Latest Post

ဗြဟ္မိဒ္ဓိကျမ်း (၂)

Written By လွင့်မောင်မောင် on Saturday, April 21, 2012 | 12:51 AM



       (၁) တနင်္ဂနွေတိုင်   
                         
                   
      တိုင်ဦးအဟုတ် ၊ အလင်းထုတ်အံ့ ၊ နှမ်းစုပ်ငှက်ငယ် ၊ ဖားဝယ်မျိုစား ၊ ဖားကားမြွေချီ ၊ မြွေနီဒေါင်းပေါက် ၊ အောက် ကတ္တားဂြိုဟ် ၊ အခိုက်ဆိုမှ ၊ ထက်ကိုသောကြ ၊ စန္ဒရာ ဂုရု ၊
နိုင်ကြောင်းရှု၍ ၊ နံဟုမှတ်လေ ။ မဇ္စျေ ရုပ်ကံ ၊နံမှာသက်သက် ၊ အစာဆက်လည်း ၊မပျက်
၇-တန် ၊ ကတ္တားမှန်မူ ၊ ပျက်ရန်ချင်းချင်း ၊သွင်းလေအစာ ၊ သင့်ရာကိုဆက် ၊ တစ်ချက်ဓာတ်နံ၊
တူခဲ့ ပြန်သော် ၊ ဆိုရန်မရှိ ၊ လွတ်လွယ်ဘိ၏ ။ဝိပရိတ ၊ ဖြစ်ကြထွေလာ၊ သို့အရာကို ၊သောကြာသီချင်း၊
ကျူးညှင်းသံသာ ၊ စန္ဒရာ တစ်ကြောင်း ၊ ကြေးသံညောင်းလျှက် ၊၄င်းဂုရု ၊မြွေဟုခေါ်ရာ ၊အောက်ဂြိုဟ်မှာ
လျှင် ၊ မပါရှင်းရှင်း ၊ ဆေးနံကင်းမှ ၊ နေခင်းမြို့ရွာ ၊ယတြာစစ်ချီ ၊ စွဲမှီကပ်ခို ၊ဆောင်လိုသမှု ၊အစုစုကို ၊
ကြည့်ရှုဆင်ခြင် ၊ ထက်ခွင်သုံးရပ် ၊ နံမစပ်နှင့် ၊ ကျမ်းမြတ်၌ဝယ် ၊ မလိုဖယ်သည်။           ။
 တို့ဝယ်ဉာဏ်ရှိ မဆုံးတည်း ။

                          အဓိပ္ပာယ်သံပေါက် လင်္ကာ
ဂဠုန်မင်းထံ ခြင်္သေ့ပြန် ၊ဆဒ္ဒန်ဝင်လာရောက် ။
ဂဠုန်မသွေ ပျက်ပြားကျေ ၊သေလေအပြီးရောက် ။
ရေနတ်နဂါး ဝင်လာငြား ၊ ငှက်ကားဂဠုန် ချမ်းသာတုံ ၊
ရန်မှုန် ပယ်လွင့်ပျောက် ။
ပူး ကျား ကြွက်မှာ ကောင်းကျိုးရှာ ၊ အစာသင့်ရာထောက် ။
အပဓာတ်မှာ ၊ ဉာဏ်နှင့်သာ ၊လျော်ရာနံကိုကောက် ။
လုပ်ရတ်မှာမူ ၊ ကတ္တားယူ ၊ နံတူဆေးနှင့်ပေါက် ။
ပြိုပျက်ကွဲကျေ ၊ ရုပ်ကံသေ ၊ ကြံလေပြီးစီးရောက် ။
ခြင်္သေ့ နဂါး ၊ ဆင်ထင်ရှား ၊ဆောင်ငြားမှုများစွာ ။
ကြွက် ကျား ပူး ကို ၊ရှောင်စေလို ၊ချင့်ကိုလွတ်အောင်ခွာ ။
ဆိတ်သာ လင်းပင် ၊ နေရပ်ခွင် ၊ အလျဉ်မမီရာ ။
သာစည် ပင်းယ ၊ သူရဇ္ဇ နေထ လွန်ချမ်းသာ ။
ညောင်စောက် ရွာလှ ၊ နံဧက ၊ ရှောင်ကြဝေးဝေးခွါ ။
စောလှ လှေဆန် ၊ ရှေ့နောက်ပြန် ၊ သင့်နံ မြို့ပြည်ရွာ ။
နေမှာချေက ၊ သူရဇ္ဇ သောကမီးပမာ ။
ဥသြ မြည်သံ ၊ အချိန်မှန် ၊ ဧကန်မသွားရာ ။
မရှောင်ချေက ၊ ဘေးဒဏ်ရ ၊ ဖြစ်ထမလွဲရာ ။
ဆင်နှင့် နဂါး ၊ ခြင်္သေ့ အား ၊ ရှောင်ငြားချင့်အခါ ။
ဂဠုန်သေရာ ၊ ဆေးသုံးဖြာ ၊ မှန်စွာရအောင်ရှာ ။
ဦးစ ရွှေလျှံ ၊အချိန်မှန် ၊ မြန်မြန်ပျက်စီးရာ ။
တြိ  စတု ၊ အင်းနှစ်ခု ၊ ရာဟု ဝဲခြေမှာ ။
ပဉ္စာ နှင့် ဆ ၊ အင်းနှစ်ဝ ၊ ခံထ ဆံရေသာ ။
ဤသို့နည်းတူ ၊ ယတြာမူ ၊ဝေးသူပြန်လေရာ။
အင်းမူသေးသေး ၊ ဉာဏ်နှင့်တွေး ၊ ဓာတ်ဆေးချိန်အခါ ။
အပဓာတ်မှာ ၊ နံကိုရှာ ၊ ကြံခါလွတ်ချမ်းသာ ။
နှိပ်နှင်းကလူ ၊ နိုင်လိုမူ ၊ ယူလေချင့်နံသာ ။
ဂဠုန် ပူးခိုက် ၊ ဖုတ်တမြှိုက် ၊ ပုတ်သင်ကိုက်သည် ၊
ဂဠုန်ဝေ သေလေအရှင်းသာ ။
ပူးမှာဆင်ဖက် ၊ ကြွက်မှာခြင်္သေ့ ၊
 လွန်သရွေ့ ဓာတ်ငွေ့ ကျေရန် ဤသို့ကြံ ၊ ရှင်ပြန်ဂဠုန်မှာ ။
ဆင်နှင့်နဂါး ခြင်္သေ့အား လိုက်ငြားအမှန်သာ ။
မပျက်ဧကန် ၊ နိဇီဝံ ၊ အမှန်သေလေခါ ။
ရှုံး နိုင်နှစ်တန် ၊ သိလိုပြန် ၊ နံကိုပေါင်းစပ်ရန် ။
သတ်နှင့်စားဖြို ၊ အကြွင်းဂြိုဟ် ၊ထိုထိုမှတ်အပ်စွာ ။
အခါတိုင်တွင် ၊ ထက်ဂြိုဟ်ရှင် ၊ အလျင်နိုင်ဖို့ရာ ။
ထက်ဂြိုဟ်သုံးရပ် ၊ အောက်သုံးရပ် ၊ နေလတ်ချင်းတို့သာ ။
ပဉ္စပွတ်မူ အနိုင်ယူ ၊ နံတူသရေခါ ။
မိတ်ဂြိုဟ် ရန်ဂြိုဟ် ၊ ဥစ္စာဂြိုဟ် ၊ နံကိုအရရှာ ။
ဥဒါသိန်မူ ၊ အသင့်ယူ တိုင်ထူဟောသောခါ ။
အထက်ဣဋ္ဌာ ၊အောက်နိဋ္ဌာ ၊နှစ်ဖြာဂြိုဟ်ဖြစ်လာ ။
တြိ နှင့် ဆ ၊ နဝင်္ဂ ၊ အရသင်္ချာ ဆုံးဖြတ်ပါ ။
အောင်ရာ ရက် ဒိဝါ ၊ နေရပ်ညွှန်းဆို ၊ သိပြန်လို ၊ထိုထိုနေ့အခါ ။
အင်္ဂဝိဇ္ဇာ ၊ နည်းကျယ်စွာ ၊ ကမ္ဘာကျမ်းအလာ ။

ဗြဟ္မိဒ္ဓိကျမ်း ( အပိုင်း ၁ )


                                         (ကျောင်းဆရာကြီးဦးဘိုးသာ)
(၁) အင်္ဂဝိဇ္ဇာ ၊ နည်းခြင်းရာကို ၊ သေချာစွဲညှိ ၊ ကောက်ယူဘိမူ ၊ ရဝိပထဝီ ၊နှမ်ပြီစုပ်ငှက် ၊
    အစပ်ထွက်၏ ။ ဗျ ဂ္ဃစန္ဒရာ၊ဓာတ်မှာရေငန် ၊ တတန်ဘောမ ၊ မောရဥဒေါင်း ၊ ၄င်းအခါး
    မီးဓာတ်ပွားတည့် ။ ဖားကားဗုဒ္ဓါ ၊ ရသာအချဉ် ၊ ဝါယောတွင်၏ ။ ငါးလျှင် ဂုရု ၊ သည်းခြေ
   ရှု၍ ၊ စားမှုအချို ၊ ခြောက်ကို လုဒ္ဒက ၊ ပုတိကဟု ၊ ရသာဆိမ့်ပေ ၊ စနေ ဥရင်္ဂ ၊ အာကာသဟု ၊
   ရသအဖန် ၊ ခုနှစ်တန်ကို ၊ ဝေဖန်ခြားကွက် ၊ “အသက်တည်ထား၊ သတ်နှင့်စားမှ ”၊ ကြွင်းငြား
   မှန်လှ ၊ သူရဇ္ဇ နှင့် ၊ သောကြဗုဒ္ဓ ၊တိုင်ဇောက်ချ၍ ၊ ကုသဆေးဝါး ၊ ဓာတ်သွားအစာ ၊
   ပေးရာတဝ ၊ “ကာလချိန်စစ် ၊ တိုင်သနစ် ကား” ၊ ဖြစ်ဖြစ်သမျှ ၊ ပျောက်ရှဥစ္စာ ၊ ရရာသမှု ၊
   ဆေးကုယတြာ ၊ အခါစစ်ပြိုင် ၊ ရှုံးနိုင်တဝ ၊ တိုင်မူလဟု ၊ နာမထင်ရှား ၊ စွမ်းအပြားကား ၊
   ရုပ်ထားနံနှိပ် ၊ သိဒ္ဓိပြီးရန် ၊ လုပ်ရတ် ဉာဏ်လည်း ၊ ကြံလေတစ်ချက် ၊ ဖြစ်ပျက်စေကြောင်း ၊
   အင်းကောင်း အင်းညစ် ၊ ဖွေသနစ်၍ ၊ ရပ်ပြစ်မူလ ၊ရှစ်ဌာနကို ၊ဝေငှသိစေ ၊ကိုးထွေဓာတ်မ
   ပထမအမျိုး ၊အခိုးပြန်တက် ၊ဂဠုန်ငှက်ဟု ၊ကျမ်းထွက်စကား ၊ သိသော အားဖြင့် ၊ပေါင်းငြား
   ဖက်စပ် ၊ ကြွေကျနတ်ဟု ၊ကျမ်းမြတ်ဝိဇ္ဇာ၊အကျဉ်းမှာသည် ။      ။
   ကျမ်းကား နက်ကျယ် ဝန်းဝန်းတည်း ။
  (၂) ကျမ်း၌ရှိသော ထိုစကားကို ၊ ဓာတ်သွားဓာတ်ပြန် ၊ကြံလော့မဖောက် ၊ ခရားဇောက်မူ ၊
      အုန်းပေါင်းကြင်သူ ၊ချစ်သူစံတန်း ၊စံထွန်းလှဦး ၊ လူးအောင်မြတ်ကြံ၊ ပြန်ချင်သာစွ ၊
      သူဇာတံလှ ၊ ထွားလှဧမွတ် ၊မချွတ်ဆောင်ပန်း ၊ထက်တခန်း ၊ ပန်းဟိုက်မော၍သေ။
      ကံပင်ခန္ဓာကြွေ ၊ အောင်လံတေဇ ၊ ကျမှီအုံးလှ ၊ဇသကျမှီ ၊ လံတေဇသက် ၊မှီအုံးလံတေ ၊
   သက်ကျမှီအုံး ၊ တေဇသက်ကျ ၊ ဒိသာပါမောက္ခ ၊ ဆရာရသေ့လှ ၊ သည်တွင်ပေါ်လာက
   ခန္ဓာမကြွေကျ ၊ ဂဠုန် စောင်းလျား ၊ ကျားကား လက်ပံ ၊ သီဟံ ဖက်မှန်း ၊ ဆင်သန်းသဒွတ်၊
   ကြွက်လွှတ်ထဲအုံ ၊ ပူးတုံအင်ကြင်း ၊ နဂါးမင်းခူဇံ ၊ အိပ်နေထိုင်ကြံကြ ၊ ဝေးသူပင်ပြန်ရ ၊
   နည်းလွယ်အောင်ကြံဆ ၊ မင်းကုသ ရှောင်ကြမှ လျော်စွာ ၊ စေတီယ ဆောင်ကြမှ ကြောင်းသင့်စွာ၊
    အောက်မှာနင်းကြမ်း ၊ထက်ဆောင်ပန်း ၊တခန်းယူသည့်နည်း ။
   အညမည၊ခါနိစ္စ ထည့်ကြဓာတ်ပစ္စည်း။အညမညံ ၊မဆက်ဆံ ၊ မိတ္တံအပီယ ။ ဗဟိဒ္ဓိအပထင်မှတ်
   အဇ္ဈတ္တိက အတွင်းမျှ၍ ရူပသဒ္ဒံ ဖောက်ပြန်နှော ၊ ပယောဂနှင့် ၊ ယောဂယှဉ်ဘိ ၊ ဝိဘဇ္ဇန ၊ဝိတဂ္ဂဟု
   ဝိစာရအား ၊ ထွေထွေငြား ၊ ဉာဏ်ကားထိုးထွင်းကြည့် ။ရဝိဒိပ္ပာ ၊ ဝိကလျာ ၊ ဝိဗ္ဗာနေယျ၊
   သည်တွင်ပြ ကြံကြလူကဝိ ။ လင်းပင်စေသာ ရှောင်ကြခွာ ၊ ဝေးစွာသူရဇ္ဇ ၊ သစ်ဆိမ့်ပင်းယ ၊
   သူရဇ္ဇ ၊နေထကောင်းကြွယ်ရာ ။ ၄င်းနည်းပင် ကျန်လူတွင် ဆင်ခြင်သိလေပါ။
                          ( ကျမ်း၏ ပရိကံ နှစ်ပုဒ် ဤတွင်ပြီး၏)
  

တစ်ပတ်အတွင်းဒိုင်ယာရီ

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger