Home » » Samsung Galaxy S3 ကို root လုပ်နည်း (how to root samsung galaxy s3)

Samsung Galaxy S3 ကို root လုပ်နည်း (how to root samsung galaxy s3)

Written By လွင့်မောင်မောင် on Sunday, July 1, 2012 | 8:00 AM

Source: Galaxys3root.com





Samsung Galaxy S3 ကို root လုပ်တဲ့နည်းပါ။ ဒီနည်းလမ်းနဲ့ root လုပ်တာအောင်မြင်ဖို့ ငါးမိနစ်ခန့်သာအချိန်ယူလုပ်ဆောင်ရမှာဖြစ်ပါတယ်။ root မလုပ်ခင်မှာဖုန်းကိုအားအပြည့်သွင်းထားဖို့တော့မမေ့ပါနဲ့။ အရင်ဆုံး root လုပ်ဖို့ရာအတွက်လိုအပ်တဲ့ tools တွေကိုအရင် download ရယူထားပါ။ Galaxy S3 root.zip အားရယူရန်

Samsung Driver (Samsung Kies အားရယူရန်)
နှစ်ဖိုင်စလုံးကို download ရယူပြီးပြီဆိုရင်တော့ Galaxy S3 root.zip ဖိုင်ကိုခဏထားပြီး Samsung Driver (Samsung Kies) ကိုကွန်ပျူတာမှာ install လုပ်လိုက်ပါ။ ပြီးပြီဆိုရင်တော့ root process ကိုစတင်လိုက်ကြရအောင်။

အဆင့်(၁) – ဖုန်းရဲ့ Volume Down (အသံလျှော့ခလုတ်) + Home Button + Power Button ခလုတ်သုံးခုကိုတစ်ပြိုင်တည်းတွဲနှိပ်ပါ။ စက္ကန့်နှစ်ဆယ်ခန့် မလွှတ်ဘဲခလုတ်သုံးခုစလုံးနှိပ်ထားပါ။


အဆင့်(၂) – အောက်ပုံအတိုင်းပေါ်လာပြီဆိုရင်တော့ volume up button ကို နှိပ်ပြီး Continue လုပ်ပါ။


အဆင့်(၃) – Download mode ထဲကိုဝင်သွားပြီဆိုရင်တော့ USB ကြိုးဖြင့် ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ပါ။


အဆင့်(၄) – စောစောက download လုပ်ထားတဲ့ Galaxy S3 root.zip ဖိုင်ကိုဖြည်လိုက်ရင် ဖိုင်သုံးခုတွေ့ရပါမယ်။


အဆင့်(၅) – root မလုပ်ခင်လေးမှာ အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တဲ့ driver သွင်းထားတာအောင်မြင်လားဆိုတာကိုပြန်စစ်ကြည့်ရပါမယ်။ ဖုန်းကို USB ကြိုးနဲ့ချိတ်ဆက်ထားပါ။ ပြီးရင် ကွန်ပျူတာထဲက My Computer ကို right click နှိပ် ၊ Manage ထဲကိုဝင်ပြီး Device Manger ထဲမှာ “Samsung Mobile USB CDC Composite Device” လို့ပေါ်/မပေါ် ကြည့်ပါ။ တကယ်လို့အဲဒီလိုမပေါ်သေးဘူးဆိုရင် driver မသွင်းရသေး (သို့မဟုတ်) သွင်းတာမအောင်မြင်တဲ့အတွက် Samsung Driver (Samsung Kies) ကို install ပြန်လုပ်ပါ။ ပြီးရင် ဖုန်းကို usb ကြိုးနဲ့ချိတ်ထားရာကနေဖြုတ်ပြီး တစ်ခါပြန်တပ်ပါ။ ပြီးရင် အခုစစ်ခဲ့အတိုင်းတစ်ခါပြန်စစ်ပါ။ အောက်ပုံထဲကအတိုင်း Device Manger ထဲမှာ “Samsung Mobile USB CDC Composite Device” လို့ပေါ်တယ်ဆိုရင် နောက်တစ်ဆင့်ကိုဆက်လုပ်ပါမယ်။


အဆင့်(၆) – Galaxy S3 root ဇစ်ဖိုင်ကိုဇစ်ဖြည်လို့ရလာတဲ့ဖိုင်သုံးဖိုင်ထဲက odin3 v1.85.exe ကို run လိုက်ပါ။ အောက်ပုံထဲမှာပြထားတဲ့အတိုင်း အ၀ါရောင်အကွက်လေးပေါ်နေရပါမယ်။


အဆင့်(၇)- PDA ကိုအမှန်ခြစ်ပေးပြီး PDA ကိုနှိပ်ကာ Galaxy S3 root ဇစ်ဖိုင်ကိုဇစ်ဖြည်လို့ရလာတဲ့ဖိုင်သုံးဖိုင်ထဲက CF-Root-SGS3-v6.1.tar ဖိုင်ကိုရွေးပေးလိုက်ပါ။ ပြီးရင် “Start” ခလုတ်ကိုနှိပ်ပါ။ အောက်ပုံထဲကအတိုင်းပါ။


အဆင့်(၈)- ဆယ်စက္ကန့်အတွင်း ဖုန်းက auto reboot ကျပြီး clockworkMod recovery ထဲသို့ဝင်ရောက်ကာ root process ကိုစတင်တော့မှာပါ။


အဆင့်(၉) – ကွန်ပျူတာထဲမှာ run ထားတဲ့ odin မှာ အစိမ်းရောင်အကွက်လေးနဲ့ “Pass!” လို့ပေါ်လာရင် အခုလက်ရှိလုပ်နေတဲ့ root process မှာ error မရှိဘူးလို့ ယူဆနိုင်ပါပြီ။


အဆင့်(၁၀)- ဖုန်းက auto reboot ဖြစ်ပြီး clockworkMod recovery ထဲသို့စတင်ဝင်ရောက်ကာ SUPER user/ root file များကိုစတင် install လုပ်နေပြီဖြစ်ပါတယ်။


အဆင့်(၁၁)- root data များကို ဖုန်းထဲသို့ install လုပ်အပြီးမှာ auto reboot တစ်ခါထပ်လုပ်ပြီး ပုံမှန်အတိုင်း စက်ပြန်တက်လာပြီဆိုရင် All application ထဲကိုဝင်ပြီး “SuperSU” လို့ခေါ်တဲ့ application လေးဖုန်းထဲမှာရှိနေ/မနေကိုစစ်ဆေးပါ။


“SuperSU” app လေးရှိနေပြီဆိုရင်တော့ ဖုန်းကတကယ် root ဖြစ်မဖြစ်သေချာဖို့အတွက် root explorer လို super user request တောင်းတဲ့ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပြီး ဖွင့်ကြည့်လိုက်ပါ။ အောက်ပါပုံအတိုင်း Super User Request တောင်းလာတယ်ဆိုရင်တော့
Grant ဆိုတဲ့ခလုတ်ကိုနှိပ်ပေးလိုက်ပါ။ ဖုန်းဟာ root access ရရှိနေပြီဖြစ်ပြီး root လုပ်တာအောင်မြင်သွားပြီဖြစ်ပါတယ်။


Share this article :

Post a Comment

 
Support : Copyright © 2011. လွင့်မောင်မောင်(ထားဝယ်) - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger