Latest Post
6:31 PM
ဆရာ့ အမေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိုယ်တွေ့ ဖြစ်ရပ်လေးကို ပြောချင်ပါတယ်။ အမေက အသက် ၇ဝ နှစ်ထဲမှာပဲ ဒီနှစ် မတ်လ ၂၉ ရက်နေ့ ကပဲ နာတာရှည် အသည်းရောင် အသားဝါ ရောဂါရယ်၊ အသည်းကင်ဆာ ရောဂါရယ်ကြောင့် ဆုံးသွားခဲ့ ပါတယ်။
ဒါကြောင့် အဖြစ်များတဲ့ အသည်းရောင် အသားဝါ ရောဂါကို မပေါ့ဆပါနဲ့လို့ ပြောချင် ပါတယ်။ မြန်မာနိုင်ငံမှာ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ဖြစ်တဲ့လူတွေ တော်တော် များပါတယ်။ သွေးသွင်းတာက ဖြစ်ဖြစ်၊ ခွဲစိတ် ကုသမှု ခံယူတာက ဖြစ်ဖြစ်၊ ဆေးထိုး တာက ဖြစ်ဖြစ်၊ မသန့်ရှင်းတဲ့ ခွဲခန်းသုံး ပစ္စည်းတွေ၊ ဆေးထိုးအပ်တွေ ကနေ တစ်ဆင့် ကူးတာ များပါတယ်။
အမျိုးသားမှာ ပိုးရှိနေရင် အမျိုးသမီးကိုလည်း ကူးနိုင်ပါတယ်။ ဆရာ့ အဖေမှာတော့ ဘီပိုး၊ စီပိုးတွေ မရှိပါဘူး။ အမေကတော့ ဆရာ မှတ်မိသလောက် ဆိုရင် ဆရာတို့ ဆေးကျောင်းသား ဘဝမှာတုန်း ကတည်းက သွားဒုက္ခ ပေးတာကြောင့် သွားဆေးခန်းတွေမှာ သွားပြခဲ့ ရတယ်။ ဆရာတို့ မိသားစုကတော့ အဲဒါကြောင့် လို့ပဲ မြင်ပါတယ်။ ဆရာဝန် မိသားစု ဆိုပေမယ့် အမေ့မှာ စီပိုး ရှိနေတာကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က မှ သိပါတယ်။ အမေက ကျန်းမာရေး ကောင်းနေပြီး အမေ ကိုယ်တိုင်က ဆေးရုံ၊ ဆေးခန်း ကြောက်တော့ မစစ်ဖြစ်ဘူး။ ဆရာဝန် မိသားစု ဆိုပေမယ့် အဲဒီ တစ်ချက်တော့ လွတ်သွားတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက် အမေ အစားအသောက် ပျက်တယ်၊ ကြည့်ရတာလည်း ပုံစံ နည်းနည်း ပြောင်းတာကြောင့် ဆေးရုံကို ခေါ်ပြီး စစ်ဆေး ပါတယ်။ အဲဒီမှာ တွေ့တာက စီပိုး ရှိနေပါတယ်။ အဲဒါနဲ့ သင့်တော်တဲ့ အသည်း အားဆေး ပေးပြီး စီပိုးကို ကုသဖို့ လုပ်ပါတယ်။
သွေးထဲမှာ alpha-feto protein စစ်လိုက်တော့ အရမ်း များနေ ပါတယ်။ လိုအပ်တဲ့ CT Scan ရိုက်ကြည့် လိုက်တော့ အသည်းက ကင်ဆာ စဖြစ် နေပါပြီ။ အသည်းကို ဆေးဖြန်းတာ (TACE-Trans-arterial Chemoemboliz ation) လေးကြိမ်လောက် လုပ်ရ ပါတယ်။ ရောဂါသိပြီး မဆုံးခင် အထိ သုံးနှစ်လောက် အတွင်းမှာ အေးအေးဆေးဆေးတော့ နေသွားရ ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုက ပြည်သူလူထုမှ မဟုတ်ဘူး။ ပြည်သူလူထုကို စောင့်ရှောက် နေတဲ့ ဆရာဝန်တွေ၊ ဆရာဝန်ရဲ့ မိသားစုဝင်တွေ မှာလည်း စောင့်ရှောက်ဖို့ လိုပါတယ်။ ကိုယ်က သူများကိုပဲ ဂရုစိုက် နေပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ် ပါတယ်။ ဒါကြောင့် ရုတ်တရုတ် လေဖြတ်တာတို့၊ နှလုံးသွေးကြော ကျဉ်းတာတို့၊ ရင်ဘတ် အောင့်တာတို့၊ ဆီးချို ဖြစ်တာတို့ ဆရာဝန်ထဲမှာ ကို အဖြစ်များ ကြတယ်။ ဖြစ်ပြီ ဆိုရင်လည်း ပြင်းထန်တာကို တွေ့ရတယ်။
အကြံပေးချင်တာ ကတော့ ဆရာဝန်တွေ ကိုယ်တိုင်လည်း ကျန်းမာရေး စစ်ဆေးပေးကြပါ။ ဘီပိုး၊ စီပိုးနဲ့ ပတ်သက်ပြီးတော့ အခုခေတ်မှာ လူငယ် လူရွယ်တွေလည်း အိမ်ထောင်ဘက် ရွေးမယ် ဆိုရင် မယူခင်မှာ သွေး စစ်ဆေးတာကို အရင် လုပ်သင့် ပါတယ်။ ကိုယ့်အတွက် သာမကဘဲ မွေးလာမယ့် ကလေး အတွက်ပါ ထိခိုက်မှုတွေ ရှိနိုင်တာ ကြောင့်ပါ။ မလိုအပ်ဘဲ ဆေးထိုးတာကို ရှောင်ကြဉ် စေချင် ပါတယ်။ စိတ်ချ ယုံကြည်ရတဲ့ ဆေးရုံ၊ ဆေးခန်းမှာသာ ဆေးထိုး စေချင် ပါတယ်။ ချွန်ထက်တဲ့ ကိရိယာတွေနဲ့ အရေပြားကို ထိုးဖောက်တာ ဆိုရင် သတိထား စေချင် ပါတယ်။ အသည်းရောင် အသားဝါဘီပိုး၊ စီပိုးတွေက ဖြစ်တာ ကြာလာတာနဲ့ အသည်းခြောက်တာ၊ အသည်းကင်ဆာ ဖြစ်တာတွေ ကြုံတွေ့နိုင် ပါတယ်။ ဒါကြောင့် ဆရာ့ အနေနဲ့ ပြောချင်တာ ကတော့ ဒီခေတ်ကြီးက အရမ်း တိုးတက် တာကြောင့် ဘာပဲလုပ်လုပ် သတိနဲ့ ဉာဏ်နဲ့ ဆင်ခြင်ပြီး လုပ်စေချင် တယ်
အသည်းရောဂါများနှင့်ပတ်သက်၍
Written By လွင့်မောင်မောင် on Saturday, October 6, 2012 | 6:31 PM
![]() |
| ပါမောက္ခ ဒေါက်တာစိန်လင်း( ခွဲစိတ်နှင့် ကင်ဆာ ပါရဂူ) |

ပါမောက္ခ ဒေါက်တာစိန်လင်း(
ခွဲစိတ်နှင့် ကင်ဆာ ပါရဂူ)
Labels:
ဆေးနှင့်ကျန်းမာရေး
11:43 AM
RFA
အမေစု ရဲ့အိမ်ပြန်လမ်း(၂)
Written By လွင့်မောင်မောင် on Friday, October 5, 2012 | 11:43 AM

Labels:
VIDEO
11:34 AM
အခက်အခဲဆုံးကာလကိုကျော်ဖြက်ရတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော စက်တင်ဘာလ ၁၆ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ ၁၇ ရက်ကြာ အမေရိကန် ပြည်ထောင်စုကို သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား လေကြောင်းလိုင်းနဲ့ အောက်တိုဘာလ ၄ ရက်နေ့ ည ၉း ၄၅ နာရီမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ လာရာမှာ ထောင်ပေါင်း များစွားသော ပြည်သူတွေ NLD ပါတီဝင်တွေ နိုင်ငံရေး အင်အားစုတွေနဲ အနုပညာရှင် တွေက ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ကြိုဆိုကြသူတွေဟာ ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာတင်မကပဲ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ရှေ့မှာပါ လာရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို လာရောက်ကြိုဆိုကြတဲ့ ပြည်သူ တွေကို ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့နေအိမ်ရှေ့မှာပဲ ညီညီညွတ်ညွတ်နဲ့ အလုပ်တွေ ဆက်လုပ်ဖို့လို ကြောင်း နဲ့ ဒီအချိန်ဒီကာလဟာ အခက်အခဲဆုံးကာလဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
အမေစု ရဲ့ အိမ်ပြန်လမ်းမှာ

တစ်ပတ်အတွင်းဒိုင်ယာရီ
-
▼
2022
(1)
- ▼ 12/04 - 12/11 (1)
-
►
2021
(6)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (1)
- ► 07/25 - 08/01 (1)
- ► 07/11 - 07/18 (3)
-
►
2016
(8)
- ► 05/08 - 05/15 (1)
- ► 03/27 - 04/03 (1)
- ► 03/13 - 03/20 (2)
- ► 02/21 - 02/28 (2)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
-
►
2015
(32)
- ► 12/27 - 01/03 (1)
- ► 12/13 - 12/20 (4)
- ► 11/22 - 11/29 (2)
- ► 07/19 - 07/26 (1)
- ► 04/19 - 04/26 (3)
- ► 04/12 - 04/19 (2)
- ► 04/05 - 04/12 (2)
- ► 03/08 - 03/15 (3)
- ► 03/01 - 03/08 (1)
- ► 02/22 - 03/01 (3)
- ► 02/15 - 02/22 (3)
- ► 02/01 - 02/08 (4)
- ► 01/25 - 02/01 (3)
-
►
2014
(10)
- ► 09/21 - 09/28 (1)
- ► 07/13 - 07/20 (1)
- ► 05/25 - 06/01 (1)
- ► 04/13 - 04/20 (2)
- ► 03/30 - 04/06 (1)
- ► 02/16 - 02/23 (2)
- ► 02/09 - 02/16 (2)
-
►
2013
(70)
- ► 12/29 - 01/05 (1)
- ► 11/17 - 11/24 (1)
- ► 11/03 - 11/10 (3)
- ► 10/27 - 11/03 (5)
- ► 10/20 - 10/27 (5)
- ► 10/13 - 10/20 (12)
- ► 10/06 - 10/13 (9)
- ► 09/29 - 10/06 (10)
- ► 09/22 - 09/29 (5)
- ► 09/15 - 09/22 (5)
- ► 09/08 - 09/15 (1)
- ► 09/01 - 09/08 (1)
- ► 07/28 - 08/04 (3)
- ► 07/21 - 07/28 (1)
- ► 06/16 - 06/23 (1)
- ► 06/02 - 06/09 (4)
- ► 05/26 - 06/02 (1)
- ► 04/07 - 04/14 (1)
- ► 03/10 - 03/17 (1)
-
►
2012
(43)
- ► 12/23 - 12/30 (1)
- ► 11/04 - 11/11 (5)
- ► 10/28 - 11/04 (1)
- ► 10/21 - 10/28 (3)
- ► 10/07 - 10/14 (2)
- ► 09/30 - 10/07 (11)
- ► 09/09 - 09/16 (1)
- ► 07/29 - 08/05 (2)
- ► 07/22 - 07/29 (2)
- ► 07/15 - 07/22 (4)
- ► 07/08 - 07/15 (3)
- ► 07/01 - 07/08 (2)
- ► 06/24 - 07/01 (1)
- ► 06/17 - 06/24 (1)
- ► 06/03 - 06/10 (1)
- ► 05/27 - 06/03 (1)
- ► 04/15 - 04/22 (2)
-
►
2011
(3)
- ► 10/02 - 10/09 (3)
-
►
2010
(1)
- ► 06/20 - 06/27 (1)