ► 09/08 - 09/15 (1)
- ► 09/01 - 09/08 (1)
- ► 07/28 - 08/04 (3)
- ► 07/21 - 07/28 (1)
- ► 06/16 - 06/23 (1)
- ► 06/02 - 06/09 (4)
- ► 05/26 - 06/02 (1)
- ► 04/07 - 04/14 (1)
- ► 03/10 - 03/17 (1)
-
►
2012
(43)
- ► 12/23 - 12/30 (1)
- ► 11/04 - 11/11 (5)
- ► 10/28 - 11/04 (1)
- ► 10/21 - 10/28 (3)
- ► 10/07 - 10/14 (2)
- ► 09/30 - 10/07 (11)
- ► 09/09 - 09/16 (1)
- ► 07/29 - 08/05 (2)
- ► 07/22 - 07/29 (2)
- ► 07/15 - 07/22 (4)
- ► 07/08 - 07/15 (3)
- ► 07/01 - 07/08 (2)
- ► 06/24 - 07/01 (1)
- ► 06/17 - 06/24 (1)
- ► 06/03 - 06/10 (1)
- ► 05/27 - 06/03 (1)
- ► 04/15 - 04/22 (2)
-
►
2011
(3)
- ► 10/02 - 10/09 (3)
-
►
2010
(1)
- ► 06/20 - 06/27 (1)