Home » » ငါးအချိုပေါင်း

ငါးအချိုပေါင်း

Written By လွင့်မောင်မောင် on Saturday, October 13, 2012 | 8:14 PM


ငယ်ငယ်က ငါးသိပ်မကြိုက်တဲ့ကျွန်မဟာ အသက်နဲနဲရလာတော့ ငါးကိုနှစ်သက်တတ်လာပါတယ်။ ဒါပေမယ့်လည်း ဆီပြန်ကိုလည်းသိပ်မစားချင်တာကြောင့် ဆီပြန်မဟုတ်တဲ့ ငါးဟင်းလေးတွေကို ရှာဖွေကြည့်မိတဲ့အခါ ဒီဟင်းလေးကို သွားတွေ့ပါတယ်။ ဒီလိုချက်နည်းကတော့ တရုပ်စတိုင်ဖြစ်တာကြောင့် ဟင်းချက်ဝိုင်ကို အဓိကသုံးပြီး ဆီမပါသလောက်မို့ ကျန်းမာရေးနဲ့ညီညွတ်တာတော့ အထူးပြောဖွယ်မရှိပါဘူး။ ဆီမပါလို့ အရသာမကောင်းဘူးလို့တော့ မထင်နဲ့နော်။

ထမင်းဖြူလေးနဲ့ဆိုရင် သိပ်လိုက်လို့ ဒီဟင်းနဲ့ဆို ထမင်းလိုက်ပွဲမဆောင်မဖြစ် ဆောင်ရမှာသေချာသလောက်ပါပဲ။ အရသာရှိပြီး အချိန်ခဏလေးအတွင်းမှာတင် ချက်နိုင်တဲ့ ငါးပေါင်းလုပ်နည်းလေး ကြည့်ကြရအောင်

ငါးတစ်ကောင်လုံးပေါင်းနည်းကို ကြည့်ချင်ရင် ဒီလင့် မှာကြည့်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

ပဲငံပျာရည် အကြည်- စားပွဲဇွန်း ၂ ဇွန်း

ဟင်းချက်ဝိုင်ဖြူ (တရုပ်တွေသုံးလေ့ရှိတဲ့ ဆန်နဲ့လုပ်ထားတဲ့ဝိုင်ပါ၊ city mart မှာဝယ်လို့ရပါတယ်) - စားပွဲဇွန်း ၂ ဇွန်း နှမ်းဆီ အနည်းငယ်

သကြား ( rock sugar) ၂ခဲ (မရရင် ရိုးရိုးသကြား လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပါ)

ငါးအသားလွှာ (ငါးရံ့) - ၂၀၀ ဂရမ်

ဂျင်းအနည်းငယ်

ငရုပ်သီး စိမ်း ၂ တောင့် (အစပ်မစားနိုင်ရင် လျော့ထည့်ပါ)

ငါးပေါင်းကြမယ် သကြားခဲ ၂ ခဲကို ပုံပါအတိုင်း ပဲငံပျာရည်၊၀ိုင်နဲ့စိမ်ထားပါ။

ငါးကို အညှီနံ့ပျောက်အောင် မန်ကျီးနှစ်နဲ့ ၂ ခါဆေးပြီး ဆား၊ ဟင်းခပ်မှုန့်နယ်ထားပြီး နာရီဝက်လောက် နှပ်ထားလိုက်ပါ ငါးကိုပေါင်းမယ့်ပန်းကန်ထဲပြောင်းထည့်ပြီး ပဲငံပျာရည်၊ သကြားဝိုင်အရောကို အပေါ်မှလောင်းထည့်ပေးပါ။

နှမ်းဆီလေးလဲ နဲနဲဆမ်းပေးပါ။

နောက်ဂျင်းလေးတွေကို သေးသေးလေးတွေလှီး၊ ငရုပ်သီးလေးတွေကိုလည်းလှီးပြီး ငါးပေါ်မှာဖြူးပေးပါ။

ပွက်ပွက်ဆူနေတဲ့ ဒယ်အိုးထဲမှာ ခုနကငါးထည့်ထားတဲ့ ပန်းကန်ကို ၇ မိနစ်လောက်ပေါင်းပေးရင်ရပါပြီ ကြက်သွန်မိတ်လေးဖြူးလိုက်ရင်တော့ ထမင်းဖြူဖြူလေးနဲ့ တွဲစားဖို့ အရသာရှိလှသော ငါးပေါင်းလေး အဆင်သင့်ဖြစ်သွားပါပြီ။


မူရင်းသတင်း-- EVY's Kitchen

Post By : အေးချမ်းမွန်
Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger