Home » » တရုတ်နိုင်ငံက လင်းနို့ကနေ SARS ရောဂါဖြစ်ပွား

တရုတ်နိုင်ငံက လင်းနို့ကနေ SARS ရောဂါဖြစ်ပွား

Written By လွင့်မောင်မောင် on Thursday, October 31, 2013 | 3:24 AM

                                      မြင်းခွာပုံသဏ္ဍန်ရှိတဲ့ လင်းနို့ 
  ၂၀၀၂ ​ခုနှစ်နဲ့ ​၂၀၀၃ ​ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ ​SARS ​ရောဂါဟာ ​တရုတ်နိုင်ငံက ​လင်းနို့တွေကနေ ​ပြန့်ပွားလာတာဖြစ်တယ်လို့ ​သြစတြေးလျသိပ္ပံပညာရှင်တွေက ​တွေ့ရှိခဲ့ပါတယ်။ ​ဆားစ် ​ရောဂါကြောင့် ​လူပေါင်း ​၇၇၀ ​ကျော် ​သေဆုံးခဲ့ရပါတယ်။

ဆားစ်ရောဂါဟာ ​လင်းနို့ကနေ ​ပြန့်ပွားလာတာ ​ဖြစ်နိုင်တယ်လို့ ​သိပ္ပံပညာရှင် ​အသိုင်းအဝိုင်းက ​အရင်ကတည်းက ​သံသယရှိခဲ့ပေမယ့် ​ခုအခါမှသာ ​အတည်ပြုနိုင်ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီရောဂါဟာ ​မြင်းခွာပုံသဏ္ဍာန်ရှိတဲ့ ​လင်းနို့ ​horseshoe ​bat ​ကနေ ​ပြန့်ပွားလာတာ ​ဖြစ်ပြီး 
လင်းနို့တွေရဲ့ ​မစင်ကနေ ​အဓိက ​ပြန့်ပွားလာတာ ​ဖြစ်ပါတယ်။

ဒီလို ​တွေ့ရှိချက်တွေကြောင့် ​ကမ္ဘာပေါ်မှာ ​ဆားစ်ရောဂါ ​ထပ်မဖြစ်ပွားတော့အောင် ​ကြိုတင်ကာကွယ် ​ထိန်းချုပ်မှုတွေ ​ပြုလုပ်နိုင်မှာဖြစ်ကြောင်း ​သိရပါတယ်။ ​ဆားစ်ရောဂါဟာ ​အသက်ရှုရခက်ခဲစေတဲ့ ​ရောဂါတစ်မျိုးဖြစ်ပါတယ်။

By Cameron Best and Margaret Paul

ABC Radio Australia
Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger