Latest Post
Showing posts with label ထားဝယ်စာ၊ထာဝယ်စကား. Show all posts

9:04 AM
မြန်မာစာပေကို လေ့လာလိုက်စားသူတို့အတွက် ရကောက်ပြောင်းလည်းပုံကို အကျဉ်းတင်ပြလိုက်ပါသည်။
ကျနော်တို့ငယ်စဉ်ကတည်းက မြန်မာအက္ခရာပြောင်းလဲပုံကို သင်ကြားခွင့်ရရှိခဲ့သော်လည်း ဆရာကြီးဦးသာမြတ်ကြိုးစားအားထုတ်ခဲ့သောပုံဖော်အက္ခရာများကိုသာ လေ့လာသင်ကြားခွင့်ရရှိခဲ့ပါသည်။
ယနေ့ တက္ကသိုလ်ဝင်တန်းပြဋ္ဌာန်းချက်စာအုပ်တွင်လည်း အရုပ်ပြပုံများဖြင့်သာ သင်ကြားနေပါပေသည်။
မည်သို့မည်ပုံ ပြောင်းလဲကြောင်းကို လက်တွေကျကျသင်ကြားခွင့်မရရှိခဲ့ပါ။ ထို့ကြောင့် ကျောင်းသား/သူများအနေဖြင့် ယနေ့ကျက်၊ နောက်တစ်နေ့ပြန်မေ့ဖြစ်ခဲ့ရသည်မဟုတ်ပါလော။
စိတ်မျက်စိ၊ စိတ်အာရုံတွင်သာ မှန်းဆပြီးသင်ယူခဲ့ရသည်မှာ ယနေ့မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။
ထားဝယ်ဒေသတွင် ထားဝယ်လူမျိုးများသည် ရှေးနှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက
နေထိုင်ခဲ့သည်ဟု တစ်ခေတ် တစ်ခါက လက်ခံခဲ့သော်လည်း
ယနေ့ဘာ့အတွက်ကြောင် လက်မခံခဲ့သနည်း။
ထိုကဲ့သို့ ထားဝယ်ဒေသတွင်နေထိုင်သော ထားဝယ်တိုင်းရင်းသားများမရှိပါက
အဘယ့်တွက်ကြောင့် ရှေးနှစ်ပေါင်း တစ်ထောင်ကျော်က ပျူလူမျိုးများ စာပေစတင်ရေးသားခဲ့သော ဗြဟ္မီအက္ခရာနှင့် ပျူအက္ခရာများ
ထားဝယ်ဒေသတွင် အဘယ်တွက်ကြောင့် ရှိနေရသနည်း။ ယင်းမေးခွန်းနှစ်ခုသည် အဖြေပင်ဖြစ်ပါသည်။
ထားဝယ်ဒေသတွင် ထားဝယ်လူမျိုးများသည် ရှေးနှစ်ပေါင်း တစ်ထောင်ကျော်ကတည်းကနေထိုင်ကြပြီး ဗြဟ္မီအက္ခရာနှင့် ပျူအက္ခရာတို့ကို
တွင်တွင်ကြယ်ကြယ် သုံးစွဲနေခဲ့ပြီဖြစ်သည်။ ယင်းလူမျိုးတို့သုံးစွဲခဲ့သော အက္ခရာများက ယနေ့မြန်မာစာပေကိုများစွာ အထောက်အကူပြုပေလိမ့်မည်မှာအမှန်ပင်ဖြစ်သည်။
ထားဝယ်လူမျိုးကို သာမန်လူမျိုးစုတစ်ခုထဲသို့ တည့်သွင်းပါက လူမျိုးစုကို အထင်သေးရာ၊ တန်ဖိုးမထားရာရောက်ပေလိမ့်မည်။
နိုင်ငံတော်က အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနစ်များ၊ အမျိုးသားရေး လက္ခဏာရပ်များမပပြောက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးဟူသည့်
လူမှုရေးဦးတည်ချက်များကို အမှန်တကယ် တန်ဖိုးထားပါက ထားဝယ်လူနည်းစုကိုလည်း တသီးတခြား လူမျိုးစုတစ်ရပ်အနေဖြင့် ထိန်းသိမ်းတန်ဖိုးထားသင့်ပြီတင်သည်။
ထားဝယ်ဒေသတွင် ထာဝယ်လူမျိုးတို့သည် မိမိတို့တတ်အပ်သော ဗြဟ္မီစာ၊ ပျူစာပေများဖြင့် အမှတ်အသားပြုခဲ့သည်မှာ ယခု သက်သေခိုင်ခိုင်မာမာပြသထားပြီးဖြစ်သည်။
အထက်ပြန်မာပြည်တစ်ခွင်လုံးရှာဖွေခဲ့သော်လည်း တစ်စုတစ်ဝေးတည်းမရှိနိုင်သော ဗြဟ္မီအက္ခရာ၊ ပျူအက္ခရာတို့သည် ယနေ့ထားဝယ်ဒေသတွင် တောင်ပုံယာပုံ တွေနေရပြီဖြစ်သည်။
ထိုကဲ့သို့ သမိုင်းတစ်ခေတ်ရဲ့အမွေအနစ်များရှိသောထားဝယ်ဒေသကို တိုင်းတစ်ပါးသားတို့ကလည်း စီးပွားရေးဈေးကွက်အရသော်လည်းကောင်း၊
ရှေးဟောင်းယဉ်ကျေးမှုအမွေအနစ်များကိုစုံမက်မော၍သော်လည်းကောင်း မျက်စိကျနေကြသည်မှာလည်း ယခုမျက်မြင်ဖြစ်သည်။
နိုင်ငံတော်၏ စီးပွားရေးအရ ထားဝယ်ဒေသ၌အချို့နေရာများတွင် စီးပွားရေးအဆောက်အဦများ လာရောက် အရင်းအနှီုးမြှုပ်နှံခဲ့သော်လည်း
ထားဝယ်လူမျိုးများနှင့် ၎င်းတို့၏ ယဉ်ကျေးမှုနယ်မြေများကို ကမ္ဘာတည်သရွေ့ ထိန်းသိမ်းထားသင့်ပြီထင်သည်။
အထက်ပါဖေါ်ပြထားသော (ရ)အက္ခရာတစ်လုံးတည်းသာလျှင်မဟုတ်ဘဲ အခြား အက္ခရာများသည်လည်း အမျိုးအစားစုံလင်အောင် ယခုမတွေရှိခဲ့ရသေးသော်လည်း
အက္ခရာတစ်ခု၌ နှစ်မျိုး၊ သုံးမျိုးလောက်ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။
ကျန်ရှိနေသေးသော အက္ခရာများကို ဆက်လက်သုတေသနပြုလုပ်အားထုတ်ကြိုးစားပါဦးမည်။
တောင်ထားဝယ်ဗိုလ်
(7-9-2013)
ထားဝယ်မြေမှ ပျူသက်သေ(``ရ´´ကောက်ပြောင်းလဲပုံ)
Written By လွင့်မောင်မောင် on Sunday, September 15, 2013 | 9:04 AM

9:25 AM
ထားဝယ်စာ “ဗျည်း”
Written By လွင့်မောင်မောင် on Tuesday, June 4, 2013 | 9:25 AM
ထားဝယ်စကားအသံ အပေါ်အခြေခံ၍ အက္ခရာ“ဗျည်း” များစစ်ထုတ်ယူသော် အောက်ပါအတိုင်း
ဗျည်း (၄၄) လုံး ထွက်ပေါ်လာမည်ဖြစ်သည်။
ထားဝယ်စာပေ ပညာရှင်များ စံနစ်တကျ ဖော်ထုတ်ကြမယ်ဆိုရင်ဖြင့် “တားဝယ်စာ” သည်
မလွဲမသွေ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း ကောက်ကြောင်းဖော်ပေးလိုက်ရပါသည်။
လွင့်မောင်မောင်(ထားဝယ်)
ဗျည်း (၄၄) လုံး ထွက်ပေါ်လာမည်ဖြစ်သည်။
က ခ ဂ ဃ င
က္လ ခ္လ ဂ္လ ဃ္လ င္လ
စ ဆ ဇ စ် ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ပ ႅ ဖ ႅ ဗ ႅ ဘႅ မ ႅ
ယ ရ လ ၀ သ
ဟ ဟွ ဠ
အ
ထားဝယ်စာပေ ပညာရှင်များ စံနစ်တကျ ဖော်ထုတ်ကြမယ်ဆိုရင်ဖြင့် “တားဝယ်စာ” သည်
မလွဲမသွေ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း ကောက်ကြောင်းဖော်ပေးလိုက်ရပါသည်။
လွင့်မောင်မောင်(ထားဝယ်)
Labels:
ထားဝယ်စာ၊ထာဝယ်စကား
တစ်ပတ်အတွင်းဒိုင်ယာရီ
-
▼
2022
(1)
- ▼ 12/04 - 12/11 (1)
-
►
2021
(6)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (1)
- ► 07/25 - 08/01 (1)
- ► 07/11 - 07/18 (3)
-
►
2016
(8)
- ► 05/08 - 05/15 (1)
- ► 03/27 - 04/03 (1)
- ► 03/13 - 03/20 (2)
- ► 02/21 - 02/28 (2)
- ► 02/07 - 02/14 (1)
- ► 01/31 - 02/07 (1)
-
►
2015
(32)
- ► 12/27 - 01/03 (1)
- ► 12/13 - 12/20 (4)
- ► 11/22 - 11/29 (2)
- ► 07/19 - 07/26 (1)
- ► 04/19 - 04/26 (3)
- ► 04/12 - 04/19 (2)
- ► 04/05 - 04/12 (2)
- ► 03/08 - 03/15 (3)
- ► 03/01 - 03/08 (1)
- ► 02/22 - 03/01 (3)
- ► 02/15 - 02/22 (3)
- ► 02/01 - 02/08 (4)
- ► 01/25 - 02/01 (3)
-
►
2014
(10)
- ► 09/21 - 09/28 (1)
- ► 07/13 - 07/20 (1)
- ► 05/25 - 06/01 (1)
- ► 04/13 - 04/20 (2)
- ► 03/30 - 04/06 (1)
- ► 02/16 - 02/23 (2)
- ► 02/09 - 02/16 (2)
-
►
2013
(70)
- ► 12/29 - 01/05 (1)
- ► 11/17 - 11/24 (1)
- ► 11/03 - 11/10 (3)
- ► 10/27 - 11/03 (5)
- ► 10/20 - 10/27 (5)
- ► 10/13 - 10/20 (12)
- ► 10/06 - 10/13 (9)
- ► 09/29 - 10/06 (10)
- ► 09/22 - 09/29 (5)
- ► 09/15 - 09/22 (5)
- ► 09/08 - 09/15 (1)
- ► 09/01 - 09/08 (1)
- ► 07/28 - 08/04 (3)
- ► 07/21 - 07/28 (1)
- ► 06/16 - 06/23 (1)
- ► 06/02 - 06/09 (4)
- ► 05/26 - 06/02 (1)
- ► 04/07 - 04/14 (1)
- ► 03/10 - 03/17 (1)
-
►
2012
(43)
- ► 12/23 - 12/30 (1)
- ► 11/04 - 11/11 (5)
- ► 10/28 - 11/04 (1)
- ► 10/21 - 10/28 (3)
- ► 10/07 - 10/14 (2)
- ► 09/30 - 10/07 (11)
- ► 09/09 - 09/16 (1)
- ► 07/29 - 08/05 (2)
- ► 07/22 - 07/29 (2)
- ► 07/15 - 07/22 (4)
- ► 07/08 - 07/15 (3)
- ► 07/01 - 07/08 (2)
- ► 06/24 - 07/01 (1)
- ► 06/17 - 06/24 (1)
- ► 06/03 - 06/10 (1)
- ► 05/27 - 06/03 (1)
- ► 04/15 - 04/22 (2)
-
►
2011
(3)
- ► 10/02 - 10/09 (3)
-
►
2010
(1)
- ► 06/20 - 06/27 (1)